အခန်း(၅၇) - ဝက်မွေးမြူရေးနည်းလမ်း
သူမတို့မိသားစုတွေ နေ့တိုင်း အသားနှင့် ကြက်ဥတွေ စားနေပုံရတယ်လို့ မယူဆလိုက်ပါနဲ့။ တကယ်တော့ သူတို့တွေ မစားကြဘူး။
သူမ အသားဝယ်လာတဲ့ အချိန်တိုင်း နည်းနည်းများရုံပါပဲ။ သူမက အနည်းငယ် ပိုထုတ်ယူခဲ့ရင်တောင်မှ ပမဏကိုတော့ ကန့်သတ်ထားသည်။ အိမ်မှာ ကျိုးချင်းပိုင်ကဲ့သို့သော လူရွယ် တစ်ယောက် ရှိနေတယ်။ အစ်မမိန်ထံမှ ဝယ်လာတဲ့ အသားတွေက ဘယ်လိုလုပ် လောက်ငမှာလဲ။
ကြက်ဥတွေအတွက်လည်း အတူတူပါပဲ။ နေ့တိုင်း သူမသည် စားသောက်ရန် တစ်ရက်မှာ ကြက်ဥ ခြောက်လုံးအထိပဲ ထုတ်ယူသည်။
ထိုကဲ့သို့ လုပ်တာတောင်မှ စားသုံးမှုနှုန်းထားကလည်း အလွန်အမင်း လျင်မြန်လှသည်။
ဒါပေမယ့် တစ်နှစ်မှာ အကြိမ်အနည်းငယ်မျှသာ အသား စားနိုင်သော ရွာထဲကလူတွေနဲ့ နှိုင်းယှဉ်ရင်တော့ သူမမိသားစုရဲ့ဘဝက တကယ့်ကို ကောင်းမှကောင်းပါပဲ။
ဝက်ဗိုက်သားနှင့် ပေါင်ရင်းသားတွေ အပြင် ဒီတစ်ခါတော့ သူမသည် ပဲပုပ်နဲ့ရောချက်ရန် ဝက်မြီးကို ဝယ်လာခဲ့သည်။
နံရိုးသုံးပိုင်းလည်း ရှိသေးသည်။ သူမက အရိုးကြီးတွေ ကြိုက်နှစ်သက်တာ သိသောကြောင့် သူမကို နှစ်ရိုးပေးခဲ့သည်။
အားလုံးပေါင်းကို ခုနစ်ယွမ် သုံးခဲ့ရလို့ အရမ်းကြီးတော့ ဈေးမကြီးပါဘူး။
လင်းချင်းဟယ်သည် ဝက်ဆားနယ်ခြောက် လုပ်ခြင်းမှာလည်း အလွန်ကျွမ်းကျင်သည်။ ဝက်သားကို ဆား၊ သကြား နှင့် လိုအပ်သောအမွှေးအကြိုင်များ ရောစပ်ထားသည့် အရည်တွင် အစိမ်းနှပ်ထားသည်မှာ လေးရက်ကြာခဲ့ပြီး ဖြစ်ပြီး အနံ့အရသာက အသားထဲစိမ့်ဝင်သွားပြီ။ ထို့နောက် သူမသည် ခြံနောက်ဖေးတွင် ချိတ်ဆွဲလိုက်သည်။
လောင်တက မေးသည်။ “ အမေ… အမေလုပ်ထားတဲ့ ဒီဝက်ဆားနယ်ခြောက်က အရသာရှိလား “
“ မင်းအမေလုပ်တဲ့အရာက အရသာမရှိဘူးဆိုတာ ရှိလို့လား “ လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။
လောင်တက သွားပေါ်အောင် ပြုံးရယ်ရင်း “ အမေလုပ်တဲ့ အရာအားလုံးက အရသာရှိတယ် “
အနည်းဆုံးတော့ ရွာထဲက ဘယ်သူထံမှာမှ သူ့မိသားစုထက် ပိုအရသာရှိတဲ့စားစရာများ မရှိကြဘူး။
