အခန်း (၂၄၀) - မှန်တယ်
ထိုညမှာပဲ ရှစ်ချင်းလျို့က အမေရှောင်ရဲ့အခန်းကို သွားခဲ့လေသည်။
သူမ အခန်းထဲဝင်လိုက်တော့ ပန်းနံ့သင်းသင်းလေးရခဲ့လေသည်။
ထိုရနံ့က သူမ အမေရှောင်ကိုပေခဲ့သည့် လာဗင်ဒါပန်းနံ့လေးဖြစ်သည်။
သိပ်မဝေးသည့် သစ်သားစင်လေးပေါ်က အိုးလေးတွေထဲမှာ ပန်းပင်လေးတွေရှိနေသည်။
အခန်းတစ်ခုလုံးကာ နွေးထွေးပြီး တမူထူးခြားကာ သက်သောင့်သက်သာရှိသည့် ပတ်ဝန်းကျင်ကို ပေးစွမ်းနေသည်။
ရှောင်ယွမ်ရှစ်က ဒီလိုကြင်နာတတ်ပြီး အကျင့်သီလကောင်းမွန်သည့် ပထမဇနီးကို ဘာကြောင့်စွန့်ပစ်ခဲ့မှန်း တကယ်ကို မတွေးနိုင်ပေ။
အမေရှောင်က သူမ ထိုးနေသည့် သိုးမွေးထည်ကိုချလိုက်သည်။ "လျို့လျို့၊ ဘာသောက်မလဲ၊ ပန်းလက်ဖက်ရည် သောက်မလား။"
ရှစ်ချင်းလျို့ ပန်းလက်ဖက်ရည် ဖျော်ပြခဲ့ကတည်းက အမေရှောင်က အများကြီးကြိုက်သွားခဲ့တာဖြစ်သည်။
သူမကိုယ်တိုင်ပင် ပန်းလက်ဖက်ရည်အိတ်လေးတွေပင် လုပ်ထားသေးသည်။
ရှစ်ချင်းလျို့က ထိုင်လိုက်သည်။ "ဟုတ်ကဲ့။"
အမေရှောင်က လက်ဖက်ရည်တစ်ခွက်ကို ပျော်ပျော်ရွှင်ရွှင်လုပ်ပြီးနောက် ရှစ်ချင်းလျို့ကို ကမ်းပေးလိုက်သည်။ "ပြောစရာတစ်ခုခုရှိလို့လား။"
ပုံမှန်အားဖြင့် သူမ ချွေးမက သူမ အခန်းကိုလာတာရှားသည်။
ရှစ်ချင်းလျို့က လက်ဖက်ရည်ခွက်ကိုယူပြီး လက်ထဲကိုင်ထားလိုက်သည်။ "ဟုတ်တယ် အမေ့ကို ပြောစရာရှိလို့။"
အမေရှောင်က သူမကို နူးညံ့စွာကြည့်လိုက်သည်။ "ပြောပါ။"
ရှစ်ချင်းလျို့က သွယ်ဝိုက်မနေဘဲ မကြာခင်က ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုနှင့် ပတ်သက်သည့် ကိစ္စရပ်တွေအကုန် ပြောပြခဲ့လေသည်။
ကောချွန်းရုက အမျိုးသမီးတစ်ယောက်လွှတ်ကာ ရှောင်ဟန်ကျန့်ကို မြူဆွယ်ခိုင်းပြီး ရှောင်မိသားစုကို ကမောက်ကမလုပ်ဖို့ ခိုင်းခဲ့သည့်အကြောင်းပါ ပြောပြခဲ့သည်။
ထို့ကြောင့် သူတို့က ထိုအမျိုးသမီးကို ရှောင်ယွမ်ရှစ်ဆီပြန်ပို့ပြီး ရှောင်မိသားစုဟောင်းကို အားပေးအားမြောက်ပြုပြီး စစ်သူကြီးစံအိမ်ကို ရုတ်ရုတ်သဲသဲဖြစ်အောင် ပြန်လုပ်ခဲ့ကြောင်း ပြောခဲ့သည်။
နောက်ဆုံးတော့ ကောချွန်းရုနှင့် ဝူမိသားစုက သူမကို ကြံစည်ချင်ခဲ့ကြောင်း ပြောပြခဲ့သည်။
ထိုစကားတွေကြားတော့ အမေရှောင်ရဲ့ မျက်နှာက ဖြုဖတ်သွားပြီး မျက်လုံးတွေက ဒေါသတွေဖြင့် ပြည့်နေခဲ့သည်။
