Ch 10
Viewers 501

🥰Chapter 10     

 á€™á€„်းက ဒီကို အလှချင်းပြိုင်ဖို့လာတာလား




[@အလင်းရောင်နောက်ကို လိုက်နေတဲ့ အရိပ်လေး: “မကောင်းတဲ့ မားကတ်တင်းအကောင့်...နင်စောင့်နေလိုက်...ငါတို့ ကောကောက လမ်းမှာ ရောက်နေပြီ..."]


သို့သော်လည်းမျှော်လင့်ချက်များကို ကျော်လွန်ကာ ကျန်းယင်က ဤတစ်ကြိမ်တွင် ပုံမှန်နှင့် မတူဘဲတိတ်ဆိတ်နေခဲ့သည်။ သူက likeလုပ်ခြင်း၊ မားကတ်တင်းအကောင့်များကို  ဦးဆောင်တိုက်ခိုက်ခြင်းမျိုးမရှိခဲ့ဘဲဝေ့ပေါ်ကိုပင် ရက်အတော်ကြာ ဝင်မကြည့်ခဲ့ပေ။


အကြောင်းအရာများကပုံမှန်မဟုတ်နေသောကြောင့် ထူးဆန်းမှုတစ်ခုခု ရှိနေပေမည်။


အရိပ်လေးများ အဖွဲ့ထဲတွင်အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။


[ငါတို့ ကောကော ဘယ်ရောက်နေတာလဲ...သူ ပျောက်နေတာရက်အတော်ကြာနေပြီ...]


[ဟုတ်တယ်...အဲ့လိုမဖြစ်နေသင့်ဘူး...ကျန်းယင်ကဒီလိုမားကတ်တင်းအကောင့်တွေရဲ့ လွယ်ကူတဲ့ ပစ်မှတ်ဖြစ်ရတာကို မကြိုက်ဆုံးလူမဟုတ်လား...]


[သူ့အစ်ကိုကြီး ကျန်းရွှင်ကို သွားမေးကြရအောင်...]


[ထားလိုက်ပါတော့...ငါတို့ အရိပ်လေးတွေ ဒီတစ်ခါတော့ကြီးပြင်းလာသင့်ပြီလို့ ထင်တယ်...တခြားသူတွေက သူတို့ရဲ့ အိုင်ဒေါနဲ့ပတ်သက်တာဆိုရင် ရှေ့ဆုံးကနေ တိုက်ပွဲဝင်ပေးကြတယ်...ငါတို့မိသားစုကကျတော့ကိစ္စတစ်ခုခုရှိတိုင်း ကျန်းယင်ဆီ ပြန်လာပြီး လာခေါ်ကြတယ်...ပြီးတော့ကျတစ်ယောက်ချင်းစီက သူတို့ကိုယ်သူတို့ မာမားဖန်တွေလို့ ခေါ်ကြတယ်...ဒါကဖြစ်သင့်ရဲ့လား...]  


[အမှန်ပဲ..ငါတို့ ကောကောမှာလည်း သူ့ကိုယ်ပိုင်ဘဝရှိတယ်...ကိစ္စတစ်ခုခု ရှိရင် ငါတို့ပဲ ဖြေရှင်းလိုက်လို့ရတာပဲ...]  


အကျဉ်းချုံးဆွေးနွေးပြီးနောက်နှစ်ဖက်လုံးက ပရိသတ်များက ဆက်၍ ငြင်းခုံကြလေသည်။ ထိုနှစ်ရက်အတွင်းဝေ့ပေါ်ဖွင့်လိုက်သည်နှင့် ရှာဖွေမှုအများဆုံးစာရင်းထဲ၌ “ချီကျူးရဲ့ ပရိသတ်၊ကျန်းယင်ရဲ့ ပရိသတ်” ဟူသော စကားလုံးများကိုသာ မြင်ရနိုင်သည်။


