Ch 8
Viewers 504

🥰Chapter 8

 နည်းနည်းတော့ ကြိုးစားပါဦး၊ နောက်ဆုံးကျ ကိုယ့်ကိုယ်ကိုယ် မျက်နှာပျက်ရအောင်မလုပ်နဲ့




“မင်း အိမ်ပြန်ရောက်ပြီလား...”


ကျန်းယင်က ချီကျွင်းထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။


“ရောက်ပြီ...”

ကျန်းယင် ပြန်ပြောလိုက်သည်။


ချီကျွင်း: “အဲ...ငါ ရှာဖွေမှုစာရင်းကို ကြည့်ပြီးပြီ...မင်းက တကယ်ကို လုပ်နိုင်တာပဲ...”


ချီကျွင်း: “ဂိမ်းတစ်ခုအတွက် ဒီလို တိုက်ခိုက်ဖို့ လိုလို့လား...”


ချီကျွင်း: “အခုတော့ ဝေ့ပေါ်က လူတိုင်းက ငါတို့ ကျန်းအားရှောင်ရဲ့ အထင်ကရအခိုက်အတန့်ကို မျက်မြင်တွေ့လိုက်ကြရပြီ..."


ကျန်းယင်: “ဘာပဲဖြစ်ဖြစ် အဲ့ဒါက ငါဆိုတာ ချီကျူးကို မသိစေနဲ့...ငါ ဒီလူရဲ့ရှေ့မှာ မျက်နှာမပျက်ချင်ဘူး...”


ချီကျွင်း: “ပေါ့ပေါ့ပါးပါးနေစမ်းပါ...”


*


တစ်ချိန်တည်း၌ ဝေ့ပေါ်ပေါ်ရှိ လူအုပ်စုက ချီကျူးနှင့် ကျန်းယင်တို့အကြောင်း ဆွေးနွေးနေကြသည်။


[လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီလူနှစ်ယောက် ရုပ်ရှင်အတူတူ ရိုက်ရင် ဘယ်လိုနေမလဲဆိုတာ တစ်ယောက်ယောက်က မေးခဲ့သေးတယ် မဟုတ်လား...မြင်လား၊ ဒီနှစ်ယောက်က ရိုးရိုးရှင်းရှင်းကိုပဲ မလိုက်ဖက်ဘူး...ရုပ်ရှင်အတူရိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...]


[နှမြောစရာပဲ...ငါ အရင်က ဒီနှစ်ယောက် အတူရှိပြီး ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ဘယ်လို ဖောက်ခွဲပစ်မလဲဆိုတာ မြင်ချင်ခဲ့တာ...]


[မင်းတို့ထဲက ဘယ်သူကမှ ဒီနှစ်ယောက်က စိတ်ဝင်စားစရာကောင်းတယ်ဆိုတာ မမြင်ကြဘူးလား...ကျန်းယင်က ဒီလိုလူပဲ၊ မင်း ငါ့ကို ကြိမ်းမောင်းရင် ငါက မင်းကို အဆတစ်ရာ ပြန်ကြိမ်းမောင်းမယ်ဆိုတဲ့ လူမျိုး...ပြီးတော့ ချီကျူးကကျ မင်းငါ့ကို အဆတစ်ရာ ကြိမ်းမောင်းရင် ငါက မင်းကို စကားတစ်ခွန်းထဲနဲ့ ရှက်ရွံ့သွားအောင် လုပ်နိုင်တယ်ဆိုတဲ့လူမျိုး...]


[ကျန်းယင်က သူဂရုမစိုက်ရင်တောင် ပြန်ထိုးနှက်နိုင်ပြီး ချီကျူးက ခွင့်မလွှတ်တတ်တဲ့ လူမျိုးလို့ ငါလည်း ထင်တယ်...ငါ ဒီနှစ်ယောက် တိုက်ခိုက်တာကို မြင်ချင်တယ်...]


