အပိုင်း (၅၆)
Viewers 12k

Part-56


ခောင်းညိတ်လိုက်သည့်အဓိပ္ပာယ်ကို သူတို့နှစ်ယောက်လုံးကောင်းကောင်းနားလည်ပေသည်။


ကျိယန် အသက်ပြင်းပြင်းတချက်ရှိုက်လိုက်တယ်...သူ့၏မျက်လုံးများကလဲတောက်လောင်နေတော့တယ်...ထန်ထန်သူ့၏ပူလောင်သောအကြည့်များကြောင့်အရည်ပျော်ကျမတတ်ခံစားလိုက်ရတယ်...ထန်ထန်ကအပြာစာအုပ်များ ရိုမန့်စ်ဝတ္ထုများကိုကြိုတင်ပြီးဖတ်ထားသော်လဲ...

 သူမကိုယ်တိုင်ကြုံတွေ့ရသည့်အခါ၌ အပျိုစင်သာဖြစ်သည်မို့ရှက်ရွံ့နေသေးတယ်...


ကျိယန်သူမကိုထိုသို့ကြည့်လာစဉ်မှာတော့ သူမရှက်ရွံစွာဖြင့်မျက်နှာကိုလက်ဖြင့်ကာလိုက်မိတယ်...ကျိယန်သူမလက်ကလေးကိုညင်သာစွာဆွဲဖယ်လိုက်သည်။


"မကာပါနဲ့...ကိုယ့်ကိုကြည့်..."


ထန်ထန်သူ့စကားကိုနားထောင်ပြီးလက်ပြန်ချလိုက်သော်လဲ သူမရှက်ရွံနေဆဲပဲဖြစ်တယ်...ထို့ကြောင့်ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်ကာ သူ့ကိုရီဝေသောအကြည့်များဖြင့်ကြည့်လိုက်မိသည်။


သူမ၏မျက်လုံးလေးများက ကြယ်ကလေးများကဲ့သို့တောက်ပနေပြီး ရှက်ရွံမှုအရိပ်အယောင်များကိုကျိယန်မြင်လိုက်ရတယ်...သူမကထိုရှက်ရွံသည့်အကြည့်လေးများဖြင့်အလွန်အမင်းချစ်စရာကောင်းသည်ဟုခံစားလိုက်မိတော့တယ်။သူမ၏အမူအယာထဲမှာလဲငြင်းပယ်မည့်အရိပ်အယောင်မျိုးမတွေ့ရဘူး...။


သူမကဘာစကားမှတခွန်းမှမဆိုပဲ သူမကိုသူမသူ့ဆီပေးအပ်ဖို့ဆန္ဒရှိနေတာကိုသိလိုက်ရတယ်။ထိုကဲ့သို့တွေးလိုက်မိသည်နှင့် ကျိယန်လုံးဝတွန့်ဆုတ်မနေတော့ဘဲ ခေါင်းအသာငုံ့ကာထန်ထန်၏နှုတ်ခမ်းပါးလေးကိုငုံထွေးလိုက်တယ်။သူအသံများထွက်အောင်ပင် စုပ်ယူနမ်းရှိုက်လိုက်ပြီး သူ့၏လျှာဖျားကသူမ၏ပါးစပ်ထဲလှည့်လည်ဆော့ကစားလိုက်တယ်။


တယောက်ခံတွင်းထဲမှအငွေ့အသက်က တယောက်ဆီသို့ကူးပြောင်းသွားပြီး စိတ်ကျေနပ်မှုကိုခံစားလိုက်ရတယ်...


ထန်ထန်သူမကို သူမဘယ်ကိုရောက်နေလဲပင်မသိတော့ပေ...သူမ၏မျက်ဝန်းများကငွေ့ရည်သိုင်းနေပြီး အရှေ့ကလူတယောက်ကိုသာမြင်ရတော့သည်။


ကျိယန်သာ သူမကိုထိန်း‌ပွေ့မထားလျှင် သူမအရည်ပျော်ကျသလိုပျောက်ကွယ်သွားမည်မှာအမှန်ပင် သူမငြင်းဆန်မှုမရှိတော့ပဲ ကျိယန်စိတ်သဘောရှိအတိုင်းသာလုပ်ဆောင်ရန်ခွင့်ပြုထားလိုက်ရတော့တယ်။ထိုအချိန်ခဏလေး၌ထန်ထန်ကအရမ်းပင်နူးညံ့သိမ်မွေ့ဆွဲဆောင်မှုရှိနေပြီး...သူမ၏အရင်ပုံစံနှင့်ကွာခြားနေလေသည်။


သူမ၏ပုံစံကအပြစ်ကင်းစင်သောမိန်းကလေးအဖြစ်မှ ဆွဲဆောင်မှုရှိသောအမျိုးသမီးအဖြစ်ပီပြင်စွာပြောင်းလဲသွားသကဲ့သို့ပင်... သို့သော် ထန်ထန်တွင်အိပ်ယာထက်အတွေ့အကြုံကသနားစရာကောင်းလောက်အောင်ရှားပါးနေလေတယ်။


သို့သော်လည်း သူမလောဘတကြီးစားသောက်နေသော 

ဝံပုလွေကြီးဆီမှလွတ်မြောက်မှုမရှိတော့ပဲ အားလုံးပြောင်စင်သည်အထိအညှာတာမဲ့စွာစားသောက်ခြင်းခံလိုက်ရလေတယ်။


မနက်ခင်း၃နာရီ၌ ကြမ်းတမ်းတဲ့အသက်ရှုသံတွေ တိုးညင်သောငြီးငြူသံတွေ ပြင်းထန်သောနှလုံးခုန်သံတွေအားလုံးရပ်တန့်သွားပြီး...အခန်းကတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်...ရှည်လျားလှသည့်သာယာမှုများကိုဖြတ်ကျော်ပြီး၌ သူ့ရှေ့မှအမျိုးသမီးလေး၏ ခန္ဓာကိုယ်ကအနဲငယ်တုန်ရီနေလေတယ်...


