Chapter-37.1
အမှန်စင်စစ် ယနေ့မှာ ယီဟွေ့၏မွေးနေ့ဖြစ်သည်။ သေဆုံးသွားပြီဖြစ်သော ယီဟွေ့၏ မွေးနေ့ပင်။
၇ နာရီကြာ အမြန်ရထားစီး၍ အိမ်သို့ပြန်လာခဲ့ပြီးသည့်နောက် ယီဟွေ့ ပင်ပန်းစွာ အိပ်မောကျသွားခဲ့သည်။ သူနိုးသည့်အခါ စားပွဲပေါ်ရှိ ပြက္ခဒိန်ကိုကြည့်ရင်း ရင်းနှီးနေသောရက်စွဲကြောင့် မွေးနေ့အား သတိရသွားခဲ့လေသည်။ သူက ဒိုရာဟမ်ဟမ်သည် မှန်ကန်သည့်နေ့ရက်အား ရွေးချယ်ခဲ့သည်ဟု တိတ်တဆိတ်တွေးလိုက်မိ၏။ မီးရှူးမီးပန်းများနှင့် ကိတ်မုန့်က သူ၏မွေးနေ့လက်ဆောင်များ ဖြစ်ပေလိမ့်မည်။
သူ့မွေးနေ့က အစ်ကိုဖြစ်သူ၏မွေးနေ့နှင့် တစ်ရက်သာကွာသည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မနက်ခင်းတွင် ယီဟွေ့က Weibo အကောင့်အား log in ဝင်ကာ သူ့အစ်ကို၏ စာမျက်နှာသို့ ဝင်ကြည့်လိုက်မိသည်။
သူ၏ မရီးမှာ နာမည်ကြီးတစ်ဦးဖြစ်သည့်အလျောက် သူ့အစ်ကိုသည်လည်း လူအများအပြား၏ စိတ်ဝင်စားမှုအား ရရှိထားခဲ့သည်။ မရီး၏ ပရိသတ်အမြောက်အများက သူတို့အိုင်ဒေါ၏အမျိုးသားအတွက် မွေးနေ့ဆုတောင်းများစွာ ပေးပို့ထားနှင့်ကြပြီဖြစ်သည်။ ယီဟွေ့က အဆိုပါကွန်မန့်အားလုံးကို လိုက်ခ်လုပ်ပေးခဲ့၏။
သူ့မရီးဖြစ်သူ ယဲ့ချင်းသည်လည်း သဘာဝကျစွာပင် 0:00 နာရီတိတိ၌ ဂုဏ်ပြုစကားပေးပို့ထားခဲ့သည်။
(ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ…ကိုကိုကြီး…(အသည်းပုံ))
၎င်းမှာ အစ်ကိုဖြစ်သူအား ချစ်စနိုးခေါ်သည့် အခေါ်အဝေါ်ဖြစ်ကြောင်း ယီဟွေ့သိရှိထားလေသည်။ သူတို့နှစ်ဦး အဆင်ပြေပြေရှိနေကြောင်း ယီဟွေ့ တွေ့ရသည့်အခါ သူအလွန်ပီတိဖြစ်မိသည်။ တစ်ချိန်ထဲမှာပင် သူက ထိုအသုံးအနှုန်းအား လိုက်ပါသုံး၍ သူတို့ကြားဝင်ကာ မနှောင့်ယှက်သင့်ဟု ခံစားမိလိုက်၏။ ခဏတွေးပြီးနောက် ယီဟွေ့က အကြံကောင်းတစ်ခုရသွားကာ ကွန်မန့်ရေးလိုက်သည်။
(ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ…အကြီးဆုံးအစ်ကို…မရီးနဲ့အတူ ထာဝရပျော်ရွှင်ရပါစေ…”
နောက်တစ်ရက်မှာ ချစ်သူများနေ့ဖြစ်သည်။
