အခန်း (၂၃၂) - သူတို့တွေ အတူတူရှိနေတာလည်း မဆန်းတော့ပါဘူး။ သူတို့အကုန်လုံးက အရှက်မှ မရှိကြတာ
ရှောင်ဟန်ကျန့်ကလည်း လမ်းလျှောက်ထွက်သွားခဲ့သည်။
သူ့ဆန်ကုန်မြေလေးအဖေက သွေးအန်ကာ သူ့ရဲ့အမျိုးတစ်ယောက်က တွဲပေးထားတာမြင်တော့ 'ဒါကအစပဲ ရှိသေးတယ်' ဟု ရှောင်ဟန်ကျန့်က တွေးလိုက်လေသည်။
သူ့ဇနီးက အပြင်မှာ ပျော်ရွှင်စွာ သီဆိုနေတာကို တွေ့လိုက်လေသည်။
သူက သူ့မျက်လုံးထဲက အပြုံးရိပ်တွေကို ထိန်းချုပ်ခဲ့လေသည်။
သူက မျက်နှာထက် ဝမ်းနည်းရိပ်ဆင်မြန်းလျက်က အပြင်ထွက်သွားခဲ့သည်။
သူက အပြစ်မကင်းသည့်အမူအရာအပြည့်ဖြင့် ရှစ်ချင်းလျို့ရှေ့ကိုသွားခဲ့သည်။ "မိန်းမရယ် ဒါတွေအကုန် ကိုယ့်အမှားပါ၊ မင်းကို နာကျင်စေမိပြီ၊ စိတ်မပူပါနဲ့ စစ်သူကြီးရှောင်ရဲ့ ခြိမ်းခြောက်မှုနဲ့ မင်းကို မကွာရှင်းပါဘူး၊ အဆိုးဆုံးမှ ကိုယ် တော်ဝင်စာမေးပွဲ ဝင်မဖြေနိုင်ရုံပါပဲ၊ ကိုယ်တို့ ရွာပြန်ပြီး လယ်ယာစိုက်ကြတာပေါ့။"
သူက သက်ပြင်းချခဲ့သည်။ "ကိုယ့်ကြောင့် ကိုယ့်မိန်းမကို ခံစားမိစေပြီ၊ အနိုင်လည်း ကျင့်ခံခဲ့ရသေးတယ်။"
"ကျွန်မတို့က လင်မယားတွေပဲ၊ ရှင်ကကျွန်မအပေါ် သိပ်ကောင်းတယ်၊ စစ်သူကြီးရဲ့ ခြိမ်းခြောက်မှုနဲ့ ညွှန်ကြားချက်တွေကို နားမထောင်ခဲ့ဘူးလေ၊ ဘယ်လောက်ပဲ ခါးသီးပါစေ ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့မယ်။" ရှစ်ချင်းလျို့က မျက်ရည်တွေသုတ်ခဲ့သည်။
သူမ ခင်ပွန်းကလည်း ဒရမ်မာကင်းဆိုတာ အခုမ ပထမဆုံး သိသွားခြင်း ဖြစ်သည်။
ဤနည်းဖြင့် သူတို့က အင်အားကြီးအဖေ စစ်သူကြီးရဲ့ အနိုင်ကျင့်၊ နှိပ်ကွပ်မှုကို ခံခဲ့ရသည့် အားနည်းသည့်လူတွေအဖြစ် သရုပ်ဆောင်ခဲ့သည်။
အခုအချိန်မှာ သူတို့က ဆန်ကုန်မြေလေးအဖေကို ယှဥ်နိုင်သည့်အား မရှိတာကြောင့် ထိပ်တိုက်တွေ့ဖို့က ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပေ။
လူတွေက သဘာဝအားဖြင့် အားနည်းသည့်လူတွေကို ကြင်နာသနားတတ်သည်။
တာ့လျန်က ဝတ္တရားသိတတ်မှုစည်းမျဥ်းဖြင့် အုပ်ချုပ်သော်လည်း ရှောင်ယွမ်ရှစ်က အရှင်ဆုံး ဆွေခန်းမျိုးခန်းဖြတ်တောက်ခဲ့သူဖြစ်သည်။
သူလုပ်ခဲ့တာတွေက အော့နှလုံးနာဖွယ်ကောင်းကာ ပွဲကြည့်ပုရိသတ်တွေက သူ့ဘက်က ပါလိမ့်မည်။
ဒါ့အပြင် ဒီကိစ္စက သူမခင်ပွန်း တော်ဝင်စာမေးပွဲဖြေဖို့ သူ့အဖေ ဘာမှ မလုပ်နိုင်အောင် ကာကွယ်ပေးနိုင်သည်။
ဘာပဲဖြစ်ဖြစ် လူတိုင်း ပထမဆုံးတွေးသည့်အရာက သူ့ဆန်ကုန်မြေလေးအဖေ တစ်ခုခုလုပ်ခဲ့တာဖြစ်မည့် အကြောင်းဖြစ်သည်။
သူက လူထုအမြင်ကို ကစားခဲ့တာဖြစ်သည်။
ရှောင်ဟန်ကျန့်က အလွန်အကျင့်ယုတ်ကြောင်း ရှီလွေ့နှင့် တခြားလူတွေက သိသွားခဲ့သည်။
သူက သူ့အဖေ အကျင့်ယုတ်ခဲ့ကြောင်း အတည်ပြုပေးခဲ့ကာ သူ့အပေါ် အပြစ်ပုံချခဲ့သည်။
