အပိုင်း (၅၇)
Viewers 12k

Part  57


ထန်ထန်တစ်ယောက် ကျိယန်အလုပ်တွင်ကိစ္စတစ်ခုခုရှိ၍နောက်ကျနေသည်ဟုထင်လိုက်တာကြောင့်သူမဟင်းပွဲများကိုသိမ်းဆည်းပြီးစောင့်နေလိုက်တယ်။သို့သော်လည်း ည၉နာရီ ထိုးပြီး ကျိရှောင်ကျိုးဗိုက်ဆာသည်အထိ ပြန်ရောက်မလာခဲ့ဘူး။


ကျိရှောင်ကျိုးတစ်ယောက်သံစုံမြည်နေသောသူ့ရဲ့ဗိုက်ကလေးကိုအုပ်ကိုင်ပြီးကြမ်းပြင်ပေါ်၌ လူးလွန့်နေလေတယ်။


"မာမီ...ဒယ်ဒီဘာလို့ပြန်မလာသေးတာလဲ...သားဗိုက်ဆာနေပြီ..."


သူ့အိမ်မှာ အစောကြီးစားလေ့ရှိတဲ့ဝမ်နောင်ကလည်း ဗိုက်ဆာနေ့ပြီဆိုပင်မယ့် ကျိရှောင်ကျိုးလိုလုပ်မနေဘူး။အဲ့ဒီအစား ဗိုက်ကလေးကိုအုပ်ကိုင်ပြီး ထိုင်နေတယ် ။သူ၏ပုံစံက ကျိရှောင်ကျိုးထက်ပင်ပို၍သနားစရာကောင်းနေသေးတယ်။


ထန်ထန်ပို၍စိုးရိမ်ပူပန်လာမိပင်မယ့် ကလေးတွေ ဆာနေတာကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်လာမိတယ်။ဒယ်ဒီကအလုပ်တစ်ခုခုရှိလို့နောက်ကျနေတာဖြစ်မယ် ဒီတော့မာမီတို့ပဲအရင်စားကြရအောင်... ဒယ်ဒီအတွက်သိမ်းထားပေးလိုက်မယ်လေ။


"မစားသေးပါဘူး မာမီ... သားတို့ ဒယ်ဒီ့ကိုစောင့်လိုက်ကြရအောင်ပါ... "


ကျိရှောင်ကျိုးက ခဏမျှစဉ်းစားပြီးနောက်ငြင်းပယ်လိုက်တယ်


"ဘာမှမဖြစ်ပါဘူး ရတယ် မာမီတို့ ဒယ်ဒီ့အတွက် ဖယ်ထားမှာပဲလေ..."


ထန်ထန်ပြောပြီးသည်နှင့် ကလေးနှစ်ယောက်ကိုခေါ်ပြီး ထမင်းစားပွဲဆီသွားလိုက်တယ်


ထိုစကားကိုကြားမှ ကလေးနှစ်ယောက်လုံးစိတ်အေးသွားပြီး အငမ်းမရစားသောက်လိုက်ကြတယ်။သူတို့ဗိုက်ဆာနေခဲ့တာကြောင့် သာမန်ထက်ပင်ပိုစားလိုက်မိကြတယ်။


ထန်ထန်လည်းဗိုက်ဆာနေခဲ့ပင်မယ့် စိုးရိမ်မှုကြောင့်အများကြီးမစားနိုင်ခဲ့ပေ။အခုထက်ထိကျိယန်ဆီကဘာသတင်းမှမရသေးဘူးလေ။ထိုအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရတာကြောင့် ထန်ထန် အပြေးအလွှားတံခါးသွားဖွင့်လိုက်တယ်။ကျိယန်ပြန်လာတယ်ဟုထင်လိုက်မိပင်မယ့် အပြင်မှရပ်နေသည့်သူကသူမ မသိတဲ့စစ်သားလေးတစ်ယောက်ဖြစ်နေတယ်။


ထိုစစ်သားလေးက ထန်ထန်ရှေ့မှာသေချာစွာရပ်ပြီး စကားပြောလိုက်တယ်။


"မရီး ကျွန်တော်က ခေါင်းဆောင်ကျိရဲ့လက်အောက်က လက်အောက်ငယ်သားပါ သူကျွန်တော်ကို သတင်းပို့ခိုင်းလိုက်လို့ လာခဲ့တာပါ။ခေါင်းဆောင်ကျိက မစ်ရှင် သွားနေတာမို့ အချိန်ခဏလောက်တော့ အိမ်ပြန်မလာသေးနိုင်ပါဘူးတဲ့ ဒါကြောင့် မရီးနဲ့ကလေးတွေ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဖို့မှာလိုက်ပါတယ်..."


"မစ်ရှင်သွားတယ်..."


ထန်ထန် အံ့အားသင့် သွားမိတယ်။ဒါကို သူမ ပထမဆုံးကြားဖူးခြင်းဖစ်တယ်။ အမှန်တိုင်းဆိုရလျင် ကျိယန်က မနက်အစောကြီးထပြီးညနေမှပြန်လာကာလေ့ကျင့်ခန်းများပြုလုပ်ရခြင်းသာဖြစ်သည်ဟုသူမထင်ထားခဲ့မိတယ်။ဒါကြောင့် မစ်ရှင် အကြောင်းကြားလိုက်ရချိန်မှာ သူမအံ့အားသင့်သွားမိတယ်။


စစ်သားလေးကထပ်ပြီးရှင်းပြလိုက်တယ်။


"မရီး ခေါင်းဆောင်ကျိက သူကိုယ်တိုင်ပြန်လာပြီးတော့ပြောချင်တာပါ ဒါပင်မယ့်လည်း မစ်ရှင်ကအရေးပေါ်ဖြစ်နေလို့ပါ...သူ့မှာ ပြင်ဆင်စရာတွေအရမ်းများနေတဲ့အတွက် ညစာစားဖို့ပြန်မလာနိုင်တော့ဘူးဖြစ်သွားတယ်...သူနဲ့သူလူတွေအားလုံး ဟယ်လီကော်ပတာနဲ့ထွက်သွားကြပြီ..."


