အခန်း(၅၆) - အိမ်စောင့်ထားရန် ခွေးမွေးခြင်း
လင်းချင်းဟယ်သည် အစ်မမိန် သဘောမတူမှာကို စိတ်ပူမနေဘူး။ အရောင်းအဝယ်ကိစ္စက အနည်းငယ် အန္တရာယ်များသော်လည်း လက်ရှိလှုပ်ရှားမှုသည် 1960 အစောပိုင်းလောက်ကဲ့သို့တော့ မပြင်းထန်လှဘူး။
ပြီးတော့ အစ်မမိန်က သက်ကြီးရွယ်အိုနှင့် သူတို့တွေကို ဆင်းရဲတွင်းနက်အောင် စားသောက်နိုင်ကြသော ကြီးထွားဆဲ ကလေးများကို ကျွေးမွေးထောက်ပံ့ပေးနေရသည်။ ဤကာလသည် လူလတ်ပိုင်းအရွယ်တို့၏ အကျပ်အတည်းကာလ ဖြစ်သည်။
အမှန်တကယ်ပင် အထက်မှာ သက်ကြီးရွယ်အိုရှိပြီး အောက်မှာ ကလေးတွေ ရှိနေသည်။ ဉာဏ်မရှိတဲ့သူ မဟုတ်သရွေ့ စမ်းကြည့်ဖို့ ဆန္ဒရှိကြလိမ့်မည်။
လင်မယားနှစ်ယောက်စလုံးက အလုပ်အကိုင် ရှိနေတာကြောင့် သူတို့တွေက ငတုံးတွေ မဟုတ်မှန်း သိသာသည်။ သူမဘက်မှာ ဘာပြဿနာမှ မရှိသရွေ့ အဆင်ပြေသွားလိမ့်မယ်လို့ လင်းချင်းဟယ် မျှော်လင့်မိသည်။
သူမလက်ထဲရှိ နေရာလွတ်တစ်ခုဖြင့် ပစ္စည်းတစ်ချို့ကို ဝယ်ရောင်းခြင်းသည် သူမအတွက် ကစားနေရသလိုပင်။
အခု သူမအတွက် တစ်ခုတည်းသော ပြဿနာမှာ သူမသည် အနာဂါတ်တွင် စောစောထရတော့မည် ဖြစ်သည်။
စောစောထခြင်းကို ကျိုးချင်းပိုင်အား သူမ ဖုံးကွယ်နိုင်ပါ့မလား။ သူမ ဒီကိစ္စကို ဖုံးကွယ်လို့ မရနိုင်ဘူးလို့ လင်းချင်းဟယ် ခံစားရသည်။ သူရဲ့ အကျင့်စရိုက်အရတော့ သူမကို မလုပ်ခိုင်းဖို့ ဖြစ်နိုင်ချေ ပိုများသည်။
လင်းချင်းဟယ် ပြန်လာသောအခါတွင် အခြားရွာမှ ကြက်ဥရောင်းရန် သယ်ဆောင်လာသူတစ်ဦးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် အပြန်လမ်းမှာ ကြက်ဥ နှစ်ကျင်းကို ဝယ်ခဲ့သည်။
လင်းချင်းဟယ်သည် ပြန်ရောက်လာသော်လည်း ဘာစကားလုံးမှ သူမ ခေါင်းထဲ မပေါ်လာပေ။
ကျိုးချင်းပိုင်သည် အနည်းငယ် တွေးရခက်နေသည်။ သူ့ဇနီးက ပြောစရာ တစ်ခုခု ရှိနေပေမယ့် အကြောင်းပြချက် တစ်ခုခုကြောင့် ရပ်တန့်နေပုံ ဘာလို့ပေါ်နေရတာလဲ။
သူက ချက်ချင်း မမေးလိုက်ဘူး။
အခု သုံးနာရီ ထိုးပြီးနေပြီ။ ဒီညတော့ ပဲပေါက်စီ စားရန် သူမ ရည်ရွယ်ထားတာကြောင့် လင်းချင်းဟယ်သည် ချက်ပြုတ်ဖို့ မစီစဉ်တော့ဘူး။
ဒါပေမယ့် ဆောင်းရာသီမှာ ခြောက်သွေ့သော ရာသီဥတုကြောင့် သူမသည် ပင်လယ်ရေမှော်နှင့် နံရိုးစွပ်ပြုတ်ကို ချက်ခဲ့သည်။
