အခန်း(၄၇) - ချိုမြိန်မှုကို ခံစားခွင့်ပေးခြင်း
ကျိုးချင်းပိုင်သည် “ကလေးတို့ အဖေ” ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရပြီး သူ့မျက်နှာမှာ အချက်နှစ်ချက်ဖြင့် ပျော့ပြောင်းသွားသည်။ သူမ၏ရည်ရွယ်ချက်ကို သူ နားမလည်သော်လည်း လိုက်နာဆဲ ဖြစ်သည်။
သူသည် ဗီရိုဆီသို့ သွားကာ သူမအတွက် ဘောပင်နှင့် စာရွက်ကို ယူလိုက်သည်။ လင်းချင်းဟယ်သည် မနက်ဖြန် ကျိုးချင်းပိုင် ဝယ်ရမည့်ပစ္စည်းများကို ရေးနေရင်း ခြေထောက်ကို စိမ်ထားလိုက်သည်။
ယေဘူယျအားဖြင့်တော့ ဝယ်ဖို့ကောင်းတဲ့ ပစ္စည်းလေးတွေ ရှိသည်။
ရေးပြီးတာနဲ့ သူမသည် လောင်တကို ပြသည် “ နားလည်လား “
လောင်တက မျက်မှောင်ကြုတ်လိုက်သည်။ သံသယရှိစရာ မလိုဘူး… သူ နားမလည်ဘူးလေ။
“ ဒါက မင်းအဖေ မနက်ဖြန် ခရိုင်မြို့မှာ သွားဝယ်မယ့် ပစ္စည်းတွေပဲ။ မင်း စာမသင်ရင် ဒါကို မင်း နားလည်မှာမဟုတ်ဘူး။ သင့်တော်တဲ့ အလုပ် တစ်ခုမှလည်း မင်း ရှာနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်း စာမလေ့လာရင် မျက်လုံးတစ်ဖက်ပဲ ပွင့်ပြီး ကန်းနေသလို ဖြစ်နေမယ်။ ယဉ်ကျေးမှုနဲ့ ဗဟုသုတများဖြင့်သာ ဆိုရင် မင်း ဘယ်ပဲသွားသွား လျစ်လျှူရှုခံရမှာကို ကြောက်စရာ မလိုတော့ဘူး။ မဟုတ်ရင် ဒီရွာသေးသေးလေးမှာပဲ မင်း တစ်သက်လုံး အလုပ်လုပ်နေရမှာ။ ရွာထဲက ယောက်ျားတွေကိုပဲ ကြည့်လိုက်…။ သူတို့တွေက ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်မှာ မိသားစုတစ်ခု တည်ထောင်ပြီး ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လယ်လုပ်ကြတယ်။ သူတို့ တစ်ဦးချင်းစီက အသက် 27/28 နှစ်ကို အသက် 47/48 နှစ်လို့ ထင်နေရသည်။ အခု မင်းအဖေကို ကြည့်စမ်း။ အရင်က သူ ရွာမှာပဲ အလုပ်လုပ်ခဲ့ရင် သူလည်း ရွာသားတွေလို ဖြစ်နေမှာ သေချာတယ်။ မရှောင်လွှဲနိုင်ဘူး “ လင်းချင်ဟယ်က ရှင်းလင်းအောင် ပြောပြသည်။
ကျိုးချင်းပိုင် : “…”
ရုတ်တရတ် အကျပ်အတည်းကို ခံစားလိုက်ရသည်။ ငါ ဘာလုပ်သင့်လဲ။ မိန်းမက မျက်နှာဖြင့် အကဲဖြတ်ပုံ ရတယ်???
