အခန်း(၅၀)သားအချစ်မြေးအနှစ်
Viewers 38k

အခန်း(၅၀) - သားအချစ် မြေးအနှစ်


“ကျန်တာကို ရှင်ကိုယ်တိုင် လုပ်လိုက်တော့။”


လင်းချင်းဟယ်သည် ဒီလို စိုက်ကြည့်တာကို ခံလိုက်ရတော့ အမောဖောက်သွားသလို ခံစားလိုက်ရတာကြောင့် သူ့လက်ထဲကို ခရင်မ်ဘူးထည့်ပေးလိုက်ကာ သူကိုယ်တိုင်း လိမ်းလိုက်ဖို့ ပြောလိုက်သည်။


ကျိုးချင်းပိုင်က သူမခါးလေးကို ပွေ့ဖက်လိုက်သည်။ “ဇနီးလေး...”


လင်းချင်းဟယ်သည် ရုတ်တရတ် လန့်ဖျတ်ပြီး ထခုန်တဲ့ ဒေါသထွက်နေသော ကြောင်တစ်ကောင်လို ဖြစ်သွားသည်။ သူမက ချက်ချင်းပင် သူ့လက်ကို တွန်းဖယ်လိုက်ပြီး “ရှင် ပြောစကားရှိရင် ဒီအတိုင်းပဲပြော လက်တွေ ခြေတွေ မပါလာနဲ့။” လို့ ပြောလိုက်သည်။


ဤသို့ဆိုရင်း သူမသည် သူ့ကို လျစ်လျူရှုကာ ဝံပုလွေတစ်ကောင်က သူမကို လိုက်ပါဖမ်းဆီးတာကို ခံနေရသကဲ့သို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။


ကျိုးချင်းပိုင်သည် သူမရဲ့ အနည်းငယ် လန့်ဖျတ်နေသောပုံလေးကို ကြည့်နေခဲ့သည်။ သူ့မျက်နှာ‌ပေါ်တွင် အပြုံးခပ်ဖျော့ဖျော့ ပေါ်လာသည်။


သူ ဘာမှားနေလဲဆိုတာကို နားမလည်ပေမယ့် သူ့ဇနီးသည်နဲ့ ရင်းနှီးတည်ဆောက်ဖို့ ကြိုးစားတာက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ခံစားရသည်။


သို့ပေမယ့် သူ့ဇနီးသည်ကတော့ သူနဲ့ လိုက်လျောညီထွေ မဖြစ်သေးတာ သိသာပါတယ်။


ဒီတော်လှန်‌ရေး မအောင်မြင်သေးတော့ ရဲဘော်အနေဖြင့် အလုပ်ကြိုးစားဖို့ လိုအပ်နေသေးသည်။


ကျိုးချင်းပိုင်သည် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းလိုက်သည်။ အစကတော့ သူ ဒီလိုအရာတွေ မလိမ်းချင်ပေမယ့် ရွာထဲမှ အသက် ၂၇နှစ်အရွယ်တွေက ၄၇အရွယ်လို့ ထင်ရတဲ့အထိ အိုစာတဲ့အကြောင်းကို သူမပြောခဲ့ဖူးတာကို ပြန်အမှတ်ရလိုက်တော့ သူ ဒါကို လိမ်းဖို့ ဆုံးဖြတ်လိုက်သည်။


ကျိုးချင်းပိုင်က ဖီးနစ်တံဆိပ်စက်ဘီးကို တစ်ခါတည်း ဝယ်ယူနိုင်ခဲ့တဲ့အကြောင်းဟာ တစ်ရွာလုံးမှာ ပျံ့နှံ့သွားခဲ့သည်။


ဒီခေတ်မှာ စက်ဘီးဝယ်နိုင်တာက နောင်အနာဂတ်တွင် အဆင့်မြင့်ဇိမ်ခံကား ဝယ်ယူနိုင်တာမျိုးနှင့် ဆင်တူသည်။


ခြံအပြင်ဖက်တွင် စပ်စုလိုသောလူ မည်မျှရှိလိမ့်မည်ကို တွေးကြည့်နိုင်သည်။


လင်းချင်းဟယ်သည် ရွာသူရွာသားများဖြင့် ပြောဆိုဆက်ဆံရမည်ကို စိတ်မဝင်စားပါ။ လာရောက်စပ်စုသူများတွင် ကျိုးညီအစ်ကိုပါ ပါဝင်လေသည်။


