အပိုင်း ၄၇.၁
Viewers 11k



Chapter 47.1



အားလုံးပြီးသည့်နောက် အိုးသစ်ဟူ၍လည်း မရှိတော့ပေ။

လက်ရှိ ကျိုးကျင်ဟမ့်နေသည့် ရိုက်ကူးရေးနေရာအနီးတွင် ပန်းဆိုင်တစ်ဆိုင် ရှိလေသည်။ သူက ကျန်းမိသားစုခြံဝန်းထဲ၌ သူမြင်ခဲ့ရသည့် သံစံပယ်အိုးနှင့် အလှထိုးနှင်းပန်းအိုးကို ယူခဲ့လိုက်၏။ သူက စရံငွေကြိုပေးထားလိုက်သည်။ မိုးရွာပြီးသည်နှင့် နှစ်အိုးလုံးက ပန်းများဝေဆာနေအောင် ပွင့်ပေလိမ့်မည်။ ကျိုးကျင်ဟမ့်က အနားယူချိန်တွင် သူတို့အားစောင့်ကြည့်ပြီး ရေလောင်းပေးခဲ့သည်။ 

 
ပိုင်ရှင်က သူ့အား ယနေ့ယူသွားလိုလားဟု မေးလာသည်။ ကျိုးကျင်ဟမ့်မှ ခေါင်းယမ်းပြကာ ပြောလိုက်သည်။



"သူတို့ကို ဒီမှာပဲ ခဏလောက်ထားဦးမယ်၊ ကျေးဇူးပြုပြီး ဂရုစိုက်ထားပေးပါဦး"



ပိုင်ရှင်မှာ ရှုပ်ထွေးသွားကာ ဆွဲဆောင်လိုက်သည်။ 



"မင်းဒီပန်းကို ပျိုးထောင်တုန်းက ပန်းပွင့်ဖို့ မျှော်လင့်နေခဲ့တာမလား၊ အခုပွင့်နေပြီလေ၊ မင်းဇနီးလေးဆီ ပြန်ယူသွားပြီး ချော့ဖို့အကောင်းဆုံးအချိန်ပဲ"



ယခင်က ကျိုးကျင်ဟမ့် ပိုင်ရှင်အား အိမ်ရှိဇနီးလေးက နှင်းဆီပန်းများ ပျိုးထောင်ရသည်ကို သဘောကျသည်ဟု ပြောပြခဲ့ဖူးသည်။ ယခုမူ သူ့အနေဖြင့် ယခင်နှင့် မတူကွဲပြားသော စိတ်အခြေအနေတွင်ရှိနေပြီဖြစ်ပြီး တင်းမာနေသော ဤချောက်ကမ်းပါးမှာ သူ့အား ခွန်အားမရှိသလိုခံစားရစေသည်။ သူ သူ့ကိုယ်သူ နှစ်သိမ့်သည့်အနေဖြင့် ဆိုလိုက်သည်။



"သူကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲ၊ ဒါကြောင့် အဲဒါကို အခု အိမ်ထဲ ယူမသွားပေးနိုင်သေးဘူး"

 

ယင်းကို ကြားလိုက်ရသည့်အခါ ဆိုင်ပိုင်ရှင်မှာ ဝမ်းမြောက်သွားလေသည်။



"ငါတို့လိုလူအိုကြီးတွေပဲ မိန်းမကြောက်ရတယ်ထင်တာ မင်းလိုလူငယ်လေးလည်း တူတူပဲလို့ မမျှော်လင့်ထားမိဘူးကွ"



ကျိုးကျင်ဟမ့်၏နှုတ်ခမ်းထောင့်တို့မှာ အကူအညီမဲ့စွာ မြင့်တက်သွားပြီး အဝေးကိုအကြည့်လွှဲလျက် တိုးတိုးလေးပြောလိုက်သည်။



"ဟုတ်တယ် ကျွန်တော်ကြောက်တာပေါ့ ဘယ်လိုလုပ် မကြောက်ပဲနေပါ့မလဲလေ"



နေ့လည်ခင်းတွင် သူက အခြေအနေသိရဖို့ရာ အန်တီ့ထံ ဖုန်းခေါ်လိုက်လေသည်။အန်တီက ဖုန်းထဲမှနေ၍ ပြောလာ၏။



