အပိုင်း ၄
Viewers 14k

Chapter 4 
ငါကောင်လေးရပြီ!!!

တစ်ခါမှမရှိဖူးသောလက်ကိုင်ပဝါတစ်ထည်ကြောင့် ရုန်ယီသည် သူ့ဘဝတွင်ချိုမြိန်လွန်းသောဒိတ်ကိုခံစားရန် ဒုတိယအကြိမ်အခွင့်အရေးရသွားသည်။

နောက်ဆုံးအကြိမ်ကအတိုင်း လက်ကိုင်ပဝါလေးအပေးအယူလုပ်ရုံဖြင့်ရုပ်ရှင်ရုံအထိသွားရသည့်အကြောင်းကို ဘယ်သူမှမေးမလာခဲ့ပေ။

ရုန်ယီသည်လက်ထဲတွင်ပေါက်ပေါက်ဆုပ်တစ်ဘူးကိုင်ထားလျက် မည်းမှောင်နေသည့်ပြပွဲရုံအတွင်းထိုင်နေသည်၊ ပိတ်ကားပေါ်ပြသနေသည့်ရုပ်ရှင်အကြောင်း ခေါင်းထဲတွင်ရှိမနေ။

သူသည် ချန်းခယ့်ယောင်ပေါက်ပေါက်ဆုပ်ဘူးကိုကိုင်သည်နှင့် သူတို့နှစ်ယောက်လက်များသဘာဝကျကျထိခတ်သွားရန် ကြိတ်ပြီးတွက်ချက်နေသည်။ 

ရုန်ယီ ပေါက်ပေါက်ဆုပ်ဘူးထဲလက်နှစ်ထားပြီးငြိမ်နေခြင်းကအကောင်းဆုံးနည်းလမ်းဟုတွေးမိလိုက်သည်။ စောင့်ဆိုင်းခြင်းက အသင့်တော်ဆုံးနည်းလမ်းပင်။

ပိတ်ကားပေါ်တွင်ဟယ်လီကော်ပတာအသံက စူးရှစွာထွက်လာသည့်အခိုက် ချန်းခယ့်ယောင်ကသူ့နားထဲကပ်ပြောသည်။ 

"တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး"

သူရုန်ယီလက်ချောင်းလေးကိုဆွဲထားပြီး မလွှတ်ခဲ့ပေ။ 

ရုန်ယီမှာ စကားတစ်လုံးပင်ပြောမထွက်လာတော့ချေ။

သူလုံးဝအေးခဲနေပြီး အနည်းငယ်ပင်လှုပ်မရ။ သူ့ရင်ဘတ်ထဲတွင်နှလုံးတစ်ခုတည်းကသာ အားအင်အပြည့်နှင့်ခုန်လှုပ်နေသေးသည်။ နှလုံး၏အကြမ်းပတမ်းခုန်ပေါက်မှုကြောင့် ရုန်ယီခေါင်းပင်မူးဝေလာသည်။

ချန်းခယ့်ယောင် ပေါက်ပေါက်ဆုပ်ဘူးထဲမှ သူ့လက်ကိုဆွဲထုတ်သွားချိန်အထိ ရုန်ယီနားထဲတွင်ဟယ်လီကော်ပတာ၏တဝေါဝေါအသံသာပဲ့တင်ထပ်နေသည်။ သူခေါင်းငုံ့ပြီး ချန်းခယ့်ယောင်၏အနွေးဓာတ်လေးကျန်နေသေးသည့်လက်ချောင်းကိုငုံ့ကြည့်လိုက်သည်။

ယခု ရုန်ယီသည် Alpha လက်ကိုကိုင်ဖူးသည့် Omega အဖြစ်သူ့ကိုယ်သူသတ်မှတ်၍ရပြီ။

မလုံလောက်သေးဟုထင်ရသည့်တိုင် သူ့ဘဝတွင်အကြီးမားဆုံးအောင်မြင်မှုကြီးပင်။

သူတို့နှစ်ယောက်ကြားမှတိုးတက်မှုအရ နောက်တစ်ကြိမ်ဆိုလျှင်သူတို့ဖက်ကြမည်။ နောက်တစ်ကြိမ်ဆိုလျှင်နမ်းကောင်းနမ်းကြလိမ့်မည်။