လျန်ယို့ရှောင်ရဲ့ မျက်လုံးတွေက မီးတောက်နေခဲ့သည်။ "စစ်သူကြီးက အာဏာကြီးပြီး ရာထူးရှိပေမယ့် အမှန်တရားကိုတော့ ဖုံးကွယ်လို့မရဘူး၊ အကယ်၍ သူသာ မင်းတော်ဝင်စာမေးပွဲမဖြေအောင်လုပ်ခဲ့ရင် ဒါမှမဟုတ် တော်ဝင်စာမေးပွဲ ဖြေနေစဥ် နှောက်ယှက်ခဲ့ရင် ငါတို့က မင်းအတွက် သူ့ကို တရားစွဲပေးမယ်။"
ရှီလွေ့က ဆက်လက်၍ ဒေါသတကြီး ပြောခဲ့သည်။ "ဟုတ်တယ်။ စစ်သူကြီး ဝင်နှောက်ယှက်လို့ မင်း တော်ဝင်စာမေးပွဲ ဆက်မဖြေနိုင်ရင် ငါနန်းတော်ကိုသွားပြီး အရှင်မင်းကြီးကို ဆုံးဖြတ်ချက်ချခိုင်းမယ်။"
သူက တမင်သက်သက် ရင်ဘတ်ကိုဆုပ်ကိုင်ခဲ့သည်။ "စစ်သူကြီးရှောင်က မင်းနဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် စစ်သူကြီးစံအိမ်က သူ့ကို မင်း တရားစွဲလို့ရမှာ မဟုတ်ဘူး။"
အကယ်၍ ဆွေခန်းမျိုးခန်းဖြတ်တောက်ခြင်းမပြုခဲ့ပါက ရှောင်ယွမ်ရှစ်က ဝတ္တရားမကျေပွန်မှုကို လက်ကိုင်ထားပြီး ရှောင်ယွမ်ရှစ် တော်ဝင်စာမေးပွဲ မဖြေအောင် တားဆီးနိုင်သည်။
ဤကဲ့သို့ဆိုပါက အလွန်ဒုက္ခရောက်နိုင်သည်။
ရှစ်ချင်းလျို့က မှန်သည်။
ဒါတွေအကုန်လုံးက ရှောင်ယွမ်ရှစ်ရဲ့ သေးသိမ်ကာ ကောက်ကျစ်တတ်သည့် ဇနီးရဲ့ ကျေးဇူးတွေကြောင့် ဖြစ်သည်။
မဟုတ်ပါက သူတို့ ဇနီးမောင်နှံက ရှောင်ယွမ်ရှစ်ရဲ့ ထိန်းချုပ်ခြင်းကို ခံရနိုင်သည်။
ရှောင်ဟန်ကျန့်က ခါးသက်စွာ ပြုံးရင်း လက်ဆန့်ကာ ရှီလွေ့နှင့် ကျန်လူတွေရဲ့ လက်မောင်းကို ဆုပ်ကိုင်ခဲ့သည်။ "မင်းတို့ရဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။"
ဟိုးတုန်းက ထိုအမျိုးသမီးရဲ့ ခြိမ်းခြောက်ခြင်းခံရကာ ဆွေခန်းမျိုးခန်းဖြတ်တောက်ဖို့လုပ်ခဲ့ကြောင်း သူသိသော်လည်း သူက တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့သည်။
သူ့အမေနှင့် မောင်နှမတွေအတွက်သာမက အနာဂတ်မှာ သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမက သားသမီးဝတ္ထရား ကျေပွန်မှုကို လက်ကိုင်ထားကာ ထိန်းချုပ်ခြင်းမခံရအောင်ပါ လုပ်ခဲ့တာဖြစ်သည်။
ယခုလိုမျိုး ရှောင်သခင်မကြီးက စစ်သူကြီးစံအိမ်မှာ ပြဿနာရှာနေတာကို သူတို့က ရှောင်သခင်မကြီးကိုမုန်းသော်လည်း ဂုဏ်သတင်းထိခိုက်မည်ကို စိုးရိမ်သဖြင့် ရှောင်သခင်မကြီးကို မထိရဲခဲ့ပေ။
ရှီလွေ့က လက်ယမ်းပြခဲ့သည်။ "အာဏာကိုလက်ကိုင်ထားပြီး အနိုင်ကျင့်တဲ့လူတွေကိုလည်း ငါတို့က သဘောမကျဘူး။"
သိပ်မဝေးသည့်နေရာမှာ ရပ်နေသည့် အထက်တန်းလွှာသခင်လေးတွေရဲ့ နှုတ်ခမ်းက မဲ့ကျသွားခဲ့သည်။
မင်းရဲ့ အာဏာနဲ့ သူများကို အနိုင့်မကျင့်ရင်ဘဲ ကောင်းလှပါပြီ။
မကြိုက်တာလား သို့မဟုတ် မှန်ကန်တာကိုလုပ်ရတာ ကြိုက်တာဆိုရင်တော့ မကောင်းပေ။ ဒီစကားတွေ ပြောဖို့အထိကို အရှက်မဲ့လွန်းသည်။
သို့ပေမယ့် ဘေးပတ်လည်က သာမာန်ပြည်သူတွေက သဘောတူခဲ့သည်။ "ဟုတ်တယ် ဒါဘုရင့်နယ်မြေ၊ စစ်သူကြီးက အမှန်တရားကို ဖုံးကွယ်လို့ရမယ် မထင်ဘူး။"
အာဏာနှင့် အနိုင်ကျင့်ပါက ပြည်သူတွေက အားနည်းသည့်ဘက်က ရပ်တည်လိမ့်မည်။
တချို့လူတွေကတော့ တရားနည်းလမ်းကျကျ မခံမရပ်နိုင် ဖြစ်ကြလိမ့်မည်။
