Ch 235
Viewers 33k

အခန်း (၂၃၅) - ဒီလောက်လေးနဲ့ ဂနာမငြိမ်ဖြစ်နေပြီမလား


အရင်ကသာဆိုရင်တော့ ရှောင်ယွမ်ရှစ်က သူ့ဇနီးငိုသည်နှင့် နှစ်သိမ့်ပေးမည်ဖြစ်သည်။


သို့သော် သူက ဒီနေ့တော့ စိတ်ကြည်မနပေ။


ငိုကြွေးသံကိုကြားတော့ သူက ပိုပြီစိတ်တိုလာခဲ့သည်။


"တော်တော့ ငိုမနေနဲ့တော့။"


သူက လက်မြှောက်ကာ ကောချွန်းရဲ့ မျက်ရည်တွေကို သာမာန်ကာလျှံကာ သုတ်ပေးခဲ့သည်။ "မင်း ချွန်းယီကို အထုပ်အပိုးပြင်ပေးရဦးမှာ မဟုတ်လား၊ သွားလုပ်ပေးလိုက်တော့လေ။"


ရှင်က ကျွန်မကိုမောင်းထုတ်နေတာလားဟု ကောချွန်းရုက တွေးလိုက်လေသည်။


သူမက ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တောင် အောင့်လာခဲ့ရသည်။


သူမက ခေါင်းမော့ကာ သူ့ကို မကျေမနပ်ကြည့်ခဲ့သည်။ "အရင်တုန်းက ရှင်ပြောခဲ့တဲ့ စကားတွေကိုမေ့သွားပြီလား။"


သူ့ဘဝမှာ သူမတစ်ယောက်တည်းသာ ရှိရမည်ဖြစ်ပြီး ကျန်သည့် မိန်းမတွေကို မထိဘူးဟုပေးခဲ့သည့် ကတိဖြစ်သည်။


အခုတော့ စကားတွေကလေနှင့်အတူပါသွားကာ ကတိလည်း မတည်ခဲ့ပေ။


ထိုအချင်းအရာကိုမြင်တော့ သူက အလွန်မချင့်မရဲဖြစ်သွားခဲ့သည်။ "ဒါတွေက ငါဆန္ဒရှိခဲ့တာတွေလား၊ ဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲဆိုတာ မင်းမတွေးတော့ဘူးလား။"


သူကစိတ်မရှည်မှုကို မျိုသိပ်ကာ ပြောခဲ့သည်။ "ချွန်းရု ငါဒီနေ့ ဒေါသထွက်နေလို့ ငါ့ကို ပြဿနာမရှာနဲ့။"


သူ့ရဲ့စိတ်မရှည်သည့် မျက်နှာကိုမြင်တော့ ကောချွန်းရုက လက်သည်းဖြင့်မျက်နှာကို ကုတ်ပစ်ချင်နေသည်။


သူမက အားနှင့်ပြေးသွားမည့်အချိန်မှာပဲ စာဖတ်ခန်း တံခါးခေါက်သံကြားလိုက်ရလေသည်။


ထို့နောက် တံခါးပွင့်သွားခဲ့လေသည်။


ရှောင်ယွမ်ရှစ် လှည့်ကြည့်လိုက်တော့ ကောချွန်းရုရဲ့ညီမ တံခါးနားမှာရပ်နေတာကို တွေ့လိုက်လေသည်။


သူမက အရင်ဆုံး ရှောင်ယွမ်ရှစ်ကို အရိုအသေပေး နှုတ်ဆက်ခဲ့သည်။ "ခဲအိုကို နှုတ်ခွန်းဆက်သပါတယ်၊ ကိစ္စလေးရှိလို့ အစ်မကို လာရှာတာပါ။"


သူမက အချိန်ကိုက်ရောက်လာတာပဲဟု ရှောင်ယွမ်ရှစ်က တွေးလိုက်လေသည်။ 


သူက ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြပြီးနောက် ကောချွန်းရုကို ကြည့်ခဲ့သည်။


