အခန်း (၂၂၉) - ဒါဆိုလည်း လုပ်လိုက်လေ
ရှောင်ယွမ်ရှစ် မိန်းမကြောက်ဆိုပြီး သတင်းထွက်နေသော်လည်း သူ့ဇနီးကို ဆုံးဖြတ်ချက်ချခွင့် မပေးခဲ့ပေ။
ထို့ကြောင့် သူ့သားကို သူ နားမလည်နိုင်ပေ။
သူက ရှောင်ဟန်ကျန့်ကို ထပ်ကြည့်လိုက်တော့ သူ့ရဲ့ ဂုဏ်ယူနေသည့် အမူအရာကို တွေ့လိုက်ရလေသည်။
ရှောင်ယွမ်ရှစ်သည် သူ ဒီနေ့ ဒီကို မလာခဲ့သင့်ဘူးဟု ရုတ်တရက် ခံစားမိလိုက်လေသည်။
သူ မလာခင် သူ့ရဲ့ ချွေးမဆိုး အပြင်ထွက်သွားတာကို အရင်စောင့်ခဲ့သင့်သည်။
ထိုအချိန်မှာပဲ ရှီလွေ့နှင့် ကျန်လူတွေရောက်နေပြီဖြစ်သည်။
သူတို့ မဝင်လာခင်မှာပင် ရှစ်ချင်းလျို့ရဲ့ စကားကို ကြားခဲ့လေသည်။
ရှစ်ချင်းလျို့က သူများကို မယားကြောက်ဖြစ်အောင်လုပ်ရတာ သိပ်တော်တာပဲဟု သူတို့က တွေးလိုက်လေသည်။
သူတို့ အချင်းချင်း ကြည့်ပြီး အထဲမဝင်ခဲ့ပေ။
ထိုအစား ပင်မဝင်ပေါက်နား သွားပြီး စင်္ကြံလမ်းထောင့်နားက နံရံနားမှာ နားထောင်နေခဲ့သည်။
အကယ်၍ သူတို့သာ ဝင်သွားခဲ့ပါက ဂုဏ်သိက္ခာကို သိပ်စိုးရိမ်သည့် ရှောင်ယွမ်ရှစ်က ထပြန်သွားလိမ့်မည်။
ဤသို့ဖြစ်သွားပါက ပွဲကြီးပွဲကြီးပွဲကောင်းကို မည်သို့ကြည့်ရပါတော့မည်နည်း။
ရှောင်ယွမ်ရှစ်ရဲ့ စိတ်တွေက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့အပေါ်မှာ ရှိနေတာကြောင့် အပြင်မှာ တခြားလူတွေ ခိုးနားထောင်နေတာကို မသိခဲ့ပေ။
အဓိက အချက်က ဒါဟာ ဆရာဟုန်ရဲ့ စံအိမ်ဖြစ်တာကြောင့် ဖြစ်သည်။
ထိုထောင့်လေးကို ရှီလွေ့တို့အဖွဲ့ ရောက်နေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
အကယ်၍ အပြင်ကနေ ဆူညံသံတွေ ကြားခဲ့ရင်တောင် ဆရာဟုန်ရဲ့ စံအိမ်က အစေခံတွေဟု သူ ထင်နိုင်သည်။
သူ့ဘဝကို သံသယဝင်နေသည့် ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေကိုမြင်လိုက်တော့ ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။
သူ့ရဲ့ ချစ်သူဆိုတာဟာ အတုအယောင်ဖြစ်သည်။
သူမက ချွေးမဖြစ်သူကို ဘယ်လိုလေးစားရကောင်းမှန်း မသိတာတောင် သူမက သူ့ရဲ့ အချစ်စစ်ဖြစ်ကြောင်း ရှောင်ယွမ်ရှစ်က အခိုင်အမာ ပြောနေဆဲ ဖြစ်သည်။
မကောင်းတဲ့ ပြန်လည်သုံးသပ်မှုပဲ။
သူမက မေးခဲ့သည်။ "ယောက္ခထီးဟောင်းက ဒီနေ့ ဘာလာလုပ်တာလဲ။"