လောင်အာ့က ဒီဝက်ဆားနယ်ခြောက်ကို စတင်စွဲလမ်းလာပြီး “ အမေ… ဒါကို သားတို့ ဘယ်အချိန်မှ စားလို့ရမှာလဲ “
သူတို့တွေသည် အားလုံးကို မျက်မြင်တွေ့ထားကြသည်။ ဝက်ဆားနယ်ခြောက်ခေါ်သော ဒီအသားကို ပြုလုပ်ရန်အလို့ငှာ သူတို့အမေက သကြားအပါအဝင် ပါဝင်ပစ္စည်းအများကြီးကို ထည့်ခဲ့သည်။
“ ဆယ်ရက်လောက် ကြာဦးမယ် ဒါကြောင့် စောင့်ဦး “ လင်းချင်းဟယ်က ဖြေသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ လေနှင့် နှင်းတွေက နည်းနည်းနောနောမဟုတ်ဘူး။ လင်းချင်းဟယ်က ပြန်ဖြေရင်း သူမခြေထောက်ကို ဖက်ထားသည့် လောင်စန်းကို ကောက်ယူပွေ့ချီလိုက်သည်။ လောင်စန်းက ရွတ်ဆိုသည် “ အသားစား “
“ နေ့တိုင်း အသားစားနေတာ။ မင်း ဘယ်လောက်တောင် ဝလာလဲ ကြည့်ပါဦး ကလေးလေးရဲ့ “ လင်းချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။
ဝက်မြီးကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ချက်ပြုတ်ပြီးပြီ။ ဒီနှစ်ရက်အတွင်းမှာတော့ နံရိုးနှင့် အရိုးကြီးတွေ ဖြစ်သည်။
အနည်းဆုံးတော့ နေ့တိုင်း အဆီပါဝင်သည့် အသားဟင်းတစ်ခွက်ကတော့ ပါသည်။
ဒါကိုပြောရရင် အိပ်ထောင်မပြုဖူးသော လင်းချင်းဟယ်သည် အမှန်တကယ်ပင် ကလေးတွေကို ပြုစုပျိုးထောင်ရာတွင် တော်သည်။ ကျိုးမိသားစု၏ ညီအစ်ကိုသုံးယောက်ကို ကြည့်…။ သူတို့တွေ အပြင်ထွက်သွားတဲ့အခါ ဘယ်သူက ဒုတိယအကြိမ် ပြန်မကြည့်ဘဲ နေနိုင်လဲ။ သူမက သူတို့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ပြီး ဘယ်သူမှ အပြစ်မရှာနိုင်ပေ။
ကျိုးချင်းပိုင်လည်း အတူတူပါပဲ။ အိမ်ပြန်ရောက်လာပြီးနောက် သူ အနည်းငယ် ပိုဝလာပုံရတယ်လို့ လင်းချင်းဟယ် ခံစားမိတယ် ဟုတ်တယ်မလား။
နေ့တိုင်း သူ အပြင်ထွက် အပြေးလေ့ကျင့်နေတာတောင်မှ သူ့ကို တကယ် ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်လို့ လင်းချင်းဟယ် ခံစားမိနေတုန်းပဲ။ သေချာတာပေါ့… ညမှာ သူသာ သူမနဲ့ ကလူကျီဆယ်မလုပ်ဘူးဆိုရင် သူမမှာ ညည်းညူစရာ ရှိနေမှာ မဟုတ်ဘူး။