ဒါ့အပြင် မကြာသေးခင်က စစ်သူကြီးစံအိမ်မှာ ပွဲကြီးပွဲကောင်းတွေဖြစ်ခဲ့သေးသည်။
ရှောင်သခင်မကြီးနှင့်ကျန်သည့်လူတွေရဲ့ ကြိုးစားမှုကြောင့် ကောချွန်းရုရဲ့ဂုဏ်သတင်းက အရင်းခံအားဖြင့် ပျက်စီးသွားပြီဖြစ်သည်။
ဒါ့အပြင် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က အနိုင်ကျင့်ခံခဲ့ရသလို ပြုမူခဲ့တာကြောင့် အလွန် ယုတ္တိရှိနေခဲ့သည်။
ထို့ကြောင့် လူတိုင်းက ရှောင်ယွမ်ရှစ်နှင့်ကောချွန်းရုကို မကောင်းမြင်ခဲ့ကြတော့သည်။
အထူးသဖြင့် ပထမဆုံးသော ဇနီးသည်တွေက ထိုသို့သော အကြင်နာမရှိသည့် အမျိုးသားတွေကို အလွန်မုန်းတီးသည်။
မယားငယ် ရှိသည့် အရှက်မရှိသည့်အမျိုးသားတွေကို သူတို့ အမုန်းဆုံး ဖြစ်သည်။
သူတို့အမြင်မှာတော့ မယားငယ်ရဲ့ အဆင့်အတန်းက ကိုယ်လုပ်တော်လောက်တောင် မမြင့်ပေ။
အိမ်တော်ထဲမှာ ရှောင်ယွမ်ရှစ်က လက်ဖြင့် နှုတ်ခမ်းထောင့်ကပေနေသည့် သွေးတွေကို သုတ်ခဲ့သည်။
အပြင်က အသံတွေကြားတော့ သူက အလွန်ဒေါသထွက်နေကာ ရင်ဘတ်က မြင့်ချည်နိမ့်ချည်ဖြစ်နေသည်။
သူ့ချွေးမက အရှက်မဲ့ကာ အကျင့်ယုတ်ကြောင်း သူအခုမှ ရှာတွေ့သွားခြင်းဖြစ်သည်။
သူ့သားကလည်းလူကောင်း မဟုတ်ပေ။
သူတို့လိုအရှက်မရှိသည့်လူတွေ အတွဲဖြစ်လာတာဟာလည်း မဆန်းတော့ပေ။
ဒီနေ့မှပဲ အမည်းကနေ အဖြူအဖြစ် ပြောင်းပြန်လှန်တာကို သူ တကယ်ကြုံတွေ့ခဲ့ရလေသည်။
သူ့ရဲ့ အစောင့်က ပြောလိုက်လေသည်။ "သခင်ကြီး အပြင်ထွက်မလို့လား။"
အပြင်ထွက်ပြီး အပြစ်ကင်းကြောင်း မဖော်ပြပါက သူ့သခင်ကြီးရဲ့ ဂုဏ်သတင်းက ပိုဆိုးလာမည်ဖြစ်သည်။
သခင်လေးရဲ့ဇနီးက ဒီလောက် ရဲစွမ်းသတ္တိရှိလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
သူမရဲ့ ကြမ်းတမ်းသည့်စကားတွေက သခင်ကြီးကို ဆွံ့အစေခဲ့ရုံသာမက အပြင်ကိုပြေးထွက်ပြီး အဓိပ္ပာယ်မရှိတာတွေပြောပြီး အမည်း၊အဖြူကို ပြောင်းပြန်လှန်ပြီး သခင်ကြီးကို ဒေါသထွက်ကာ သွေးအန်စေသည်အထိ လုပ်ခဲ့သည်။
အခုအချိန်ဆိုရင် အပြင်ကလူတွေက သခင်ကြီးကိုဘယ်လောက်တောင် ဆဲဆိုနေမလဲဆိုတာ ခန့်မှန်းလို့ရနိုင်သည်။
ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက ကြောက်ဖို့ကောင်းအောင်မည်းမှောင်နေခဲ့သည်။ "မသွားဘူး၊ ဘေးတံခါးကထွက်ပြီး မြင်းရထားလုံးပေါ်တက်ပြီး ပြန်မယ်။"
အကယ်၍ သူသာ ထွက်ရှင်းပြခဲ့ရင် ပိုဆိုးသွားရုံသာရှိသည်။
ဒါ့အပြင် ရှီလွေ့နှင့် ကျန်သည့်မျိုးမစစ်လေးတွေက မျက်မြင်သက်သေတွေကဲ့သို့ ပြုမူနေသေးသည်။
ဘယ်သူမှ သူ့စကားတွေကို ယုံမည် မဟုတ်ပေ။
သူက အလွန်အမင်း စိတ်ဖိစီးနေခဲ့သည်။
သူဆင်းရဲတုန်းကတောင် ဒီလို အရှုံးကြီး မရှုံးဖူးသလို မကျေမနပ်လည်း မဖြစ်ဖူးခဲ့ပေ။
အဓိကအချက်က သူ့ချွေးမက အလွန်စကားပြောကောင်းလို့ဖြစ်သည်။
သူအပြင်ထွက်သွားပြီရင် မည်သို့ရှင်းပြရမည်နည်း။
သူက ရှင်းပြဖို့ ပါးစပ်ဟခဲ့ရင် သို့မဟုတ် သူတို့နှစ်ယောက်ကို အပြစ်တင်ခဲ့ရင် ဒီအယုတ်တမာမက သူ့ကို ရန်ငြိုးဟောင်းတွေ ပိုတူးဆွလာနိုင်သည်။
