Ch 13
Viewers 502

🥰Chapter 13

 á€Ąá€€á€źá€ąá€Źá€„á€şá€¸á€™á€›á€žá€­á€˜á€˛ ချိုသာပြခြင်း




ပုံမှန်ဆိုလျှင် အိုင်ဒေါတစ်ယောက်၏ ရုပ်ရှင် သို့မဟုတ် တီဗီစီးရီးကို တရားဝင်ကြေညာသည့်အခါ ပရိသတ်များက မှတ်ချက်ကဏ္ဍသို့ အပြေးသွားကြပြီး မှတ်ချက်များ အစီအရီ ရေးကြကာ အခြေအနေကို ထိန်းချုပ်ကြသည်။ 


ဤတစ်ကြိမ်တွင်တော့ နှစ်ဖက်ပရိသတ်များက ရက်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြချိန် ဒရာမာအဖွဲ့ဘက်မှ တရားဝင်ကြေညာချက် ထွက်လာခဲ့သည်။ထို့ကြောင့် အားလုံးက မူးဝေသွားသကဲ့သို့ ဖြစ်သွားကြကာ တစ်ခဏခန့် ဘာလုပ်ရမည်ကို မတွေးနိုင်ကြတော့ပေ။


နှစ်ဖက်လုံးက တစ်ချိန်တည်းမှာပင် ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားကြ၏။


ဝေ့ပေါ်၌ ရှာဖွေမှုစာရင်းက ချက်ချင်းတက်လာလေသည်။


#မင်္ဂလာရှိသောနှင်းတစ်ပွင့်တရားဝင်ကြေညာချက်#


#ချီကျူး၏ပရိသတ်နှင့်ကျန်းယင်၏ပရိသတ်တို့မျက်နှာချင်းဆိုင်လျက်ကြက်သေသေနေ#


ဝေ့ပေါ်ရှိ ဒရာမာတရားဝင်ကြေညာချက်အောက်တွင်တော့ ဖြတ်သွားဖြတ်လာ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များဖြင့် ပြည့်နေခဲ့သည်။


[666…ဒရာမာအဖွဲ့က ချမ်းသာတာပဲ…ဇာတ်ဆောင်တွေက အဆင်ပြေတယ်…နာမည်ကြီးဒါရိုက်တာ၊ သရုပ်ဆောင်ကောင်းတဲ့ သူတွေ၊ ကျန်းယင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုတော့ ထည့်ပြောစရာကို မလိုတော့ဘူး…ဒါပေမယ့် သူတို့အားလုံးက ခေါ်ဖို သရုပ်ဆောင်ကြေး မသက်သာနေဘူး…]


[ငိုလျက်ရယ်နေသည်.jpg…ငါတို့ စာအုပ်ဖန်တွေ ကျန်းယင်ကို ရိုးရိုးသားသား မဲပေးတယ်ဆိုတာက အဲ့ဒါက ပျော်စရာကောင်းမယ်လို့ ထင်လို့…ဒါနဲ့ အဖွဲ့ထဲက ဘယ်အဖေက ဒီတစ်ယောက်ကို ဖိတ်ခေါ်လိုက်တာလဲ…ပျော်စရာကောင်းတာက ပျော်စရာကောင်းတာပဲ၊ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ဒီဇာတ်ကောင်ကို ထောက်ပံ့မပေးနိုင်မှာကို ငါ နည်းနည်း စိုးရိမ်တယ်…]


 [+1…ဇာတ်ကောင် ဖျက်ဆီးခံရမှာကို ကြောက်တယ်…]


 [အား….. ]


[အမှန်တော့ ကျန်းယင်ရဲ့ သဘောထားက ဒါနဲ့ တော်တော်လေး ကိုက်ညီတယ်…အဲ့တော့ နည်းနည်း မျှော်လင့်ကြည့်ကြရအောင်…]