ယီဟွေ့တွင် အဆိုပါအားလပ်ရက်အတွက် အထူးတလည်ခံစားချက်မျိုးရှိမနေချေ။ အရင်ကတည်းက ထိုနေ့ရက်အား သူနှင့်အတူတူ ကုန်ဆုံးပေးမည့်လူမရှိသလို ယခုဆိုပါက စင်ဂယ်ပင်ဖြစ်နေပြီဖြစ်သည်။ သူက အိမ်တွင်သာနေကာ တစ်နေကုန်အလုပ်လုပ်နေခဲ့၏။ ညနေနေစောင်းချိန်၌ သူက မတ်တပ်ထကာ အကြောဆန့်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာထံလျှောက်သွားကာ တစ်ခုခုစားရန်ရှာလိုက်လေသည်။ ထိုစဉ် စားလက်စ ချောကလက်ပန်းကန်အား တွေ့သွားကာ လွန်ခဲ့သည့်နေ့အား ပြန်လည်သတိရသွားခဲ့သည်။
သူက ဒိုရာဟမ်ဟမ်ထံ စာပို့လိုက်၏။ (ပျော်ရွှင်စရာ ချစ်သူများနေ့ပါ (အလွန်ပျော်နေသည့်အီမိုဂျီ)
သူတို့နှစ်ဦးက မနက်ကတည်းက ယခုအချိန်အထိ စကားပြောနေခဲ့ကြခြင်းဖြစ်သည်။ ယီဟွေ့က ပန်းချီဆွဲရာတွင် အခက်အခဲတွေ့တိုင်း ဒိုရာဟမ်ဟမ်နှင့်အတူ နာရီဝက်ကြာ စကားပြောလေ့ရှိသည်။ သို့သော် မည်သူကမှ ချစ်သူများနေ့အကြောင်း ပြောဆိုခြင်းမရှိကြ။ အိမ်မှထွက်ပြေးသွားသည့် ချစ်သူလေးက ယခုထိတိုင် ပြန်ရောက်မလာခဲ့သေးချေ။
ဒိုရာဟမ်ဟမ်က မေ့လျော့နေခဲ့ပုံရသည်။ (ဟုတ်သားပဲ…မင်းပြောမှပဲ ကိုယ်သတိရတယ်…)
ပုံဆွဲစက္ကူအား တနေကုန်ကြည့်နေခဲ့သည့်နောက် ယီဟွေ့မျက်ဝန်းများ စပ်ဖျဉ်းဖျဉ်းဖြစ်နေခဲ့သည်။ သူက မျက်စဉ်းအနည်းငယ်ခပ်ကာ အိပ်ရာပေါ်လှဲလိုက်သည်။ သူက မျက်ဝန်းများကိုမှိတ်ရင်း အသံဖိုင်ပို့လိုက်၏။
(“အထီးကျန်တဲ့လူလည်း ဘဝမှာရှင်သန်ရမှာပဲ…ဟုတ်ပြီလား…အလုပ်ပြီးသွားရင် အစားကောင်းတစ်ခုခုသွားစားဦး…”)
ဒိုရာဟမ်ဟမ် : (မင်းဘာစားချင်လဲ)
ယီဟွေ့ :( “ဟမ့်…ငါ့မှာစားစရာတွေမှ အများကြီး…မင်းကိုယ်မင်း သေချာဂရုစိုက်လိုက်နော်)
ဒိုရာဟမ်ဟမ် : (မင်းဘာစားချင်လဲဆိုတာပဲ ပြောပြစမ်းပါ…ဒီလိုမှ ကိုယ်လည်းစဉ်းစားလို့ရမှာပေါ့)
ယီဟွေ့က ခဏတွေးလိုက်သည်။ : (“အင်း…ငါနို့လက်ဖက်ရည်မသောက်တာ နည်းနည်းကြာပြီ…ငါသာဆိုရင်တော့ သကြားအပြည့်ပါတဲ့ ပူတင်းနို့လက်ဖက်ရည် သောက်မှာပဲ...ပြီးရင် ဂဏန်းချောင်းအများကြီးထည့်ပြီး အိမ်မှာဟော့ပေါ့ချက်စားမယ်…”)
