အပိုင်း ၄၉.၂
Viewers 13k

Chapter 49.2




သူ့အသံက အလွန်နက်နဲနေပြီး ယီဟွေ့က ခေတ္တမျှ တုန့်ဆိုင်းသွား၏။ သို့သော်လည်း မည်သည့်အယ်လ်ကိုဟောလ်အနံ့မှ မရပေ။



 ကျိုးကျင်ဟမ့်က အရက်မူးမနေမှတော့ ဒါက ဘယ်လို စိတ်ဆိုးမှုမျိုးများလဲ။

"ငါမင်းနဲ့ ဘာမှလုပ်စရာရှိမနေဘူး"

ယီဟွေ့က သူ့ကိုကြည့်လိုက်ပြီး...

"သဘောတူညီချက်ထဲမှာ မင်းကိုသတင်းပို့ရမယ်လို့ မပါဘူး"


သူသည်လည်း ဒေါသထွက်တတ်ပါသည်။ သူ့ကို ကျိုးကျင်ဟမ့်က ဤနေရာသိူ့ ခေါ်လာပြီး အကြောင်းပြချက်မရှိ ချုပ်နှောင်ထားခဲ့သည်။သူ့ရင်ထဲတွင်လည်း နာကြည်းမှုတို့ ရှိနေသည်ပင်။ ယခု သူက နားမလည်နိုင်အောင်မေးလာသည့်အခါ ယီဟွေ့လည်း ကြာကြာတိတ်မနေနိုင်တော့ပေ။



ရင်းနှီးနေသော တိုးဖွဖွရယ်သံအား ကြားလိုက်ရရုံမျှဖြင့် ယီဟွေ့က အခွင့်အရေးယူကာ ကျိုးကျင်ဟမ့် ဖမ်းဆုပ်ထားသောလက်ကို လွတ်အောင်လုပ်လိုက်သည်။ သူ့အား ဆုပ်ကိုင်ထားသည့်လက်က ရုတ်တရက် ပိုမိုဖျစ်ညှစ်ကာ တင်းကြပ်လာမည်ဟု မည်သူထင်ထားမည်နည်း။ သူ့နောက်ရှိ နံရံ၏တည်ရှိမှုကို မခံစားရတော့ပေ။ ယီဟွေ့ ဆွဲခေါ်သွားခံရပြီး လှေကားထစ်ကို တိုက်မိကာ လဲကျသွားရသည်။



"မင်းဘာလုပ်နေတာလဲ ငါ့ကိုလွှတ်"



နောက်ဆုံးအထစ်အထိ အားဖြင့် ဆွဲခေါ်ခံရပြီးနောက်တွင်မူ တစ်ခုခုမှားနေပြီကို ယီဟွေ့ သတိပြုမိလိုက်၏။ 



ကျိုးကျင်ဟမ့် ဒေါသထွက်နေသည်မှာ ထင်ရှားပြီး သူ၏ပြင်းထန်သော ဒေါသက ကြာရှည်စွာဖုံးကွယ်ထားရသည့်ကြားမှ ထွက်ပေါ်လာခဲ့ကာ ယခင်ကထက် ပိုဆိုးနေ၏။ ယီဟွေ့၏လက်ကောက်ဝတ်မှာ ကျိုးကြေလုလုပင်။ သူအိပ်ရာထက်သို့ လဲကျသွားသည့်အခါ မူးဝေသွားသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ သူ၏ဘယ်ဘက်လက်ကောက်ဝတ်ကို ပွတ်လိုက်မိသည်။ 

 

ကံကောင်းစွာပင် နီရဲသွားရုံသာဖြစ်ပြီး သူ့အရိုးများကတော့ နာကျင်မနေပေ။ မနက်ဖြန်တွင် သူပန်းချီးဆွဲရဦးမှာဖြစ်၏။



ကျိုးကျင်ဟမ့်က သူ့ကိုဖိချလိုက်သည်။ သူ့လှုပ်ရှားမှုကို ကြည့်နေကာ သူထွက်ပြေးချင်နေလားဟု တွေးနေပြီး သူ၏လက်မောင်းများကို ဖမ်းဆုပ်လိုက်ကာ ဘေးတွင် ချထားလိုက်ရင်း မောဟိုက်စွာဆိုလာသည်။