ရှောင်ယွမ်ရှစ်က ပြောခဲ့သည်။ "ကျန့်အာကို လာတွေ့တာ။"
ရှောင်ဟန်ကျန့်က ဖြတ်ပြောခဲ့သည်။ "ရှောင်ဟန်ကျန့်ပါ။"
ရှောင်ယွမ်ရှစ်က ရှောင်ဟန်ကျန့်ကို ရှုပ်ထွေးစွာ ပြန်ကြည့်ခဲ့သည်။ "ဘာလဲ။"
ရှစ်ချင်းလျို့က ဖွင့်ပြောစရာ မလိုဘဲ နားလည်သလိုဖြင့် ရှင်းပြခဲ့သည်။ "ကျွန်မယောက်ျားက ရှင့်ကို ကျန့်အာလို့ မခေါ်ခိုင်းဘဲ ရှောင်ဟန်ကျန့်လို့ ခေါ်ခိုင်းတာ၊ ကျန့်အာလို့ခေါ်ရတဲ့အထိ ရှင်တို့ ဆက်ဆံရေးကမှ အဲ့လောက်မကောင်းတာ။"
ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးက အပြုံးတွေဖြင့် ပြည့်နေခဲ့သည်။ "မိန်းမပြောတာ မှန်တယ်။"
ရှောင်ယွမ်ရှစ် ဆွံ့အသွားခဲ့သည်။ သူ့သားက နှလုံးသားမဲ့ရုံသာမက လမ်းမှားပါ ရောက်နေပြီ ဖြစ်သည်။
မိန်းမတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါက အနာဂတ်မှာ သူက မည်သို့ အောင်မြင်မှု ရနိုင်မည်နည်း။
သူ့ရင်ထဲက ဒေါသကို ဖိနှိပ်ပြီး ရှောင်ဟန်ကျန့်ကို ပြောခဲ့သည်။ "အရင်က ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာပါ၊ ကိုယ်ဝန်ပျက်ကျအောင် မင်းရဲ့ အမေ တွန်းခဲ့တာ မဟုတ်မှန်း ငါမသိခဲ့ဘူး၊ အဲတုန်းက ငါလည်း ဒေါသထွက်နေတာနဲ့ မင်းအမေနဲ့ ကွာရှင်းဖို့ သဘောတူခဲ့တာ၊ မင်းကလည်း ငါနဲ့ လိုက်ဖို့ သဘောမတူတော့ ဒေါသထွက်ပြီး ဆွေခန်းမျိုးခန်းဖြတ်တောက်ဖို့ လုပ်ခဲ့တာ၊ အဲ့တာကို မင်းသဘောတူမယ်လို့လည်း မထင်မိခဲ့ဘူး။"
သူပြောတာတွေကလည်း အမှန်တွေဖြစ်သည်။
အရင်တုန်းက ဆွေခန်းမျိုးခန်းဖြတ်တောက်ဖို့ လုပ်ခဲ့တာလည်း သူဒေါသထွက်လို့ဖြစ်သည်။
သူ့သားကို ခြိမ်းခြောက်ချင်ခဲ့ရုံသာဖြစ်သည်။
ခုန်ယွဲ့လန်ကို သခင်ခန်းစာ ပေးချင်ခဲ့တာဖြစ်သည်။
သားအကြီးဆုံး ရှောင်ဟန်ကျန့်ကို မြို့တော်ကို ခေါ်သွားပြီး ခုန်ယွဲ့လန်ကို ကလေးအငယ်နှစ်ယောက်နှင့် ဘယ်လိုကျန်ခဲ့မလဲဆိုတာ သိချင်ခဲ့တာဖြစ်သည်။
သူ့ရဲ့ ရက်စက်မှုတွေက သူ့ကို နောင်တရအောင် ပြုလုပ်ခဲ့လေသည်။
သူ့သားက သဘောတူလိမ့်မည်ဟုပင် သူထင်မိခဲ့သည်။
အကြီးတန်းစစ်သူကြီးဖြစ်သည့် အဖေတစ်ယောက်အနေဖြင့် အောက်ကျို့ခံပြီး သူ့စကားကို သူပြန်ရုတ်သိမ်းလို့ မဖြစ်ပေ။
ထို့ကြောင့်ပဲ သူ့ကလေးတွေဖြင့် ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာ ဖြစ်သည်။