ဒီကိစ္စကို ကျိုးချင်းပိုင် ကိုယ်တွယ်ဖို့ ထားခဲ့လိုက်သည်။ သူမကတာ့ နေ့လည်စာပြင်ဆင်ဖို့ ပြုလုပ်ခဲ့သည်။


အပြင်ဖက်ရှိလူတိုင်းသည် စက်ဘီးပတ်လည်တွင် ဝန်းရံကာ သူတို့မျက်ဝန်းများတွင် မနာလို အားကျစိတ်များဖြင့် မေးခွန်းများ မေးမြန်းနေကြသည်။


မကြာခင်မှာပဲ ဒီသတင်းကို အမေကျိုး ကြားလိုက်တော့ ဒုတိယမရီးနှင့်အတူ အိမ်ကို ရောက်လာသည်။


အကြီးဆုံးမရီးနဲ့ တတိယမရီးက အပြင်ကို သိပ်မထွက်ကြဘူး။ အပြင်ဖက်နေရာ တစ်ခုလုံးမှာ နှင်းတွေနဲ့ ရေခဲတွေ ဖုံးလွှမ်းနေသည့်အပြင် သူတို့မှာ ကိုယ်ဝန်ရှိနေကြသည်။ မတော်တဆမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူးလေ။


“စတုတ္ထလေး မင်း ဒီနေရာမှာ စက်ဘီးက သိပ်အသုံးမဝင်ဘူး။ ဘာလို့ ဒီလောက်ကြီးတဲ့ စက်ဘီးကို ဝယ်လာရတာလဲ။ အဲ့ဒီအတွက် ဘယ်လောက်တောင် ကုန်ကျခဲ့လဲ။” အမေကျိုးက စိတ်မပျော်ရွှင်စွာ မေးသည်။ ပျော်ရွှင်တဲ့လက္ခဏာ အရိပ်အမြွန်လေးကိုမျှ မမြင်နိုင်ပေ။


ဒီလို စက်ဘီးအသစ်စက်စက်ဆို ဘယ်‌လောက် ကုန်ကျလိုက်မလဲ။ သူ အငြိမ်းစားယူလိုက်ပြီ ဆိုကတည်းက လစာငွေကြေးလည်း မရှိတော့ဘူး။ အနာဂတ်မှာ သုံးစွဲစရာတွေ အများကြီးရှိနေတာကို ဘာလို့ မစုဆောင်းနိုင်ရတာလဲ။


“ကိုယ်ပိုင်စက်ဘီးနဲ့ဆို ခရိုင်မြို့ပေါ် သွားရတာ အဆင်ပြေတယ်လေ။” ကျိုးချင်းပိုင်က ရှင်းပြသည်။

 

“အဲ့အကြောင်းရင်းတစ်ခုတည်းကြောင့်လား။ စက်ဘီးရှိတာနဲ့ မရှိတာ ကြားထဲမှာ ကွဲပြားခြားနားချက် တစ်ခုခု ရှိလို့လား။ မကြာခဏ သွားဖို့ လိုအပ်နေတာ မဟုတ်ဘူး‌လေ။” အမေကျိုးက သူမဒေါသကို ဖိနှိပ်ရင်းဆိုသည်။


အဆုံး၌ သူမသည် သူမသားဖြစ်သူကို ချစ်မြတ်နိုးလွန်းသောကြောင့် လူရှေ့သူရှေ့တွင် စကား ပြင်းပြင်းထန်ထန် ပြောဆိုခြင်း မရှိခဲ့ပါ။


“စက်ဘီးက ဝယ်ပြီးသား ဖြစ်သွားပြီလေ။ ပြီးတော့ ဒါကို ငွေပြန်အမ်းလို့ မရဘူး။” ကျိုးချင်းပိုင်က သူ့ခေါင်းကို ယမ်းလိုက်သည်။


အမေကျိုးသည် ဒေါသထွက်လွန်းလို့ ပြောစရာစကားပင် ရှာမတွ့တော့ပေ။ သူမ တွေးဆမိသည် ဒါက စတုတ္ထရဲ့ ဇနီးသည်က တောင်းဆိုလိုက်တာလား။


သူမသည် စတုတ္ထရဲ့ ဇနီးသည်က ပိုကောင်းမွန်ကာ ပြောင်းလဲလာပြီလို့ သူမ ထင်ခဲ့ပေမယ့် တကယ်တော့ သူမက အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့တာပဲ။


ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ကို ဘယ်လို လူစုခွဲရမလဲလို့ စဥ်းစားနေရင် အမေကျိုးက ဒီအကြောင်းကို ဆက်လက်မတွေးတော့ပေ။ ကျိုးချင်းပိုင်က တခြားလူတွေကို လူစုခွဲပြီး အမေကျိုး၊ သူ့အစ်ကိုသုံးယောက်နှင့် ဒုတိယမရီးတို့ကို အိမ်ခြံဝင်းထဲ လွှတ်လိုက်သည်။

 

“စတုတ္ထလေး မင်း ဒီစက်ဘီးကို ဝယ်ခဲ့ပြီးပြီ။ နောင်မှာ တခြား ဘာကိုမှ ထပ်မဝယ်နဲ့တော့။ လောင်တနဲ့ သူ့ညီတွေ မကြာခင်မှာ အရွယ်ရောက် ကြီးပြင်းလာလိမ့်မယ်။ အဲ့ဒီအခါကျရင် ဒီခြံဝင်းကို ပြန်ပြင်ဆင်ရလိမ့်မယ်။” အကြီးဆုံးအစ်ကိုကျိုးက ပြောသည်။


ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုကတော့ ဘာစကားတစ်ခွန်းမှ မပြောပေ။


ဒုတိယမရီးသည် စက်ဘီးကို မနာလိုဖြစ်စွာ ကြည့်နေသည်။ စက်ဘီး အာ... ဒါက စက်ဘီးတစ်စီးပဲ...


ဒါက တကယ့်ကို အမိုက်စားပဲ။ အိမ်က အပ်ချုပ်စက်တွေထက် ပိုကောင်းတယ်။


လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့ကလည်း စက်ဘီးပတ်လည်တွင် လှည့်ပတ်ကြည့်နေကြသည်။ သူတို့က ဟိုနေရာပွတ် ဒီနေရာပွတ် လုပ်နေကြသည်။ ဒါက တကယ့်ကို ရှားပါးပါတယ်။


လင်းချင်းဟယ်သည် မီးဖိုချောင်ထဲတွင် အလုပ်များနေသည်။ ဒီနေ့ ဖက်ထုပ်တွေ ပြုလုပ်နေတာဖြစ်သည်။ သူမသည် ဖက်ထုပ်တွေထဲ အစာသွပ်နေခဲ့သည်။ ကျိုးချင်းပိုင်ရဲ့ အစာစားချင်စိတ်က အတော်လေး ကြီးမားတယ်။ ထမင်းတစ်ခါစားရင် ပန်းကန်ခပ်ကြီးကြီး တစ်ပန်းကန်လောက်ကို အသာလေး စားသောက်နိုင်သည်။


အစားများများ စားသောကြောင့် သူ့မှာ အားအင်တွေ ပြည့်ဝနေတာ အံ့အားသင့်စရာ မဟုတ်ပေမယ့် သူမကို ကလူကျီစယ်ဖို့ အခွင့်အလမ်းကို သူက အမြဲတမ်း ရှာဖွေနေခဲ့သည်။


အပြင်မှလူတွေအတွက်မူ ဧည့်ခံစကာပြောဆိုရန် ကျိုးချင်းပိုင် ရှိနေသောကြောင့် သူမ အပြင်သို့ မထွက်တော့ပေ။


စကားစမြည် ပြောဆိုပြီးနောက် အစ်ကိုအကြီးဆုံးနဲ့ တခြားသူတွေက အိမ်ပြန်သွားကြသည်။ အမေကျိုးကတော့ အိမ်မပြန်သွားသေးဘူး။ သူမက ဒီစက်ဘီးက ဘယ်လောက်ကုန်ကျခဲ့လဲဆိုတာကို တိုးတိုးတိတ်တိတ် မေးမြန်းဖို့ ကျန်နေခဲ့သည်။


ကျိုးချင်းပိုင်က အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ အဲ့တာက အမေကျိုးကို နာကျင်စေတယ်။ သူမက “ဒီစက်ဘီးကို မင်းမိန်းမက ဝယ်စေချင်တာလား။” လို့ တိုးတိုးလေး ကပ်မေးသည်။


“အမေ ဒီစက်ဘီးကို သား ဝယ်ချင်တာ။ သား ဒါကို ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုရလိမ့်မယ်။ ကျွန်တော်တို့မှာ စက်ဘီးလိုအပ်တယ်။ သားမိန်းမနဲ့ ဒါက ဘာမှ မဆိုင်ဘူး။” ကျိုးချင်းပိုင် ပြန်ဖြေသည်။


