အခန်း(၅၄)စပါးခိုးခြင်း
Viewers 43k

အခန်း(၅၄) - စပါးခိုးခြင်း 


ညနေပိုင်းတွင် လင်းချင်းဟယ်သည် ညီအစ်ကိုသုံးယောက်ကို အိပ်ခွင့်မပေးခင် လောင်တအား သူ၏စာရေးလေ့ကျင့်ခြင်း နှင့် သင်္ချာစသည့်တို့နှင့် ပတ်သက်၍ ကြီးကြပ်ပေးခဲ့သည်။ 


ကျိုးချင်းပိုင်သည် အိပ်ပျော်နေသော ညီအစ်ကိုသုံးယောက်အား အနွေးကုတင်၏ အစွန်းဘက်တွင် တစ်တန်းတည်း နေရာချရွေ့ပြောင်းကာ သူတို့နှစ်ဦးအတွက် နေရာလွတ်ဖြစ်အောင် လုပ်လိုက်သည်။ 


လင်းချင်းဟယ်၏ နှလုံးခုန်သံက မြန်ဆန်လာပြီး အပြင်ဘက် ခုန်ထွက်လာမလို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ ရာသီလာချိန်ကို သတိရသွားပြီး စိတ်တည်ငြိမ်သွားသည်။ 


ကျိုးချင်းပိုင်က ညင်ညင်သာသာ ပြောလိုက်သည်။ “ အိပ်ချိန်ရောက်ပြီ “ 


လင်းချင်းဟယ်က ခေါင်းညိတ်ပြီး “ အိပ်ကြစို့ “ 


အိပ်စက်ခြင်း အနေနှင့် ကျိုးချင်းပိုင်သည် ဒီနေ့ သိုးသား စားထားသည်။ ဒါကြောင့် အဲဒီအတိုင်းပဲ သူက ဂနာမငြိမ်ဖြစ်နေသည်။ လင်းချင်းဟယ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “ ကျွန်မ ရာသီလာနေတယ်။ ငြိမ်ငြိမ်နေပြီး ကောင်းကောင်းမွန်မွန် အိပ်တော့ “ 


ကျိုးချင်းပိုင်သည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားသည်။ 


လင်းချင်းဟယ်သည် သက်တောင့်သက်သာဖြင့် အိပ်ပျော်ခဲ့သည်။ အပူပေးထားသော အနွေးကုတင်ကို နေဝင်ဆည်းဆာအချိန်ကတည်းက အပူပေးထားခြင်းကြောင့် သူတို့တွေ တစ်ညလုံး နွေးနွေးထွေးထွေး အိပ်နိုင်သည်။ နောက်ဆုံးတော့ သူမရဲ့ ခုနစ်ကျင်း လေးသော စောင်ကို ဘာအတွက်မှ မဖုံးလွှမ်းထားတော့ဘူး။ 


ပြီးတော့ အပေါ်မှာ လေးကျင်း လေးသော စောင်ကိုလည်း ထပ်ထားသည်။ 


“ အိပ်တော့ “ ကျိုးချင်းပိုင်သည် စိတ်ပျက်သွားသော်လည်း အနည်းဆုံးတော့ သူ့ဇနီးကို ပွေ့ဖက်ပြီး အိပ်နိုင်သေးသည်။ 


လင်းချင်းဟယ်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ သူမ၏ နှလုံးခုန်နှုန်းက အရမ်းမြန်ဆန်လွန်းနေသည်ကို ခံစားမိပြီး တိုးတိုးပြောလိုက်သည်။ “ ကျွန်မကို ရှင် အဲလို ဖက်ထားရင် ကျွန်မ အိပ်လို့မရဘူး “ 


