အခန်း (၂၃၄) - တော်တော်ရွံရှာခြင်း
မြို့တော်က တခြားမိသားစုတွေဟာလည်း ထိုကိစ္စကိုသိသွားခဲ့သည်။
ရှောင်ယွမ်ရှစ်အပေါ် သူတို့ထားသည့်အမြင်က ပိုဆိုးလာခဲ့သည်။
စစ်သူကြီးရှောင်က တကယ် ဘောင်ကျော်သွားပြီ။
ရှောင်ဟနန်ကျန့်နဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်ထားမှတော့ သူ့အိမ်ကိုသွားပြီး သူ့ဇနီးနဲ့ ကွာရှင်ဖို့ သွားပြောစရာ မလိုပါဘူး။
ဒါ့အပြင် သူတို့က ရှစ်ချင်းလျို့ကို မကောင်းသည့်လူဟု မထင်ပေ။
အတိတ်တုန်းကတော့ သူမလို ရွာသူက ဆရာဟုန်ရဲ့တပည့် အခြေခံစာသင်သားနှင့် မတန်ဘူးဟု ခံစားခဲ့ရသည်။
သို့ပေမယ့် သူမက ရှီရုံနှင့် ကျန်သည့်လူတွေနှင့်ပါ ဆက်ဆံရေးကောင်းသည့်အပြင် သူမက ပြောင်းစေ့ဆက်သခဲ့ပြီး သံသန့်စင်ခြင်းနည်းပညာကို ဝေမျှခဲ့သည့် အချိန်ကစ၍ ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်အတွက် ကံကောင်းသည့် အဆောင်ဟုယုံကြည်လာခဲ့သည်။
သူမက ရှောင်ဟန်ကျန့်ကို သတိလစ်ရာမှ နိုးထလာအောင် လုပ်ခဲ့သူဖြစ်ကြောင်းလည်း သူတို့ကြားခဲ့သည်။
ရှောင်ယွမ်ရှစ်က သူ့သားကောင်းစားနေတာကို မမြင်ချင်ဘူးပဲ။
တစ်ဖက်မှာတော့ စစ်သူကြီးရှောင်ကအိမ်ပြန်ရောက်ခဲ့ကာ အလွန်စိတ်ဖိစီးနေပုံပေါ်သည်။
သူထိုင်ပြီးသည့် အချိန်မှာပဲ ကောချွန်းရုက ကြက်စွပ်ပြုတ် ပန်းကန်ဖြင့်ဝင်လာခဲ့သည်။
"စစ်သူကြီးအတွက် ကြက်စွပ်ပြုတ်လေးလုပ်ထားတာ၊ သောက်လိုက်ပါဦး။"
ကောချွန်းရုက ကြက်စွပ်ပြုတ်လုပ်ရတာ သဘောကျကြောင်း သူအသားကျနေပြီဖြစ်သည်။
သူက ပန်းကန်ကိုယူကာ သောက်လိုက်သည်။
သူက ဝတ်ကျေတန်းကျေ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်။"
နေ့တိုင်း ကြက်စွပ်ပြုတ်သောက်ရတာ သူငြီးငွေ့နေပြီဖြစ်သည်။
သူက မနေ့က လျိုရု သူ့ကို ပြုတ်တိုက်ခဲ့သည့်ခိုစွပ်ပြုတ်လေးအကြောင်းကို တွေးမိလိုက်လေသည်။
အရသာက အများကြီး ပိုကောင်းသည်။
ကောချွန်းရုက တစ်ခုခုပြောဖို့ပြင်နေပေမယ့် တုံ့ဆိုင်းနေတာတွေ့တော့ သူက ပြောလိုက်သည်။ "ပြောစရာရှိလို့လား။"
သူမက ခေါင်းငြိမ့်ပြခဲ့သည်။ "ကျွန်မမောင်နဲ့တခြားလူတွေက မနက်ဖြန် မြောက်ပိုင်းနယ်စပ်ကို သွားတော့မှာမလို့ တော်ဝင်သမားတော်ကို သူနဲ့လိုက်သွားစေချင်တယ်။"
ထိုစကားကြားတော့ ရှောင်ယွမ်ရှစ်က အနည်းငယ် စိတ်တိုသွားခဲ့သည်။