"သူတို့က ဘာလို့ ဒီလောက်တောင် ယုတ်မာရက်စက်ရတာလဲ။"
အမေရှောင်ရဲ့ မျက်လုံးတွေက နီရဲသွားခဲ့သည်။
သူမက ရှစ်ချင်းလျို့ရဲ့လက်လေးကို ဆုပ်ကိုင်ခဲ့သည်။ "လျို့လျို့ သမီးလည်း အများကြီး ခံစားခဲ့ရမှာပဲ၊ အဲမျိုးမစစ်ကောင်က လူ မဟုတ်ဘူး၊ အလကားအဖေ၊ ရှေ့လျှောက်သူနဲ့တွေ့တဲ့အခါ ယဥ်ကျေးစရာမလိုဘူး။"
ကောချွန်းရု သူမကို ကြံစည်ဖို့ ကြိုးစားခဲ့တာကို သူမ ဒေါသ မထွက်ပေ။
သို့ပေမယ့် သူမ ခင်ပွန်းဟောင်းနှင့်မယားငယ်မက သူမ သားနှင့်ချွေးမကို ကြံစည်ကြောင်း ကြားရသည့်အခါမှာတော့ သူမ အလွန်ဒေါသထွက်ခဲ့သည်။
ကမ္ဘာပေါ်မှာ ဘာကြောင့် ဒီလောက်အရှက်မဲ့သည့် လူတွေ ရှိနေလဲဆိုတာ သူမ မသိတော့ပေ။
ရှစ်ချင်းလျို့က သူမလက်ကို ဆုပ်ကိုင်ခဲ့သည်။ "အမေ အဲဒီဆန်ကုန်မြေလေး ဒေါသထွက်ပြီး သွေးအန်အောင် ကျွန်မ လုပ်ခဲ့ပြီးပါပြီ၊ အနာဂတ်မှာ မြို့တော်ကိုသွားတဲ့အခါကျရင်လည်း သူတို့ကို သင်ခန်းစာပေးဖို့ အခွင့်အရေးအများကြီးရှိတယ်။"
အမေရှောင်က ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "သွေးအန်တာကောင်းတယ်၊ အဲဆန်ကုန်မြေလေးနဲ့ထိုက်တန်တယ်။"
အကယ်၍ ဟိုးတုန်းကဆိုရင်တော့ သူမ ဒီစကပြောမည် မဟုတ်ပေ။
သို့သော် ရှစ်ချင်းလျို့ရဲ့ ထိန်းချုပ်မှုအောက်နှင့် အလုပ်ရုံတွေဆီက လက်မှုပညာသင်ယူခဲ့ခြင်းကြောင့် သူမက ပြောင်းလဲသွားခဲ့သည်။
သူမ ယောက္ခမက သူတို့ထင်ထားတာထက် အများကြီး ပိုသန်မာကြောင်း ရှစ်ချင်းလျို့ သိသွားခဲ့သည်။
သို့သော် ဒုတိယအကြိမ် ပြန်တွေးကြည့်တော့ အဓိပ္ပာယ်ရှိသည်။
ဟိုးတုန်းက သူမက အလွန်အားနည်းတာကြောင့် အနိုင်ကျင့်ခံခဲ့ရသည်။
သို့သော် ကလေးသုံးယောက်အတွက် ကလေးတွေ တရားမဝင်ကလေး မဖြစ်စေဖို့အတွက် သူမက အရင်ဆုံး ကွာရှင်းခွင့်တောင်းခဲ့သည်။
အိမ်ကနှင်ချခံပရပြီးနောက် သူမ သားကြီးက သတိလစ်သွားခဲ့သည်။
သူမက တာဝန်တွေကို ပုခုံးထမ်းကာ မိသားစုကို ထောက်ပံ့ခဲ့ရသည်။
အမေရှောင်က နူးညံ့ကြင်နာတတ်သည်ကလွဲရင် အပြင်ကမြက်တွေလို ကျားကုပ်ကျားမြဲဖြင့် ကြံ့ကြံ့ခံကာ အလျော့မပေးတတ်ပေ။
"ဆန်ကုန်မြေလေးအဖေနဲ့ အဲမိန်းမ ကျွန်မတို့ကို ကြံစည်မှာ မကြောက်ပါဘူး၊ ကျွန်မတို့က အမေတို့ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။"
