Ch 215
Viewers 33k

အခန်း(၂၁၅) - အဖိုးကြီးရှောင်က သိပ်အံ့သြဖို့ကောင်းတာပဲ


ဘုရင်ကြီးရဲ့ အမိန့်ပြန်တမ်းစာကြောင့် ဖူဝန်ကျန်းက အကြီးအကျယ် စိတ်ထိခိုက်သွားခဲ့သည်။


သို့ပေမယ့် သူမ မဆန့်ကျင်ရဲပေ။


သူမက ကူကယ်ရာမဲ့စွာသာ လက်ခံလိုက်ရလေသည်။


တစ်ချိန်တည်းမှာပဲ စောနက လျန့်ဟန်ရှောင် ပြောခဲ့သည့် စကားရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။


သူမက တော်ဝင်ကြင်ယာတော် မဖြစ်ချင်ကြောင်း အမြဲတမ်း ပြောခဲ့ပေမယ့် ထိုအရာက လျန့်ဟန်ရှောင်ကို ခြိမ်းခြောက်ရုံသက်သက်ဖြစ်သည်။


အခုတော့ ထိုစကားတွေက တကယ်ဖြစ်လာခဲ့တော့သူမက ရူးမတတ်ဖြစ်ကာ မေ့လဲမတတ် ဖြစ်နေသည်။


ကိုယ်လုပ်တော် ဟုတ်လား။ သူမလို ဂုဏ်သိက္ခာရှိ ကြင်ယာတော်က ကိုယ်လုပ်တော်ဖြစ်တော့မယ် ဟုတ်လား။


အပြင်က ခွေးမတွေ သူမကို ဘယ်လောက်တောင် လှောင်ရယ်နေကြမလဲ။


လျန့်ဟန်ရှောင်က သူမကို ဘယ်လိုထင်သွားမလဲ။


ထို့ကြောင့် သူမက ပြိုလဲကျကာ မျက်ရည်တွေစီးကျခဲ့လေသည်။


အစေခံမလေးတွေက သူမကိုသွားမကူညီရဲခဲ့ပေ။


မဟုတ်ပါက သူတို့ကို ကြာပွတ်ဖြင့်ရိုက်ခြင်း ပါးစပ်ဖြတ်ရိုက်ခြင်းတွေ လုပ်လာနိုင်သည်။


ငိုယိုပြီးနောက် သူမရဲ့ မျက်နှာက အမုန်းတရားတွေ ရက်စက်မှုတွေ ပြည့်နေခဲ့သည်။ "ရှစ်ချင်းလျို့ ခွေးမ၊ အကုန်လုံး ဒီခွေးမကြောင့်ဖြစ်တာ၊ နင့်ကို လုံးဝ အလွတ်မပေးဘူး။"


သူမ အိမ်ထောင်ပြုတုန်းက ခေါ်လာခဲ့သည့် အစေခံမလေးက အရဲကိုးကာ ရှေ့လျှောက်သွားလိုက်သည်။


သူမက လေသံတိုးတိုးဖြင့် ပြောခဲ့သည်။ "သခင်မ တော်ဝင်ကြင်ယာတော် စကားကိုသတိထားပြောပါ၊ နံရံမှာ နားတွေ ရှိပါတယ်။"


"ဖြန်း။" ထို့နောက် သူမက ပါးရိုက်ခံလိုက်ရလေသည်။


ဖူဝန်ကျန်းက ခနဲ့ကာပြောခဲ့သည်။ "တော်ဝင်ကြင်ယာတော် ဟုတ်လား၊ ဘာတော်ဝင်ကြင်ယာတော်လဲ၊ အခု ငါ့ကို လှောင်နေတာလား။"


ထိုအစေခံမလေးက ချက်ချင်းဒူးထောက်ခဲ့သည်။ "မဟုတ်ပါဘူးရှင့်။"


ဖူဝန်ကျန်းက အသက်ပြင်းပြင်းရှူခဲ့သည်။ "ငါစာရေးပေးလိုက်မယ်၊ မှူးမတ်စံအိမ်က ငါ့အဖေဆီ စာသွားပို့လိုက်။"


"ဟုတ်ကဲ့ပါ။" အစေခံမလေးက တလေးတစား ပြန်ဖြေခဲ့သည်။


ဖူဝန်ကျန်းက စာတစ်စောင် ရေးလိုက်လေသည်။


ထောင့်နားက အစေခံမလေးက ပျော်ရွှင်ကြည်နူးစွာ သူမကို ကြည့်နေခဲ့တာကို သူမ သတိမမူမိခဲ့ပေ။


