Ch 219
Viewers 33k

အခန်း(၂၁၉) - ဆက်ဆံရေး ပေါ်ပေါက်သွားခြင်း


ရှောင်သခင်မကြီးက သူမ သားဖြစ်သူရဲ့ အမူအရာကို မြင်ပြီးနောက် ရင်တုန်သွားခဲ့သည်။


ထိုမိန်းကလေးကို စစ်သူကြီးစံအိမ်ကို ခေါ်သွားမည့် အကြံကို စွန့်လွှတ်လိုက်မည်ကို သူမ စိုးရိမ်နေခဲ့သည်။


သူမက ချက်ချင်းပင် တင်ပါးပေါ် လက်ထောက်ပြီး ပြောခဲ့သည်။ "ထွီး ရက်စက်တဲ့မိန်းမ၊ သူ့နာမည်က လျိုရု၊ ထောင်လျိုဆိုပြီး နင်လုပ်ကြံပြောနေတာမလား၊ ပြီးတော့ နင်က ဆောင်ကြာမြိုင်ကို ကောင်းကောင်းသိပုံပဲ၊ နင် အဲ့နေရာကနေ လာတာလား၊ ဒါကြောင့် လူတိုင်းကို နင့်လို ထင်နေတာမလား။"


ကောချွန်းရုက တော်တော် စော်ကားခံခဲ့ရသည်။ "ကျွန်မက ရှင့်ကို ယောက္ခမလို လေးစားပေမယ့် ကျွန်မကို ဒီလိုစော်ကားလို့မရဘူး။"


ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "နင်က မယားငယ်လေ။ နင့်ဘာသာ ကိုယ်ဝန်ပျက်ကျအောင် တမင်လုပ်ခဲ့ပြီး ငါ့သားရဲ့ ပထမဇနီးအပေါ် အပြစ်ပုံချခဲ့တာ၊ အမြဲတမ်း ဆောင်ကြာမြိုင်အကြောင်းပဲ ပြောနေတယ်၊ နင်က ဘယ်လောက် သန့်ရှင်းလို့လဲ၊ ငါက နင့်ကို ဘယ်လိုစော်ကားနေလို့လဲ၊ ငါပြောတာတွေက အမှန်တရားတွေပဲလေ။"


"ရှင်... ရှင်…" ကောချွန်းရုက အလွန်ဒေါသထွက်ကာ မျက်လုံးတွေပင် မှောင်မည်းသွားပြီး မူးဝေနေခဲ့သည်။


ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက ပိုစိမ်းသွားခဲ့သည်။ "အမေ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။"


သူ့အမေက ဘာဖြစ်လို့ ပါးစပ်ပိတ်ပြီး မနေနိုင်တာလဲ။ ဒီလိုစကားတွေကို တကယ်ပြောထွက်တယ်။


တစ်ချိန်လုံး တစ်လုံးမှ ချန်မထားဘူး။


ရှောင်သခင်မကြီးက သူ့ကို စိုက်ကြည့်ခဲ့သည်။ "ငါက ဘာအဓိပ္ပာယ်မရှိတာ ဘာတွေပြောနေလို့လဲ၊ သူ့ကြောင့်နဲ့ နင့်ပထမဇနီးနဲ့ ကွာရှင်းပြီး ကလေးတွေနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာလေ၊ ဒါတွေက မဟုတ်တာတွေလား၊ ဘာဖုံးကွယ်ထားစရာလိုလို့လဲ၊ နင့်အမှား မဟုတ်ဘူး၊ သူက နင့်ကို ဖိအားပေးခဲ့တာ။"


သူမက တရားနည်းလမ်းကျစွာ ပြောခဲ့သည်။ "အကယ်၍ ငါ အခု မပြောရင်တောင် နောက်ကျရင် သူက ပြဿနာတွေရှာပြီး နောက်ဆုံးကျရင် လူတိုင်း သိသွားမှာပဲမလား၊ အဲ့အခါကျရင် ပိုပြီး ရှက်ဖို့ကောင်းသွားလိမ့်မယ် ဟုတ်ပြီလား။"


သူမ လုပ်ခဲ့တာဟာ သူမရဲ့သားအတွက်ဖြစ်ကြောင်း ရှောင်သခင်မကြီးက အရိပ်အမြွက်ပြခဲ့လေသည်။