"သူက ပုံမှန်ပဲဆိုပေမယ့် အစားသိပ်မစားဘူး နေပူနေရင် အပြင်မထွက်ဖို့ပြောပေမယ့်လည်း နားမထောင်ဘူး ဒါပေမယ့် သူထီးတော့ယူသွားပါတယ် ဒီတော့ နေတော့မလောင်တော့ဘူးပေါ့"



ကျိုးကျင်ဟမ့် ခေတ္တမျှ အံ့အားသင့်သွားပြီး သက်ပြင်းအသာအယာချလိုက်သည်။



"အမ်း စားချင်စိတ်မရှိတာက ပူလို့နေမယ့် ညစာကို ပေါ့ပေါ့ပါးပါးတစ်ခုခုလေးပဲ လုပ်ပေးလိုက်ပါ"



အန်တီကမေးလာသည်။



"လူကြီးမင်းကျိုးကရော ညစာပြန်စားမှာလား"



"မစားနိုင်လောက်ဘူး အလုပ်ရှိသေးတယ်"



သူက ရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။



"ကျွန်တော်ပြန်လာရင် သူများများမစားပဲ နေလိမ့်မယ် သူ့ရှေ့မှာ ကျွန်တော့်အကြောင်းမဟပါနဲ့ သူလိုအပ်တာပဲ လုပ်ပေးလိုက်ပါ"



သူက အန်တီ့ထံမှ မည်သည့်နှစ်သိမ့်စကားကိုမှ နားထောင်မနေတော့ဘဲ ဖုန်းချလိုက်သည်။ သူဖုန်းချပြီးနောက် ဆိုဖာထက်၌ထိုင်ကာ ဆေးလိပ်သောက်နေသော ယန်ချန့်ရွှမ်က အပြုံးတစ်ခုဖြင့် ဆိုလာသည်။



"ငါသာမသိရင် မင်းကမိသားစုရဲ့ ကလေးထိန်းကြီးလို့ ထင်မိမှာပဲ ဘာလဲ အခုမင်းအိမ်ကိုတောင် မပြန်နိုင်ရတဲ့အကြောင်းအရင်းက ဘာများလဲ မင်း ပျိုးထောင်နေတာက ချစ်သူလား ဒါမှမဟုတ် ကြီးမြတ်တဲ့ဗုဒ္ဓကိုပဲလားကွာ"



သူတို့ ကျန်းအိမ်ရှေ့တွင် နောက်ဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်းက ယန်ချန့်ရွှမ် ကျိုးကျင်ဟမ့်အားပြောသည့် စကားတို့က ပို၍ထူးဆန်းလာသည်။ သူအဆင်မပြေသလို ခံစားနေရလျှင် သူ့အား စကားလုံးအနည်းငယ်ဖြင့် စနောက်လိမ့်မည်မဟုတ်ချေ။



သူတို့နှစ်ဦးက ကလေးဘဝကတည်းက အလွန်ရင်းနှီးကြပြီး အနည်းငယ်သော စကားများမှုလေးက သူတို့၏ ကျောက်တုံးကဲ့သို့ခိုင်မာလှသော သူငယ်ချင်း ဆက်ဆံရေးကို သက်ရောက်လိမ့်မည်မဟုတ်ပေ။ 



သူတို့ ဘာမှလုပ်စရာမရှိချှင် သို့မဟုတ် ဒုက္ခရောက်သည့်အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက် တွေးမိကြဆဲပင်။ထို့ကြောင့် ယန်ချန့်ရွှမ်က မြို့တော်တွင် ရိုက်ကူးမည့် နောက်ထပ်အပိုင်းအတွက် နေရာအား ပံ့ပိုးပေးနိုင်စေရန် ရသစုံရှိုးဒါရိုက်တာနှင့် သိကျွမ်းစေရန်အတွက်ယခုရိုက်ကူးရေးနေရာသို့ လာရောက်ခြင်းပင်။

“မင်းအလုပ်ပြီးပြီလား“ 

ကျိုးကျင်ဟမ့်က သူ့အားကြည့်ပင်မကြည့်ချေ။ “ငါအခုနားတော့မှာ ဒီတော့ မင်းသွားတော့...”



