Ch 225
Viewers 33k

အခန်း(၂၂၅) - သူနဲ့တန်လို့လား


ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့နှင့်အတူ လမ်းတချို့ကို အဖော်လိုက်ပေးခဲ့ပြီး ပစ္စည်းတွေ အများကြီး ဝယ်ယူခဲ့သည်။


သူက ပစ္စည်းအကုန်လုံးကို တစ်ယောက်တည်း မသယ်နိုင်တာကြောင့် လူငှားခဲ့ပြီး စံအိမ်ကို ပြန်ပိ့ခိုင်းခဲ့သည်။


သူ့ဇနီးလေး အချိန်ကောင်း ပိုင်ဆိုင်ရအောင် သူလုပ်ပေးရမည်။


သူတို့နှစ်ယောက်က ညနေခင်းတစ်ခုလုံး လျှောက်ပတ်သွားပြီးနောက် ညစာစားပြီးမှ စံအိမ်ကို ပြန်သွားခဲ့သည်။


ရှစ်ချင်းလျို့က ရေသွားချိုးခဲ့ပြီး ရှောင်ဟန်ကျန့်က အပြင်ခဏ ထွက်သွားခဲ့သည်။


သူပြန်ရောက်သည့်အချိန်မှာ ရှစ်ချင်းလျို့ရဲ့ ဆံပင်တွေက ခြောက်နေပြီဖြစ်ကာ သူမက စာဖတ်ခန်းထဲမှာ လက်ရေးလှ လေ့ကျင့်နေခဲ့သည်။


သူဝင်လာသံကြားတော့ ရှစ်ချင်းလျို့က စာရွက်ပေါ်က စာလုံးကိုပြီးအောင်ရေးပြီးနောက် ခေါင်းမော့ကြည့်ခဲ့သည်။


သူမက ပြုံးရယ်ကာ မေးလာခဲ့သည်။ "အဖိုးကြီးရှောင် ရှင် ပြဿနာတွေ ထပ်သွားရှာပြန်တာလား။"


သူမခင်ပွန်း အပြင်ကို ဤသို့ ထွက်သွားတိုင်း ပြဿနာရှာလေ့ ရှိသည်။ 


ရှောင်ဟန်ကျန့်က ခပ်လွင်လွင် ရယ်မောကာ ပြောခဲ့သည်။ "ကိုယ့်မိန်းမက ကိုယ့်ကို အသိဆုံးပဲ၊ တတိယမင်းသားရဲ့ နန်းဆောင်ကို ပြဿနာရှာပြီးရင် ကိုယ်တို့် နန်ရှီစီရင်စုမြို့ကိုပြန်လို့ရပြီ။"


ရှစ်ချင်းလျို့က ပြုံးကာ မေးခဲ့သည်။ "ရှင် စီစဥ်ပြီးသွားပြီလား။"


ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း၊ ဒီနေ့ကျသာ အဖျက်မဝင်ခဲ့ရင် ပွဲကြီးပွဲကောင်းရှိလိမ့်မယ်။"


ရှစ်ချင်းလျို့က ပုခုံးတွန့်ပြခဲ့သည်။ "ကျွန်မတို့ကိုယ်တိုင် မမြင်ရတာ နှမြောစရာပဲ။"


ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "မနက်ဖြန်ကျရင် သတင်းရပါလိမ့်မယ်။"


တတိယမင်းသား၏ နန်းဆာင်တွင်ဖြစ်သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က ဖူဝန်ကျန်းက ကျင့်ဝတ်စည်းမျဥ်းသင်ပေးသည့် အထိန်းတော်တွေဆီကနေ ကျင့်ဝတ်ထုံးတမ်းတွေ သင်ယူဖို့ မယ်တော်ကြီး၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။


အထူးသဖြင့် သူမ ကိုယ်လုပ်တော် ဖြစ်ပြီးသည့်နောက်ပိုင်းမှာ ကျင့်ဝတ်စည်းမျဥ်းသင်ပေးသည့် အထိန်းတော်တွေက သူမအပေါ် ပို၍ ကြမ်းတမ်းလာခဲ့သည်။