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဒါဆို အခု ဒီကို လာရတဲ့ အကြောင်းအရင်းက ရှင် အရင်က ကန်းခဲ့တာကို ဝန်ခံတဲ့သဘောလား၊ ရှင့်မယားငယ်က သိပ်ရက်စက်ပြီး ကျွန်မ ယောက္ခမက သိပ်ရိုးသားဖြူစင်တယ်မလား။"
တစ်ခုခုပြောမည့် ရှောင်ယွမ်ရှစ်တစ်ယောက် ရပ်တန့်သွားခဲ့သည်။
"မင်း ဘယ်လိုတွေ ပြောနေတာလဲ။"
သူက ထပ်ပြောခဲ့သည်။ "ဘာပဲဖြစ်ဖြစ် ငါက မင်းထက် အသက်ကြီးတဲ့ လူကြီးသူမပဲနော်။"
သူ့မိသားစုဖြင့် ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့တာကြောင့် မဟုတ်ရင် သူ့ကိုယ်တိုင် သူ့သားကို ဒီချွေးမဖြင့် ကွာရှင်းခိုင်းလိုက်မှာ ဖြစ်သည်။
ဒါက သိပ်တရားလွန်သည်။
ဘယ်လိုချွေးမက သူတို့ယောက္ခထီးကို ဒီလိုပြောဆိုလို့လဲ။
ရှစ်ချင်းလျို့က ထိတ်လန့်သွားဟန်ပြုခဲ့သည်။ "ရှင်ပြောနေတာ အဲ့ဒီအဓိပ္ပာယ် မဟုတ်ဘူးလား၊ ဒါဆိုလည်း ယဥ်ယဥ်ကျေးကျေး ပြောပါ့မယ်၊ အရင်တုန်းက ရှင်က အမြင်မကောင်းခဲ့တော့ လှပရက်စက်တဲ့ အမျိုးသမီးအတွက်နဲ့ ကျွန်မ ယောက္ခမကို အထင်လွဲခဲ့တယ်၊ ဒါမှမဟုတ်လည်း မယားကြီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးချဖို့ အရင်က ရှင့်မှာ အခက်အခဲ ရှိခဲ့တာပေါ့၊ ရှင်က အပြင်လူ လှည့်စားတာကို ခံလိုက်ရပြီး နောက်ဆုံးတော့ မယားကြီးနဲ့ ကွာရှင်းပြီး ကလေးတွေနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ဖို့ ဖိအားပေးခံခဲ့ရတယ်၊ အဲ့တာကြောင့်ပဲ ရှင်က မယားကြီးနဲ့ ကွာရှင်းခဲ့တယ်၊ ရှင်က ကျွန်မ ယောက္ခမရဲ့ ယောက်ျား မဟုတ်တော့သလို ကျွန်မ ယောက်ျားရဲ့ အဖေလည်း မဟုတ်တော့ဘူး၊ ဘယ်လိုများ ဒီကို အရှက်မရှိ လာရဲပြီး သူကြီးသူမယောင်ဆောင်နေတာလဲ။"
ရှောင်ယွမ်ရှစ်က အလွန်ဒေါသထွက်ကာ သူ့မျက်နှာက မည်းမှောင်အုံ့မှိုင်းသွားခဲ့သည်။ "မင်း မိုက်ရိုင်းလှချည်လား။"
အရှက်ရဖွယ် ကန့်လန့်ကာကို ဆွဲဖယ်လိုက်သည်နှင့် အတိတ်က ကြောက်မက်ဖွယ် အဖြစ်အပျက်က ပြန်ရောက်လာခဲ့သည်။
သူက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
ဘယ်လိုလုပ်ပြီး ဒီစကားတွေကို ပြောရဲရတာလဲ။ သူ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ။