ယန်ချန့်ရွှမ်က နှာခေါင်းရှုံ့လိုက်ကာ သူ့စီးကရက်မှပြာများကို ခါချရင်း ပြောလိုက်သည်။



"ငါ ဒီမှာ တစ်လလောက် နေဦးမှာ ပြီးတော့ မင်းဆီလာဖို့ ငါချိန်းတွေ့တာတောင် ပစ်ထားခဲ့တာနော် မင်းက ရင်ထဲထိမသွားရုံတင်မကဘူး ငါ့ကိုကန်ထုတ်တယ်ပေါ့ မင်းလူမှဟုတ်သေးရဲ့လား"



ကျိုးကျင်ဟမ့်က ဆိုဖာထက်တွင် ထိုင်ပြီး ကျောမှီချလိုက်ကာ မျက်လုံးတို့အားမှိတ်ထားရင်း မေးလိုက်သည်။



"မင်းဘယ်အချိန်မှ ကောင်လေးရမှာလဲ"



“သူက ကောင်လေးမဟုတ်ဘူး sexပါတနာတွေလို့ပြောရင်လည်း မမှန်ဘူး ငါတို့က စကားနည်းနည်းလောက် ပြောဖူးရုံပဲ"



ယန်ချန့်ရွှမ်က ထူးမခြားနားစွာ ပြောလာသည်။



"သူလည်း ပန်းချီဆွဲတာ သင်နေပေမယ့် သူက အဝတ်အစားတွေလုပ်တာ ပိုတော်တာ ဒီမှာလေ ဒီနေ့ငါဝတ်လာတာက သူလုပ်ပေးထားတာ"



သူပြောလိုက်ပြီး လှဲချလိုက်ကာ ကျိုးကျင်ဟမ့်အား သူ့အဝတ်အစားသစ်များကို ကြည့်စေလိုက်သည်။ ကျိုးကျင်ဟမ့်က အနှီချစ်ကြင်နာမှုပြမှုကြီးကြောင့် ရွံရှာသွားပြီး မျက်မှောင်ကြုတ်ကာ မျက်နှာကို တွန်းဖယ်လိုက်သည်။

 

“ကောင်းပြီ ငါမြင်ပြီ မင်းကိုကန်ထုတ်မိအောင် ဖိအားလာမပေးနဲ့...”



သူပြောတာ ဟုတ်မဟုတ် မသိပေမယ့် ယန်ချန့်ရွှမ်က ဆက်ပြောသည် ။



"သူ အပ်ချုပ်စက်နင်းနေရင် ဘယ်လောက်ချစ်ဖို့ကောင်းလဲ မင်းမသိပါဘူး "



ဆန့်ကျင်ဘက်အနေဖြင့် ကျိုးကျင်ဟမ့်အား နာကျင်သွားစေပြီး ဒေါသထွက်သွားစေ၏။



"ဒါဆိုလည်း သူ့ကို ကောင်းကောင်းဆက်ဆံ"



စီးကရက်ကို အမှိုက်ပုံးထဲပစ်လိုက်ပြီး ယန်ချန့်ရွှမ်က ရွှတ်နောက်နောက်ပြုံးလိုက်သည်။



"ငါသူ့ကို ကောင်းကောင်းဆက်ဆံပါတယ် သူလိုချင်တာမှန်သမျှ ငါပေးမှာပဲ အမည်ခံနဲ့အဆင့်အတန်းက လွဲရင်ပေါ့ ဘာပဲဖြစ်ဖြစ် သူလည်း အဲဒါတွေမလိုအပ်ပါဘူး လူတိုင်းက ကစားရတာကြိုက်တာပဲလေ ဒီတော့ ဘာလို့အသုံးမကျတဲ့ခြေကျင်းတွေထဲ ကိုယ့်ဟာကိုယ် ချုပ်ထားပြီး ဘာလို့ စိတ်အနှောင့်အယှက် အဖြစ်ခံမှာလဲ"



ဤမှတ်ချက်က ကျိုးကျင်ဟမ့်အား တိတ်တဆိတ် လှောင်ပြောင်၍နေသည်။ကျိုးကျင်ဟမ့်သည်လည်း ဤခြေကျင်းများကို အလွန်မုန်းတီးခဲ့ဖူးပြီး ခွဲထုတ်ပစ်ချင်လွန်းခဲ့ဖူး၏။ သို့သော်လည်း ယခုမူ သူစိတ်ပြောင်းသွားကာ ယင်းတို့အားကောက်ယူလျက် သူ့လည်တိုင်တွင် ပတ်ထားလိုလှသည်။