ဒရာမာအဖွဲ့ဘက်၌လည်းအာရုံစိုက်မှုကို လိုအပ်သောကြောင့် သူတို့က နှစ်ဖက် ပရိသတ်များငြင်းခုံတိုက်ခိုက်နေမှုကို ပျော်ရွှင်စွာ လက်ခံထားကြကာ အဆင့်တစ်ခုအထိကျော်ကြားလာ၏။ အင်တာနက်အသုံးပြုသူများမှာလည်း “မင်္ဂလာရှိသော နှင်းတစ်ပွင့်”တီဗီစီးရီး၏ တရားဝင်ကြေညာချက်မှာ ဤနှစ်ရက်အတွင်း ဖြစ်လာမည် ဖြစ်ကြောင်းခံစားမိနေကြသည်။


လွန်ခဲ့သောရက်များအတွင်း ကျန်းယင်က သူ့အိမ်၌ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ၏ ဇာတ်ညွှန်းကိုဖတ်နေခဲ့သည်။ ဇာတ်ကောင်ရွေးချယ်စဉ်က အင်တာနက်အသုံးပြုသူများ၏ မဲများမှာလှောင်ပြောင်နေခြင်း မဟုတ်ကြောင်း သူ သိရှိလာ၏။ ရွှမ်းမော့လင်ဇာတ်ကောင်၏အတွေးအခေါ်အတော်များများမှာ မမျှော်လင့်ဘဲ သူနှင့် တိုက်ဆိုင်နေခဲ့လေသည်။


မကြာသေးမီက သူကဝေ့ပေါ်၌ သူ၏ ထင်မြင်ယူဆချက်များကို မဖော်ပြနိုင်ခဲ့သလို ဘာမှမပြောဘဲ နေရခြင်းကသူ့ကို စိတ်မသက်မသာဖြစ်စေလေသည်။ယခုအချိန်တွင် အခြားလူများက အလုပ်ရှုပ်နေကြခြင်းကြောင့် သူကချီကျူးကို သွား၍ နှောင့်ယှက်လိုက်သည်။


[လက်မကြီးဂဏန်း]: [poke.jpg]


ချီကျူးကစက္ကန့်ပိုင်းအတွင်း ပြန်ဖြေလာသည်။


[အတန်းခေါင်းဆောင်]: “?”


[လက်မကြီးဂဏန်း]: “ငါ မင်းကို မေးပါဦးမယ်...ငါတို့ ရုပ်ရှင်အတူရိုက်ရမယ်ဆိုတာ မင်းအစောကြီးကတည်းက သိပြီးသားလား...”


[လက်မကြီးဂဏန်း]: [ဒူးရင်းသီးကြီး.jpg]


[အတန်းခေါင်းဆောင်]:”ဟုတ်တယ်....”


[အတန်းခေါင်းဆောင်]: “အဲ့ဒီနေ့က ဒါရိုက်တာက ငါတို့နှစ်ယောက်ကို စမ်းပြီးအတူသရုပ်ဆောင်ကြည့်စေချင်တာ...မင်းက အရင် ထွက်သွားတာ...”



ကျန်းယင်: "..."



ကောင်းပြီ၊ကောင်းပြီ...ဘာပဲဖြစ်ဖြစ် မေးမိတာ သူ့အမှားပဲ...


[လက်မကြီးဂဏန်း]: “မင်း ဇာတ်ညွှန်း ဖတ်ပြီးပြီလား...”


[အတန်းခေါင်းဆောင်]: “ဖတ်နေတာ...”


[လက်မကြီးဂဏန်း]: “မင်း ရွှမ်းမော့လင် ဇာတ်ကောင်ကို ဘယ်လို မြင်လဲ...”


[အတန်းခေါင်းဆောင်]: “အဲ့ဒါက အခြေအနေပေါ် မူတည်တယ်...”


အဲ့ဒါကဘာကိုဆိုလိုတာလဲ...

ကျန်းယင်က နားမလည်ပေ။


[လက်မကြီးဂဏန်း]: “လူဘာသာစကားနဲ့ ပြောကြည့်..." 


