အပိုင်း ၃၅.၂
Viewers 11k

Chapter 35.2

ကျိုးကျင်ဟမ့်သည် အိတ်အားချိန်ဆကြည့်ပြီးနောက် Mask အောက်မှသူ့မျက်နှာကအရောင်တောက်သွားသည်။

"မစစ်တော့ဘူး၊ ကျေးဇူးပါပဲ"

ကားပေါ်ရောက်သည်နှင့် သူအိတ်ကိုဖြဲကြည့်ရန်မစောင့်နိုင်တော့ချေ။

သူ၏ပုံစံအစစ်အမှန်အားမပြသနိုင်သောကြောင့် ယီဟွေ့အား S မြို့မှသူငယ်ချင်းတစ်ယောက်၏ကုမ္ပဏီလိပ်စာကိုပေးထားခြင်းဖြစ်သည်။ ပစ္စည်းက သူငယ်ချင်းဆီမရောက်ခင် အိတ်အားကြိုတင်ယူရန်စီစဥ်လိုက်ရသောကြောင် အချိန်အနည်းငယ်ကြန့်ကြာသွားသည်။ အရူးလေး ကိတ်လုပ်လာမည်စိုးရိမ်သောကြောင့် သူပစ္စည်းယူရန်စိတ်စောနေခဲ့သည်။ အေးနေသော်လည်း ချိုင့်ထူသောလမ်းက၎င်းကိုဖျက်ဆီးပစ်လိမ့်မည်။

ပါဆယ်ထုပ်သည်အထပ်ထပ်ချည်ထား၍ အချိန်အတန်ကြာဖြည်ရသည်။ ကျိုးကျင်ဟမ့်သည်ပေးပို့လာသူ၏အမည် "ရှောင်ဟွေ့ရှား" ဆိုသောဖြတ်ပိုင်းကိုဖယ်ပစ်ပြီး အကျအနခေါက်ကာသူ၏အိတ်ကပ်ထဲထည့်လိုက်သည်။

ကတ်အားဖွင့်နေစဉ် သူ၏စိတ်မရှည်မှုနှင့်အကြမ်းပတမ်းလှုပ်ရှားမှုများကိုချုပ်တည်းကာ အော်စကာဆုသဖွယ်တရိုတသေကိုင်နေသည်။

[ဟမ်ဟမ်ထံသို့

ဒါကမီးပွားပုံမူရင်းပန်းချီကားပါ။ မင်းသဘောကျသလိုကြည့်နိုင်ဖို့ငါပို့ပေးလိုက်ပါတယ်။ မင်းကြိုက်မယ်လို့မျှော်လင့်ပါတယ်!

စာကြွင်း။ ရေခဲသေတ္တာထဲထည့်ထားဖို့မမေ့နဲ့နော်။ အမေကအကြာကြီးထားရင် အရသာမကောင်းတော့ဘူးလို့ပြောတယ်။

မင်းရဲ့သူငယ်ချင်းကောင်းလေးရှောင်ဟွေ့ရှား]

ကျိုးကျင်ဟမ့်သည် ကတ်ပေါ်မှစာကြောင်းများကိုအကြိမ်ကြိမ်ဖတ်နေပြီး နောက်ဆုံးတွင် "ဟွေ့" ဆိုသောစာလုံးအားပွတ်သပ်နေလျက် ယီဟွေ့စားပွဲရှေ့တွင်ထိုင်ကာ စိတ်နှစ်၍အလေးအနက်ထား၍စာရေးနေပုံကိုစိတ်ကူးယဉ်နေမိသည်။

အနှီသူ လက်ထပ်ခွင့်တောင်းစာရေးခဲ့စဉ်ကအတိုင်း။

ကျိုးကျင်ဟမ့်သည် အထဲတွင်ပန်းချီကားရှိနေသောကြောင့်ဤမျှကြီးမားနေခြင်းဖြစ်ကြောင်း နောက်ဆုံးနားလည်သွားသည်။ လေးလံလွန်းသည့်ပါဆယ်ထုပ်ကြီးအားသယ်ထားပြီး ပန်းချီကားထဲတွင်အခြားအရာတစ်ခုခုရှိမည်ဟုသူခန့်မှန်းမိသည်။ သူဖြဲလိုက်သည့်အခါသေသေသပ်သပ်ထည့်ထားသော ဝက်အူချောင်းဘူးနှစ်ဘူးရှိနေသည်။

