အပိုင်း ၁၉
Viewers 14k

Chapter 19

 မင်းအကြိုက်ကဘာတွေဖြစ်နေတာလဲ...

ရုန်ယီခေါင်းတစ်ခုလုံးချာချာလည်နေကာ လေပေါ်မြောက်နေသကဲ့သို့ထင်ရ၏။ ချန်းခယ့်ယောင်အား နောက်မှခဏကြာကြည့်နေပြီးသည့်နောက် သူ့ဘေးသို့သွား၍ငုတ်တုတ်ထိုင်လိုက်သည်။ 

သူက ချန်းခယ့်ယောင်၏နောက်ကျောကိုပုတ်ပေးလိုက်ကာ “မင်းမူးနေတာလား...”

နောက်ဆုံးတော့ ချန်းခယ့်ယောင်အန်ပြီးသွားခဲ့သည်။ သူက ပါးစပ်ကိုလက်ခုံနှင့်သုတ်ကာ ရုန်ယီကိုကြည့်လ်ိုက်၏။ သူ၏အမူအရာက အလွန်ရှုပ်ထွေးနေသော်လည်း ဘာမှမပြောခဲ့ချေ။  

ရုန်ယီသူ့ကိုမျက်ဝန်းများမှေးကျဥ်းလျှက် ကြည့်လိုက်သည်။ 

သူက အဖြေကိုမစောင့်ပဲ ရုတ်တရက်ထရပ်လိုက်၏။ ထို့နောက် လက်ကိုဆန့်ပေးလိုက်သည့်အချိန်တွင် သူ့ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလိုခံစားလိုက်ရလေသည်။  

ရုန်ယီက ယိုင်တိယိုင်တိုင်ဖြင့်ဟန်ချက်ပြန်ထိန်းလိုက်၏။ သူမြေပေါ်လဲကျကာနီးတွင် တစ်စုံတစ်ဦးက သူ့အားတွဲလိုက်လေသည်။  

ချန်းခယ့်ယောင်က သူ့အားမယုံနိုင်သလိုကြည့်ရင်းမေးလိုက်၏။ 

“မင်းဘယ်ကိုသွားနေတာလဲ...”

ရုန်ယီ နောက်တစ်နေ့မနက်နိုးသည့်အခါ မွန်းတည့်ချိန်သို့ပင် ရောက်တော့မှာဖြစ်၏။ 

သူက ပြင်းထန်သည့်အရက်နာကျခြင်းကိုခံစားနေရသည်။ သူ့ဦးခေါင်းတစ်ခုလုံးက လေးလံ၍ထိုင်းမှိုင်းနေကာ ကိုက်ခဲနေလေသည်။ 

သူက မျက်ဝန်းများဖွင့်လိုက်ကာ မျက်နှာကျက်ကိုအတန်ကြာစိုက်ကြည့်နေရင်း မနေ့ညက တစ်စုံတစ်ဦးအားအိမ်သို့ခေါ်လာခဲ့ကြောင်း အမှတ်ရသွားခဲ့၏။ သို့သော် ယခုမူ သူဟိုဟိုဒီဒီကြည့်လိုက်သည့်အခါ မည်သူမှရှိမနေချေ။ 

ရုန်ယီ အာရုံရှုပ်ထွေး၍နေစဥ် တံခါးလက်ကိုင်ဘုက ဖြည်းညှင်းစွာလည်ပတ်သွား၏။ တစ်စုံတစ်ဦးက အခန်းထဲသို့သတိကြီးကြီးဖြင့် ခြေလှမ်းလှမ်းလာကာ သူနှင့်အကြည့်ချင်းဆုံသွားလေသည်။ .