[လက်မကြီးဂဏန်း]: [ဒိုင်နိုဆောလေး ဟိန်းဟောက်နေသည်.jpg]


 [အတန်းခေါင်းဆောင်]:“စာအုပ်ထဲက ဇာတ်လိုက် လော့နန်ခယ့်ရဲ့ ရှုထောင့်အရဆိုရင် သူက ခေါင်းမာတတ်ပြီးနာခံမှုမရှိဘူးလို့ ထင်တယ်...ဒါပေမယ့် ငါ့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်အရဆိုရင်တော့သူ့မှာ သူ့ကိုယ်ပိုင်စရိုက်ရှိပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့သူလို့ ထင်တယ်...”


[လက်မကြီးဂဏန်း]:“အိုး...ဒါဆို မင်းဆိုလိုချင်တာက လော့နန်ခယ့်က လွတ်လွတ်လပ်လပ် မနေခဲ့ရဘူးပေါ့...”


[အတန်းခေါင်းဆောင်]:“ကောင်းပြီ...သူက မပျော်ရွှင်နေဘူး...သူက လူတွေအများကြီးကြားမှာလှည့်ပတ်နေရတယ်...သူ့ရဲ့ အရင်က သူငယ်ချင်းတွေက သူ့ကို သစ္စာဖောက်တယ်...သူမပျော်ဘူး...”


“မင်္ဂလာရှိသောနှင်းတစ်ပွင့်” ၏ အဆုံး၌ ဗီလိန်က နာမည်ဖျက်ခံရကာ ဇာတ်လိုက်က နာမည်ကောင်းနှင့်အောင်မြင်မှုကို ခံစားခဲ့ရသော်လည်း လော့နန်ခယ့်က မပျော်ရွှင်ကြောင်း ချီကျူးကပြောလာခဲ့သည်။ ဤနားလည်သဘောပေါက်မှုက ကျန်းယင်အတွက် အသစ်အဆန်းတစ်ခု ဖြစ်စေသည်။


[အတန်းခေါင်းဆောင်]:“ငါသာ လော့နန်ခယ့်ဆိုရင် ရွှမ်းမော့လင်ကို နောက်ဆုံးအခြေအနေထိ ရောက်အောင် ငါလုပ်မှာမဟုတ်ဘူး...”


[လက်မကြီးဂဏန်း]: “ငါ မင်းကို သဘောကျတယ်...”


[လက်မကြီးဂဏန်း]: “တစ်မိနစ်လေးပဲ...”


သူဝန်မခံလိုသော်လည်းချီကျူးနှင့် ဤစကားဝိုင်းက ကျန်းယင်ကို အမှန်တကယ်ပင် စိတ်ကူးအသစ်များ ရရှိလာစေသည်။သူက ဇာတ်ကောင်တစ်ခုတည်းအပေါ် သုံးသပ်နေမှုမှ ဇာတ်လမ်းတစ်ခုလုံးကိုချဲ့ထွင်သုံးသပ်လာမိသည်။ ဇာတ်ကောင်များက ဇာတ်ကြောင်းထဲတွင် ရှင်သန်နေကြကာတစ်ယောက်နှင့်တစ်ယောက် ဆက်စပ်မှု ရှိသင့်သည်ဟု သူ တွေးမိလိုက်သည်။


သူ ရုတ်တရက်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရကာ ဇာတ်ညွှန်းကို ဆက်ဖတ်လိုသော်လည်း ချီကျူးကသူ့ကို စကားဝိုင်း၌ ဆက်၍ စာပို့နေဆဲပင်။


[အတန်းခေါင်းဆောင်]: [တို့ထိလိုက်သည်(poke).jpg]


[လက်မကြီးဂဏန်း]: “?”


[လက်မကြီးဂဏန်း]: “မင်း ဘာလုပ်တာလဲ...”


[အတန်းခေါင်းဆောင်]: “တစ်ခုခုစားဖို့ အပြင်ထွက်ခဲ့...”


[လက်မကြီးဂဏန်း]: “အိုး...ဘယ်သူက မင်းနဲ့ အတူစားချင်လို့လဲ..."


[လက်မကြီးဂဏန်း]: [ငြင်းတယ်…jpg]


[အတန်းခေါင်းဆောင်]:“မင်း ထွက်လာခဲ့လိုက်...ငါ မိနစ်နှစ်ဆယ်အတွင်း မင်းအိမ် အောက်ထပ်ကို ‌ရောက်မယ်...”


