Ch 12
Viewers 509

🥰Chapter 12 

ဒီဟာက အများကြီး ကူးချထားတဲ့ အကောင့်လား



“မင်းကရော…”


ချီကျူးက ရုတ်တရက် မေးလိုက်လေသည်။


လေထုက ရုတ်တရက် တိတ်ဆိတ်သွား၏။


အခြားတစ်ဖက်မှ ရွှမ်ဟွေ့ထုန်က လိမ္မော်ရည်သီးသွားကာ မရပ်မနား ချောင်းဆိုးတော့သည်။


မြောင်ယဲ့က ဝက်ခြေထောက် ကိုက်စားနေရာမှ သူ့လျှာသူ ကိုက်မိသွားကာ နာ၍ အသက်ပင် မရှူနိုင်တော့ပေ။


“ငါလား…မင်းက ငါ့ကို ပြောနေတာလား…”


ကျန်းယင်၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွား၏။ ဤလူ၏ စကားများထဲမှ တစ်စုံတစ်ခုရှိနေကြောင်း ခံစားမိလိုက်သောကြောင့် သူ့ခေါင်းကို လှည့်လိုက်ကာ ချီကျူးအနားသို့ ကပ်သွားပြီး သူတို့နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။


“မင်း ဘယ်လိုထင်လဲ…”


အမှန်ပင် သူက အပြန်အလှန်ငြင်းခုံရခြင်းကို အလွန်နှစ်သက်သူ ဖြစ်၏။ app ပေါ်၌ မငြင်းခုံရသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်က မသက်မသာခံစားနေရသည်။


“သိပြီ…”


ချီကျူးက ပြောလိုက်သည်။


“တည့်တည့်ထိုင် ကီးဘုတ်စစ်သည်လေး…”


ကျန်းယင်နှင့် ချီကျူးတို့က ငယ်ရွယ်ချိန်မှစ၍ ဤသို့ပင် အတူရှိလာကြရာ ၎င်းက မှားယွင်းနေသည်ဟု (သူတို့)မတွေးကြသော်လည်း သူတို့ဘေးမှ အခြားကြယ်ပွင့်များ အားလုံးက အနည်းငယ် မယုံကြည်နိုင်မှုကို ခံစားလိုက်ကြရသည်။


ဥပမာအားဖြင့် မြောင်ယဲ့ဆိုလျှင် အစားစားနေသည့် အချိန်တစ်ဝက်ခန့်အတွင်းမှာပင် ဝေ့ပေါ်ကို အကြိမ်ကြိမ် ဖွင့်ကြည့်ကာ ဖန်များကြားမှ လက်ရှိတိုက်ပွဲအခြေအနေကို ထပ်တလဲလဲ စစ်ဆေးနေခဲ့သည်။


[ချီကျူး၏ ပရိသတ်များ: “မင်းတို့ အိုင်ဒေါ ကျန်းယင်က မရင့်ကျက်သေးတဲ့ မူလတန်းကလေးသာသာပဲ…ငါတို့ ကောကောက ပိုရင့်ကျက်ပြီး ပိုဆွဲဆောင်မှုရှိတယ်…”]


[ကျန်းယင်၏ ပရိသတ်များ: “ဟမ့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိရင် အဲ့ဒီ ခြေထောက်ယက်နေတဲ့ ခွေးကို အထူး အာရုံစိုက်စရာလိုလို့လား…ငါတို့က ငါတို့မိသားစုမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်…မင်းတို့သာ ပြင်းပြင်းထန်ထန် မကြိုးစားရင် ငါတို့က မင်းတို့ကို တစ်ချက်လောက် ရိုက်ပေးဖို့ စိတ်မရှိပါဘူး…”]


[ချီကျူး၏ ပရိသတ်: “ခေါင်းကို ရိုက်ခွဲပစ်မယ်…”]


[ကျန်းယင်၏ ပရိသတ်: “လာစမ်းပါ…တစ်ယောက်စီ သေတဲ့အထိ ချပစ်မယ်…”]


တိုက်ပွဲက အလွန်ပြင်းထန်နေပြီး ဤပရိသတ်စစ်ပွဲကို စဖြစ်စေသည့် [ဂဏန်းဘုရင်] မှာ ရက်အတော်ကြာ ဆက်သွယ်၍မရဘဲ လေပြင်းတိုက်ခတ်ခြင်းကို ရှောင်ရှားနေခြင်း ဖြစ်နိုင်သည်။


