အခန်း(၂၂၄) - တကယ်ကို သူအလွန်စိတ်ရှုပ်ထွေးနေခဲ့ခြင်း
နောက်တစ်နေ့ကျတော့ ရှောင်ဟန်ကျန့်ကလည်း သတင်းရရှိခဲ့သည်။
သူက လက်ခံရရှိခဲ့သည့် စာကို ရှစ်ချင်းလျို့ကို ကမ်းပေးခဲ့သည်။
ရှစ်ချင်းလျို့က စာဖတ်ပြီးနောက် နှုတ်ခမ်းတွန့်ကာ ပြုံးခဲ့သည်။ "အဟက်၊ ကောချွန်းရုတစ်ယောက်တည်းကိုပဲ ချစ်တာပါလို့ ရှင့်ဆန်ကုန်မြေလေးအဖေက ပြောခဲ့တယ်မလား၊ ဒါပေမဲ့ သူ့မှာ နောက်ထပ် မိန်းမတစ်ယောက် ရှိနေပြီ။"
သူ့အဖေက တကယ့်ကို ဆန်ကုန်မြေလေး ဖြစ်သည်။
အကယ်၍ သူသာ ကောချွန်းရုကို အာရုံစူးစိုက်မှူအကုန်ပေးခဲ့မည်ဆိုပါက သူမ သူ့ကို နည်းနည်းအထင်ကြီးဦးမည်။
ရှောင်ဟန်ကျန့်က ရယ်လိုက်မိလေသည်။ "တကယ်လို့ ရှောင်မိသားစုဟောင်းသာ ပြဿနာမရှာခဲ့ရင်၊ ကောချွန်းရုသာ ကလေးမွေးနိုင်မယ်ဆိုရင်၊ ထောင်လျိုသာ ပေါ်မလာခဲ့ရင်တော့ အဲ့လိုဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အခုလိုဖြစ်လာတော့လည်း သူတို့ဆက်ဆံရေးက ကြားရသလောက် မခိုင်မာတဲ့ အဓိပ္ပာယ်ပဲပေါ့။"
အနည်းဆုံးတော့ အတိတ်ဘဝတုန်းက သူ့ဆန်ကုန်မြေလေးအဖေက သူတို့ရဲ့ ဆက်ဆံရေးကို မူလအတိုင်း ထိန်းသိမ်းဖို့ လုပ်ခဲ့သည်။
သူ မှူးမတ်ရာထူး ရရှိပြီးနောက် လူအများစုက သူ့ကို အမျိုးသမီးတွေ အများကြီး ပေးခဲ့ပေမယ့် သူက အကုန်လုံးကို ငြင်းဆိုခဲ့သည်။
သူ့ဆန်ကုန်မြေလေးအဖေက သူ့ဘာသာသူ အချစ်ဆုံး ဖြစ်သည်။
မဟုတ်ပါက သူ့ချွေးမရဲ့ လှည့်ကွက်ကြောင့်ဖြင့် ထောင်လျိုကို သူ ထိမည် မဟုတ်ပေ။
သူက မနေ့ညက သောက်ဖို့ နှစ်ကြိမ်တောင် မှာခဲ့ကြောင်း သူ့လူက တင်ပြခဲ့သည်။
ဒါတွေဟာ သူ့ဆန်ကုန်မြေလေးအဖေသည်လည်း ထောင်လျိုအပေါ် စိတ်ဆန္ဒရှိနေကြောင်း သိသာသည်။
သူက ကိုယ်လုပ်တော်ယူဖို့ ဖိအားပေးခံခဲ့ရသလို ပြုမူခဲ့တာ ဖြစ်သည်။ သူက အကျင့်သီလကောင်းချင်ယောင်ဆောင်နေတာ ဖြစ်၏။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဆန်ကုန်မြေလေးနဲ့ မယားငယ်၊ သူတို့ဆက်ဆံရေးက ဘယ်လောက်ခိုင်မာမှာလဲ။"
သူမက နှုတ်ခမ်းတွန့်အောင် ထပ်ပြုံးခဲ့သည်။ "ဒါပေမဲ့ ကောချွန်းရုကလည်း သိပ်လွန်တယ်၊ သွေးတောင်အန်ရတယ်လို့၊။"
ဟိုးတုန်းက ယောက္ခမကြီးကို အန္တရာယ်ပေးခဲ့တုန်းက သူမ သိပ်ဂုဏ်ယူခဲ့တာ မဟုတ်လား။
သူများယောက်ျားကို ဖြားယောင်းခဲ့သည့် အမျိုးသမီးက တစ်နေ့ကျရင် သူမရဲ့ ယောက်ျားကို တခြားအမျိုးသမီးက ပြန်ဖြားယောင်းခံရမှာကိုလည်း ပြင်ဆင်ထားသင့်သည်။
ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကိုယ့်ဆန်ကုန်မြေလေးအဖေ သူ့ကို အလိုလိုက်အကြိုက်ဆောင်ခဲ့တုန်းက သူက သိပ်ဘဝင်မြင့်ခဲ့တာလေ။”
သူမက ငယ်ရွယ်လှပကာ လုပ်နိုင်စွမ်းရှိတာကြောင့် သူမ မရှိပါက သူ့ဆန်ကုန်မြေလေးအဖေ ဘာမှမလုပ်နိုင်ဘူးဟု ကောချွန်းရုက ထင်ခဲ့သည်။
သို့ပေမယ့် ထောင်လျိုက သူမထက် ပိုငယ်ရွယ်ပြီး လုပ်နိုင်စွမ်း ရှိသည်။
သူမ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။
"ဒါပေမဲ့ ရိုက်ခတ်မှုက သူ့ကို အားနည်းသွားစေခဲ့တာ၊ သူ ပြန်ပျောက်ကင်းတာနဲ့ ထောင်လျိုကို တိုက်ခိုက်မှာပဲ။"
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "စစ်သူကြီးစံအိမ်မှာ ကြည့်စရာပွဲတွေ ရှိတော့မယ်။"
ထိုအချိန်မှာ ကောချွန်းရုက သူမကိုယ်သူမက ဂရုစိုက်ဖို့ အချိန်မရှိဘဲ သူတို့ကို စောင့်ကြည့်ဖို့ စွမ်းအားရှိမနေပေ။
ကောချွန်းရုက သူတို့ကို စောင့်ကြည်မှာကို သူမ စိုးရိမ်တာမဟုတ်ဘဲ စိတ်ရှုပ်တာဖြစ်သည်။
ရှစ်ချင်းလျို့က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေက ကောချွန်းယီကိုလည်း မြောက်ပိုင်းနယ်စပ်ကို သွားစေချင်တယ်လို့ သတင်းတင်ပြတဲ့လူက ပြောတယ်၊ ရှောင်မိသားစုဟောင်းက သူ့မိန်းမရဲ့ အဖိုးတန်မောင်လေးကို အနိုင်ကျင့်မှာ မကြောက်ဘူးလား။"
ရှောင်ဟန်ကျန့်က ခဏလောက်တွေးပြီးနောက် သူ့ဆန်ကုန်မြေလေးအဖေကို သူနားလည်သလောက် အဓိပ္ပာယ်ကောက်ခဲ့သည်။ "ပြီးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်တဲ့ မတော်တဆမှုကို ဆန်ကုန်မြေလေးအဖေက ကောချွန်းယီအပေါ် ပုံချခဲ့ပုံရတယ်၊ ဒါကြောင့် သူ့ကို မြောက်ပိုင်းနယ်စပ်ကို ပို့လိုက်ခြင်းအားဖြင့် ပထမဆုံးအနေနဲ့ အရှင်မင်းကြီးကို သူရှင်းပြလို့ရပြီး ဒုတိယအနေနဲ့က အကယ်၍ အနာဂတ်မှာ ကောချွန်းယီဆီမှာ ပြဿနာတစ်ခုခုရှိခဲ့ရင် ရှောင်မိသားစုဟောင်းကလူတွေကို သူအပြစ်တင်လို့ရတယ်လေ။"
ရှစ်ချင်းလျို့က ကြက်သေသေသွားခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေက တော်တော်တတ်နိုင်တာပဲ။"
သူ့ကောက်ကျစ်မှုတွေက တကယ့်ကို လက်ဖျားခါလောက်သည်။
ရှောင်ဟန်ကျန့်က သူမကို သတိပေးခဲ့သည်။ "ပြင်ဆင်ထားတော့၊ နောက်ရက်အနည်းငယ်နေရင် ဆန်ကုန်မြေလေးအဖေ ကိုယ်တို့ကို လာရှာနိုင်တယ်။"
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "သူက ဘာလို့ ကျွန်မတို့ကို လာရှာမှာလဲ။"
ရှောင်ဟန်ကျန့်က အတိတ်ဘဝတုန်းက သူ့ဆန်ကုန်မြေလေးအဖေကို ကောင်းကောင်းလေ့လာခဲ့ပြီးပြီဖြစ်သည်။ "ကိုယ်တို့ ဆက်ဆံရေး ပြေလည်အောင် လုပ်ပြီး တခြားလူတွေကို မြင်စေချင်တာ။"