“သား မကြောက်ဘူး“ ကျိုးလောင်တက ရဲရင့်သော စိတ်ဓာတ်ဖြင့် ပြတ်ပြတ်သားသား ပြောသည်။
“မဆိုးဘူး။ ယောက်ျားပီသတယ်။ စာမသင်ချင်ရင်လည်း ကောင်းပြီလေ။ အနာဂါတ်မှာ မင်းသူငယ်ချင်းတွေရဲ့ အဖေတွေလို ပေါက်ပြားကို မင်း ဘယ်လို သယ်ရမလဲ တွေးပြီး မင်း အသက်ရှင်သန်နိုင်တယ် ဆိုတာ ခံစားမိအောင် မနက်ဖြန်ကစပြီး မင်းအတွက် သီးသန့် စားစရာ လုပ်ပေးမယ်။ စာမသင်ရင် ဘယ်လိုဘဝမျိုးဆိုတာကို ကြိုတင်ပြီး လိုက်လျောညီထွေ ဖြစ်အောင် မင်းကို ငါ လုပ်ပေးရမယ်။ ဒီနည်းလမ်းနဲ့ ကောင်းစားတဲ့ဘဝကို မင်း အလေ့အကျင့်မရှိတော့ဘဲ အဲအချိန်ရောက်ရင် အခက်အခဲတွေကို သည်းမခံနိုင်စရာ မရှိတော့ဘူး“ လင်းချင်းဟယ်က အတည်တကျ ပြောသည်။
“မနက်ဖြန် သားအတွက် သီးသန့်စားစရာ လုပ်ပေးမှာ ဟုတ်လား“ ကျိုးလောင်တ မှင်တက်သွားသည်။
“ ဘာလဲ… ကြောက်သွားပြီလား “ လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း မေးသည်။
“ ဒါဆိုလည်း လုပ်လိုက်လေ…။ ဆင်းရဲဒုက္ခကို သား မကြောက်ဘူး “ ကျိုးလောင်တက အတည်ပြုသည်။
“ ကောင်းတာပေါ့… မင်း ခံနိုင်ရည်ရှိဖို့ ငါ မျှော်လင့်ပါတယ်။ အို… ဟုတ်သားပဲ မနက်ဖြန် ဝက်သားဆန်ယာဂု စားရအောင် “ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောသည်။
“ ကောင်းပြီ “ ကျိုးချင်းပိုင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
သူတို့ရဲ့သားဖြစ်သူကို သူမ ပညာပေးပုံနဲ့ ပတ်သက်ပြီး သူ မကျေမနပ် မဖြစ်ဘူး။ ဒါပေမယ့် သူ့ဇနီးက စာလုံးတွေကို သပ်သပ်ရပ်ရပ် ရေးထားသည်။ ကြည့်ရတာ အရမ်းလှတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ သူမက သူ့ဆီ တစ်ခါမှ စာတစ်စောင်တောင် မရေးပေးခဲ့ဖူးဘူး။
မူလပိုင်ရှင်သည် ကျိုးချင်းပိုင်ထံ စာတစ်စောင်မှ မရေးခဲ့သောကြောင့် လင်းချင်းဟယ်သည် ဖော်ထုတ်ခံရမည်ကို စိတ်မပူခဲ့ဘူး။ မူလပိုင်ရှင်သည် မူလတန်းကျောင်းကို သုံးနှစ်ကြာအောင် နေခဲ့ပြီး နောက်ဆုံးတွင် မူလပိုင်ရှင်သည် အခက်အခဲများစွာဖြင့် အောင်မြင်ခဲ့သည်။
ထို့ကြောင့် စကားလုံးများကို ဖတ်ရှုသိရှိနိုင်သည်မှာ သာမာန်ဖြစ်သည်။ လက်ထပ်ခွင့်တောင်းချိန်၌ ကျိုးမိသားစုသည် စာရေး၊ စာဖတ်နိုင်တာက အားသာချက်လို့ ပြောခဲ့သည်။