သို့ပေမယ့်ထိုအစေခံမလေးက သူ့ဘာသာသူ အမြန်ပြန်ထိန်းချုပ်ခဲ့သည်။


တတိယမင်းသားရဲ့ကြင်ယာတော်ကို ကိုယ်လုပ်တော်အဖြစ် ရာထူးချလိုက်သည့် သတင်းက သာမာန်ပြည်သူတွေကြားသာမက အမျိုးမျိုးသော အဆင့်အတန်းမြင့်မိသားစုကြီးတွေကြားမှာပါ ပြန့်သွားခဲ့သည်။


သခင်မကြီးတွေနှင့် မိန်းမပျိုလေးတွေအများစုက သူမကို လှောင်ပြောင်နေကာ အိမ်မှာ ဆဲဆိုနေခဲ့ကြသည်။


ဖူဝန်ကျန်းရဲ့ စိတ်ဓာတ်က အစကတည်းက နှစ်လိုဖွယ်မကောင်းတာ ဖြစ်သည်။


တတိယမင်းသားရဲ့ ကြင်ယာတော်ဖြစ်လာပြီးနောက်ပိုင်း သူမက ပိုပြီး ဘဝင်လေဟပ်လာခဲ့သည်။


သူမက မင်းစိုးရာဇာမိသားစုက အမျိုးသမီးအများစုကိုလည်း အနိုင်ကျင့်ခဲ့သည်။


အနောက်ဆောင်က အမျိုးသမီးတွေဟာလည်း စိတ်အေးသွားကြပြီး ရှစ်ချင်းလျို့ကို ပိုအထင်ကြီးသွားခဲ့ကြသည်။


ရှစ်ချင်းလျို့က မလောက်လေးမလောက်စား လုပ်လို့ရသည့် ပျော့တိပျော့ဖတ်လေး မဟုတ်ကြောင်း လူတိုင်း နားလည်သွားခဲ့ကြသည်။


ညကျတော့ ရှစ်ချင်းလျို့က အိပ်ရာပေါ် ကိုယ်တစ်ဝက် မှီထိုင်ပြီး လက်ရေးမူကို ဖတ်ရှုနေသည်။


ရှောင်ဟန်ကျန့်က စာအိတ်တစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။


ရှစ်ချင်းလျို့က လက်ထဲက စာအုပ်ကိုချပြီးမေးလိုက်သည်။ "ဘာကြီးလဲ။"


ရှောင်ဟန်ကျန့်က သူမကို ကမ်းပေးလိုက်သည်။ "တတိယမင်းသားရဲ့ နန်းဆောင် သက်ဝင်လှုပ်ရှားနေတဲ့အကြောင်းလေ။"


ရှစ်ချင်းလျို့က ချက်ချင်း စိတ်ဝင်စားသွားပြီး စာအိတ်ထဲက စာရွက်ကို ထုတ်ယူလိုက်သည်။


စာရွက်ထဲမှာ ရေးထားသည့် စာတွေက တတိယမင်းသားနှင့် ဖူဝန်ကျန်းကြားက စကားဝိုင်းထက် ပိုအသေးစိတ်ကျသည်။


စာဖတ်ပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို မျက်လုံးကြီးပြူးကာ ကြည့်ခဲ့သည်။ "အဖိုးကြီးရှောင် တတိယမင်းသားရဲ့ နန်းဆောင်ထဲမှာ ရှင့်လူ ရှိနေတာလား။"


ရှောင်ဟန်ကျန့်က ထိုင်လိုက်သည်။ သူမ ဒီလောက် အံ့သြနေတာကို သူ အခုမှ ပထမဆုံးမြင်ဖူးတာဖြစ်သည်။


ရှောင်ဟန်ကျန့်က ပြုံးပြီး သူမရဲ့ပါးကို ဖိညှစ်ခဲ့သည်။ "အင်း၊ အတိအကျပြောရရင် ဖူဝန်ကျန်းရဲ့ ဘေးက အစေခံမလေး၊ သူ့ကို ကိုယ့်လူတွေက အလုပ်လုပ်ဖို့ စီစဥ်ပေးခဲ့တာလေ။"


သေချာပေါက်ကို ဒါဟာလည်း သူ့အမိန့် ဖြစ်သည်။


မူလကတော့ ဖူဝန်ကျန်း တတိယမင်းသားကို သစ္စာဖောက်သည့်အခါ သူက ပြဿနာရှာဖို့လုပ်ခဲ့တာဖြစ်သည်။