နံရိုးတွေ အများကြီး မကျန်တော့ဘူး။ လင်းချင်းဟယ်က အားလုံးကို ထည့်လိုက်သည်။
ညနေခင်းတွင် မိသားစုသည် စားစရာနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်ကြသည်။ စားသောက်ပြီးနောက် သူတို့သည် ထုံးစံအတိုင်း ခြေလက်မျက်နှာ ဆေးကြောပြီး အိပ်ကြသည်။
ဒါပေမယ့် ဒီပဲပေါက်စီကြောင့် ကလေးတွေ ကောင်းကောင်း အစာမကြေမှာ စိုးရိမ်သဖြင့် သူမသည် မအိပ်ခင် သူတို့နဲ့ ခဏလောက် ကစားပေးခဲ့သည်။
“ ဘာကိစ္စ ရှိတာလဲ “ ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်ရင်း ပြောလိုက်သည်။
ဟုတ်ပါတယ် ဒီညလည်း ကလေးတွေကို တစ်ဖက်တည်းသို့ သူက ရွေ့ထားပြန်သည်။ သူသည် စောင်ကို သူမနှင့်အတူ မျှဝေကာ ခြုံပြန်သည်။
“ ဝက်ဆားနယ်ခြောက် လုပ်ဖို့ စိတ်ကူးထားတဲ့အတွက် အစ်မမိန်နဲ့ အသားကို မှာထားတယ်။ အစ်မမိန်က မနက်ဖြန်မနက် ငါးနာရီခွဲမှာ လာခဲ့ဖို့ ပြောတယ် “ လင်းချင်းဟယ်က ထုတ်ပြောသည်။
“ သားသတ်ရုံမှာလား? “ ကျိုးချင်းပိုင်က မေးသည်။
“ အင်း “ လင်းချင်းဟယ်က ခေါင်းညိတ်ပြသည်။
“ မင်း အိပ်နေလိုက်။ မနက်ဖြန် ကိုယ် သွားလိုက်မယ်။ အစ်မမိန်က ကိုယ့်ကို မှတ်မိပါတယ် “ ကျိုးချင်းပိုင်က ဆိုသည်။
“ ငါးနာရီခွဲမှာ ကလေးတွေက အိပ်နေတုန်းပဲ။ ရှင် အိမ်မှာ နေထားလိုက်။ ကျွန်မဘာသာ ကျွန်မ သွားလိုက်မယ် “ လင်းချင်းဟယ်က ခေါင်းခါရင်း ပြောသည်။
ကျိုးချင်းပိုင်သည် စကားမပြောတော့ဘဲ အိပ်ဖို့ သူမကို အချက်ပြရန် သူမကျောကို ဖွဖွပုတ်လိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျိုးချင်းပိုင်သည် တိုးတိတ်စွာ အိပ်ရာမှ ထလိုက်သည်။ ဒါပေမယ့် သူ လှုပ်ရှားလိုက်တာနှင့်တစ်ပြိုင်နက် လင်းချင်းဟယ်က နိုးသွားသည်။
“ အိပ်နေပါ။ ကိုယ် ထလိုက်မယ် “ ကျိုးချင်းပိုင်က ချော့မော့သည်။
“ ရှင်နဲ့အတူ ကျွန်မလည်း သွားမယ်။ ကလေးတွေ မနိုးခင် ကျွန်မတို့ ပြန်လာနိုင်တယ် “ လင်းချင်းဟယ်က ခေါင်းခါရင်း ပြောသည်။
သူမကို မဖျောင်းဖျနိုင်မှန်း သူ သိလိုက်သောအခါ ကျိုးချင်းပိုင်သည် သူမကို မတားဆီးတော့ဘူး။ ဒါကြောင့် သူက သူမကို အနွေးထည် သေသေချာချာ ဝတ်ပေးလိုက်သည်။ လင်းချင်းဟယ်၏မျက်နှာက မှောင်မိုက်သွားသည်။ ဒါပေမယ့် သူမ အပြင်ကို ခြေလှမ်းလိုက်တာနဲ့ လေအေးတွေ တိုက်နေတာ သူမ ခံစားလိုက်ရသည်။ ဒီမိသားစုအတွက် ဒီလောက် ကြီးမားတဲ့ အနစ်နာခံမှုမျိုး ပြုလုပ်နေတာ သူမက အတော် မြင့်မြတ်တာပဲလို့ သူမ တွေးမိလိုက်သည်။