သူ သူမ၏နှဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီး အပ်ရှရှအသံဖြင့်မေးလိုက်တယ်...


"နာနေသေးတာလား..."


ထန်ထန်တယောက်ကြုံတွေ့ခဲ့ရတဲ့ခံစားမှုများထဲမှ သတိပြန်မဝင်လာသေးဘဲ ကျိယန်၏ပွေ့ဖက်မှုထဲနစ်မြုပ်နေသေးတယ်။


သူမ မနာဘူးဟုပြန်ဖြေချင်သော်လဲ သူမ၏လည်ချောင်းကခြောက်သွေ့ကြမ်းရှနေပြီးစကားမဆိုနိုင်ဖြစ်နေတယ်...သူမအလွန်အမင်းအော်ငြီးထားကြောင်းသတိပြုမိလိုက်မိပြီး သူမ၏ခြေချောင်းလေးများပင်ရှက်ရွံမှုကြောင့်တွန့်ကွေးသွားတယ်...


သူမ မနာကျင်သည့်အကြောင်းကိုခေါင်းအသာခါယမ်းပြလိုက်တယ်...အမှန်တိုင်းပြောရမည်ဆိုလျှင်တော့ စစချင်းမှာသူမအနဲငယ်နာကျင်မှုကိုအနဲငယ်ခံစားလိုက်ရတယ်...သူ့၏အရွယ်အစားကို သူမလက်မခံနိုင်မည်ကိုလဲစိုးရိမ်ကြောက်ရွံမိခဲ့တယ်...


ဒါပေမဲ့ အနဲငယ်ကြာလာသည်နှင့်အမျှကောင်းမွန်သည့်ခံစားချက်များသာရရှိလာပြီး နာကျင်မှုကပပျောက်သွားတော့တယ်။ထိုအတွေ့အကြုံများကိုပြန်လည်အမှတ်ရလိုက်ပြီးနောက် သူမရှက်ရွံစွာဖြင့်လျှင်မြန်စွာမျက်လုံးပိတ်လိုက်ပြီး သူ့၏ပွေ့ဖက်မှုထဲတိုးဝင်လိုက်တယ်။


"အဲ့ဒာကမနာပဲနဲ့ ခံစားလို့ကောင်းတယ်မဟုတ်လား..."


ကျိယန် သူမ၏ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီးမေးလိုက်တယ်...သူ့၏မျက်ဝန်းထဲ၌လဲပျော်ရွှင်မှုများပြည့်နေပြီးနှုတ်ခမ်းဒေါင့်စွန်းလေးများကတွန့်ကွေးနေတယ်...ထို့နောက်သူညှင်သာစွာဖြင့်ထပ်မံမေးလိုက်တယ်...


"‌ရေချိုးချင်လား..."


ထန်ထန်အလျင်အမြန်ပဲ ခေါင်းညိမ့်ပြလိုက်တယ်...သူမတကယ်ကိုရေချိုးချင်နေတယ်...သူမ၏တကိုယ်လုံးကစေးကပ်နေပြီးမသက်မသာခံစားနေရသော်လဲ ကံမကောင်းစွာဖြင့်သူမ၌အားအင်တစက်မှမကျန်တော့ပေ။


"ဟုတ်ပြီ ဒါဆိုခဏလေးစောင့်ဦး..."


ကျိယန်အိပ်ယာပေါ်မှထလိုက်ပြီးနောက် အဝတ်အစားမကပ်တဲ့ခန္ဓာကိုယ်နဲ့ပဲရေချိုးခန်းထဲလျှောက်သွားပြီး ရေနွေးနွေးလေးများဖြည့်လိုက်တယ်။ပြီးနောက်သူအိပ်ယာပေါ်၌ အဝတ်မဲ့စွာလဲလျောင်းနေသောထန်ထန်ကို ပွေ့ချီပြီးရေချိုးခန်းထဲသယ်လာလိုက်တယ်။


ထန်ထန်တယောက်လမ်းလျှောက်ဖို့ပင် အားမကျန်တော့သောကြောင့်ကျိယန်ကိုသယ်သွားခွင့်ပဲပြုလိုက်တယ်...ဒါပေမဲ့သူက သယ်သွားယုံတင်မကပဲအပြည့်အဝဝန်ဆောင်မှုပေးလိမ့်မည်ဟု သူမမထင်ထားခဲ့မိဘူး။


ကျိယန် သူမကိုရေချိုးပေးလိုက်ပြီးနောက် ရေချိုးကန်ထဲကပြန်လည်သယ်ထုတ်လိုက်တယ်။

ပြီးနောက် သူ့၏ပေါင်ပေါ်မှာထိုင်စေလိုက်ပြီး...သန့်ရှင်းတဲ့ပဝါတထည်နဲ့ခြောက်သွေ့အောင်သုတ်ပေးလိုက်တယ်...ဒါကထန်ထန်‌တောင့်ခံနိုင်တဲ့အတိုင်းအတာထိကျော်လွန်သွားပြီး သူမရှက်ရွံ့သွားတော့တယ်။သူ ကျိယန်ကိုတားလိုက်ပြီး အက်ရှရှအသံဖြင့်ပြောလိုက်တယ်...


"ကျွန်မဘာသာလုပ်လိုက်ပါမယ်...ရှင်အပြင်မှာစောင့်နေလိုက်ပါလား..."


ကျိယန်သူမလက်ကိုတွန်းဖယ်လိုက်ပြီး နှာခေါင်းလေးကိုခပ်ဖွဖွညှစ်ကာပြောလိုက်တယ်...