ဒီလိုဆိုတော့ အမေကျိုး ဘာမှ ထပ်မပြောတော့ဘူး။ အငယ်ဆုံးသားလေးက အမှန်တရားကိုသာ ပြောပြီး မလိမ်ညာတတ်ပါ။


 “အမေ နေ့လည်စာ ဒီမှာ စားသွားမလား။ ကျွန်မတို့ နေ့လည်စာအတွက် ဖက်ထုပ်တွေ လုပ်ထားတယ်။” လင်းချင်းဟယ်က မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် အမေကျိုးကို မြင်လိုက်သောကြောင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


ဒီနေ့က နေ့ထူးနေ့မြတ်တစ်ရက်မို့ ဖက်ထုပ်တွေ စားကြတာလား။ ယွမ်နှစ်ရာကျော် သုံးဖြုန်းပြီးရုံမကသေးဘူး၊ ဖက်ထုပ်တွေကို စားနိုင်ကြသေးတယ်ပေါ့။ တကယ့်ကို ဘယ်လိုနေထိုင်ရှင်သန်ရမလဲဆိုတာကို မသိကြဘူး။


အမေကျိုးသည် မစားချင်တာကြောင့် သိပ်မကြာခင်မှာပဲ အိမ်ပြန်သွားသည်။


လင်းချင်းဟယ်က သူမကို စိတ်ထဲမထားဘူး။ ထို့ကြောင့် သူမနှင့် သူမမိသားစုသည် ဂျုံနှင့် ဝက်သားများဖြင့် ပြုလုပ်ထားသော ဖက်ထုပ်များကို အတူတကွ စားသောက်ခဲ့ကြသည်။ အင်း အရသာ အရမ်းရှိတာပဲ။


စားသောက်ပြီးနောက် လောင်တနဲ့ သူ့ညီတွေက စက်ဘီးကို မက်မောစွာ အနားကပ်နေဆဲဖြစ်သည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထိုညီအစ်ကိုတွေအား စက်ဘီးပေါ်တင်ကာ လျှောက်လည်ခိုင်းသည်။


သို့သော်လည်း ကျိုးချင်းပိုင်သည် သူတို့က အရမ်းစီးချင်နေတာကို သိသော်လည်း သူတို့ကို အဲ့လိုမျိုးတော့ တင်မနင်းချင်သေးပေ။ ဒီထက်ပို၍ သူလုပ်ချင်နေတာက သူမကို စက်ဘီးပေါ်တင်နင်း၍ အပြင်သွားချင်တဲ့ပုံမျိုး သိသာထင်ရှားပါသည်။


လင်းချင်းဟယ်: “...” ဒီလိုအေးတဲ့ရက်မျိုးမှာ သူမ အပြင်ထွက်ပြီး လေအေးဒဏ်ကို မခံစားချင်ဘူး။


သူမ အပြင်မထွက်ချင်တာကို မြင်တော့ ကျိုးချင်းပိုင်က သူ့သားသုံးယောက်ဖက်သို့ လှည့်ကြည့်ကာ ပြောသည်။ “နွေဦးရောက်တဲ့အခါကျရင် ကိုယ် မင်းကို အပြင်ကို ခေါ်သွားပေးမယ်။”


သူ့သားတွေရဲ့ အပြင်ထွက်ချင်တဲ့ ဆန္ဒကို သိပ်သဘောမကျပေမယ့် ကျိုးချင်းပိုင်က သူတို့ကို စက်ဘီးပေါ်သို့ အသေအချာ တွဲတင်ပေးထားသည်။ သူတို့တွေကို စက်ဘီးပေါ်မှာ ထိုင်စီးနေတဲ့ ကလေးတွေလို့ သတ်မှတ်နိုင်သည်။


ကျိုးအိမ်တော်ဟောင်းတွင် အမေကျိုးသည် စတုတ္ထလေးတို့ တစ်မိသားစုလုံးက မည်သို့ နေထိုင်စားသောက်ရမည်ကို မသိကြောင်း မြည်တွန်တောက်တီးနေသည်။ ဒီစက်ဘီးကို ဝယ်တာက ပိုက်ဆံအများကြီး ကုန်ကျတယ်၊ ဘာလို့ စက်ဘီးကို ဝယ်ရတာလဲ။