တစ်နာရီအကြာတွင် ကျန်းယီမန့်က နို့လက်ဖက်ရည်တစ်ခွက်နှင့် အခြားပါဝင်ပစ္စည်းများကိုသယ်ကာ ကျောင်းမှပြန်လာခဲ့သည်။ ဆောင်းရာသီ၏ လက်ကျန်အငွေ့အသက်ကို ဖမ်းဆုပ်သည့်အနေဖြင့် အိမ်တွင် ဟော့ပေါ့ချက်စားသင့်ကြောင်း သူမက ဆိုလာခဲ့၏။ ယီဟွေ့က သူမဝယ်လာသည့်အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ဂဏန်းချောင်းသုံးဘူးအား အခြားပစ္စည်းများနှင့်အတူ တွေ့လိုက်ရသည်။
“ငါ့ညီမလေးက အရမ်းတော်တာပဲ…” စားသောက်ပြီးသည့်နောက် ယီဟွေ့က ဒိုရာဟမ်ဟမ်အား အသံဖိုင်ပို့လိုက်သည်။ “သူမက ငါလိုချင်တဲ့အတိုင်း အတိအကျဝယ်လာတယ်…သူမက ဆင်းရဲဒုက္ခတွေကို ကြုံဖူးအောင်လို့ ကမ္ဘာပေါ်ကိုဆင်းလာတဲ့ နတ်သမီးလေးများလား…”
ဒိုရာဟမ်ဟမ်က အခွင့်အရေးကို အလွတ်မခံချေ။ (ကိုယ်ကရော)
ထိုသူက ချီးကျူးခံချင်နေခြင်းဖြစ်ကြောင်း ယီဟွေ့သိလေသည်။ သူက ပြုံးကာပြောလိုက်၏။ (“ဟမ်ဟမ်ကလည်း အရမ်းတော်တာပေါ့…ဘယ်သူကများ ဒီလိုချစ်ဖို့ကောင်းတဲ့ညီလေးတစ်ယောက် မလိုချင်ပဲနေမှာလဲ…”)
ဒိုရာဟမ်ဟမ်က အီမိုဂျီအတန်းလိုက်နှင့်အတူ ဆိုလာခဲ့သည်။ (ညီလေးမဟုတ်ပါဘူး…ကိုယ်က မင်းထက်အရပ်ရှည်တယ်)
ယီဟွေ့က သူ့အရပ်အားမေးလိုက်သည့်အခါ ၁.၈၇ မီတာဖြစ်ကြောင်း ဆိုလာခဲ့သည်။ ယီဟွေ့က မတ်တပ်ထကာ တိုင်းကြည့်လိုက်မိ၏။ ရင်းနှီးနေသော ရှုထောင့်က သူ့အား တူညီသောအရပ်ရှိသည့် တစ်စုံတစ်ဦးအား အမှတ်ရစေခဲ့သည်။ ထိုသူတွင်လည်း ရှည်လျားသောခြေတံများရှိကာ သူတို့နှစ်ဦးအတူတူ လမ်းလျှောက်သည့်အခါတိုင်း ယီဟွေ့ ပြေးလိုက်ရလေ့ရှိလေသည်။
(“ဟမ်ဟမ်…မင်းသူနဲ့ အနာဂတ်မှာ ပြန်အဆင်ပြေသွားတဲ့အခါ အပြင်တူတူသွားကြရင် ခြေလှမ်းကိုနှေးလျှောက်ဖို့နဲ့ ခပ်စိတ်စိတ်ပဲလှမ်းဖို့ သတိရနော်…” )
ဘဝနှစ်ခုလုံးတွင် ၁.၇၅ မီတာအရပ်ရှိသော ယီဟွေ့က ခါးသက်စွာဖြောင့်ဖြလိုက်သည်။
(“မင်းနဲ့အတူ အမီမလိုက်နိုင်ရင် သူဝမ်းနည်းနေလိမ့်မယ်…”)
ဒိုရာဟမ်ဟမ်က စာပြန်ပို့လာခဲ့သည်။ (ကောင်းပါပြီ…ကိုယ်မှတ်ထားပါ့မယ်)
လူကြီးတစ်ဦးအနေဖြင့် ယီဟွေ့က ဒိုရာဟမ်ဟမ်အား သူဖြတ်သန်းခဲ့ရသည့် ဘဝ၏အမှန်တရားများနှင့် စိတ်ခံစားမှုနှင့်ဆိုင်သော အတွေ့အကြုံများစွာကို မျှဝေခဲ့သည်။ သို့သော် ထိုကောင်လေးက ယခုအချိန်ထိ သူ့ချစ်သူအား မချော့မော့နိုင်သေးချေ။