ထိုသူမှာ ကျိုးလီဖြစ်၏။ သူက ရုန်ယီ့ကိုပြုံးပြလိုက်ပြီးနောက် တံခါးနောက်ဘက်ပြန်လှည့်ကာ အော်ပြောလိုက်သည်။  

“မင်းရဲ့အခန်းဖော်လေ...” ကျိုးလီက အိပ်ရာဘေးရှိထိုင်ခုံတွင်ထိုင်ရင်းပြောလိုက်၏။  

အိမ်ထဲတွင် ရေချိုးခန်းနှစ်ခုရှိ၍ တစ်ခုမှာချန်းခယ့်ယောင်၏အခန်းထဲတွင်ဖြစ်ပြီး အခြားအများသုံးသန့်စင်ခန်းမှာ ဧည့်ခန်းမှတဆင့်ဖြတ်သွားရသော စင်္ကြလမ်းအဆုံးတွင်ရှိလေသည်။ ရုန်ယီ့အခန်းထဲတွင် သန့်စင်ခန်းသီးသန့်မရှိချေ။  

ကျိုးလီက နေ့လည်ခင်းတွင်နိုးလာကာ သန့်စင်ခန်းအလွန်အသုံးပြုချင်ခဲ့၏။ သူက အကြာကြီးစောင့်နေသော်လည်း ရုန်ယီနိုးမလာသည့်အတွက် သူ့ဟာသူသန့်စင်ခန်းထွက်ရှာတော့သည်။  

အများသုံးသန့်စင်ခန်းက ရှာရမခက်ချေ။ သို့သော် သူ့၌ မည်သည့်တစ်ကိုယ်ရည်သန့်စင်ခန်းသုံးပစ္စည်းမှမပါရှိချေ။ သူက လက်ခုပ်နှင့်ရေခံ၍ ပလုတ်ကျင်းကာ မျက်နှာကိိုတစ်ရှူးနှင့်သုတ်လိုက်ရ၏။ 

“ငါတံခါးပြန်ဖွင့်လိုက်တော့ ဧည့်ခန်းထဲမှာလူတစ်ယောက်ကိုတွေ့လိုက်ရတယ်လေ...ငါလုံးဝလန့်သွားတာ...” ကျိုးလီက သူ့မျက်နှာသူညွှန်ပြ၍ဆက်ပြောလာ၏။

“အဲ့ဒီ့အရပ်ရှည်ရှည်နဲ့လူက ငါ့ကိုစိုက်ကြည့်နေတာ...သူ့မျက်နှာမှာလည်း အမာရွတ်အရှည်ကြီးရှိသေးတယ်...” 

ချန်းခယ့်ယောင်က စကားတစ်ခွန်းမှမဆိုပဲ အနည်းငယ်မျက်မှောင်ကြုတ်လိုက်လျှင် နည်းနည်းရှိန်ချင်စရာပုံပေါက်သွားတတ်သော်လည်း မကြာသေးမီကအထိ ကြောက်စရာကောင်းသည့်ပုံမပေါ်သေးချေ။  

သို့သော် သူကမျက်နှာတွင်ရှရာတစ်ခုဖြစ်ထားကာ အနာရွတ်ကျန်ခဲ့လေသည်။ ပိတ်ကျဲစကိုဖယ်ရှားလိုက်တိုင်း နီညိုရောင်အမာရွတ်က သူ့မျက်နှာကိုကန့်လန့်ဖြတ်လျှက်ရှိ၏။ ထိုကဲ့သို့ရုပ်သွင်နှင့်ခန္ဓာကိုယ်ပုံစံအရ ရွှေဆွဲကြိုးကြီးကြီးဆွဲလိုက်လျှင် သူနှင့်ကြေးစားလူမိုက်အဖွဲ့ဝင်များကြား ကွာခြားချက်ရှိတော့မှာမဟုတ်ချေ။ 

၎င်းက အယ်လ်ဖာများကို ဗိုင်းရပ်စ်သဖွယ်ရှောင်ရှားသည့်ကျိုးလီအတွက် လန့်စရာကိစ္စတစ်ခုဖြစ်လေသည်။  

ရုန်ယီအရယ်ရပ်ကာ ချန်းခယ့်ယောင်အတွက် အကောင်းပြောပေးချင်ခဲ့သော်လည်း ကျိုးလီကဆက်ပြောလာခဲ့သည်။  

“ဘာပဲဖြစ်ဖြစ်...မင်းရဲ့အခန်းဖော်ကတကယ့်ကိုသဘောကောင်းတဲ့လူပဲ...” 