အဖေကျိုးကတော့ သူ့ဇနီးသည် ညည်းညူပြောဆိုနေတာကို လျစ်လျူရှုထားသည်။ သူမမောသွားပြီး ရပ်သွားသည့်အချိန်မှ သူ့အသံ ထွက်လာသည်။ “အခု ငါတို့က မိသားစုနှစ်ခု ဖြစ်သွားပြီလေ။ သူတို့လည်း သူတို့ဘဝနဲ့ သူတို့ နေပါစေ။ မင်း ဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ။ စတုတ္ထလေးက မစဥ်းစား မချင့်ချိန်တတ်တဲ့သူမျိုး မဟုတ်ဘူး။ သူ ပိုက်ဆံကို မဆင်မခြင် သုံးစွဲမှာ မဟုတ်ဘူး။”


အဖေကျိုးက သူ့သားအငယ်ဆုံးကို ဂုဏ်ယူဝံ့ကြွားပြီး စိတ်ချယုံကြည်သည်။ သူက ဘယ်လိုစိတ်ထားရှိပြီး ဘယ်လိုလူမျိုးလဲဆိုတာ သိသာထင်ရှားပါသည်။ ဒါ့ကြောင့် သူက ဝေဖန်ခြင်းမရှိဘူး။


အမေကျိုး စိတ်မချမ်းမသာစွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောသည်။ “ရှင်တို့ယောကျ်ားတွေက ဘာနားလည်လို့လဲ။ ရွှေတောင် ငွေတောင်တွေ ရှိနေရင်တောင် အသုံးအစွဲ မချွေတာရင် မိသားစုကို ကျွေးမွေးဖို့ လောက်ငမှာ မဟုတ်ဘူး။’


“မင်း သူတို့ဆီကို သွားနေတာပဲ မမြင်ဘူးလား။ မင်းပဲ သူတို့က ဝက်လေးတွေ မွေးလိမ့်မယ်လို့ မပြောခဲ့ဘူးလား။ အဲ့ဒီအချိန်ကျရင် သူတို့ အလုပ်ရမှတ် လေး ငါးမှတ်လောက် ရလိမ့်မယ်။ အဲ့တာက မဆိုးနိုင်ဘူး။” အဖေကျိုးက ပြောပြသည်။


အမေကျိုးက သက်ပြင်းမောကို ချလိုက်သည်။ “သူတို့မှာ ရှိတာရော မရှိတာရော မဖြန်းတီးပဲနဲ့ သူတို့ အဆင်ပြေပြေနေနိုင်ဖို့ ကျွန်မ တကယ်မျှော်လင့်တယ်။’


ထို့နောက် သူမဆက်ပြောသည်။ “ဒီနှစ် ရှောင်းမိန် အိမ်ပြန်လာရင် ကျွန်မ သူမကို ပိုက်ဆံများများ ယူလာခိုင်းရမယ်။ လောင်တ လက်ထပ်တဲ့အခါကျရင် သူက ကျွန်မတို့ အဖိုး အဖွားတွေကိုပဲ အားကိုးနေရလိမ့်မယ်။ သူမိဘတွေကို အားကိုးလို့မရဘူး။”


“ဒါဆို ရှောင်းမိန်ကို များများပြန်ယူခိုင်းလိုက်။” အဖေကျိုးက သဘောတူပြီး ခေါင်းညိတ်ထောက်ခံသည်။


နောက်ဆုံး၌ လောင်တသည် သူတို့ကျိုးအိမ်တော်ဟောင်းရဲ့ အကြီးဆုံးမြေးဖြစ်သည်။


သူတို့ အငယ်ဆုံးသားနှင့် အကြီးဆုံးမြေးက သူတို့ အဖိုးကြီး အဖွားကြီးများရဲ့ အသက်သွေးကြောလေးပင် ဖြစ်သည်။ ဤအသက်သွေးကြောနှစ်ခုလုံးကို လင်းချင်းဟယ်ရဲ့ မိသားစုက သိမ်းပိုက်ထားသည်။


အိမ်၌ ဒုတိယမရီးသည် အလွန်စိတ်မပျော်မရွှင် ဖြစ်နေသည်။


နောင်အနာဂတ်တွင် သူမသည် လင်းချင်းဟယ်ရဲ့ ဘဝက ပိုဆိုးလာမည်ဟု ယုံကြည်ခဲ့သည်။ သူတို့က စက်ဘီးတစ်စီးကိုပင် ဝယ်လိုက်နိုင်မယ်လို့ ဘယ်သူသိမှာလဲ။