"လိမ္မာနော် ...မလှုပ်နဲ့... မင်းရဲ့ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကိုများ ကိုယ်မမြင်ဖူးမထိဖူးတာရှိသေးလို့လဲ...ဘာလို့အခုထိရှက်နေရသေးတာလဲ..."


ထန်ထန်သူ့ပါးစပ်ကိုခပ်မြန်မြန်လှမ်းပိတ်လိုက်ပြီး


"ဒီအကြောင်းတွေကို ပြောခွင့်မပြုတော့ဘူး..."


"ဟုတ်ပါပြီ...ဟုတ်ပါပြီ ကိုယ်ဘာမှထပ်မပြောတော့ဘူး...ဒီလိုဆိုရင်မင်းကလိမ်လိမ်မာမာနဲ့နေရမယ်နော်ဟုတ်ပြီလား...လှုပ်ရှားမနေနဲ့တော့ကိုယ်မင်းကိုသေချာလေးသန့်စင်ပေးမယ်..."


ကျိယန် ကိုယ်တိုင်ပင်သူ့၏စကားလုံးများကမည်မျှနူးညံ့နေသည်ကိုသတိမထားမိပေ။


ထန်ထန်လဲ သူ့ကိုအဝေးသို့နှင်မလွှတ်နိုင်တော့သောကြောင့် သူ့စကားကိုသာနားထောင်လိုက်ရတော့တယ်...သူမ သူ့၏ခေါင်းပေါ်၌အသိုက်ထဲတိုးဝင်သည့်ငှက်ကလေးတကောင်လိုမျိုး မျက်နှာဖွက်လိုက်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်။


"တောင်းပန်ပါတယ်...ကိုယ်နောက်တခါကျရင်ညင်သာပါ့မယ်"


ကျိယန်သူမကိုသန့်ရှင်းပေးပြီးသည်နှင့် အနားနားတိုးကပ်၍တောင်းပန်စကားဆိုလိုက်တယ်...ထန်ထန်မျက်လုံးဖွင့်ကြည့်လိုက်ရာ သူက သူမ၏ခန္ဓာကိုယ်ပေါ်ရှိအမှတ်များကိုအပြစ်ရှိသည့်အကြည့် အနဲငယ်စိတ်မကောင်းသည့်အကြည့်နှင့်ကြည့်နေသည်ကိုတွေ့လိုက်ရတယ်။


ထိုအမှတ်များအားလုံးက ကျိယန်ကြောင့်ဖြစ်လာတာပင်...ထန်ထန်၏အ‌ရေပြားကလဲပါးလှပြီး စစ်သားတယောက်၏အားအင်ကလဲသန်မာလှတယ်။


ထို့အပြင်သူက ပါတနာတယောက်မရှိခဲ့ပဲနှစ်အကြာကြီးနေထိုင်ခဲ့ပြီးနောက် ဒါကပထမဆုံးအကြိမ်ဖြစ်နေလေရာသူ့၏အင်အားကိုမထိန်းချုပ်လိုက်နိုင်ဘူး။


သူမ၏ခန္ဓာကိုယ်မှာအမှတ်လွတ်တဲ့နေရာမရှိတော့ဘူး...အထူးသဖြင့်သူမ၏ခါးကလက်ရာက တော်တော်လေးထိတ်လန့်စရာကောင်းနေတယ်။


အဆိုးဆုံးကထန်ထန်၏ပေါင်က သွေးအနဲငယ်စို့နေသောကိုက်ရာများပင်ဖြစ်တယ်...ထိုအရာများကိုကြည့်နိုင်ခြင်းဖြင့်ကျိယန်ဘယ်လောက်ထိကြမ်းတမ်းခဲ့မှန်းသိနိုင်တယ်...ထန်ထန်လုံးဝစိတ်ကျေနပ်ခဲ့မှာမဟုတ်ဘူး...ကျိယန်သူ့ကိုယ်သူရူးသွပ်သွားသည်ဟုပဲထင်လိုက်တယ်...သူထိုအမှတ်များကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီးနောင်တရစွာပြောလိုက်တယ်...


"ကိုယ်မကောင်းတာပါ မင်းကိုယ့်ကိုစိတ်ဆိုးတယ်ဆိုရင်ရိုက်လို့ရတယ်..."


သူ့ရဲ့ဝမ်းနည်းနေတဲ့မျက်ဝန်းများက ထန်ထန်၏နှလုံးသားကိုနွေးထွေးသွားစေတယ်။သူမကဘယ်လိုလုပ် သူ့ကိုရိုက်ရက်မှာလဲ ထန်ထန်ခေါင်းအသာခါယမ်းလိုက်ပြီး


"ဟုတ်ပါပြီ...ဒါကမနာပါဘူး...အမှတ်တွေကကြည့်ရတာကြောက်စရာကောင်းနေပေမဲ့ မနက်ဖြန်ကျရင်ပျောက်သွားမှာပါ..."


တခြားမိန်းမတယောက်သာဆိုလျှင် သူတို့ကိုဒီလိုအကြမ်းပတမ်းဆက်ဆံခဲ့ခြင်းကြောင့် သေချာပေါက်စိတ်ဆိုးဒေါသထွက်မှာပဲ...သူတို့၏အမျိုးသားပါတနာကိုအကြိမ်အနဲငယ်လောက်ရိုက်နိုင်တယ်...ဒါပေမဲ့လဲတုံးအတဲ့ထန်ထန်ကတော့သူ့ကိုထိုသို့ရိုက်နှက်မလာပဲ အပြုံးဖျော့ဖျော့လေးနှင့်ပြန်လည်နှစ်သိမ့်လိုက်တယ်။


သူမ၏တုံးအမှုလေးကြောင့်ပဲ သူ့၏နှလုံးသားကပို၍နူးညံ့ပျော့ပျောင်းသွားတော့တယ်...ကျိယန်သက်ပြင်းတချက်ချပြီးပြုံးလိုက်တယ် ပြီးနောက်သူမကိုသေချာစွာသုတ်သင်သန့်ရှင်းပေးလိုက်တယ်...ထိုအချိန်မှာပဲထန်ထန်ရုတ်တရက်အလန့်တကြားထအော်လိုက်တယ်...