“ မင်း အိပ်တတ်ပါတယ် “ ကျိုးချင်းပိုင်က စူအောင့်စွာ ပြောလိုက်သည်။ 


လင်းချင်းဟယ်သည် စိတ်ထဲတွင် ချေပလိုက်သည်။ ‘ ဒါဆို ရှင် ဘောင်းဘီတစ်ထည် ဝတ်ထား။ ရှင်က ဒီညမှာ သိုးသားကို ထပ်စားခဲ့ပြီး အချိန် အတော်ကြာအောင် အတူတူ မအိပ်ခဲ့ရတော့ ဒီအချိန်မှာ အဲနေရာက အရမ်း တတ်ကြွနေတာ။ အဲဒါက ကျွန်မအနား တိုးဝှေ့ကပ်နေမှတော့ ကျွန်မက ဘယ်လိုအိပ်နိုင်မှာလဲ ‘


“ မိန်းမ “ ကျိုးချင်းပိုင်က ခေါ်လိုက်သည်။ 


လင်းချင်းဟယ်သည် ထိုယောက်ျား၏ အသံက နှစ်လိုဖွယ်ကောင်းသည်၊ နက်ရှိုင်းသည်၊ ဆွဲဆောင်မှုရှိပြီး သံလိုက်ဓာတ်ပါသည်ဟု ခံစားလိုက်ရသည်။ 


သို့သော် လင်းချင်းဟယ်သည် ဘာမှမကြားသလို ဟန်ဆောင်နေရန် ရွေးချယ်လိုက်သည်။ ဒီည သူမ အမှားတစ်ခု လုပ်မိသည်။ သူ ဘာမှ မလုပ်နိုင်ဘူးလို့ သူမ ထင်ခဲ့တဲ့အတွက် သူ့ကို လျစ်လျူရှုပြီး သူနဲ့ အိပ်ရမယ်ဆိုတာ သူမ မေ့သွားခဲ့သည်။ 


ညီအစ်ကိုသုံးယောက်၏ အိပ်စက်မှု အကျင့်စရိုက်သည် အတော် ကောင်းသည်။ ဒီအချိန်မှာ သူတို့တွေက အိပ်ပျော်နေကြသည်။ ညသန်းခေါင်မှာ အပေါ့သွားရန် နိုးလာကြပြီး ရေတစ်ဖန်ခွက် သောက်ကာ နောက်တစ်နေ့ မနက်အထိ တရေးပြန်အိပ်ကြသည်။ 


ကျိုးချင်းပိုင်သည် သူ့ဇနီးထံမှ တုံ့ပြန်မှု မရသောကြောင့် ဘာမှ ထပ်မပြောတော့ဘူး။ နောက်ဆုံးတော့ သူ၏ နူးညံ့သော ဇနီးသည်ကို ပွေ့ဖက်ထားရတာကလည်း အရမ်းပျော်ဖို့ကောင်းနေပြီ။ 


“ မအိပ်သေးဘူးလား “ လင်းချင်းဟယ်သည် တစ်ခဏလောက် ဟန်ဆောင်နေပြီး သူ မအိပ်သေးကြောင်းကို ခံစားနေရသေးသည်။ သူမခါးပေါ်တင်ထားသော လက်သည် အလွန် ပူနေသည်။ 


“ မိန်းမ… အဲဒါက ဘယ်အချိန် ပြီးမှာလဲ “ ကျိုးချင်းပိုင်က မေးခွန်းကို မဖြေဘဲ ရှုသိုးသိုးဖြင့် သုန်မှုန်စွာ မေးသည်။ 

“ ကျွန်မ မသိဘူး “ လင်းချင်းဟယ်က စိတ်တိုစွာ ပြောလိုက်သည်။ 


“ မိန်းမ… ကိုယ့်ကို မလိုချင်ဘူးလား “ ကျိုးချင်းပိုင်က သက်ပြင်းချလိုက်သည်။ 


လင်းချင်းဟယ်က စိတ်ထဲ ပြန်ဖြေလိုက်သည်။ ‘ မလိုချင်ဘူး။ နည်းနည်းလေးတောင်မှ မလိုချင်ဘူး။ မြန်မြန်အိပ်တော့ “ 