ထိုကိစ္စတွေက တကယ်တည်ရှိခဲ့တာကြောင့် သူ မငြင်းဆန်နိုင်ပေ။
ထို့ကြောင့် သူက မကျေနပ်မှုတွေကို မျိုသိပ်ပြီး သူမရဲ့ အဖြူအမည်း ပြောင်းပြန်လှန်ခြင်းကို ဒီတိုင်းထားလိုက်ရုံသာ တတ်နိုင်သည်။
အချိန်တွေအများကြီးရှိသေးကာ အနာဂတ်မှာ တစ်နေ့ကျရင် သူခံစားရတာနှင့် မကျေနပ်ချက်တွေအတွက် ပြန်ပေးဆပ်ခိုင်းလို့ရသည်။
သူ့ရဲ့ လက်ထောက်က သူ့ကို ကူတွဲပေးပြီး မြင်းရထားလုံးရပ်ထားသည့် နေရာကို ခေါ်သွားခဲ့သည်။
ဟိုးတုန်းကဆိုရင်တော့ မြင်းရထားလုံးမောင်းသမားက အိမ်ရှေ့ပေါက်ကို မောင်းနှင်လာပြီး စစ်သူကြီးကို လာကြိုရသည်။
သို့ပေမယ့် အခုတော့ အကုန်လုံးက ဒေါသထွက်နေသဖြင့် စစ်သူကြီးက ဘေးပေါက်က ထွက်ခဲ့ရသည်။
ရှောင်ယွမ်ရှစ်ထွက်သွားသည်နှင့် စံအိမ်ကိုစောင့်သည့်အစေခံလေးက ချက်ချင်းအပြင်ထွက်ခဲ့လေသည်။
သူက ရှောင်ဟန်ကျန့်ကို ပြောခဲ့သည်။ "သခင်လေး စစ်သူကြီးရှောင်က ဘေးတံခါးကနေထွက်ပြီး ပြန်သွားပါပြီ။"
လျန်ယို့ရှောင်က ချက်ချင်း ဖြတ်ပြောခဲ့သည်။ "စိတ်မလုံလို့ ထွက်ပြေးသွားတာလေ။"
ရှီလွေ့ကလည်း ဘေးကနေပြောခဲ့သည်။ "ဟုတ်တယ် လူတိုင်းက အမှန်တရားဘက်က ရပ်တည်နေတော့ သူမှားမှန်းသိပြီး ထွက်ပြေးသွားတာနေမှာပေါ့။"
ရှစ်ချင်းလျို့က သရုပ်ဆောင်ပွဲ ပြီးဆုံးတော့မှာကို ခံစားမိလိုက်သည်။ သူမက မတရားခံရသည့် လေသံဖြင့် ပြောခဲ့သည်။ "ဒါဆို သူကျွန်မ ယောက်ျားကို ကွာရှင်းခိုင်းဖို့ ထပ်ဖိအားပေးဦးမှာလားဟင်။"
ရှောင်ဟန်ကျန့်က သူမလက်ကိုဆုပ်ကိုင်ခဲ့သည်။ "စိတ်မပူပါနဲ့ မိန်းမ၊ ကိုယ်သဘောမတူပါဘူး။"
ရှစ်ချင်းလျို့က သူ့ကို မျက်ရည်ဝဲနေသည့် မျက်လုံးတွေဖြင့် ကြည့်ခဲ့သည်။
သူမက စိုးရိမ်စွာ ပြောခဲ့သည်။ "ရှင့်ကိုဆက်ပြီး ဖိအားပေးနေမှာကြောက်၊ ရှင်အေးအေးဆေးဆေး စာမသင်ကြားရမှာကို ကြောက်တာ။"
သူမက ထပ်ပြောခဲ့သည်။ "ယောက်ျား မနက်ဖြန်ကျရင် ကျွန်မတို့ နန်ရှီစီရင်စုမြို့ကို ပြန်ရအောင်၊ ဒီလိုဆိုရင် သူရှင့်ကို ဖိအားပေးလို့ မရတော့ဘူး။"
ရှောင်ဟန်ကျန့်ရဲ့မျက်နှာက ကူကယ်ရာမဲ့မှုတွေပြည့်နက်နေသည်။ "ကောင်းပြီ ကိုယ်တို့ နန်ရှီစီရင်စုမြို့ကို ပြန်ကြတာပေါ့။"
သူတို့က နောက်ရက်ကျရင်ပြန်မယ်။
ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက သူတို့ကို ဖိအားပေးခဲ့ကြောင်း သူ့ချွေးမက အခုလေးတင်ပြောခဲ့တာ။
ဉာဏ်ကောင်းလိုက်တာ။
သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ပုံစံအရ ပွဲကြည့်သူတွေက စစ်သူကြီးရှောင်ကို ပိုဆဲဆိုကြမည်ဖြစ်သည်။
စစ်သူကြီးရှောင်က သိပ်လွန်တာပဲ။ ဒါက သူ့သားအရင်းပဲကို။
မသိတဲ့လူတွေဆိုရင် ရန်သူလို့ထင်နေဦးမယ်။
ခဏနေတော့ ရှစ်ချင်းလျို့က ရှီရုံရဲ့ ဖြောင့်ဖျမှုဖြင့် အိမ်ထဲပြန်ဝင်သွားခဲ့သည်။
ပွဲကြည့်သူတွေလည်း တဖြည်းဖြည်း ပျောက်သွားခဲ့သည်။
သို့သော်လည်း အပေါက်ဝမှာဖြစ်ခဲ့သည့် အရေးကိစ္စက လေဆင်နှာမောင်းလို မြို့တော်မှာ အမြန် ပြန့်သွားခဲ့သည်။