"အိုး...မဟုတ်သေးဘူး..."


သူမ၏အမူအယာကြောင့် ကျိယန်လဲလန့်သွားတယ်...


"ဘာဖြစ်လို့လဲ..."


"ယောက်ျား ကျွန်မကိုယ်ဝန်မရနိုင်ပါဘူးနော်...ဟုတ်တယ်မလား..."


ကျိယန်ခဏမျှကြောင်တောင်ဖြစ်သွားပြီးမှ သူမ၏လက်ကလေးကိုဆွဲပြီးပြောလိုက်တယ်...


"ကိုယ်ဝန်ရမှာမဟုတ်ပါဘူး...ကိုယ်ကွန်ဒုံးဝတ်ထားပါတယ်..."


ထန်ထန်လဲ ထိုကျမှကွန်ဒုံးဆိုသည့်အရာကိုပြန်သတိရသွားပြီးစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်...


"တော်သေးတာပေါ့ ...ဒါဆိုရင်ကျွန်မစိုးရိမ်စရာမလိုတော့ဘူး..."


သူမ၏အမူအယာက ကျိယန်ကိုသံသယများသွားစေတယ်...


"မင်းက ကိုယ်ဝန်မရချင်ဘူးလား...မင်းကလေးမမွေးချင်ဘူးလား..."


ထန်ထန်ခေါင်းအသာခါယမ်းပြပြီးနောက် ခေါင်းပြန်ညိမ့်ပြလိုက်တယ်...


"ကျွန်မ မလိုချင်ဘူး...ယောက်ျား...ပေါင်ပေါင်လေးတယောက်ပဲထားရအောင်နော် ...ယောက်ျား...ကျွန်မတို့ဒုတိယကလေးထပ်မယူတော့ဘူးလေနော်..."


ဒီကမ္ဘာကြီးမှာစုံတွဲတတွဲကိုကလေးနှစ်ယောက်သာရှိခွင့်ပြုထားတယ်...တခြားကမ္ဘာကလာတဲ့ထန်ထန်အတွက်ကလေးများများလေလေ ပိုပြီးပျော်ရွှင်ရလေလေဟုယူဆထားတာဖြစ်တယ်။မိသားစုတစုကအနဲဆုံးကလေးလေးယောက်ငါးယောက်ရှိသင့်ပြီး နှစ်ယောက်ထဲကအရမ်းကိုနည်းလွန်းတယ်။


ဒါပေမဲ့လဲ ကျိရှောင်ကျိုးအတွက်သူမဒုတိယကလေးထပ်ယူမဲ့အကြံကိုစွန့်လွှတ်လိုက်တော့တယ်...


"တယောက်ကပဲလုံလောက်ပါပြီ..."


"ဘာလို့လဲ..."


ကျိယန်အေးခဲသွားတယ်

သူကထန်ထန်နဲ့ကလေးတယောက်ထပ်ယူချင်တယ်...သူသမီးလေးလိုချင်သေးတယ်လေ...


ထန်ထန်ကျိယန်၏အနားနားကပ်ပြီး ကျိရှောင်ကျိုးကဘာကြောင့်သူတို့နှစ်ယောက်ကိုခွဲနေစေချင်ကြောင်းကိုပြောပြလိုက်တယ်။ကျိယန်အချိန်တော်တော်ကြာအောင်တုံ့ပြန်စကားမဆိုနိုင်တော့ဘူး...


"ယောက်ျားပေါင်ပေါင်ကလေ... ကြည့်လိုက်ရင်ပျော်ပျော်ရွှင်ရွှင်နဲ့ဘာကိုမှမတွေးပဲပေါ့ပေါ့ပါးပါးနေတတ်တဲ့ကလေးလို့ထင်ရပေမဲ့...တကယ်တမ်းကျတော့သူကတော်တော်လေးစပ်စပ်ထိမခံဖြစ်တယ်...

သူကကျွန်မတို့မှာနောက်ထပ်ကလေးလေးရှိလာမယ်ဆိုရင် သူ့ကိုအချစ်လျော့သွားမှာကိုစိုးရိမ်နေရှာတာ...ဒါကြောင့်လဲကျွန်မတို့ကိုအမြဲတမ်းခွဲထားဖို့ကြံနေတာလေ...ကျွန်မတို့ပေါင်ပေါင်လေးတစ်ယောက်ပဲထားရအောင်နော်...နောက်ထပ်ကလေးထပ်မယူတော့ဘူးလေ ရလား...ကျွန်မတို့အချစ်တွေအားလုံးကိုသူ့ကိုပဲပေးရအောင်..."


ကျိယန်လက်အသာမြှောက်၍သူမ၏မျက်နှာလေးကိုညှင်သာစွာထိတွေ့လိုက်တယ်...


"မင်းတကယ်ပဲ မင်းရဲ့ကိုယ်ပိုင်ကလေးမလိုချင်ဘူးဆိုတာ.သေချာရဲ့လား..."


ဘယ်လိုပဲဖြစ်ဖြစ်ရှောင်ကျိုးကသူမမွေးထားတာမဟုတ်ဘူးလေ...


ထန်ထန်စိတ်အားထက်သန်စွာခေါင်းညိမ့်ပြလိုက်တယ်...