ရှစ်ချင်းလျို့က မျက်လုံးလည်ခဲ့သည်။ "အစောပိုင်းတုန်းက သူ ဘာတွေလုပ်နေတာလဲ။"
သူမက အင်္ကျီလက်ကို မြှောက်တင်ခဲ့သည်။ "သူ လာတော့လည်း ကောင်းတာပေါ့၊ ဟိုးတုန်းက ရှောင်မိသားစုဟောင်း လုပ်ခဲ့သလို အခု သူတို့ဒေါသတွေကို ကျွန်မ ကူညီဖြေရှင်းပေးရမယ့်အချိန်ရောက်ပြီ။"
သူမက ရှောင်ယွမ်ရှစ်ကို ပြဿနာရှာချင်တာ ကြာပြီဖြစ်ကာ အခွင့်အရေးက မရှိခဲ့ပေ။
ရှောင်ဟန်ကျန့်ရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုဖြစ်ထွန်းသွားပြီး သူ့မျက်လုံးထဲမှာ အလိုလိုက်ခြင်းအရိပ်တွေ ပြည့်နေခဲ့သည်။ "ကောင်းပြီ ကိုယ်တို့ဒေါသတွေဖြည်ချဖို့လည်း ကိုယ့်ဇနီးလေးကို အားကိုးမယ်။"
ရှစ်ချင်းလျို့က သူ့ခါးကို ဆွဲဆိတ်ခဲ့သည်။ "ရှင့်အဖေဆီကနေ မသင်ယူနဲ့နော်၊ ရှင်းအောင်ပြောထားမယ်၊ ရှင်နောက်မိန်းမယူလို့ကတော့ ကန်ချပစ်မှာ။"
သူမက နှာမှုတ်ခဲ့သည်။ "တန်းပြီးတော့ ကွာရှင်းပစ်မှာ။"
သူမက သူမခင်ပွန်းကို ယုံကြည်သော်လည်း သူမရဲ့ ခံယူချက်ကို အရင်ဖော်ထုတ်ပြဖို့ လိုအပ်သည်။
ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။
ရှောင်ဟန်ကျန့်က သူမရဲ့ လက်ကို ဆွဲကာ နမ်းရှိုက်ခဲ့သည်။ "စိတ်မပူပါနဲ့၊ ကိုယ့်ဘဝမှာ မင်းတစ်ယောက်တည်းရှိတာနဲ့တင် လုံလောက်ပြီ။"
သူ့ဇနီးရဲ့ စကားတွေကို သူ သံသယ မဝင်ပေ။
အကယ်၍ သူသာ သစ္စာဖောက်ခဲ့ပါက သူ့ကို တန်းကွာရှင်းနိုင်သည်။
အတိတ်ဘဝတုန်းက သူက မြင့်မားသည့် အခြေအနေကို ရောက်ခဲ့ကာ အမျိုးသမီး မျိုးစုံကို တွေ့ခဲ့ဖူးသည်။
အရင်တုန်းက သူနှလုံးသားက တစ်ခါမှ ခုန်ခဲ့ခြင်း မရှိပေ။
အခု သူမကို ဒီဘဝမှာ တွေ့ဆုံခဲ့ကာ သစ္စာဖောက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
ထိုအခါမှ ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ဒါဆိုလည်း ရှင့်ကိုယုံပါတယ်။"
ရှောင်ဟန်ကျန့်က သူမကို ထပ်နမ်းခဲ့သည်။ "ဒါပေါ့။"
နေ့လည်စာစားပြီးနောက် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို အဖော်ပြုကာ စျေးဝယ်ထွက်ခဲ့သည်။
သူမက ပျော်နေရင်ဖြစ်ဖြစ် ဝမ်းနည်းနေရင်ဖြစ်ဖြစ် စျေးဝယ်ထွက်ရတာကြိုက်ကြောင်း အရင်က သူ့ကို ပြောပြခဲ့သည်။
ဒီနေ့တော့ သူမက စိတ်ပျော်နေတာဖြစ်သည်။
ဟိုးတုန်းကတော့ စီရင်စုမြို့မှာ သူမက ပစ္စည်းတွေ လိုချင်သည့် ဆန္ဒ မရှိခဲ့ပေ။
အခုတော့ သူ့ဇနီးလေးပျော်ဖို့အတွက် သူမကို ပစ္စည်းတွေ ဝယ်စေချင်သည်။
ရှစ်ချင်းလျို့က ချည်ထိုးအထည်ဆိုင်ကိုသွားကာ သူမ ယောက္ခမအတွက် အထည်စတွေ သွားဝယ်ခဲ့သည်။