***
အခန်း (၂၃၃) - ဤအမျိုးသမီးက အံ့ဖွယ်ကောင်းသည်
ဧည့်ခန်းထဲပြန်သွားပြီးနောက်
ရှီလွေ့က ရှစ်ချင်းလျို့ကို ပြုံးဖြဲဖြဲကြည့်ပြီး လက်မ ထောင်ပြခဲ့သည်။
"ငါက
ဘယ်သူ့စကားမှနားထောင်လေ့မရှိပေမယ့် အခုကစပြီး မင်းရဲ့စကားကိုတော့ နားထောင်မယ်။"
ရှောင်မိသားစုဟောင်းကို
စစ်သူကြီးစံအိမ်ကို ပြဿနာသွားရှာဖို့ အားပေးအားမြှောက်ပြုပြီးနောက် ရှောင်ယွမ်ရှစ်ကို
ကိုယ်တိုင်ကိုင်တွယ်ခြင်း စသည့်နည်းလမ်းတွေကို သူတို့အရင်ကတစ်ခါမှ မမြင်ဖူးခဲ့ပေ။
မးအလွန်အံ့သြဖို့ကောင်းလွန်းသည်။
ရှစ်ချင်းလျို့က
လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်ခဲ့သည်။ "အာ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
သူမက
ပြုံးပြကာ ဆက်ပြောခဲ့သည်။ "ဒီနေ့ ရှင်လုပ်သွားတာလည်း သိပ်ကောင်းတယ်၊ ချီးကျူးခံရဖို့
ထိုက်တန်တယ်။"
လျန်ယို့ရှောင်က အဓိပ္ပာယ်ပါပါပြောခဲ့သည်။
"ငါတို့က လူဆိုးဆီကနေ မကောင်းတဲ့အကြံတွေ သင်ယူဖို့ လွှမ်းမိုးခံလိုက်ရတာလေ။"
ရှစ်ချင်းလျို့နောက်ကို
လိုက်ပြီးနောက် သူတို့က ပိုပြီးဉာဏ်များလာကြသည်။
ရှီလွေ့က
စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် ငါတို့အကုန်လုံး မင်းဆီက သင်ယူခဲ့တာလေ။"
အတိတ်တုန်းက
သူတို့က အမှန်တရားကို ဘယ်လိုမျိုး ပြောင်းပြန်လှန်ခဲ့သနည်း။
သူတို့က
ကိစ္စတိုင်းကို ဒဲ့သာရှင်းခဲ့သည်။
သို့သော်
သူ့ကို ဒေါသထွက်စေတာက သူက အမှန်တရားဘက်ကရပ်တည်ပေးတာဖြစ်ဖြစ် သူများသူ့ကိုရန်စလို့ ဒေါသထွက်ခဲ့တာဖြစ်ဖြစ်
နောက်ဆုံးတော့ သူကသာ အာဏာသုံးပြီး ဖိနှိပ်သည့်လူအဖြစ်သာ အမြင်ခံခဲ့ရလေသည်။
သူ့ကို
မြို့တော်က ပေါ့ပေါ့နေ ပေါ့ပေါ့စား အထက်တန်းလွှာ သခင်လေးတွေရဲ့ ခေါင်းဆောင်ဟုပင် ခေါ်ထွင်ခဲ့ကြသည်။
သူက တကယ်ကို
အပြစ်ပုံချခံခဲ့ရသည်။
စောနက
စစ်သူကြီးရှောင်ကို အပြစ်ပုံချခဲ့တော့ လူတိုင်းက သူ့စကားကို ယုံခဲ့ရုံသာမက သူက တရားမျှတမှုကို
လက်ကိုင်ထားကြောင်းပင် ယုံကြည်ခဲ့ကြသေးသည်။
သူက စွမ်းရည်တွေ
သင်ယူခဲ့ပြီး ထိုအရာကို ကောင်းကောင်းမွန်မွန် သင်ယူခဲ့သည်။
ရှစ်ချင်းလျို့က
သူတိူ့နှစ်ယောက်ကို မျက်လုံးလည်ပြခဲ့သည်။ "မကောင်းတဲ့လူဆီကနေ မကောင်းတဲ့အကြံတွေ
သင်ယူဖို့လွှမ်းမိုးခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ရှင်တို့က လူကောင်းနား ရောက်နေတာပါ၊
ကျွန်မက လူကောင်းလေ။"
သူ့လောက်အရှက်မရှိသည့်လူကို
မမြင်ဖူးဘူးဟု ရှီလွေ့နှင့်ကျန်သည့်လူတွေက သူတို့ဘာသာသူတို့တွေးလိုက်လေသည်။
သို့သော်လည်း
သူတို့ကလည်း တူညီစွာ အရှက်မရှိကြပေ။ "ဟုတ်တယ် ငါတို့အကုန်လုံးက တရာစမျှတမှုကို
လက်ကိုင်ထားတဲ့လူကောင်းတွေပဲ၊ ငါတို့က လူကောင်းနဲ့ နီးနီးကပ်ကပ်နေနေရတာ၊ စောနက မှားသွားတယ်။"
ခန်းမထဲက
အစေခံတွေက ဆွံ့အသွားခဲ့ကြသည်။
သူတို့က