"တကယ်ပါ...ကျွန်မနောက်တစ်ယောက်ထပ်မလိုချင်တေ့ာပါဘူး...ရှင်လဲမြင်တယ်မဟုတ်လား...မိဘတွေကဒုတိယက‌လေးရှိလာပြီဆိုရင်သူတို့ရဲ့ကလေးအကြီးကိုဂရုမစိုက်နိုင်ကြတော့ဘူးလေ...ကျွန်မပေါင်ပေါင်လေးကိုအဲ့လိုမျိုးမခံစားစေချင်ဘူး...

ပြီးတော့ ကျွန်မမှာဒုတိယကလေးရှိလာပြီဆိုရင်သူ့ကိုလျစ်လျူရှုမပစ်ဘူးလို့လဲ အာမမခံနိုင်ဘူးလေ...ကလေးနှစ်ယောက်လုံးကိုလဲမျှမျှတတဆက်ဆံပါမယ်လို့လဲကျွန်မအာမမခံနိုင်ဘူး...ပေါင်ပေါင်လေးတယောက်ထဲပဲထားရအောင်နော်...

သူအနာဂတ်မှာဇနီးကောင်းလေးရှာတွေ့ပြီးတော့ကလေးတွေရလာမယ်ဆိုရင် ...ကျွန်မတို့မြေးလေးတွေရှိလာမှာပဲလေ...အဲ့တာကအဆင်ပြေတယ်မဟုတ်လား..."


ကျိယန်ခဏမျှတိတ်ဆိတ်နေတယ် ပြီးမှသူပြုံးလိုက်ပြီး...


"ကောင်းပြီလေ...အနာဂတ်မှာကိုယ်တို့သမီးလေးတယောက်ရလာမှာပဲဟာ..."


သူမ၏ဆုံးဖြတ်ချက်ကို ကျိယန်သဘောတူလိုက်သည်ကိုမြင်ပြီးနောက် ထန်ထန်ပျော်ရွှင်စွာပြုံးရယ်ပြီးစကားဆိုလိုက်တယ်...


"ပေါင်ပေါင်ကလေတကယ်ကိုရီဖို့ကောင်းတယ်သိလား...သူကကျွန်မတို့ဒုတိယကလေးမရအောင်လို့တူတူအိပ်ဖို့မလိုဘူးလို့တွေးနေတာလေ...ဒါကြောင့်မို့သူရှင်နဲ့တစ်ညအိပ်မယ်...နောက်ပြီးရင်ကျွန်မနဲ့တစ်ညအိပ်မယ်...အဲ့လိုမျိုးတလှည့်စီအိပ်မယ်လို့ သူတွေးထားတာ...ဒါဆိုရင်ကျွန်မတို့လဲအထီးမကျန်တော့ဘူးတဲ့လေ..."


ဟား ဟား ဟား ဟား...

ကျိယန်လဲရီမြူးလိုက်ပြီးနောက်...


"ဒီကလေးကတော့လေ...သူကိုယ့်ကိုအဖော်ပြုပြီးအိပ်ပေးဖို့မလိုပါဘူး..."


ထိုနောက်သူထန်ထန်ကိုအဓိပ္ပာယ်ပါစွာကြည့်လိုက်တယ်...ထန်ထန်ကလဲ သူ့၏အကြည့်ကိုသဘောပေါက်သွားပြီးသူ့၏လက်ကိုရှက်ရွံ့စွာဆွဲဆိတ်လိုက်တယ်။


"ကျွန်မပေါင်ပေါင့်ကို ကတိပေးထားတယ်... ကျွန်မတို့ဒုတိယကလေးလဲထပ်မယူဘူး တူတူလဲမအိပ်ပါဘူးလို့လေ...ဒီလိုမှမဟုတ်ရင်သူခံစားနာကျင်နေမှာစိုးမိတယ်...အဲ့တာကြောင့်အခုသူမသိခင်အခန်းကိုတိတ်တိတ်လေးပြန်သွားရမယ်...ဒီလိုမှသာကျွန်မအခန်းထဲကထွက်လာတယ်ဆိုတာသူသတိမပြုမိမှာ..."


"မင်းကတကယ်ပဲ ကိုယ်နဲ့ခိုးကြောင်ခိုးဝှက်တွေ့ဖို့စီစဉ်ထားတာပေါ့လေ...ဒီလိုမျိုးလုပ်တဲ့ခင်ပွန်းသည်နဲ့ဇနီးဘယ်မှာတွေ့ဖူးလဲပြော..."


ကျိယန်မကျေမနပ်ဖြစ်စွာဖြင့် သူမ၏ပါးလေးကိုဖျစ်ညှစ်၍ပြောလိုက်တယ်...ထန်ထန်ကလဲ သူမမှားနေမှန်းသိတယ် ဒါကြောင့်သူမ၏ပါးကိုဖျစ်ညှစ်ခွင့်ပေးထားပြီးစိတ်ကျေနပ်အောင်ချော့မော့လိုက်တယ်...


"ပေါင်ပေါင်ကငယ်နေသေးတယ်လေ သူနဲနဲပိုပြီးနားလည်လာအောင်စောင့်လိုက်ကြတာပေါ့...ပြီးရင်ကျွန်မတို့ဒီလိုလုပ်စရာမလိုတော့ပါဘူး..."


သို့သော်လဲ မမျှော်လင့်ထားစွာပင်ကျိယန်ကမျက်မှောင်ကြုတ်လိုက်တယ် ထန်ထန်သူ့ရဲ့လည်ပင်းကိုလက်နှစ်ဖက်နှင့်ယှက်ပြီးဖက်တွယ်လိုက်တယ်...


"တောင်းပန်ပါတယ်...ကျွန်မမှားနေတယ်ဆိုတာကျွန်မသိပါတယ်...ဒီလိုဆိုရင်ရော အခုကနေစပြီးတော့နေ့တိုင်း ရှင်အကြိုက်ဆုံးဟင်းတွေပဲချက်ပေးမယ်လေ..."


