အခန်း (၂၃၇) - အလွန်ရက်စက်လွန်းလှသည်
သူတို့က ခဏလောက် စကားပြောခဲ့သည်။
ရှစ်ချင်းလျို့က ပိုင်ရွှီကို မေးခဲ့သည်။ "ကျွန်မတို့မြို့တော်သွားတုန်း ဝူမိသားစုက ကျွန်မ ယောက္ခမနဲ့အလုပ်ရုံကို ပြဿနာရှာသေးတာလား။"
သူမ မေးခွန်းကို ပိုင်ရွှီက မအံ့သြခဲ့ပေ။ "ရှစ်မိသားစုရဲ့စတုတ္ထသားက အစ်ကိုရှောင်ကို အကြောက်ကံခဲ့တဲ့ မတော်တဆမှုကိုသုံးပြီး ဝူမိသားစုကိုခြိမ်းခြောက်ပြီး ဝူမိသားစုအိမ်မှာ အောင်မြင်စွာနေနိုင်ခဲ့တယ်လေ၊ ဒါ့အပြင် ရှစ်သခင်မကြီးတို့ကလည်း ဝူမိသားစုရဲ့အိမ်ကို မကြာခဏသွားနေတာကြောင့် ဝူမိသားစုက ကမောက်ကမတွေဖြစ်နေခဲ့တယ်၊ မင်းတို့ မြို့တော်ကိုသွားတော့ သူတို့က လွတ်ပေါက်ရှိပြီဆိုပြီး လူငှားပြီး အလုပ်ရုံက ထုတ်လုပ်ပုံတွေကို ခိုးခိုင်းခဲ့တယ်၊ ခိုးရတဲ့အဓိက အကြောင်းအရင်းကတော့ အဲ့တာကို သတင်းပေးဖို့အနေနဲ့သုံးချင်လို့လေ၊ ဝူမိသားစုကမုဆိုးဖိုတစ်ယောက်ရှာပြီး မင်းရဲ့ယောက္ခမကို ဆွဲဆောင်ခိုင်ပြီး ဂုဏ်သတင်း ပျက်စီးချင်တာ၊ အကယ်၍ မင်းရဲ့ယောက္ခမသာ အဲလိုလူနဲ့ အဆက်အဆံရှိနေတာကို လူတွေသိသွားရင် သူ့ဂုဏ်သတင်းပျက်စီးမှာလေ၊ အဲ့တာက မင်းယောက်ျားရဲ့ ဂုဏ်သတင်းကိုပါငြိစွန်းမှာ။"
သူက ခဏလောက်နားပြီး ဆက်ပြောခဲ့သည်။ "သူတို့က အစ်ကိုရှောင်အတွက် ပထွေးရှာပေးဖို့လုပ်နေတာ။"
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။
ပိုက်ရွှီက ချက်ချင်း သူ့ရဲ့ကျေးဇူးတွေကို ဖော်ပြခဲ့သည်။ "ငါက မတော်တဆ အဲသတင်းကိုသိသွားတော့ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့တာ၊ ပြီးတော့ ရှာ့ရှီရွာကို ငါ့လူတွေကိုခွဲပြီးတာဝန်ပေးပြီး ထုတ်လုပ်ပုံကိုခိုးယူချင်နေတဲ့အကြောင်း ရွာသူကြီးကို ကြိုပြီး သတိပေးခိုင်းခဲ့တယ်၊ မုဆိုးဖိုကြီးအကြောင်းတော့ မပြောခဲ့ဘူး၊ အဲ့တာကြောင့် မင်းတို့ရွာက လူတွေကသူ့ကို ထုတ်လုပ်ပုံခိုးမယ့်သူခိုးလိုဆက်ဆံပြီး စီရင်စုမြို့တရားရုံးကို ပို့လိုက်တာ။"
သူက ကောင်းမှုလုပ်ခဲ့တာကြောင့် နာမည်ကောင်းချန်ရမည်။