အရှက်မရှိသာည့်လူတွေကို မြင်ခဲ့ဖူးသော်လည်း ဒီလောက် အရှက်မရှိသည့် လူကိုတော့ မမြင်ဖူးခဲ့ပေ။
ယနေ့ခေတ်မှာ
မျိုးရိုးမြင့်သခင်လေးတွေပင် တရားမျှတမှုကိုလက်ကိုင်ပြုလာကြပြီဖြစ်သည်။
ရှီရုန်က
ရှစ်ချင်းလျို့ဆီကနေ အများကြီး သင်ယူခဲ့သည်။ "လျို့လျို့ နင်တို့မနက်ဖြန် တကယ်ပြန်တော့မှာလား။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ငါတို့ မြို့တော်ကိုရောက်တာလည်းကြာပြီလေ၊ မိသားစုတွေကိုလည်း
နည်းနည်းစိတ်ပူတယ်၊ အခု ပြန်ဖို့ အချိန်ကျပြီ။"
ရှီရုံက
မပြန်လွှတ်ချင်သလိုကြည့်ခဲ့သည်။ "နင်တို့နှစ်ယောက် မြို့တော်မှာနေခဲ့တာတွေကို
ငါသတိရနေတော့မှာပဲ။"
မကြာသေးမီက
မိဖုရားခေါင်ကြီးက ကျန်းမာရေးမကောင်းဘူးဟု သတင်းတွေထွက်နေခဲ့သည်။
ထို့ကြောင့်
သူမ ရှာ့ရှီရွာကို လိုက်သွားလို့ မရပေ။ မဟုတ်ပါက သူများတွေ သံသယဝင်သွားနိုင်သည်။
ရှီလွေ့နှင့်
လျန်ယို့ရှောင်ကလည်း သနားစရာမျက်နှာပေးလေး
လုပ်ပြခဲ့သည်။ "ဟုတ်တယ် ဒီတစ်ခါတော့ ငါတို့လည်း လိုက်ပြန်လို့မရဘူး။"
သူတို့မိသားစုတွေက
တစ်ချိန်လုံးစောင့်ကြည့်နေတာကြောင့် အရင်တစ်ခါလို ထွက်ပြေးလို့ မရတော့ပေ။
ဖေးယွီကျယ်က
အကောင်းဆုံးဖြစ်သည်။
သူ့တူရဲ့
ကုသမှုကို အကြောင်းပြပြီး ရှာ့ရှီရွာကို လိုက်သွားလို့ရနိုင်သည်။
သို့ပေမယ့်
ဒီကိစ္စပြီးရင်တော့ သူ့ရဲ့ အစောင့်က ပူဆွေးသောက အများကြီးရောက်ရလိမ့်မည်။
သူက ဖေးသခင်မကြီးနှင့်
သခင်မကို အမွှေးတိုင်ပူဇော်ဖို့ အဖော်ပြုပေးရသေးသည်။
ထို့ကြောင့်
သူက ပွဲကြီးပွဲကောင်းကို လွတ်သွားခဲ့သည်။ ရှစ်ချင်းလျို့က ရယ်ရမလား ငိုရမလား မသိတော့ပေ။
"နောက်ပိုင်း ကျွန်မယောက်ျား မြို့တော်မှာတော်ဝင်စာမေးပွဲ လာဖြေရင် ထပ်တွေ့ရမှာပေါ့။"
သူမ ခင်ပွန်းက
ဟန်းဟင်ပညာရပ်သင်ကျောင်းမှာပဲ နေရမလား သို့မဟုတ် တော်ဝင်စာမေးပွဲပြီးမှ ထွက်ခွင့်ရမှာလားတော့
သူမ မသိပေ။
အကယ်၍
သူသာ မြို့တော်မှာ နေမည်ဆိုပါက သူတို့အိမ်တစ်လုံးဝယ်ဖို့ လိုသည်။
အကယ်၍
ထွက်ခွာခွင့်ရမည်ဆိုပါက သူနောက်ထပ်တော်ဝင်စာမေးပွဲဖြေသည့်အချိန်မှာ မြို့တော်မှာ ခြံဝန်းတစ်ခုဝယ်ဖို့
ပိုက်ဆံအလုံအလောက်ရှိလိမ့်မည်။
သူမက
ရှီရုံကို ပြောခဲ့သည်။ "ငါ့မှာ အကုန်လှကုန်ပစ္စည်းအသစ်နဲ့ ထုတ်လုပ်ပုံအသစ်ရှိရင်
နင့်ဆီ နမူနာပို့ပေးလိုက်မယ်။"
ပိုက်ဆံတွေအများကြီး
ပိုရှိလို့ သူမ စိတ်ထဲ မထားပေ။
အလှကုန်ဆိုင်က
ကောင်းကောင်းလည်ပတ်ရမည်။
ရှီရုံက
ချက်ချင်းခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ငါနင့်ကိုစောင့်နေမယ်။"
လျို့လျို့နှင့်အတူတူ
အလှကုန်ဆိုင်ကို စီမံဖို့ သူမလည်း ပြင်ဆင်ထားရမည်။
လျန်ယို့ရှောင်က ပြောခဲ့သည်။
"ဒါဆို နှုတ်ဆက်ပွဲအတွက် စားသောက်ဆိုင်မှာညစာ သွားစားရအောင်။"
ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်ကသဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။"
နန်းတော်တွင်ဖြစ်သည်။