ကျန်းယင်က ကျေနပ်သည်အထိ မငြင်းခုံရသေးဘဲ စကားအနည်းငယ် ထပ်ပြောဖို့ပြင်လိုက်၏။ သို့သော်လည်း သူ ခေါင်းငုံ့လိုက်လျှင် သူ ချီကျူး၏ ပန်းကန်ထဲသို့ ထည့်ပေးထားသည့် ဟင်းများမှာ မရှိတော့ဘဲ သူ(ကျန်းယင်)၏ စွပ်ပြုတ်ပန်းကန်လေးထဲတွင် ဇွန်းအပြည့် ဟင်းရွက်စွပ်ပြုတ် အပိုတစ်ဇွန်း ရှိနေသည်ကိုတွေ့လိုက်ရသည်။ ၎င်း၌ ပေါလောပေါ်နေသော ဟင်းနုနွယ်ရွက်အနည်းငယ်လည်း ရှိနေသည်။


ကျန်းယင် အမုန်းဆုံး နံပတ် ၁ အစားအစာမှာ ဟင်းရွက်စွပ်ပြုတ် ဖြစ်သည်။


ထို့အပြင် သူ့ပန်းကန်ထဲ၌ သူလုံးဝမကြိုက်သော မှိုနှစ်ခုလည်း ရှိနေခဲ့သည်။ 


ကျန်းယင်: "? ”


ချီကျူးက ဇာတ်ညွှန်းရေးဆရာများ ပြောသည်ကို ဂရုတစိုက် နားထောင်နေပြီး သူတို့နှင့် စကားပြောနေ၏။ ရံဖန်ရံခါ သူ၏ အမြင်များကို ယဉ်ကျေးစွာ ဖော်ပြနေပြီး ကျန်းယင်၏ ရှုပ်ထွေးနေမှုကို မျက်ကွယ်ပြုထားလေသည်။


***


“ဟွေ့ဟွေ့ကျဲ…”


မြောင်ယဲ့က သူ့အနားမှ ကျန်းယင်နှင့်ကုမ္ပဏီတစ်ခုတည်းမှ ဖြစ်သည့် ရွှမ်ဟွေ့ထုန်ကို မေးလိုက်သည်။


“တကယ်လို့ လူတွေနဲ့ ဆက်ဆံရေးကောင်း မရှိရင် တစ်ဖက်လူက ဘာစားရတာ မုန်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေမှာလား…”


“ကြည့်ပဲကြည့် …မပြောနဲ့…”


ဖုန်းရွှင်အင်တာတိန်းမန့်၏ နံပတ်တစ်သရုပ်ဆောင် ရွှမ်ဟွေ့ထုန်က မလှုပ်ရှားသွားပေ။


“သူတို့ ပြဿနာဖြစ်နေပါစေ…”


***


“အဲ့ဒါက ယွီယွင်ကျစ်၊ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ရဲ့ မူရင်းစာရေးသူ…”


ချီကျူးက မဝေးသောနေရာမှ လူတစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်သည်။


“မင်း နားမလည်တာ တစ်ခုခုရှိရင် သူ့ကို မေးလို့ရတယ်…”


ကျန်းယင်က စားပွဲဝိုင်းယဉ်ကျေးမှုများကို စိတ်မဝင်စားဘဲ မူရင်းစာရေးသူနှင့် စကားပြောရန် ထသွားလိုက်သည်။ 


ယွီယွင်ကျစ်က လူအများနှင့် ဆက်ဆံရန် များစွာ သဘောမကျဘဲ သူ၏ စိတ်သဘောထားမှာ အလွန်ရှင်းလင်းကာ အနည်းငယ်သီးခြားနေတတ်သည်။သို့သော်လည်း သူ လျှောက်လာသည်ကို မြင်သောအခါ ထိုသူက အဝေးမှ လက်ဝှေ့ယမ်းပြခဲ့သည်။


ကျန်းယင်က အနည်းငယ် အံ့အားသင့်သွား၏။ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ကဲ့သို့သော ဇာတ်လမ်းကို ရေးသားသူမှာ အတွေ့အကြုံများစွာရှိပြီး အကြောင်းအရာများစွာကို မြင်ဖူးပြီးသောသူ ဖြစ်မည်ဟု သူ တွေးထားခဲ့မိသည်။သို့သော်လည်း ယွီယွင်ကျစ်က သူနှင့် သက်တူရွယ်တူနီးပါး ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


“ဟယ်လို…”