သူမက မတ်တပ်ထရပ်ပြီး လက်ကိုင်ပဝါဖြင့် မျက်ရည်တွေသုတ်လိုက်လေသည်။


ကောချွန်းရုက ဒေါသတွေကို မျိုချလိုက်လေသည်။ "ဒါဆိုကျွန်မတို့ ညီအစ်မ အဆောင်ကို အရင်ပြန်နှင့်မယ်။"


သူမ မကျေမနပ်ဖြစ်နေသည့် မျက်နှာကိုတွေ့တော့ ရှောင်ယွမ်ရှစ်ရဲဲ့ နှလုံးသားလေး အနည်းငယ် နူးညံ့သွားခဲ့သည်။


ဘာပဲဖြစ်ဖြစ် သူမက သူတကယ်သဘောကျသည့် အမျိုးသမီးဖြစ်သည်။


သူက သူမလက်ကိုဆွဲခဲ့သည်။ "စိတ်မပူပါနဲ့၊ ခဏနေရင် ချွန်းယီအတွက် ဆေးဆရာသွားရှာပေးမယ်၊ ချွန်းယီ ခရီးသွားဖို့ သွားပြင်ဆင်ပေးလိုက်ဦး။"


ထိုအခါမှ ကာချွန်းရုက အနည်းငယ် သက်သောင့်သက်သာဖြစ်သွားခဲ့သည်။ "ကောင်းပြီ။"


ထောင်လျိုရဲ့အနားက ဖြတ်သွားသည့်အချိန်မှာ သူမက အေးစက်စွာကြည့်လိုက်သည်။


သူမမျက်လုံးတွေသာ လူသတ်နိုင်ပါက ထောင်လျို အကြိမ်များစွာ အသတ်ခံနေရလောက်ပြီဖြစ်သည်။


ထောင်လျိုက သူမကို စိုးရိမ်အပြစ်မကင်းသည့် အကြည့်တွေဖြင့်ကြည့်ခဲ့ကာ ခါးကိုင်းအရိုအသေပင်ပေးခဲ့သည်။ "ဂရုစိုက်ပြန်ပါ သခင်မ။"


သူမကရင်ထဲမှာတော့ လှောင်ပြောင်နေခဲ့သည်။


ဒီလောက်လေးနဲ့တောင် ဂနာမငြိမ်ဖြစ်နေပြီလား။


ရှစ်ချင်းလျို့ ပြောခဲ့တာ တကယ်မှန်တာပဲ။


ကောချွန်းရုက ရှောင်ယွမ်ရှစ်ကို သဘောကျကာ ဂရုစိုက်တာကြောင့် ရှောင်ယွမ်ရှစ်ကိုသာ ကောင်းကောင်းရန်စနိုင်ပါက ကောချွန်းရုက စိတ်ခံစားချက်တွေ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။


ထောင်လျို လိုချင်တာက စစ်သူကြီးစံအိမ်ဖြစ်သည်။


သူမက ရှောင်ယွမ်ရှစ်အပေါ်မှာ ခံစားချက်မရှိသလို ဂရုလည်းမစိုက်ပေ။


ထို့ကြောင့် သူမက ဒါကို ဆင်ခြင်တုံတရားဖြင့် စီမံနိုင်သည်။


ထို့နောက် သူမက ကောချွန်းရုရဲ့အမူအရာပြောင်းသွားတာကို မြင်ခဲ့သည်။


ဒီအကွက်က သိပ်မိုက်တာပဲဟု သူမကတွေးလိုက်လေသည်။


ကောချွန်ရုက သူမကို သတ်ချင်နေပေမယ့် ဘာမှမလုပ်နိုင်တာကို ကြည့်ရတာ သူမ သဘောကျသည်။


ကောချွန်းရုရဲ့ ညီမက ကောချွန်းရုရဲ့ မျက်နှာထက်က ဒေါသထွက်သည့်အမူအရာကိုမြင်တော့ သူမက အမြန်လေး ကောချွန်းရုကို သွားတွဲခေါ်ခဲ့သည်။