“ အနာဂါတ်မှာ ကျွန်မကို စိတ်ပျက်အောင် လုပ်ရဲလုပ်ကြည့်… သေချာပေါက် ရှင့်ထက် သာအောင် ကျွန်မ နေပြမယ် “ လင်းချင်းဟယ်သည် သူ့နောက်က ထိုင်ကာ ခါးကို ဖက်ထားရင်း စိတ်တိုစွာဖြင့် ပြောသည်။
ကျိုးချင်းပိုင် : “ … မင်း ကိုယ့်ကို စိတ်မပျက်စေရပါဘူး “ မင်းက ကိုယ့်ဇနီးသည်လေ။ ဒီဘဝမှာ ကိုယ်က မင်းရဲ့ သစ္စာအရှိဆုံး လက်တွဲဖော် ဖြစ်ပြီး မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။
ဒါပေမယ့် သူက အချစ်စကားတွေကို ပြောနေတဲ့ လူစားမျိုး မဟုတ်ဘူး။ ထိုစကားတွေက သူ့နှလုံးသားထဲ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်တာ ဖြစ်သည်။
ကျိုးချင်ပိုင်၏ ခြေထောက်က လျင်မြန်သည်။ သူမ ပါနေတာတောင်မှ စက်ဘီးနင်းတဲ့ အရှိန်က မြန်ဆန်ပြီး တည်ငြိမ်သည်။ လင်းချင်းဟယ်နှင့်အတူ သားသတ်ရုံသို့ရောက်ရန် သူ နာရီဝက်သာ အချိန်ယူလိုက်ရသည်။
စထွက်လာတာက ငါးနာရီ ဖြစ်လို့ ချိန်းထားသောနေရာကို ရောက်တော့ ငါးနာရီခွဲနေပြီ။
သူတို့ရောက်သွားတော့ အစ်မမိန်က စောင့်နေပြီဖြစ်သည်။
လင်းချင်းဟယ်သည် စက်ဘီးပေါ်မှ ဆင်းလာပြီး အမြန်ပြောလိုက်သည်။ “ ကျဲ… ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ “
“ မကြာသေးပါဘူး။ အခုလေးတင် ရောက်တာ “ အစ်မမိန်က ပြုံးပြသည်။ သူတို့စုံတွဲ လာနေတာ မြင်လိုက်တာကြောင့် သူတို့နှစ်ယောက်လုံးသည် အခြေအနေကို သတိရှိတယ်လို့ သူမက သေချာပေါက် ယူဆလိုက်သည်။ “ ချန်ကောက ငါးကျင်း ရနိုင်တယ် ပြောတယ်။ ဝက်ဗိုက်သားနဲ့ ပေါင်ရင်းသားတွေပဲ “
“ ကျေးဇူးအများကြီးတင်ပါတယ် ကျဲ “ လင်းချင်းဟယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ ပြီးတော့ ဆက်ပြောသည် “ ကျဲ… အထဲဝင်သွားပြီး ကျွန်မကို ပြရအောင် အသားတွေသွားယူပေးပါ။ ဝက်မြီး၊ ဝက်ခြေထောက်၊ ဝက်နံရိုး စတာတွေ တွေ့ရင် ကျွန်မအတွက် တစ်ချို့ကို ဝယ်ပေးလို့ရလား “
သူမသည် စကားပြောရင်း ခုနစ်ယွမ်ကို ကမ်းပေးလိုက်သည်။
“ ကောင်းပြီ… ခဏစောင့်ဦး “ အစ်မမိန်သည် သူမရဲ့ခြင်းတောင်းကို ယူပြီး အထဲဝင်သွားသည်။ မကြာမီမှာပဲ သူမသည် ယူပြီးထွက်လာသည်။