ကျိုးကျင်ဟမ့် မနေနိုင်ဘဲရယ်လိုက်သည်။ ပလတ်စတစ်အိတ်ထဲတွင်အသေအချာထည့်ထားသည့်ဝတ်အူချောင်းများကိုကောက်ကာဘေးတွင်ချထားလိုက်သည်။ အရူးလေးပြောသည်မှာမှန်သည်ဟုသူ့ကိုယ်သူတွေးလိုက်သည်၊

သူ၏အရှေ့တွင်ပင် ပန်းချီကားကပြီးပြည့်စုံစွာပေါ်ထွက်လာသည့်အခါ သူငိုင်သွားပြန်သည်။

အရူးလေးကား ရိုမန့်ဆန်သည့်အရာများကိုအလွန်နှစ်သက်သည်။ သူသည်အရူးလေးက တီဗွီနှင့်မဂ္ဂဇင်းများတွင်မြင်တွေ့နေကျ Dreamy Effect နှင့်လှပသောမီးပန်းမျိုးအားကြည့်ချင်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ မမျှော်လင့်ဘဲ ယီဟွေ့သည်လေထဲတွင်ဖွာထွက်နေသည့်မီးပွားလေးများလွဲကာ ပန်းချီကားအလယ်တွင်နောက်ခံမီးပွားလေးနှစ်ခုဖြင့်ဖြည့်ဆွဲထားသည်။ ဘေးတွင်ဆင်ထားသော ဗြောက်အိုးတန်းလေးလည်းပါသည်။ ပန်းချီကားတစ်ချပ်လုံးကား နှစ်သစ်၏အငွေ့အသက်များနှင့်ပြည့်နေသည်။

အရူးလေးသည် ဘယ်သောအခါအခြားသူများကိုခက်ခဲအောင်မတွေးစေချင်၊ သူသည်အမြဲရိုးရှင်းသည့်အရာများကိုလိုချင်ခဲ့သည်။

သူ ပန်းချီကိုလက်ဖဝါးနှင့်ထိတွေ့သည့်အခါ ပန်းချီ၏မီးပွားစလေးများကိုခံစားရသည်၊ ယီဟွေ့၏ စုတ်ချက်တစ်ချက်ပြီးတစ်ချက်ဖြင့်ပန်းချီဆွဲနေသည်ကို သူကိုယ်တိုင်မြင်တွေ့ရန်အခွင့်အရေးရှိနေသည့်အလား။

အခြားသူများပန်းချီဆွဲသည့်အခါ ပန်းချီစာရွက်ကိုရွှေ့ကြသည်။ ယီဟွေ့ကား သူကိုယ်တိုင်သာပန်းချီစာရွက်ကိုလှည့်ပတ်နေတတ်သည်။ တခါတေလ မတ်တပ်ရပ်သည်၊ တခါတရံ ထိုင်ခုံတွင်ဆောင့်ကြောင့်ထိုင်သည်၊ ပန်းချီကိုမျက်တောင်တစ်ချက်မခတ်ဘဲစိုက်ကြည့်နေတတ်ပြီးနှုတ်ခမ်းများကိုတင်းတင်းစေ့ထားတတ်သည်၊ သူ၏ပန်းချီအပေါ်ထားသည့်ချစ်မြတ်နိုးမှုကိုခန္ဓာကိုယ်ကဖော်ပြနေသည်။ 

သူ့အပေါ်ထားရှိသည့်အချစ်များကို အနှီသူကမျက်နှာတွင်သာဖော်ပြခဲ့သလို။

ကျိုးကျင်ဟမ့်သည် ၎င်းပန်းချီကိုဘောင်ကွပ်ပြီးအိမ်တွင်အခြားပန်းချီကားများနှင့်ဂရုတစိုက်ထားရန်ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် သူတို့နှစ်ယောက်ဘာမှလုပ်စရာမရှိလျှင်ပန်းချီကားများကိုထုတ်ကြည့်၍ရသည်။ အရူးလေးက ထိုပန်းချီကိုမြင်လျှင်ရှက်သွားလောက်ပြီးအတိတ်ဟောင်းများကိုနောက်တစ်ခါပြောရန် ခွင့်ပြုတော့မည်မဟုတ်ပေ။

ကျိုးကျင်ဟမ့်သည် ထိုင်ခုံနောက်ကျောကိုမှီချလိုက်ပြီး သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။

ဖြစ်နိုင်လျှင် အနာဂတ်၌သူ့စိတ်ကူးများဖြစ်လာနိုင်ရန်အချိန်မကြာညောင်းပါစေနဲ့ဟုမျှော်လင့်မိသည်။

......