"အစ်မ အရင်ဆုံး ဒုတိယအစ်ကိုရဲ့အထုပ်အပိုးတွေ သွားပြင်ရအောင်။"


ထိုအခါမှ ကောချွန်းရုက ထောင်လျိုဆီက အကြည့်ပြန်ရုတ်သိမ်းကာ သူမ ညီမနှင့် ထွက်သွားခဲ့သည်။


ထွက်သွားပြီးနောက် ကောချွန်းရုရဲ့ညီမက သက်ပြင်းချခဲ့သည်။ "အစ်မ ထောင်ချောက်ထဲအကျခံပြီး ဒေါသမထွက်နဲ့၊ အစ်မသာခဲအိုကို ဒေါသထွက်ပြီး ပါးရိုက်လိုက်ရင် ခဲအိုက အစ်မကိုတွန်းထုတ်ပစ်လိမ့်မယ်၊ အဲအခါကျရင် လျိုရုက အခွင့်အရေးရသွားမှာ၊ အစ်မက ပထမဇနီးဖြစ်ပြီး သူက ကိုယ်လုပ်တော်လေ၊ အဆင့်အတန်းအရ အစ်မ သူ့ကို လုံးဝ ထိန်းချုပ်လို့ရတယ်၊ ဘာလို့ ဒေါသထွက်နေမှာလဲ၊ အစ်မက သူ့ကို ချွဲပြီး ပြန်အရယူရမှာ၊ အချိန်ကျရင် ခဲအိုက အစ်မဘက်က ရပ်တည်လိမ့်မယ်၊ လျိုရုကို လာတွေကြောက်နေတာလဲ။"


သူမ အစ်မက အလွန်စိတ် မရှည်ပေ။


ကောချွန်းရုက ညီမဖြစ်သူရဲ့စကားကိုကြားပြီးနောက် အကျိုးအကြောင်းဆီလျော်ကြောင်း ခံစားမိလိုက်လေသည်။


စောနက ရှောင်ယွမ်ရှစ် စိတ်အဆင်မပြေတာကို သူမသိခဲ့ပေမယ့် မကူညီနိုင်ခဲ့ပေ။


ရှောင်ယွမ်ရှစ်က သူမကို ဆက်ဆံသလို တခြားအမျိုးသမီးကိုဆက်ဆံနေတာတွေ့တော့ သူမ ရူးမတတ်ဒေါသထွက်သွားခဲ့သည်။


သူမ ဘာလုပ်နိုင်မည်နည်း။


သူမ ညီမ ပြောသည့်အတိုင်းသာလုပ်ရန်ကျန်သည်။


သူမက ခေါင်းငြိမ်းပြခဲ့သည်။ "သိပြီ နင့်ခဲအိုကို ငါ့ဘက်ပါအောင်ပြန်ဆွဲရမယ်။"


သူမ ညီမက ပြုံးခဲ့သည်။ "မှန်တယ်။"


သူမက ချော့ပြောခဲ့သည်။ "ဒုတိယအစ်ကို မြောက်ပိုင်းနယ်စပ်မှာ ထောက်ပံ့နိုင်ပြီး ကျွန်မလည်း ဒုတိယမင်းသားနဲ့လက်ထပ်ပြီးရင် အစ်မကို ထောက်ပံ့ပေးမယ်။"