ထန်ထန် ပို၍ပင်မျက်မှောင်ကြုတ်လိုက်မိတယ်။


ထို့နောက် စစ်သားလေးက ဟိုဘက်အိမ်တံခါးကိုသွားခေါက်လိုက်တယ် 


ချက်ချင်းဆိုသလိုပင်တံခါးပွင့်သွားပြီး ဖန်ယုဝေပေါ်လာတယ် 


"ကျန်းချန်းရော..."


 စစ်သားလေးက ထန်ထန်ကို ပြောခဲ့သည့်အတိုင်း တစ်ပုံစံထထပ်ပြောလိုက်တယ် 


ထို့နောက် တံခါးဝတွင်ရပ်နေဆဲဖြစ်သော ထန်ထန်နှင့်ဖန်ယုဝေကိုထားခဲ့ပြီး ထွက်သွားတော့တယ်။


ဖန်ယုဝေတို့အိမ်က မိတ်ဆုံစားပွဲပြီးကတည်းက ထန်ထန်နှင့်သူမ စကားမပြောဖြစ်ကြတော့ဘူး။ ထိုကိစ္စကြောင့် ကျန်းချန်းနဲ့ဖန်ယုဝေတို့စကားများကြပုံလည်းပေါ်တယ်။


ထန်ထန်က ထိုကိစ္စနှင့်ပတ်သတ်ပြီး

ဘာမှမကျေမနပ်မဖြစ်ခဲ့ပင်မယ့်လည်း ဖန်ယုဝေက သူမနှင့်မျက်နှာချင်းဆိုင်တဲ့အချိန်မှာတောင် နှုတ်ဆက်ခြင်းမရှိတော့ဘူးသူ့ဘက်က ဒီလိုလုပ်နေမှတော့ ထန်ထန်ကလည်းသူ့အတိုင်းပဲ တုန့်ပြန်လိုက်တယ်။သူတို့နှစ်ယောက် သူစိမ်းတွေလိုပဲ မသိချင်ယောင်ဆောင်လိုက်ကြတယ်။


ဖန်ယုဝေကထန်ထန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲသူမအခန်းထဲဝင်သွားတယ်။ထန်ထန်ကိုယ်တိုင်ကလည်းစိတ်အခြေနေမကောင်းသောကြောင့် အခန်းထဲသာပြန်ဝင်ခဲ့လိုက်တယ်။


ကျိရှောင်ကျိုးကထန်ထန်ပြန်ဝင်လာတာကိုတွေ့လိုက်တာနဲ့ ချက်ချင်းပဲမေးလိုက်တယ်။


"မာမီ...ဒယ်ဒီဘယ်သွားတာလဲ..."


ထန်ထန် စိုးရိမ်ပူပန်မှုများကို ဖိနှိပ်လိုက်ပြီး အားတင်းပြုံးလိုက်ကာ သက်တောင့်သက်သာပုံစံမျိုးဖြင့် ပြောလိုက်တယ်။


"ဒယ်ဒီက မစ်ရှင်သွားတာလေ မကြာခင်ပြန်လာလိမ့်မယ်..."


ထန်ထန် ၏အပြုံးမျက်နှာကြောင့် ကလေးများက စိုးရိမ်ပူပန်မှုလျော့နည်းသွားပြီးအစားဆက်စားနေကြတယ်။ကျိရှောင်ကျိုးလေးကသူမကိုပင်နှစ်သိမ့်ပေးလာသေးတယ်။


"မာမီ စိတ်မပူပါနဲ့ အရင်တုန်းကလည်းဒယ်ဒီကမစ်ရှင်တွေအများကြီးသွားနေကြ မကြာခင်ပြန်လာလိမ့်မယ်..."


ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်။ဒါကအမှန်ဖြစ်ဖို့သူမမျှော်လင့်မိတယ်။သူမတို့သုံးယောက်စားသောက်ပြီးသည့်အချိန်၌ တော်တော်လေးနောက်ကျနေပြီ ပုံမှန်တိုင်းဆိုလျှင် ကျိယန်ကဝမ်နောင်ကိုသူ့အိမ်ဆီ ပြန်ပို့နေကြဖြစ်ပင်မယ့်လည်း ဒီနေ့သူမရှိနေဘူး။ထန်ထန် ကျိရှောင်ကျိုးကိုပါခေါ်ပြီး ကလေးမလေးကို အိမ်လိုက်ပို့လိုက်တယ်။


ဝမ်နောင်ရဲ့အိမ်က လမ်းလျောက်သွားရင် မိနစိနှစ်ဆယ်တောင်မကြာပေ။ထန်ထန်က ကလေးနှစ်ယောက် ကိုတစ်ဖက်စီဆွဲရင်းလျှောက်လာသည့်ပုံမှာ ကလေးနှစ်ယောက် မိခင်နှင့်ပင်တူနေသည်။


ထန်ထန် မနေ့ညကပဲကျိယန်နှင့်ပြောခဲ့တဲ့စကားကိုပြန်သတိရသွားတယ်။ကြည့်ရတာတော့ သူတို့ကျိရှောင်ကျိုးလက်ထပ်သွားတဲ့အချိန်တောင် စောင့်စရာမလိုတော့ဘူး။အခုပဲသမီးလေးတစ်ယောက်ရနေပြီပဲ။ကျိယန်ရောအဲ့လိုမျိုးတွေးမိလိုက်မလား။


ဆယ့်ငါးမိနစ်ခန့်လျှောက်ပြီးတဲ့အချိန်မှာတော့ သူတို့ ဝမ်နောင်ကတံခါးတစ်ခုရှေ့၌ရပ်လိုက်ပြီးလက်ညိုးထိုးပြလိုက်တယ်။


"ဒါ...နောင်နောင်တို့အိမ်လား "


ကလေးမလေးကခေါင်းငြိမ့်လိုက်သော်လည်း သူတံခါးသွားမခေါက်ဘဲ နေရာမှာတင်ရပ်တန့်နေတုန်းပဲ။ဒါကြောင့်ထန်ထန်ကိုယ်တိုင်ပဲ တံခါးသွားခေါက်လိုက်တယ်။


 ဒါပင်မယ့် လည်း ၂ခါလောက် တံခါး ခေါက်ပြီးတဲ့အချိန်အထိ ဘယ်လိုတုန့်ပြန်မှုမျိုးမှမရှိဘူး။ထန်ထန် ဇဝေဇဝါ ဖြစ်သွားပြီး တံခါးနားသို့ နားကပ်ခါ နားထောင်လိုက်မိတယ်။ကလေးတစ်ယောက်၏အသံကိုအတွင်းမှသူမကြားလိုက်ရတယ်။


ဒီတော့အိမ်မှာတစ်ယောက်ယောက်ရှိနေတာပဲပေါ့...