[ရိုးရိုးသားသားပြောရရင် ငါ ကျန်းယင်နဲ့ “ဂဏန်းဘုရင်” ရဲ့ တိုက်ပွဲကို အခု မြင်ချင်နေပြီး ဒီနှစ်ယောက်က တူညီတဲ့ ပုံစံနဲ့ တိုက်ခိုက်ကြမယ်လို့ ငါ ခံစားနေရတယ်...]


ကျန်းယင်၏ အခန်းက ဖရဲသီးလေး စိတ်အားထက်သန်စွာ တောင်းဆိုထားသော “ကံကောင်းပါစေ” သီချင်းဖြင့် ပဲ့တင်ထပ်နေကာ ကျန်းယင်က ၎င်းကို ထပိတ်ရန် ပျင်းရိနေပြီး သူက သီချင်းသံကြားထဲမှ ဝေ့ပေါ်ကို ဖွင့်လိုက်ကာ သူ မျှော်လင့်ထားသကဲ့သို့ပင် သူ၏ ငြင်းခုံသည့်အကောင့်က သတင်းများဖြင့် လွှမ်းမိုးခံထားရသည်။


ချီယွင်ခိုင် ပါဝင်သော ရသစုံရှိုးတွင် [ဂဏန်းဘုရင်] ၏ စိတ်အားထက်သန်သော ကြိမ်းမောင်းမှုကို တိုက်ရိုက်ထုတ်လွှင့်ထား၏။ T.ATW အဖွဲ့မှာ ကျော်ကြားကာ အဖွဲ့ဝင်များ၌ ကောင်းမွန်သော ဆက်ဆံရေးရှိကြသောကြောင့် ချီယွင်ခိုင်က ရသစုံရှိုး၌ ပေါ်လာချိန်တွင် အခြားလူများစွာက ကူညီရန် ရှေ့တက်လာကြသည်။ တစ်ဦးချင်း၏ ပရိသတ်များနှင့် အဖွဲ့၏ ပရိသတ်များက အတူ အားပေးကြပြီး ရှိုး၏ ကြည့်ရှုနှုန်းများမှာ အံ့အားသင့်ဖွယ် ထိုးတက်နေခဲ့သည်။


ကျန်းယင်၏ယခင်က ပြိုင်ဘက်မှာ T.ATW ၏ ကုဝေ့ဖြစ်ပြီး ရန်သူမှာတော့ ချီကျူး ဖြစ်သည်။


လူနှစ်ယောက်က ကော်ဇောနီပေါ်၌ တွေ့ဆုံကြလျှင်ဖြစ်စေ၊ ရှိုး၏ စင်အနောက်၌ တွေ့ကြသည်ဖြစ်စေ၊ သူတို့၏ အချင်းချင်းအပေါ် မျက်နှာထားများက တင်းမာနေတတ်ကြသည်။ အချိန်အတော်ကြာပြီးနောက် ဤလူနှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ ကောင်းမွန်ခြင်း မရှိကြောင်း လူတိုင်းကသိထားကြ၏။ အချို့အကြောင်းအရာများကို လူသိရှင်ကြားထုတ်မပြောကြရုံသာ ဖြစ်သည်။


ဗီဒီယိုဖိုင်တစ်ခုနှင့် ရသစုံရှိုးတစ်ခုတို့က ချီကျူးနှင့် ကျန်းယင်တို့ကြားမှ “မသင့်မြတ်မှု” ကို လူသိရှင်ကြားပေါက်ကြားသွားစေခဲ့သည်။


ထို့ကြောင့် ဂဏန်းဘုရင်အကောင့်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျော်ကြားသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ယနေ့အထိ နာမည်ကြီးနေဆဲပင်။ အင်တာနက်အသုံးပြုသူများစွာ၏စိတ်ထဲတွင် ချီကျူး၏ ပရိသတ်အဖြစ် အထောက်အထား ခိုင်ခိုင်မာမာ ရရှိထားလေပြီ။ မည်သို့ပင်ဖြစ်စေ နှစ်ဖက်လုံးက ၎င်းကို ယုံကြည်နေကြသည်။