ရှောင်ပိုင်လီအတွက် အရောင်အသွေး စုံလင်သည့် ရက်ထည်တွေ အများကြီး ဝယ်ပေးခဲ့ကာ ရှောင်အာ့လန်အတွက်လည်း ပါခဲ့သည်။
ရှစ်ချင်းလျို့က ပိုက်ဆံရှင်းမည့်အချိန်တိုင်း ရှောင်ဟန်ကျန့်က ပိုက်ဆံထုတ်ရှင်းခဲ့ကာ အထုတ်တွေ ကူဆွဲပေးခဲ့သည်။
သိပ်သိတတ်သည့် မော်ဒန်ခေတ်က ချစ်သူကောင်လေးနှင့် ဘာမှမကွာခြားပေ။
ထိုအရာက ရှစ်ချင်းလျို့ကို စျေးဝယ်ထွက်ခြင်းကို ပိုစိတ်ဝင်စားလာစေခဲ့သည်။
သူတို့နှစ်ယောက်က နောက်ထပ် လက်ဝတ်ရတနာဆိုင်ကို ထပ်ဝင်သွားခဲ့သည်။
လက်ဝတ်ရတနာဆိုင်ရဲ့ ဆန့်ကျင်ဘက်မှာက လက်ဖက်ရည်ဆိုင် ဖြစ်သည်။
လျန့်ဟန်ရှောက်နှင့် ရှောင်ယွမ်ရှစ်က သီသန့်ခန်းတွင် ထိုင်ကာ လက်ဖက်ရည် သောက်နေခဲ့သည်။
ပြတင်းပေါက်ဖွင့်ထားတာကြာင့် ရှစ်ချင်းလျို့တို့လင်မယား လက်ဝတ်ရတနာဆိုင်ထဲ ဝင်သွားတာကို တွေ့လိုက်လေသည်။
ရှောင်ဟန်ကျန့်လက်ထဲမှာ အထုတ်တွေပြည့်နေတာကို လျန့်ဟန်ရှောက်မြင်လိုက်တော့ ရှစ်ချင်းလျို့က သူမ ခင်ပွန်းတစ်ယောက်ကိုသာ သဘာကျကြောင်း ပြောခဲ့တာကို ပြန်အမှတ်ရသွားခဲ့သည်။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ရှောင်ဟန်ကျန့်က သူမကို အလွန်အလိုလိုက်ဟန်ရသည်။
အကယ်၍ သူသာဆိုရင်တော့ အမျိုးသမီးတစ်ယောက်ကို အလိုလိုက်ရင်တောင် သူမဝယ်သည့်ပစ္စည်းတွေကိုတော့ လိုက်မဆွဲပေးနိုင်ပေ။
ရှောင်ယွမ်ရှစ်က ရှစ်ချင်းလျို့ကို တစ်ခါမှ မတွေ့ဖူးခဲ့ပေမယ့် သူ့သားကြီးကိုတော့ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
သူ့သားကြီးရဲ့ အရပ်ရှည်ကာ နူးညံ့ထင်ရှားသည့် အသွင်ကို မြင်ခဲ့သည်။
သူ့သားဖြစ်ဖို့ ထိုက်တန်ကြောင်း ခံစားမိလိုက်ပြီး တစ်ချိန်တည်းမှာပဲ ဝမ်းနည်းကာ ရှုပ်ထွေးသည့် ခံစားချက်ကို ရလိုက်လေသည်။
သူ့သားက အထုပ်တွေ အများကြီး ဆွဲထားသည်။
သူ့ချွေးမကို ရင်ထဲကနေ မုန်းတီးနေသော်လည်း ရှစ်ချင်းလျို့ရဲ့ ရုပ်ရည်က မဆိုးတာကိုတော့ ငြင်းဆန်လို့ မရပေ။
သူမက ရွာသူနှင့် မတူပေ။
သူ့သားကို ဆွဲညှို့နိုင်ခဲ့တာလည်း မဆန်းတော့ပေ။
ရှစ်ချင်းလျို့ စျေးဝယ်ထွက်တာကို သူ့သားဖြစ်သူ လိုက်ပေးမည်ဟုသူ မထင်မိခဲ့ပေ။
သူက အစေခံကောင်လေးလို အနောက်ကနေ ပစ္စည်းတွေလိုက်သယ်ပေးခဲ့သည်။
ထိုအချင်းအရာက ရှောင်ယွမ်ရှစ်ကို မသက်မသာဖြစ်စေခဲ့သည်။
ဒါတော့ သိပ်လွန်သွားပြီ။ အမျိုးသားတစ်ယောက်က ဘာလို့ ဒီလိုလုပ်ရတာလဲ။
သူက ကောချွန်းရုကို အလိုလိုက်ခဲ့တာတောင် ထိုသို့ တစ်ခါမှ အရင်က မလုပ်ခဲ့ဖူးပေ။