[အတန်းခေါင်းဆောင်]:“ဒရာမာရင်းနှီးမြှုပ်နှံသူနဲ့ ထုတ်လုပ်ရေးအဖွဲ့က ဒီည ညစာစားကြမှာ...ပြီးတော့ မင်းအစ်ကိုက အလုပ်ရှုပ်နေလို့ မအားဘူးတဲ့...မင်း သွားတာကလည်း အတူတူပဲတဲ့...”


[အတန်းခေါင်းဆောင်]:  “နောက်ပြီး မင်း ကားမောင်းတာကမြွေလိုက်တဲ့ လမ်းအတိုင်း သွားတတ်လို့ စိတ်မချရဘူးတဲ့...အဲ့တော့ ငါကတုံ့ဆိုင်းစွာနဲ့ မင်းကို လာခေါ်ရမှာ...”


[လက်မကြီးဂဏန်း]: “ငါ့မှာ ယာဉ်မောင်းလိုင်စင် ရှိတယ်...ငါ့အစွမ်းအစပေါ် မူတည်ပြီးရထားတာ...မင်းက ဘယ်သူ့ကို အထင်လာသေးနေတာလဲ...”


[အတန်းခေါင်းဆောင်]: “မင်းက ယာဉ်မောင်းလိုင်စင်ရဖို့ ဒုတိယအဆင့်စာမေးပွဲကို အကြိမ်ပေါင်းများစွာဖြေခဲ့ရတယ်...ပြီးတော့ မင်း စာမေးပွဲကျရတဲ့ အကြောင်းအရင်းတွေထဲမှာကားဂိုဒေါင်ထဲကို ကားပြန်သွင်းတော့ သူများဂိုဒေါင်ထဲကို ရောက်သွားတာ...S အကွေ့မောင်းရင်း ပန်းခင်းထဲထိ ထိုးချသွားကာ...ကားရပ်တော့ကုန်းစောင်းအောက်ထိ နောက်ပြန်လျောကျသွားတာတွေပါပေမယ့် အဲ့ဒါတွေတင် မကဘူး...”


[အတန်းခေါင်းဆောင်]: “စာမေးပွဲတတိယအဆင့်မှာ မင်း လမ်းမမှတ်မိလို့ ကားကို ဖြေဆိုတဲ့နေရာအပြင်ဘက်ထိ မောင်းထွက်သွားတာ...”


[လက်မကြီးဂဏန်း]: “???” 


မင်း သိတာတွေများလွန်းနေတယ်...


[အတန်းခေါင်းဆောင်]: “မင်္ဂလာရှိသော နှင်းတစ်ပွင့်ရဲ့ မူရင်းစာရေးဆရာ ယွီယွင်ကျစ်လည်း ဒီညလာမှာ...တကယ်လို့ မင်း ဇာတ်လမ်းနဲ့ ပတ်သက်ပြီး တစ်ခုခု နားမလည်တာရှိရင် သူနဲ့ ပြောလို့ရတယ်...မြန်မြန်ပြင်ဆင်ပြီး အပြင်ထွက်လာခဲ့...”


စကားများစွာ ပြောပြီးပြီဖြစ်သလို ချီကျူးနှင့်(၂ယောက်ထဲ) ညစာစားရခြင်း မဟုတ်သောကြောင့် ကျန်းယင်က ရိုးရိုးရှင်းရှင်းပင် ပြင်ဆင်ကာအပြင်ထွက်လာခဲ့လိုက်သည်။ တံခါးမကြီးရှေ့၌ ရပ်ထားသောကားထဲမှ ချီကျူးက သူထွက်လာသည်ကို မြင်လျှင် နေကာမျက်မှန်ကို ချွတ်လိုက်သည်။


“ထမင်း တစ်နပ်စားရုံပဲလေ...မင်းသာမန်ကားကို မမောင်းလာနိုင်ဘူးလား...”