ဟုတ်တယ်။ ဒါတွေအကုန်လုံးက သူမရဲ့ သားဖြစ်သူအတွက် လုပ်ပေးခဲ့တာဖြစ်သည်။


ဒါတွေဟာလည်း ရှစ်ချင်းလျို့ သူမကို သင်ပေးခဲ့တာဖြစ်သည်။


သူမ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ရခက်သည့်အချိန်တိုင်း သူမ ဘာကြောင့် လုပ်ရသလဲဆိုတာကို ပြန်သတိပေးခဲ့သည်။


သူမရဲ့ သားဖြစ်သူ ကောင်းစားဖို့အတွက် လုပ်ခဲ့တာဖြစ်ကြောင်း တွေးမိလိုက်တော့ သူက အပြစ်မကင်းစိတ် မဖြစ်တော့ပေ။


ထိုအချိန်မှာ ရှောင်ယွမ်ရှစ်ကလည်း သတိမေ့ချင်သွားခဲ့သည်။


သူက အံကြိတ်ကာ ပြောခဲ့သည်။ "အခုချက်ချင်း စစ်သူကြီး စံအိမ်ကိုပြန်မယ်။"


ရုတ်တရက်ပင် တံခါးပေါက်က လူတစ်ယောက်က မေးခဲ့သည်။ "စစ်သူကြီးရဲ့ဇနီးပြောတဲ့ ရှောင်ဟန်ကျန့်ဆိုတာ မျိုးစေ့တွေ ဆက်သခဲ့တဲ့ လင်မယားထဲကလား။"


ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက တံခါးပေါက်မှာ ရပ်ကာ ပွဲကြည့်နေခဲ့သည်။ 


သူက မနေနိုင်စွာ ကြားဖြတ်ပြောခဲ့သည်။ "ဟုတ်တယ်။ အဲ့ဒီ ရှောင်ဟန်ကျန့်ပဲ။"


ရှောင်မိသားစုဟောင်းက သူ့ကို တမင်အန္တရာယ်ပြုဖို့ လာခဲ့တာဟု ရှောင်ယွမ်ရှစ်က တွေးခဲ့လေသည်။


"ဘာ၊ တကယ်ပဲ ရှောင်ဟန်ကျန့်လား။"


"သူတို့ရဲ့ မျိုးရိုးနာမည်တွေက 'ရှောင်'လေ။"


"ရှောင်ဟန်ကျန့်က စစ်သူကြီးရှောင် ဆွေခန်းမျိုးခန်းဖြတ်တောက်ခဲ့တဲ့ဆိုတဲ့ သားလား။"


ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ထပ်ဖြတ်ပြောခဲ့ပြန်သည်။ "ဟုတ်ပါတယ်။ သူပါပဲ။"


ထိုအချိန်မှာ ရှောင်ယွမ်ရှစ်က သူ့တူရဲ့ ပါးစပ်ကို သွားပိတ်ပစ်ချင်နေသည်။


သို့ပေမယ့် သူသာ လူအုပ်ကြားထဲမှာ အော်ဟစ်ခဲ့ပါက သူက အပြစ်မလုံသလို ဖြစ်နေလိမ့်မည်။ 


"သူတို့က သိပ်တော်တဲ့သားနဲ့ ချွေးမ ဖြစ်ရဲ့သားနဲ့ စစ်သူကြီးရှောင်က အပြင်လူအတွက်ကြောင့် သူတို့နဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာ၊ တကယ်ပဲ... " သူ ဘာပြောရမလဲဆိုတာ မသိတော့ပေ။


"စစ်သူကြီးရှောင်က ငါးစိမ်းမြင် ငါးကင်ပစ်တဲ့လူပဲ။"


“သူ့မိန်းမက တကယ့်အံ့ဖွယ်ပဲ၊ ပထမဇနီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးကျစေဖို့အတွက် သူ့ကိုယ်သူ ကိုယ်ဝန်ပျက်ကျအောင်လုပ်ခဲ့ပြီး အလားအလာရှိတဲ့ သားဖြစ်သူနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်အောင် ဖိအားပေးခဲ့တယ်၊ သူက တကယ့်ကို သာမာန် မဟုတ်ဘူးပဲ။"


"ဒါ့အပြင် သူက သိပ်ပြီး စိတ်သဘောထား သေးသိမ်တာပဲ၊ သူက အမျိုးသမီးလျိုရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးရုံသာမက အမျိုးသမီးလျိုကို စစ်သူကြီးကို ဆွဲဆောင်ဖို့ ရှောင်ဟန်ကျန့်က စေလွှတ်လိုက်တာပါလို့တောင် ပြောနေသေးတယ်။"