[ဘုရားရေ..ငါ ဒါကို သဘောကျတယ်…ဒါပေမယ့် ကြည့်ရတာ ဒရာမာရဲ့ အဆုံးမှာ လောနန်ခယ့်တစ်ယောက်တည်းကပဲ ရှင်ကျန်နေခဲ့မယ် ထင်တယ်…]


တီဗီစီးရီး၏ တရားဝင်ကြေညာချက်နှင့် ပရိသတ်နှစ်ဖက်ကြားမှ ရန်ပွဲက ဝေ့ပေါ်ရှိ အင်တာနက်အသုံးပြုသူများကြား၌ တစ်ခဏမျှ နာမည်အကြီးဆုံးခေါင်းစဉ် ဖြစ်လာခဲ့သည်။


နောက်ဆုံးတွင် ည ၁၁ နာရီခန့်၌ အင်တာနက်အသုံးပြုသူများက ချီကျူးနှင့်ကျန်းယင် အွန်လိုင်းပေါ်သို့ တက်လာသည်ကို စောင့်ဆိုင်းနေကြသည်။


[@ချီကျူး: “ငါက လောနန်ခယ့်ပါ…မင်းတို့နဲ တွေ့ရဖို့ မျှော်လင့်နေပါတယ်…”]


[@မင်္ဂလာရှိသောနှင်းတစ်ပွင့်တရားဝင်ဘလော့: “အချစ်ကလေးတို့ရေ…မင်းတို့ မျှော်လင့်နေတဲ့ တရားဝင်ကြေညာချက် ရောက်လာပါပြီ…လော့နန်ခယ့် @ချီကျူး၊ ဟန်ရှောင်းရှောင်း@ရွှမ်ဟွေ့ထုန်၊ စစ်မုန်@ယင်ကျားယွီ…ပြီးတော့ လူတိုင်းအားပေးကြတဲ့ ဗီလိန်ဇာတ်ကောင်၊ ရွှမ်းမော့လင်@ကျန်းယင် kani…မကြာခင်မှာ တီဗီစီးရီးကို ထုတ်လွှင့်မှာ ဖြစ်ပြီး မင်္ဂလာရှိသောနှင်းတစ်ပွင့်က မင်းတို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်…[ဓါတ်ပုံ] [ဓါတ်ပုံ] [ဓါတ်ပုံ] [ဓါတ်ပုံ]…”


[@ချီကျူး: [တံခါးခေါက်နေသည်.jpg]]


[@ကျန်းယင် kani:[ ဒေါသထွက်နေသည်.jpg]]


[@မင်္ဂလာရှိသောနှင်းတစ်ပွင့်တရားဝင်ဘလော့: …]


အင်တာနက်အသုံးပြုသူများက ထပ်မံ၍ ပျော်ရွှင်သွားကြသည်။


[ဒီနှစ်ယောက် အတူရှိနေတာက စာအုပ်ထဲက ဇာတ်ကောင်နှစ်ခုနဲ့ အတော်လေး ဆင်တူနေတယ်လို့ ငါ ဘာလို့ ရုတ်တရက် ခံစားလာရတာလဲ…]


[ငါလည်း အဲ့လိုပဲ ခံစားရတယ်…ဇာတ်လမ်းရဲ့ အစပိုင်းမှာက တိုက်ခိုက်မှု သေးသေးလေးပဲရှိပြီး နောက်ပိုင်းက လုံးဝ အကြီးကြီး ဆုတ်ဖြဲပစ်မှာ…ဒါက စိတ်ဝင်စားစရာကောင်းလောက်တယ်…]


ထိုလူနှစ်ယောက်၏ စာကြောင်းများဖြင့် ပရိသတ်များက နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ မှတ်ချက်များ ရေးကာ မှတ်ချက်ကဏ္ဍကို စိုးမိုးလိုက်ကြပြီး သူတို့အိုင်ဒေါများ၏ ဒရာမာအသစ်ကို ကြော်ငြာပေးကြသည်။