တမြန့်နေ့ကတည်းက သူမသည် ပါးနပ်စွာဖြင့် လောင်စန်းကို ဖက်ပြီး အိပ်ခဲ့သည်။ ယင်းကြောင့် ကျိုးချင်းပိုင်သည် အခွင့်အရေးကို ရှာမတွေ့နိုင် ဖြစ်နေသည်။
ဒါက ကျိုးချင်းပိုင်ကို ခွန်အားမရှိသလို ခံစားရစေသည်။
“ အမေ… သား အဘွားရဲ့နေရာဆီ သွားတယ်။ ရက်ပိုင်းအတွင်းမှာ ‘ Laba ‘ ပွဲတော် ရောက်တော့မယ်လို့ အဘွား ပြောတယ်။ Laba ယာဂု သောက်ဖို့ အချိန်ရောက်ပြီ “ ကျိုးလောင်တက အသိပေးသည်။
“ ငါ သိပါတယ်။ အားလုံး ပြင်ဆင်ပြီးသွားပြီ။ အိမ်မှာ စားစရာမျိုးစုံ ရှိတယ်။ ဒါဆို မင်းတို့အတွက် အရသာရှိတဲ့ Laba ယာဂု လုပ်ပေးမယ် “ လင်းချင်းဟယ်က ပြောသည်။
သူမသည် လောင်စန်းကို အခန်းထဲသို့ ပြန်ခေါ်သွားသည်။ အခုတော့ နွေးထွေးသွားသည်။ အနွေးကုတင်က ပိုပြီး သက်သောင့်သက်သာရှိသည်။
“ အနွေးကုတင်ပေါ် တက်တော့။ စာရေးပြီး လေ့လာဖို့ အချိန်တန်ပြီ “ လင်းချင်းဟယ်က အမိန့်ပေးသည်။
အခု အပြင်မှာ နှင်းတွေ ကျနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က နေ့တိုင်း နှင်းတွေကျနေခဲ့သည်။ ဒါက လူတွေအား တကယ့်ကို ခိုက်ခိုက်တုန်စေသည်။
ကျိုးလောင်တသည် စာလေ့လာရန် မြန်မြန်ဆန်ဆန် အနွေးကုတင်ပေါ် သွားလိုက်သည်။ ကျိုးလောင်အာ့ကလည်း အနောက်မှလိုက်သွားကာ စာရေးရန်နှင့် ပုံဆွဲရန်အတွက် ဘောပင်နှင့် စာရွက်ကို ဆွဲယူလိုက်သည်။ လောင်စန်းကတော့ သူ့အစ်ကိုကြီးကို ကလိသည် ပြီးတော့ သူ့ဒုတိယအစ်ကိုဆီ ပြောင်းသွားပြန်သည်။ ထိုကဲ့သို့လုပ်ခြင်းဖြင့် သူသည် အတော် ပျော်ရွှင်နေသည်။
လင်းချင်းဟယ်သည် သိုးမွှေးဘောင်းဘီကို ဆက်ထိုးနေသည်။ ဒီသိုးမွှေးဘောင်းဘီက လောင်စန်းအတွက် ထိုးနေခြင်းဖြစ်သည်။ အကြီးနှစ်ယောက်မှာ သူတို့အတွက် ဘောင်းဘီရှိနေပြီဖြစ်ပြီး အအေးဒဏ်ကို မကြောက်တော့ပေ။
သူမသည် လောင်စန်းအတွက် ထိုးပြီးတာနဲ့ သူမအတွက်တစ်ထည် ထိုးရမယ်။ ဒါက သေချာပေါက် မလှပသော်လည်း အဓိကအချက်ကတော့ နွေးနွေးထွေးထွေး ဖြစ်ဖို့ပါပဲ။
ဒီလိုရာသီဥတုက သူမကို နေ့တိုင်း အပြင်မထွက်ဘဲ အိပ်ရာပေါ်မှာပဲ နေချင်အောင် လုပ်နေတာတော့ အမှန်ပဲ။ သားအဖေတွေအတွက် ချက်ပြုတ်ပေးရန် သူမ ဘယ်လို သတ္တိမျိုးကို လှုံဆော်ရမယ်ဆိုတာ စိတ်ကူးကြည့်လို့ မရဘူး။