"အင်း ကိုယ် မင်းသဘောတူညီချက်ကို လိုက်နာအောင် လုပ်သင့်နေတာကြာပြီ အိမ်မှာမနေပဲ လျှောက်သွားနေတာကိုရောပဲ"



အနှီလေသံမှာ ရင်းနှီးလှသည်။ သူ့အား ယခင်ဘဝ အိမ်၌ ပိတ်ထားရန်အတွက် ထိုစကားကို ကျိုးကျင်ဟမ့် သုံးခဲ့သည်အား သူမှတ်မိနေပါသေးသည်။ ယင်းကိုသူက သူ့အား စိုးရိမ်ပူပန်နေသည်ဟုပင် မိုက်မဲစွာ ထင်မှတ်ခဲ့သေးသည်။ ယီဟွေ့ နှာခေါင်းမရှုံ့ပဲ မနေနိုင်ပေ။



"ဘာလို့လဲ မင်းလူကောင်းဟန်ဆောင်နေတာ လုံလောက်ပြီဆိုတော့ နောက်ဆုံး မင်းရဲ့တကယ့်ပုံစံကို ပြတော့မယ်ပေါ့လေ"



ထိုအကြောင်းကိုပြောပြီးနောက် သူအကြာကြီးပျောက်ဆုံးနေခဲ့ရသလို ခံစားလိုက်ရသည်။



ဒိုရာဟမ်ဟမ်မှစ၍ ကျိုးကျင်ဟမ့်မှာ ယခင်ကဲ့သို့ ထင်ရာစိုင်းပြီး ကြမ်းတမ်းတတ်သူ မဟုတ်တော့ပေ။ သူ၏ ကြင်နာမှုကလည်း နူးညံ့သိမ်မွေ့လွန်းသဖြင့် မမြင်နိုင်လောက်အောင်ပင် ဖြစ်နေပြီး သူ့ပတ်ဝန်းကျင်ကို တဖြည်းဖြည်းချင်း တစ်ရက်ပြီးတစ်ရင် တည်ဆောက်နေခဲ့သည်မှာ သူ့အားငြင်းပယ်စရာနည်းလမ်း မရှိတော့အောင်ပင်။



သူက ယနေ့ကိုစောင့်နေခြင်းဖြစ်ကာ ကျိုးကျင်ဟမ့်အား ကန့်သတ်ချက်သို့ တွန်းပို့ပြီး သူဟန်ဆောင်ထားသည်ကို ခွာချလျက် သူ့အားရိုက်နှက်ခြင်း သို့မဟုတ် ဆူငေါက်လာစေရန် ပြုလုပ်ခဲ့သည်။ သူသာ အသက်ရှင်နေခဲ့ပါက သူ့အပေါ် မည်သည့်အကြွေးမှ တင်နေတော့မည်မဟုတ်ပေ။ ထိုအကြောင်း တွေးပြီးသောအခါ ယီဟွေ့ နှလုံးသားထဲမှနေ၍ ပျော်ရွှင်မှုကို ခံစားရသည်။ ကျိုးကျင်ဟမ့် ယင်းအား ယခုလုပ်လာမည်ကို သူမစောင့်နိုင်တော့သည်မှာ သူ အနှီနက်သထက်နက်လာသော နွံထဲမှ ရုန်းထွက်နိုင်စေရန်ပင်။



ကျိုးကျင်ဟမ့်မှာ အမှန်တကယ်ပင် သူ့ကြောင့် ဒေါသထွက်သွားကာ တမင်မှေးကျဥ်းထားသော မျက်လုံးများက ထက်ရှနေခဲ့သည်မှာ မုန်တိုင်းတစ်ခု ရုတ်တရက် ဝင်လာတော့မယောင်ရှိလှသည်။



အနှီသွေးနီရောင်မျက်ဝန်းများကို သူသတိပြုမိချိန်တွင် ခုခံရန် နောက်ကျသွားချေပြီ။ 



ကျိုးကျင်ဟမ့်က လှဲချလိုက်ပြီး ယီဟွေ့၏ခပ်ဟဟနှုတ်ခမ်းတို့အပေါ် ပြင်းပြင်းထန်ထန်ဖိကပ်ကာ ဦးစွာကိုက်ချလိုက်ပြီးနောက် ဂရုတစိုက် လျက်လိုက်ကာ တဖွဖွကိုက်လိုက်သည်။ ယီဟွေ့ မတုန့်ပြန်နိုင်မှီမှာပင် သူတို့လျှာများမှာ လိမ်ယှက်နေပြီး အသက်ရှူသံတို့ရောယှက်၍နေကာ ခွဲခွာမရတော့ပေ။