ရှစ်ချင်းလျို့က မျက်လုံးလေး ကလည်ကလည်လုပ်ပြခဲ့သည်။ "ဘုရင်ကြီးကတောင် ကျွန်မကို ရိုင်းစိုင်းတယ်လို့ မပြောဘူး၊ ရှင်က ဘာမလို့လဲ။"
ရှောင်ယွမ်ရှစ်က ထပ်ပြီး ဆို့နင့်သွားခဲ့သည်။
သူ ဘယ်လိုပြန်ဖြေသင့်သနည်း။
အမျိုးကောင်းသားတစ်ယောက်က အမျိုးသမီးတစ်ယောက်နှင့် ရန်မဖြစ်သင့်ပေ။
သူရဲ့ မကောင်းသည့် ချွေးမကြောင့် မရိုင်းစိုင်းသင့်ပေ။
သူက ရှောင်ဟန်ကျန့်ကို ကြည့်ခဲ့သည်။ "မင်းမိန်းမ လူကြီးသူမကို ရိုင်းစိုင်းနေတာကို ဒီတိုင်း ထိုင်ကြည့်နေတော့မှာလား။"
ရှောင်ဟန်ကျန့်က အပြစ်ကင်းသည့် အမူအရာကို ဆင်မြန်းထားခဲ့သည်။ "ကျွန်တော်တို့ မိသားစုမှာ သူက နောက်ဆုံးပြောရေးဆိုခွင့်ရှိသူပဲ။"
ထို့နောက် သူက သက်ပြင်းချခဲ့သည်။ "ကျွန်တော့်မိန်းမရဲ့ ကောင်းတဲ့ အချက်တစ်ခုက သူက အမှန်အတိုင်းပဲ ပြောတတ်တာဆိုတော့ သည်းခံပေးလိုက်ပါ။"
ရှောင်ယွမ်ရှစ် ဆွံ့အသွားခဲ့သည်။
သူ့သားကလည်း အရမ်းဒေါသထွက်စရာကောင်းမှန်း သူ သိသွားခဲ့သည်။
သူ့သားက သူ့ကို အလွန်အမင်း မကျေမနပ် ဖြစ်နေတာကြောင့် ရှစ်ချင်းလျို့ကို ရိုင်းစိုင်းခွင့်ပေးထားတာဖြစ်ကြောင်း နောက်ဆုံးတော့ သူသိသွားခဲ့သည်။
ရှောင်ယွမ်ရှစ်က ဉာဏ်ကောင်းသူ ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့် သူ ဒီနေ့ ဒီကိုလာသည့် အဓိက ရည်ရွယ်ချက်ဖြစ်သည့် သူတို့မိသားစု ပြန်ပြေလည်အောင်လုပ်လို့ မရတာကို သိလိုက်ရသည်။
အထူးသဖြင့် မကောင်းသည့် ချွေးမက ဝင်ပါခဲ့တာကြောင့် ပိုခက်ခဲသည်။
ထို့ကြောင့် သူက အခြေအနေကို အခွင့်ကောင်းယူကာ ဆက်ပြောခဲ့သည်။ "ရှောင်ဟန်ကျန့် ဘာပဲဖြစ်ဖြစ် မင်းက ငါ့သားဖြစ်ပြီး သွေးက ရေထက် ပျစ်ပါတယ်၊ ငါတို့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့ပေမယ့် ငါမင်းကို အန္တရာယ် မပေးခဲ့ဘူး။"
သူ့ကို သူတို့ ထပ်မလှောင်ပြောင်စေဖို့အတွက် ကျန့်အာလို့ ထပ်မခေါ်ခဲ့ပေ။
"ညီလာခံမှာ ငါက ခြေကုပ်မြဲနေပြီ၊ မင်းအရာရှိဖြစ်ချင်တယ်ဆိုရင် ငါ့အကူအညီလိုတယ်၊ ငါက မင်းနဲ့ မင်းရဲ့ မောင်နှမတွေအပေါ် အကြွေးတင်ခဲ့တယ်၊ အနာဂတ်မှာ ငါပြန်ပေးဆပ်ပါ့မယ်။"
ထိုစကားတွေကိုကြားတော့ ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်။ "မြို့တော်ကိုလာတုန်းက ကျွန်မတို့ကို လုပ်ကြံဖို့ လွှတ်လိုက်တာ ဘယ်သူများလဲ၊ ရှင်က ကန်းနေတဲ့အပြင် တော်တော် အရှက်မရှိတာပဲ၊ လိမ်ပြောရဲသေးတယ်။"