ရှောင်ဟန်ကျန့်က သူ့မျက်လုံးထဲက အေးစက်မှုတွေကို ချုပ်ထိန်းပြီး ပိုင်ရွှီကို လက်သီးလက်ဝါးပုံလက်ပူးပြခဲ့ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူကို မှတ်ထားပါ့မယ်။"
ဝူမိသားစုက ဒီလိုစက်ဆုပ်ရွံရှာဖို့ကောင်းသည့်အရာကို လုပ်ဖို့တွေးလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
သူက သူ့မိသားစုကို ကာကွယ်ဖို့ လူတွေငှားထားခဲ့သော်လည်း ပိုင်ရွှီရဲ့စကားကိုကြားတော့ သူကြောက်မိနေသေးသည်။
အကယ်၍ ထိုကိစ္စသာ တကယ်ဖြစ်ခဲ့ပါက သူ့အမေရဲ့ စိတ်နေစိတ်ထားဖြင့်ဆိုပါက သေချာပေါက် ကိုယ့်ဘာသာကိုယ် သတ်သေသွားနိုင်သည်။
ပိုင်ရွှီက လက်ဝေ့ယမ်းပြခဲ့သည်။ "မလိုပါဘူး၊ ငါတို့က သူငယ်ချင်းတွေပဲလေ၊ မင်းအမေက ငါ့အတွက် လူကြီးသူမပါပဲ၊ မတော်တဆ သိခဲ့ရတော့ ငါလည်း လျစ်လျူမရှုနိုင်ဘူးလေ။"
ရှစ်ချင်းလျို့ရဲ့မျက်နှာက မည်းမှောင်နေခဲ့သည်။ "ဝူမိသားစုက သိပ်အားနေပုံပဲ၊ မကောင်းတာကိုပဲလုပ်ချင်နေတယ်။"
ဒီလှုပ်ရှားမှုကတော့ တော်တော်ရက်စက်လွန်းသည်။
သူမက ခဏလောက်တွေးပြီးနောက် ပိုင်ရွှီကို ပြောခဲ့သည်။ "ရှင်မြို့တော်မှာနေမလား ဒါမှမဟုတ် ကျွန်မတို့နောက်လိုက်ပြီး ကမ္ဘာကြီးကိုစူးစမ်းမလားဆိုတာ ကျွန်မ ယောက်ျားစာမေးပွဲ ပြီးတဲ့အထိစောင့်ပြီးမှ ဘာလို့ မဆုံးဖြတ်တာလဲ။"
ပိုင်ရွှီက မြို့တော်ကိုသွားကာ ပိုင်မိသားစုရဲ့ စီးပွားရေးကို ချဲ့ထွင်ချင်တာဖြစ်သည်။
ပိုင်ရွှီက ပြုံးကာ ပြန်ဖြေခဲ့သည်။ "အကယ်၍ ငါက ကမ္ဘာကြီးကိုစူးစမ်းရှာဖွေမယ်ဆိုရင်တောင် မင်းတို့နောက်ကို လိုက်ဦးမှာပဲ။"
ဘာကြောင့်မှန်း မသိပေမယ့် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်နောက်ကိုလိုက်ခြင်းက သူ့ကို ပိုကောင်းသည့်အနာဂတ်ပေးမည်ဟု ခံစားနေရသည်။
သူ့က သူ့ခံစားချက်တွေကို ယုံကြည်သည်။
ရှစ်ချင်းလျို့က ရယ်ခဲ့လေသည်။ "ကျွန်မတို့ကို ယုံကြည်ပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒါက ရှက်ဉာဏ်ကောင်းကြောင်းသက်သေပြတာပဲ။"
ပိုင်ရွှီက တော်တော်လေး ရဲတင်းကာ အမြင်ကောင်းရှိသည်။
ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။
သူသာ သူတို့ကို မယုံကြည်ရင် ဉာဏ်မကောင်းဘူးဆိုတဲ့ သဘာလား။