"ဟုတ်ပါ့။ ရှောင်ဟန်ကျန့်က စီရင်စုမြို့အသေးလေးက အခြေခံစာသင်သားလေးပါ၊ သူ့မိန်းမကလည်း မျိုးစေ့ဆက်သဖို့အတွက် မြို့တော်ကိုလာတာလို့ကြားတယ်၊ သူက သူ့အဖေအတွက် ကိုယ်လုပ်တော်ရအောင် ဘယ်လိုလုပ် စီစဥ်ပေးနိုင်မှာလဲ။"


"ကောချွန်းရုက တကယ်အကျင့်ယုတ်တာပဲ၊ သူက ဒါကိုသုံးပြီး ရှောင်ဟန်ကျန့်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးချင်နေတာ၊ သူက တကယ်ကို အံ့သြစရာပဲ။"


"သူက လူတွေအများကြီးရှေ့မှာတောင် အပြစ်ပုံချနေတာ၊ နောက်ကွယ်မှာဆိုရင် သူတို့ကို ဘယ်လောက်တောင် ဖိနှိပ်မလဲမသိဘူး။"


"ဘယ်မိထွေးကများ ကောင်းတဲ့လူရှိလို့လဲ၊ သူက သူ့အမေအရင်းကို ကိုယ်လုပ်တော်ဖြစ်အောင် လုပ်ခဲ့တဲ့ မိထွေးလေ၊ နောက်ဆုံးတော့ ဒုတိယဇနီး ဖြစ်သွားခဲ့တယ်။"


"ဘာကို ဒုတိယဇနီးလဲ၊ သူတို့က ကွာရှင်းလိုက်ပြီမလို့ ဒုတိယဇနီးလို့ ယူဆစရာ မလိုဘူးမလား။"


"ဟုတ်တယ်။ သူတို့က ကွာရှင်းပြီးပြီ၊ ပြောရရင် စစ်သူကြီးရှောင်နဲ့ ရှောင်ဟန်ကျန့်က ဘာမှ မတော်တော့ဘူး။"


သူတို့က စကားဝိုင်းကို အရှိန်ပြင်းစွာ ဆက်သွားခဲ့သည်။


ထိုလူတွေက ရှောင်ဟန်ကျန့် စီစဥ်ထားခဲ့သည့်လူတွေဖြစ်သည်။


သို့ပေမယ့် ဒါက ရှစ်ချင်းလျို့ရဲ့ အကြံဉာဏ်တွေ ဖြစ်သည်။


မော်ဒန်ခေတ်မှာ အွန်လိုင်းပေါ်က လူထုစကားဝိုင်းရဲ့ အစွမ်းကို သူမ တွေ့မြင်ခဲ့ဖူးတာကြောင့် သူမက ထိုနည်းလမ်းအတိုင်း ရှောင်ဟန်ကျန့်ရဲ့ လူတွေကို လုပ်ခိုင်းခဲ့တာ ဖြစ်သည်။


မျှော်လင့်ထားသည့်အတိုင်း အကျိုးသက်ရောက်မှုက ကြီးမားသည်။


ဖြတ်သွားဖြတ်လာတွေကလည်း ထိုအကြောင်းကို စပြောခဲ့လေသည်။


"သူ့ယောက္ခမကို သတ်သေအောင် ဖိအားပေးခဲ့တာလည်း မဆန်းတော့ပါဘူး၊ သူက တော်တော်ရက်စက်တာပဲ။"


"စစ်သူကြီးရှောင်ရဲ့ ဇနီးက နူးညံ့ပုံရပြီး နောက်ကွယ်မှာတော့ ဒီလိုဖြစ်နေမယ်လို့ မထင်မိခဲ့ဘူး။"


"သူက သူ့ယောက္ခမကို ဟိုးကတည်းက မလေးစားတာလို့ကြားခဲ့တယ်၊ အခုတော့ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ပြီ။ သူက စစ်သူကြီးရှောင်ရဲ့ သားဖြစ်သူကိုတောင် မနှစ်မြို့ဘူးပဲ၊ အမျိုးမျိုး အပြစ်ဖို့နေခဲ့တာ။"


လူတစ်ယောက်က စကားဝိုင်းကို စလိုက်သည်နှင့် လူတိုင်းက ဝင်ပြောခဲ့လေသည်။


စစ်သူကြီးရှောင်ယွမ်ရှစ် သူတို့ကို လက်စားချေမှာကို သူတို့ မကြောက်ပေ။


ဒီက လူတိုင်းကို သတ်ပစ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။


ကောချွန်းရုက သူမမောင်ဖြစ်သူရဲ့ မတော်တဆမှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ခြင်းကနေ သိပ်ပြီး ကျန်းမာရေး ပြန်မကောင်းသေးဘဲ ရှောင်မိသားစုဟောင်းကြောင့်လည်း ဒေါသကို ထိန်းနေရသေးသည်။