သူတို့တစ်ယောက်နှင့်တစ်ယောက် အတန်ကြာစိုက်ကြည့်နေကြပြီးသည့်နောက် အမာရွတ်နှင့်အမျိုးသားက သွားတိုက်တံယူမလားဟု သူ့ကိုမေးလာသည်။ 

ထို့နောက် သူ့အား တစ်ခါသုံးသွားတိုက်တံတစ်ချောင်း၊ မျက်နှာသုတ်ပုဝါတစ်ထည်နှင့် သယ်သွားရလွယ်သောမနက်စာအချို့ကိုပေးလိုက်လေ၏။  

“ငါတို့စားသောက်ရင်း ခဏစကားပြောဖြစ်ကြတယ်...” ကျိုးလီကဆိုသည်။

“သူက တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတာသိလား...ရုပ်ကိုပဲကြည့်ပြီးမဆုံးဖြတ်ရဘူးလို့ ဘိုးဘွားတွေက အလကားဆုံးမခဲ့တာမျိုးမဟုတ်ဘူးပဲ...” 

ရုန်ယီက အနည်းငယ်ထိတ်လန့်သွားဟန်ဖြင့် သူ့ကိုမေးလိုက်သည်။ “မင်းသူ့ကိုကြိုက်သွားတာတော့မဟုတ်ပါဘူးနော်...”

“ဘာကြီး...” ကျိုးလီကြောင်အသွားကာ ခေါင်းကိုမြန်မြန်ခါလိုက်၏။

“……မင်း အယ်လ်ဖာတစ်ယောက်ကို ဒီလိုချီးကျူးတာမျိုးက ရှားတယ်လေ...” ရုန်ယီသူ့အား သံသယဖြင့်ကြည့်လိုက်သည်။

“မင်းကိုအယ်လ်ဖာအများကြီးက မျက်နှာချိုသွေးနေကြတာပဲလေ..ငါခန့်မှန်းရသလောက် သူတို့အားလုံးက မင်းကိုဂရုစိုက်ကြတယ်မဟုတ်လား...” 

“ဒါကမတူဘူးလေ...သူငါ့ကိုနည်းနည်းတောင်စိတ်မဝင်စားဘူး...” ကျိိုးလီကဆိုသည်။

“ဒီတော့ သူနဲ့စကားပြောရတာ အရမ်းကိုသက်တောင့်သက်သာရှိတယ်...အချို့လူတွေက မင်းကိုကြင်နာတယ်ဆိုတာ မျှော်လင့်ချက်တွေနဲ့လေ...အဲ့ဒါကျအရမ်းသိသာတယ်...ကသိကအောက်ဖြစ်စရာကောင်းတယ်...” 

ရုန်ယီက ခဏတာတုံ့ဆိုင်းနေပြီးပြောလိုက်သည်။ “လိုရမယ်ရသတိပေးတာပါ...မင်းသူ့ကိုအရမ်းသဘောမကျမိစေနဲ့...” 

“ဟား...” ကျိုးလီပြုံးလိုက်၏။ “ငါသိတယ်...သူကအယ်လ်ဖာတွေကိုပဲစိတ်ဝင်စားတာ...အိုမီဂါတွေကိုမကြိုက်ဘူးလို့ ငါ့ကိုပြောတယ်...”