ထိုညတွင် ကျိုးချင်းပိုင်က မထွက်သွားဘူး။ လင်းချင်းဟယ်က သူ့ကို မည်မျှပင် စိုက်ကြည့်နေပါစေ အသုံးမဝင်ဘူး။ ထို့ကြောင့် သူမသည် သူ့အတွက် အနွေးကုတင်၏ခေါင်းရင်းတွင် အိပ်ရန် စီစဉ်ပေးလိုက်သည်။ ကျိုးချင်းပိုင်သည် အနွေးကုတင်၏ ခေါင်းရင်းနဲ့ ပတ်သက်ပြီး တုန်လှုပ်ခြင်း မရှိပေ။
တစ်ကြိမ်မှာ တစ်လှမ်းပေါ့။
“ အဖေ… ဒီနေ့ သားတို့နဲ့အတူ အိပ်မှာလား “ လောင်တသည် မနက်ဖြန် ကြုံတွေ့ရမယ့်ဘဝကို မေ့သွားပြီ။ သူ့မျက်လုံးများက တောက်ပလာသည်။
“ အင်း… ထင်းကို ချွေတာကြတာပေါ့။ ဘေးအခန်းက အနွေးကုတင်ကို အပူပေးစရာ မလိုတော့ဘူး “ ကျိုးချင်းပိုင်၏ အကြောင်းပြချက်က အရမ်းဖြောင့်မတ် မှန်ကန်နေသည်။
လင်းချင်းဟယ်သည် မှတ်ချက်ပေးရန် ပျင်းလွန်းလှသည်။ သူ့အတွေးတွေကို သူမ မသိသလို သူမ ဂရုလည်းမစိုက်ဘူး။ သူမသည် လောင်စန်းကို ပွေ့ဖက်ရင်း အမေနှင့် သားများသည် ငိုက်မျဉ်းအိပ်ပျော်သွားကြသည်။
သူမနှင့် သူ ဘယ်လောက် ဝေးကွာနေသည်ကို မြင်လိုက်ရတော့ ကျိုးချင်းပိုင်သည် အလွန် အားကိုးရာမဲ့ ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ အခန်းထဲသို့ ဝင်ခွင့်ရခဲ့သည်။
နောက်နေ့မနက်မှာတော့ ကျိုးချင်းပိုင်သည် ထုံးစံအတိုင်း မနက်ခင်းပြေးရန် ထွက်လာသည်။ လင်းချင်းဟယ်သည် ထလာပြီး နှမ်းဝက်သားဆန်ယာဂုကို ချက်လိုက်သည်။ လောင်တအတွက်တော့ ပြောင်းဖူးပန်ကိတ် အနည်းငယ်ကိုပဲ လုပ်ပေးခဲ့သည်။
သူမသည် စိတ်ပျော့ပျောင်း နူးညံ့လိမ့်မည် မဟုတ်ပေ။ သူ့အနာဂါတ်ဘဝကို တွေ့ကြုံခံစားခိုင်းပြီး နောက်ပိုင်းမှာ စာလေ့လာချင်မလား ကြည့်ကြတာပေါ့။
ကျိုးလောင်တသည် သူ့ကို ရမယ်ရှာပြီး အပြစ်ပေးနေသလို ခံစားလိုက်ရသည်။ သူသည် မနက်ခင်းတွင် ပြောင်းဖူးပန်ကိတ်ကို ဝါးစားနေပြီး သောက်စရာအဖြစ် ရေကိုသာ သောက်နေရသည်။ သူ့အဖေ၊ အမေနှင့် ညီလေးတွေက နှမ်းဝက်သားဆန်ယာဂုကို ကြက်ဥ မကျက်တကျက်ဖြင့် စားကြသည်။
သူ့တွင် ပြောင်ဖူးပန်ကိတ် အနည်းငယ်သာ ရှိသည်။ ကျန်တာတွေကတော့ ဆားရည်စိမ်အချဉ် နည်းနည်းနဲ့ တခြား ဘာမှမရှိဘူး။
“ မကျေမနပ် ဖြစ်မနေနဲ့။ ရွာက လူတော်တော်များများက ကန်စွန်းဥခေါက်ဆွဲကို စားကြတယ်။ မင်းလည်း ပြောင်းဖူးပန်ကိတ်နဲ့ တင်းတိမ်ရောင့်ရဲဖို့ လိုတယ်။ နောက်ပိုင်း မင်း ကြီးပြင်းလာပြီး အိမ်ထောင်ကျသွားရင် ငါတို့နဲ့ အတူတူ နေရတော့မှာ မဟုတ်ဘူး။ မင်းဘာသာပဲ နေရမှာ “ လင်းချင်းဟယ်က ပြောသည်။