မြောက်ဘက်မှလေအေးများမှာ တောင်ဘက်သို့ရွေ့လျားသွားကာ နှစ်သစ်ကူးအခါသမယတွင် S မြို့တော်၌နှင်းကျလာသည်။

ယီဟွေ့သည် "မြောင်မြောင်ရှောင်းရွှယ်" (အမွှေးထူနှင်းလုံးလေး) ဟုဖော်ပြပြီး ဆီးပန်းပွင့်များကြည့်ရန်အဝေးကြည့်မှန်ပြောင်းလိုအပ်နေသည်ဆို၏။ ကျိုးကျင်ဟမ့်သည် အနှီသူပို့လာသောပုံများကိုအနီးကပ်ချဲ့ကြည့်လိုက်သည်။ ၎င်းတို့ကအမှန်တကယ်သေးငယ်သည်၊ ယိုးမယ်ဖွဲ့စကားပြောရန် ထိုနှင်းများကိုသုံး၍ရအောင်ပင်သေးငယ်သည်။

ယီဟွေ့၏နေရာကမည်သို့ဖြစ်နေမှန်းခန့်မှန်းကြည့်ရန် သူမေးနေရန်ပင်မလို။ သူ၏အိမ်နီးချင်းအများအပြားက နှစ်သစ်ကူးညစာစားပွဲကျင်းပရန်အတူစုဝေးပြင်ဆင်နေသည်ဟု ကြားရသည်။ ပြည်တွင်းအထူးထုတ်ပင်လယ်စာများအပြင် ကျန်းမိသားစုသည်မြောက်ပိုင်း၏ဝိသေသပါစတာပွဲ၊ အကြော်အလှော်နှင့်ဖက်ထုပ်ကဲ့သို့သောဟင်းပွဲများလည်းပါသည်။

ယီဟွေ့ကအတော်လေးပျော်နေသည်။ ကျိုးကျင်ဟမ့်အားဟင်းပွဲတိုင်းအားပြောပြနေသည့်အခါ ပုံများကိုပါရိုက်ပြီးသူ့ထံပို့ပေးလေသည်။ တခဏ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေပြီးမှအထီးကျန်နေရသော ဒိုရာဟမ်ဟမ်၏နှလုံးသားလေးအား ဓားဖြင့်ထိုးဆွမိနေပြီမှန်းသိနားလည်သွားကာချက်ချင်းမဆိုင်းပြောလိုက်သည်: (ဟမ်ဟမ်? နှစ်သစ်ကူးညစာအတွက်ဘာကောင်းတာတွေပြင်ထားလဲ? [သွားရည်ယိုနေပုံ])

ကျိုးကျင်ဟမ့်သည် ကျိုးဟွာရုံနှင့်ဖုန်းပြောပြီးစရှိသေးသည်။ အနှီသေခါနီးအဘိုးကြီးက ထန်အိမ်သခင်လေးအားနှစ်သစ်ကူးညစာစားရန်ဖိတ်လိုက်သည်ဆို၏။ သူသည်စကားတစ်လုံးမှမပြောဘဲဖုန်းချလိုက်ပြီးအဆိုပါစိတ်ရှုပ်စရာကောင်းသည့်ဖုန်းနံပါတ်များကို blacklist စာရင်းထဲထည့်လိုက်သည်။

သူသည် သူနှင့်ယီဟွေ့အိမ်တွင်ရယ်မောမှုများဆိတ်သုဉ်းနေသည့် အိမ်အတွင်း အထီးကျန်မှုနှင့်အေးစက်မှုတို့ကိုနက်နက်ရှိုင်းရှိုင်းခံစားရင်းနေခဲ့သည်။