သူ့ယခင်ဘဝ၌ပင် သူ့အား နမ်းရှိုက်ခြင်း မရှိခဲ့ပါချေ။ တစ်ခါတစ်လေ၌ ကျိုးကျင်ဟမ့်က စိတ်ဝင်စားစရာကောင်းသကဲ့သို့ ခံစားရလျှင် တုန့်ဆိုင်းစွာ နမ်းတတ်သည်။ သို့ပေသိ ဤသို့သော တစ်ယောက်နှင့်တစ်ယောက် ပျော်ဝင်လုမတတ် နီးကပ်လွန်းသည့်အနမ်းကမူ ယီဟွေ့အတွက် ပထမဆုံး အတွေ့အကြုံဖြစ်သည်။



ကျိုးကျင်ဟမ့်၏အရသာက သူ့ပါးစပ်နှင့်နှားခေါင်းတို့တွင် ပြည့်နှက်နေပြီး ယီဟွေ့မှာ ဆက်တိုက်တုန်ရီနေခဲ့သည်။ သူ၏တုန်ယင်နေသော လက်များက နောက်ဆုံးတွင် အချုပ်အနှောင်မှလွတ်သွားပြီး ကျိုးကျင်ဟမ့်ပုခုံးထက် တင်ပြီး တွန်းကာ အော်လိုက်သည်။



"မင်းဘာလုပ်နေတာလဲ"



ကျိုးကျင်ဟမ့်၏ မျက်ဝန်းတို့က ဦးတည်ချက် ပျောက်ဆုံး၍နေသည်။ သူက လတ်တလောလေးရှိ အနမ်းထဲတွင် နှစ်မြုပ်နေဆဲဖြစ်၏။ ယီဟွေ့၏ခုခံလိုသော မျက်လုံးများကြောင့် အသိဝင်လာပြီးနောက် သူကနှာမှုတ်ကာဖြင့်



" ကိုယ်မင်းကို ဒီကို ပရဟိတအတွက်သက်သက် ခေါ်လာတယ်လို့ မင်းတွေးမနေပါဘူး အဲလိုများတွေးနေလား"



ယီဟွေ့အသက်ရှူသံတို့ လွဲချော်သွားရသည်မှာ ကျိုးကျင်ဟမ့်က ဤသို့ပွင့်ပွင့်လင်းလင်း တုတ်ထိုးအိုးပေါက် ဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားသကဲ့သို့ပင်။ သူ ယင်းကို မလုပ်ချင်ပေ။ သူက ကျိုးကျင်ဟမ့်နှင့် ထိုအရာကို မလုပ်ချင်ပါပေ။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားကာ ပြောလိုက်သည်။



"သဘောတူညီချက်မှာ ဒီနည်းနဲ့ ပြန်ပေးဆပ်ရမယ်လို့ မပါဘူး"



"အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်ကို A က ပိုင်ဆိုင်ကြောင်း သဘောတူညီချက်မှာ ရေးထားတယ် အဲဒါက ကိုယ်ပဲ"



ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းတို့က ယီဟွေ့နားထက်ကို ထပ်မံဖိကပ်လာကာ နတ်ဆိုးမှ စီရင်ချက်ချလာသကဲ့သို့...



"ကိုယ်ပြောသလို ပြန်ဆပ်ရမှာပဲ"



သူက လက်တစ်ဖက်ကို ယီဟွေ့နံဘေးတွင် ထောက်လိုက်ကာ ကျန်လက်တစ်ဖက်က အောက်သို့ လျှောဆင်းသွားကာ အဝတ်ပါးလေးကို ဖယ်ရှားလိုက်၏။ ပြီးနောက် သူ၏ပူနွေးသော လက်ဖဝါးက သူ့ခါးရှိ အထိမခံသောအရေပြားတို့ထက် ထိတွေ့လာသည်။



ယီဟွေ့မှာ ပို၍ပြင်းထန်စွာ တုန်ရီလာသော်ငြား သူက ကျိုးကျင်ဟမ့်လောက် မသန်မာပါချေ။ သူ(ကျိုးကျင်ဟမ့်)၏ လက်တစ်ဖက်တည်းကိုပင် သူ့လက်နှစ်ဖက်လုံးဖြင့် ဆွဲမချနိုင်ပေ။ သူ၏ကွေးထားသော ခြေထောက်များမှာလည်း လုံလောက်အောင် အားမထုတ်နိုင်ပါချေ။