ထန်ထန် နောက်ထပ်တံခါးထပ်ခေါက်လိုက်ပြီး အချိန်တော်တော်ကြာမှသာတစ်ယောက်ယောက်တံခါးလာဖွင့်ပေးတယ်။


တံခါးလာဖွင့်တဲ့အမျိုးသမီးက တော်တော်လေး ကိုလှပတယ်။သူမကလှိုင်းတွန့်ဆံပင်ရှည်များနှင့် ပိုးသားညဝတ်အင်္ကျီကိုဝတ်ဆင်ထားတယ်။သူမရဲ့အသားအရေကလည်းအရမ်းကောင်းပြီး တစ်ချက်ကြည့်လိုက်ယုံနဲ့ဖက်ရှင်ကျတဲ့ အမျိုးသမီး တစ်ယောက်မှန်းသိသာစေတယ်။


သူမက ဝမ်နောင်ရဲ့မိထွေးလျိုဇီရွှမ်ပဲဖြစ်မယ်...


လျိုဇီရွှမ်က အပြင်မှာရပ်နေတဲ့သုံးယောက်ကိုကြည့်လိုက်ပြီးနောက် ထန်ထန် ကိုပြုံးပြလိုက်ပြီးပြောလိုက်တယ်။


"ရှင်ကဗိုလ်ကြီးကျိရဲ့ဇနီးပဲဖြစ်ရမယ်။ဟုတ်တယ်မို့လား...တောင်းပန်ပါတယ်...ကျွန်မဒီနေ့ TV အသံအကျယ်ကြီး ထပ်ဖွင့်ထားပြီးတံခါးခောက်တာကိုမကြားလိုက်မိဘူးဖြစ်သွားတယ်..."


ထန်ထန်ကပြုံးလိုက်ပြီး ကိစ္စ မရှိတဲ့အကြောင်း ခေါင်းအသာခါရမ်းပြလိုက်တယ်။


"ကျွန်မတို့ နောင်နောင်ကိုပြန်လာပို့တာပါ..."


လျိုဇီရွှမ်ကလက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူတို့ကို အထဲဝင်ဖို့ဖိတ်ခေါ်လိုက်တယ်။


"အထဲဝင်ပြီးလက်ဖက်ရည်လေးဘာလေးသောက်ပါဦးလား..."


ထန်ထန် လက်ခါပြ၍ အလျှင်အမြန်ပဲငြင်းလိုက်တယ်။


"ရပါတယ် ကျွန်မ တို့အခုပဲတော်တော်လေးနောက်ကျနေပြီဆိုတော့ကျွန်မတို့ပြန်ပြီးအိပ်တော့မှာပာ..."


လျိုဇီရွှမ်ကလည်းအတင်းအကျပ်မတိုက်တွန်းတော့ဘဲ အပြုံးလေးနဲ့ကျေးဇူးတင်စကားဆိုလိုက်တယ်။


"ရှင်တို့ကို ဒုက္ခများစေမိပြီ ဝမ်နောင် အဲ့ဒီကလေးမလေးကတော့လေ ရှင်တို့ကိုနေ့တိုင်းပဲနှောက်ယှက်နေတော့တာပဲ။သူရှင်တို့ကို ပြသနာတော်တော်ပေးတာပဲဖြစ်ရမယ် နောက်ကျရင်တော့ ကျွန်မ သူ့အဖေကို ပြောပြီး ရှင်တို့ကိုထမင်းစားဖိတ်ခိုင်းလိုက်ပါဦးမယ်..."


ထန်ထန်ကလည်း ထိုစကားများက ယဉ်ကျေးမှုအရပြောတဲ့စကားများဆိုတာကိုသိတယ်။

ဒါကြောင့်မို့ သူမယဉ်ကျေးစွာပဲပြန်တုန့်ပြန်လိုက်တယ်။


"ကျွန်မတို့အတွက်ပြသနာမရှိပါဘူး...နောင်နောင်နဲ့ကျွန်မတို့ရဲ့ရှောင်ကျိုးက သူငယ်ချင်း ကောင်းတွေဖြစ်နေကြတာလေ။ကျွန်မကတောင်မှပဲ ကလေးဝမ်နောင်လာဖို့ ပိုပြီးမျှော်လင့်နေမိတာ သူကတစ်ကယ့်ကိုကောင်းတဲ့ ကလေးလေးပဲ အဲ့တော့ ကျွန်မတို့ကို အစားအသောက် ကျွေးမွေဧည့်ခံပြီး ကျေးဇူးတင်နေစရာမလိုပါဘူး..."


ထိုအချိန်မှာပင် ကလေးတစ်ယောက် ရဲ့စူးရှစွာအော်သံကိုကြားလိုက်ရတယ်။


"မာမီ ဘယ်ရောက်သွားတာလဲ...ဒီမှာလာ ပြီးကစားဦး..."


လျိုဇီရွှမ်ကရှက်ရွံ့စွာပြုံးလိုက်ပြီး 


"အဲ့ဒီကလေးလေးအော်သံကတော့လေ လူတွေကိုတစ်ကယ်ပဲ ခေါင်းကိုက်စေတယ်...ဒီလိုဆိုမှတော့ ကျွန်မရှင်တို့ကို မတားနေတော့ပါဘူး နောက်အားရင်လည်း အိမ်ကိုလာလည်ကြပါဦး..."


