Short story 2
Viewers 11k



🕊️ Flying Ash တစ်ခန်းရပ်ဇာတ်လမ်း ၂ 🕊️


မိသားစုအတွင်း ဆက်ဆံရေး အဆင်ပြေချောမွေ့ပြီး သဟဇာတဖြစ်စေရန် ကျိုးကျင်ဟမ့်က chat groupတစ်ခု ပြုလုပ်ထားသည်။ သူ့အပြင် ထိုchatထဲတွင် ဇနီးလေး၊ ယောက်ဖ၊ မရီး အစရှိသည့် အဖွဲ့ဝင်များ ပါဝင်သည်။ 

ယီဟွေ့က building buildingsဟူသည့်ဂိမ်းကို နေ့တိုင်းကစားလေ့ရှိသည်။

" အစ်ကိုကြီးနဲ့ မရီး ကျွန်တော်နဲ့ ဂိမ်းကူဆော့ပေးဦး..."

ယဲ့ချင်း : " အစ်ကိုကြီး ဒါ ကူနှိပ်ပေး၊ ပြီးတော့ ဒါလေးရောပဲ..." 

ယီဟွေ့ : " အစ်ကိုကြီး ကျွန်တော့်ကိုလည်း ကူနှိပ်ပေးဦး..."

ကျိုးကျင်ဟမ့် : " ဟမ် ငါ့ကို ခေါ်တာလား...".

ယဲ့ချင်းနှင့် ယီဟွေ့တို့က ဆော့သည့်အသင်း မတူကြပေ။ ညရောက်တိုင်း သူတို့နှစ်ယောက်က တစ်နေကုန်ဆော့ထားသည့် ရလဒ်များကို အကျဥ်းချုပ်ပြီး တစ်ယောက်နှင့်တစ်ယောက် အားပေးလေ့ရှိကြသည်။ 

ကျိုးကျင်ဟမ့်ကိုယ်တိုင်က မကစားသော်လည်း ယီဟွေ့ရှုံးသည်ကို မမြင်လို၍ နေ့တိုင်း သူ့အတွက် building(ဂိမ်းထဲမှအသုံးနှုန်း) တစ်ခု တိတ်တဆိတ် ဝယ်ပေးထားသည်။

ကျိုးကျင်ဟမ့် : " ငါ့ဇနီးလေး နိုင်ကိုနိုင်ရမယ်..." 

ကျိုးကျင်ဟမ့်က ချန်ဖေးချီနှင့်လည်း လျှို့ဝှက်ပြီး chatနေသည်။

" ယောက်ဖရော ဝယ်ချင်သေးလား... ကျွန်တော် လင့်ချပေးမယ်လေ..."

ချန်ဖေးချီ: " မဝယ်တော့ပါဘူး မင်းတို့ပဲ ဆော့ကြပါ..."

ထို့နောက် သူ့ဘက်က အကောင်းဆုံးလုပ်ပေးသည့်အနေဖြင့် တစ်ဖက်သို့လှည့်ပြီး ယဲ့ချင်းကို စာအိတ်နီလေးတစ်အိတ် ပေးလိုက်သည်။

ယဲ့ချင်း : " ဘာလို့ စာအိတ်နီလာပေးနေတာလဲ မြန်မြန်လုပ် gp chatထဲကြည့်လိုက်... အဲ့ကူပွန်ရအောင် ကူနှိပ်ပေး လူက ဆယ်ယောက်တောင်စုဖို့လိုနေတာ..."

ချန်ဖေးချီ:……



Xxxxxx