သူမက ဆက်ပြောခဲ့သည်။ "ဟိုးတုန်းကကျတော့ ရှင် ဘယ်ရောက်နေခဲ့လဲ၊ အခု ကျွန်မယောက်ျားမှာ အရည်အချင်းရှိပြီး အာဏာရှိတဲ့ ဆရာ ရှိနေပြီ၊ သူ အရာရှိဖြစ်ချင်ရင်တောင် ရှင့်အကူအညီလိုပါ့မလား၊ ရှင် အခုမှလာပြီး သဘောကောင်းချင်ယောင်ဆောင်မနေနဲ့၊ ရှင်က ရှင့်ရဲ့အတိတ်ကလုပ်ရပ်တွေအတွက် သက်သက် ဆင်ခြေပေးနေတာပါ။"
သူမက ပြုံးပြီး ဆက်ပြောခဲ့သည်။ "ကျွန်မ ယောက်ျားမှာ တောက်ပတဲ့ အနာဂတ် ရှိတာကိုသိလို့ ရှင်တို့ဆက်ဆံရေး ပြန်ပြေလည်အောင်လုပ်ပြီး သူ့ဆီက အခွင့်ကောင်း လိုချင်နေတာ မဟုတ်လား၊ ဘယ်လိုတောင် ရှေ့ရေးကို ကြိုမြင်တတ်တဲ့အထိ တော်ရတာလဲ၊ ရှင်က တော်တော်စိတ်ကြီးဝင်တဲ့ စစ်သူကြီးပဲ၊ ရှင်က တကယ်တော့ စီးပွားရေးသမားလုပ်ရမှာ။"
ရှောင်ယွမ်ရှစ်က အလွန်ဒေါသထွက်ကာ မျက်နှာကြီး မည်းမှောင်နေခဲ့သည်။
သူက စားပွဲကို ရိုက်လိုက်သည်။ "ရှောင်ဟန်ကျန့်က မင်းကိုအလိုလိုက်တာနဲ့ပဲ မင်းကိုငါ ဘာမှ မလုပ်နိုင်ဘူးလို့ မထင်နဲ့နော်။"
သူ့ချွေးမက စည်းဘောင် မရှိပေ။ သူ့ဘဝမှာ ဤသို့ အလှောင်ခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
ရှစ်ချင်းလျို့က ပြုံးကာ ပြန်ပြောခဲ့သည်။ "ဒါဆိုလည်း လုပ်လိုက်လေ၊ ကျွန်မကို သတ်ချင်တာလား ဒါမှမဟုတ် ရှောင်ဟန်ကျန့်နဲ့ ကွာရှင်းစေချင်တာလား၊ ကျွန်မ ရှင့်ကို တစ်ခုပဲ မေးမယ်၊ ရှင် လုပ်နိုင်လား၊ ရှင်ကျွန်မကို သတ်နိုင်ဖို့ ဘုရင်ကြီးကို တောင်းဆိုမှာလား၊ ရှောင်ဟန်ကျန့်နဲ့ ကွာရှင်းခိုင်းဖို့ဆိုရင်တော့ မေ့လိုက်တော့၊ ကျွန်မက အိမ်မှာ နောက်ဆုံးပြောရေးဆိုခွင့်ရှိသူပဲ။"
သူမက မျက်ခုံးပင့်ကာ ပြန်ပြောခဲ့သည်။ "မလုပ်နိုင်ရင် ရိုင်းရိုင်းစိုင်းစိုင်းတွေ လာမပြောနဲ့၊ မဟုတ်ရင် အရှက်ကွဲလိမ့်မယ်။"
ရှောင်ယွမ်ရှစ်ကို ဆန့်ကျင်သည့် ရှစ်ချင်းလျို့ရဲ့ စကားတွေကို ရှီလွေ့နှင့် ကျန်လူတွေ ကြားပြီးနောက် မျက်လုံးပြူးသွားကြသည်။
သူက တော်တော် စွာတာပဲ။
ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာကြီး ပျက်ယွင်းနေမှာကို သူတို့ တွေးမိလိုက်လေသည်။
သူက နောက်ဆုံးတော့ အရှက်ကွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။
***