အခန်း(၄၁)အစ်ကိုတွေလာကူညီခြင်း
Viewers 40k

အခန်း(၄၁) - အစ်ကိုတွေ လာကူညီခြင်း 


ညစာ စားပြီးနောက် တစ်မိသားစုလုံးသည် စိတ်ကျေနပ် အားရသွားကြသည်။ 


ထို့နောက် သူတို့သည် အိပ်ရာဝင်ရန် ကုတင်ပေါ်သို့ မသွားခင် သွားတိုက်၊ မျက်နှာသစ်၊ လက်နှင့်ခြေထောက်ကို ဆေးကြောကြသည်။ 


“ ရှင်က ရှင့်ဘာသာ တစ်ယောက်တည်းအိပ်……။ ကျွန်မ ကလေးသုံးယောက်နဲ့ အိပ်လိုက်မယ် “ လင်းချင်းဟယ်က ပြောပြီး သူမသားတွေကို အခန်းထဲ ခေါ်သွားလိုက်သည်။ 


ကျိုးချင်းပိုင်သည် ကျောခိုင်းထွက်သွားသော သေးသွယ်သည့် သူမနောက်ကျောအား နှုတ်ခမ်းတွန့်ရင်း ကြည့်နေလိုက်သည်။ ဒီမနက်ခင်းတုန်းကတော့ သူ ဂရုမစိုက်ပေမယ့် တစ်ရက်တာ ကုန်လွန်ပြီးနောက် သူ သဘောတူလိုက်တာ စောလွန်းသွားသလားလို့ တွေးဆနေမိသည်။ 


နွေးထွေးသော စောင်ထဲ လှဲလျောင်းရင်း ကျိုးချင်းပိုင်သည် အိပ်မပျော်နိုင် ဖြစ်နေသည်။ ဒီနေ့သည် သူ ပြန်မလာခင်က မျှော်မှန်းထားတာနဲ့ အနည်းငယ် ကွဲပြားခြားနားနေသည်။ 


သူမက ရုတ်ရုတ်သဲသဲ လုပ်လိမ့်မည်လို့ သူ တွေးထားခဲ့ပေမယ့် မလုပ်ခဲ့ဘူး။ 


ထိုကဲ့သို့ မလုပ်သည့်အပြင် သူမက အစားအသောက်ကိုလည်း ကောင်းကောင်းမွန်မွန် တာဝန်ယူ ချက်ပြုတ်ပေးသည်။ 


သူမ၏ အချက်အပြုတ် ကျွမ်းကျင်မှုက ဒီလောက် ကောင်းမွန်တယ် ဆိုတာ သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။ အရင်တုန်းက သူ ပြန်လာချိန်တွင် သူမက ချက်ပြုတ်ပေးသော်လည်း တစ်နေ့လုံးအတွက် ခေါက်ဆွဲတစ်ပန်းကန်သာ သူ့ကို ပေးခဲ့သည်။ နောက်ထပ် ဘာမှမပေးတော့ဘူး။ 


သူပဲ အတွေးလွန်နေတာလား မသိတော့ဘူး။ သူ အိမ်ပြန်လာတဲ့အပေါ် သူမက စိတ်အားထက်သန်နေပုံ ပေါ်သည်။ 


ထိုအချိန်တွင် ဘေးအခန်းမှ ကလေးတွေ ဆော့နေသည့်အသံများ ပျံ့လွှင့်လာသည်။ ပြီးတော့ သူမ၏ ရယ်သံလွင်လွင်ကောပဲ။ ကျိုးချင်းပိုင်၏ မျက်နှာအမူအယာသည် ပျော့ပြောင်းသွားသည်။ သူမက အနည်းငယ် ဒေါသထွက်နေရင်တောင်မှ သေချာပေါက် သူ့ကို ပစ်ပစ်ခါခါ မငြင်းပယ်ဘူးလို့ သူ ယုံကြည်သည်။ 


ဘေးအခန်းမှလူ၏ တွေးတောမှုများကို ဘာမှမသိဘဲ လင်းချင်းဟယ်သည် သူမသားသုံးယောက်နှင့်အတူ အချိန်ခဏကြာ ဆော့ကစားပြီးနောက် သူတို့နှင့်အတူ ငိုက်မျဉ်းလာသည်။ 