ရှစ်ချင်းလျို့က သူမလက်ကို ဆုပ်ကိုင်ထားကာဆက်ပြောခဲ့သည်။ "ဒါပေမဲ့ ကျွန်မတို့ ဂရုမစိုက်မိတဲ့အချိန် အမေ့ကို နာကျင်အောင်လုပ်မှာစိုးတာ၊ ဒါကြောင့် စဥ်းစားပြီးတဲ့နောက်မှာတော့ ဒီကိစ္စတွေကို အမေ့ကိုပြောပြဖို့ ကျွန်မတို့ လင်မယား ဆုံးဖြတ်ခဲ့တာ။"
အမေရှောင်က နူးညံ့ပေမယ့် မတုံးအပေ။
သူမက ခပ်ဖွဖွပြုံးခဲ့သည်။ "စိတ်မပူပါနဲ့၊ အတိတ်တုန်းက အမေသည်းခံခဲ့တာ များပြီ၊ အခု အမေ့ရဲ့နေ့ရက်တွေကပိုကောင်းမွန်လာပြီ၊ အဲဒီရွံဖို့ကောင်းတဲ့နှစ်ယောက် အမေ့ကို မထိစေရဘူး၊ ချင်းလျို့ မနက်ဖြန်ကစပြီး အမေ သမီးတို့နဲ့လေ့ကျင့်မယ်။"
သူမသားနှင့် သမီးက ကာကွယ်ပေးနိုင်မှာကို သူမ ယုံကြည်သော်လည်း သူမက ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်ချင်ပေ။
ဒါ့အပြင် သူမ ချွေးမ ပြောခဲ့တာကို တွေးနေမိသည်။
သူမက စနောက်ဟန်တူနေသည်။
အနာဂတ်မှာ သူမ ဒေါသဖြေဖို့အတွက် ထိုအယုတ်တမာလင်မယားကို ပါးရိုက်လို့ရကြောင်း သူမ ချွေးမက ပြောခဲ့တာဖြစ်သည်။
ဟိုးတုန်းကဆိုရင်တော့ သူမက ဟာသလို့ ယူဆလိုက်မှာဖြစ်ပေမယ့် အခုတော့သူမရဲ့လက်က တကယ်ယားနေသည်။
သူမကို အနိုင်ကျင့်တာ ရပေမယ့် သူမသားနှင့် ချွေးမကိုတော့ အထိမခံနိုင်ပေ။
ဒါက သူမရဲ့ အဓိက အချက်ဖြစ်သည်။
အနာဂတ်မှာ သူမကိုယ်သူမ ကာကွယ်လာနိုင်ပါက ထိုဆန်ကုန်မြေးနှစ်ယောက်အပေါ် ဒေါသဖြေဖို့ အခွင့်အရေးရှာမည်။
ရှစ်ချင်းလျို့က သူမ ယောက္ခမကို ကြည့်လိုက်သည်။ သူမက မျက်လုံးတွေနီနေပေမယ့် ဆုံးဖြတ်ချက်တွေခိုင်မာနေသည်။
အမေတွေက သန်မာကြောင်း လူတွေပြောခဲ့တာလည်း မဆန်းတော့ပေ။
သူမက ပြုံးကာ ပြောခဲ့သည်။ "ကောင်းပြီ အမေ သေချာလေ့ကျင့်ရမယ်၊ အနာဂတ်မှာ ကျွန်မတို့ မြို့တော်ကိုသွားတဲ့အခါ အဲဒီဆန်ကုန်မြေလေးအဖေရဲ့ ခွေးခေါင်းကို အမေ ချေမွနိုင်ရမယ်။"
အမေရှောင်က ရယ်လိုက်လေသည်။ "ဟုတ်တယ် သူ့ခွေးခေါင်းကို ချေမွပစ်မယ်။"
တွေးကြည့်ရုံဖြင့်ပင် နေရထိုင်ရကောင်းနေသည်။
သူမက ရုတ်တရက်တုံ့ပြန်လိုက်သည်။ "အမေတို့က မြို့တော်ကိုသွားရမယ်လို့ပြောတာလား။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့ ကျွန်မ ယောက်ျားက တော်ဝင်စာမေးပွဲဖြေမှာလေ၊ အနာဂတ်ကျရင် သူမြို့တော်မှာနေတာဖြစ်ဖြစ်၊ တခြားနယ်မြေမှာ တာဝန်ကျတာဖြစ်ဖြစ်၊ နန်ရှီစီရင်စုမြို့ကို ပြန်မလာနိုင်ရင် ရွာက အမေတို့ကို စိတ်ပူနေရမှာပေါ့၊ ကျွန်မတို့ မိသားစုက စုစုစည်းစည်းနေသင့်တယ်၊ ကျွန်မတို့ ဘယ်သွားသွား အတူတူသွားကြမယ်။"