ဤအကောင့်၌ နောက်ဆုံးတစ်ကြိမ် ဝေ့ပေါ်၌ ပို့စ်တင်ခဲ့သည်မှာ ကျန်းယ app တစ်ခုလုံး၌ သူ၏ ထိပ်ဆုံး အဆင့် ဆယ်ဆင့်ကို ပို့စ်တင်ခဲ့ချိန် ဖြစ်၏ ယခု ဝေ့ပေါ် ပေ့ချ်အောက်၌ မှတ်ချက်အမျိုးမျိုးဖြင့် ပြည့်နှက်နေလေပြီ။


[ချီကျူး၏ ပရိသတ်အကြီးစား: “ဂဏန်းဘုရင်...မင်းသာ ဆန္ဒရှိရင် ငါတို့က မိသားစုတစ်ခုပဲ....ပို့ထားတဲ့ စာတွေကို ဖတ်ပါဦး...ငါတို့က မင်းကို ငါတို့ကောကောရဲ့ လှပတဲ့ ဓါတ်ပုံတွေ အများကြီး ပို့ထားတယ်...အနာဂတ်မှာ မင်း တစ်ခုခုလိုအပ်ရင် ပြောသာပြောလိုက်...ငါတို့ရဲ့အရင်းအမြစ်တွေကို အချိန်မရွေး မင်းနဲ့ မျှဝေပြီး သုံးစွဲဖို့ အဆင်သင့်ပဲ...”]


[ချီဝေ့ရဲ့ ပရိသတ်အဖွဲ့ ဥက္ကဌ: “ညီအစ်ကိုရေ...ဘာမှရှက်နေစရာမလိုပါဘူး...မင်းက ငါတို့ ကောကောအပေါ် အချစ်စစ်ရှိတယ်ဆိုတာ ငါ ခံစားမိပါတယ်...အဲ့တော့ ဒီလိုလုပ်ရအောင်...မင်း စိတ်မရှိဘူးဆိုရင် လိပ်စာတစ်ခု ထားခဲ့လိုက်...ငါတို့ မင်းကို အားပေးတဲ့ ပစ္စည်းလေးတွေ နည်းနည်း ပို့ပေးလို့ရတယ်...တိတ်တိတ်လေး ပြောပြရရင် အဲ့ဒါတွေထဲက အများစုက အကန့်အသတ်နဲ့ ထုတ်တာတွေနော်...”]


Private မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်သော ကျန်းယင်: “…”


သူက ချီကျူး၏ အညစ်အကြေး(မကောင်းသတင်း)များကို စုဆောင်းရန် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရသော်လည်း ဤနေ့၌ သူ ရရှိလိုက်သည့် ဗီဒီယိုနှင့် ဓါတ်ပုံများစွာမှာ သူ၏ စုဆောင်းထားသည့် အရာများထက်ပင် များပြားနေလေသည်။


ဘယ်သူက မင်းတို့ ကောကောရဲ့ လှပတဲ့ ဗိုက်ကြွက်သားတွေကို ကြည့်ချင်နေလို့လဲ...


သူကချီကျူး၏ ပရိသတ်အကြီးစားအချို့ကို ဖယ်ရှားပစ်လိုခဲ့ပြီး ထိုအချိန်၌ QQ စကားပြောခန်းက ဦးစွာ ထွက်ပေါ်လာသည်။


[အတန်းခေါင်းဆောင်]: [poke]


[အတန်းခေါင်းဆောင်]: “မင်း ဘာလုပ်နေတာလဲ...”


[လက်မကြီးဂဏန်း]: “ကောကော တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာ...”


[လက်မကြီးဂဏန်း]: [ဒိုင်နိုဆောလေး မျက်ခုံးပင့်လိုက်သည်.jpg]


[အတန်းခေါင်းဆောင်]: “အိုး...”


[အတန်းခေါင်းဆောင်]: “ဒီနေ့ညရဲ့ ပါတီက တကယ် ကောင်းတယ်...”


[လက်မကြီးဂဏန်း]: “မင်းရဲ့ အမူအရာကနေတော့ “ကောင်းတယ်” ဆိုတာကို ငါ တကယ် မမြင်ရဘူး...”