ကျန်းယင်က တစ်ဖက်လူကို စကားပြောရန် ဦးစွာ အစပျိုးလိုက်သည်။


“အရင်ဆုံးပြောရရင် ကျွန်တော့်ရဲ့သရုပ်ဆောင်စွမ်းရည်တွေက ဆိုးဝါးတယ်…မင်းရဲ့ ဇာတ်ကောင်အတွက် စိတ်မကောင်းဖြစ်မိတယ်…”


“အဲ့လိုမဟုတ်ပါဘူး…”


ယွီယွင်ကျစ်က ပြောလာသည်။


“မင်း မှတ်မိသေးလား…မင်းက အဲ့ဒီ**ပုံရိပ်တွေကို ထူထောင်တာထက် ကိုယ်တိုင်ပျော်ပျော်ရွှင်ရွှင်နေချင်တယ်လို့ ဝေ့ပေါ်မှာ ပြောခဲ့တာ…အဲ့ဒီအချိန်ကစပြီး ဒီဇာတ်ကောင်က မင်း ဖြစ်သင့်တယ်လို့ ငါ တွေးခဲ့တာ…”(**လူထုကိုချပြထားတဲ့ပုံစံ)


ကျန်းယင် ပြန်သတိရသွားသည်။ ထိုအချိန်က လူထုကိုချပြထားသော သူ၏ပုံရိပ်ကို ဖျက်စီးမိခြင်းကြောင့် anti fan တစ်ယောက်က သူ့ကို ကြိမ်းမောင်းထားခဲ့သည်။ ထိုပုံရိပ်မှာ ကုမ္ပဏီမှ ထုတ်ပြန်ထားခြင်းဖြစ်ကာ သူ့မိခင်ပင် မမှတ်မိနိုင်သည်အထိ ပြောင်းလဲနေခဲ့သည်။ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းက ပိုကောင်းသည်ဟု သူ ခံစားမိ၍ တုံ့ပြန်ခဲ့ခြင်းပင်။


“ဇာတ်လိုက် လောနန်ခယ့်နဲ့ ယှဉ်ရင် ငါ ရွှမ်းမော့လင်ကို ပိုသဘောကျတယ်…မင်းတို့ ရိုက်ကူးရေးဘာညာကို ငါ နားမလည်ဘူး…”


ယွီယွင်ကျစ်က ပြုံးလိုက်သည်။


“မင်းကိုယ်တိုင်ဖြစ်တာက မင်းအတွက် ပိုကောင်းတယ်…”


“မင်း သိပ်မပျော်နေဘူးလို့ ခံစားနေရတယ်…”


ကျန်းယင်က ရုတ်တရက် ပြောလိုက်လေသည်။



“ပြန်ရအောင်…ငါ မင်းကို လိုက်ပို့ပေးမယ်…”


ညစာစားပွဲက ပြီးဆုံးသွားပြီ ဖြစ်ကာ ချီကျူးက ဘယ်အချိန်ကမှန်းမသိရဘဲ ရောက်လာကာ သူတို့နှစ်ယောက်ကြားမှ စကားဝိုင်းကို နှောင့်ယှက်လိုက်၏။


“မင်း တစ်ယောက်တည်း ပြန်မှာလား…”


ချီကျူးက ယွီယွင်ကျစ်ကို မေးလိုက်သည်။


“တစ်ယောက်ယောက် မင်းကို လာကြိုမှာကို စောင့်မနေဘူးလား…”


“ငါ့ဘာသာပြန်မှာ…”


ယွီယွင်ကျစ်က သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။


“မင်းတို့ သွားတော့…”


*


“သူ မပျော်နေဘူးလို့ ငါ ခံစားရတယ်…”


ကားပါကင်သို့ အပြန်လမ်းတွင် ကျန်းယင်က ပြောသည်။


“သူက လုံလောက်အောင် လွတ်လွတ်လပ်လပ် မနေခဲ့ရဘူးလို့ ခံစားရလို့ စာအုပ်ထဲက လူကို သူကိုယ်တိုင်အစား မောက်မာစေခဲ့တာ…”


“အရမ်း ထူးခြားတဲ့ နားလည်မှုပဲ…”


ချီကျူးက ခေါင်းညိတ်လိုက်သည်။


“ဒါကို ဇာတ်လမ်းထဲကို ထည့်မယ်ဆိုရင် မင်း ဘယ်လို သရုပ်ဆောင်မလဲဆိုတဲ့အပေါ် မူတည်တယ်…”


“ငါက ကောင်းကောင်း သရုပ်မဆောင်နိုင်တာ နှမြောစရာပဲ…”