ညပိုင်းတွင် စောစောအိပ်စက်ခြင်းကြောင့် မနက်ခင်းတွင် ဘယ်သူမှ မနိုးရဘဲ စောစောစီးစီး နိုးထလာသည်။ အိပ်ရာက အရမ်းနွေးလွန်းတာကြောင့် မထချင်ရုံပါပဲ။ 


ဒါပေမယ့် အာဟာရဖြည့်စွက်ရန် လိုအပ်နေသော ဘေးအခန်းမှ ဒဏ်ရာရလူနာ ရှိနေခြင်းက သူမကို သတိဝင်စေသည်။ မနေ့ညက ကြက်သားစွပ်ပြုတ်က အစာကြေသွားတာ ကြာနေလောက်ပြီ။ ဒီလို လူကောင်ကြီး ထွားကြိုင်းရင် သူ၏ စားချင်စိတ်ကလည်း အမှန်တကယ်ပင် ကြီးမားလိမ့်မည်။ 


ဒါကြောင့် လင်းချင်းဟယ်သည် အိပ်ရာမှ ထလိုက်သည်။ အခုက ခြောက်နာရီခွဲသာ ရှိသေးသည်။ သူမ ထလာချိန်တွင် အပြင်မှ သူ ပြန်လာတာကို တွေ့လိုက်ရသည်။ မနက်ခင်း အပြေးလေ့ကျင့်ရန် ထွက်သွားပုံပေါ်သည်။ 


“ သွားပြေးတာလား “ ခဏကြာပြီးမှ လင်းချင်းဟယ်က မေးမြန်းလိုက်သည်။ 


“ အင်း “ ကျိုးချင်းပိုင်က သူမကို လှမ်းကြည့်ပြီး “ ခဏလောက် ထပ်အိပ်လိုက်ပါဦး။ ကိုယ် မနက်စာ ပြင်လိုက်မယ် “ 


“ မလိုပါဘူး။ ရှင် အနားမယူချင်ရင် ဝက်ခြံ ဆောက်ဖို့ သွားပြင်ဆင်လိုက်လေ။ မြန်မြန်ဆောက်ပြီးရင် ကျွန်မတို့ ဝက်ပေါက်စတွေကို စောစော သွားယူနိုင်တယ် “ လင်းချင်းဟယ်က ပြောသည်။ 


ကျိုးချင်းပိုင်က ခေါင်းညိမ့်လိုက်ပြီးနောက် နောက်ဖေးတွင် အလုပ်လုပ်ရန် သွားလိုက်သည်။ လင်းချင်းဟယ်သည် ဂျုံယာဂုနှင့် အရန်ဟင်းအနေဖြင့် မနေ့ညက ရေစိမ်ထားသည့် မှိုတုန်တုန်တစ်ပန်းကန်ကို ချက်ပြုတ်လိုက်သည်။ ထိုမှိုကို ဒီနေ့ စားဖို့ အဆင်ပြေသည်။ 


အချိန်ရောက်တာနဲ့ သူမသည် ကလေးသုံးယောက်ကို သွားနိုးလိုက်သည်။ သူမသည် သူတို့မျက်နှာ သစ်ရန် သူတို့အတွက် ရေနွေးကို လောင်းထည့်ပေးပြီး အပြင်ထွက်မလာခင် အစိုထိန်းခရမ်ခ်ကို လိမ်းပေးလိုက်သည်။ 


သူမသည် တစ်ယောက် တစ်လုံးစီအတွက် အနှစ်မကွဲ မကျက်တကျက် ကြက်ဥကြော် ငါးလုံးကို ကြော်ထားသည်။ ဒါကို ပူနေတုန်း စားသင့်သည်။ မဟုတ်ရင် အရသာရှိမှာ မဟုတ်တော့ဘူး။ 


ကျိုးချင်းပိုင်သည် ကြက်ဥကြော်ရန် သူမ ဆီသုံးခြင်းကို ဘာမှမပြောပေ။ ရိုးရှင်းပြီး အာဟာရဖြစ်သော မနက်စာကို စားသုံးပြီးနောက် ကျိုးချင်းပိုင်သည် နောက်ဖေးတွင် အလုပ်ဆက်လုပ်နေသည်။ ဒီနေ့ သူ ဝက်ခြံကို အပြီးဆောက်နိုင်ရမယ်။ 