"ကိုယ်ကအခုမင်းနေ့တိုင်းချက်တဲ့ ဟင်းတွေကိုပဲကြိုက်နေပြီးသား..."


ဟာ...


ထန်ထန် ထိုအချက်ကလဲမှန်ကန်တဲ့အကြောင်းတွေးမိသွားတယ် သူမပိုပြီးတော့ညှိနှိုင်းနိုင်အောင်လို့စဉ်းစားလိုက်တယ်။သို့သော်လဲခဏကြာအောင်စဉ်းစားပြီးသည်အထိမည်သည့်အကြံဉာဏ်မှထွက်မလာဘူး...သူမကလဲချက်ပြုတ်တာနဲ့သိုးမွေးထိုးတာကလွဲရင်တခြားဘာမှမလုပ်တတ်တော့ဘူး။


"ဒီလိုဆိုရင် ရှင်ဘာကိုလိုချင်လဲပြောကြည့်လေ...ကျွန်မအကောင်းဆုံးကြိုးစားပြီးဖြည့်ဆည်းပေးမယ်...ဟုတ်ပြီလား..."


"ကိုယ်ဘာပဲလိုချင်လိုချင် လုပ်ပေးမယ်ဆိုတာသေချာလား..."


ထန်ထန်ခေါင်းညိမ့်ပြလိုက်ပြီး...


"ဒါပေါ့...ကျွန်မတတ်နိုင်တဲ့ဘာမဆိုလုပ်ပေးမယ်...ဒါပေမဲ့ရှင်လဲသိတဲ့အတိုင်းပဲလေ ကျွန်မကအများကြီးလဲမသိဘူး ပြီးတော့ပိုက်ဆံလဲမရှိဘူး...ဒီတော့ကျွန်မလုပ်နိုင်တာကအများကြီးမရှိတော့ဘူးပေါ့..."


သို့သော်လဲ ကျိယန်၏မျက်ဝန်းထဲ၌အလင်းရောင်တချက်လက်သွားတယ်...


"စိတ်မပူပါနဲ့... သေချာပေါက်ကိုမင်းလုပ်နိုင်ပါတယ်...ဒါပေမဲ့မင်းလုပ်ချင်စိတ်ရှိလားမရှိလားတော့မသိဘူး..."


"ဘယ်လိုလုပ်ပြီးကျွန်မကလုပ်ပေးချင်စိတ်မရှိရမှာလဲ...ကျွန်မစွမ်းဆောင်နိုင်တဲ့ကိစ္စဖြစ်သရွေ့ကတော့ သေချာပေါက်ကျွန်မလုပ်ပေးမှာ..."


ထန်ထန်အာမခံပြောလိုက်တယ်...


"ကောင်းပြီ...ကောင်းပြီ ဒါမင်းပြောတာနော်..."


ကျိယန်သူမနားနားတိုးကပ်လိုက်ပြီး


"မနက်ဖြန်...မနက်ဖြန်ညကျရင် မင်းအပေါ်ကနေ ပြီးတော့..."


ထန်ထန်၏မျက်နှာကခရမ်းချဉ်သီးတလုံးလိုနီရဲသွားတော့တယ်။


"ရှင် ...ရှင် ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်လား..."


ထန်ထန်သူမရဲ့စကားကိုပြန်ပြီးနောင်တရသွားမိတယ်...သူမ သူ့ရဲ့လှည့်ကွက်ထဲကိုအလွယ်တကူကျရောက်သွားတာပဲ...သူမမနက်ဖြန်ညအနေအထားကြောင်းကိုတွေးလိုက်မိပြီးနောက် သူမရဲ့သိက္ခာတွေအကုန်လုံးမရှိတော့သလိုခံစားလိုက်မိတယ်။


ဒါကအရမ်းရှက်ဖို့ကောင်းတာပဲ...ဒါပေမဲ့လဲသူမဘာတတ်နိုင်တော့မှာလဲလေ...သူမကတိပေးထားပြီဆိုမှတော့ ငိုချင်နေတယ်ဆိုရင်တောင်လုပ်ရတော့မှာပဲ...


သူမမျက်ရည်မကျပဲငိုဖို့သာတတ်နိုင်တော့ပြီး ကျိယန်ရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ရတော့တယ်...


ကျိယန်အလွန်ပဲခံစားချက်တွေကောင်းသွားပြီ‌းနောက် ထန်ထန့်ကိုအဝတ်အစားပြန်ဝတ်ပေးလိုက်ကာ...ချီပွေ့ပြီးကျိရှောင်ကျိုးရဲ့ဘေးနားကိုပြန်သယ်သွားလိုက်တယ်။ပြီးသည်နှင့်သူက အနိုင်ရသောစစ်သူကြီးတယောက်လိုမျိုး အခန်းထဲပြန်ထွက်သွားတော့တယ်...


ထန်ထန်စောင်ကိုအသာကိုက်ပြီးသောကရောက်စွာဖြင့်ကျန်ခဲ့တော့တယ်။


နောက်တနေ့မနက်၌ ထန်ထန်တယောက်ကျိရှောင်ကျိုးကြောင့်နိုးလာခဲ့လေတယ်...အသေးလေးကသူနိုးလာသည့်အချိန်၌ သူ့နံဘေးနား၌အိပ်ပျော်နေဆဲဖြစ်သောသူ့၏မာမီကိုတွေ့လိုက်ရခြင်းကြောင့် အလွန်ပျော်ရွှင်သွားလေတယ်...ထို့ကြောင့်သူကမရပ်မနားအနမ်းပေးလိုက်လေရာထိုအနမ်းပေးသံများကြောင့်ထန်ထန်နိုးသွားရခြင်းဖြစ်တယ်။


ထန်ထန်နိုးလာသည်ကိုတွေ့လိုက်သည်နှင့် ကျိရှောင်ကျိုးကသူမ၏ပွေ့ဖက်မှုထဲတိုးဝင်လိုက်ပြီး...