ယီဟွေ့ သူ့အတွက်စိုးရိမ်လာခဲ့သည်။( “မင်းပုံမှန်ဆို အရမ်းဉာဏ်ကောင်းပါတယ်…ဒီလိုပြဿနာမျိုးဖြစ်ရတဲ့အထိ ပိန်းခဲ့ရသလား…”)
ဒိုရာဟမ်ဟမ် : (…)
ယီဟွေ့ ရုတ်တရက်အကြံရသွားကာ ပြောလိုက်သည်။ “သူ့အတွက် မီးရှူးမီးပန်းတွေ စီစဉ်ပေးရင်ရော…”
အပြန်လမ်းတစ်လျှောက်လုံး ယီဟွေ့က ဒိုရာဟမ်ဟမ်အား မီးရှူးမီးပန်းများ၏ ကုန်ကျငွေကို မေးမြန်းခဲ့ပြီး ဈေးမကြီးကြောင်း သိခဲ့ရသည်။ ထို့ကြောင့် နောက်တစ်ကြိမ်စီစဉ်ရန် ခက်ခဲမည်မဟုတ်ဟု ယီဟွေ့ယူဆခဲ့မိ၏။ဒိုရာဟမ်ဟမ်က သူ့အတွက် ဤကဲ့သို့ ကဗျာဆန်လှသောပုံရိပ်အား သူငယ်ချင်းတစ်ဦးအနေဖြင့ ဖန်တီးပေးခဲ့ခြင်းဖြစ်ရာ ယီဟွေ့၏နှလုံးသားကပင် ခုန်လှုပ်သွားခဲ့ရသည်။
ဒိုရာဟမ်ဟမ် : (မင်းအရမ်းကြိုက်တာပဲလား)
ယီဟွေ့ : (“ဘယ်သူက မကြိုက်ပဲနေမှာလဲ…)
ဒိုရာဟမ်ဟမ် : (ထပ်ရောတွေ့ချင်လား)
သူတို့စကားလမ်းကြောင်းလွဲသွားမှန်း ယီဟွေ့ သတိမပြုမိခဲ့ချေ။ (“အွန်း…ဒါပေမယ့် ငါနဲ့တစ်ယောက်ယောက်က အတူတူကြည့်ပေးရင်ကောင်းမယ်...နွေရာသီမှာ ခြံထဲဆင်းပြီးဖရဲသီးတူတူစားရင်း မီးရှူးမီးပန်းတွေ ထိုင်ကြည့်တာမျိုးလေ…ဝိုး….အဲဒါထက်ပျော်ဖို့ကောင်းတာ ရှိပါဦးမလား…”)
ဤသို့ဖြင့် လီရှားညတစ်ညတွင် (မေလ ၅ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းပါ။) ယီဟွေ့အား ကျန်းယီမန့်က လှမ်းခေါ်လေသည်။
“ကိုကြီး…မိုးပေါ်ကိုကြည့်ပါဦး…”
သူတို့၏ ပျော်စရာအခိုက်အတန့်လေးအား မည်သည့်ဉာဏ်ကြီးရှင်က စီမံပေးခဲ့မှန်း ယီဟွေ့မသိချေ။ သို့သော် ဤကဲ့သို့သော မီးရှူးမီးပန်းများက နိုင်ငံဆိုင်ရာ အထိမ်းအမှတ်ပွဲများနှင့်ပင် ယှဉ်၍ရကာ မိနစ်နှစ်ဆယ်ကြာသည်အထိ ကောင်းကင်တစ်ခုလုံး လင်းထိန်နေခဲ့သည်။ မီးရှူးမီးပန်းများကို ကျန်းမိသားစု၏ သေးငယ်သောခြံဝန်းနှင့် မျက်နှာချင်းဆိုင်တွင် ပစ်လွှတ်နေခဲ့ခြင်းဖြစ်လေသည်။
