Short story 1
Viewers 11k



🕊️ Flying Ash တစ်ခန်းရပ်ဇာတ်လမ်း ၁ 🕊️


တစ်နေ့တွင် ယီဟွေ့က reality showတစ်ခု၏ အပိုင်းတစ်ပိုင်း၌ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခံခဲ့ရသည်။ ဒရိုက်တာ၏ ဇာတ်ညွှန်းကိုဖတ်ပြီးသည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။

" ဒါကြီးက လူအများရှေ့မှာ လှည့်ဖျားတာမျိုး မဟုတ်ဘူးလား..."

ဒါရိုက်တာ : " ရိုက်ကူးရေးပြီးမှ ဖုန်းဆက်ပြီး ရှင်းပြလိုက်ပါ... ဒါတွေအားလုံးက ရှိုးအတွက် သက်ရောက်မှုပဲ..."

ယီဟွေ့ စိတ်မသက်မသာဖြစ်သွားသည်။
" သူက စိတ်မရှည်ဘူး... ပြီးတော့ အဲ့လောက်လည်း သဘောမကောင်းဘူးနော်..."

ဒါရိုက်တာ : " ကျွန်တော်တို့ သဘောမကောင်းတဲ့ ဧည့်သည်တွေမြင်ဖူးပါတယ် ထွေထွေထူးထူး ကြောက်မနေတော့ပါဘူး..."

အခြားဧည့်သည်များလည်း ထိုသို့ပြုလုပ်ခဲ့ကြောင်း ကြားသည့်အခါမှ ယီဟွေ့ တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။

.....

ညဘက်၌ ဖုန်းမြည်လာချိန်တွင် ယီဟွေ့မျက်ခွံများ တစ်ချက်လှုပ်ရှားသွားပြီး မမျှော်လင့်ထားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။ 

သူ့ဘေးမှ သရုပ်ဆောင်အမျိုးသမီးက အလွန်တော်သည်။

" ဟေး ဟွေ့ဟွေ့ ရေချိုးနေတယ် နောက်မှ ဖုန်းပြန်ဆက်ပါလား " 

ကျိုးကျင်ဟမ့် : " မင်းက ဘယ်သူလဲ..."

သရုပ်ဆောင်အမျိုးသမီးက ရယ်လိုက်သည်။
" မှန်းကြည့်လေ ~~ " 

" ယီးကို မှန်းရမှာလား... သူ့ကို ဖုန်းပေးလိုက်စမ်း..."
ကျိုးကျင်ဟမ့် စိတ်မရှည်တော့ပေ။ 

သရုပ်ဆောင်အမျိုးသမီး : " သူ ရေချိုးနေတယ်လို့~ အခု ဖုန်းမဖြေနိုင်သေးဘူး ~ "

ကျိုးကျင်ဟမ့် မေးလိုက်သည်။
" မင်းတို့နှစ်ယောက်က အခန်းတစ်ခန်းထဲမှာလား..."

" ဟုတ်တယ်လေ..."

" သေချာတယ်နော်..."

ကျိုးကျင်ဟမ့်၏အသံက တိုးသွား၍ သရုပ်ဆောင်အမျိုးသမီးက အနည်းငယ်ကြောက်သွားသည်။ ဒါရိုက်တာက မျက်မှောင်ကြုတ်ပြီးကြည့်နေ၍ သူမ သတ္တိမွေးပြီး ပြောလိုက်သည်။ 

" သူက ကျွန်မအတွက် ပုံတူဆွဲပေးမယ်ပြောတယ်...တိုက်တန်းနစ်ထဲကလိုလေ..."

သူမ စကားမဆုံးမီတွင် ကျိုးကျင်ဟမ့်က လိပ်စာတစ်ခုကို ရွတ်ပြလိုက်သည်။
" XXဟိုတယ် အခန်း ၂၂၀၃ မလား..."

သရုပ်ဆောင်အမျိုးသမီး : " ဟမ်..."

ကျိုးကျင်ဟမ့် : " သူ့ကို နာရီဝက်ပဲ စောင့်ခိုင်းထားလိုက်... သူပုံဆွဲဖို့ ငါ တစ်ကိုယ်လုံးချွတ်ပြီး အဲ့အခန်းထဲက ဆိုဖာပေါ် လာလှဲပေးမယ်..."

ယီဟွေ့ : " ဟင် ..."

ထိုနေရာမှ ရိုက်ကူးရေး ဝန်ထမ်းများ : " ဟင်..."

နောက်ပိုင်းတွင်လည်း ဒါရိုက်တာက ထိုအပိုင်းအကြောင်း မကြာခဏ ပြောဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်ညွှန်းက သူဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာခဲ့သောကြောင့်ပင်။ 

.....

ကျိုးကျင်ဟမ့်က ထိုအကြောင်းကြားသည့်အခါ သရော်လိုက်သည်။

" အစတည်းက တမင် ရှိုးလုပ်နေတာမှန်း သိသားပဲ အဲဒါကြောင့်မို့ ကိုယ်က အေးအေးဆေးဆေး ပူးပေါင်းပေးလိုက်တာ..."

ယီဟွေ့ သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
" ဟုတ်လို့လား..."

ကျိုးကျင်ဟမ့် မျက်ခုံးပင့်လိုက်သည်။
" ကိုယ့်ကို မယုံဘူးလား..."

ယီဟွေ့ မယုံသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် သရုပ်ဆောင်က ကမ္ဘာကြီးကို ထိတ်လန့်သွားမည့်အရာကို ပြောလိုက်မည်စိုး၍ သူ မယုံကြောင်း မပြောရဲပေ။

" ဒါပေမဲ့လည်း မင်း ပန်းချီဆွဲလို့ရပါတယ်..."
ကျိုးကျင်ဟမ့် သူ့အနားကပ်လာပြီး တီးတိုးပြောလိုက်သည်။

" သူတို့ကတော့ သင်္ဘောပေါ်မှာ ပန်းချီဆွဲတာပေါ့... ကိုယ်တို့ကတော့ အိပ်ရာပေါ်မှာပဲ ပန်းချီဆွဲကြမယ်လေ ဟုတ်ပြီလား..."



Xxxxxx