ထိုအချိန်ကစပြီး တတိယမင်းသားက သူ့နန်းဆောင်ကို မပြန်လာခဲ့ပေ။


သူမက အလွန်ဒေါသထွက်နေခဲ့သည်။


ညစာစားပြီးနောက် သူမက အခန်းထဲကပစ္စည်းတွေကို အဆက်မပြတ် ရိုက်ခွဲခဲ့သည်။


အစေခံမလေး တချို့က သူမကို ပြုစုနေခဲ့သည်။


ကြောင်အော်သံလေးကြားလိုက်ပြီးနောက် အစေခံမလေးတစ်ယောက်၏ မျက်လုံးက လက်သွားခဲ့သည်။


ကြောင်အော်သံ၏ အဓိပ္ပာယ်က တတိယမင်းသား နန်းဆောင်ကို ပြန်လာသည်ကို အချက်ပြတာဖြစ်သည်။


သူမက ချက်ချင်းပင် အမွှေးတိုင်ပူဇော်စင်နား သွားကာ မီးထွန်းညှိလိုက်သည်။


ဘယ်သူမှ ကြည့်မနေသည့်အချိန်မှာ ထိုအထဲကို ဘောလုံးအဖြူလေး ပစ်ထည့်ပြီး မီးညှိခဲ့လေသည်။


ထိုအရာက ရှောင်ဟန်ကျန့် ရောနှောဖော်စပ်ထားသည့် ဆေး ဖြစ်သည်။


ထိုအရာက လူတွေရဲ့ စိတ်ခံစားချက်ကို ချဲ့ထွင်နိုင်သည်။


အကယ်၍ လူတစ်ယောက်က တည်ငြိမ်နေပါက သိပ်အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။


သို့ပေမယ့် လူတစ်ယောက်ရဲ့ စိတ်ခံစားချက်က အတက်အကျများနေပါက ပိုစိတ်တိုလွယ်သည်။


သူ့တုံ့ပြန်ချက်တွေက နှေးကွေးလာနိုင်ပြီး ရင်ထဲကအတွေးတွေကို ထုတ်ပြောပစ်နိုင်သည်။


ဖူဝန်ကျန်းက ပစ္စည်းတွေ ရိုက်ခွဲပြီးနောက် ပင်ပန်းသွားပြီဖြစ်သည်။


သူမက လူတစ်ယောက်ကို ဝိုင်ယူလာခိုင်းခဲ့သည်။


ဖူဝန်ကျန်းသည် စိတ်ဖိစီးနေတာကြောင့် သူမက အခွက်ရေတချို့ကို တစ်ကျိုက်တည်း မော့ချပြီးနောက် ဆဲဆိုခဲ့သည်။ "လျန့်ဟန်ရှောင် ခွေးကောင် ငါ့ကို တစ်ယောက်တည်း ဒီလိုပစ်ထားခဲ့တယ်။"


အစေခံမလေးက နှစ်သိမ့်ပေးခဲ့သည်။ "သခင်မ တတိယမင်းသားကလည်း သူအခက်အခဲနဲ့ သူ ရှိမှာပါ၊ မကြာသေးခင်က သူ့ကို လူအများကြီး မျက်စိဒေါက်ထောက် လိုက်ကြည့်နေကြတာ။"


ဖူဝန်ကျန်းက အေးစက်စွာ ခနဲ့ခဲ့သည်။ "သူ့မှာ ဘာအခက်အခဲရှိမှာလဲ၊ သူက တော်တော်အသုံးမကျတဲ့ကောင်။"


ထို့နောက် သူမက တစ်ယောက်တည်း စတင်ဆဲဆိုခဲ့သည်။


တတိယမင်းသားကို နိမ့်ကျတဲ့နန်းတွင်း အစေခံက မွေးလာခဲ့တာကြောင့် သူက ဘုရင်ကြီးရဲ့ တန်ဖိုးထားမှုကို မခံရတာဖြစ်ပြီး ထို့ကြောင့်သာ မဟုတ်ပါက သူမလည်း ကြင်ယာတော်ရာထူးကနေ ကိုယ်လုပ်တော်အဖြစ် အဆင့်နိမ့်ခံရမည် မဟုတ်ကြောင်း စသည့် စကားတွေ ပြောဆိုခဲ့လေသည်။


ထိုအချိန်မှာပဲ တတိယမင်းသားက နန်းဆောင်တံခါးဆီ လျှောက်လာနေခဲ့တာဖြစ်သည်။


ထိုစကားတွေကိုကြားတော့ သူက ချက်ချင်းပင် ခြေလှမ်းတွေကို ရပ်တန့်ပစ်ခဲ့ပြီး သူ့မျက်နှာက မည်းမှောင်နေခဲ့သည်။