သူမသည် ကလေးတွေရှိသည့် တူညီသောဦးတည်ရာဆီသို့ သူမခန္ဓာကိုယ်ကို တိုက်ရိုက်လှည့်လိုက်သည်။ ကျိုးချင်းပိုင်သည် အနောက်မှ ပွေ့ဖက်ထားသည်။ လင်းချင်းဟယ်သည် သူမအတွက် သူ၏ စိတ်အားထက်သန်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။ 


နှစ်သစ်ကူးပြီးရင် ကျိုးချင်းပိုင်သည် အသက် ၂၈ နှစ်သာ ရှိဦးမည်။ နှစ်သစ်ကူးပြီးနောက် သူမက ၂၄ နှစ် ဖြစ်မည်။ သူမသည် သူ့ထက် လေးနှစ် ငယ်သည်။ 


ဒါပေမယ့် အသက် ၂၈ နှစ်ပဲဖြစ်ဖြစ် ၂၄ နှစ်ပဲဖြစ်ဖြစ် ဒါက လူငယ်များ၏ စိတ်အားထက်သန်သော ကာလ ဖြစ်သည်။ 


သူထံမှ ရန်စခြင်းကို ခံရပြီးနောက် လင်းချင်းဟယ်၏ နှလုံးသားသည် ပြောင်းလဲသွားသည်။ သို့သော် သူမသည် သူ့ကို မသိကျိုးကျွန်ပြုထားလိုက်သည်။ 


အဲဒါကို သူမ မတွေးခင်အထိ သူ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ သူမကို ထိဖို့တောင် မစဉ်းစားပါနဲ့။ 


လင်းချင်းဟယ်သည် ထိုညတွင် ၉ နာရီခွဲလောက်အထိ အိပ်မပျော်ပေ။ ကျိုးချင်းပိုင်သည် သူ့ဇနီးဖြစ်သူ အိပ်ပျော်သွားသည်ကို ခံစားလိုက်ရသောအခါမှ သူသည် စိတ်ထိခိုက် ဝမ်းနည်းစွာဖြင့် ငိုက်မျဉ်းသွားသည်။


ထားလိုက်ပါတော့လေ။ ဖြည်းဖြည်းချင်း သွားကြတာပေါ့။ ကြည့်ရတာ သူ့ဇနီးက သူ့အပေါ်ထားတဲ့ မလိုမုန်းထားမှုတွေကို လုံးလုံးလျားလျား မလျှော့ထားရသေးပုံ ပေါ်သည်။ 


သို့သော်လည်း သူမသည် တူညီသော စောင်တစ်ထည်တည်းကို သူနှင့်အတူ ဝေမျှခြုံရန် ဆန္ဒရှိတာကြောင့် ဒါက ကောင်းသော အစပျိုးခြင်းလည်း ဖြစ်သည်။ 


လင်းချင်းဟယ်သည် ထိုညတွင် အလွန် နွေးထွေးစွာ အိပ်ပျော်သွားခဲ့သည်။ သူမသည် မီးဖိုကြီး တစ်လုံးကို ကိုင်ထားရသလို ခံစားရပြီး အလွန် သက်တောင့်သက်သာ ဖြစ်နေသည်။ 


မနက်ခင်းတွင် အပြင်၌ နှင်းတွေ ကျနေဆဲ ဖြစ်သောကြောင့် ကျိုးချင်းပိုင်သည် အပြင်မထွက်တော့ဘူး။ အရေးအကြီးဆုံးကတော့ သူ့ဇနီးက သူ့ကို ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူမကို ဘယ်လိုလုပ် တွန်းထုတ်ရက်မှာလဲ။ 


လင်းချင်းဟယ် နိုးလာသောအခါ ခုနစ်နာရီ ထိုးခါနီးနေပြီ။ သူကို အနွေးကုတင်ပေါ်မှာ ရှိနေသေးတာ မြင်လိုက်ရတော့ သူမသည် မှင်တက်သွားကာ “ ရှင် အပြေးကျင့်ဖို့ အပြင်မထွက်ဘူးလား “ 


“ အပြင်မှာ နှင်းတွေ ကျနေတယ် “ ကျိုးချင်းပိုင်သည် သူမကို စိုက်ကြည့်ရင်း နွေးထွေးစွာ ပြောလိုက်သည်။ 