ကျန်းယင်က ချီကျူး၏ ဈေးကြီးသည့်ဝတ်စုံကို ကြည့်ပြီးနောက် ဟူဒီနှင့် အားကစားဖိနပ်များဝတ်ဆင်ထားသော သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ၏ အရှိန်က လျော့ကျသွားသလိုခံစားလိုက်ရသည်။


သူ နေထိုင်သည့် အိမ်ရာမှာအဆင့်မြင့် အိမ်ရာဖြစ်ပြီး မည်သူကမှ ဓါတ်ပုံခိုးမရိုက်နိုင်သော်လည်း ချီကျူးက ဤသို့သောပုံစံဖြင့် ရောက်လာခြင်းကြောင့် ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာတချို့က လှည့်ကြည့်လာကြသည်။


 â€œá€žá€˝á€Źá€¸á€›á€Ąá€ąá€Źá€„်၊ သွားရအောင်...” 


ကျန်းယင်က စိတ်ဆိုးမာန်ဆိုးဖြင့်ကားထဲသို့ ဝင်လိုက်သည်။


ကားတံခါးက တဖြည်းဖြည်းပိတ်ကျသွားပြီး လမ်းတစ်လျှောက်လုံး ကားအင်ဂျင်သံကို ကြားလိုက်ရကာ ညစာစားမည့်နေရာသို့မောင်းထွက်သွားလေသည်။ 



ကျန်းယင်က ကားထဲသို့ ရောက်သည်နှင့်နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ထိုင်ခုံကို မှီကာ အနည်းငယ် ရှုပ်ထွေးနေသည့် အမူအရာဖြင့်ကားမောင်းနေသော ချီကျူးကို ကြည့်လိုက်၏။ ထိုလူမှာ ညစာစားရန် သွားသည်နှင့် မတူဘဲ ကောဇောနီပေါ်သို့လျှောက်တော့မည့် လူတစ်ယောက်ကဲ့သို့ပင်။


“မင်း ပုံမှန် အပြင်ထွက်တိုင်းဒီလောက်ထိ ပြင်ဆင်သွားတာလား...ဒါက စားဖို့သောက်ဖို့ သွားတာ...အလှပြဖို့မဟုတ်ဘူး...”


ချီကျူးက ယခုကဲ့သို့ ကျော်ကြားလာခြင်းမှာသူ၏ သရုပ်ဆောင်စွမ်းရည်များကြောင့်သာ မဟုတ်ဘဲ ကောင်းမွန်သော ပုံပန်းသွင်ပြင်နှင့်သရုပ်ဆောင်နိုင်သည့် အမျိုးအစား ကျယ်ပြန့်ခြင်းကြောင့် ဖြစ်သည်။


 á€á€ťá€Žá€€á€ťá€°á€¸á€€ ပုံမှန်ကဲ့သို့ပင်လူအများနှင့် စကားပြောရခြင်းကို မနှစ်သက်ဆဲပေ။ ကျန်းယင်က ဆယ်ကြောင်းလောက် ဆက်တိုက်ပြောပြီးနောက်သူက ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်သည်။


 â€œá€Ąá€­á€Żá€¸...”


ဤလူ၏ လျစ်လျူရှုတတ်သောသဘောထားကို မြင်ပြီးနောက် ကျန်းယင်၏ စိတ်ထဲ၌ ယားယံလာကာ လှုံ့ဆော်နိုင်မည့် တစ်ခုခုကိုထပ်၍ ပြောချင်လာသည်။


“ချီကျူး...”


“ဟမ်...”


 â€œá€™á€„á€şá€¸á€žá€­á€œá€Źá€¸...”


 á€€á€ťá€”်းယင်က လွန်ခဲ့သောရက်အနည်းငယ်က လက်ခံရရှိခဲ့သည့် ချီကျူး၏ ဓါတ်ပုံများစွာအကြောင်း တွေးလိုက်မိသည်။


 â€œá€™á€„်းရဲအ ပရိသတ်တွေကမင်းကို ကြိုက်တာ မဟုတ်ဘူး...သူတို့က မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ သဘောကျကြတာ...” 


“အမ်း....”