ဒါဟာ သူမနှင့်သူမခင်ပွန်း တွေးထားသည့်အရာဖြစ်သည်။
ထိုစကားကြားတော့ အမေရှောင်ရဲ့ နှလုံးသားလေးနွေးထွေးသွားခဲ့သည်။
သူမက မေးခဲ့သည်။ "ရွာက အလုပ်ရုံတွေကျတော့ ဘယ်လိုလုပ်မလဲ။"
"သူများကိုအုပ်ချုပ်နိုင်မယ့် အကျင့်စာရိတ္တကောင်းမွန်တဲ့ အမျိုးသမီးအနည်းငယ်ကို အမေရှာလိုက်လေ၊ အခုကစပြီး သူတို့ကို လက်သပ်ပျိုးထောင်ပေးပြီး နောက်တော့ အလုပ်ရုံတွေလက်လွဲပေးတာပေါ့။"
အမေရှောင်က ကြက်သေသေသွားခဲ့သည်။ "အမေလုပ်ရမှာလား။"
ဒီလိုကိစ္စကြီးကို ဆုံးဖြတ်ခိုင်းဖို့အထိ သူမ ချွေးမက သူမအပေါ် ရည်မှန်းချက်ကြီးနေသည်။
ရှစ်ချင်းလျို့က သူမ အတွေးတွေကို မသိဘဲ မနေပေ။
"အမေက အမြင်ကောင်းရှိတာပဲ၊ အဆင်ပြေမှာပါ။"
အမေရှောင်က ရယ်ရမလားငိုရမလား မသိတာ ့ပေ။ "အမေသာ အမြင်ကောင်းရှိရင် ဟိုးတုန်းကတည်းက အဲဆန်ကုန်မြေလေးကို ကြိုက်ခဲ့မိမှာ မဟုတ်ဘူး။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "အမေက ယောက်ျားတွေကိုပဲ မမြင်တတ်တာလေ၊ အခု အမျိုးသမီးတွေကိုကျတော့ မြင်တတ်တယ်၊ အခုပဲကြည့်ပါက အမေက အမြင်ကောင်းရှိတော့ ရှောင်ဟန်ကျန့်ကို ကျွန်မနဲ့ လက်ထပ်ပေးခဲ့တယ်လေ၊ မဟုတ်ရင် သူက အခုချိန်ထိ လူပျိုဖြစ်နေမှာပေါ့။"
အမေရှောင်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ဒီလိုဆိုတော့လဲ မှန်သားပဲ။"
"ဒါဆိုလည်း ကြိုးစားကြည့်လိုက်မယ်။" သူမ ချွေးမကယုံကြည်မှတော့ သူမ ကြိုးစားကြည့်ရမည်။
နောက်ဆုံးတော့ သူမ လျှောက်လမ်းရတော့မည်။
မကြာသေးခင်က သူမ တွေးမိခဲ့သည်။
အကယ်၍ သူမသားသာ အလယ်တန်းနှင့် အထက်တန်းစာမေးပွဲဖြေခဲ့ပါက သူ့အနာဂတ်ကအကန့်အသတ်မဲ့သွားပြီဖြစ်သည်။
သူမသားနှင့်ချွေးမ မနိမ့်ကျရအောင်လို့ သူမ အရင်လိုပျော့ညံ့လို့ မရပေ။
သူမ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမည်။
ရှစ်ချင်းလျို့က ပြုံးကာ သဘောတူခဲ့သည်။ "ကောင်းပြီ။"
ဒါက အမေရှောင်ရဲ့ကောင်းသည့်အချက်ဖြစ်သည်။
သူမက အငယ်တွေရဲ့စကားကိုနားထောင်ပြီး အထက်ဆီးကနေ မဆက်ဆံပေ။