[အတန်းခေါင်းဆောင်]: “ချီကျွင်းရဲ့ သားရေဖိနပ်ပေါ်က ဖိနပ်ရာကလည်း မဆိုးဘူး...”


[လက်မကြီးဂဏန်း]: “မင်း ဘာအကြောင်းကို ပြောနေတာလဲ...”


[လက်မကြီးဂဏန်း]: [ချွေးပြန်နေသော ဒိုင်နိုဆောလေး.jpg]


[အတန်းခေါင်းဆောင်]: “ဒီနေ့ည ရှာဖွေမှုစာရင်း ဝင်သွားတဲ့ app က တကယ် စိတ်ဝင်စားစရာကောင်းတယ်...”


[လက်မကြီးဂဏန်း]: “ငါ စိတ်မဝင်စားဘူး...”


[လက်မကြီးဂဏန်း]: [ချွေးပြန်နေသော ဒိုင်နိုဆောလေး.jpg]


ချီကျူးက တစ်ခုခု သိသွားပြီလားဟု ကျန်းယင်က တစ်ခဏမျှ တွေးလိုက်ကာ ချီကျူး၏ ပရိသတ်အကြီးစားများကို ဖယ်ရှားတော့မည့် လက်ကို လွှတ်လိုက်ရသည်။ ဤသို့ အရှက်ရဖွယ် အကြောင်းအရာကို ဝန်ခံ၍မရဘဲ သူက ပရိသတ်ဟူသည့် အထောက်အထားကို ယာယီအနေဖြင့် လက်ခံထားရတော့မည့် ပုံပေါ်လေသည်။


[လက်မကြီးဂဏန်း]: [poke]


[အတန်းခေါင်းဆောင်]: “?”


[လက်မကြီးဂဏန်း]: “မင်း ဘာလုပ်နေလဲ...”


[အတန်းခေါင်းဆောင်]: “ဇာတ်ညွှန်းဖတ်နေပြီး ဇာတ်ကားအသစ်အတွက် ပြင်ဆင်နေတယ်...”


ကျန်းယင်က စကားပြောခန်းမှ ထွက်လိုက်ပြီး ဝေ့ပေါ်သို့ ပြန်ဝင်လိုက်သည်နှင့် သူ၏ ဖန်အကြီးစားများက ဂဏန်းဘုရင်၏ ဝေ့ပေါ်အကောင့်၌ မှတ်ချက်များ ပေးနေကြသည်ကို မြင်လိုက်ရသည်။


[@အရိပ်လေးက ကျန်းယင်ကောကို အမြဲချစ်တယ်: “@ဂဏန်းဘုရင်...ဘယ်သူကမှ ငါတို့ကောကောကို ဒီလို စိန်မခေါ်ရဲကြဘူး...နင်တော့ အဆုံးသတ်ပြီ...ကျန်းယင်က နင့်ကို သေနိုင်လောက်တဲ့အထိ ကြိမ်းမောင်းလိမ့်မယ်...”]


[@မီမီက အရှုံးမပေးတတ်ဘူး: “@ဂဏန်းဘုရင်...နင် ခွေးကောင်...နင့်မှာ ဘာမှမရှိတော့တဲ့ နေ့ကို စောင့်နေမယ်...”]


ကျန်းယင်: "..."


ဒီခံစားချက်က နွေးလည်းနွေးထွေးသလို ပူလောင်စရာလည်းကောင်းတယ်...


နွေးထွေးမှုကို ခံစားရခြင်းမှာ သူ၏ အရိပ်လေးများက သူ့ကို စွန့်ခွာမသွားခြင်းကြောင့်ဖြစ်ပြီး ပူလောင်နေရခြင်းမှာ ညနေခင်း ညစာစားပွဲမှစ၍ သူက ပုံမှန်လုပ်နေကျကဲ့သို့ ထိုသူတို့ကို တစ်ယောက်ပြီးတစ်ယောက် မကြိမ်းမောင်းနိုင်ခဲ့ပေ။ နစ်နာမှုများကို ခံစားခဲ့ရပြီး သူ ကြီးပျင်းလာသည့် တစ်လျှောက်လုံး လူအများရှေ့၌ ဤမျှ အားနည်းမှုကို မခံစားခဲ့ရဖူးပေ။


ထို့အပြင် ကမောက်ကမဖြစ်နေသည့် မှတ်ချက်များထဲ၌ သူ၏ ဒေါသထွက်နေသော လက်ထောက်ချန်၏ အရံအကောင့်ကိုလည်း မြင်လိုက်ရသည်။


[@cs1234567: “အားလုံးက မင်းရဲ့ အမှားပဲ...ငါ ဒီနေ့ အလုပ်စောစောဆင်းရမှာ...ငါ &*#¥@%...”]