လင်းချင်းဟယ်သည် ခြင်းထဲ ဖျတ်ခနဲ ကြည့်မနေတော့ဘူး။ သူမက ခြင်းကို လက်ခံလိုက်ပြီး ပြောသည်။ “ ကျဲ… ဒါဆို ကျွန်မတို့ အရင်ပြန်တော့မယ်။ အိမ်မှာ ကလေးတွေက အိပ်နေတုန်းပဲ “
“ မြန်မြန်ပြန်တော့ “ အစ်မမိန်က ခေါင်းညိတ်ပြသည်။
ကျိုးချင်းပိုင်ကလည်း သူမကို စက်ဘီးအနောက်မှာ တင်နင်းပြီး ပြန်လာကြသည်။
“ မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းသားပဲ “ ကျိုးချင်းပိုင်က ထုတ်ပြောသည်။
“ ဟုတ်တယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။ မနေ့က သူမသည် အစ်မမိန်ကို နှစ်ကျင်း တန် ပြည်နယ်ဆိုင်ရာရိက္ခာကူပွန် တစ်ခုကို ပေးခဲ့သည်။
ပြည်နယ်ဆိုင်ရာ ရိက္ခာကူပွန်များ ကဲ့သို့သော အရာသည် အလွန် တန်ဖိုးရှိလှသည်။ ဒါပေမယ့် ထိုအရာများကို သူမမိသားစုအတွက် အများကြီး မသုံးဖြစ်ဘူး။ ကျိုးချင်းပိုင်က အများကြီး ပြန်ယူလာသည်။ ထိုအရာများက ပမာဏအနည်းဆုံး ဖြစ်သည်။ သူမသည် ငါးကျင်းနှင့် ဆယ်ကျင်းတန်များကို တစ်ခုမှ ထုတ်မသုံးရသေးဘူး။
ထိုအရာများကိုတော့ သူမ သိမ်းဆည်းထားမည်။ အလွယ်တကူ ထုတ်သုံးဖို့ မစီစဉ်ထားဘူး။ အကြုံပြုလွှာကို ဖွင့်ပြီး မြို့တော်ဟောင်းကို သွားသင့်သလားဟု သူမ တွေးမိသည်။
မြို့တော်ဟောင်းကို ဘာကြောင့်သွားမှာလဲ။
သဘာဝအတိုင်း သူမရဲ့ဘဏ္ဍာကို ကုန်အောင်သုံးဖို့အတွက် ဖြစ်သည်။
ဒါပေမယ့် အခု ဒီအကြောင်းကို ပြောဖို့ စောလွန်းနေပါသေးသည်။ ကလေးတွေက ငယ်နေသေးတယ်။ သူတို့ကို ခရီးသွားဖို့ ခေါ်သွားရတာ အဆင်မပြေဘူး။ သူတို့ ကြီးလာတဲ့အထိ စောင့်ကြတာပေါ့။
“ ကျွန်မ လုပ်ခဲ့တာတွေက လိမ်နေတယ်လို့ ရှင် ထင်လား “ လင်းချင်းဟယ်က မေးသည်။
ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပြီး ပြောသည်။ “ ဒီမှာ ဥပဒေမဲ့ ဘာမှမရှိပါဘူး။ အဲဒါက ပြန်ရောင်းတာနဲ့ မတူဘူး “
မိသားစုထဲတွင် ကလေးတွေရော လူကြီးတွေရော အဆီပါဝင်သည့်အရာများကို စားသုံးရန် လိုအပ်သည်။ သူတို့တွေက ပိုက်ဆံနဲ့ ဝယ်ခဲ့တယ် ဒါဆို ဘယ်လိုလုပ်ရမ်းကားတယ် ဖြစ်မှာလဲ။
လင်းချင်းဟယ်သည် နောက်နှစ် နွေဦးရာသီတွင် ပြန်ရောင်းရန် စီစဉ်ထားသဖြင့် ထိုစကားကြောင့် သူမသည် နှစ်သိမ့်မှုကို မရရှိခဲ့ပေ။
“ မြန်မြန် ပြန်ကြရအောင်။ အိမ်မှာ ကလေးတွေ နိုးနေပြီလား မသိဘူး “ လင်းချင်းဟယ်က ပြောသည်။