သူက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။"
ရှစ်ချင်းလျို့က မေးခဲ့သည်။ "ဝူမိသားစုက ကျွန်မတို့ မိသားစုကို ပြဿနာရှာတာအပြင် တခြားဘာတွေလုပ်ထားသေးလဲ။"
ပိုင်ရွှီကပြန်ဖြေခဲ့သည်။ "တရားသူကြီးမော့ သူတို့ကို အပြစ်မရှာနိုင်အောင်လို့ အလုပ်ကိစ္စတချို့ကို ဖုံးဖိဖာထေးခဲ့တယ်၊ ဥပမာအားဖြင့် အတိုးများများနဲ့ငွေချေးပြီး လူကုန်ကူးတာမျိုးပေါ့။"
ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "သူတို့က လူကုန်လည်းကူးတယ်ပေါ့။"
ပိုင်ရွှီက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် မကြာခင်ကမှ ငါလည်းသိတာ၊ ဝူမိသားစုက ကလေးနဲ့အမျိုးသမီးတွေကို အဓ္ဓမခေါ်ဆောင်တဲ့ ပြန်ပေးဆွဲသူတစ်အုပ်နဲ့ ပူးပေါင်းနေပြီး သူတို့က ဝူမိသားစုရောင်းချရအောင် ပေးတာ၊ ဝူမိသားစုက အဲလူတွေကို နန်ရှီစီရင်စုမြို့မှာ မရောင်းဘူး၊ နိုင်ငံတချို့ကစီရင်စု မြို့တော်တွေမှာရောင်းတာ။"
ရှစ်ချင်းလျို့က မျက်လုံးမှေးကျဥ်းခဲ့သည်။ "တရားသူကြီးမင်းမော့ ဒီအကြောင်း သိလား။"
ပိုင်ရွှီက ခေါင်းခါပြခဲ့သည်။ "ဒါတော့မသေချာဘူး၊ ဒါပေမဲ့ ပိုင်မိသားစုက သိပ်ဉာဏ်နီဉာဏ်နက်များတယ်၊ သူတို့နဲ့ အဲပြန်ပေးဆွဲတဲ့အုပ်စုရဲ့ဆက်ဆံရေးက အရမ်းသိုသိပ်တယ်၊ ငါတို့မှာ သက်သေမရှိဘဲနဲ့ သူတို့က ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ စွပ်စွဲလို့မရဘူး၊ ဝူမိသားစုက လူကုန်ကူးခြင်းကို တရားဝင်လုပ်ဖို့နည်းလမ်းလည်း ရှာနေတယ်၊ အဲ့တာကို ကြားခံလူကနေလုပ်တာ။"
သူက ထပ်ပြောခဲ့သည်။ "ငါ့မှာ သိပ်မကြာခင်က ကလေးပြန်ပေးဆွဲခံလိုက်ရတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်၊ သူက ငါ့ဆီက အကူအညီလာတောင်းခဲ့တာ၊ ငါလည်း လူလွှတ်ပြီး စုံစမ်းကြည့်လိုက်တော့ အဲ့တာက ဝူမိသားစုနဲ့ ပတ်သက်နေတာကို သိခဲ့ရတယ်။"
သူက သက်ပြင်းချကာ ပြောခဲ့သည်။ "ဒါပေမဲ့ သက်သေမရှိဘူးလေ၊ သဲလွန်စ အနည်းငယ်လောက်နဲ့ ဝူမိသားစုကို ဘာမှ လုပ်လို့မရဘူး။"
သူက ရှစ်ချင်းလျို့ကို သတိပေးခဲ့သည်။ "ဟုတ်သားပဲ ဝူမိသားစုက မြို့တော်ကိုပြောင်းတော့မှာ၊ ငါတို့သူတို့ကိုဆွဲချမယ်ဆိုရင် နန်ရှီစီရင်စုမြို့မှာရှိတုန်းလုပ်တာ အကောင်းဆုံးပဲ။"