အပြင်ကလူတွေရဲ့စကားကိုကြားတော့ ကောချွန်းရုက အလွန်ဒေါသထွက်ကာ မေ့လဲသွားခဲ့သည်။


သူမကို ကူတွဲပေးထားသည့် အစေခံမလေးက အော်ခဲ့လေသည်။ "သခင်မ သခင်မ ဘာဖြစ်တာလဲ မသိဘူး။"


အပေါက်ဝနားနေကာ စကားကို ဦးဆောင်ပြောခဲ့သည့်လူက ချက်ချင်း ပြောခဲ့သည်။ "မလုံမလဲတွေဖြစ်ပြီး မေ့လဲချင်ယောင်ဆောင်တာလား မသိဘူး။"


သူက စကားပြောပြီးသည်နှင့် ချက်ချင်း နေရာပြောင်းခဲ့သည်။ ထို့ကြောင့် ရှောင်ယွမ်ရှစ် လှည့်ကြည့်လိုက်သည့်အချိန်မှာ စကားပြောခဲ့သည့်လူက ဘယ်သူလဲဆိုတာ မဆုံးဖြတ်နိုင်ခဲ့ပေ။


ထိုအချိန်မှာ ရှောင်ယွမ်ရှစ်ကလည်း အလွန်ဒေါသထွက်နေခဲ့သည်။ "မင်းတို့ သခင်မနဲ့ အမျိုးသမီးလျိုကို စံအိမ်ကို ခေါ်ပြန်သွားကြ။"


သူက စကားပြောပြီးသည်နှင့် ဆက်ပြီး သည်းမခံနိုင်တော့ပေ။


သူက အင်္ကျီလက်ကို အကြမ်းပတမ်း ခါယမ်းကာ အရင်ထွက်သွားခဲ့သည်။


သူသာ ကြာကြာဆက်နေပါက သူ့အမေနှင့် ကျန်လူတွေ ပြဿနာထပ်ရှာမည်ကို သူစိုးရိမ်နေမိသည်။


သူ့ရဲ့ အစောင့်က ချက်ချင်းပြောခဲ့လေသည်။ "ဟုတ်ကဲ့။"


ထို့နောက် သူက သန်မာသည့် အစေခံနှစ်ယောက်ကို ညွှန်ကြားပြီး ကောချွန်းရုနှင့် လျိုရုကို မြင်းရထားလုံးထဲ သယ်ထည့်ခိုင်းခဲ့သည်။


ရှောင်သခင်မကြီးနှင့် ကျန်လူတွေလည်း မြင်းရထားလုံးပေါ်တက်ကာ ပြန်သွားခဲ့သည်။


အိမ်ပြန်ပြီး ပွဲဇာတ်ရှိန်တက်တာကို ဆက်ကြည့်ရဦးမည်ဖြစ်သည်။


ကောချွန်းရု သူတို့ကို ပထုတ်ပစ်မှာကို ခွင့်မပြုနိုင်ပေ။


လူတိုင်းက ပွဲကြီးပွဲကောင်းကို စိတ်ဝင်တစားကြည့်ခဲ့သည်။


စစ်သူကြီးစံအိမ်ကလူတွေ ပြန်သွားသည်နှင့် ပွဲကြည့်ခဲ့သည့်လူတွေက သူတို့ ကြည့်ခဲ့သည့်ပွဲအကြောင်းကို အသိအကျွမ်းတွေဆီ ပြန်ပြောပြခဲ့သည်။


ထို့ကြောင့် ရှောင်ယွမ်ရှစ်ရဲ့ သားက ရှောင်ဟန်ကျန့်ဖြစ်ကြောင်း နောက်ဆုံးတော့ မြို့တော်က ဝန်ကြီးတွေပင် တဖြည်းဖြည်း သိသွားခဲ့ကြသည်။


အဓိက အချက်က သူတို့က ဆွေခန်းမျိုးခန်း ဖြတ်တောက်ပြီးပြီဖြစ်ကာ ရှောင်ယွမ်ရှစ်ဘက်က အရင်ဖြတ်တောက်ခဲ့သည့် အကြောင်း ဖြစ်သည်။