ကျန်းယင်၏ ဝေ့ပေါ်က ရက်အနည်းငယ်ခန့် အွန်လိုင်းဖြစ်မနေခဲ့ရာ ပရိသတ်များထံမှ သီးသန့်မက်ဆေ့များစွာကို လက်ခံရရှိခဲ့သည်။


[@အရိပ်လေးကအလင်းရောင်နောက်ကိုလိုက်ပြီးအိပ်မက်ထဲမှာလမ်းလျှောက်နေတယ်: “ကောကော၊ ရိုက်ကွင်းမှာ  ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…ရိုက်ကူးရေးလုပ်နေတုန်း ပေါ့ပေါ့ပါးပါး မနေနဲ့…ချီကျူးက တိုက်ခိုက်ပြီး သူ့ပရိသတ်တွေက ဒါကို အသုံးချပြီး ပြောတာမျိုး မခံနဲ့…”]


[@မီမီကလက်မလျှော့ဘူး: “ဒီဒရာမာကို မင်းဘာသာ ရွေးတာလားဆိုတာ ငါ မသိဘူး…မင်းဘာပဲလုပ်လုပ် ငါတို့က မင်းကို အားပေးနေတယ်…ငါတို့အရိပ်လေးတွေက ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးမှာ မဟုတ်ဘူး…ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့…ငါတို့ ဒါအတွက် မတိုက်ခိုက်ဘူး…”]


အခြားလူများ၏ ပရိသတ်များမှာ ယေဘုယျအားဖြင့် သူတို့၏ အိုင်ဒေါများ ရိုက်ကူးရေးအတောအတွင်း ကောင်းကောင်းစားရန်နှင့် ကောင်းကောင်းနေရန်ကို စိတ်ပူကြပြီး ထိုအိုင်ဒေါများ ဖယ်ကြဉ်ခံရကာ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကြသည်။သို့သော်လည်း ကျန်းယင်၏ ပရိသတ်များမှာမူ ပုံမှန်အားဖြင့် သူတို့၏ အိုင်ဒေါက အခြားလူများကို အနိုင်ကျင့်မည်ကို ပို၍ စိုးရိမ်ကြသည်။


ကျန်းယင်က ခက်ထန်သောသူ ဖြစ်သော်လည်း သူက ကျိူးကြောင်းဆီလျော်မှုရှိကာ ယေဘုယျအားဖြင့် လူများကို အကြောင်းပြချက်မရှိဘဲ မထိုးနှက်တတ်ပေ။ ပရိသတ်များကလည်း ၎င်းကို သိရှိကြသောကြောင့် သူတို့က သူ့(ကျန်းယင်)ကို အမြဲ သဘောကျကြသည်။


ညဥ့်နက်လာပြီး ညပိုင်းဖုန်းကြည့်ချိန်ရောက်လာလေပြီ။ လွန်ခဲ့သော ရက်များအတွင်း “ငြင်းခုံကြမယ်” app ထဲသို့ မဝင်ခဲ့သောကြောင့် ကျန်းယင်က သူ့ဘဝထဲမှ တစ်စုံတစ်ခု လစ်ဟာနေသကဲ့သို့ ခံစားခဲ့ရသည်။ အကြောင်းပြချက်အချို့ကြောင့် သူက အိပ်ရာထဲ၌ လဲလျောင်းနေစဉ် ယနေ့ည၏ ချီကျူးကို မသိလိုက်မသိဘာသာ တွေးမိလိုက်ပြီး သူ့ရှေ့မှ အစိမ်းရောင်ဟင်းသီးဟင်းရွက် ပန်းကန်လုံးကို ပြန်တွေးမိလိုက်သည်။


ကျန်းယင်က ဖုန်းကို ဖွင့်ကာ “ငြင်းခုံကြမယ်” app ကို နှိပ်လိုက်လေသည်။


မည်သို့ပင်ဖြစ်စေ ရက်အနည်းငယ်ခန့် ကုန်လွန်သွားပြီဖြစ်သောကြောင့် တစ်ကြိမ်ခန့် ငြင်းခုံခြင်းက ပြဿနာမဖြစ်နိုင်ဟု သူ တွေးလိုက်၏။