ထန်ထန် ခေါင်းငြိမ့်ပြလိုက်ပြီး နောင်နောင် ခေါင်းလေးကိုအသာဖိပွတ်နှုတ်ဆက်လိုက်ခါ ရှောင်ကျိုးနှင့်အတူပြန်သွားလိုက်တယ်။


ကလေးမလေးက တံခါးရှေ့မှာရပ်နေတုန်းပဲ။လျိုဇီရွှမ် သူမကိုလှမ်းခေါ်လိုက်ပင်မယ့်လည်း နည်းနည်းမှတောင်မရွှေ့ဘဲထန်ထန်နှင့်ကျိရှောင်ကျိုးနောက်ကျောကိုသာစိုက်ကြည့်နေတယ်။သူမ၏ပုံစံလေးက အရမ်းကိုသနားစရာကောင်းလွန်းတာကြောင့် ထန်ထန်သူမကိုစွန့်ပစ်ခဲ့မိသလိုတောင်ခံစားလိုက်မိတယ်။သူမကသာတစ်ခြားမိသားစုလေးရဲ့ကလေးမလေးဟုတ်မနေဘူးဆိုရင် ထန်ထန်သူမကိုအိမ်ပြန်ခေါ်သွားမိမှာဖြစ်တယ်။


ထန်ထန်တောင့်မခံနိုင်ဘဲ လှည့်ကြည့်လိုက်မိလေရာ လျိုဇီရွှမ်၏စိတ်မရှည်သောအကြည့်များကိုမြင်လိုက်ရတယ်။ဒါကြောင့် သူမ ပိုပြီးတော့ မသက်မသာခံစားလိုက်မိတယ်။သူမတို့အိမ်ပြန်လာတဲ့ လမ်း၌ ကျိရှောင်ကျိုးလေးက စိတ်ပျက်လက်ပျက်ပုံစံမျိုးဖြင့်စကားဆိုလာတော့တယ်။


"မာမီ သား မာမီ့ကိုလျှိုဝှက်ချက်တစ်ခုပြောပြမယ် တစ်ကယ်တော့လေ ခုဏတုန်းကတွေ့ခဲ့တဲ့အန်တီကလေ နောင်နောင်ရဲ့အမေအရင်းမဟုတ်ဘူးတဲ့...သူမက မိထွေး"


ထန်ထန် မျက်ခုံးပင့်လိုက်မိပြီးမေးလိုက်တယ်။


"ပေါင်ပေါင်ကဘယ်လိုသိလဲ..." 


သူမလည်းဒီအကြောင်းအသေးလေးကိုတစ်ခါမှမပြောဘူးဖူး။ဒီတော့သူဘယ်လိုလုပ်သိလာတာလဲ။


ကျိရှောင်ကျိုးက ဟမ့်ခနဲ နှာမှုတ်လိုက်ပြီးနောက် 


"နောင်နောင်သားကိုပြောပြတာ။"


နောင်နောင် ကပြောပြတယ်... သူမပိုပြီးတော့တောင်အံ့အားသင့်သွားမိတယ်။


နောင်နောင် ထိုအကြောင်းအရာ ပြောတာမျိုးကို တစ်ခါမှမကြားဘူးခဲ့ဖူး။ခေါင်းငြိမ့်ခေါင်းခါလောက်ပဲ တုန့်ပြန်နိုင်တဲ့နောင်နောင်က ဒီလိုအကြောင်းအရာ များကို

ကျိရှောင်ကျိုးကိုပြောပြတယ်တဲ့လား။


"အဲ့ဒီအန်တီကလေ နောင်နောင်ကို မူကြို အကြိုအပို့လည်းမလုပ်ပေးဘူး။ပြီးတော့ နောင်နောင် ကိုမနက်စာလည်းမလုပ်ပေးဘူး ...အဲ့တော့ပေါင်ပေါင်က

သံသယဖြစ်လာပြီးတော့ မေးလိုက်မိတာ...

နောင်နောင် အဲ့ဒီအန်တီကနင့်ရဲ့မိထွေးလာဆိုတော့ သူမကခေါင်းငြိမ့်ပြီးတော့ ပြန်ဖြေတယ်လေ...အဲ့တာကအမေမဟုတ်ဘူးတဲ့..."


အဲ့ဒီတော့ ထင်ထားသလိုပဲ နောင်နောင်ကပြောတာမဟုတ်ဘဲ ကျိရှောင်ကျိုးကမေးတာပေါ့လေ။


ကျိရှောင်ကျိုးကိုကြည့်ရသည်မှာ ထိုအတွက်ကြောင့် စိတ်ခံစားချက်အခြေအနေဆိုးနေသေးပုံရတယ်။


"မာမီ...ဘာလို့မိထွေးတွေကမကောင်းရတာလဲဟင်...နောင်နောင် ကအရမ်းသနားဖို့ကောင်းတယ် သူ မနက်တိုင်းဗိုက်ဆာနေတာတောင်မှပဲ မုန့်လေးတစ်ခုတောင်မရဘူး ပြီးတော့လေ သူ့မှာ ကစားစရာ ဆိုလို့ကားလေးသေးသေးလေးတစ်စီးပဲရှိတယ်...ကစားကွင်းတို့ပန်းခြံတို့ကိုလည်းမရောက်ဖူးဘူးတဲ့..."


သူမ အသေးလေး၏ခေါင်းကို ပွတ်သပ်လိုက်ပြီး အမှန်ပြင်ပေးလိုက်တယ်။


"မိထွေးတိုင်းဆိုးတာမဟုတ်ပါဘူး။ကောင်းတဲ့မိထွေးလည်းအများကြီးရှိတယ်။မာမီတို့ကအဲ့လိုမျိုး သိမ်းကြုံးပြီးပြောလို့မရဘူးလေ..."


"ဒါပင်မယ့် နောင်နောင် ရဲ့မိထွေးကတော့ သေချာပေါက်မကောင်းဘူး။သူမရဲ့ဒယ်ဒီနဲ့အဲ့ဒီမိထွေးကလေသူ့ရဲ့ မောင်ငယ်လေးနဲ့အတူတူအိပ်တဲ့အချိန်မှ နောင်နောင်ကတော့ တစ်ယောက်ထဲအိပ်ရတယ်။နောင်နောင်ကညတိုင်းကြောက်လန့်ပြီးတော့ သူမစောင်ထဲမှာပဲပုန်းနေတာတဲ့ သူအပြင်ကိုတောင်မထွက်ရဲရှာဘူး..."