ကျန်းယင်က ဘာပြောနိုင်ဦးမှာလဲ...


သူက WeChat ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး လက်ထောက်ချန်ကို ယွမ် ၂၅၀ ပါသည့် စာအိတ်နီတစ်အိတ် ပို့လိုက်သည်။


ငါးမိနစ်ကြာလျှင် တစ်ဖက်လူထံမှ "စာရိုက်နေသည်” ဟူသော စာသားသာပေါ်နေကာ စာအိတ်အနီထံ၌ လှုပ်ရှားမှု မရှိသေးပေ။ ၎င်းက လက်ထောက်ချန်၏ အလွန် ရှုပ်ထွေးနေသော စိတ်ကို ပြသနေသည်။


[လက်မကြီးဂဏန်း]: “မင်း မလိုချင်ဘူးလား...”


[တစ်ဖက်လူက သင်၏ စာအိတ်နီကို လက်ခံလိုက်ပါသည်။]


[လက်ထောက်ချန်]: “ကျေးဇူးတင်ပါတယ် ကျန်းအားရှောင်...”


[လက်ထောက်ချန်]: “မင်း ဘာမှမဖြစ်ဘူးမလား...”


[လက်မကြီးဂဏန်း]: “ဒါပေါ့၊ ဘာမှမဖြစ်ပါဘူး...”


[လက်မကြီးဂဏန်း]: “ကျွန်တော်က တစ်ခုခုမဖြစ်ရင် ခင်ဗျားကို ပိုက်ဆံပိုမပေးနိုင်ဘူးလား...”


[လက်ထောက်ချန်]: “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး...ကောင်းကင်ကနေ ပိုင်မုန့်ကျလာတာမျိုး မရှိဘူးလို့ ငါ ထင်လိုက်တာ...ငါ အရမ်း လန့်သွားတယ်...”


ယနေ့ ကျန်းယင်က အာရုံစိုက်မှုများစွာကို ဆွဲဆောင်မိနေပုံရသည်။ လက်ထောက်ချန်နှင့် စကားဝိုင်းက မပြီးသေးသော်လည်း သူ့အစ်ကို ကျန်းရွှင်က ဖုန်းခေါ်လာလေသည်။


“မင်း ဘာလုပ်နေတာလဲ...”


ကျန်းရွှင်က မေးသည်။


“ပါတီပွဲ ပြီးသွားပြီလား...”


“အစောကြီးထဲက ပြီးသွားတာ...”


ကျန်းယင်က ချက်ချင်း ပြောလိုက်သည်။


“ကျွန်တော်က အခု ဇာတ်ညွှန်းကို လေ့လာနေတာ...ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ပေါ့...”


ကျန်းရွှင်က ပို၍ပင် စိတ်ကျေနပ်သွားပုံပေါ်သည်။


“မင်း စိတ်ပြောင်းသွားတာ တကယ်ကောင်းတယ်လို့ အမေက ပြောတယ်...ငါတို့ မိသားစုရဲ့ သရုပ်ဆောင်စွမ်းရည်က မျိုးရိုးစဉ်ဆက် အမွေဆက်ခံတာ ဖြစ်နိုင်တယ်လို့ ဒီနေ့ အင်တာနက်ပေါ်က လူတွေက ပြောနေကြတယ်...အဖေက အရမ်း ဒေါသထွက်နေတယ်...မင်းက နည်းနည်းလောက် ဂုဏ်ယူစရာကောင်းအောင်လုပ်ပြီး အဲ့ဒီလူကို မျက်နှာပူအောင် လုပ်လိုက်လို့ သူတို့က ပြောတယ်...”