လင်းချင်းဟယ်သည် ခေါင်းညိတ်ပြလိုက်ပြီး နောက်တွင် သူတို့၏ အနေအထားက အနည်းငယ် နီးကပ်လွန်းနေတယ် လို့ ခံစားရလိုက်သည်။ 


သူမသည် သူ့ခါးကို ဖက်ထားပြီး မျက်နှာတစ်ခုလုံးက သူ့လက်မောင်းများကြားတွင် နစ်မြှပ်ထားသည်။ ရှည်လျားသော သူ့လက်က သူမခါးကို ရစ်ပတ်ထားသည်။ သူတို့၏ကိုယ်နေဟန်ထားသည် အရမ်းချစ်ကျွမ်းဝင်နေတဲ့ စုံတွဲတစ်တွဲ၏ ကိုယ်နေဟန်ထားနှင့် တူညီလုနီးနီး ဖြစ်နေသည်။ 


“ ကျွန်မလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ စိတ်မဆိုးနဲ့နော် “ လင်းချင်းဟယ်က ခြောက်ကပ်စွာ ရယ်မောပြီး သူ့ရင်ခွင်ထဲက ထွက်လိုက်သည်။ 


ကျိုးချင်းပိုင်က သူမကို တင်းတင်းကြပ်ကြပ် မဖက်ထားဘဲ “ နောက်ထပ် အိပ်လိုက်ပါဦး။ ကိုယ် မုန့်တွေကို နွေးထားလိုက်မယ် “ 


မနက်စာက ဘန်းမုန့်ပေါင်းနှင့် ပုဇွန်ဆိတ်ဟင်းချို ဖြစ်သည်။ အားလုံးကို ကျိုးချင်းပိုင်က ပြုလုပ်ခဲ့သည်။ သူသည် ကိုယ်လက်မျက်နှာ သန့်စင်ရန် ရေနွေးကိုလည်း ယူလာပေးသည်။ 


မနက်ခင်းမှာ နှင်းတွေ အရမ်းကျနေသောကြောင့် လင်းချင်းဟယ်သည် လင်းမိသားစုအိမ်သို့ ပြန်သွားပြီး အပြစ်သွားရှာရန် မကြံစည်တော့ဘူး။ ဒီ ပြင်းထန်သော နှင်းမုန်တိုင်းကြီးကို ဖြတ်ကျော်ဖို့ စွန့်စားရန် မလိုအပ်ပါဘူး။ 


ကျိုးချင်းပိုင်က ဝက်ကလေး နှစ်ကောင်ကို ကျွေးမွေးပြုစုရန် သွားလိုက်စဉ်တွင် သူမသည် သူမသားသုံးယောက်ကို မနက်စာ စားရန် ခေါ်ထုတ်လာသည်။ 


အခုတော့ ကြက်တဲထဲတွင် ကြက်တစ်ကောင်မှ မရှိတော့ဘူး။ နောက်ဆုံးကြက်ကို လင်းချင်းဟယ်က ချက်ပြုတ်ပြီးသွားပြီ။ ၎င်းက ကြက်ဥမှ မဥနိုင်တော့တာ ဘာလို့ မွေးထားဦးမှာလဲ။ စပါးကို ဖြုန်းတီးဖို့လား။ အာဟာရဖြစ်စေဖို့အတွက် စွပ်ပြုတ်လုပ်လိုက်တာက ပိုကောင်းတယ်။ 


ဒီနေ့မနက် ဆယ်နာရီအထိ နှင်းတွေ ဆက်တိုက်ကျနေခဲ့သည်။ ဒါက များပြားသော ပမာဏ ဖြစ်သည်။ 


နှင်းတွေကျတာ ရပ်သွားတော့ လင်းချင်းဟယ်သည် ဘောင်းဘီထိုးနေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ကို လှည့်ပတ်ကာ လမ်းလျှောက်သွားရန် အပြင်ခေါ်သွားခဲ့သည်။ ဆောင်းရာသီတစ်လျှောက်လုံး သူတို့တွေ အိမ်ထဲမှာပဲ အထီးကျန်စွာ မနေနိုင်ဘူး။ စုစည်းပြီး လှည့်ပတ်သွားနေတာက မဆိုးပါဘူး။ 