ထန်ထန်နှလုံးသားထဲ တင်းကြပ်သွားမိတယ်။ကလေးမလေးတစ်ယောက်ထဲ ကြောက်ရွံစွာအိပ်နေမယ့်ပုံကိုမြင်ယောင်မိပြီး သူမနာကျင်ခံစားလိုက်မိတယ်။ကျိရှောင်ကျိုးကသတ္တိရှိတဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် ထန်ထန်သူ့အတွက်မစိုးရိမ်မိဘူး။ဒါပင်မယ့် နောင်နောင်လိုကလေးမလေးတစ်ယောက်က ဘယ်လိုလုပ်မကြောက်ဘဲနေမလဲ။


ဒါကြောင့်မို့ကလေးမလေးက ညတိုင်း သူမတို့အိမ်ကနေမပြန်ချင်ဖြစ်နေတာကို။အိမ်ကနေပြန်ရတော့မယ်ဆိုတိုင်း သူမကအရမ်းသနားဖို့ကောင်းတယ်။သူကအိမ်မှနေချင်နေတာပဲ။ထန်ထန် ထိုအခြေနေကိုမနှစ်သက်သော်လည်း သူမလုပ်နိုင်တာဘာမှမရှိဘူး။သူမကတစ်ခြား မိသားစုရဲ့ကိစ္စထဲ ဝင်ပါလို့လည်းမရဘူး။


ကျိရှောင်ကျိုးကထန်ထန်ကို မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်ပြီးမေးလိုက်တယ်။


"မာမီ နောင်နောင်ကို သားတို့အိမ်မှာတစ်ကယ်ပဲညအိပ်ခိုင်းလို့မရဘူးလားဟင်...သူ့ကိုအဖော်ပြုပြီးအိပ်ပေးမယ်ဆိုရင် သူကြောက်တော့မှာမဟုတ်ဘူး..."


ထန်ထန် ကူရာမဲ့စွာခေါင်းခါယမ်းလိုက်ပြီး


 "မရဘူး...နောင်နောင် ရဲ့ဒယ်ဒီက သဘောတူမယ်ဆိုရင်တော့တစ်မျိုးပေါ့"


ထိုခဏလေးမှာပဲ ကျိရှောင်ကျိုးက ခေါင်းငိုက်စိုက်ကျသွားတေ့တယ်။


.ထန်ထန်လည်း နောင်နောင် အတွက်စိတ်မကောင်းဖြစ်နေရင်း ရုတ်တရက်စိတ်ကူးတစ်ခုရသွားတယ်။


"ပေါင်ပေါင် ဒီလိုဆိုရင်ရော... မာမီ မနက်ဖြန်ကြရင် နောင်နောင် အတွက် ကျားရုပ်လေးလုပ်ပေးလိုက်မယ်လေ ကျားရုပ်လေးက နောင်နောင်အိပ်တဲ့အချိန်မှာအဖော်ပြုပေးလိမ့်မယ် ကျားလေးကအရမ်းသတ္တိရှိပြီး အရမ်းစွမ်းအားကြီးမို့ နောင်နောင်ကို လူဆိုးတွေရဲ့ရန်က ကာကွယ်ပေးလိမ့်မယ်။ဒါဆိုရင် နောင်နောင် လည်း ကြောက်တော့မှာမဟုတ်ဘူး ပေါင်ပေါင်ဘယ်လိုထင်လဲ..."


ကျိရှောင်ကျိုးရဲ့မျက်ဝန်းလေးများက တောက်ပသွားပြီး အကောင်းဆုံးအကြံဟု ထင်လိုက်မိတယ်။သူထန်ထန်ရဲ့လက်ကိုဆွဲပြီးခေါင်းငုံ့ပေးဖို့ပြောလိုက်တယ်။


"မာမီ သားပြောစရာရှိတယ်..."


ထန်ထန်လည်း ဇဝေဇဝါ နဲ့ခေါင်းငုံ့ပေးလိုက်ရာ သူက သူမ၏ ပါးပြင်ကိုသုံးကြိမ်နမ်းလိုက်လေသည်။


"မာမီကအကောင်းဆုံးပဲ မာမီကိုချစ်တယ်။"


"ကလေးစုတ်လေး..."


 ထန်ထန်ရဲ့နှလုံးသားလေးနွေးထွေးမှုကိုခံစားလိုက်မိပြီးပြုံးလိုက်မိသည်။နောက်တစ်နေ့၌ ထန်ထန်ကလေးမလေး.အတွက်လအရုပ်လုပ်ပေးဖို့ပြင်လိုက်တယ်။ဒါက အားသည့်အချိန်တိုင်း ကျိယန်အကြောင်းကိုတွေးနေမိသည့် သူမအတွက်လည်း စိတ်ဖြေရာတစ်ခုအဖြစ်လဲ သတ်မှတ်နိုင်ပေသည်။


တပ်ရင်းမှူးကတော်က သူမဆီရောက်လာပြီး အလုပ်ရှုပ်နေသည်ကိုမြင်လိုက်သည့်အခါ၌ စိတ်သက်သာရာရစွာဖြင့် ရယ်မောလိုက်သည်။


"အစ်မကထန်ထန်စိတ်ပူနေမှာကိုစိုးရိမ်နေတာ ကြည့်ရတာတော့အစ်မအများကြီးတွေးမိသွားပုံပဲ"


ထန်ထန်လည်းသူမကိုပြုံးပြပြီး စကားပြန်ပြောလိုက်သည်။


"အစ်မ ကျွန်မ စိုးရိမ်နေလို့လဲ... ဘာမှမထူးဘူးလေ။အဲ့တော့ကျွန်မလုပ်နိုင်တာဆိုလို့ ရှောင်ကျိုးနဲ့ကျွန်မအတွက်စိတ်မပူအောင်လို့ ကောင်းကောင်းနေဖို့ပဲ..."


"ဒါအမှန်ပဲပေါ့ ညီမတွေးတာမှန်တယ်။သူတို့ကနှစ်တိုင်း မစ်ရှင်တွေအများကြီးပဲသွားနေရတာ သူတို့ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့ ပြီးတော့လည်းသူတို့ရဲ့ခန္ဓာကိုယ် အရမ်းကြံခိုင်တယ်လေ။ဘာပြသနာမှမရှိပါဘူး..."