သူတို့နေ့တိုင်း နှစ်ကြိမ်မှသုံးကြိမ်အတူနေကြပါကပြည့်စုံသောဘဝလေးရလာလိိမ့်မည်။

ထို့နောက် သူတို့လက်ထပ်ကြမည်။

ဆံပင်များဖြူသည်အထိ သူတို့နှစ်ယောက် ကလေးအများကြီးနှင့်အတူနေသွားကြမည်။

ရုန်ယီသည် အနာဂတ်ဘဝလေးကိုစိတ်ကူးယဉ်နေလျက် ချန်းခယ့်ယောင်လိုပေါက်ပေါက်ဆုပ်လက်တစ်ဆုပ်စာယူပြီး ပျော်ပျော်ကြီးဝါးနေလိုက်လေသည်။

သူတို့ရုပ်ရှင်ရုံအတွင်းမှထွက်လာသည့်အခါ ရုန်ယီသည်သူကိုယ်တိုင်အကြိမ်သန်းနှင့်ချီလက်ထပ်ရန်ကတိပြုထားသည့်အနှီ Alpha ကိုမျက်လုံးထောင့်မှကြည့်ကာတိုင်းတာနေပြီး ရုတ်တရက် သူ့အချစ်များကိုဝန်ခံရန်စိတ်ဓာတ်ပြင်းပြလာပြန်သည်။

"ဟုတ်သားပဲ"

ချန်းခယ့်ယောင်ကရုတ်တရက်ပြောလာသည်။

"မင်းရဲ့လက်ကိုင်ပဝါ...ငါအရင်တစ်ခါကပေးဖို့မေ့သွားတယ်"

ရုန်ယီ မေ့ပင်မေ့နေသည်။ ၎င်းကအကြောင်းပြချက်တစ်ခုဖြစ်လျှင်ပင်သူတို့ထိုအကြောင်းကိုနောက်ဆုံးတွင်ထားပြောသင့်သည်။

ရုန်ယီ ခေါင်းယမ်းပြလိုက်သည်။

"ရပါတယ်"

သို့သော်ငြား ချန်းခယ့်ယောင်ကအိတ်ကပ်ထဲကိုလက်နှိုက်လိုက်သည်။ စက္ကူအိတ်လေးကိုထုတ်ပြီး ချန်းခယ့်ယောင် ရုန်ယီထံကမ်းပေးသည်။

ရုန်ယီ: ??????????

တကယ်ကြီးလက်ကိုင်ပဝါလား... ။ သို့သော် ရုန်ယီကတစ်ခါမှလက်ကိုင်ပဝါမပျောက်ခဲ့ပေ။ ချန်းခယ့်ယောင်က သူ့ကိုလက်ဆောင်ပေးချင်၍တမင်အကြောင်းရှာတာများလား... ။ အရမ်းရိုမန့်တစ်ဆန်တာပဲ! ။

ရုန်ယီ စိတ်လှုပ်ရှားစွာနှင့်လှမ်းယူလိုက်သည်။ ဂရုတစိုက်ဖွင့်ကြည့်ပြီးနောက် သူကြက်သေသေသွားသည်။ 

ခေါက်ထားသည့်လက်ကိုင်ပဝါလေးက စက္ကူအိတ်ထဲတွင်ရှိနေသည်။

၎င်းကအဖြူရောင်ဖြစ်ပြီး ယုန်ရုပ်လေးကိုချည်ထိုးထားသည်၊ ကြည့်ရုံဖြင့် အလွန်ချစ်စရာကောင်းသည်။

ရုန်ယီ လက်ကိုင်ပဝါကိုကြည်ရင်းတွေဝေနေသည်။

"မင်းရဲ့လက်ကိုင်ပဝါလား?"

ရုန်ယီဘာပြောရမှန်းမသိ။ ထိုနေ့က ကားထဲမှလူနှစ်ယောက်ကြားရှိတစ်စုံတစ်ယောက်၏ပစ္စည်းမှန်းသိသာသည်။ 

"ငါ့မှာလော့လော့ဖုန်းနံပါတ်မရှိဘူး"

ချန်းခယ့်ယောင်ကပြောလာသည်။

"အဲဒါကြောင့်ငါမင်းကိုအရင်ဆက်သွယ်လိုက်တာ"

အခုတော့ ရုန်ယီတကယ်ရှက်နေပြီ။

ဘယ်လိုအံ့ဖွယ်တိုက်ဆိုင်မှုကြီးလဲ! ဘာလို့လော့လော့ကဒီလောက်တောင်နမော်နမဲ့နိုင်ရတာလဲ?