သို့ပေမယ့် ထိုအမျိုးသမီးက သူ့ဇနီးကို အနိုင်ကျင့်ခဲ့တာကြောင့်  ကစားပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။


ရှစ်ချင်းလျို့က သူ့ကို လက်မထောင်ပြခဲ့လေသည်။ "အဖိုးကြီးရှောင်က သိပ်အံ့သြဖို့ကောင်းတာပဲ။"


မြို့တော်ကိုရောက်တာ မကြာသေးပေမယ့် တတိယမင်းသားရဲ့နန်းဆောင်ထဲမှာ သူ့လူကို ထည့်ထားနိုင်ပြီးပြီဖြစ်သည်။


သူမက အနားကပ်ကာ တီးတိုးမေးခဲ့သည်။ "ရှင့်မှာ လူဘယ်နှယောက်လောက်ရှိလဲ။"


ရှောင်ဟန်ကျန့်က သူမကို ဖက်ပြီး နား၊ နားတိုးကာ တီးတိုးပြောခဲ့သည်။ "ဆယ်ယောက်လောက်ပေါ့၊ သိပ်မများပေမယ့် သူတို့က တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲ။"


သူက ဘုရင်ကြီးရဲ့ လက်ကိုင်ဓားဖြစ်ချင်တာကြောင့် သတင်းအချက်အလက်တွေအတွက် သူ့နည်းသူရှိသည်။


ထိုသို့ ပြုလုပ်ရာ၌ သူက တော်သည်။


တစ်ချိန်တည်းမှာပဲ ဘုရင်ကြီးရဲ့ အကြည့်တွေကို ဘယ်လိုရှောင်တိမ်းရမလဲဆိုတာ သူကောင်းကောင်းသိသည်။


ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို မျက်လုံးတောက်တောက်ဖြင့် ကြည့်ခဲ့သည်။ "ရှင်က ကျွန်မရဲ့ ထာဝရ ဘုရားသခင်ပဲ။"


အရေးပါအရာရောက်တဲ့လူက တကယ့်ကို အရေးပါအရာရောက်တဲ့လူပါပဲ။


သူမ၏ ခင်ပွန်းက တကယ့်ကို အံ့ဖွယ် ဖြစ်သည်။


သူမရဲ့ဆိုလိုရင်းကို နားမလည်သော်လည်း သူက သူမကို အကြမ်းအားဖြင့်နားလည်သည်။ "ကိုယ်က မင်းရဲ့ ထာဝရခင်ပွန်းလေ။"


ရှစ်ချင်းလျို့က ပြုံးကာ လက်ယမ်းပြခဲ့သည်။ "မကွဲပြားပါဘူး။"


သူမက မေးခဲ့သည်။ "တတိယမင်းသားရဲ့ နန်းဆောင်ကို ရှင်ပြဿနာရှာမှာလား။"


ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက ပြုံးနေခဲ့သည်။ "ဒါပေါ့၊ သူ့ကို ကိုယ်လုပ်တော်အဖြစ် ရာထူးချလိုက်တာ သိပ်လွယ်နေတယ်။"


သူမကို အရေးကြီးသည့်အရာ တစ်ခုခု ပိုပြီးဆုံးရှုံးသွားစေချင်သည်။


ရှစ်ချင်းလျို့က အချက်ပြခဲ့သည်။ "ပြောပြဦး၊ ကျွန်မ သိချင်တယ်။"


ရှောင်ဟန်ကျန့်က သူမနား အနားကပ်ကာ သူ့အစီအစဥ်တွေကို တီးတိုးပြောခဲ့သည်။


ထိုစကားတွေကြားပြီးနောက် ရှစ်ချင်းလျို့က သူ့ကို လက်မထောင်ပြခဲ့သည်။ "ရှင့်အကြံတွေက တကယ်ကို ထူးချွန်ပြောင်မြောက်လွန်းတယ်။"


သူမက ထပ်ပြောခဲ့သည်။ "တော်တော်လေး အကျင့်ယုတ်ပေမယ့် ကျွန်မ ကြိုက်တယ်။"


ရှောင်ဟန်ကျန့်က ခပ်ဖွဖွရယ်ခဲ့သည်။ "မင်းသဘောကျမယ်ဆိုတာ ကိုယ်သိပါတယ်။"