ထိုစကားကြားတော့ ကောချွန်းရုက ရင်ထဲမှာ သက်သောင့်သက်သာ ခံစားလိုက်ရလေသည်။


ရှောင်ယွမ်ရှစ်ကို အားကိုးစရာမလိုပေ။


သူမမှာ မောင်လေးနှင့် ညီမလေးရှိသေးသည်။


သူမက ညီမဖြစ်သူရဲ့လက်ကို ပုတ်ပေးခဲ့သည်။ "နင်တို့က သိပ်ကြင်နာတာပဲ၊ နင့်ခဲအိုက ဒုတိယမင်းသားနဲ့ သဘောတူညီမှုယူပြီးပြီကြားတယ်၊ နောက်နှစ်လကြာရင် နေ့ကောင်းရက်မြတ်ရွေးပြီး မင်္ဂလာဆောင်ပေးလိမ်ြမယ်။"


သူမညီမရဲ့ မင်္ဂလာပွဲနှင့် ပတ်သက်ကာ သူမ စိုးရိမ်နေဆဲဖြစ်သည်။


ကောချွန်းယီးက ရှက်ရွံစွာ ခေါင်းငြိမ့်ခဲ့သည်။ "ဟုတ်ကဲ့။"


သူမ ဒုတိယမင်းသားကို လက်ထပ်ရသည့်အကြောင်းအရင်းက အဆင့်အတန်းနှင့်ဂုဏ်သတင်းလိုချင်ရုံအပြင် ချောမောပြီး သာမာန်မဟုတ်သည့်အမျိုးသားကို သဘောကျလို့ဖြစ်သည်။


စာဖတ်ခန်းထဲတွင်ဖြစ်သည်။ 


ရှောင်ယွမ်ရှစ်က လျိုရုကို လက်ဝေ့ယမ်းပြလိုက်သည်။ "ဒါက ကိုယ့်အတွက် စွပ်ပြုတ်လား။"


လျိုရုက ကြွေခရားအိုးဖြင့် လျှောက်လာခဲ့သည်။ "စွပ်ပြုတ် မဟုတ်ပါဘူး၊ မနေ့ညသန်းခေါင်ကြီး စစ်သူကြီးရဲ့ ချောင်းဆိုးသံကြားလို့ အဆုတ်ကို ရေဓာတ်ဖြည့်ပေးအောင် သစ်တော်သီးအရည်ပြုတ်လာပေးတာပါ။"


သူမက စားပွဲပေါ်က ပန်းကန်လုံးကိုကြည့်ပြီး လှည့်ကွက်တချို့ထုတ်သုံးခဲ့လေသည်။ "သခင်မက လုံ့လဝီရိယရှိပြီး တစ်လှမ်းကြိုရောက်နေမယ်မှန်းသိရင် ကျွန်မရဲ့ အချိန်တွေကို မဖြုန်းခဲ့ပါဘူး။"


ရှောင်ယွမ်ရှစ်က ကျိချွဲနေသည့် ကြက်စွပ်ပြုတ်ကိုတွေးပြီးနောက် အနည်းငယ် မသက်မသာဖြစ်သွားခဲ့သည်။


ကောချွန်းရုက ဝတ်ကျေတန်းကျေလုပ်ကြောင်း သူလည်းခံစားမိသည်။


သူ့ချောင်းဆိုးသံကြားတော့ လျိုရုက သစ်တော်သီးအရည်ကျိုပေးဖို့သိခဲ့သည်။



"သူက သူ့စိုးရိမ်စိတ်နဲ့သူ၊ မင်းက မင်းရဲ့စိုးရိမ်စိတ်နဲ့မင်းလေ၊ သဘောထားကွဲလွဲနေဖို့ မလိုဘူး။"


သူက လျိုရုကို သစ်တော်ကြီးအရည်ငှဲ့ခိုင်းပြီး ချက်ချင်းသောက်လိုက်သည်။


သူက အနည်းငယ်နေရထိုင်ရကောင်းသွားခဲ့လေသည်။


သူမက သူ့ကို အရင်နှစ်သိမ့်ခဲ့သည်။


သူမ မျက်လုံးတွေက စိုးရိမ်မှုတွေပြည့်နေပေမယ့် ဘောင်မကျော်ချင်ဟန်တူနေသည်။


ထိုအချင်းအရာက ရှောင်ယွမ်ရှစ်ကို အလွန်အမင်း စိတ်ကြည်နူးစေခဲ့သည်။


သူမရဲ့ အလိုက်သိမှုနှင့် နူးညံ့မှုကိုတွေးမိတော့ ရင်ထဲကဒေါသတွေကို ဖြည်ချချင်ခဲ့သည်။