လမ်းလျှောက်သွားကြရင်း သူတို့သည် ကျိုးတုန်းနှင့် ကျိုးရှီး မောင်နှမအိမ်သို့ ရောက်လာကြသည်။ 


ကျိုးတုန်းသည် နှင်းများကို ဂေါ်ဖြင့် ကော်ပစ်နေသည်။ သူ့ခန္ဓာကိုယ်ရှိ အဝတ်အစားများသည် အအေးဒဏ်ကို ခုခံနိုင်စွမ်းမရှိပေ။ သူ့ပါးပြင်တွေက နည်းနည်းနီနေသည်။ 


“ ဒေါ်လေး “ ကျိုးတုန်းသည် လင်းချင်းဟယ်ကို တွေ့လိုက်သောအခါ ချက်ချင်း အော်ခေါ်လိုက်သည်။ 


အထဲက ကျိုးရှီးသည် အသံတွေကို ကြားတော့ ပျော်ရွှင်စွာဖြင့် “ ဒေါ်လေးက ဒီကို လာဖို့ ဘယ်လိုလုပ် အားချိန်ရသွားတာလဲ။ အပြင်မှာ အေးတယ်၊ အိမ်ထဲ မြန်မြန်ဝင်လာလိုက်ပါ။ အနွေးကုတင်က ပူနွေးနေတယ်။ တကယ် အရမ်းနွေးထွေးတယ်။ “ 


“ ဒေါ်လေး… ကလေးတွေကို မြန်မြန်အထဲ ခေါ်သွားလိုက်ပါ “ ကျိုးတုန်းက ပြောသည်။ 


လင်းချင်းဟယ်သည် ကလေးများက အိမ်ထဲသို့ မဝင်ချင်ကြောင်း သတိပြုမိသောကြောင့် သူမသည် သူတို့ကို ထားခဲ့လိုက်သည်။ သူမသည် နှင်းတွေကြားထဲ နင်းဖြတ်ပြီး ဝင်လာခဲ့သည်။ သူမ ကျိုးရှီးကို မေးလိုက်သည်။ “ ဒီနှစ်အတွက် စားစရာ လုံလုံလောက်လောက် ရှိလား “ 


“ လုံလောက်ပါတယ် “ ကျိုးရှီးက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ 


ဒီနှစ်မှာတော့ သူတို့အိမ်ထောင်စုကို ရိက္ခာတွေ အများကြီး ဝေငှခဲ့သည်။ ပြီးတော့ သူတို့လက်ထဲမှာ ပိုက်ဆံရှိသောကြောင့် သူတို့သည် အဖွဲ့ထံမှ တစ်ချို့ကိုလည်း ဝယ်ခဲ့သည်။ ယခုနှစ်ဆောင်းရာသီသည် ယခင်နှစ်က ဆောင်းရာသီတွေထက် ပိုကောင်းသည်ဟု ဆိုနိုင်သည်။ 


တစ်ရက်ကို နှစ်နပ် စားပေမယ့် သူတို့သည် တစ်နပ်စားတိုင်း တစ်ဝက်စာလောက်တော့ စားနိုင်သည်။ 


တကယ်တော့ ကျိုးတုန်းနဲ့ ကျိုးရှီးတို့သာ ဒီလိုမျိုးတွေ ဖြစ်နေတာမဟုတ်ဘဲ ဆောင်းရာသီ အထီးကျန်နေ့ရက်ကာလတွေမှာ တခြားသူတွေပါ သူတို့ရဲ့ခါးပတ်ကို တင်းကြပ်ထားကြရသည်။ တစ်နေ့ကို ပုံမှန် ထမင်းသုံးနပ်မှ တစ်နေ့ကို နှစ်နပ်သာ စားကြရသည်။