မျှော်လင့်ထားသည့် အတိုင်း ရှစ်ချင်းလျို့က အကျင့်ကောင်းသည့် ချွေးမ မဟုတ်ပေ။
လျန့်ဟန်ရှောက်က အကြည့်ပြန်ရုတ်သိမ်းပြီး ရှောင်ယွမ်ရှစ်ကို ကြည့်လိုက်သည်။ "ရှောင်ဟန်ကျန့်နဲ့ မတွေ့ဘူးလား။"
သူက ရှစ်ချင်းလျို့ကို စိတ်ဝင်စားသော်လည်း သူ့အသက်မွေးဝမ်းကြောင်းနှင့်ယှဥ်ပါက အရေးမကြီးပေ။
ရှောင်ယွမ်ရှစ်က ခဏလောက်တွေးပြီးပြောခဲ့သည်။ "မနက်ဖြန်သွားဖို့ စီစဥ်ထားသည်။"
အရင်တုန်းကတော့ သူ့သား ရှောင်ဟန်ကျန့်က စစ်သူကြီးစံအိမ်ကို အရင်လာလည်လိမ့်မည်ဟု မျှော်လင့်ချက်ကလေး ရှိခဲ့သေးသည်။
သို့ပေမယ့် သူ့သားမှာ ထိုရည်ရွယ်ချက် ရှိမနေတာ သိသာသည်။
အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ယောက် မြို့တော်က မပြန်ခင် သွားတွေ့ကာ ဆွေးနွေးစရာရှိသည်။
သူတို့နှစ်ယောက်က နောက်ရက်အနည်းငယ်နေပါက နန်ရှီစီရင်စုမြို့ကို ပြန်တော့မည့်သတင်းကြားတာကြောင့် မနက်ဖြန် သွားတွေ့ဖို့ စီစဥ်ခဲ့တာ ဖြစ်သည်။
ဒုတိယမင်းသားက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "စစ်သူကြီးရှောင်သာ ရှောင်ဟန်ကျန့်နဲ့ ဆက်ဆံရေးကို ပြန်ဖာထေးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။"
ရှစ်ချင်းလျို့ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ သူ အားမလျှော့သေးပေ။
အထူးသဖြင့် သံထည်ထုတ်လုပ်သည့်နည်းပညာကို ဆက်သပြီးနောက် ရှစ်ချင်းလျို့ကို သူ့ဘက်ပါအောင် ပိုဆွဲဆောင်ချင်ခဲ့သည်။
သူက ရှောင်ဟန်ကျန့်ကို သဘောမကျသော်လည်း ထိုလင်မယားနှစ်ယောက်လုံးကို သူ့ဘက်ပါလာအောင် စည်းရုံးနိုင်ပါက အကောင်းဆုံး ဖြစ်သည်။
ဒါ့အပြင် ပြီးခဲ့သည့်ကိစ္စရပ်ကြောင့် ရှောင်ဟန်ကျန့်ရဲ့ လွှမ်းမိုးမှုကို အထင်သေးလို့တော့ မရပေ။
သူက အရင်က အထင်သေးခဲ့ဖူးသော်လည်း အခု မဟုတ်တော့ပေ။
ရှောင်ယွမ်ရှစ်က ထိုသို့ လုပ်နိုင် မလုပ်နိုင်ဆိုတာ မသိပေ။
သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ပြောခဲ့သည်။ "ခင်ဗျားရဲ့ သားဖြစ်သူနဲ့ ပြန်သင့်မြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။"
ဒုတိယမင်းသားက သူ့သား လင်မယားကို သူ့ဘက်ပါအောင်စည်းရုံးချင်သည့် ရည်ရွယ်ချက်ကို ရှောင်ယွမ်ရှစ်က သိသည်။
သူက ခါးသက်စွာပြုံးပြီး လက်ဖက်ရည်ခွက်ကို မြှောက်ပြခဲ့သည်။ "ကျွန်တော်မျိုးလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။"
ထိုအချိန်မှာ တကယ်ကို သူ အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။