သူက လည်ပင်းကိုသာ မော့ထားလျက် သူ့အဝတ်များကို ရင်ဘတ်အထိ တွန်းတင်ပြီး သူ၏အေးစက်စက်အရေပြားထက် လက်နှင့် ထက်အောက်ပွတ်သပ်နေခြင်းအား ခွင့်ပြုထားရုံသာ တတ်နိုင်သည်။



လေးလံသော အသက်ရှူသံတစ်ခုက သူ့နားထဲသို့ တိုးဝင်လာသည်။ ပူနွေးစိုစွတ်သော နှုတ်ခမ်းများက သူ့ညှပ်ရိုးပေါ် ကျရောက်လာသည့်အခါတွင် ယီဟွေ့၌ အင်အားများ ရုတ်တရက် တိုးလာ၏။ သူကလက်ကိုလွှတ်ကာ ကုတင်ခေါင်းရင်းရှိကြိုးကို ရှာလိုက်ပြီးနောက် အံကြိတ်ကာ ဆွဲချလိုက်သည်။ ထူးဆန်းသည့် ထိခတ်မိသံထွက်လာသည်။ သူက ကုတင်ဘေးမှစားပွဲပေါ်ရှိ ဖန်မီးအိမ်ကို ကောက်ယူကာ ကျိုးကျင်ဟမ့်အား အောက်ခံခုံဖြင့် ရိုက်ခွဲပစ်လိုက်သည်။



ဖန်ကွဲကြေသံကြောင့် လှုပ်ရှားမှုများ ရပ်သွားသော်ငြား လုံးလုံးရပ်တန့်သွားခြင်းတော့ မရှိပေ။ သူ့အပေါ်မှလူက ခေါင်းမော့မလာမှီတွင် သူ၏မျက်နှာကို သူ့လည်တိုင်နှင့်ပုခုံးကြား၌ နစ်မြှုပ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။



နာကျင်မှုက ပြင်းထန်၍ဖြစ်နိုင်သည်။ ယီဟွေ့ သူ၏အသက်ရှူသံကို တုန်လှုပ်စွာ ကြားလိုက်ရသည်။



ကျိုးကျင်ဟမ့်က အံကြိတ်ထားပြီး သူ့လည်တိုင်ရှိ အပြာရောင်သွေးကြောများက ခုန်လှုပ်၍နေ၏။ သူ့ပုံစံက တစ်စုံတစ်ဦးကို သတ်ပစ်နိုင်သည်အထိ ဒေါသထွက်နေပုံရသည်။ သို့ပေသိ သူ သူ့အားကြည့်လာချိန်တွင် သူ့မျက်လုံးထဲမှ ဖုံးကွယ်ထားရသော ဒေါသများနှင့် မည်သည့်နေရာမှ လာသည်ကိုမသိသော နာကျင်မှုကို တွေ့လိုက်ရသည်။  



နာကျင်မှုက ရုပ်လုံးပေါ်လာပုံရသည်။ သူ၏သူငယ်အိမ်အလယ်ရှိ ပင့်ကူမျှင်သဏ္ဌာန် အက်ကွဲရာများက အပိုင်းတစ်ခုချင်းစီမှာ သွေးများစွန်းထင်း၍နေသည်။



ယီဟွေ့မှာ သူပြန်လည်မွေးဖွားပြီးနောက် ပြန်လည်ဆုံတွေ့ချိန်အား မတွေးမိဘဲ မနေနိုင်ချေ။ ကျိုးကျင်ဟမ့်က သူ့အား ထိုသို့သောမျက်လုံးများဖြင့် ကြည့်ခဲ့ပြီး သူ့ကို`ဟွေ့ဟွေ့´ဟု ခေါ်ခဲ့ကာ အိမ်ကိုအတူပြန်ဖို့ရာ ပြောခဲ့သည်။