သူက စကားမပြောတော့သော်လည်း ကျိုးချင်းပိုင်သည် သူ့ဇနီးမှာ စိုးရိမ်စရာ တစ်ခုခု ရှိနေသည်ဟု ခံစားမိနေသေးသည်။
သူတို့ အိမ်ပြန်ရောက်ချိန်တွင် ခြောက်နာရီပဲ ရှိသေးသည်။ ဤရာသီသည် ဆောင်းရာသီအတွက် သီးသန့် ဖြစ်သည်။ မိသားစုတိုင်းသည် အစောကြီး မထကြဘူး။ ဒါကြောင့် တစ်ရွာလုံး လုံးဝ တိတ်ဆိတ်နေသည်။
“ ရှင့်အရင်အလုပ်က အနားယူသွားတဲ့ ခွေးတွေ ရှိလား “ ရုတ်တရက်ဆိုသလိုပဲ အိမ်စောင့်ရန် မိသားစုမှာ ခွေးတစ်ကောင် လိုအပ်သည်ဟု လင်းချင်းဟယ် စိတ်ကူးရလိုက်သည်။
“ ကိုယ်တို့ မွေးလို့ရလား “ ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။
သူ နည်းနည်း ပျော်သွားတယ်လို့ လင်းချင်းဟယ် ခံစားမိလိုက်သည်။ သူ ဘာကို ပျော်ရွှင်သွားမှန်း သူမ မသိပေမယ့် ဒါက ခွေးမွေးတာပဲလေ။ ကလေးတွေက ငယ်သေးတာမို့ ခွေးတစ်ကောင် မွေးထားတာက တော်တော်ကောင်းတဲ့ စိတ်ကူးပါပဲ။
“ ဒါပေါ့… ဒါပေမယ့် အဲနေရာက လာတဲ့ခွေးပဲ ဖြစ်ရမယ်၊ သာမာန်ခွေးတွေက ဘာမှ မလုပ်တတ်ဘူး။ သူတို့ကို မွေးဖို့ မရည်ရွယ်ထားဘူး “ လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြောသည်။
“ ရှိတယ်။ ကိုယ် မပြန်လာခင်က ခေါင်းဆောင်က ကိုယ့်ကို မေးတယ်။ ဒါပေမယ့် မင်း မမွေးချင်ဘူး ထင်လို့ ငြင်းခဲ့တာ။ ဒဏ်ရာကြောင့် အနားယူလိုက်ပြီး ခြေထောက်က နည်းနည်း ဆာနေပေမယ့် အိမ်စောင့်ဖို့တော့ စိတ်ချရပါတယ်။ ဒါ့အပြင် ပိုင်ရှင်ကိုလည်း သစ္စာစောင့်သိတယ် “ ကျိုးချင်းပိုင်က အခိုင်အမာ ပြောဆိုသည်။
“ အရင်က အဲခွေးကို ရှင် မွေးထားပုံရတယ် “ လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်သည် သူ့ဇနီးကို စိုက်ကြည့်ရင်း သူ့ဇနီးက ဒီလောက် ဉာဏ်ထက်မြက်မယ်လို့ သူ မမျှော်လင့်ထားဘူး။
ခွေးက အမှန်ပင် သူ၏ အရင်အဖော်ဖြစ်သည်။ ဒါပေမယ့် သူကဲ့သို့ပင် ဒဏ်ရာရပြီး အနားယူခဲ့သည်။ သူလည်း ဒီမှာ ရှိနေသင့်တယ်။
“ မနက်စာ စားပြီးရင် ဖုန်းဆက်မေးဖို့ ကွန်မြူနတီအဖွဲ့ဆီ သွားလိုက် “ လင်းချင်းဟယ်က ညွှန်ကြားသည်။
သူမသည် နယ်မြေထဲမှ ဝက်ဗိုက်သားနှင့် ပေါင်ရင်းသားတစ်ချို့ကို ထုတ်ယူလိုက်သည်။ နံရိုးတစ်ချို့ကိုလည်း ထုတ်လိုက်သည်။ ဒါတွေက အစ်မမိန်ထံမှ ဖြစ်သောကြောင့် အရင်းအမြစ်ကို သိထားပြီးဖြစ်သဖြင့် လွန်လွန်ကဲကဲ မဖြစ်သရွေ့တော့ သူမ စိတ်ပူနေစရာ မလိုဘူး။