ထိုစကားများကြောင့် ထန်ထန် အနည်းငယ် စိတ်သက်သာရာရသွားသလိုခံစားလိုက်ရတယ်။ထို့နောက် တပ်ရင်းမှူးက တော်က သူတို့ဘယ်လောက်တောင်အံ့အားသင့်စရာကောင်းသည့်အကြောင်းကို ထပ်မံပြောဆိုလာလေသည်။


"အစ်မပြောပြဦးမယ် သူတို့အားလုံး ထဲမှာမှလေ ကျိယန်ရဲ့စွမ်းဆောင်ရည်က လုံးဝအကောင်းဆုံးပဲ အဲ့လိုမှမဟုတ်ရင်လည်း သူရဲ့အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး တပ်စုခေါင်းဆောင်ဖြစ်လာနိုင်မှာလဲလေ။ဒီလိုရာထူးမြင့်မြင့်နေရာကို ရောက်လာဖို့ဆိုတာလည်း သူအများကြီးကြိုးစားထားရတာ အစ်မတို့ရဲ့တပ်ရင်းမှူးဆိုရင်လည်း ကျိယန်အကြောင်းကို အမြဲချီးကျူးပြောဆိုနေကြ..."


ထိုစကားများကြောင့် ထန်ထန် ပျော်ရွှင်လာမိတယ်။သူမ ပထမဦးဆုံး အကြိမ်အဖြစ် ကျိယန်၏ စစ်တပ်ထဲမှအကြောင်းများကိုကြားဖူးခြင်းဖြစ်သည်။ထို့ကြောင့် သူ့မ တပ်ရင်းမှူးကတော်၏အင်္ကျီလက်ကိုဆွဲလိုက်ပြီး တောင်းဆိုလိုက်သည်။


"အစ်မ အဲ့ဒီအကြောင်းတွေကိုထပ်ပြောပြလို့ရဦးမလား ဟင်..."


တပ်ရင်းမှူးကတော်က ထန်ထန်ရဲ့နဖူးကို ပုတ်လိုက်ပြီး


" ကြည့်စမ်းပါဦး ကျိယန်အကြောင်းပြောလိုက်တဲ့ ဘယ်အချိန် မဆို ညီမရဲ့မျက်လုံးတွေက တောက်ပလာတော့တာ...သူ့ကိုအဲ့လောက်တောင်ပဲကြိုက်တာလား..."


ထန်ထန်ရှက်ရွှံစွာဖြင့် တီးတိုးရေရွတ်လိုက်မိသည်။


"ကျွန်မက သူ့ကို ကြိုက်တယ်။ဒါကိုကျွန်မလည်းမထိန်းချုပ်ထားနိုင်ဘူး..."


တပ်ရင်းမှူးကတော်လည်းရယ်မောလိုက်ပြီး 


"နည်းနည်း လေးတောင်မှမရှက်တော့ဘူးပေါ့လေ။ကောင်းပြီ ကောင်းပြီ ပိုပြောပြမယ် ဟုတ်ပြီလား...ဒီမှာရှိတဲ့တပ်ဖွဲ့တွေခေါင်းဆောင်အကုန်လုံးက သူတို့ရဲ့စွမ်းရည်အရ ဒီနေရာကိုရောက်လာကြတယ် ဆိုပင်မယ့်...ဒါပေါ့ ကျိယန်ကတော့ လုံးဝကိုထူးချွန်နေတာပဲပေါ့ သူ့ရဲ့စစ်ရေးဗျူဟာဖြစ်ဖြစ် သူရဲ့ကိုယ်ပိုင် စွမ်းရည်ပဲဖြစ်ဖြစ် အကောင်းဆုံးပဲ...လုံးဝအကောင်းဆုံးပဲ...သူတို့နှစ်တိုင်းပြိုင်ပွဲလုပ်တဲ့အချိန်မှာလည်း ကျိယန် ကနှစ်တိုင်းပထမပဲ..."


သူမ၏နှုတ်ခမ်းထောင့်စွမ်းလေးများမြှင့်တက်သွားသည်။သူမ၏စိတ်ထဲ၌ အံ့ဩ စရာကောင်းလွန်းသော ခင်ပွန်း သည်အတွက် ဂုဏ်ယူမိသွားသည်။


"ဒါပင်မယ့် ကျိယန်မှာက ကောင်းမွန်တဲ့ အဆက်အသွယ်တွေတော့မရှိဘူး...သူနဲ့တုန်းလီက ဒီစစ်တပ်ထဲမှာ မိသားစုအဆက်အသွယ်မရှိတဲ့သူတွေလေ ကျန်းချန်းနဲ့ယောက္ခမအပေါ်မှီခိုနေတဲ့နောင်နောင်ရဲ့အဖေတို့နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့နှစ်ယောက်က ဒီနေရာကိုရောက်ဖို့ သူတို့ရဲ့စွမ်းရည်အပေါ်ပဲမှီခိုခဲ့တာ။ပြောမယ်ဆိုရင်လေ ဒီရာထူးတွေက စွမ်းဆောင်ရည်ပေါ်မူတည်တယ်လို့ပြောကြပင်မယ့် တစ်ကယ်တမ်း ရာထူးတိုးဖို့တို့ နေရာရွေ့ပြောင်းဖို့အတွက်ကြတော့ အဲ့အချက်က မမှန်တော့ပြန်ဘူး..."


တပ်ရင်းမှူးကတော်ပြောချင်တာက ကျိယန်က ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်ဆိုပင်မယ့် သူရထားတဲ့ ရာထူးက တစ်ကယ်တမ်းမျှတမှုမရှိဘူးလို့ပြောချင်တာလား။


ထန်ထန် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။


သူမရုတ်တရက်ပဲ အဖွားကျိုး၏မွေးနေ့ပွဲတွင် တွေ့ခဲ့သော အဖိုးကျိကို သတိရသွားမိသည်။သူကတစ်ချက်ကြည့်လိုက်ရုံဖြင့် အဆင့်အတန်း မြင့်သည့်သူတစ်ယောက်မှန်းသိသာပေသည်။ထို့အပြင်သူကစစ်တပ်ထဲတွင်လည်း ရာထူးမြင့်မြင့်ရှိသည့်သူဖြစ်တယ်။


ကုရန်ယန်ပြောသည့်အတိုင်းဆိုလျှင် ကျိယန်၏မိသားစုက စစ်တပ်မိသားစုစစ်တပ်အသိုင်းအဝိုင်းမှဖြစ်တယ်။သို့သော်လည်း ၎င်းကိုမည်သူမှ သိသည့်ပုံမပေါ်ပေ။ထိုအဓိပ္ပါယ်က ကျိယန်က သူ့မိသားစုအပေါ် မမှီခိုဘူး သို့မဟုတ် သူ့မိသားစုအကြောင်းကို တစ်ခါမှမပြောဖူးဘူးဟုဆိုလိုပေသည်။