"ဒါကိုပြောတော့မှ နှစ်အတော်ကြာအောင် မင်းရဲ့အကြိုက်ကို ငါတကယ်မသိဘူးပဲ မင်းကျောင်းမှာတုန်းက ဖန်ယွီချင်းရဲ့အေးတိအေးစက် ဆက်ဆံပုံကို မင်းအရူးလို ကြိုက်နေခဲ့တာလေ အခု နည်းနည်းလောက်တူတယ်လို့ ထင်ရပေမယ့် ဒီကောင်လေးက အတော်ကြီး ကွာခြားတာပဲ ဒေါသကြီးတာကိုပဲကြည့် မင်းမျက်နှာကိုထိခိုက်အောင်လုပ်ပြီး မင်းကိုဝင်ခွင့်မပေးဘူး အနည်းဆုံးတော့ ငါ့ဟာလေးက အပြုအမူကောင်းလေးတွေရှိပြီး သိတတ်လိမ္မာသေးတာ"



ယန့်ချမ့်ရွှမ်မှာ စကားများများပြောလေ ပိုပျော်လာလေလေပင်။



"မင်းဘာလို့ သူ့ကိုကြိုက်တာလဲ ငါနောက်ဆုံးရခဲ့တဲ့ ကံမကောင်းတဲ့ သတင်းတွေကို ကျေးဇူးတင်ရမယ် မင်အကြာကြီး အရူးထမနေတော့ဘူး မင်းတကယ် သူ့ကို အစားထိုးအဖြစ် အသုံးချနေတာလား"



ကျိုးကျင်ဟမ့်က ခေါင်းယမ်းရင်း ဘာပြန်ဖြေရမလဲ မသိတော့ပေ။



ယန်ချန့်ရွှမ်က မမေးဘဲ မနေနိုင်ပေ။



"ဒီတစ်ခါတော့ မင်းတကယ်နားလည်သွားပြီလား"



သူမေးပြီးနောက်တွင် မလိုအပ်တော့ဟု ခံစားလာရသည်။ သံပမာခိုင်မာလှသည့် အထောက်အထားများက မယုံနိုင်သော်ငြား ငြင်းမရအောင် လွှမ်းခြုံထားသည်ပင်။ ထို့အပြင် သေဆုံးကြောင်းစာရင်းကို မြင်ရချိန်၌ ကျိုးကျင်ဟမ့်မျက်နှာထက်တွင် ရှိနေသည့်အကြည့်နှင့် စိတ်ပျက်အားငယ်သော အမူအရာမှာ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်၏။

 

“သူသေသွားပြီ...” ကျိုးကျင်ဟမ့်ကဆိုသည်။ 



ယန်ချန့်ရွှမ် စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်သည်။



"သေစမ်း ကောင်လေး နောက်ဆုံးတော့ မင်းသိပြီပေါ့ နှစ်ရက်လောက်နေပြီး မင်းဆင်းလာတဲ့အခါ ကောက မင်းအတွက် မင်းရဲ့ စွဲလမ်းမှုကို စွန့်လွှတ်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို ပြန်လှည့်လာတာကို ဂုဏ်ပြုဖို့ သန့်စင်ရေးပွဲလုပ်ပေးမယ် "



ကျိုးကျင်ဟမ့်က ဘာမှမကြားသည့်အလား မျက်လုံးမှိတ်ထားလိုက်သည်။ 'စွဲလန်းမှု'ဟူသော စကားလုံးက သုံးနှုန်းရန် မမှန်ကန်ဟု ခံစားရသည်။



သူထိုသို့လုပ်ရန် တွန်းအားပေးနေခြင်း မဟုတ်သော်လည်း ယင်းကိုသာ လုပ်နိုင်သည်။



ထိုအမျိုးသား သေဆုံးသွားခဲ့လျှင် သူ့ကိုယ်သူဖြေသိမ့်ဖို့ရာ နည်းမျိုးစုံကိုတွေးကာ စဥ်းစားခြင်းအား ရပ်တန့်နိုင်ပါသော်လည်း သေဆုံးသွားခြင်းက ထိုအမျိုးသားမဟုတ်ဘဲ သူ့နှလုံးသားသာ ဖြစ်နေပေလိမ့်မည်။