ထို့နောက် ရှစ်ချင်းလျို့က ပန်းလက်ဖက်ရည်ကိုသောက်ပြီး အလုပ်ရုံခန့်ခွဲပုံတွေကို သင်ကြားပေးခဲ့သည်။
ဥပမာအားဖြင့် လုပ်နိုင်စွမ်းရှိသည့် ကူဖော်လှောင်ဖက်တွေကို ဘယ်လိုကူညီပေးရမည်နှင့် မန်နေဂျာတွေရဲ့အကျိုးအမြတ်တွေကို တစ်ယောက်ချင်းစီ ဘယ်လိုချည်နှောင်ရမလဲဆိုတာ သင်ပြပေးခဲ့သည်။
အမေရှောင်က စိတ်ဝင်တစား နားထောင်နေခဲ့သည်။
သူမက သူမချွေးမပြောတာတွေကို စာရွက်နှင့်စုတ်တံထုတ်ကာပင် ချမှတ်ခဲ့သေးသည်။
သူမက သူမ မိဘအိမ်မှာနေတုန်းက တရုတ်စာလုံးရေးနည်းတချို့ကို သင်ယူခဲ့ကာအခု ပိုကောင်းလာပြီဖြစ်သည်။
သူမက လက်ရေးမလှသော်လည်း အကုန်ချရေးနိုင်ခဲ့သည်။
ရှစ်ချင်းလျို့က ၂နာရီလောက်ကြာပြီးမှ ပြန်သွားခဲ့သည်။
ထိုအချိန်တွေမှာပဲ ရှောင်ဟန်ကျန့်က ရှောင်အာ့လန်ရဲ့ အခန်းထဲနေပြီး ထိုကိစ္စတွေကို ပြောပြနေခဲ့သည်။
ရှောင်အာ့လန်ကို ဘယ်လိုပြုမူနေထိုင်သင့်ကြောင်းလည်း သင်ကြားပေးခဲ့သည်။
ရှစ်ချင်းလျို့က ခဏလောက်တွေးပြီးနောက် သူမ ယောက်မရဲ့အခန်းထဲသွားခဲ့သည်။ သူမက အမေရှောင်ကိုပြောပြခဲ့သလို အဓိကအချက်တွေရွေးထုတ်ကာ ပြောပြခဲ့သည်။
သူမက သူမယောက်မကို တုံးတုံးအအလူအဖြစ် ပျိုးထောင်မည့်အစား ထက်ထက်မြက်မြက်ရှိအောင် ပျိုးထောင်ချင်သည်။
ထိုစကားတွေကြားပြီးနောက် ရှောင်ပိုင်လီက ဆွံ့အသွားခဲ့သည်။
သူမက ထိုလောက် အရှက်မဲ့သည့်အဖေနှင့် ယုတ်မာသည့်မယားငယ်ရှိမည်ဟု မထင်မိခဲ့ပေ။
သူမက အလွန်ကို မချိမခံဖြစ်နေသည်။
တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ သူမအစ်ကိုနှင့်ယောက်မ မနိမ့်ကျအောင် သူမ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့လေသည်။
သူမ အစ်ကိုနှင့်ယောက်မကို အန္တရာယ်ပြုဖို့ ဆန်ကုန်မြေလေးအဖေလင်မယား အခွင့်အရေးပေးမည် မဟုတ်ပေ။
မနက်ဖြန်ကရင် သူမရဲ့ တိုက်ခိုက်ရေးပညာရပ်ကို အရှိန်မြင့်ကာလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
အနာဂတ်မှာ ထိုအမျိုးသမီးကို တွေ့ပါက အခွင့်အရေးရှာကာ ဂုံနီအိတ်ထဲ ထည့်ပစ်မည်။
သူမ ယောက်မမှာ ဒီလောက်ထိ ရဲရဲတောက်သည့် အကြံရှိမယ်မှန်း ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။
အကယ်၍ တကယ်လုပ်ခဲ့ရင် သူမကထောက်ပံ့ပေးရုံသာမက ဂုံနီအိတ်ပါကမ်းပေးမည့်လူဖြစ်သည်။
***