သူက သူတစ်ယောက်ထဲပဲကြိုးစားခဲ့တာလား။


ထန်ထန်က ထိုအကြောင်းများကို တပ်ရင်းမှူးကတော်အား မပြောလိုက်တော့ပေ။ကျိယန်က ပြောပြချင်စိတ်မရှိဘူးဆိုမှ သူမကလည်း သူ့ဆန္ဒအတိုင်း လိုက်နာရပေမည်။တပ်ရင်းမှူးကတော်နှင့်စစ်တပ်အကြောင်းများ စကားလက်ဆုံကျနေခြင်းကလည်း ကောင်းသည့်အရာမဟုတ်ချေ။ထို့ကြောင့် ထန်ထန်က သူမလုပ်နေသည့် အရုပ်လေးအကြောင်း စကားလွှဲလိုက်သည်။


သူမ၏ အကူအညီကြောင့် ထန်ထန်ရဲ့ကျားအရုပ်ကလေး နေ့တစ်ဝက်မှာတင် ပြီးဆုံးသွားသည်။ကျားရုပ်လေး၏အရွယ်အစားက နောင်နောင်၏လက် နှင့်တစ်ပွေ့စာအနေတော်လေးပဲဖြစ်သည်။သူမအိပ်သည့်အချိန်၌ ထိုကျားရုပ်ကလေးကို သူငယ်ချင်းအနေဖြင့် ဖက်အိပ်လို့ရလေရာသူမနောက်ထပ်ကြောက်တော့မည်မဟုတ်ချေ။


"ထန်ထန် နင်ကလေ အရမ်းကိုကောင်းတာပဲ ဒီကလေးမကို သမီးအရင်းလေးလိုပဲ ဂရုစိုက်နေတယ်။တစ်ချို့မအေတွေ သူတို့ကလေးကို ဂရုစိုက်တာထက်ကိုပိုကောင်းနေသေးတယ်..."


တပ်ရင်းမှူးကတော်က ထန်ထန်၏ ဂရုစိုက်တတ်မှု၊ကြင်နာမှုများကြောင့် ပို၍ပင် နှစ်သက်သဘောကျလာမိလေသည်။


"ကျွန်မသူ့ကိုတစ်ကယ်ပဲနှစ်သက်တယ်။ပြီးတော့ သူကရှောင်ကျိုးလေးရဲ့သူငယ်ချင်းလေ။ကြည့်ရတာတော့ကျွန်မတို့မိသားစုနဲ့ရေစက်ပါပုံပဲ။ပြီးတော့သူ့မှာအမေလည်းမရှိတော့ဘူးဆိုတော့ ကျွန်မ ကသူ့ကိုအမေတစ်ယောက်လိုမျိုး ချစ်မြတ်နိုးမိတာပါ..."


"ဒီကလေးမလေးက ညီမတို့မိသားစုနဲ့တွေ့ရတာတစ်ကယ့်ကိုကံကောင်းတာပဲလို့ပြောလို့ရတယ်။ဒီကမ္ဘာပေါ်မှာ အဆင်မပြေတဲ့ဒုက္ခရောက်တဲ့သူတွေ အများကြီးပဲလေ ဒါပင်မယ့်တော့ လူတိုင်းက သူ့တို့ကိုကူညီပေးမယ့် ကြင်နာတတ်တဲ့တစ်စုံတစ်ယောက်နဲ့တွေ့နိုင်တာမျိုးမဟုတ်ဘူး..."


နောင်နောင်၏ အတိတ်အကြောင်းကိုတော့ ပြောင်းလဲ၍မရတော့ပင်မယ့် ထိုကလေးမလေး ခုမှစ၍ ဆိုးရွားသည့် အဖြစ်အပျက်များဖြင့်ကြုံတော့မည်မဟုတ်ပေ။ 


တပ်ရင်းမှူးကတော်က ပြောနေရင်းဖြင့်ပြုံးလိုက်ရင်း သူမကိုယ်သူမ လက်ညိုးညွှန်ပြလိုက်သည်။


"နောင်နောင်တင်ကံကောင်းတာမဟုတ်ဘူးနော် ညီမနဲ့တွေ့ရတာအစ်မလည်းကံကောင်းတယ်။အရသာရှိတဲ့အစားအစာတွေကို မကြာခဏစားရတာကိုထည့်မပြောရင်တောင်မှပဲ နေ့တိုင်းတစ်ယောက်ယောက်နဲ့စကားပြောခွင့်ရဖို့အဖော်ရှိသလိုမျိုး တစ်ခြားကိစ္စလေးတွေကိုလည်းတူတူလုပ်လို့ ရနိုင်တယ်လေ...ဒီလိုမှမဟုတ်ရင်လေအစ်မတစ်နေကုန် အိမ်မှာထိုင်နေပြီးတော့ ခေါင်းမူးခေါင်းကိုက်လောက်တဲ့အထိ စိုးရိမ်ပူပန်နေရတာ..."


တစ်ခြားစစ်သားဇနီးမယားများနှင့်သူမ၏ဆက်ဆံရေးက မဆိုးလှသော်လည်း အတွင်းရေးအကြောင်းများကိုပြောရလောက်သည်အထိတော့ နီးကပ်မှုမရှိပေ။ထန်ထန်ရောက်လာသည့်အခါမှသာ သူမ၏ အတွေးများကို ပြောပြနိုင်သည့် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရခြင်းဖြစ်သည်။


ထန်ထန်ကသူမမျက်နှာကိုကြည့်ရင်း ထပ်မေးလိုက်သည်။


"အစ်မ...အစ်မကလည်းကျွန်မလိုပဲအမြဲတမ်းအိမ်မှာပဲနေတာလား..."