သူက တံခါးဖွင့်မည့်လက်တွေကိုပါ ပြန်ရုတ်သိမ်းခဲ့သည်။


ဖူဝန်းကျန်းက သူမကို လူတွေ ခယပြုစုနေတာကို ကြိုက်နှစ်သက်သည်။


ထို့ကြောင့် သူမအခန်းထဲမှာ  နေသည့် အချိန်ဆိုပါက အစေခံမလေးတွေကို ခေါ်ထားတတ်သည်။


ထို့ကြောင့် တံခါးအပြင်တွင် တခြားလူတွေ မရှိတော့ပေ။


အစေခံမလေးက ခေါင်းမော့ကြည့်လိုက်တော့ အပေါက်နားမှာ လူရိပ်ကို မြင်ခဲ့လေသည်။


သူမက ချက်ချင်း ပြောခဲ့သည်။ "သခင်မနဲ့ တတိယမင်းသားက ငယ်ငယ်ကတည်းက သိတာလို့ အပြင်လူတွေဆီက ကြားခဲ့တယ်။ အဲ့တာ ဟုတ်လားဟင်။"


ဖူဝန်ကျန်းက ခနဲ့ခဲ့သည်။ "ငါသူ့ကို ဘယ်တုန်းက သိခဲ့လို့လဲ၊ ငါ့အဒေါ်က မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်၊ သူက အစေခံရဲ့ သား။"


ကံဆိုးချင်တော့ သူမအဒေါ်က ကလေးမမွေးပေးနိုင်သဖြင့် အသက်ကြီးလာတော့ အလေးပေးမခံရတော့ပေ။


အစေခံမလေးက ကြက်သေသေသွားသလို ပြုမူခဲ့သည်။ "သခင်မနဲ့ တတိယမင်းသားက ငယ်ငယ်ကတည်းက သိခဲ့တာလို့ ကျွန်မ ကြားခဲ့တာ၊ သူ့ကိုတောင် လက်အနွေးဓာတ်ပေးမီးဖိုလေး ပေးခဲ့သေးတယ်ဆို၊ တတိယမင်းသားနဲ့ သခင်မ လက်ထပ်ဖို့ ကံတရားက စီရင်တာဆိုပြီးတာ့တောင် သတင်းထွက်ခဲ့သေးတယ်၊ ဒီရက်တွေထဲ တတိယမင်းသားက အလုပ်များနေလို့ သခင်မကို ဂရုမစိုက်နိုင်တာဖြစ်မယ်၊ အစားအသောက်တွေကို ကြည့်ပါလား။ ကြင်ယာတော်အတွက် ပြင်ပေးတဲ့ ပုံစံအတိုင်းပဲ၊ အဲ့တာ တတိယမင်းသားအမိန့်ပေးခဲ့တာပဲဖြစ်မယ်။"


တခြားလူဆိုပါက တတိယမင်းသားရဲ့ ကြင်နာမှုကို အသိမှတ်ပြုနိုင်ပေမယ့် ဖူဝန်ကျန်းကတော့ ထိုသို့ မဟုတ်ပေ။  


သူမက တတိယမင်းသားကိုပင် ပိုအထင်သေးသွားခဲ့သည်။


မျှော်လင့်ထားသည့်အတိုင်း ထိုစကားကိုကြားတော့ ဖူဝန်ကျန်းက ပိုစိတ်တိုသွားခဲ့သည်။ "ငါ့အစားအသောက်အတွက် အမိန့်လေးပေးတာကို ဘာလုပ်ရမှာလဲ၊ အဲ့တာ သူတတ်နိုင်တာ အကုန်ပဲ၊ သူ့လိုလူကများ တခြားလူတွေနဲ့ ယှဥ်ပြိုင်ချင်သေးတယ်၊ သေချာပေါက်ကို ရှုံးမယ့် အကောင်။"


သူမက အစေခံမလေးပြောတာကို သေချာစဥ်းစားခဲ့သည်။


သူမက ရုတ်တရက်ကြီး အမှတ်ရသွားကာ ခနဲ့ခဲ့သည်။ "လက်အနွေးဓာတ်ပေးမီးဖိုလေးပေးတာကို မှတ်မိပြီ၊ အဲ့တာ ငါ မဟုတ်ဘူး။"


အစေခံမလေးက မေးခဲ့သည်။ "သခင်မ ပေးခဲ့တာ မဟုတ်ဘူးလား။"