“ပြီးတော့ မင်းက တစ်နှစ်ပတ်လုံး ရန်ပွဲတွေ လုပ်နေလို့ သူက မကြာခဏ အမေးခံနေရတယ်လို့ အမေက ပြောတယ်...မင်း နည်းနည်းလောက် အားလေးစိုက်ထုတ်ပြီး ရုပ်ရှင်ကောင်းကောင်းရိုက်ဖို့ ငါ မျှော်လင့်တယ်..."


ကျန်းယင် ချွေးပြန်သွားသည်။

 "..."


“ပြန်ဖြေဦး...”


“ရုပ်ရှင်ကောင်းကောင်းရိုက်ပြီး ကျန်းမိသားစုရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ အလဟဿမဖြစ်စေရဘူးလို့ ကတိပေးပါတယ်...”


ကျန်းယင်က မျက်နှာမဲ့လိုက်သည်။


“ကောင်းတယ်...”

ကျန်းရွှင်က ဆက်ပြောသည်။


“မင်္ဂလာရှိသောနှင်းတစ်ပွင့် တီဗီစီးရီးအတွက် ဇာတ်ကောင်ရွေးချယ်ပွဲမှာ မင်း ဒီနေ့ ရလဒ်ကောင်းတယ်...ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာက အရမ်း ကျေနပ်နေကြတယ်...ဒီဇာတ်ကောင်က မင်းအတွက် သေချာသွားပြီ...”


“ဒီလောက်ကောင်းတဲ့ မူရင်းဇာတ်လမ်းနဲ့ ထုတ်လုပ်ရေးအဖွဲ့နဲ့ ကျွန်တော့်လို နာမည်ဆိုးရှိတဲ့သူက လာသရုပ်ဆောင်ရင် သူတို့က ကြည့်ရှုနှုန်းတွေနဲ့ ပတ်သက်ပြီး တကယ်ပဲ ဂရုမစိုက်ကြဘူးလား..."


ကျန်းယင်က စိတ်ရှုပ်ထွေးသွားသည်။


“စာချုပ်ကို ကုမ္ပဏီက မင်းအတွက် လက်မှတ်ထိုးပြီးပြီ....ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာလောက်မယ်...အဲ့ဒါက ဇာတ်လိုက်မဟုတ်ပေမယ့် ဒီဲဇာတ်ကောင်မှာ ဇာတ်ဝင်ခန်းအများကြီး ပါပြီး တော်တော်လေး ကျော်ကြားတယ်...ပြီးတော့ အဲ့ဒါက ဇာတ်လမ်းတစ်ခုလုံးမှာလည်း အရမ်း အရေးပါတယ်...အဲ့အချိန်ကျရင် တခြားသရုပ်ဆောင်တွေနဲ့ အပြန်အလှန် ဆက်သွယ်ဖို့ မမေ့နဲ့...ပြီးတော့ အသေးစိတ်ကို မန်နေဂျာနဲ့ လက်ထောက်က မင်းကို ပြောပြလိမ့်မယ်...”


“ကျွန်တော် လုပ်နိုင်ပါတယ်...”


ကျန်းယင်က လက်ရှိအခြေအနေကို အလွန် စိတ်ကျေနပ်နေ၏။ သူ့တွင် အထူးတလည် ဝါသနာပါသည့်အရာမျိုးမရှိဘဲ ရောက်သည့်နေရာ၌ သက်တောင့်သက်သာနေတတ်သည်။


“အဲ့ဒါပဲ...”


ကျန်းရွှင်က စိတ်မရှည်တော့ပေ။


“ပြီးတော့ မင်္ဂလာရှိသော နှင်းတစ်ပွင့် တီဗီစီးရီးရဲ့ အပိတ်သီချင်းကို T.ATW နဲ့ စာချုပ်ချုပ်ထားတယ်...ပြီးတော့ သူတို့အဖွဲ့က ဇာတ်လမ်းတွဲမှာ အထူးဧည့်သည်အဖြစ် ပါဝင်မယ်လို့ ဝေ့ဝေ့က ပြောတယ်...သူတို့က မင်းရဲ့ အဖွဲ့ဆီကို ရက်အနည်းငယ်လာပြီး မင်းနဲ့ အတူတူ သရုပ်ဆောင်လိမ့်မယ်...”