ကြည့်ရသည်မှာ သူကသာအမြဲလိမ်နေခဲ့ပုံရသည်။ ဤအခြေအနေအောက်တွင် အခြားရွေးချယ်စရာမရှိတော့ဘဲ ၎င်းကလေးကလားလက်ကိုင်ပဝါကသူ့ပစ္စည်းဖြစ်ကြောင်း ဝန်ခံလိုက်ရုံသာရှိတော့သည်။

သူနာကျင်စွာနှင့်ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...ကျွန်တော့်လက်ကိုင်ပဝါ"

သူ့တုံ့ပြန်မှုကိုမြင်ရသည့်အခါ ချန်းခယ့်ယောင်ကမေးစေ့ကိုပွတ်သပ်လျက်ဆိုသည်။

"ငါကမှားသွားမှာတောင်စိုးရိမ်နေတာ"

သူကစကားပြောနေစဉ် ရုန်ယီကိုသာကြည့်နေခဲ့သည်။

"လက်ကိုင်ပဝါရဲ့စတိုင်ကနည်းနည်း...."

မင်းနဲ့အတော်လေးကွာတာပဲ...

၎င်းကချန်းခယ့်ယောင်ပြောချင်သည့်စကားပင်။

ရုန်ယီကောင်းကောင်းသတိထားမိပါသည်။ ဤသို့သောလက်ကိုင်ပဝါကို ဆွဲထုတ်လိုက်ခြင်းက တက္ကသိုလ်ပါမောက္ခတစ်ယောက် အလံတင်အခမ်းအနားတွင်တိုင်ပတ်အကနှင့်ဖျော်ဖြေနေသလိုမျိုးကွာခြားမည်မဟုတ်။ 

အချက်ကျကျပြောရလျှင် ရုန်ယီကဒီလိုချစ်စရာကောင်းသည့်ပစ္စည်းလေးများသဘောကျပါသည်။ သို့သော် ထိုသို့သောပစ္စည်းမျိုးကသူ့ကိုရယ်စရာဖြစ်စေ၍ ဘယ်တော့မှမဝယ်ခဲ့ပေ။ တွေးကြည့်ပြီးနောက် သူရုတ်တရက်စိတ်ဓာတ်ကျလာသည်။

"ဟေး..."

ချန်းခယ့်ယောင်ကရုတ်တရက်ပြောလာသည်။

"တောင်းပန်ပါတယ်...ငါမင်းကိုလှောင်ချင်တာမဟုတ်ပါဘူး...ငါနည်းနည်းပျော်နေလို့ပါ"

"ပျော်တယ်?"

ရုန်ယီစိတ်ရှုပ်ထွေးသွားသည်။

"ငါကမင်းအကြောင်းသိချင်တာလေ...မင်းကတော့မင်းအကြောင်းပြောပြချင်ပုံမရဘူး"

"....."

အနှီသူဆိုလိုချင်သည်ကိုနားလည်သွားပြီးနောက် ရုန်ယီ့ကမ္ဘာကြီးပတ်ချာလည်သွားသည်။

"ကောင်းပြီလေ...အခုမင်းရဲ့လက်ကိုင်ပဝါကိုလည်းပြန်ပေးပြီးသွားပြီ"

ချန်းခယ့်ယောင် သူ့ကိုကြည့်ပြီးဆက်ပြောလာသည်။

"ဆိုတော့...နောက်တစ်ခါအပြင်ထွက်ဖို့မင်းကိုခေါ်ရင်အကြောင်းပြစရာမလိုတော့ဘူးမဟုတ်လား?"

ရုန်ယီ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့နှုတ်ခမ်းမှပြောထွက်လာသည့်စကားက

"ဘာရည်ရွယ်ချက်နဲ့လဲ..."

'ခင်ဗျားလိမ်ချင်နေတာဆိုရင်ကျွန်တော့်အလှကြောင့်ပြောလိုက်တော့...ဟုတ်ပြီလား?'