ဟိုးတုန်းကဆိုရင်တော့ ဖူဝန်ကျန်းက ဒါတွေကို အစေခံတွေကို မပြောပြခဲ့ပေ။


သို့ပေမယ့် အခု သူမက အလွန်ဒေါသထွက်နေသည်။


သူမက လျန့်ဟန်ရှောင်ကို မကျေမနပ်ဖြစ်နေသည်။ အခု သူမက အနည်းငယ် မူးနေကာ အမွှေးတိုင်နံ့ကြောင့်ပါ အမှန်အတိုင်း ပြောလာခဲ့သည်။


"ဟုတ်တယ်။ အဲ့တုန်းက လျန့်ဟန်ရှောင်က မိန်းမစိုးတွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာကို ငါတို့နန်းတော်ကိုဝင်တဲ့အချိန်မှာ ငါနဲ့ ငါ့ဝမ်းကွဲအစ်မက မြင်ခဲ့တာ၊ သူ့လက်မှာ နှင်းကိုက်နာကိုတွေ့တာ့ ငါ့ဝမ်းကွဲအစ်မက လက်အနွေးဓာတ်ပေးမီးဖိုလေးပေးချင်ခဲ့တာ၊ ငါ့ဝမ်းကွဲအစ်မနဲ့ ငါ့အဒေါ်တွေ့မယ့်အချိန် နှောင့်နှေးသွားမှာစိုးလို့ ငါက အဲ့တာကိုယူပြီး လျန့်ဟန်ရှောင်ကို ပေးလိုက်တာ၊ လျန့်ဟန်ရှောင် ငယ်ငယ်တုန်းက သူတောင်းစားလေးနဲ့ တူတယ်၊ ငါက ဘာလို့ လက်အနွေးဓာတ်ပေးမီးဖိုလေး ပေးရမှာလဲ၊ ငါ့လက်အနွေးဓာတ်ပေးမီးဖိုလေး ပေသွားဦးမယ်၊ ဒါ့အပြင် သူ့လိုနန်းတွင်းအစေခံရဲ့ သားကို ငါက လက်အနွေးဓာတ်ပေးမီးဖိုလေး ပေးရအောင် တန်လို့လား။"


ထိုအချိန်တုန်းက သူမ အဒေါ်က အလိုလိုက်ခံခဲ့ရသည်။


သူမက တတိယမင်းသားကို စိတ်ထဲပင် မရှိခဲ့ပေ။


သူမက အထင်သေးရွံရှာစွာ ပြုံးခဲ့သည်။ "ငါ့ဝမ်းကွဲအစ်မကသာ သိပ်ကြင်နာတတ်တာလေ၊ နန်းတော်ကိုဝင်တိုင်း လျန့်ဟန်ရှောင်အတွက် လိမ်းဆေးတောင် ငါ့ကို သွားပေးခိုင်းခဲ့တာ၊ ရယ်စရာမကောင်းဘူးလား။"


ထိုစကားတွေက တံခါးမှာ ရပ်နေသည့် လျန့်ဟန်ရှောင်ကို တောင့်တင်းသွားစေခဲ့သည်။


သူ့မျက်နှာတစ်ခုလုံးက အံ့အားသင့်မှုတွေပြည့်နေခဲ့သည်။


နှင်းကိုက်နာဖြစ်ပြီးနောက် သူ တကယ်ပဲ လိမ်းဆေးပုလင်း ရခဲ့သည်။


ထိုဆေးကို မြောက်ပိုင်းကျင်းမှူးမတ်စံအိမ်က အစေခံလေးကလာပေးတာဖြစ်ကြောင်း ဆေးလာပို့သည့် မိန်းမစိုးက ပြောခဲ့သည်။


ထို့ကြောင့် ဆေးပို့သည့်လူက ဖူဝန်ကျန်းဖြစ်လိမ့်မည်ဟု သူထင်မိခဲ့သည်။


အစေခံမလေးက အလွန်အံ့အားသင့်သွားဟန်ရလေသည်။ "သခင်မက ငယ်ငယ်တုန်းက တတိယမင်းသားကို အမြင်ကြည်ခဲ့လို့ လက်ထပ်လိုက်တာလို့ သတင်းတွေ ထွက်ခဲ့တာ။"


ဖူဝန်ကျန်းက ရွံရှာအထင်သေးစွာ ခနဲ့ခဲ့သည်။ "အဓိပ္ပာယ်မရှိတာ၊ လျန့်ဟန်ရှောင်သာ ငါ့ကိုလက်ထပ်ချင်ပါတယ်ဆိုပြီး ဘုရင်ကြီးဆီက မတောင်းဆိုခဲ့ရင် ငါသူ့ကို ယူမှာ မဟုတ်ဘူး။"