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရှင်က ဝူမိသားစုကိုဆွဲချဖို့ ကျွန်မတို့လက်တွေကိုအသုံးချပြီး ရှင့်မိတ်ဆွေရဲ့ ကလေးကိုပြန်ရအောင် ကူညီပေးမလို့လား။"
မဟုတ်ပါက သူက သူတို့ကို ဒီလောက်အများကြီး ပြောပြနေမည်မဟုတ်ပေ။
ပိုင်ရွှီက ဟန်မလုပ်ပေ။ သူက အမှန်အတိုင်း ဝန်ခံရုံသာမက ချီးကျူးမှုပင်ပြုခဲ့သေးသည်။ "မင်းကသိပ်ဉာဏ်ကောင်းတာပဲ။"
ပိုင်မိသားစုက စီးပွားရေးရှင်တွေဖြစ်ကာ သူတို့ရဲ့အားတောင့်သည့် နောက်ခံကမြို့တော်မှာရှိနေတာဖြစ်သည်။
ထို့ကြောင့် သူတို့ရဲ့ပြိုင်ဘက် ဝူမိသားစုကို ရှင်းထုတ်နိုင်ဖို့ဆိုတာ မလွယ်ပေ။
သို့သော် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က မတူပေ။
သူတို့မှာ ဝူမိသားစုနှင့် ရန်ငြိုးကြီးရှိထားကာ အကူအညီတောင်းလို့ရသည့် ပြင်ပအားများစွာရှိသည်။
ဝူမိသားစုသာ ကောင်းရောင်းကောင်းဝယ်လုပ်စားကာ မျှမျှတတယှဥ်ပြိုင်ပါက သူဆွဲချဖို့တွေးမည် မဟုတ်ပေ။
သို့သော် ဝူမိသားစုက စီရင်စုအုပ်ချုပ်ရေးမှူးကို မှီခိုကာ နိုင်လိုမင်းထက်ပြုမူပြီး မောက်မာလှသည်။
မကြာမီက နိုင်ငံတချို့ကစီရင်စုမြို့တော်တွေက ပိုင်မိသားစုရဲ့ စီးပွားရေးက အလွန်ဖိနှိပ်ခံခဲ့ရကာ ပြဿနာပင် တမင်အရှာခံခဲ့ရသည်။
ဆိုင်ခန်းတွေ တစ်ဝက်ကျော်လောက်ပိတ်ခဲ့ရကာ အကြီးအကျယ်ဆုံးရှုံးမှုများခဲ့သည်။
သူက ထပ်ပြောခဲ့သည်။ "ငါကူညီနိုင်တာရှိသရွေ့တော့ ထောက်ပံ့ပေးမှာပေါ့။"
ထိုအချိန်မှာ ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "မင်းသိသမျှ ငါတို့ကိုပြောပြ၊ ကျန်တာစိတ်ပူစရာ မလိုဘူး။"
သူက မူလက တော်ဝင်စာမေးပွဲဖြေပြီးမှ ဝူမိသားစုနှင့် သူတို့ရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးကို ဆွဲချဖို့ စီစဥ်ခဲ့သည်။
ထိုအချိန်တုန်းက မော့ချင်းလင်က နန်ရှီစီရင်စုမြို့မှာ တစ်နှစ်ကျော်နေခဲ့သည်။ သူ့ရဲ့ သံသတ္ထုရိုင်းနှင့် တခြားထောက်ပံ့ပေးမှုတွေနှင့် အိမ်ရှေ့စံရဲ့ အရည်အချင်းဖြင့် နောက်ကွယ်က စီမံပေးခဲ့တာတွေက သူက စီရင်စုအုပ်ချုပ်ရေးမှူးဖြစ်ဖို့ အခွင့်ကောင်းရှိသည်။