ရုန်ယီပြောလိုက်ပြီးမှ ဆိုးရွားသည့်ခံစားချက်ကိုရလိုက်သည်။ သူစိတ်လှုပ်ရှားနေချိန် စကားပြောမှားသွားမည်ကိုထိတ်လန့်ခဲ့သည်။ ယခုအချိန်ထိ ထိန်းချုပ်ထားခဲ့သော်ငြား သူ့လျှာကစကားလုံးများချော်ထွက်နေဆဲပင်။ သူ့ကိုယ်သူအတွင်းကြိတ််အပြစ်တင်လိုက်ပြီချန်းခယ့်ယောင်ကိုအပေါ်အောက်ကြည့်ကာသူ့မျက်နှာပေါ်တွင်ကို့ရို့ကားယားစကားလုံးများကိုတွေ့လိုက်သည်။

"တောင်းပန်ပါတယ်"

ချန်းခယ့်ယောင် ခြောက်ကပ်နေသည့်အပြုံးကိုဖျစ်ညှစ်ပြုံးလိုက်ပြီးဖြည်းဖြည်းချင်းဆက်ပြောသည်။

"ငါ...."

ထို့နောက် ချန်းခယ့်ယောင်မှာစကားတစ်လုံးမှပြောထွက်မလာတော့။

အခု ရုန်ယီကြောက်ရမည့်အလှည့်ရောက်လာသည်။ ချန်းခယ့်ယောင်သူ့ကိုလက်လျှော့လိုက်မှာကြောက်သည်။ ရုန်ယီ ချက်ချင်းကုစားရန်ကြိုးစားသည်။

"ခင်ဗျားကျွန်တော့်ကိုသဘောကျလို့အပြင်ထွက်ဖို့ခေါ်နေတာလား?"

ချန်းခယ့်ယောင်လှည့်ထွက်သွားခြင်းမရှိ၊ စကားပြောလာခြင်းလည်းမရှိဘဲ သူ့ခြေလှမ်းများကိုအရှိန်တင်လိုက်သည်။

၎င်းကကောင်းသည့်လက္ခဏာမဟုတ်ပေ။ ဤသို့အရပ်ရှည်သည့်လူဖြစ်နေပါစေ ချန်းခယ့်ယောင်တွင်နူးညံ့သည့်နှလုံးသားရှိနေသေးသည်။

ထို့ကြောင့် အရေးပေါ်အခြေအနေတွင်ရုန်ယီကချန်းခယ့်ယောင်လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။

ချန်းခယ့်ယောင်ကအံ့အားသင့်နေသည့်မျက်နှာဖြင့်တစ်ဖက်လှည့်လာပြန်သည့်အခါ ရုန်ယီမှာထပ်ပြီးစိတ်လှုပ်ရှားရပြန်သည်။

"ကျွန်တော်...ကျွန်တော်ခင်ဗျားကိုညစာဝယ်ကျွေးမယ်"

လေထုထဲ၌ ကသိကအောက်နိုင်သည့်တိတ်ဆိတ်မှုကလွှမ်းခြုံထားသည်။

သူတို့သည် စားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ရေခဲခွဲစက်လိုချန်းခယ့်ယောင်က တစ်ချိန်လုံးတိတ်ဆိတ်နေသည်။ထို့ကြောင့် ရုန်ယီမှာ သူ၏အရှက်ရမှုကိုမောင်းထုတ်နိုင်ရန်ဦးနှောက်ကိုအနိုင်ယူနေရ၏။

ချန်းခယ့်ယောင်ကဘာကြောင့် ထူးထူးဆန်းဆန်းပြုမူနေမှန်းသူနားမလည်ပေ။ သူ့ဘက်မှမသင့်တော်တာပြောမိသည်ထား၊ ချန်းခယ့်ယောင်၏တုံ့ပြန်မှုကလွန်ကဲနေသည်။ ကြည့်ရသည်မှာ အနှီ Alpha ၏စိတ်ထိခိုက်လွယ်သည့်နှလုံးသားရှိနေခြင်းဖြစ်နိုင်သည်။

သို့သော် 'ချစ်ရသူ၏မျက်လုံးထဲတွင်အမြဲအလှတရားရှိသည်' ဆိုသောဆိုရိုးစကားရှိသည်။ ရုန်ယီသည် ချန်းခယ့်ယောင်၏တုံ့ပြန်မှုကိုပင်ချစ်စရာကောင်းမှန်းသိလိုက်ရသည်။သည့်အပြင် ရုန်ယီကစကားကိုဖြစ်ကတတ်ဆန်းပြောတတ်သည်။ သို့ဖြစ်ရာ သူသည်အနှီဆက်ဆံရေးကိုပြန်လည်ပြုပြင်ရန်ဖန်တီးသည်။

"တောင်းပန်ပါတယ်...ကျွန်တော်ကဒီတိုင်း..."