ကျိုးလောင်တသည် သူ၏အနာဂါတ် နေ့ရက်များက နေ့အလင်းရောင်မရှိဘဲ မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်။
ကျိုးလောင်အာ့သည် ဘာမှမပြောဝံ့တော့ပေ။ သေချာတာကတော့ သူ အဲဒီလိုနေ့ရက်မျိုးမှာ မနေချင်ဘူး။ နောက်ပိုင်း သူ ကြီးပြင်းလာတဲ့အခါ သူ့အမေ ပြောတာကို နားထောင်ပြီး စာကြိုးစားရမယ်။
“ ကိုယ် ခေါင်းဆောင်အိမ်ကို စက်ဘီးငှားဖို့ သွားလိုက်ဦးမယ် “ ကျိုးချင်းပိုင်က သူမကို ပြောသည်။
“ ကျွန်မတို့လည်း တစ်စီး ဝယ်ကြမလား “ လင်းချင်းဟယ်က ချောမွေ့ပြေပြစ်စွာ ဆက်ပြောလာခဲ့သည်။
ကျိုးချင်းပိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး “ ကိုယ်တို့အိမ်မှာ တစ်စီး ရှိရမယ် “
“ ဒါဆို ခဏစောင့်ဦး ကျွန်မ ရှင့်ကို ပိုက်ဆံနဲ့ ကူပွန်လက်မှတ်တွေ ယူလာပေးမယ် “ လင်းချင်းဟယ်က မြန်မြန်ပြောလိုက်သည်။
စက်ဘီးတစ်စီးသည် ယွမ်တစ်ရာကျော်နှင့် စက်မှုကူပွန်များစွာ လိုအပ်သော်လည်း စက်ဘီးဝယ်လိုက်တာက ဆုံးရှုံးမှုတစ်ခုဟု သူမ မခံစားရပေ။ သူတို့ အခု မတတ်နိုင်တာမျိုးလည်း မဟုတ်ဘူး။
အရေးအကြီးဆုံးကတော့ အနာဂါတ်မှာ သူမသည် ဝက်သားရနိုင်ရန် မိန်ကျဲထံသို့ သွားနိုင်ဖို့ပါပဲ။ အခုဆိုရင် သူမသည် မိန်ကျဲနှင့် ရင်းနှီးနေပြီး မိန်ကျဲ၏လူသည် ဝက်မွေးမြူရေးခြံတွင် ဝက်များကို သတ်ကြောင်း သိထားသည်။
သူမသည် မိန်ကျဲနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး မိန်ကျဲလည်း ဆန္ဒရှိမည်မှာ သေချာပါသည်။ အသားတစ်ကျင်း၏ အမြင့်ဆုံးဈေးနှုန်းမှာ ခြောက်ပြားနီးပါး ရှိပြီး မိန်ကျဲကို အမြတ် တစ်ပြား ပေးမည်။ သုံးကျင်း၊ လေးကျင်းလောက် ယူဖို့က ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး။ သူမ ခရိုင်မြို့မှာ သွားရောင်းရင် ငါးယွမ်လောက် ရလိမ့်မယ်။
ဒါက ပိုက်ဆံ အများကြီး မဟုတ်ပေမယ့် တစ်ရက်စာ အလုပ်ပဲ ရှိသေးတယ်၊ ဒါက တစ်ခြားသူ၏ တစ်လစာ လစာနီးပါးနဲ့ ညီမျှသည်။
စက်ဘီးကို ဝယ်ပြီး လအနည်းငယ်ကြာ အသုံးပြုပြီးနောက် သူမ ငွေပြန်ရလိမ့်မည်။ ဒါကြောင့် ပိုက်ဆံဆုံးရှုံးမှာကို လုံးဝ စိုးရိမ်စရာ မလိုပါဘူး။
ဒါကို လောင်တ ကြားတော့ သူ့မျက်လုံးတွေက တောက်ပလာပြီး “ သားတို့မိသားစုက စက်ဘီး သွားဝယ်တော့မှာလား “
“ ဟုတ်တယ် “ လင်းချင်းဟယ်က ပိုက်ဆံနှင့် ကူပွန်လက်မှတ်များကို အထုပ်ထဲထည့်ပြီး ကျိုးချင်းပိုင်ကို ပေးလိုက်သည်။