ဝူမိသားစုက သူ့အမေကိုပစ်မှတ်ထားခဲ့သည်။
သူတို့က အလွန်ရက်စက်လွန်းလှသည်။
မှန်းထားသည့်အချိန်ထက် ကြိုစောကာ ဆွဲချချင်တာလည်း မဆန်းတော့ပေ။
"စိတ်မပူနဲ့၊ ငါရှာတွေ့တာတွေ့ယူလာခဲ့တယ်။"
ရှောင်ဟန်ကျန့် အလွန်စိတ်တိုနေတာကို ပိုင်ရွှီသိသည်။
နူးညံ့ခြင်း၊ ရည်မွန်ခြင်းနှင့်ဖြောင့်မတ်ပုံရသည့် ဒီသခင်လေးက သိပ်ပြီး အကျင့်ယုတ်တတ်တာ သူသိသည်။
ရှစ်ချင်းလျို့လို လူနှင့် သဟာဇတဖြစ်ကာ ချစ်ခင်ကြင်နာနိုင်ဖို့ဆိုတာ စာဂျပိုးဖြစ်ရုံဖြင့် မဖြစ်နိုင်ပေ။
ရင်ဘတ်ထဲက စာအိတ်ကိုထုတ်နေသည့် ရှောင်စစ်ကို သူက ကြည့်လိုက်သည်။
သူက ထိုစာအိတ်ကိုယူပြီး ရှောင်ဟန်ကျန့်ကို လက်လွှဲပေးလိုက်သည်။ "အကုန်လုံးဒီထဲမှာရှိတယ်၊ ငွေဖြူငွေမည်းလုပ်ခြင်းနဲ့ လူကုန်ကူးခြင်းက အဲဒီစီရင်စုအုပ်ချုပ်ရေးမှူးနဲ့သက်ဆိုင်မယ်လို့ သံသယရှိတယ်၊ ပြည်တွင်းအစိုးရကို ကျော်ဖြတ်ပြီး ဝူမိသားစုက လူကုန်ကူးတာဆိုတော့ တစ်ယောက်မှမပါဝင်တာတော့ မဖြစ်နိုင်ဘူး။"
ရှောင်ဟန်ကျန့်က စာအိတ်ကို ယူလိုက်သည်။ "သေချာတာပေါ့၊ မဟုတ်ရင် အဲဒီကိုယ်လုပ်တော်က စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ဝူမိသားစုကို မျက်နှာသာပေးပြီး ကူညီခိုင်းမှာ မဟုတ်ဘူး။"
အကျိုးအမြတ်က သိပ်များလို့ သူတို့က ဝူမိသားစုကို ကူညီကာ ကာကွယ်ပေးခြင်းဖြစ်မည်။
သူက ပိုင်ရွှီကို မေးခဲ့သည်။ "ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြထားဘူးမလား။"
ပိုင်ရွှီကခေါင်းခါပြခဲ့သည်။ "မင်းနဲ့မင်းမိန်းမကိုပဲ ပြောပြတာ။"
ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့၊ အပြင်ကို ပေါက်ကြားသွားရင် မင်းလည်း အန္တရာယ်များတယ်။"
ဝူမိသားစုက နောက်ကွယ်မှာ ဓားပြတွေနှင့် ပူးပေါင်းကြံစည်နေတာ သူသိသည်။
သူတို့က လူသတ်မှုများစွာကို ကျူးလွန်ပြီး ပစ္စည်းတွေကို လုပြေးခဲ့ကြသည်။
ရှောင်ဟန်ကျန့်ရဲ့ အတည်ပေါက်မျက်နှာထားကြောင့် ပိုင်ရွှီက သူ့မိသားစုကို ပြောပြမည့် အစီအစဥ် ဖျက်သိမ်းလိုက်လေသည်။ "ကောင်းပြီ ငါစကားနားထောင်ပါ့မယ်။"
***