စောနလေးတင်မှ သူအလွန်ဒေါသထွက်ထားကာ သွေးအန်ခဲ့သည်။
သူ မပျော်မရွှင်ဖြစ်နေမြင်တာတောင် သူ့ဇနီးက သူ့ကို မစိုးရိမ်ခဲ့ပေ။
ထိုအစား သူ့ကိုမြင်သည်နှင့် သူမ မောင်ရဲ့အကြောင်း ပြောခဲ့လေသည်။
သူက မျက်မှောင်ကြုတ်လိုက်လေသည်။ "တော်ဝင်သမားတော်ရဲ့မိသားစုက မြို့တော်မှာလေ၊ သူမြောက်ပိုင်းနယ်စပ်ကို မသွားချင်လောက်ဘူး။"
ယခုအချိန်မှာ ကောချွန်းရုက သူမ မောင်ကိုသာ စိတ်ထဲရှိနေတာကြောင့် ရှောင်ယွမ်ရှစ်ရဲ့ အမူအရာကို သတိမထားမိခဲ့ပေ။
"သူ့ကို မြောက်ပိုင်းနယ်စပ်ကို သွားနေခိုင်းတာ မဟုတ်ပါဘူး၊ အရင်ဆုံးကျွန်မမောင်နဲ့ လိုက်သွားစေချင်တာ၊ ကျွန်မမောင်ရဲ့ခြေထောက်ပျောက်ကင်းသွားရင် ပြန်လာလို့ရတာပဲ။"
သူမ မောင်ရဲ့ခြေထောက်က ဖြတ်တောက်ကုသပြီးပြီဖြစ်သည်။
သူက ချိုင်းထောင်ကိုအသုံးပြုကာ လမ်းလျှောက်ရသည်။
သို့သော်လည်း လမ်းမှာ တစ်ယောက်ယောက်က သူမမောင်ကို အန္တရာယ်ပြုမှာစိုးနေသည်။
မူလက သူမမောင်ကို နောက်နှစ်အစမှ မြောက်ပိုင်းနယ်စပ်ကို သွားစေချင်ခဲ့သော်လည်း သူမ ခင်ပွန်းက သံဆိုတာပူတုန်းရိုက်သင့်ကြောင်း ပြောခဲ့လေသည်။
သူသွားတာနောက်ကျပါက ရှောင်မိသားစုရဲ့အကြီးဆုံးမြေးကို အပြစ်ရှာဖို့ခက်သွားကာ သူ့နေရာ အစားထိုးဖို့ခက်မည့်အကြောင်း ပြောခဲ့သည်။
သူမက ထိုအကြောင်းကိုတွေးပြီး သဘောတူခဲ့ဖြစ်သည်။
ဒါ့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်က သူမနှင့်မောင်ဖြစ်သူတို့ အပြင်သွားသည့်အချိန်မှာ သူမမောင်က အတန်းဖော်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
သူမမောင်က မြို့တော်မှာ ဆက်မနေချင်တော့ပေ။
ရှောင်ယွမ်ရှစ်ကခေါင်းခါကာ ပြောခဲ့သည်။ "တော်ဝင်သမားတော်က သေချာပေါက် အဲလိုလုပ်မှာ မဟုတ်ဘူး။"
ဟာသပဲ။
ကောချွန်းယီက အပြစ်ကျူးလွန်ခဲ့တာကြောင့် မြောက်ပိုင်းနယ်စပ်ကို အပြစ်ဒဏ်အနေဖြင့် အပို့ခံရတာဖြစ်ပြီး အပျော်ခရီးထွက်တာ မဟုတ်ပေ။
သူသာ သမားတော်ကိုထည့်လိုက်ပါက ဘုရင်ကြီးက မည်သို့ထင်မည်နည်း။
ကောချွန်းရုရဲ့ အမူအရာက ချက်ချင်းမည်းမှောင်သွားတာတွေ့လိုက်တော့ သူက အမြန်နှစ်သိမ့်ခဲ့သည်။ "အတူတူလိုက်သွားဖို့အတွက် မြို့တော်က တခြားသမားတော်ကိုရှာပေးပါ့မယ်။"