ဒါဟာ သူ့အတွက် ရှင်းပြဖို့ ခက်သွားစေခဲ့သည်။


ရှောင်ယွမ်ရှစ်က မင်းစိုးရာဇာမိသားစုလေးကဖြစ်သော်လည်း နောက်ခံအင်အား ကြီးမားလှသည့် မင်းစိုးရာဇာမိသားစုတွေရဲ့ အထင်သေးခြင်းကို ခံခဲ့ရလေသည်။


ထိုသတင်းတွေကိုကြားပြီးနောက် သူတို့က ပိုပြီး အထင်သေးသွားခဲ့ကြသည်။


ရှောင်ယွမ်ရှစ်က ရက်စက်သည့်မိန်းမကြောင့် ကန်းသွားသည်ဟုပင် သူတို့က ထင်ခဲ့ကြသည်။


ရှောင်ဟန်ကျန့်ဆီမှာ ဆရာဟုန်လို ဆရာရှိပြီး လုပ်နိုင်စွမ်းအားရှိသည့် ဇနီးဖြစ်သူလည်း ရှိသည်။


ဒါ့အပြင် သူ့စွမ်းရည်နှင့် လုပ်နိုင်စွမ်းအားကလည်း မဆိုးပေ။


မမျှော်လင့်ထားသည့် အရာတွေ ဘာမှဖြစ်မလာပါက သူ့အနာဂတ်က တောက်ပထွန်းလက်နေသည်။


ရှောင်ယွမ်ရှစ်က ထိုသို့သော သားဖြစ်သူကိုမှ မလိုချင်ခဲ့တာဖြစ်သည်။


ထိုအစား မယားငယ်ဖြစ်သူရဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်ဖို့ ပြောသည့်စကားကို နားထောင်ခဲ့သည်။


ဒါတော့ တကယ်လွန်သွားပြီဖြစ်သည်။


ထိုအချိန်မှာပဲ စိစစ်ရေးအရာရှိကြီးကလည်း ဒီနေ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။


ရှောင်ယွမ်ရှစ်က မယားငယ်ကြောင့် မယားကြီးကို ကိုယ်လုပ်တော်ရာထူးချခြင်း၊ ကလေးတွေနှင့် ဆွေခန်းမျိုးခန်း ဖြတ်တောက်ကာ မယားငယ်ကို လက်ထပ်ယူခဲ့ခြင်း ရှိ မရှိကို သူ့လူတွေကို လွှတ်ကာ သေချာစုံစမ်းခိုင်းခဲ့သည်။


ထိုအချက်တွေကို အတည်ပြုပြီးပါက နောက်နေ့ကျရင် သူ ဝင်ပါစရာ ရှိသည်။


ခြံထဲကပွဲကို ကြည့်ပြီးနောက် ရှစ်ချင်းလျို့က မကျေနပ်သေးပေ။


သူမက ရှောင်ဟန်ကျန့်ကို မေးခဲ့သည်။ "ကောချွန်းရုက ဟန်ဆောင်မေ့လဲတာလား။ တကယ်မေ့လဲလား။"


ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "တကယ်မေ့လဲတာ။"


ဒါကိုတော့ သူ သေချာသိသည်။


ရှစ်ချင်းလျို့က တောက်ခတ်ခဲ့သည်။ "ဒီလောက်လေးတောင် အပြောမခံနိုင်အောင် သိပ်အားနည်းတာပဲ။"


သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားက သိပ်မကောင်းပေ။


သူမက ထပ်မေးခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေက ကောချွန်းရု စကားကို နားထောင်ပြီး ထောင်လျိုကို ကျွန်မတို့ စီစဥ်ပေးတယ်ဆိုပြီး သံသယဝင်မလား မသိဘူးနော်။"


ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "ထောင်လျိုရဲ့ လက်ရှိ သက်သေခံပြားကြောင့် ပြဿနာမရှိဘူး၊ မင်းက သူ့ကို မှည့်အတု တပ်ပေးခဲ့ပြီး မိတ်ကပ်လိမ်းတဲ့ပုံစံလည်း အရမ်းပြောင်းသွားအောင် ကူညီပေးခဲ့တယ်လေ၊ အများဆုံးမှ ဆင်သယောင်ပဲရှိမှာ၊ ဒါ့အပြင် ထောင်လျိုကို ရှင်းထုတ်ဖို့က မလွယ်ဘူး။" 


ရှစ်ချင်းလျို့က ဒါကို တွေးလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။


အကြံအစည်ချရာ၌ ထောင်လျိုက ကောချွန်းရုထက်ပိုပြီး အထူးကောင်းမွန်စွာမွေးမြူထားခံရသူဖြစ်သည်။