ချီကျူးက ကျန်းလင် မျှော်လင့်ထားသည့်တုံ့ပြန်မှုများကို မပြခဲ့ဘဲ ထိုအစား ပြန်မေးလိုက်သည်။


“အဲ့ဒါဆို မင်းက ဘယ်လိုသိတာလဲ..."


 â€œá€„ဍကဒဎတိုင်း...”


ကျန်းယင်က ထိုသူတို့က ပြောပြကြောင်းပြောလိုသော်လည်း စကားလုံးများက နှုတ်ခမ်းဝသို့ ရောက်လာပြီးမှ တစ်ခုခုမူမမှန်ကြောင်းသတိရသွားသည်။ သူက လက်နှင့် သူ့ပါးစပ်သူ ပြန်ပိတ်ထားလိုက်ပြီး သတိထားနေသော မျက်လုံးဖြင့်ချီကျူးကို ကြည့်လိုက်သည်။


“မင်း ဘာရယ်တာလဲ...”


ချီကျူးက ရယ်မောနေခြင်းကိုရပ်လိုက်သည်။


ကျန်းယင်က ဖော်ပြ၍မရနိုင်စွာဖြင့်စိတ်ထဲ၌ မကျေနပ်မှုကို ခံစားလိုက်ရသည်။ 


ကားထဲ၌ လှပကာနူးညံ့သည့် စန္ဒယားသံစဉ် သီချင်းတစ်ပုဒ်ကိုဖွင့်ထားကာ ချီကျူးထံမှလည်း ယောကျ်ားဆန်သည့် ရေမွှေးနံ့က တခါတရံ လေထဲ၌ ပျံ့နှံ့လာ၏။ထိုအရာအားလုံးနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် သူ ယနေ့ ဝတ်ထားသည့် အဝတ်အစားများကလမ်းဘေးမှ ဝယ်ထားသကဲ့သို့ ပို၍ ခံစားလိုက်ရလေသည်။


“ချီကော...”


ကျန်းယင် ရုတ်တရက် ပြောလိုက်သည်။


“ဟမ်...”


 á€á€ťá€Žá€€á€ťá€°á€¸á€€ ဤနာမ်စားကိုမကြားရသည်မှာ ကြာပြီ ဖြစ်သောကြောင့် အံ့အားသင့်ကာ ပြန်လှည့်ကြည့်လိုက်သည်။


သူက ကျန်းယင်ထက်တစ်နှစ် ကြီးကာ သူတို့ငယ်စဉ်က ကျန်းယင်မှာ ဝဝကစ်ကစ်နှင့် တွယ်ကပ်တတ်သော ကလေးလေး ဖြစ်ပြီးတစ်နေကုန် ချီကောဟု ခေါ်ကာ သူ့နောက်မှ တကောက်ကောက် လိုက်နေတတ်သည်။


သို့သော်လည်း ထိုအချိန်ကောင်းများကကြာရှည်မခံခဲ့ဘဲ နှစ်အနည်းငယ်အတွင်း ဤတွယ်ကပ်တတ်သော ကလေးလေးက ကောင်ဆိုးလေးအဖြစ်ကြီးပြင်းလာကာ ချီကျူးက ဤနာမ်စားကို ထပ်၍ မကြားရတော့ပေ။


 â€œá€„ဍ သီချင်း ပြောင်းလိုက်မယ်..."


ကျန်းယင် မေးလိုက်သည်။


“အဆင်ပြေလား..."


ချီကျူး: “သေချာပေါက်ရတာပေါ့...” 


ကျန်းယင်က လှည့်စားတတ်သည့်ပုံဖြင့် ပြုံးလိုက်ကာ ချီကျူးအတွက် အတော်လေး သံစဉ်ကြမ်းသည့်သီချင်းတစ်ပုဒ်ကို ပြောင်းဖွင့်လိုက်၏။



ထို့နောက် ကျန်ရှိနေသည့်လမ်းတစ်လျှောက်လုံး၌ ချီကျူးသည် ကျန်းယင်၏ မညီမညာသံစဉ်ဖြင့် သီဆိုနေသည့် သီချင်းငြီးသံနှင့်ဖြတ်သန်းခဲ့ရလေတော့သည်။




😍😍😍