တစ်ဖက်က စစ်သူကြီးစံအိမ်တွင်ဖြစ်သည်။


ရှောင်ယွမ်ရှစ်က စာဖတ်ခန်းထဲမှာ တွေဝေစွာ ထိုင်နေခဲ့သည်။


ဒီန့ဖြစ်ခဲ့သမျှက သူလုံးဝ မထင်မှတ်ထားသည့်အရာတွေဖြစ်သည်။


သူက တကယ်ပဲ သူ့ရဲ့ သားဆိုးနှင့် ချွေးမဆိုးကို အထင်သေးမိခဲ့သည်။


ညီလာခံမှာ သူတို့နှစ်ယောက်အတွက် ရပ်တည်ပေးမည့် လက်တစ်ဆုပ်စာ အရာရှိကြီးတွေရှိလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။


ရှစ်ချင်းလျို့ရဲ့ စိတ်ထဲမှာ တီထွင်နိုင်သည့်အတွေးတွေ မည်မျှ ကျန်သေးသနည်း။


ရလဒ်အနေဖြင့် သူမက ပိုပိုပြီးကိုင်တွယ်ရခက်လာတာဖြစ်သည်။


သူက အနည်းငယ်ပိုပြီး နောင်တရခဲ့သည်။


ဟိုးတုန်းက သူတို့နှင့် ဆွေမျိုး မဖြတ်တောက်ခဲ့သင့်ပေ။


ထိုအချိန်မှာပဲ ကောချွန်းရုက ကြက်စွပ်ပြုတ်တစ်ပန်းကန်ဖြင့် ဝင်လာခဲ့သည်။


ရှောင်ယွမ်ရှစ်က အသိစိတ်ပြန်ကပ်လာပြီး မပျော်မရွှင်ဖြစ်သွားခဲ့သည်။


သူမက ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာတာလဲ။


သို့ပေမယ့် သူက မျက်နှာထက်မှာ မဖော်ပြခဲ့ပေ။


ကောချွန်းရုက အပြုံးဖြင့် ဝင်လာခဲ့သည်။ "စစ်သူကြီးအတွက် ကြက်စွပ်ပြုတ်လေး လုပ်လာပေးတယ်၊ ပူတုန်းလေး သောက်လိုက်ပါဦး။"


ရှောင်ယွမ်ရှစ်က ကြက်စွပ်ပြုတ်ပန်းကန်ကိုယူကာ သောက်ခဲ့သည်။ "မင်းကို ပင်ပန်းစေမိပြီ။"


ကောချွန်းရုက နူးညံ့ဖြောင့်မတ်သည့်အသွင်ကို ဆင်မြန်းထားလေသည်။ "ရှင့်အတွက် စွပ်ပြုတ်လေး ပြင်ပေးရတာကို ဘာလို့ ပင်ပန်းရမှာလဲ။"


ရှောင်ယွမ်ရှစ်က သူမလက်ကိုဆွဲကာ ထိုင်စေခဲ့သည်။ "စကားပြောရအောင်။"


ကောချွန်းရုက နဂိုကတည်းက သူ့ကိုပြောစရာရှိနေတာကြောင့် ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်။"


သူတို့နှစ်ယောက် စကားခဏလောက် ပြောပြီးနောက် ရှောင်ယွမ်ရှစ်ရဲ့ စိုးရိမ်အဆင်မပြေမှုတွေက အနည်းငယ် ပြောလျော့သွားခဲ့သည်။


ကောချွန်းရုက သူမ မောင်လေးအကြောင်း ပြောခဲ့သည်။


"ချွန်းယီကို နေ့တိုင်း အိမ်မှာပဲနေခိုင်းလို့ မကောင်းဘူး၊ သူ့အတွက် တစ်ခုခု စီစဥ်ပေးသင့်တယ်လို့ ထင်လား။"


သူမမောင်လေးက မကြာခင်က ပိုပြီးဆတ်ဆတ်ထိမခံဖြစ်လာတာကြောင့် သူ တစ်ခုခု လုပ်ဖို့ ရှာပေးချင်သည်။


ထို့ကြောင့် သူမက အရိပ်အမြွက်ပြခဲ့လေသည်။ "ရှောင်မိသားစုရဲ့အကြီးဆုံးမြေးက မြောက်ပိုင်းနယ်စပ်ကို လက်ထောက်တရားသူကြီးသွားလုပ်တော့ သူကလည်း အားမနေချင်ဘူး။"


သူတောင်မှ လက်ထောက်တရားသူကြီးဖြစ်နိုင်ပါက သူမ မောင်လေးရဲ့ အဆင့်က ထိုထက်ပိုဆိုးလို့ မရဘူးဟု ဆိုလိုတာဖြစ်သည်။