ဘုရင်ကြီးက
သတင်းကို ချက်ချင်းရခဲ့လေသည်။
ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်က ထိုကိစ္စကို ဖုံးကွယ်ထားဖို့ အစီအစဥ်မရှိတာကြောင့် ခန်းမထဲမှာ ရှစ်ချင်းလျို့နှင့်
ကျန်လူတွေပြောသည့်အကြောင်းအရာ အကုန်လုံးကိုပါ သိခဲ့ရလေသည်။
ရှစ်ချင်းလျို့က
ရှောင်ယွမ်ရှစ်ကို "ယောက္ခထီးဟောင်း"ဟုခေါ်သံကြားတော့ သူက လက်ဖက်ရည်ပင်ပြန်ထွက်ကျမတတ်ဖြစ်ခဲ့သည်။
ဒီမိန်းကလေးက
ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား။
နောက်ဆုံး
စာလုံးနှစ်လုံးကမတူညီသည့် အဓိပ္ပာယ်ရှိနေကြောင်း သူခံစားနေရသည်။
သူက ထပ်ငုံ့ကြည့်ခဲ့သည်။
သူက ကြည့်လေလေ
ရယ်ရမလား ငိုရမလားမသိတော့ပေ။
အထူးသဖြင့်
ရှစ်ချင်းလျို့က အပြင်ထွက်ကာ ဇာတ်လမ်းကိုပင် ပြောင်းပြန်လှန်ခဲ့သေးသည်။
သူက ပွဲကြည့်နေသလို
ခံစားလိုက်ရသည်။
ထိုအချိန်မှာ
သူက မိဖုရားခေါင်ကြီးရဲ့ အဆောင်တော်မှာဖြစ်သည်။
သူဖတ်ပြီးသွားတော့
သူမကိုစာရွက်လှမ်းပေးခဲ့သည်။
ထို့နောက်
သူက သက်ပြင်းချခဲ့သည်။ "သူက ဉာဏ်ကောင်းရုံတင်မကဘူး မလောက်လေးမလောက်စား လုပ်လို့ရတဲ့လူလည်း
မဟုတ်ဘူး။"
မိဖုရားခေါင်ကြီးက
ဆိုဖာတစ်လုံးပေါ်မှာ မည်းမှောင်သည့် မျက်နှာဖြင့် ထိုင်နေကာ စာရွက်ကိုယူကာဖတ်လိုက်သည်။
ရှီလွေ့က
နန်ရှီစီရင်စုမြို့က ပြန်လာပြီးကတည်းက လက်သမားဆရာကို ဆိုဖာပြုလုပ်ခိုင်းကာ မိဖုရားခေါင်ကြီးကို
လက်ဆောင်အဖြစ်ဆက်သခဲ့သည်။
မိဖုရားခေါင်ကြီးက
ဆိုဖာကိုအလွန်ကြိုက်ကာ ထိုင်ခုံတွေမှာပင် မထိုင်တော့ပေ။
စာဖတ်ပြီးနောက်
သူမက နူးညံ့စွာ ရယ်ခဲ့သည်။ "ဒီမိန်းကလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။"
သူမက
အချစ်နှင့်အမုန်းကို ကွဲကွဲပြားပြားသိပြီး နှုတ်ရေးကာင်းသည်။
သူမကို
တစ်ခါမှ မမြင်ဖူးသော်လည်း သူမကတက်ကြွမည့် မိန်းကလေးဆိုတာ ခန့်မှန်းနိုင်သည်။
သူမရဲ့မြေးမနှင့်ဆက်ဆံရေးကြောင့်ကော
ပြောင်းစေ့ဆက်သခဲ့ခြင်းကြောင့်ပါ သူမက ရှစ်ချင်းလျို့ပေါ် အမြင်ကောင်းနေသည်။
"ရှောင်ယွမ်ရှစ်ကလည်း
လွန်လွန်းတယ်၊ ဒီမိန်းကလေး မမှားပါဘူး။"
သူမက
စာရွက်ကိုကြည့်ရင်း ရှစ်ချင်းလျို့က ရှောင်ယွမ်ရှစ်ကိုပြောခဲ့သည့်စကားတွေကို အားရနေလေသည်။
မိဖုရားခေါင်ကြီးကလည်း
သေချာပေါက်ကို နှလုံးသားမဲ့သည့် အမျိုးသားတွေကို မုန်းသည်။
သူမ အမေဘက်ကအကူအညီနှင့်သူမရဲ့
အကူအညီကြောင့် မြို့တော်က သခင်လေးအများစုကို အားဖြည့်လာအောင် လုပ်ခဲ့တာမဟုတ်ရင် အရင်မင်းဆက်က
ခချွတ်ယွင်းနေသည့် အရင်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့ဖို့ မလွယ်ပေ။
သို့ပေမယ့်
ထိုမျိုးမစစ်က ဘုရင်ဖြစ်လာပြီး ညီလာခံမှာ ခြေကုပ်မြဲလာပြီးနောက် ကိုယ်လုပ်တော်တွေကို
အလိုလိုက်ကာ ဇနီးကိုပစ်ပယ်ခဲ့သည်။
သူမ မိသားစုက
တပ်အာဏာကို အမြန်ပြန်လွှဲပေးခဲ့ပြီး သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။
ရှင်းထုတ်ခံမခံရအောင်