သူချက်ချင်းကြားဖြတ်ခံလိုက်ရသည်။

"ရပါတယ်"

ချန်းခယ့်ယောင် သူ့နှုတ်ခမ်းထောင့်စွန်းများကိုပင့်တင်ထားရင်းရုန်ယီကိုပြောလိုက်သည်

"ငါ့ရဲ့ပြဿနာပါ....မင်းကိုယ့်ကိုယ်ကိုယ်အရမ်းတွန်းအားပေးနေစရာမလိုပါဘူး"

ရုတ်တရက် ရုန်ယီစိတ်ထဲတွင်ထူးဆန်းသည့်ခံစားချက်ကြီးဖြစ်တည်လာသည်။

ရုန်ယီကစကားမပြောဘဲ သူ့မျက်ခုံးများကုပ်ထားသည်ကိုကြည့်ကာချန်းခယ့်ယောင်ဆက်ပြောလိုက်သည်။

"မင်းငါ့ကိုတောင်းပန်စရာမလိုပါဘူး...ငါကသာမင်းကိုမသက်မသာဖြစ်စေတာပါ...ငါ..."

ရုန်ယီ သူ့ခေါင်းကိုအသည်းအသန်ယမ်းလိုက်သည်။

"မသက်မသာဖြစ်တာမျိုးမရှိပါဘူး"

ချန်းခယ့်ယောင်ကသူ့ကိုကြည့်လာသည်။ 

"ခင်ဗျားကျွန်တော့်ကိုဒိတ်လုပ်ဖို့ခေါ်တာကိုတကယ်ဝမ်းသာပါတယ်"

ရုန်ယီကြောက်နေသော်ငြား အမွှေးနှုတ်သလိုဆွဲနုတ်ပြီးဆက်ပြောလိုက်သည်။

"ခင်ဗျားသဘောကျတယ်ဆိုရင်...ကျွန်တော်တို့အမြဲ...ခင်ဗျားသိပါတယ်...ဒီလိုမျိုးတွေလုပ်ပြီး..."

'ဒီထက်ပိုသွားကြမယ်' 

ရုန်ယီ အဆိုပါစကားကိုဖြင့်စိတ်ထဲတွင်သာဆုံးခန်းတိုင်အောင်ပြောလိုက်ပါသည်။

ချန်းခယ့်ယောင်က စကားမပြောသေးဘဲသူ့ကိုသာငေးကြည့်နေသည်။

"ကျွန်တော်ယုံတောင်မယုံရဲဘူး"

ရုန်ယီ သူ့အကြည့်ကိုအောက်နှိမ့်ထားပြီးဆက်လက်ပြောလာသည်။

"ခင်ဗျားလိုအရမ်းကောင်းတဲ့ Alpha ကဘာလို့ကျွန်တော့်လိုလူအပေါ်ခံစားချက်ရှိတာလဲ?"

အဆိုပါစကားပြောနေစဉ် ရုန်ယီတစ်ဖက်လူကိုခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။

ချန်းခယ့်ယောင်၏ နှုတ်ခမ်းထောင့်စွန်းတွင်အံ့အားသင့်နေသည့်အပြုံးက တွဲလွဲခိုနေသည်။ ယခုသူ့မျက်နှာပေါ်မှအပြုံးက အံဩနေမှုကိုသာယာနေသည်ဟုယူဆ၍ရသည်။

"ငါကစိတ်မရှည်ဖြစ်နေမှာကိုစိုးရိမ်နေတာ"

ချန်းခယ့်ယောင်သည်ရုန်ယီကိုကြည့်နေပြီး အလေးအနက်ထားပြောခဲ့သည်။

"တကယ်တော့...မင်းကကိုယ်ပြောချင်နေတဲ့စကားတွေကိုအရင်ပြောသွားတာပဲ"