ကျိုးလီက အနည်းငယ်ထူးဆန်းပြီး သွေးဆောင်ခံရခြင်းကိုမုန်းတီး၏။ သူက ကျိုးလီကို အဆိုပါအီစီကလီလုပ်မှုများနှင့်ပတ်သက်၍ လုံးလုံးလျားလျားပယ်ချခဲ့ခြင်းကြောင့် နောက်ပိုင်းစွဲလမ်းမှုက သူ့ကိုယ်သူထံသာဦးတည်လာခဲ့သည်ဟု ရုန်ယီသံသယဝင်စပြုလာသည်။

အကယ်၍ သူသဘောကျသည့်လူက အရင်ဆုံးဖွင့်ပြောလာခဲ့လျှင် ထိုသနားစရာကောင်လေးအား သေချာပေါက်ဘေးဖယ်ထားခဲ့မှာဖြစ်သည်။

ရုန်ယီက သူကိုယ်တိုင်ပင်ချစ်သူမရှိသေးသော်လည်း ကျိုးလီအတွက်စိုးရိမ်စပြုလာ၏။ ဒီအတိုင်းဆိုပါက ကျိုးလီတစ်ယောက် ဘယ်တော့မှအယ်လ်ဖာရှာတွေ့မှာမဟုတ်ချေ။  

ရုန်ယီ ဝမ်းနည်းမှုတွင်းနစ်မြုပ်နေစဥ် ကျိုးလီက အသံကိုနိမ့်၍ အလေးအနက်မေးလိုက်သည်။

“မင်းရဲ့အခန်းဖော်အပေါ်မှာ တကယ်ဘာစိတ်မှမရှိဘူးလား...” ကျိုးလီကမေးလိုက်သည်။ 

အဆိုပါမေးခွန်းက ရုန်ယီ့ကိုခေါင်းနားပမ်းကြီးသွားစေခဲ့သည်။ သူက နောက်တစ်ကြိမ်ပါးစပ်ဖွင့်လိုက်သောအခါ သူ၏စကားသံက ယခင်ကထက်ပိုမိုကျယ်နေခဲ့၏။  

ကျိုးလီပင် လန့်သွားခဲ့၏။ “ဒါဆိုမင်းဘာလို့ဒီလောက် စိတ်လှုပ်ရှားနေတာလဲ...”

ရုန်ယီ အကြည့်လွှဲလိုက်သည်။ “အယ်လ်ဖာအကုန်လုံးသေသွားတာမဟုတ်သရွေ့ ငါသူ့ကိုမကြိုက်ဘူး...” 

“မင်းရူးသွားပြီလား...ဟိုဖက်တီးကိုကျသဘောကျတယ်...မင်းရဲ့အခန်းဖော်ကိုတော့ဘာခံစားချက်မှမရှိဘူးပေါ့...မင်းအကြိုက်ကဘာဖြစ်နေတာလဲ...” 

သူခဏလေးပဲအိပ်တာပါ...ကျိုးလီဘာလို့စိတ်ပြောင်းသွားရတာလဲ... 

“ငါတခြားရည်ရွယ်တာမဟုတ်ပါဘူး...မင်းတစ်ယောက်ယောက်ကိုရှာတွေ့ချင်တယ်ထင်လို့လေ...နောက်ပြီးသူကအယ်လ်ဖာတွေကိုသဘောကျတယ်ဆို...မင်းလည်းအယ်လ်ဖာနဲ့တူတယ်မဟုတ်လား...” 

“ငါ့အမြင်အရဆိုရင် မင်းကအိုမီဂါတွေကိုစဥ်းတောင်စဥ်းစားမှာမဟုတ်ဘူး...မင်းရဲ့အခန်းဖော်လိုမျိုးအယ်လ်ဖာနဲ့တွဲတာက ဟိုဖက်တီးထက်တော့သာတယ်လေ...မင်းတို့နှစ်ယောက်လိုက်ဖက်တယ်လို့ ငါတော့ထင်တာပဲ...ဒါပေမယ့် မင်းစိတ်မဝင်စားရင်လည်းမေ့လိုက်ပါတော့...” 