“ အနာဂါတ်မှာ သား စီးလို့ရမလား “ လောင်တက မေးသည်။
“ နောင်နောက် ခရိုင်မြို့မှာ မင်း ကျောင်းသွားတက်ရင် မင်းအတွက် တစ်စီး ဝယ်ပေးမယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။
လောင်တသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသော်လည်း မကြာမီ သူ့မျက်နှာမှာ အကျပ်ရိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
လင်းချင်းဟယ်သည် ဒါကို စိတ်ထဲ ထည့်မထားတော့ဘူး။ သူမ၏ နှုတ်ဆက်ခြင်းကို စောင့်ဆိုင်းနေသည့် ထိုနေရာ၌ ရပ်နေသေးသော ကျိုးချင်းပိုင်အား သူမက ပြောလိုက်သည်။ “ လမ်းခရီးမှာ သတိထား ဂရုစိုက်ဦး “
ထားလိုက်ပါ ချိုမြိန်သော ပျော်ရွှင်မှုကို ခံစားခွင့်ပေးလိုက်တာပေါ့။
လမ်းမှာ သတိထား ဂရုစိုက်ရန် အကြံပေးရုံတင်မကဘဲ ချိုမြိန်သော အပြုံးလေးကိုလည်း ပေးလိုက်သည်။
ကျေနပ်စွာဖြင့် ကျိုးချင်းပိုင်က အိတ်တစ်လုံးနှင့် ခြင်းတစ်ခုကို ယူပြီး ထွက်သွားသည်။
လင်းချင်းဟယ်က လောင်တကို ကြည့်ပြီး ပြောသည်။ “ မင်း နေ့လည်မှာ ပြောင်းဖူးပြုတ်ထောင်း စားရမယ် “
“ ဒါဆို အမေတို့ကကော ဘာစားမှာလဲ “ လောင်တက သည်းမခံနိုင်တော့ဘဲ မေးသည်။
“ နေ့လည်ဘက် ဖက်ထုပ်မစားခင် မင်းအဖေ ပြန်လာတာကို ငါတို့ စောင့်မယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။
လောင်တ၏ မျက်နှာလေးက ပျက်သွားသည်။ မကြာသေးမီက သူသည် လင်းချင်းဟယ်၏ ဂရုစိုက်မှုများဖြင့် အလိုလိုက်ခံထားရသည။ သူ့အမေအရင်းနဲ့ အတူရှိတုန်းက ပြောင်းဖူးပြုတ်ထောင်းကို ဇီဇာကြောင်မနေဘူး။ တစ်ခါတစ်ရံ ကန်စွန်းဥခြောက်တွေ စားရသည်။ အဲဒါက ရွံမုန်းစရာပဲ။
သူ စာမသင်ချင်ဘူး ဆိုရင် လင်းချင်းဟယ်က ဂရုတစိုက် ပြုမှုမှာ မဟုတ်ဘူး။ သူမသည် လောင်အာ့နှင့် လောင်စန်းကို ယုန်တံဆိပ် သကြားလုံး တစ်လုံးစီ ပေးလိုက်သည်။ လောင်တအတွက်တော့ မပါဘူး။
“ ဘာလို့ သားက တစ်လုံး မရတာလဲ “ လောင်တက ဒေါသတကြီးဖြင့် ပေါက်ကွဲတော့သည်။
“ ဘာလို့ဖြစ်ရမှာလဲ။ ယုန်တံဆိပ် သကြားလုံးကို စားဖူးတဲ့ မင်းသူငယ်ချင်းလေးတွေ ရှိလားဆိုတာ မင်း ပြန်စဉ်းစားကြည့်ပါဦး။ သူတို့အဖေက ငယ်ငယ်တုန်းက စာမသင်ခဲ့ဘူး၊ ဒါကြောင့် သူတို့သားတွေက ယုန်တံဆိပ် သကြားလုံး မစားဖူးဘူး။ အဲဒီတော့ မင်းလည်း အဲလိုဘဝမျိုးကို နေသားကျနေရမယ်။ ငါနဲ့ လာငြင်းခုံမနေနဲ့ “ လင်းချင်းဟယ်က ခိုင်ခိုင်မာမာ ဆိုသည်။