သူ့အတွက် အဆင်မပြေမှုကိုတစ်ယောက်တည်းခံစားနေရသည်မှာလုံလောက်ပေပြီ။ သူယီဟွေ့၏အပျော်များကိုမဖျက်ဆီးချင်တော့။ သူဟင်းပွဲအနည်းငယ်ပြင်ပြီး မက်ဆေ့ချ်တွင်အစဉ်တကျရေးလိုက်သည်။ယီဟွေ့သည် ပုံများကိုကြည့်ကာစစ်မေးလာလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပေ။

ကျိုးကျင်ဟမ့်သည် မျက်နှာကျက်မှမီးကိုပိတ်ကာဧည့်ခံထဲတွင်တစ်ယောက်တည်းထိုင်နေပြီး အရှေ့မှကော်ဖီစားပွဲပေါ်တွင်ဘီယာဂျားများဖွင့်လျက်သားရှိသည်။ သူဖုန်းကိုဖြည်းဖြည်းချင်းမြှောက်လိုက်သည်၊ကင်မရာရှုထောင့်ကိုချိန်ပြီး အမှောင်ထဲတွင်ရိုက်သည့်ခလုတ်ကိုနှိပ်ကာ ပို့လိုက်၏။

ထို့နောက် သူ ယီဟွေ့ထံမှ ဆယ်လ်ဖီပုံပြန်ရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့။

ဆယ်လ်ဖီဟုပြော၍မရ။ ပုံထဲတွင်ဘဲငန်းကြီးသုံးကောင်လည်းပါသည်။အလယ်မှတစ်ကောင်ကို တစ်ယောက်ယောက်မှကြိုးအနီချည်ပေးနေသည်။

အလွန်တရာတောက်ပသောဖဲကြိုးပင်။

ကျိုးကျင်ဟမ့်သည် ဖဲကြိုးချည်နေသောလက်ချောင်းဖွေးဖွေးလေးများအပေါ်အာရုံစိုက်ကာစာရိုက်လိုက်၏:( မင်းလက်လေးတွေပဲလား?)

ယီဟွေ့ကစာပြန်သည်: (မင်းလည်းငါ့ကိုမျက်နှာမပြဘူးလေ [ သန်းနေ])

အယ်လ်ကိုဟောကသူ၏အသိစိတ်ကိုနှောင့်ယှက်နေသည်။ ကျိုးကျင်ဟမ့်သည်တွေးနေရန်အချိန်မရှိဘဲစာရိုက်လိုက်သည်: မင်းကိုကိုယ့်ပုံပြရင်မင်းလည်းမင်းပုံကိုပြမှာလား" တွေးမိပြီးမှ အင်မတန်တုံးအသလိုခံစားရသည်၊ အွန်လိုင်းတွင်နှာဘူးတစ်ယောက်က အခြားတစ်ယောက်ကိုဓာတ်ပုံတောင်းနေသည်နှင့်တူ၏။

သူအနှီသူကိုတွေ့ချင်သည်။ သူနေကောင်းရဲ့လား၊ ပျော်နေရဲ့လား၊ဝိတ်တက်လာမလား....သူ့ကိုလွမ်းနေမလား သူသိချင်သည်။

ကျိုးကျင်ဟမ့်သည်လက်မြှောက်ကာ သူ၏မျက်ခုံးအလယ်ကိုဖိညစ်လိုက်မိသည်၊ သူ၏လွမ်းဆွတ်မှုကအနည်းငယ်ပျောက်သွား၏၊ တစ်ဖက်မှစာပြန်မလာခင် သူစကားပြောင်းပြောလိုက်သည်:( နောက်တာ။ အိပ်ချင်နေရင်သွားအိပ်တော့လေ၊ တစ်ညလုံးမနေနဲ့။)

ယီဟွေ့ အတန်ကြာတွေဝေနေမိသည်၊ သူယခုလေးတင်ပြောလိုက်သည့်စကားကထိတ်လန့်စေခဲ့သည်ကိုသိချင်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အဓိပ္ပါယ်နှစ်မျိုးထွက်သည့်စကားလုံးများပို့လိုက်သည်:( နောက်ကျရင်ပေါ့[ခေါင်းရှောင်])

Xxxxxxx