ထိုသူအားသဘောကျခြင်းမကျခြင်းက အရေးမပါချေ။ သူနှင့်ချန်းခယ့်ယောင်ကြားတွင်ဖြစ်သွားခဲ့သည့်ကိစ္စမှာ ရှင်းပြရခက်သည့်အတွက် ရုန်ယီတိတ်တိတ်သာနေလိုက်သည်။ 

 “ငါဝင်စွက်ဖက်သလိုဖြစ်သွားရင် စိတ်မကောင်းပါဘူး....အခုပဲ သူကငါတို့ဆက်ဆံရေးအကြောင်းမေးခဲ့တယ်လေ...ငါသူ့ရဲ့အမြင်ကိုသိချင်တာနဲ့ မင်းကငါ့ချစ်သူပါလို့ပြောလိုက်တယ်...”

ရုန်ယီ ခဏတာတုံ့ဆိုင်းသွားခဲ့သော်ငြား မမေးပဲမနေနိုင်ခဲ့ချေ။ “သူ့ရဲ့တုံ့ပြန်မှုကဘယ်လိုလဲ...”

“မင်းကလူကောင်းတစ်ယောက်ပါဆိုပြီး စကားကောင်းအချို့ပြောပေးသွားတယ်...သူက ငါတို့အတူတူပျော်ရွှင်နိုင်ဖို့ မျှော်လင့်တဲ့ပုံပဲ...” ကျိုးလီရယ်မောလိုက်၏။

ကျိုးလီက သူ၏အကြံပြုချက်မှာ ရုန်ယီကိုရှက်ရွံ့စေခဲ့မှန်းမသိရှိခဲ့ချေ။  

သူနှင့်ချန်းခယ့်ယောင်က လောလောဆယ်အဆင်ပြေနေသော်လည်း သူ့နှလုံးသားထဲတွင် အတိတ်ကဆူးများကျန်နေဆဲဖြစ်၏။ စနောက်ခြင်းသက်သက်ဖြစ်စေကာမူ သူက ချန်းခယ့်ယောင်အားသဘောကျနေဆဲဖြစ်သည်ဟု မည်သူ့ကိုမှမတွေးစေချင်ပေ။  

ချန်းခယ့်ယောင်ကို သူနဲ့ကျိုးလီကြားထဲမှာ ဘာမှမရှိဘူးဆိုတဲ့အကြောင်း ရှင်းပြတာကမှထူးဆန်းနေတာမဟုတ်လား...

သူအလေးအနက်စဥ်းစားနေစဥ်မှာပင် အခန်းတံခါးခေါက်သံကြားလိုက်ရသည်။

“မင်း ဗိုက်ဆာလား...” ချန်းခယ့်ယောင် တံခါးမှခေါင်းလေးပြူလာ၏။ “ငါ့မှာ ကြက်ဥမွှေကြော်ရှိသေးတယ်...မင်းဗိုက်ဆာတယ်ဆိုရင် ငါအပူပေးလိုက်မယ်လေ...” 

သို့သော် ရုန်ယီက ထိုကဲ့သို့ဆီများသည့်အရာကို မစားချင်ချေ။  

သူကအရက်နာကျနေသည့်အတွက် ဘာမှစားချင်စိတ်ရှိမနေပဲ စိတ်ဓာတ်ပင်ကျချင်လာ၏။ သူဆေးကြောပြီးသည်နှင့် မီးဖိုခန်းအတွင်းသို့ဝင်လာခဲ့သည်။ သူ၏အစာအိမ်က မွှေးပျံ့သောရနံ့တစ်ခုထံ ဆွဲဆောင်ခံလိုက်ရ၏။ 