"မာမီနိုးလာပြီလား...မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လား..."


ထန်ထန်မနေ့ညကအကြောင်းများကိုသတိရသွားပြီး သူမ၏ခြေချောင်းလေးများပင်တွန့်ကွေးသွားသော်လဲ တည်တည်ငြိမ်ငြိမ်ဖြင့်ခေါင်းညိမ့်ပြလိုက်တယ်။


"ဒါပေါ့ မာမီမနေ့ညကကောင်းကောင်းအိပ်ပျော်ပါတယ်..."


ကျိရှောင်ကျိုးစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး သူ့ရင်ဘတ်လေးကိုအနဲငယ်ပုတ်လိုက်ကာပြောလိုက်တယ်...


"တော်သေးတာပေါ့... မနေ့ညတုန်းက မာမီ့ကိုလူဆိုးတွေကအနိုင်ကျင့်နေတယ်လို့သားအိပ်မက်မက်တယ်...မာမီကအကျယ်ကြီးအော်ငိုနေတာမို့သားကအရမ်းစိုးရိမ်နေတာ...သားဘယ်လိုပဲရှာပါစေမာမီ့ကိုလုံးဝရှာလို့မတွေ့ဘူး...တော်တော်လေးကိုလန့်ဖို့‌ကောင်းတယ်..."


မနေ့ညက အော်ငြီးခဲ့သောထန်ထန်တယောက်ပြောစရာကားမဲ့သွားလေသည်။

...အသေးလေးကတကယ်ကြီးကြားသွားတာလား...သူမအသံကအဲ့လောက်ကျယ်လို့လား...


ဟိုး ဟိုး...


"မာမီကမငိုပါဘူး...အိပ်မက်ဆိုတာကလဲအမှန်မဟုတ်ဘူးလေ စိတ်မပူနဲ့..."


ကျိရှောင်ကျိုး ဇဝေဇဝါဖြင့်သူမ၏လည်ပင်းကိုထိလိုက်ပြီး...


"မာမီ့လည်ချောင်းကဘာဖြစ်လို့လဲ...ဘာလို့အသံကအက်ရှရှကြီးဖြစ်နေရတာလဲ...မနေ့ညတုန်းကတောင်အကောင်းကြီးမဟုတ်ဘူးလား..."


ထန်ထန်အနေခက်စွာဖြင့်သူမ၏လည်ပင်းကို ဖိခိုင်းလိုက်ပြီးအရည်ထူစွာဖြင့်ပြန်ပြောလိုက်တယ်...


"အာ...မနေ့ညတုန်းကမာမီနဲနဲအအေးမိသွားပြီးတော့ နေရတာမသက်မသာဖြစ်နေတယ်...ဒါကြောင့်မို့အဲ့လိုဖြစ်နေတာ...စိတ်မပူပါနဲ့ရက်နဲနဲလောက်ကြာရင်ကောင်းသွားမှာပါ..."


အသေးလေးကမျက်မှောင်ကြုတ်လိုက်ပြီး...


"မာမီအိပ်နေတုန်းလျှောက်လိမ့်ပြန်ပြီ...ဟုတ်တယ်မလား...ပေါင်ပေါင်ပြောထားပြီးပြီလေ... အိပ်တဲ့အချိန်မှာစောင်ထူထူခြုံထားရမယ်ဒီလိုမှမဟုတ်ဘူးဆိုရင်အအေးမိလွယ်တယ်..."


အသေးလေးကပြောရင်းဖြင့်စောင်ကိုယူကာ ထန်ထန်ကိုသေချာစွာခြုံပေးလိုက်တယ်...


"မာမီစောင်သေသေချာချာခြုံထားရမယ်နော်...အဝေးကိုဖယ်မပြစ်နဲ့..."


ထန်ထန်လဲအသေးလေး၏စဉ်းစားပေးမှုကြောင့် နှလုံးသားလေးပင်အရည်ပျော်သွားလေတယ်...သူအသေးလေးကိုချီးမွမ်းရန်ပြင်လိုက်စဉ်မှာပဲ ကျိရှောင်ကျိုးကအလန့်တကြားထအော်လာတယ်။


"မာမီမနေ့ညတုန်းကခြင်ကိုက်ခံရတာလား...မာမီ့ရဲ့လည်ပင်းမှာအကြီးကြီးနီနေတယ်..."


"အကြီးကြီး..."


ထန်ထန်ယောင်တောင်ပေါင်တောင်ဖြင့် သူမ၏လည်ပင်းကိုထိလိုက်မိတယ်...ထို့နောက်ကျိယန်စုပ်ယူနမ်းရှိုက်ထားသည်ကိုအမှတ်ရသွားပြီး ရှက်ရွံ့စွာဖြင့်အက်ျီကိုမြင့်မြင့်ဆွဲဖုံးလိုက်တယ်...ထို့နောက်သူမမှင်သေသေနဲ့ရှင်းပြလိုက်တယ်။


"အာ...ဟုတ်တယ် မနေ့ညတုန်းကအခန်းထဲမှာလေ ခြင်ကြီးကြီးတကောင်ရောက်နေတာ မာမီအကြိမ်နဲနဲလောက်ကိုက်ခံလိုက်ရတယ်...ဒါပေမဲ့လဲနောက်ဆုံးမှာမာမီအဲ့ခြင်ကိုသတ်လိုက်ပါပြီ..."


ကျိရှောင်ကျိုးအခန်းထဲကိုစိတ်ရှုပ်ထွေးစွာပင်ဝေ့ဝဲကြည့်လိုက်ပြီး သူတီးတိုးရေရွတ်လိုက်တယ်...