စားသောက်ဆိုင်မှထွက်လာသည့်အခါ သူတို့နှစ်ယောက်၏လက်များကိုတွဲထားကြသည်။

Alpha နှင့်တူသောယောကျ်ားနှစ်ယောက် လမ်းကြားထဲတွင်ရင်းနှီးနေသည့်ပုံဖြင့်လမ်းလျှောက်နေသည်မှာထူးဆန်းသည်၊ ရုန်ယီကသူတို့နှစ်ယောက်၏ဆက်ဆံရေးကိုဖုံးကွယ်ထားရန်ရည်ရွယ်ချက်မရှိ။ သူသည်လမ်းပေါ်မှလူတိုင်းကို သူ့ချစ်သူအကြောင်းလိုက်ကြွားချင်နေသေးသည်။

သူအခု ပန်းများနှင့်ပြည့်နေသည့်လမ်းသွယ်လေးတွင်လမ်းလျှောက်နေသလိုခံစားရသည်၊ လမ်းတစ်ဖက်စီတွင် နတ်သူငယ်လေးများလည်းသီချင်းဆိုနေကြဦးမည်။ 

"ငါအခုထိမယုံနိုင်သေးဘူး"

ထိုအခိုက်အတန့်လေးတွင် ရုန်ယီကလည်းချန်းခယ့်ယောင်ဘက်မှအတွေးများကိုသိချင်နေသည်။ အချိန်အနည်းငယ်ကြာအောင်ငေးကြည့်နေပြီးသည့်နောက် ၎င်းက သူ့လက်ကိုကိုင်ထားသည့် Alpha တစ်ယောက်၏နှုတ်မှစကားများမှန်းသိရှိသွားသည်။

"ဒီလိုအဆင်ပြေသွားမျိုးကိုယ်တစ်ခါမှမကြုံခဲ့ရဘူး...အခုကိုယ်နည်းနည်းတောင်ဇဝေဇဝါဖြစ်နေသေးတယ်"

အခု ရုန်ယီမှာ ချန်းခယ့်ယောင်ကသူ့ကိုအားပေးရန်ပြောနေခြင်းဖြစ်ကြောင်းသံသယဝင်လာသည်။

သို့သော် ချန်းခယ့်ယောင်က လေးနက်သည့်အကြည့်ဖြင့်ဆိုလာသည်။

"ကိုယ်တကယ်ပျော်တယ်"

ရုန်ယီမှာ အနှီ Alpha နှင့်တကယ်ကိုယစ်မူးနေပြီ။

"ကျွန်တော်ရောပဲ"

အပြန်လမ်းတွင် သူချန်းခယ့်ယောင်ကား၏ passenger seat မှာတွေဝေမှုထဲနစ်မြုပ်ရင်းထိုင်လိုက်လာသည်။

သူ့တွင်အခုကောင်လေးရှိသွားပြီ။

မွေးလာတည်းက တစ်ကိုယ်တည်းဘဝနှင့်အရိုးထုတ်လာသူအဖြစ် သူသည် Alpha ထံမှတစ်ခါမှနှစ်သက်မှုကိုမခံစားခဲ့ရပေ။ သူ့ခံစားချက်များကိုဖွင့်ဟမိတိုင်း ငြင်းပယ်ခံရတာချည့်ပင်။ သူ့မိဘများဆိုလျှင်သူ့ကို ဘယ်တော့မှလက်တွဲဖော်ရှာမတွေ့နိုင်လောက်ကြောင်းအတိအကျလက်ခံထားခဲ့ကြသည်။ ယခု သူ့ထံတွင်ကောင်လေးရှိလာပြီ။

သည့်အပြင် သူ့အကြိုက်နှင့်ကိုက်ညီတာထက်ပင်ပိုနေသည့် Alpha ဖြစ်နေသေးသည်။

အဆိုပါပျော်ရွှင်မှုကသူ့ထံရုတ်တရက်ရောက်လာခဲ့သည်၊ သူ့ထံတွင်ပြင်ဆင်ချိန်ပင်မရပေ။

သူအခုအိပ်မက်မက်နေတာများလား?