အချိန်ကျပါက သူ့မိဘတွေက အိုနေပြီဖြစ်ကာ ခရီးလမ်းမှာ တစ်ခုခုဖြစ်မှာစိုးလို့ သမားတော် ထည့်ပေးလိုက်ရသည့်အကြောင်းပြောရမည်။
ကာချွန်းရုကို နှစ်သိမ့်ရုံသာမက သူက သားသမီးဝတ္တရားကျေပွန်သူဆိုတာပါ အပြင်လူတွေ သိသွားလိမ့်မည်။
ရှောင်သခင်မကြီးနှင့်သခင်ကြီးလည်း စိတ်အေးသွားလိမ့်မည်။
သူတွေးနေတာတွေကို ကောချွန်းရုက မသိဘဲ သူမက မပျော်မရွှင်ဖြစ်နေသည်။
သူမက ရှောင်ယွမ်ရှစ်ရဲ့ရင်ခွင်ထဲအရင်မှီတွယ်လိုက်သည်။ "စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် စစ်သူကြီး။"
သူမက လက်ချောင်းလေးဖြင့် ရှောင်ယွမ်ရှစ်ရဲ့ရင်ဘတ်မှာ စက်ဝိုင်းပုံလေး ရေးဆွဲလိုက်သည်။ "ကျေးဇူးပြန်ဆပ်ပါ့မယ်။"
ဟိုးတုန်းကဆိုရင်တော့ ရှောင်ယွမ်ရှစ်က သူမကို စာဖတ်ခန်းထဲ ပွေ့ချီသွားမည်ဖြစ်သည်။
သို့ပေမယ့်အခုတော့ အစောပိုင်းတုန်းကဖြစ်ခဲ့သည့်ပြဿနာကြောင့် ဒေါသထွက်နေခဲ့ကာ စိတ်မပါပေ။
ထိုအချိန်မှာပဲတံခါးခေါက်သံကြားလိုက်ရလေသည်။
ရှောင်ယွမ်ရှစ်က ခဏလောက်ကြက်သေသေသွားပြီးမှ ပြောခဲ့သည်။ "ဝင်ခဲ့။"
ထို့နောက် လျိုရုက ကြွေကရားအိုလေးယူကာ ဝင်လာတာကို သူတွေ့လိုက်လေသည်။
သူတို့နှစ်ယောက်ကို မြင်လိုက်တော့ လျိုရုက အံ့သြသွားခဲ့သည်။
သူမက အရင်ဦးဆုံး ခါးကိုင်းကာ အရိုအသေပေးနှုတ်ဆက်လိုက်သည်။ "စစ်သူကြီးနဲ့ သခင်မကိုအရိုအသေပေး နှုတ်ဆက်ပါတယ်။"
ထို့နောက် သူမက ဆက်ပြောခဲ့သည်။ "အချိန်ကောင်းကိုနှောက်ယှက်မိလို့ တောင်းပန်ပါတယ် စစ်သူကြီးနဲ့သခင်မ၊ ကျွန်မ အခုပဲ ထွက်သွားပါ့မယ်။"
ကောချွန်းရုရဲ့မျက်နှာက အေးစက်သွားခဲ့သည်။ "နင်ကများ ငါနဲ့ စစ်သူကြီးရှေ့မှာ ကျွန်မ ဆိုတဲ့အသုံးအနှုန်း သုံးရဲတယ်ပေါ့၊ နင်က စည်းမျဥ်းတွေကို မသိဘူးလား။"
လျိုရုရဲ့မျက်နှာက ဖြူဖတ်သွားပြီး နှုတ်ခမ်းထောင့်တွေက တုန်ယင်သွားခဲ့သည်။ "ကျွန်.. ဒီကိုယ်လုပ်တော်က အခုကစပြီး သခင်မကို အနှောက်အယှက်မပေးတော့ပါဘူး၊ ကျွန်မ နေခဲ့တဲ့နေရာကိုပဲပြန်ပါတော့မယ်။"
သူမက သူမကိုယ် သူမ ကိုယ်လုပ်တော် သို့မဟုတ် အစေခံဟုတပ်ရတာကို ရှက်ရွံ့ဟန်ပြုမူခဲ့သည်။
ထိုမြေးခွေးမရဲ့ အမူအရာကိုမြင်တော့ ကောချွန်းရုက ပိုဒေါသထွက်လာခဲ့သည်။ "ဒါဆိုလည်းပြန်လေ၊ နင်ကများအခုထိ ကျွန်မ လို့သုံးနှုန်းရဲသေးတယ်။"