ထိုမျိုးမစစ် ဘာသက်သေမှာရှာမတွေ့အောင် နေခဲ့သည်။
အရင်မင်းဆက်နောက်
လိုက်ခဲ့သည့်လူအများစုက ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးဖို့ လုပ်ခဲ့ကြသည်။
နန်းတွင်းကအမျိုးသမီးတွေကို
ထိထိရောက်ရောက် အသံတိတ်စေဖို့အတွက် ရာထူးချခြင်း သို့မဟုတ် အေးစက်သည့်နန်းတော်ကို ပို့ခဲ့သည်။
ထို့ကြောင့်
သူမ မိဘဘက်က မိသားစုနှင့် သူမရဲ့သားအတွက် သည်းခံခဲ့သည်။
အရင်ဘုရင်ကြီး
နန်းမတက်ခင်က အပြင်မှာရှိခဲ့သည့် အမျိုးသမီးကို သူနန်းတက်ပြီးနောက် ကြင်ယာတော်မြှောက်ခြင်းကို
ခွင့်ပြုပေးခဲ့ရသည်။
သူမက
နှစ်ပေါင်းများစွာ မောက်မာစွာ၊ ဂုဏ်ယူစွာ နေထိုင်ခဲ့သည်။
အဓိက
အချက်က အရင်ဘုရင်ကြီးက ကောင်းကောင်း သိုဝှက်ထားတာကြောင့် သူ့မှာ အိမ်ထောင်ရှိနေမှန်း
မသိခဲ့ပေ။
သို့မဟုတ်ပါက
သူမ အရင်ဘုရင်ကြီးကိုလက်ထပ်ယူခဲ့မည် မဟုတ်ပေ။
အခုတော့သူမက
တခြားရှုထောင့်က တွေးရုံသာ ကျန်တော့သည်။
သူမရဲ့သားက
ထီးနန်းကို တက်ကာ ဘုရင်ကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။
သူမနှင့်သူမသားက
နောက်ဆုံး အနိုင်ရရှိသူတွေသာဖြစ်သည်။
သို့ပေမယ့်
နယ်စပ်က မြေနေရာမှာ ထိုအမျိုးသမီးနှင့် ပုန်ကန်ချင်နေသည့် အရင်ဘုရင်ကြီးရဲ့သား အတူတူရှိနေတာကို
တွေးမိတော့ အရင်ဘုရင်ကြီးရဲ့အလောင်းကိုဆွဲထုတ်ကာ ရိုက်နက်ပစ်ချင်လာသည်။
ထိုသားအမိကို
ကာကွယ်ဖို့ ထိုမျိုးမစစ်က မသေခင်မှာ သူတို့သားအမိကို ပြဿနာရှာချင်ခဲ့သည်။
ထိုအမျိုးသမီးရဲ့သားကို
ဘုရင်အဖြစ်လျာထားရုံသာမက နယ်စပ်က အရေးကြီးသည့်နယ်မြေကိုပါ ပေးခဲ့သေးသည်။
သူ မသေခင်မှာ
ထိုအမျိုးသမီးကို နယ်စပ်ပို့ဖို့ လူလွှတ်ကာ ကာကွယ်ပို့ဆောင်ပေးခိုင်းခဲ့သေးသည်။
ထိုသားအမိ
သူနဲ့အတူတူ မြှုပ်နှံခံရမှာစိုးရိမ်ခဲ့တာဖြစ်သည်။
ဟမ့်
သူတို့အကုန်သေသွားရင် အရာအားလုံးပြီးသွားပြီဖြစ်ကာ သူမက သူတို့ကို အလွတ်ပေးမှာ မဟုတ်ပေ။
ထိုနေ့ရက်တွေထဲမှာ
ဒုက္ခမျာစွာခံခဲ့ရပြီး သူမ သားက အန္တရာယ်များစွာ ကြုံခဲ့ရသည်။
ထိုအမျိုးသမီးက
သူမ ကိုယ်ဝန်ပျက်ကျအောင် အမျိုးမျိုးလုပ်ခဲ့သဖြင့် သားငယ်လေးကို အချိန်စောစွာ မွေးခဲ့ရသည်။
အခုဆိုရင်
သူမရဲ့ကျန်းမာရေးက မကောင်းတော့သဖြင့် သူမကိုလွှတ်ပေးနိုင်မည် မဟုတ်ပေ။
သူမက
အမြန်အသိစိတ်ကပ်လာကာ ပြုံးကာပြောခဲ့သည်။ "ဒီမိန်းကလေးကအံ့ဖွယ်ပဲ၊ နောက်တစ်ခါ အခွင့်အရေးရှိရင်
သူနဲ့တွေ့ချင်သေးတယ်။"
မိဖုရားခေါင်ကြီးရဲ့
အမူအရာကိုတွေ့တော့ ဘုရင်ကြီးက အတိတ်တွေကို မတွေးဘဲ မနေနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပဲ
သူမ အားရသည့်အမူအရာရှိနေခြင်းအပေါ် မထူးဆန်းတော့ပေ။
ရှောင်ဟန်ကျန့်က
ဇနီးကောင်း ရထားတာဖြစ်၏။
သူကပြုံးကာ
ခေါင်းငြိမ့်ပြခဲ့သည်။ "နောက်တစ်ခါကျရင် ရုံရုံကို နန်းတော်ကို ခေါ်လာခိုင်းပြီး
မယ်မယ်နဲ့ တွေ့ခိုင်းပါ့မယ်၊ သူက သိပ်အံ့သြဖို့ကောင်းတဲ့အမျိုးသမီးပါ။"
***