"ဒါပေမဲ့ စာအုပ်တွေထဲမှာပြောထားတာကျခြင်တွေကနွေရာသီမှာပဲရှိတာဆို...ဘာလို့ဆောင်းရာသီမှာပါရှိနေရတာလဲ...ပြီးတော့ဘာလို့သားကိုမကိုက်တာလဲ...ပေါင်ပေါင်ကပိုပြီးပြည့်ပြည့်ဖြိုးဖြိုး‌လေးဖြစ်နေတာအသိသာကြီးပဲကို..."


အခုအခိုက်အတန့်လေးမှာသူမအိပ်‌ပျော်နေပြီးပေါင်ပေ့လေးမူကြိုသွားပြီးမှနိုးထလာဖို့ဆုတောင်းမိတယ်...


ထန်ထန်အကူအညီလိုအပ်နေသည်ကိုသိနေသည့်အတိုင်းအခန်းတံခါးပွင့်သွားပြီး...ကျိယန်လျှောက်ဝင်လာခဲ့တယ်...သူထန်ထန့်ဘေးနားမှာထိုင်လိုက်ပြီးပြောလိုက်တယ်...


"မင်းမနေ့ညကကောင်းကောင်းမအိပ်ရဘူးဆိုတော့ ထပ်အိပ်လိုက်ဦး...ရှောင်ကျိုးကိုကိုယ်ပဲမူကြိုလိုက်ပို့လိုက်မယ်..."


ကျိရှောင်ကျိုးကထန်ထန်ကောင်းကောင်းမအိပ်ရခြင်းမှာ ခြင်ကိုက်ခြင်းကြောင့်ဟုထင်လိုက်မိပြီး...ကျိယန်ဆီချက်ချင်းတိုင်တန်းလိုက်တယ်...


"ဒယ်ဒီ သားတို့အိမ်မှာလေ ဒီရာသီမှာတောင်မှခြင်ရှိနေတယ်တဲ့... မာမီအများကြီးကိုက်ခံထားရတယ်...ဒီမှာလေမာမီ့လည်ပင်းကိုကြည့်လိုက်ပါဦး...အရမ်းကိုနီရဲနေပြီ...ဒယ်ဒီ ဒါကိုသေချာဖြေရှင်းရမယ်နော်...မာမီခြင်ပိုကိုက်ခံရမှာကိုပေါင်ပေါင်ကြောက်မိတယ်..."


ထန်ထန်သူမမျက်နှာကိုလက်ဖြင့်ကာလိုက်တယ်...သူမလိပ်ခွံလိုမျိုးအခွံတခွံရှိပြီးဝင်ပုန်းနိုင်ဖို့ဆုတောင်းမိတယ်...


သို့သော်လဲ ကျိယန်ကအမူအယာတချက်မပြောင်းပဲပြန်ဖြေလိုက်တယ်။


"ပေါင်ပေါင်စိတ်မပူပါနဲ့...ဒီညအိမ်မှာခြင်ဆေးဖျန်းလိုက်မယ်...ဟုတ်ပြီလား..."


သူ့ဒယ်ဒီကချက်ချင်းလုပ်ဆောင်မည်ဟု ဆိုလိုက်တာကြောင့်ကျိရှောင်ကျိုးတယောက်စိတ်ကျေနပ်သွားပြီးထန်ထန့်ကို သက်တောင့်သက်သာဖြင့်လှည့်ပြောလိုက်တယ်...


"မာမီ ဒီနေ့အိမ်မှာကောင်းကောင်းနားလိုက်နော်...ဒီညတော့မာမီ့ကိုကိုက်မဲ့ခြင်တွေရှိမှာမဟုတ်တော့ဘူး...မစိုးရိမ်နဲ့တော့နော်..."


ထန်ထန်ကစောင်ကိုဆွဲတင်ပြီးသူမမျက်နှာကိုဖုံးအုပ်လုနီးပါးကာထားသောကြောင့် သားအဖနှစ်ယောက်အားမျက်တောင်သာခတ်ပြလိုက်လေတယ်...ကျိယန်ရဲ့မျက်လုံးထဲမှာရီမောခြင်းတွေပြည့်နှက်နေတယ်...သူကိုယ်ကိုငုံ့ကိုင်းလိုက်ပြီးထန်ထန်၏နားနားသို့ကပ်ကာအဓိပ္ပာယ်အပြည့်ပါသောစကားများပြောလိုက်တယ်။


"နေ့မှာကောင်းကောင်းအားဖြည့်ထားပြီး...ညအတွက်ကိုယ့်ကိုစောင့်နေ ဟုတ်ပြီလား..."


ထန်ထန်စောင်ကိုခေါင်းမြီးခြုံလိုက်ပြီးနောက် ပလုံးပထွေးရေရွတ်လိုက်တယ်...


"နှာဘူးကြီး..."


နှာဘူးကြီးလို့အခေါ်ခံလိုက်ရတဲ့ကျိယန်ကတော့ ခပ်ဖွဖွလေးရီ‌မောလိုက်ပြီးစောင်အောက်မှသူခေါင်းလေးကိုပုတ်လိုက်တယ်...ပြီးနောက်သူရှောင်ကျိုးကိုခေါ် ပြီးအခန်းထဲမှထွက်သွားလိုက်တယ်။


သို့သော်...ထန်ထန်တယောက် ဒီနေ့ညတွေ့ရမဲ့အရာများအတွက်တနေ့လုံးစိတ်ပြင်ဆင်ထားခဲ့ပြီးသော်လဲ ...


မကောင်းတဲ့အရာများပြုလုပ်ဖို့စိတ်အားထက်သန်နေတဲ့နှာဘူးကြီးကတော့ သူ့၏ပုံမှန်ပြန်နေကြအတိုင်းညစာစားချိန်ကိုပြန်ရောက်မလာခဲ့ပေ။