ထို့နောက် သူမနောက်ကအစေခံမလေးကို အမိန့်ပေးလိုက်လေသည်။ "သူ့ကိုသင်ခန်းစာ သွားပေးလိုက်စမ်း။"
သူမက ဒီမြေခွေးမကိုရိုက်ချင်နေတာ ကြာပြီဖြစ်ကာ အခွင့်မကြုံသေးတာဖြစ်သည်။
လျိုရုက နှုတ်ခမ်းကိုက်ကာ မျက်ရည်တွေကျထားပြီး ကံတရားကို လက်ခံဟန်ဖြင့် ခေါင်းငုံ့ထားခဲ့သည်။
သူမက ရှောင်ယွမ်ရှစ်ဆီက အကူအညီ မတောင်းခဲ့ပေ။
အစေခံမလေးက သူမရှေ့လျှောက်လာကာ လက်မြှောက်လိုက်သည့်အချိန်မှာ ရှောင်ယွမ်ရှစ်က ပြောလိုက်လေသည်။ "တော်တော့၊ ငါက ရုအာကို ကျွန်မလို့ သုံးနှုန်းခိုင်းခဲ့တဲ့လူပဲ။"
သူက ကောချွန်းရုကိုကြည့်ကာ ပြောခဲ့သည်။ "သူက သခင်မလေးဘဝနဲ့ သေသားကျခဲ့ပြီလေ၊ မင်းကြောင့်သာ မဟုတ်ရင် သူက တခြားလူနဲ့အိမ်ထောင်ပြုပြီးနေရလောက်ပြီ၊ သူက စစ်သူကြီးစံအိမ်ကို ဝင်ဖို့ဆန္ဒရှိခဲ့တဲ့လူမဟုတ်ဘူး၊ ဒါက အသုံးအနှုန်းလေး တစ်ခုပဲကို၊ ဒီလောက်ထိ အာရုံစိုက်နေစရာမလိုပါဘူး။"
လျိုရုက ခေါင်းမော့ကာ ရောထွေးသည့်ခံစားချက်တွေဖြင့် ရှောင်ယွမ်ရှစ်ကို မော့ကြည့်ဟန်ပြင်ခဲ့သည်။
သူမရဲ့ မျက်ရည်ဝဲနေသည့်မျက်လုံးတွေနှင့် လိမ်းခြယ်ထားသည့် မိတ်ကပ်ပါးပါးပုံစံလေးက သူမကို ပိုသနားချင်စဖွယ်ဖြစ်နေသည်။
သူမက တွန့်ဆုတ်စွာကြည့်ခဲ့သည်။ "ဒါက ကျွန်မ အမှားတွေပါ စစ်သူကြီး သခင်မကိုအပြစ်မတင်ပါနဲ့၊ စစ်သူကြီး ကျွန်မကို ပြန်ပို့လိုက်ရင် သခင်မလည်း ဒေါသထပ်ထွက်ရတော့မှာ မဟုတ်ပါဘူး။"
သူမရဲ့အမူအရာကိုမြင်တော့ ရှောင်ယွမ်ရှစ်ရဲ့နှလုံးသားက နူးညံ့သွားခဲ့သည်။ "မင်းက ငါ့အပိုင်ဖြစ်နေပြီ၊ ပြန်ပို့ရမယ့်အကြောင်း ထပ်မပြောနဲ့တော့။"
လျိုရုက နှုတ်ခမ်းလေးကိုက်ကာ မျက်ရည်ဝဲနေသည့် မျက်လုံးဖြင့်ကြည့်ခဲ့သည်။ "ဒါပေမဲ့ စစ်သူကြီးကိုခက်ခဲအောင် ကျွန်မ မလုပ်ချင်ဘူး။"
ရှောင်ယွမ်ရှစ်က မာထန်သည့်မျက်နှာပေးကို ဟန်ဆောင်ဆင်မြန်းခဲ့သည်။ "မင်းအြောတာကို ငါနားလည်ပေမယ့် ဒီစကားထပ်မပြောနဲ့။"
ထိုအခါမှ လျိုရုက သူ့ကို ထိရှစွာကြည့်ခဲ့လေသည်။ "ဟုတ်ကဲ့။"
ကောချွန်းရုက သူတို့ရဲ့ပြောဆိုနေပုံကိုမြင်တွေ့နေရကာ ရှောင်ယွမ်ရှစ်က ရုအာ လို့ခေါ်လိုက်တော့ သူမက ဒေါသထွက်ကာ ကိုယ်တိုင်ပင်သွားသတ်ပစ်ချင်နေလေသည်။
သူမက စက်ဆုပ်ရွံရှာနေသည်။
ရှောင်ယွမ်ရှစ်က သူမကိုတောင် ဒီလို တစ်ခါမှ မခေါ်ဖူးခဲ့ပေ။