ဘာကြောင့်လဲဆိုတော့ စားနပ်ရိက္ခာဝေငှပြီးနောက် နွေစပါးရိတ်သိမ်းပြီးချိန်မှသာ နောက်တစ်ခါ စားနပ်ရိက္ခာဝေငှပေးမည့် အချိန် ကျရောက်မည် ဖြစ်သည်။ 


နွေဦးရာသီရောက်တာနှင့် ထိုအချိန်သည် ယာယီပြတ်လပ်သည့် ကာလ ဖြစ်သည်။ ထိုအချိန်တွင် ရွာရှိလူအချို့သည် ရိက္ခာကူပွန်များ လဲလှယ်ရန် သွားကြရသည်။ ထို့နောက် ရိက္ခာပစ္စည်းများကို ဝယ်ယူရန် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမသို့ သွားကြရသည်။ 


အစားအသောက် ရိက္ခာကူပွန်များကို လဲလှယ်ရန် ပိုက်ဆံကို မသုံးချင်လျှင် စားစရာများ ဝယ်ယူရန် ပိုက်ဆံပိုမိုသုံးစွဲကြရမည်။ ဒါကြောင့် အခုအချိန် သူတို့တွေ ချွေချွေတာတာ စားသုံးကြရမည်။ နွေစပါးရိတ်သိမ်းချိန်အထိ သူတို့တွေ ထိန်းထားရမည်။ 


“ ပုံမှန်အခြေအနေအရ တစ်ယောက်ယောက်က အိမ်မှာ အမြဲနေရမယ်။ အနီးနားက ရွာမှာ တစ်ယောက်ယောက်က သူတို့ရဲ့ အစားအသောက်တွေကို ခိုးသွားပုံရတယ် “ လင်းချင်းဟယ်က သတိပေးသည်။ 


ဒါက ဟာသ မဟုတ်ဘူး။ ဒီအကြောင်းကို ချန်တန့်နျန်းထံမှ သူမ ကြားခဲ့ရသည်။ ချန်တန့်နျန်းသည် နောက်ဆုံးရသတင်းများနှင့် ပတ်သက်၍ အသိဆုံး ဖြစ်သည်။ အစားအသောက် ခိုးယူခံရတဲ့သူတွေက မိဘမဲ့ နှင့် မုဆိုးမတစ်ဦး ဖြစ်သည်။ ဒီအချိန်မှာ သူတို့၏ အစားအသောက် ခိုးခံရခြင်းသည် သူတို့အသက်ကို သတ်လိုက်သလိုပါပဲ။ 


ကံကောင်းထောက်မစွာဖြင့် အိမ်နီးချင်းအဖွဲ့သည် ယခုနှစ်တွင် ရိတ်သိမ်းမှု အနည်းငယ်သာ ရှိခဲ့ပြီး စားနပ်ရိက္ခာတွေ ကျန်ရှိနေဆဲ ဖြစ်သည်။ ဒါကြောင့် ၎င်းတို့ကို ပို့လိုက်တာ မဟုတ်ရင် သူတို့နှစ်ယောက် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ 


“ ကျွန်မ သိပါတယ်၊ အိမ်မှာ သေချာပေါက် တစ်ယောက်ယောက် ရှိနေရမယ် “ ကျိုးရှီးက လျင်မြန်စွာ အတည်ပြုလိုက်သည်။ 


“ မင်းတို့မောင်နှမ ဖြတ်ကျော်နိုင်တာ တွေ့တာနဲ့တင် လုံလောက်နေပါပြီ။ ဒါပေမယ့် အခက်အခဲ တစ်ခုခုရှိတာနဲ့ ဒေါ်လေးကို လာပြောပါ “ လင်းချင်းဟယ်က ပြောလိုက်ပြီးနောက် သူမအိတ်ကပ်ထဲမှ လက်တစ်ဆုပ်စာ ဇီးချိုသီးကို ထုတ်ယူလိုက်သည်။ “ ဒါကို မင်းအတွက် ယူခဲ့တာ။ သိမ်းထားလိုက် “