ချန်းခယ့်ယောင်က ကြက်ဥမွှေကြော်ကို မိုက်ခရိုဝေ့ဗ်ထဲထည့်၍နွှေးပြီးပြီဖြစ်သည်။ သူက ၎င်းကိုထုတ်ယူကာ သိသာလှသောမိမိကိုယ်ကိုဂုဏ်ယူမှုများဖြင့် ရုန်ယီ့ရှေ့ချပေးလာသည်။

ရုန်ယီက အဝေးသို့တွန်းထုတ်လိုက်၏။ ထို့နောက် ရေခဲသေတ္တာကိုဖွင့်ကာ တစ်ခုခုအားရှာဖွေနေလေသည်။

“မင်း ကြက်ဥမွှေကြော်မစားဘူးလား...” ချန်းခယ့်ယောင်က နှမြောဟန်ဖြင့်မေးလိုက်၏။

“ငါ့ဒိန်ချဥ်ဘူးမတွေ့ပါလား...တနေ့ကငါဝယ်လာတဲ့ဟာလေ...မှတ်မိလား...” ရုန်ယီသူ့ကိုကြည့်လိုက်သည်။

“ငါအဲ့ဒါကို ရေခဲသေတ္တာတံခါးနားမှာထားခဲ့တာ...အခု မရှိတော့ဘူး...မင်းသောက်လိုက်တာလား...” 

ရုန်ယီ မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့အစာအိမ်က ဗြောင်းဆန်နေသလိုပဲ...အဲ့ဒါကြောင့် ကြက်ဥမွှေကြော်စားလို့မရဘူး...”

ဒိန်ချဥ်သူခိုးလေးချန်းခယ့်ယောင် ရှက်သွား၏။ “ငါခုပဲတစ်ဘူးသွားဝယ်ပေးမယ်...”

သူက တံခါးထံလျှောက်ရင်းပြောလိုက်ခြင်းဖြစ်သည်။ ရုန်ယီသူ့ကိုမတားခင် သူ့အိတ်ထဲရှိဖုန်းမြည်လာခဲ့၏။ 

“အခုလား...ဟမ်...ရတယ်လေ...မင်းဘယ်တော့လောက်ရောက်မလဲ...ကောင်းပြီ....ဪ ခဏ...မင်းအောက်ကစတိုးဆိုင်မှာ ဒိန်ချဥ်တစ်ဘူးဝယ်ခဲ့ပေးပါလား...ကိုင်ထားဦးနော်...” ချန်းခယ့်ယောင် ရုန်ယီ့အားလှည့်ကြည့်လိုက်သည်။

 “မင်းဘာမှာချင်သေးလဲ...”

“လျှိုယွမ်လေ...” ချန်းခယ့်ယောင်က ဆို၏။ “သိပ်ယဥ်ကျေးမနေပါနဲ့...ဘာလိုလဲဆိုတာသာပြောလိုက်...”

လျှိုယွမ်က တစ်စုံတစ်ခုပို့ပေးရန် လာလေ့ရှိသည်။ ချန်းခယ့်ယောင်၏တက္ကသိုလ်အခန်းဖော်ထဲမှတစ်ဦးက ဇာတိမှပြန်တိုင်း ဒေသထွက်ကုန်များသယ်လာလေ့ရှိကာ ချန်းခယ့်ယောင်၏ဝေစုကို လျှိုယွမ်ဆီပေးထားလေ့ရှိ၏။ ထို့ကြောင့် သူကဒီကိုလာခြင်းဖြစ်သည်။  

ရုန်ယီ ၎င်းကိုနားထောင်ရင်း ထူးဆန်းသည်ဟုခံစားလိုက်ရသည်။  

ချန်းခယ့်ယောင်၏အဆောင်တွင် လူလေးယောက်ရှိကာ သူက နှစ်ယောက်ကိုလိုက်ခဲ့ဖူး၏။ ယခုအချိန်ထိ သူတို့တွင်ရင်းနှီးသောဆက်ဆံရေးရှိနေသည်မှာ ထူးဆန်းလေသည်။ 