သူမကို ချွန်းရု ဟုခေါ်ကာ ရံဖန်ရံခါသာ သခင်မ ဟုခေါ်တတ်သည်။
သို့ပေမယ့် ဒီမြေခွေးမကိုတော့ ရုအာ ဟုခေါ်ခဲ့သည်။
နာမည်ဟာလည်း ရွံရှာဖို့ကောင်လှသည်။
မိန်းမပျက် ထောင်လျိုက သူမကို ရွံရှာစေချင်လို့ လျိုရုဟု တမင်နာမည်ပေးတာဖြစ်မည်။
ရှစ်ချင်းလျို့က ထောင်လျိုကို တမင်သက်သက် လျိုရုဟု နာမည်ပေးခဲ့တာကို သူမ မသိခဲ့ပေ။
ကောချွန်းရု ရည်ရွယ်ချက်ကိုတော့ ခန့်မှန်းနိုင်ခဲ့သည်။
ဒါဟာ သူမကို ရည်ရွယ်ချက်ရှိရှိ စက်ဆုပ်ရွံရှာအောင်လုပ်တာဖြစ်သည်။
ကောချွန်းရုရဲ့ မျက်လုံးတွေကနီရဲကာ ရှောင်ယွမ်ရှစ်ကို မေးခဲ့သည်။ "စစ်သူကြီးက ကျွန်မကို အပြစ်တင်နေတာလား။"
ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ "မင်းအမှား မဟုတ်ပါဘူး၊ လျိုရုနဲ့ဖြစ်တဲ့မတော်တဆမှုကတော့ မင်းကြောင့်ဖြစ်ခဲ့တာလေ၊ ကိုယ်က တစ်နေကုန် အပြင်မှာအလုပ်ရှုပ်နေတာ၊ ပြန်လာတဲ့အချိန် မင်းတို့နှစ်ယောက်တည့်နေတာပဲမြင်ချင်တယ်၊ ဒေါသမထွက်ကြပါနဲ့တော့။"
ဒီမတော်တဆက ကောချွန်းရုရဲ့အမှားဖြစ်သည်။
အကယ်၍ သူမက လျိုရုရဲ့ ဂုဏ်သိက္ခာကို မဖျက်စီးခဲ့ပါက သူ့အမေကလည်းဝင်ရှုပ်ကာ လျိုရုကို ကိုယ်လုပ်တော်အဖြစ်ခေါ်လာမည် မဟုတ်ပေ။
ကန်းနေတာလား ကျွန်မတို့ကဘယ်လိုလုပ်တည့်နိုင်မှာလဲဟု ကောချွန်းရုနှင့်ထောင်လျိုက တွေးလိုက်လေသည်။
ကောချွန်းရုက မေ့လဲမတတ်ဒေါသထွက်နေကာ ပြန်မချေပနိုင်လို့ ရင်ထဲဆို့နင့်နေခဲ့သည်။
ထိုနေ့က ထောင်လျိုနှင့် ပက်ပင်းတိုးမိခဲ့တာကိုပင် သူမ တကယ်နောင်တရနေပြီဖြစ်သည်။
သူမကို ဒီမိန်းမပျက်ကို စစ်သူကြီးစံအိမ်ကို ကိုယ်လုပ်တော်အဖြစ် ဝင်ခိုင်းစေမိခဲ့သည်။
ကိုယ့်ခြေထောက်ကို ခဲနှင့်ပစ်မိသည့်ခံစားချက်က တော်တော်လေး မခံမရပ်နိုင်ဖြစ်ရသည်။
တစ်ချိန်တည်းမှာပဲ ရှောင်ယွမ်ရှစ်ကိုလည်း မကျေမနပ်ဖြစ်လာခဲ့သည်။
အကယ်၍ သူမက စိတ်လိုက်မာန်ပါ လုပ်ခဲ့ရင်တောင် သူက ထောင်လျိုကို အဝေးပို့ပစ်နိုင်စွမ်းရှိသည်။
ထောင်လျိုက မိသားစုကောင်းတစ်ခုကို လက်ထပ်ချင်ခဲ့တာ မဟုတ်လား။ သူက ကူညီစီစဥ်ပေးလို့ရတာပဲ။
သူ့ကိုအိမ်ထဲပေးဝင်ပြီး ထိတွေ့ခဲ့မှတော့ သူ့မှာ ရည်ရွယ်ချက်မရှိတာကို သူမ မယုံပေ။
အခုတော့ သူမကိုပင် လာအပြစ်တင်နေသေးသည်။
သူမက တွေးလေလေ ပိုဒေါသထွက်လာခဲ့သည်။
မျက်ရည်တွေက စတင်စီးကျလာခဲ့လေသည်။
***