“ဝိုး...ကျွန်တော်က ဒါကို မျှော်လင့်နေတာ...”


ကျန်းယင်က လာမည့် အလုပ်နှင့်ပတ်သက်ပြီး အနည်းငယ် စိတ်ဝင်စားလာလေသည်။


“ဝေ့ဝေ့ကို ကလပ်ကို ခေါ်သွားလို့ရမလား...”


“အဲ့ဒါကို တွေးတောင် မတွေးနဲ့...”


ကျန်းရွှင် ငြင်းဆန်လိုက်သည်။


“ဘာပဲဖြစ်ဖြစ် ရင်းနှီးတဲ့သူတွေရှိတာကောင်းတယ်...”

ကျန်းယင်က ပျော်ရွှင်နေလေသည်။


အခန်းထဲမှ ဖရဲသီးလေးက သီချင်းတစ်ပုဒ်ကို ထပ်ကာထပ်ကာ ဖွင့်နေဆဲပင်။


“ကံကောင်းခြင်းတွေလာပြီ...မင်း ကံကောင်းဖို့ ဆုတောင်းပေးတယ်...ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုနဲ့ အချစ်ကို ယူဆောင်လာမယ်~~~"


“အိုး...ဟုတ်သားပဲ...”

ကျန်းရွှင်က ဖုန်းမချမီ တစ်စုံတစ်ခုကို သတိရလိုက်သည်။


“ရင်းနှီးတဲ့သူတွေအကြောင်း ပြောမှပဲ...မင်းအတွက် ဒီဒရမ်မာထဲမှာ အသိအကျွမ်း အများကြီး ရှိတယ်...မင်းက မျှော်လင့်နေမှတော့ ကောင်းကောင်း သရုပ်ဆောင်ပေါ့...”


“ဘယ်သူလဲ...”

ကျန်းယင်က စိတ်အခြေအနေကောင်းနေဆဲပင်။


“ဇာတ်ညွှန်းရေးတဲ့သူက အမေ့ရဲ့ ကောလိပ်က မိတ်ဆွေဟောင်း၊ ဒါရိုက်တာနဲ့ အဖေနဲ့က အချင်းချင်း သိကြတယ်...သရုပ်ဆောင်တွေအတွက်ကတော့ မြောင်ယဲ့က မင်းဆီက ကြိမ်းမောင်းခံရဖူးတယ်...အဲ့ဒါကို တစ်ဝက်သိကျွမ်းတယ်လို့ ရေတွက်လို့ရတယ်...ပြီးတော့ ဇာတ်လိုက်ကတော့ မင်းတို့က အချင်းချင်း သိကြတယ်...”


“ဇာတ်လိုက်သရုပ်ဆောင်က ဘယ်သူလဲ...”


ကျန်းယင်က စိတ်ထဲ၌ သူ ရင်းနှီးသော သရုပ်ဆောင်အားလုံးကို တွေးလိုက်သော်လည်း ဤဒရမ်မာအတွက် သင့်တော်သော မည်သူ့ကိုမှ မစဉ်းစားမိပေ။


“မင်းရဲ့ ချီကောလေ...”

ကျန်းရွှင်က ဖုန်းချလိုက်သည်။


ကျန်းယင်: “???”


ဘယ်သူ...


ချီကျူးလား...


ဘာ…


ဤအချိန်တွင် အခန်းထဲ၌ ဖရဲသီးလေး၏ သီချင်းဆိုနေသော အသံက ပို၍ ပို၍ စူးရှလာလေသည်။


“ကံကောင်းခြင်း ရောက်လာပြီ...ငါတို့က ကံကောင်းနေပြီ...ကံကောင်းခြင်းကို ကြိုဆိုရင်း အောင်မြင်မှုက တစ်ကမ္ဘာလုံးမှာ စီးဆင်းလာပါပြီ...”




😍😍😍