သူက [ဂဏန်းဘုရင်]အကောင့်သို့ log in ဝင်လိုက်ပြီး ပြဿနာများနိုင်သော “ခေါင်းစဉ်သတ်မှတ်ထားသည့် အငြင်းပွားဇုန်” ကို ရှောင်လိုက်၏။သို့သော် သူ အမြဲနှစ်သက်ခဲ့သည့် ဖရီးဇုန်ထဲ၌ သူ၏ ပြိုင်ဘက်ဟောင်း [Sunny] နှင့် ပြန်၍ ဆုံတွေ့ခဲ့ရလေသည်။


[ဂဏန်းဘုရင်]: ???


[sunny]:???


ပျင်းရိဖွယ်မေးခွန်းတစ်ခုအား သူတို့နှစ်ယောက် ငြင်းခုံပြီးချိန်၌ ကျန်းယင် လိုင်းဆင်းတော့မည့်အချိန်တွင် ဤ appက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဆောင်ချက်တစ်ခု ဖွင့်ထားကြောင်း သူ တွေ့ရှိလိုက်သည်။


သူတို့၏ ငြင်းခုံခြင်း အခန်းထဲတွင်တော့ ကြည့်ရှုသူ တစ်ထောင်ကျော်ခန့် ရှိနေလေသည်။


 [ဂဏန်းဘုရင်]: ....


[sunny]: “ကျစ်…လူတွေက နာမည်ကြီးလာမှာကို ကြောက်ကြပြီး ဝက်တွေက သန်မာလာမှာကို ကြောက်ကြတယ်…”


 [ဂဏန်းဘုရင်]: “အနားယူပါပြီ. 886**” (bye bye)


ကျန်းယင် app ထဲမှထွက်ကာ အိပ်ရန်ပြင်လိုက်သော်လည်း ချီကျူးက သူ့ကို စာတစ်စောင် ပို့ထားကြောင်း တွေ့ရှိလိုက်သည်။


 [အတန်းခေါင်းဆောင်]: [poke.jpg]


[အတန်းခေါင်းဆောင်]: “ရှောင်ယင်…မင်း အိပ်ပြီလား…”


[အတန်းခေါင်းဆောင်]: “မင်း ဇာတ်ညွှန်းကို ဆွေးနွေးချင်လား…”


ချီကျူးက စာကို လွန်ခဲ့သော မိနစ်နှစ်ဆယ်ခန့်၊ ကျန်းယင်နှင့် [Sunny] တို့ စတင် ငြင်းခုံချိန်က ပို့ထားခဲ့ခြင်း ဖြစ်သည်။


ကျန်းယင် စာရိုက်လိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက်သတိရလိုက်ကာ ရိုက်ထားသော စာလုံးများကို တိတ်တဆိတ် ပြန်ဖျက်လိုက်သည်။


သူက  [ဂဏန်းဘုရင်] ဝေ့ပေါ်အကောင့်ကို ပြန်ဝင်လိုက်၏။ အသေအချာပင် ချီကျူးက သူ ယခုလေးတင် ရှဲထားသော ပို့စ်ကို သူ့(ချီကျူး)ဝေ့ပေါ်အကောင့်ဖြင့် like ပေးထားခဲ့သည်။


၎င်းက အလွန်အန္တရာယ်များလှ၏။ သူ့အထောက်အထားကို ဖော်ထုတ်မိလုနီးပါးပင်။


ကျန်းယင် ၎င်းကို စာမပြန်ရန် ဆုံးဖြတ်လိုက်ကာ အိပ်ရန် ပြင်လိုက်လေသည်။


သို့သော်လည်း တစ်ဖက်လူက သူ့ကို စာများ ပို့နေဆဲဖြစ်ကာ စာပို့သည့် အမြန်နှုန်းကလည်း အတော်လေး မြန်ဆန်နေသည်။