ကောင်းကင်ဘုံက သူ့ကို ကျီစယ်နေသလား မသိတော့ပါချေ။ သူအသည်းအသန် ရှောင်ချင်သောလူက သူ့ကို ပထမဆုံးမှတ်မိသူဖြစ်ပြီး ထိုအချိန်ကတည်းက ဘယ်တော့မှ သံသယမဝင်တော့ပေ။သူက ပင်ပန်းနေပြီး ပြင်းထန်သည့်ထိုးနှက်ချက်များ ပြီးသည့်နောက် ဘယ်တော့မှ အရှုံးမပေးဘဲ ခြေလှမ်းတို့အား တစ်လှမ်းပြီးတစ်လှမ်း ခက်ခဲစွာ လှမ်းခဲ့သည်။



ပြီးနောက် သူက ယင်းကို တစ်ကြိမ်လေးပင် ဝန်မခံခဲ့သလို သူ့မျှော်လင့်ချက်အားလည်း တစ်ကြိမ်လေးပင် အရှုံးမပေးခဲ့ပေ။



ပူနွေးသည့်အရည်တစ်စက်က သူ့မျက်နှာထက်သို့ ကျလာသည်။ ယီဟွေ့ မျက်တောင်ခတ်လိုက်ပြီး သူ့လက်ဝါးများက တဖြည်းဖြည်း ပြေလျော့သွားကာ ကျိုးပဲ့နေသောမီးအိမ်သည်လည်း ကြမ်းပြင်ထက်သို့ ကျဆင်းသွားသည်။ 

"မင်း ကိုယ့်ကို ဆက်ချစ်နေမယ်ဆို အမြဲချစ်နေမှာပါဆို မင်းတစ်ဘဝလုံး ချစ်သွားပါ့မယ်ဆို"

ထို`အချစ်´ဟူသော စကားလုံးကို ပြောချိန်တိုင်း ကျိုးကျင်ဟမ့်၏ အသံမှာ ပြာအက်လာသည်မှာ နာကျင်နေသည့်အတိုင်းပင်။ သို့ပေသိ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထက် သူ့ကိုပိုကြောက်ရွံ့စေသည်မှာ သူ့ရှေ့ရှိ အမျိုးသား၏ အေးစက်စက်ငြင်းပယ်မှုများဖြစ်သည်။



"ဒါ မင်းပြောခဲ့တာလေ မင်း ကိုယ့်ကိုလိမ်လို့မရဘူး"



ယီဟွေ့၏မျက်ဝန်းတို့ ရုတ်တရက် ပြူးကျယ်သွားရသည်။ တစ်ချိန်က သူကိုယ်တိုင်ရေးခဲ့ဖူးသော ဤစကားလုံးများဖြင့် အချိန်နေရာလွတ်တစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရသကဲ့သို့ပင် သူ့ရှေ့ရှိ အမြန်ပြောင်းလဲသွားသော အချိန်တို့အား ကြည့်နေရုံမှ မတတ်နိုင်ပေ။



သူ့ယခင်ဘဝက ဝှက်ထားသော ပုံကြမ်းစာအုပ်ထဲ၌ ကျိုးကျင်ဟမ့်က ယီဟွေ့၏စုတ်တံအောက်မှ ကြီးကျယ်ခမ်းနားသော ခြင်္သေ့တစ်ကောင် ဖြစ်ခဲ့ဖူးသည်။ သူက ပုန်ကန်တတ်ပြီး ဟိတ်ဟန်ကြီးကာ ယုံကြည်မှုအပြည့်ဖြင့် တင်းမာနေပြီး မည်သည့်အရာကမှ သူ့ကို ဆွဲမချနိုင်ပေ။ 



ထိုအချိန်က ယီဟွေ့က သူ၏ထက်ရှပုံကိုသာ မြင်ခဲ့ပြီး ခြင်္သေ့တစ်ကောင်က မည်မျှအထိ မောက်မာသည်ကို မသိခဲ့ပေ။ ဒဏ်ရာရနေပါက သူက ငိုကြွေးပေလိမ့်မည်။ သူ၏ ကွဲကြေလွယ်သည့် တစ်ဖက်ခြမ်းကို ထုတ်ပြလာလိမ့်မည်။ သူ့ကိုကြည့်ကာ စွန့်ပစ်ခံရသည့် သားရဲလေးလို ခပ်တိုးတိုးအီပေလိမ့်မည်။

 

.......



စာရေးသူမှာ ပြောစရာရှိပါတယ် :



ရှောင်ကျိုးတစ်ယောက် ဘာလို့များ ရုတ်တရက်ကြီး ရူးသွပ်သွားရတာလဲ? မင်းတို့ ခန့်မှန်းနိုင်မှာပါ.....