ကောချွန်းယီရဲ့အကြောင်းကိုပြောခါမှ ဘုရင်ကြီး အမိန့်ပေးခဲ့တာကို ရှောင်ယွမ်ရှစ် ပြန်အမှတ်ရသွားခဲ့သည်။


လွန်ခဲ့သည့်နှစ်ရက်လောက်က ကောချွန်းယီကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာ သူစဥ်းစားနေခဲ့တာဖြစ်သည်။


ကောချွန်းယီနှင့် ပူးပေါင်းနေသည့် လူရဲ့ မူမမှန်မှု ရှိ မရှိ သူစုံစမ်းနေကြောင်း ဘုရင်ကြီးကိုပြောခဲ့ပေမယ့် တကယ်တန်းတော့ သူက အပြစ်ပေးဖို့ ရက်အနည်းငယ် အချိန်ဆွဲနေတာဖြစ်သည်။


ကောချွန်းရု ပြောလိုက်မှပဲ သူက ချက်ချင်း အကြံရသွားခဲ့သည်။


ရှောင်ယွမ်ရှစ်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိုယ် အဲ့တာကို စဥ်းစားပြီး စီစဥ်ထားတယ်။"


ကောချွန်းရုက မပျော်မရွှင်ဖြစ်နေသည်။ သူက ဝတ်ကျေတန်းကျေ လုပ်နေသည်ဟု သူမ ခံစားခဲ့ရသည်။


ထိုစကားကြားပြီးနောက် သူမက အနားတိုးသွားခဲ့သည်။


သို့ပေမယ့် သူ့ကိုယ်ပေါ်ကနေ သစ်ခွပန်းနံ့သင်းပျံ့ပျံ့လေး ရလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။


သူမရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။


ဒါဟာ တခြားအမျိုးသမီးဆီက ရနံ့ဖြစ်သည်။


ထိုကိစ္စကို သူမ လွန်ခဲ့သည့် နှစ်ရက်လောက်ကတည်းက သိခဲ့တာဖြစ်ပြီး ရှောင်ယွမ်ရှစ်ကို ထုတ်မေးချင်နေပေမယ့် သူမ သည်းခံခဲ့သည်။


ရှောင်ယွမ်ရှစ်ရဲ့ အကျင့်စရိုက်ကို သူမ သိသည်။


သူမသာ ရုတ်ရုတ်သဲသဲ လုပ်လိုက်ပါက သူက သူမနှင့် ဝေးဝေးကို ရှောင်သွားလိမ့်မည်။


သို့ပေမယ့် သူမရင်ထဲမှာလည်း မသက်မသာ ခံစားနေရသည်။


သူမက သူ့အနား မကပ်ချင်တော့ပေ။


ထိုအချိန်မှာ ရှောင်ယွမ်ရှစ်ကလည်း သူ့သားနှင့် သူ့ချွေးမအကြောင်း တွေးနေခဲ့သည်။


သူက ကောချွန်းရုရဲ့အမူအရာ ပြောင်းသွားတာကို သတိမထားမိသလို အာရုံလည်း မစိုက်ခဲ့ပေ။


ထိုအရာက ကောချွန်းရုကို ပိုပြီး မသက်မသာ ဖြစ်စေခဲ့သည်။


ဟိုးတုန်းကဆိုရင် သူမသာ သူ့ကိုအရင်အားကိုးမှီခိုလိုက်ပါက သူက ချက်ချင်း အသာစီးပြန်ယူတတ်သည်။


အပြင်မှာ တခြားတစ်ယောက် မရှိဘူးဆိုတာ သူမ မယုံပေ။


ထို့ကြောင့် နောက်တစ်နေ့ နေ့လည်စာစားပြီးနောက် ကောချွန်းရုက အစေခံတချို့နှင့် အားကောင်းမောင်းသန် သက်လတ်ပိုင်း အစေခံတွေကိုခေါ်ပြီး စံအိမ်အပြင်ကို ထွက်သွားခဲ့သည်။


ထိုအချင်းအရာကို အမျိုးသမီးဝူက တွေ့လိုက်ပြီး ရှောင်သခင်မကြီးကို ချက်ချင်း သွားပြောပြခဲ့သည်။


ထို့ကြောင့် ရှောင်မိသားစုဟောင်းက နောက်ကနေ ချက်ချင်း တိတ်တဆိတ် လိုက်ခဲ့လေသည်။