လင်းချင်းဟယ်သည် လောင်တကို ပြောလိုက်သည်။ “ မင်းအဖေကို လာကူညီပေးဖို့ မင်းရဲ့ အကြီးဆုံးဦးလေး၊ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့ကို သွားခေါ်လိုက် “ 


မလိုအပ်ကြောင်း ကျိုးချင်ပိုင်က အပြင်းအထန် ခိုင်ခိုင်မာမာ ပြောဆိုသည်။ လင်းချင်းဟယ်က လက်မခံဘဲ ပြန်ပြောသည်။ “ ရှင့်မှာ ဒဏ်ရာတွေ ရှိသေးတယ်။ လာကူညီပေးဖို့ သူတို့ကို သွားခေါ်တာ ပြဿနာမရှိပါဘူး။ နောက်နှစ်ရက်မှာ ကျွန်မ ဘန်းမုန့်လုပ်ဖို့ စီစဉ်ထားတယ်။ အဲအခါ သူတို့အတွက် နည်းနည်း ပေးလိုက်မယ် “ 


ထိုအကြောင်းကြောင့် ကျိုးချင်းပိုင်သည် ဘာမှထပ်မပြောတော့ပေ။ 


ကျိုးအစ်ကို သုံးယောက်သည် ရောက်လာသည်။ အမျိုးသမီးများကြားတွင် သဘောထား ကွဲလွဲမှုတွေ အများကြီး ရှိနေပေမယ့် ညီအစ်ကိုတွေကြားမှာတော့ ဘာမှသိပ်မရှိဘူး။ 


ပင်ကိုအားဖြင့် သူတို့တွေက လာကူညီလိမ့်မည် အထူးသဖြင့် အခု ဒီညီငယ်လေး ကျိုးချင်းပိုင် အကူအညီ လိုအပ်နေချိန်ပေါ့။ 


ဒါ့အပြင် အခန်းတစ်ခန်းက အခုဆိုရင် ပိုက်ဆံ အများကြီး လိုအပ်သည်။ သူတို့တွေ စားသောက်ရန် လုံလုံလောက်လောက် မရှိချိန်တုန်းက ပိုပြီးဈေးသက်သာသည်။ ဒါကြောင့် သူတို့တွေ အကျိုးကျေးဇူး အများကြီး ရလိုက်သည်။ 


ရွာထဲရှိ လူများသည် လောလောဆယ်တွင် ပထမမိသားစုခွဲ၊ ဒုတိယမိသားစုခွဲနှင့် တတိယမိသားစုခွဲ စသည့်ဖြင့် အခန်းတစ်ခန်းတည်း၌ ပြွတ်သိပ်ပြီး နေကြရသည်။ ပုံမှန်အားဖြင့် သူတို့နေ့ရက်တွေက စည်စည်ကားကားဖြင့် ဆူညံနေတတ်သည်။ မွေးချင်းအများစုကလည်း တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်နေကြသည်။ 


ထိုကဲ့သို ကွဲပြားခြားနားမှုကြောင့် ဒုတိယမရီးတောင်မှ စိတ်ချမ်းသာသလို ခံစားရသည်။ အနည်းဆုံးတော့ သူတို့အတွက် တစ်မိသားစုကို တစ်ခန်း နေရသေးသည်။


ညီအစ်ကိုတွေ ကူညီရန် လာရောက်သောကြောင့် လင်းချင်းဟယ်သည် သူတို့အား နေ့လည်စာကို အိမ်မှာစားရန် နေခိုင်းသည်။ 


နေ့လည်စာက ကန်စွန်းဥပြုတ်ဟင်း ဖြစ်သည်။ အဓိကဟင်းက အနည်းငယ် ရိုးရှင်းသော်လည်း အရန်ဟင်းများက အဆင်ပြေသေးသည်။ ပါးပါးလွှာထားသောအာလူးနှင့် ကြက်ဥရောကြော် တစ်ပန်းကန်၊ ဝက်သားကော်ရည်ခေါက်ဆွဲ တစ်ပန်းကန်၊ မှိုဝက်နံရိုးချက် နှင့် ဝက်နံရိုးရေညှိစွပ်ပြုတ် တစ်အိုး။


ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုများပင် သူတို့၏ အစားအစာအတွက် အလွန် စိတ်ကျေနပ်ခဲ့ကြသည်။ ဒီနေ့ သူတို့တွေ ဘာအတွက်မှ အလုပ်မဖြစ်ခဲ့ဘူးလို့ ကောက်ချက်ချမိကြသည်။ 


အစ်ကိုအကြီးဆုံးက ကြင်နာတတ်ပြီး ထပ်ခါတလဲလဲ ပြောခဲ့သည်။ “ ငါတို့က ညီအစ်ကိုတွေပဲ။ ငါတို့ကို ဒီလိုမျိုး ဆက်ဆံစရာ မလိုပါဘူး။ ဒါက ကိစ္စသေးသေးလေးပဲ “


“ အဆင်ပြေပါတယ်…… အစ်ကိုကြီး စားပါ “ လင်းချင်းဟယ်က ပြန်ဖြေသည်။ 


အစ်ကိုအကြီးဆုံးသည် စတုတ္ထမိသားစု၏ နေရေးထိုင်ရေးအတွက် အနည်းငယ် စိတ်ပူနေမိသည်။ ဒီလို စားရန် ပိုက်ဆံ ဘယ်လောက် လိုအပ်လိုက်မလဲ??


ကျိုးချင်းပိုင်က ဘာမှမပြောပါဘူး။ ဇနီးဖြစ်သူကို လှမ်းကြည့်သော သူ့အကြည့်တွင် ကျေးဇူးတင်ကြောင်း အရိပ်အမြွတ်တွေ ပါနေသည်။ လင်းချင်းဟယ်က သူ့ကို လျှို့ဝှက်စွာ စူးစူးရဲရဲ စိုက်ကြည့်နေသည် - ဘာကြည့်နေတာလဲ… စားလေ…။ 


သူတို့တွေက အလုပ်လုပ်ဖို့ လာကြတာ ဒါပေါ့ သူမ စားစရာတစ်ချို့ လုပ်ပေးရမှာပေါ့။ သူမက သဘောထား သေးသိမ်တယ်လို့ သူတို့တွေ ထင်နေကြတာလဲ။ 


သူမသည် သူ့ကို လျစ်လျှူထားလိုက်ပြီး လောင်စန်းကို အစာကျွေးဖို့ အလုပ်ရှုပ်နေခဲ့သည်။ 


ဒီအစားအစာတွေကို သေချာစီစဉ်ထားသည်။ ဟင်းတိုင်းတွင် အသားပါသည်ဟု ထင်ရသော်လည်း အမှန်တကယ် ထည့်ထားသည့်ပမဏမှာ မများလှပါ။ သူမသည် အာလူးကြက်ဥကြော်တွင် ကြက်ဥလေးလုံးသာ ထည့်ထားသည်။ ဝက်ဆီဖြင့် ကြော်ထားသောကြောင့် အရသာရှိသည်။ ဝက်သားကော်ရည်ခေါက်ဆွဲ ပန်းကန်မှာ အများဆုံး သုံးခုသာ ပါသည်။ မှိုဝက်နံရိုးချက်နှင့် ဝက်နံရိုးရေညှိစွပ်ပြုတ်ကို ဝက်နံရိုးတစ်ပိုင်းဖြင့် ပြုလုပ်ထားသည်။ 


ဤနည်းဖြင့် အဆီပါဝင်မှုက လုံလောက်ပုံရသည်။ 


အနည်းဆုံးတော့ ကျိုးညီအစ်ကို သုံးယောက်က အရမ်း စိတ်ကျေနပ်သွားကြသည်။ ကျိုးချင်းပိုင်နဲ့ ကလေးတွေအတွက်လည်း လုံလောက်သည်။ 


ကျိုးညီအစ်ကို သုံးယောက်က လာကူညီတဲ့အတွက် ဝက်ခြံကို တစ်ရက်အတွင်း ဆောက်ခဲ့သည်။ ညနေခင်းတွင် လင်းချင်းဟယ်သည် သုံးယောက်လုံးကို ညစာစားရန် မခေါ်ထားတော့ဘူး။ အိမ်သို့ ယူသွားရန် ပန်းသီး သုံးလုံးစီ ပေးခြင်းဖြင့် ဖြေရှင်းခဲ့သည်။ 