ဖြစ်နိုင်သည်မှာ ကျောင်းရှိအကင်းမပါးသောအယ်လ်ဖာများက အဆောင်တစ်ခုထဲတွင် စုနေကြခြင်းပေလော..။  

ချန်းခယ့်ယောင်နှင့်ရုန်ယီ၏သူငယ်ချင်းတစ်ဦး လာနေပြီကြားသည်နှင့် ကျိုးလီထွက်ခွာဖို့ပြင်တော့သည်။ 

ရုန်ယီက သူ့ကိုညစာစားချိန်အထိနေချင်သော်လည်း ကျိုးလီကငြင်းလိုက်သည်။ သူတို့နှစ်ဦးလုံးအိုမီဂါများဖြစ်စေကာမူ ရုန်ယီ၏အဝတ်များက သူ့အတွက်ကြီးလွန်း၏။ သူ မနေ့ညကရေမချိုးရသည့်အတွက် အိမ်ပြန်၍ရေချိုးအဝတ်အစားလဲချင်နေပြီဖြစ်သည်။ 

ရုန်ယီက သူ့ကိုဓာတ်လှေကားအထိလိုက်ပို့လေသည်။ ချန်းခယ့်ယောင်က ထိုနေရာတွင်မရှိချေ။ အတူတူဓာတ်လှေကားစောင့်နေကြစဥ် ကျိုးလီကမေးလိုက်၏။ 

“ကမ္ဘာပေါ်မှာ အယ်လ်ဖာနှစ်ယောက်တွဲသွားကြတယ်ဆိုပါတော့...အဲ့ဒါလုပ်ရင်နာမယ်ထင်လား...” 

အယ်လ်ဖာများတွင် လိင်တူပရိုမုန်းများအား ပြင်းပြင်းထန်ထန်ဆန့်ကျင်တတ်သည့်သဘာဝရှိလေသည်။ ထို့ကြောင့် အယ်လ်ဖာနှစ်ဦးအတူတူယှဥ်တွဲနေပါက သီအိုရီအရ တဏှာကင်းသောအချစ်သာဖြစ်နိုင်၏။  

“အဲ့ဒါကြောင့် မင်းလိုအိုမီဂါကသာသူ့အတွက်ပြီးပြည့်စုံစေမှာလို့ပြောတာပေါ့...” ကျိုးလီကဆိုသည်။

 “သူကသဘောကောင်းတယ်လေ...လျှောက်တွေးနေမယ့်အစား မင်းဘာလို့...” 

“ရုန်ယီ...ငါ့ကိုလာကြိုတာလား...” လျှိုယွမ် ပြုံးလိုက်၏။ သူက ပလတ်စတစ်အိတ်နှစ်ထုပ်ကိုကိုင်လျှက် ဓာတ်လှေကားအတွင်းမှထွက်လာခဲ့သည်။ ထို့နောက် ရုန်ယီ့ဘေးရှိ အခြားတစ်ဦးထံအကြည့်ရောက်သွားချိန်၌ ရုတ်တရက်တွေဝေသွားခဲ့၏။ 

“နောက်မှတွေ့မယ်...” ကျိုးလီက ရုန်ယီ့အားလက်ဝေ့ယမ်းပြကာ ဓာတ်လှေကားအတွင်းဝင်လိုက်၏။ 

သူက မြေညီထပ်၏ခလုတ်အားနှိပ်တော့မည့်ဆဲဆဲတွင် လျှိုယွမ် ဓာတ်လှေကားအတွင်းသို့ တဖန်ခုန်ဝင်လာခဲ့သည်။  

“ဘယ်အထပ်ကိုများသွားချင်လို့လဲ...မြေညီထပ်လား...ကိုယ်မင်းအတွက်ကူညီပေးပါရစေ...” 

Xxxxxxx