ကျန်းရွှယ်မေ့က ဖရဲသီးကိုခွဲကာ ခြံဝန်းအတွင်းရှိ သစ်သားစားပွဲကလေးပေါ် တင်လိုက်၏။ ဖရဲသီးအား တစ်နေ့ခင်းလုံး ရေခဲသေတ္တာထဲထည့်ထားခြင်းဖြစ်ရာ ချိုမြိန်ပြီးလတ်ဆတ်လှလေသည်။ ယီဟွေ့ အလွန်ပျော်ရွှင်နေခဲ့၏။ သူက ကျန်းမာရေးအား ဂရုစိုက်မနေတော့ပဲ မိခင်၊ ညီမဖြစ်သူတို့နှင့်အတူ ဖရဲသီးနှစ်စိတ်ခန့်စားလိုက်သည်။ သို့သော် နောက်တစ်နေ့မနက်တွင် ဝမ်းလျှောခြင်း သို့မဟုတ် အဖျားဝင်ခြင်းမျိုး မရှိလာခဲ့ချေ။
သူက သူငယ်ချင်းကောင်းဒိုရာဟမ်ဟမ်အား သတင်းကောင်းကို မျှဝေလိုက်သည်။
(“ငါ့ကိုယ်ခံအားက တိုးတက်လာသလိုပဲ…လတ်တလောလေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်ရမယ်”)
ဒိုရာဟမ်ဟမ်က အရှက်မဲ့စွာပင် သူ့အား ဖော်ထုတ်လိုက်သည်။ (အိုး…မနေ့က မိုးရွာပါစေလို့ဆုတောင်းရင်း အပြင်မထွက်ချင်တာ ဘယ်သူများပါလိမ့်)
ယီဟွေ့ ရှက်သွေးဖြာသွားခဲ့သည်။( “ငါ…ငါအိမ်မှာလည်း လေ့ကျင့်ခန်းလုပ်လို့ရသားပဲ…”)
ဒိုရာဟမ်ဟမ် : (ယောဂဖျာက ဖုန်တောင်တက်နေလောက်ပြီ)
(“ဘယ်ကသာ…ငါ အိပ်ရာဘေးမှာထားထားတာပါ…” )အသံဖိုင်ပို့ရင်း ယီဟွေ့တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည်။
(“ငါ့မှာယောဂဖျာရှိမှန်း ဘယ်လိုသိသွားတာလဲ…”)
ဒိုရာဟမ်ဟမ် : (မင်းညီမပေးတယ်လို့ မင်းပဲပြောတာလေ)
ယီဟွေ့က ခေါင်းကုတ်ကာ အတန်ကြာစဉ်းစားလိုက်သော်လည်း ထိုသို့ပြောခဲ့သည်အား မမှတ်မိချေ၊
သို့သော် ၎င်းကအဓိကမဟုတ်ချေ။ ယီဟွေ့က အသံသွင်းခလုတ်ကိုဖိကာ လျှို့ဝှက်ဟန်ဖြင့်ပြောလိုက်၏။
(“မင်းကတကယ်တော့ ဒိုရာဟမ်ဟမ်မဟုတ်ဖူး မဟုတ်လား…”)
အဝေးမှမြို့တော်တွင် မှန်ရှေ့၌ထိုင်ကာ မိတ်ကပ်ပညာရှင်နှင့် ပြင်ဆင်နေသည့် ကျိုးကျင်ဟမ့်က ၎င်းကိုကြားလိုက်သည်နှင့် ချက်ချင်းပြန်စာပို့လိုက်သည်။ (ကိုယ်က ဒိုရာဟမ်ဟမ်မဟုတ်ဘူးဆိုတော့ ဘယ်သူဖြစ်မလဲ)
မကြာခင်မှာပင် ယီဟွေ့၍ ရယ်မြူးရိပ်စွက်နေသည့် အသံကလေးက နားကျပ်မှတဆင့် ထွက်ပေါ်လာခဲ့သည်။
(“မင်းက ငါ့အတွက် ကံကောင်းစေတဲ့ကြယ်လေးပဲ…မင်းကိုတွေ့ပြီးကတည်းက ကံပိုကောင်းလာသလို နေ့တိုင်းပိုပြီးအဆင်ပြေလာသလိုပဲ…”)
မျှော်လင့်မထားသည့် အဖြေကြောင့် ကျိုးကျင်ဟမ့် ခဏတာကြောင်အသွားကာ စာပြန်ပို့လိုက်သည်။ (မင်းရသင့်တဲ့ကံကောင်းမှုပါ…ကိုယ်နဲ့မဆိုင်ပါဘူး)
Xxxxxxc