“ ရှင့်ကို ပန်းသီး သုံးလုံးပဲ ပေးပြီး ပြန်လွှတ်လိုက်တာလား “ ဒုတိယအစ်ကို ပြန်ရောက်လာတာနှင့် ဒုတိယမရီးဖြစ်သူ၏ တုံ့ပြန်မှုမှာ မကျေနပ်ချက် ဖြစ်သည်။ 


တစ်ရက်တာ အလုပ်ပြီးတဲ့နောက်မှာ ဘာသကြားညိုမှ မပေးခဲ့ဘူး။ ပန်းသီးပဲလား? ဒါလေးနဲ့ တစ်စုံတစ်ယောက်ကို ပြန်လွှတ်လိုက်တာလား။ 


“ နေ့လည်စာက တော်တော် စားကောင်းတယ် “ ဒုတိယအစ်ကိုကတော့ ဘာမှ မပြောဘူး။ နောက်ဆုံးတော့ နေ့လည်စာက ဆုလာဘ်အဖြစ် လုံလောက်နေပြီ။ 


ပြီးတော့ ညီအစ်ကိုသုံးယောက်လုံး သွားကူညီတာကြောင့် တစ်ယောက်ကို အလုပ် ဘယ်လောက် လုပ်ရမှာလဲ။ စတုတ္ထရဲ့ဇနီး၏ စိတ်နေစိတ်ထားအရ ဒီတစ်ကြိမ်မှာ ပြဿနာ မဖန်တီးဘဲ ဤဟင်းလျာများကို ချက်ပြုတ်ပေးဆဲ ဖြစ်သည့်အတွက် ဒုတိယအစ်ကိုသည် ၎င်းအတွက် ထိုက်တန်သည်ဟု ခံစားမိသည်။ 


အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် နေ့လည်စာအကြောင်းကို သိပြီးနောက် မှတ်ချက်မပေးတော့ပေ။ သူတို့နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေတာကြောင့် ပန်းသီးကို ကြည့်ပြီး ကြည်နူးနေကြသည်။


ကျိုးအဖေနှင့် ကျိုးအမေသည် စိတ်သက်သာရာ ရသွားသည်။ ဒါကို ကြည့်ခြင်းအားဖြင့် သားထွေး၏ ဇနီးသည် ပြေပြေလည်လည် ဖြစ်ပြီး ဆက်လက် ပြဿနာ ရှာတော့မည် မဟုတ်ဟု ယူဆနိုင်သည်။ 


“ ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့က သူမကို ယွမ်နှစ်ရာ ပေးခဲ့လို့ပေါ့ မဟုတ်ရင် သူမ ဒီလောက် မြန်မြန် စိတ်ငြိမ်သွားမှာ မဟုတ်ဘူး “ ကျိုးအမေက မှတ်ချက်ပေးသည်။ 


“ ဒီအကြောင်းကို မပြောပါနဲ့တော့။ သူတို့တွေ ကောင်းကောင်းနေနိုင်ရင် လုံလောက်ပြီလေ။ စတုတ္ထရဲ့မိသားစုက ဝက်တွေကို မွေးမြူတော့မှာဆိုတော့ သူတို့အနာဂါတ်က မဆိုးတော့ပါဘူး “ ကျိုးအဖေက ပြောသည်။ 


ကျိုးအမေက သက်ပြင်းချလိုက်ပေမယ့် ဘာမှမပြောတော့ဘူး။


စတုတ္ထရဲ့ဇနီးသည် သူတို့၏ နေထိုင်မှုပုံစံကို ပိုပြီး နှိုင်းဆချင့်ချိန်နိုင်မည်ဟု သူမ မျှော်လင့်ရတာပါပဲ။ 


နှစ်ရက်တောင် မပြည့်သေးခင်တွင် စတုတ္ထ၏မိသားစုက လောင်တနှင့် လောင်အာ့သည် ပေါက်စီ ရှစ်လုံးကို လာပို့ပေးခဲ့သည်။ 


ကျိုးအဖေနှင့် ကျိုးအမေအတွက် တစ်ယောက် တစ်ခုစီ ရသည်။ အခြားမိသားစု သုံးစုအတွက်တော့ နှစ်ခုစီ ဖြစ်သည်။ ၎င်းကို ဝက်သား၊ မှိုတုန်တုန် နှင့် မှိုများဖြင့် အစာသွပ်ထားသည်။ အရသာရှိလွန်းလို့ လျှာကို မျိုချလုနီးပါးပါပဲ။