ထို့ကြောင့် သူက သူမကို စာဖတ်ခန်းထဲက အခန်းထဲ ပွေ့ခေါ်သွားခဲ့လေသည်။ 


ကောချွန်းရုက ကောချွန်းယီကို အထုတ်ပြင်ပေးပြီး အဆောင်ကိုပြန်ရောက်တော့ ရှောင်ယွမ်ရှစ်ကို မတွေ့သဖြင့် အစေခံမလေးဖြင့် သွားခေါ်ခိုင်းခဲ့သည်။


သို့ပေမယ့် စစ်သူကြီးကစာဖတ်ခန်းထဲမှာ လုပ်စရာရှိလို့ ပြန်မလာဘူးဟူသော စကားကို အစေခံမလေးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်တင်ပြတာကို ကြားလိုက်ရလေသည်။


ရှောင်ယွမ်ရှစ် ဘာလုပ်တာလဲဆိုတာ သူမ မသိဘဲ မနေပေ။


သူမက ဒေါသထွက်ကာ အခန်းထဲကပစ္စည်းတွေအကုန် ရိုက်ခွဲပစ်ခဲ့သည်။


သူမက စာဖတ်ခန်းထဲပြေးဝင်ပြီး ခွေးစုံတွဲကို ရ်ိုက်ပစ်ပြီး မြေခွေးမ ထောင်လျိုရဲ့မျက်နှာကို ဖြတ်တောက်ပစ်ချင်နေသည်။


နောက်ဆုံးတော့ သူမက အိပ်ရာထဲသာ ဝင်ငိုခဲ့လေသည်။


သူမက တစ်ညလုံးမအိပ်ခဲ့ပေ။


နောက်နေ့ကျတော့ ကောချွန်းရုက ကောချွန်းယီကို နီရဲဖူးရောင်သည့် မျက်လုံးများဖြင့် လိုက်ပို့ခဲ့သည်။ 


ထိုအချင်းအရာကိုမြင်တော့ ရှောင်သခင်မကြီးရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "တမင်လုပ်နေတာလား၊ ငါတို့က သွားတော့မယ့်အချိန်မှာ နင်က ငိုထားလို့ မျက်လုံးတွေရောင်နေတာ၊ ငါတို့ကို ကျိန်စာတိုက်နေတာလား။"


ခရီးသွားမည့်အချိန်မှာ မိသားစုတွေကို မငိုခိုင်းရသည့် ဓလေ့ သူတို့ရွာမှာရှိသည်။ မဟုတ်ပါက ကံဆိုးတတ်သည်။


သူမရဲ့ မူလက ကြည်သာနေသည့် စိတ်က ထိုတိရိစ္ဆာန်မကြောင့် ပျက်စီးသွားခဲ့သည်။ "ငါတို့ကိုက ကံဆိုးတာ။"


ကောချွန်းရုက ဆွံ့အနေခဲ့သည်။ ဒီစောက်အဖွားကြီး တမင်သက်သက် အပြစ်ရှာနေတာ။


ထွက်သွားတော့မှာမလိုဘဲ ကံကောင်းတာပေါ့။


မဟုတ်ပါက ဒေါသထွက်ကာ မေ့လဲရနိုင်သည်။


ကောချွန်းရုရဲ့မျက်လုံးတွေ ရောင်နေတာကို ရှောင်ယွမ်ရှစ်တွေ့တော့ သူလည်း အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့သည်။