ကျန်းယင်က သက်ပြင်းချလိုက်သည်။


“ငါ အဲ့ဒါကို မျှော်လင့်နေပါတယ်…”


ချီကျူးက ပြောသည်။


“ဘာကို မျှော်လင့်နေတာလဲ…ငါ့ရဲ့ဆိုးရွားတဲ့ သရုပ်ဆောင်စွမ်းရည်က ပတ်ဝန်းကျင်ကို ဖျက်စီးမိမှာကို မျှော်လင့်နေတာလား…”


ချီကျူးက စကားပြောနေခြင်းကို ရပ်လိုက်သည်။


ဓါတ်လှေကားက မြေညီထပ်၌ ရပ်သွား၏။ ကျန်းယင်က ဓါတ်လှေကားထဲမှ လျှောက်လာပြီး အဝေးမှ တောက်ပနေသော ကားကို မြင်လိုက်ရသည်။ သူ ချီကျူး ယနေ့ အိမ်ရာ၏ဂိတ်ပေါက်၌ ကားထဲမှ အဆင့်အတန်းမြင့်မြင့် ထွက်လာသည့် ပုံရိပ်ကို သတိရလိုက်မိသည်။


လူဆိုတာ အရှိန်အဟုန်မှာ ရှုံးနိမ့်သွားလို့မရဘူး…နောက်တစ်ခါကျ ငါလည်း ဟိတ်ဟန်ထုတ်ကြည့်ရမယ်…


***


အလုပ်ရှုပ်နေသော ကျန်းရွှင်က သူ့ညီထံမှ WeChat စာတစ်စောင်ကို လက်ခံရရှိလိုက်လေသည်။


 [လက်မကြီးဂဏန်း]: [လူမိုက်လေး မျက်နှာနီရဲနေသည်.jpg]


[ဗို့အားတစ်သိန်း]: “ကောင်းကောင်းစားခဲ့ရဲ့လား…”


[လက်မကြီးဂဏန်း]: “ကော…ကျွန်တော် ကားအကောင်းစားတစ်စီး လိုချင်တယ်…”


[လက်မကြီးဂဏန်း]: “ကျေးဇူးပြုပြီး တောက်ပပြီး အဆင့်မြင့်မြင့် ဟိတ်ဟန်ကြီးတဲ့ အရောင်မျိုး…”


[ဗို့အားတစ်သိန်း]: ???


[ဗို့အားတစ်သိန်း]: [ပီကာချူး ရန်လိုနေသည်.jpg]


***


ဒရမ်မာအဖွဲ့က နောက်ပိုင်းအလုပ်များကို ဆက်လုပ်နေပြီး စတင်တော့ပေမည်။ ကျန်းယင် အိမ်ပြန်ရောက်ပြီးမကြာမီ “မင်္ဂလာရှိသော နှင်းတစ်ပွင့်” ကို တရားဝင် ကြေညာခဲ့သည်။


[[@မင်္ဂလာရှိသော နှင်းတစ်ပွင့် တရားဝင်ဘလော့:  “အချစ်တို့ရေ…မင်းတို့စောင့်နေတဲ့ တရားဝင်ကြေညာချက် လာပါပြီနော်…လောနန်ခယ့် @ချီကျူး၊ ဟန်ရှောင်ရှောင် @ရွှမ်ဟွေ့ထုန်၊ စီမုန့် @ယင်ကျားယွီ…ပြီးတော့ အားလုံးစောင့်ဆိုင်းနေကြတဲ့ ဗီလိန်ဇာတ်ကောင် ရွမ်းမော့လင် @ကျန်းယင်KANI…ဒီတီဗီစီးရီးကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး ဒီနှစ်ဆောင်းရာသီမှာ မင်းတို့နဲ့ တွေ့ဖို့ စောင့်မျှော်နေပါတယ်နော်…”]]


[ဓါတ်ပုံ] [ဓါတ်ပုံ] [ဓါတ်ပုံ] [ဓါတ်ပုံ]


ငါးမိနစ်အကြာ။


အုတ်ခဲကို ကိုင်ထားတဲ့ ချီကျူးရဲ့ ပရိသတ်: "??? ”


ဘာဖြစ်သွားတာလဲ…ပြန်ပြောစမ်း…


ဝါးလုံးချောင်းကို သယ်လာတဲ့ ကျန်းယင်ရဲ့ ပရိသတ်: "??? ”


မင်းအမေကြီး…ဒါက တရားဝင်ဘလော့လား…



😍😍😍