"အင်း...အဲ့လိုတော့လည်းမဟုတ်ဘူး။အရင်တုန်းကအစ်မတို့ တစ်ခြားမြို့မှာနေခဲ့တုန်းက အစ်မအထည်ဆိုင်လေးဖွင့်ထားတယ်။ဒါပင်မယ့် ဒီကိုပြောင်းလာတဲ့အချိန်ကြတော့အဲ့တာက အဆင်မပြေဘူးဖြစ်သွားတယ်လေ။ပြီးတော့လည်းလက်ရှိမှာ ဝမ်ဝမ်ကစာမေးပွဲဖြေရတော့မယ်ဆိုတော့ သူ့ကိုလည်း ဂရုစိုက်နေရသေးတယ်။အဲ့ဒါကြောင့်မို့အလုပ်ထွက်ရှာဖို့အချိန်မရှိဘူးဖြစ်နေတာ...ပျင်းနေတယ် ဆိုပင်မယ့် လည်း အဲ့တာကိုတောင့်ခံရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူးလေ..."


"ညီမ မသိလို့နော် အစ်မပြောင်းလာတဲ့ပထမနှစ် တုန်းကဆိုရင်လေ စိုးရိမ်ပူပန်လွန်းလို့လေ ဆံပင်ဖြူတွေတောင်အများကြီးထွက်လာတယ်။အစ်မသာညီမလိုမျိုးစိတ်ရှည်လက်ရှည်နဲ့နေတတ်ရင်အရမ်းကောင်းမှာ..."


ထန်ထန် အမြန်ပဲဝင်ပြောလိုက်တယ်။


"ကျွန်မလည်းအရမ်းပျင်းနေတာပါ...ပေါင်ပေါင်နဲ့သူ့ရဲ့အဖေပြန်မလာသေးတဲ့အချိန်တွေဆိုရင်လေ အရမ်းကိုပျင်းနေတာ။အဲ့ဒီပျင်းစရာအချိန်တွေကို အိမ်အလုပ်တွေလုပ်ရင်းနဲ့ပဲဖြေဖျောက်နေရတာ စိတ်ထဲမှာ တော့သူတို့မြန်မြန်ပြန်လာပါစေလို့ ဆုတောင်းနေမိတာလေ..."


ပြောရမည်ဆိုလျှင် ထိုကဲ့သို့သူမငယ်စဉ်ကလေးဘဝထဲကဖြတ်သန်းလာခဲ့ရသည့် ပုံစံမျိုးပင်ဖြစ်သည်။ထို့ကြောင့်အခုတော့သူမ အသားကျနေပေသည်။


"အိုင်း...ဒါကြောင့်လေအစ်မထင်မိတာ အစ်မတို့အမျိုသမီးတွေကလေခုခုတော့လုပ်သင့်တယ်...ဒါကလေ ပိုက်ဆံ အတွက် မဟုတ်ရင်တောင်မှပဲ အစ်မတို့ရဲ့ငြီးငွေ့ပျင်းရိဖွယ်ရာအချိန်တွေ လျှော့နည်းသွားဖို့အကူညီဖြစ်တာပေါ့..."


ထန်ထန်ကလည်း တပ်ရင်းမှူးကတော်၏စကားများကိုလုံးဝသဘောတူညီသည်။သူမနေ့စဉ်နေတိုင်း အလုပ်များနေတတ်သည့်ကျီယွဲ့ကိုပင် သတိရသွားမိသည်။


ထန်ထန်က အိမ်မှာသာအမြဲနေတတ်သူဆိုပင်မယ့် လည်း ကျီယွဲ့လိုအမျိုးသမီးမျိုးကိုနှလုံးသားထဲကနေလေးစားအားကျမိလေသည်။သို့သော်လည်း သူမကတော့ ကျီယွဲ့လိုမျိုးဖြစ်လာလိမ့်မည်တော့ဟုတ်ပေ။


ထန်ထန် သက်ပြင်းတစ်ချက်ချပြီးပြောလိုက်တယ်။


"ကျွန်မကလည်းလေအိမ်မှာ အိမ်အလုပ်လေးတွေလုပ်တစ်ခြားချက်ပြုတ်တာလေူတွေလုပ်ပြီးတော့ပျင်းရိစရာတွေကိုဖြေတာကလွဲရင် တစ်ခြားဘာလုပ်ရမှန်းမသိဘူး။ကျွန်မ အလုပ်လည်းမရှာနိုင်ဘူး ။ပြီးတော့ရှောင်ကျိုးကလည်းအရမ်းငယ်သေးတယ်လေ။ကျွန်မ အလုပ်လုပ်မယ် ဆိုရင်လည်း သူတို့သားအဖနှစ်ယောက်အတွက် ချက်ပြုတ်ပေးနိုင်မှာမဟုတ်တော့ဘူး..."


သူမ၏ဘဝကိုလှပအောင် ပြုလုပ်ရမည်နှင့်ယှဉ်လိုက်လျှင် ဖအေနှင့်သား သားအဖနှစ်ယေက်၏တာဝန်များကိုပြုလုပ်ပေးဖို့ကပို၍အရေးကြီးပေသည်။


"အဲ့ဒါလည်းအမှန်ပဲ..."


 တပ်ရင်းမှူးကတော်ကလည်းသူမ၏အတွေးများကိုသဘောတူပုံဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။


ထန်ထန်ဘာမှ မတတ်နိုင်ပင်မယ့် သူမအိမ်မှနေပြီးလုပ်လို့ရမယ့် အလုပ်များအကြောင်းကို တွေးနေမိခြင်းအားမရပ်တန့်နိုင်ပေ။


"သူမရဲ့ခင်ပွန်းနှင့်သားလေးကို ဂရုစိုက်ပြုစုစောင့်ရှောက်ရင်း လုပ်လို့ရမယ့်အလုပ်လေးရှိရင်တော့ကောင်းမယ်။


ထန်ထန်၏အတွေးများကိုကြားပြီးနောက် တပ်ရင်းမှူးကတော်ခဏမျှကြောင်အနေမိသတယ်။


ထန်ထန်လက်ထဲက အပ်နဲ့အပ်ချည်ပစ္စည်းများကို ကြည့်လိုက်ပြီး သူမပေါင်ကိုသူမ ဗြန်းခနဲ့ရိုက်လိုက်သည်။


"ထန်ထန်  ညီမတစ်ကယ်ပဲလုပ်နိုင်တာပေါ့ ညီမ မှာကျွမ်းကျင်မှုရှိပြီးသားပဲမဟုတ်ဘူးလား..."