ကောချွန်းယီက ကြိုးစင်တက်ရတာ မဟုတ်ဘဲနဲ့ သူ့ဇနီးက ဘာကြောင့် ဒီလောက် မခွဲနိုင်မခွာရက်ဖြစ်နေရသနည်း။


ထို့ကြောင့် သူက ကောချွန်းရုကိုကာမပြောပေးဘဲ ရှောင်သခင်မကြီးကိုသာ ချော့လိုက်လေသည်။ "အမေ စိတ်မတိုပါနဲ့တော့၊ အမေတို့နဲ့လိုက်ဖို့ သမားတော်ရှာထားပေးတယ်၊ နေရထိုင်ရတာ မကောင်းရင် သူ့ကိုပြောနော်။"


ထို့နောက် သူက ကောချွန်းယီကို ကြည့်ခဲ့သည်။ "မင်းကောပဲ ခြေထောက် အဆင်မပြေတာရှိရင် သမားတော်ကိုကြည့်ခိုင်းလိုက်။"


သူ့စကားကိုကြားတော့ ကောချွန်းရုက အစက ကြက်သေသေသွားခဲ့သည်။


သူ့မောင်အတွက် သမားတော်ရှာပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အဖွားကြီးကို ကူပေးဖို့ဖြစ်သွားတာလဲ။


ရင်ကိုဓားဖြင့်ထိုးလိုက်သလို ခံစားလိုက်ရလေသည်။


သို့ပေမယ့် ရှောင်ယွမ်ရှစ်ရဲ့ နောက်ဆက်တွဲစကားက သူမကို စိတ်သက်သာရာ ရသွားစေခဲ့သည်။


ဒုတိယ အကြိမ်တွေးလိုက်တော့ အဓိပ္ပာယ်ရှိသည်။


အကယ်၍ သူမ မောင်အတွက် သမားတော်ငှားပေးကြောင်း ပြောလိုက်ပါက ရှောင်သခင်မကြီးနှင့် ကျန်သည့်လူတွေက အလွန်မနာလိုဖြစ်ကြလိမ့်မည်။


ထို့နောက် သူမ မောင်လေးကို အပြသ်ရှာနိုင်သည်။


သူမခင်ပွန်းကစဥ်းစားတွေးခေါ်တတ်ကာ သူမကိုဂရုစိုက်သေးသည်။


သူ့စိတ်တွေ သူမဆီပြန်ပါလာအောင် ဆွဲဆောင်ပြီး ခွေးမ ထောင်လျိုကို လူသူမရှိသည့်အခန်းမှာ နေတိုင်းနေပြီး ငိုယိုရအောင် လုပ်ပစ်မည်။


ရှောင်သခင်မကြီးက သူမသားရဲ့စကားကိုကြားတော့ ပြုံးခဲ့သည်။ "ငါ့သားက သိတတ်လိုက်တာ။"


တကယ်တော့ ကောချွန်းရုက ကောချွန်းယီအတွက် သမားတော်ငှားခိုင်းထားကြောင်း လျိုရုဆီကနေ သူမ ကြားပြီးသားဖြစ်သည်။


သူမက ရင်ထဲကနေ ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုကို ကျိန်ဆဲနေသော်လည်း မဖော်ပြခဲ့ပေ။


ဘာပဲဖြစ်ဖြစ် သူ့မောင်အပေါ်ကို ဒေါသပုံချလို့ရတာပဲ ဟမ့်။


ထို့နောက် ရှောင်သခင်မကြီးတို့နှင့် ကောချွန်းယီက  မြောက်ပိုင်းနယ်စပ်ဆီထွက်ခွာဖို့ မြင်းရထားလုံး အသီးသီးပေါ် တက်သွားခဲ့သည်။


တစ်ဖက်က ရှောင်ယွမ်ရှစ်နှင့် ရှောင်ဟန်ကျန့်ကလည်း နန်ရှီစီရင်စုမြို့ကိုပြန်ဖို့ မြင်းရထားလုံးပေါ် တက်သွားခဲ့သည်။ 

***