[အတန်းခေါင်းဆောင်]: “မင်း အိပ်သွားပြီလား …ငါ မင်းကို ပြောစရာတစ်ခု ရှိတယ်…”


[အတန်းခေါင်းဆောင်]: “ရသစုံရှိုးတစ်ခု ရှိတယ်ဆိုတာ ငါ ညစာစားတုန်းက ပြောဖို့ မေ့သွားတာ…မင်းရဲ့ကုမ္ပဏီက အစက စီစဉ်ထားတဲ့လူက မသွားတော့ဘူး…မင်းမှာလည်း လတ်တလော  ရိုက်ကူးရေးကလွဲရင် တခြားအလုပ်မရှိတာမလို့ မင်းရဲ့ အေးဂျင့်က မင်းရဲ့ ထင်မြင်ချက်ကို မေးပေးဖို့ ငါ့ကို တောင်းဆိုထားတယ်…”


 [အတန်းခေါင်းဆောင်]: “ကျေးလက်ဘဝကို ပြန်သွားတဲ့ အရမ်း သဘာဝကျတဲ့ ရသစုံရှိုးပဲ…”


[အတန်းခေါင်းဆောင်]: “ရသစုံရှိုးဘက်က အရေးတကြီး မေးနေတယ်…မင်း အိပ်ပျော်သွားလို့ ငါက မင်းသဘောတူတယ်လို့ မှတ်ယူပြီး လက်ခံလိုက်တယ်နော်…”


ရသစုံရှိုးလား…


ကိစ္စမရှိပါဘူး…သွားတာပေါ့…


ကျန်းယင်က ချီကျူး စာရိုက်နေသည်ကို ဆက်ကြည့်နေကာ မည်သို့ပင်ဖြစ်စေ စာပြန်တော့မည်မဟုတ်ဟု ဆုံးဖြတ်ထားလိုက်သည်။


 [အတန်းခေါင်းဆောင်]: “အတည်ပြုပြီးသွားပြီ…”


[အတန်းခေါင်းဆောင်]: “ကောင်းသောညပါ…”


“ကောင်းသောညပါ…”


ကျန်းယင်က ပါးစပ်ဖွင့်ကာ ပြောလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ရန် ပြင်ဆင်လိုက်သော်လည်း QQ မှ စာဝင်သံကို ထပ်ကြားလိုက်ရပြန်၏။


ကျန်းယင်: "? "


ဒီလူက ဘာလို့ ဒီည စကားအရမ်းများနေတာလဲ…


 [အတန်းခေါင်းဆောင်]: “အိုး…ငါ ပြောဖို့ မေ့တော့မလို့…အဲ့ဒီရသစုံရှိုးမှာ ငါလည်း ပါတယ်…”


[အတန်းခေါင်းဆောင်]: 886 ** (bye bye**)


ကျန်းယင်က အိပ်ရာပေါ်၌ ကိုယ်ကို လှည့်ကာ ထထိုင်လိုက်သည်။


[လက်မကြီးဂဏန်း]: ???


[လက်မကြီးဂဏန်း]: [ငါမင်းအမေရဲ့ဒူးရင်းသီးကို စားပစ်လိုက်ပြီ.jpg]



😍😍😍


ကျန်းယင်ရဲ့ 

Official acc က ကျန်းယင်KANI (ကျန်းယင်ဂဏန်း)


QQ acc က လက်မကြီးဂဏန်း 


အငြင်းအခုံ acc က ဂဏန်းဘုရင် 


ဂဏန်းစီးရီးအကောင့်တွေရှိသေးပေမဲ့ ခုထိတော့နာမည်မပါသေးပါဘူး 

("ဂဏန်း"ရဲ့ သတ်ပုံအမှန်က "ကဏန်း" ဖြစ်ရမှာပါ ဆက် ဂဏန်းလိုက်မယ်နော် 😢)