ထိုအချိန်တုန်းက သူမက ဒုတိယမင်းသားကို လက်ထပ်ချင်ခဲ့တာ ဖြစ်သည်။


ကံဆိုးချင်တော့ တော်ဝင်ကြင်ယာတော်က ထိုမိန်းမပျက်ကို ဒုတိယမင်းသားလျန့်ဟန်ရှောက်ရဲ့ ကြင်ယာတော်အဖြစ် ရွေးချယ်ခဲ့လေသည်။


သူမက မြောက်ပိုင်းကျင်းမှူးမတ်စံအိမ်ရဲ့ တရားဝင်သမီးကြီးဖြစ်တာကြောင့် ကိုယ်လုပ်တော်ဖြစ်လို့ မရပေ။


သူမကို ထိုမိန်းမပျက် ထိန်းချုပ်မှာကိုလည်း မလိုလားခဲ့ပေ။


ထို့အပြင် ဒုတိယမင်းသားလျန့်ဟန်ရှောက်ကလည်း သူမကို တတိယမင်းသားဖြင့် လက်ထပ်စေချင်ခဲ့သည်။


သူမရဲ့ အဆင့်အတန်းအရ တော်ဝင်ကြင်ယာတော်ဖြစ်ဖို့ပဲထိုက်တန်သည်ဟု ယူဆကာ တတိယမင်းသားကို လက်ထပ်ခဲ့တာ ဖြစ်သည်။


သို့ပေမယ့် သူမသည် တတိယမင်းသားကို ရင်ထဲကနေ အထင်သေးခဲ့သည်။


ဒုတိယမင်းသား နန်းတက်ဖို့ သူမ ကူညီပေးနိုင်ဖို့ကိုသာ မျှော်လင့်ထားခဲ့သည်။


အနာဂတ်မှာ တတိယမင်းသားကို ကွာရှင်းပြီး သူမကို ဒုတိယမင်းသားရဲ့ နန်းဆောင်ထဲကို ခေါ်သွားခိုင်းမှာ ဖြစ်သည်။


ဒါ့အပြင် ဒုတိယမင်းသားအမေရဲ့ မိသားစုက မြို့တော်က ကျော်ကြားသည့် ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်ကဖြစ်သည်။


သူက ရုပ်ရည် ချောမောကာ လုပ်နိုင်စွမ်း ရှိသည်။


သူက ညီလာခံမှာ နေရာရအောင် ကိုယ်တိုင်လုပ်ယူခဲ့တာကြောင့် သူက အနိုင်ရနိုင်ချေများသည်။


ထို့ကြောင့်ပဲ သူမသည် လက်ထပ်ပြီးနောက် သူမက တတိယမင်းသားကို မထိခိုင်းခဲ့တာဖြစ်သည်။


လျန့်ဟန်ရှောင်က တကယ်ကို အသုံးမကျပေ။


နန်းတွင်းအစေခံရဲ့သားဆိုသည့် ဂုဏ်ပုဒ်အပြင် သူ့အဆင့်သူနိမ့်ချလွန်းသည်။


သူမက မထိဖို့ ပြောသည့်အချိန်မှာ သူက တကယ်မထိခဲ့ပေ။


သူမကို လေးစားကြောင်းပင် ပြောခဲ့တာကြောင့် သူမက ရယ်ချင်ခဲ့သည်။


သူမက အေးစက်စွာ လှောင်ပြောင်ခဲ့သည်။ "သူက ငါ့ကိုကြိုက်တာအပြင် ငါ့ကို  လက်ထပ်ဖို့ ဘုရင့်အမိန့်ပါတောင်းခဲ့တာ၊ အဲ့တာ ငါ့မိသားစုနောက်ခံကို တပ်မက်တာ မဟုတ်လား။"


သို့ပေမယ့် လျန့်ဟန်ရှောင်က မှားယွင်းခဲ့သည်။


သူမအဖေနှင့်သူမရဲ့အစ်ကိုကြီးက ဒုတိယမင်းသားဘက်မှာ ရှိနေပြီးသား ဖြစ်သည်။


ထိုအချိန်မှာ သူမ ချုပ်တည်းထားရသမျှကို အကုန်ထုတ်ပြောခဲ့လေသည်။


သူမက မကြည်မလင် ပြောခဲ့သည်။ "သူ့လို အစေခံရဲ့ သားက အဲ့ရာထူးကို လိုချင်နေတာ၊ သူနဲ့ တန်လို့လား။"