ရုန်ယီ သူ့ပေါင်သူဆွဲဆိတ်လိုက်သည်၊ နာကျင်မှုကသူ့ကိုပျော်ရွှင်သွားစေသည်။

ကားကရုန်ယီ့်တိုက်ခန်း၏တံခါးဝနားအရောက် ရုန်ယီသည်ကားပေါ်မှဆင်းရန်သူ့ကိုယ်သူသတိပေးလိုက်ရသည်။

"ပြန်လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်"

သူချန်းခယ့်ယောင်ကိုကြည့်ရန်ကြောက်နေမိသည်။

"ခင်ဗျားဒီနေရာရောက်တဲ့အခေါက်ပေါင်းမနည်းတော့ဘူး...အထဲဝင်ဦးမလား"

ရုန်ယီ့ ဖိတ်ခေါ်မှုကိုချန်းခယ့်ယောင်အံ့အားသင့်သွားသည်။

"ကျွန်တော့အခန်းကရှုပ်ပွနေတာ"

ရုန်ယီ စိတ်စောနေ၍သူ၏ချုပ်ရိုးများအပြည့်နှင့်ဘောင်းဘီကိုဆုပ်ထားလျက်ပြောလိုက်သည်။

"စိတ်မရှိပါနဲ့"

ပြောပြီးပြီးချင်း ရုန်ယီနောင်တရသွားသည်။

နောက်ကျနေသည့်ညဘက်ကြီး တစ်စုံတစ်ယောက်ကိုအိမ်အလည်ခေါ်ခြင်းက ပြောမပြတတ်သည့်ဖိတ်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသိနိုင်သည်။

Omega အနေဖြင့်အလွန်ဆန္ဒပြင်းပြနေတာမဟုတ်ဘူးလား?

"ဒါပေါ့...ကိုယ်စိတ်ထဲမထားပါဘူး"

ချန်းခယ့်ယောင်ကရုန်ယီလိုစိတ်လှုပ်ရှားနေသလိုပင်။

"မင်းစိတ်မရှိရင်ကိုယ်..."

သူပြော၍ပင်မပြီးသေးခင် အိတ်ကပ်ထဲမှဖုန်းကတုန်ခါလာသည်။ 

တစ်ယောက်နှင့်တစ်ယောက် အသံတိတ်ကြည့်နေပြီးနောက်အဆိုပါ Alpha က ဖုန်းကိုမှုန်ကုပ်နေသည့်မျက်နှာဖြင့်ကိုင်လိုက်သည်။

သူတို့အကွာအဝေးတစ်ခုအထိလမ်းလျှောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၍ ရုန်ယီကသူ၏ 'အေဖ' 'အဲဒီမှာဘာလုပ်နေတာလဲ' စသည့်စကားများကိုကြားနိုင်သည်။

ကောင်းပြီ...ပြီးသွားပြီ....

သူ၏ညစ်ညမ်းနေသည့်အတွေးများက လက်ရှိတွင်မအောင်မြင်လိုက်ပေ။

ဖုန်းချပြီးသည့်နောက် ချန်းခယ့်ယောင်မျက်နှာကသနားစရာကောင်းနေသည်။

"ကိုယ်ပြန်ရတော့မယ်"

"ကောင်းပြီလေ"

ရုန်ယီခေါင်းညိတ်လိုက်သည်။

"ကောင်းသောညပါ...လမ်းမှာဂရုစိုက်သွား"

သို့သော် ရုန်ယီ့ရှေ့မှလူကတိတ်ဆိတ်စွာနှင့်ရပ်နေခဲ့သည်။ ချန်းခယ့်ယောင်ကဘာမှမပြောသလို သူကလည်းထွက်မသွားခဲ့ပေ။ သူကရုန်ယီကို အတွေးပေါင်းများစွာနှင့်ကြည့်နေခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ရုန်ယီကလည်းချန်းခယ့်ယောင်ကိုကြည့်နေခဲ့သည်။

ရုန်ယီ့်မျက်နှာကပူပြီးရင်းပူလာသည်၊ ရုတ်တရက် ပျော်ရွှင်မှုတစ်ခုကလည်းသူ့ထံချဉ်းကပ်လာသလိုပင်။

သူအကြမ်းပတမ်းခုန်ပေါက်နေပါသော ရင်ဘတ်ကိုဖိထားရင်း မျက်လုံးများကိုမှိတ်လိုက်မိသည်။

သူထင်ထားသည့်အတိုင်း ပူနွေးနေသည့်အသက်ရှူသံကနီးကပ်လာသည်။

သူ့နှုတ်ခမ်းများကနူးညံ့သည့်အထိအတွေ့နှင့် Alpha ထံမှမရေရာသောအနံ့အနည်းငယ်ကသူ့ခေါင်းထဲတွင်ပေါက်ကွဲသွားသည်။

.xxxxxx