ထိုည၌ သူ၏အရူးလေးက သူ့နှလုံးသားကို တောင်ပေါ်၌ ထားရစ်ခဲ့ပြီး လစ်လပ်နေသည့်တွင်းပေါက်အဖြစ်သာ ချန်ရစ်ကာ သူ့ကိုယ်သူ ဆူးတို့ဝန်းရံထားလျက် နေခဲ့သည်။ “သေခြင်း” ဟူသော စကားလုံးပါသည့် အသိအမှတ်ပြု လက်မှတ်များးကို သူ ရုတ်တရက် မြင်လိုက်ရသောအခါမှပင် အစောပိုင်းခုခံမှုတိုင်းက သူ့ရင်ခုန်သံတို့ ပြန်မလာတော့ကြောင်း သတိပေးချက်တစ်ခုသာဖြစ်ကြောင်း သိခဲ့ရသည်။ 



 သေဆုံးသွားသူက အသက်ရှင်ရက်ပြန်မလာနိုင်သလို သေဆုံးပြီးသည့်နှလုံးသားမှာလည်း ပြန်ခုန်နိုင်စွမ်းမရှိတော့။

.........

ထန်ဝမ်းရှီ Sမြို့သို့ ထပ်မံရောက်လာချိန်တွင် ရာသီဥတုက အေးစက်မှု၏ပထမဆုံး အရိပ်အယောင်တို့အား ပြသလာသည်။



ဤတစ်ကြိမ်တွင်တော့ သူကရိုးရိုးရှင်းရှင်းဖြင့် ကစားရုံသက်သက်သာ လာခဲ့ခြင်းပေ။ သူ့ခရီးစဥ်ကို ရပ်လျက် သူ့အားကြည့်ရန်လာခဲ့ခြင်းဟု ဆို၏။



ယီဟွေ့က မေးလိုက်သည်။



"သူက ဘာလို့ အမြဲမင်းကို ဟာသလုပ်နေရတာလဲ"



ထန်ဝမ်းရှီက ပုခုံးတွန့်လိုက်ပြီး



"ဒီတော့ ငါလည်းသူ့ကို ဟာသလုပ်လိုက်တာပေါ့ သူက ဒီနေ့လည် အိမ်မှာသူ့ကိုစောင့်နေဖို့ စာပို့တယ်လေ ပြီးတော့ ငါလည်း သူ့ကို 'ojbk'ဆိုပြီး စာပြန်လိုက်တယ်"



ယီဟွေ့က ပြုံးကာ 'ကောင်းတယ်'ဟူ၍ မြှောက်ပေးလိုက်သည်။ သို့သော်လည်း သူစိတ်ပူနေဆဲပင်။ ထန်ဝမ်းရှီက ပူပန်စရာမရှိသလို ကြိုးစားနေသော်ငြား တကယ်တမ်းတွင် သူ အလွန်ပင် စိတ်မသက်မသာခံစားနေရသည်။



သူ့ခန့်မှန်းချက်အား ညနေပိုင်းတွင် အတည်ပြုလိုက်ရသည်။ ထန်ဝမ်းရှီ ဖုန်းကို တစ်ကြိမ် နှိပ်လိုက်သည်နှင့် သူ့မျက်နှာသည် ပို၍ ဆိုးရွားလာသည်ကို သိသိသာသာ မြင်နေရသည်။ရိုလာကိုစတာပေါ်ရှိ ဝန်ထမ်းများက အချိန်အတော်ကြာအောင် အော်ဟစ်နေသော်လည်း သူကတော့ ထိုင်ခုံခါးပတ်ကို ပတ်မထားပေ။ နောက်ဆုံး၌ ယီဟွေ့မှ သူ့အား ခါးပတ်ပတ်ပေးရန် မှီလိုက်ကာ ရင်ဘတ်ကို ပုတ်လျက် စိတ်မလှုပ်ရှားရန် ပြောလိုက်သည်။

 

အရှိန်ဖြင့် တက်နေစဉ်တွင် ယီဟွေ့က ပြောလိုက်သည်။



"ငါကြားဖူးတာတော့ ရိုလာကိုစတာ ဆင်းချသွားတဲ့အချိန် တစ်ယောက်ယောက်နာမည်ကိုခေါ်ရင် အဲ့လူ ဘယ်ရောက်နေနေ ကြားတယ်တဲ့"



  Xxxxx