“ အဖေ ဘာလုပ်နေလဲ “ သူ့အမေ ပေးထားသော အိမ်စာတွေ ပြီးသွားသောအခါ စစ်ပေးရန် သူ့အမေဆီ ယူလာရင်း ကျိုးလောင်တက မေးသည်။
လင်းချင်းဟယ်က တစ်ကြိမ် စစ်ဆေးပြီး အမှားနှစ်ခုကို ထောက်ပြသည်။ “ မင်းအဖေ ဘာလုပ်နေလဲ ငါမသိဘူး “ ဟု ပြန်မဖြေခင် ငါးကြိမ်တိုင်တိုင် ပြန်ရေးခိုင်းခဲ့သည်။
အမှန်တကယ်တော့ ကျိုးချင်းပိုင်သည် ပဲပုပ်အနည်အနှစ်များရယူရန် ရပ်ရွာ၏တို့ဟူးအလုပ်ရုံသို့ သွားသည်ကို သူမ သိသည်။
ထိုအရာကို ဝက်အား ကျွေးမွေးရန်အတွက် သယ်ပြန်လာမည်။ ၎င်းတို့ကို အချိန်အတော်ကြာ အစာကျွေးပြီးနောက် ဝက်ကလေးနှစ်ကောင်သည် အလွန်ကောင်းမွန်စွာ ကြီးပြင်းလာပြီး အတော်လည်း ထွားကြိုင်းလာမည်။
လင်းချင်းဟယ်မှာလည်း အတွေ့အကြုံ ရှိခဲ့သည်။ အရင်က သူမအဘွားနှင့်အတူ သူမ နေထိုင်တုန်းက ဒါကို သုံးပြီး ဝက်မွေးတယ်လို့ အိမ်နီးချင်းတွေ ပြောတာ ကြားခဲ့တယ်။ ဟုတ်ပါတယ် ပြောင်းဖူးမှုန့်နှင့် ဖွဲနုများကိုလည်း ရောထည့်ပြီး ချက်ရသည်။ ဝက်က ထိုအရာကို စားရတာ အရမ်းကြိုက်သည်။
ထိုကြောင့် သူမသည် ကျိုးချင်းပိုင်ကို စမ်းသုံးကြည့်ရန် တစ်ချို့ကို သွားယူဖို့ တောင်းဆိုခဲ့သည်။
ယခုအချိန်တွင် ထိုသို့သော အစားကျွေးသည့်နည်းလမ်းဟူ၍ မရှိသေးဘူး။ တို့ဟူးအလုပ်ရုံမှ ပဲပုပ်အနည်အနှစ်များကို မြေသြဇာအနေဖြင့်သာ အသုံးပြုကြသည်။ ကြက်ဥနဲ့ လဲလှယ်ပြီး ကျိုးချင်းပိုင်က သယ်ပြန်လာဖို့ လုံလောက်သည်။
သူသည် ပဲပုပ်အနည်အနှစ် နှစ်အိတ်ကို သယ်ပြန်လာသည်။
“ အဲကြက်ဥတွေကို ဒီလောက်များတဲ့ ပဲပုပ်အနည်အနှစ်နဲ့ လဲလှယ်လို့ရတာလား “ လင်းချင်းဟယ်က အနည်းငယ် အံ့သြသွားသည်။ ဒါတွေကို ဆယ်ရက်မှ လဝက်လောက်ထိ ကျွေးနိုင်သည်။
သူတို့တွေက ဝက်ပေါက်စလေးတွေ ဖြစ်နေသေးသောကြောင့် တဝတပြဲစားရန် အချိန်တန်သေးသည်။
“ သူတို့က နောက်တစ်ခါလည်း လဲလှယ်ဖို့ ပြောတယ် “ ကျိုးချင်းပိုင်က ထိုကဲ့သို့ ရှင်းပြသည်။
ဆိုလိုတာက တစ်ဖက်လူသည် လဲလှယ်ပေးရန် ဝမ်းသာနေသည်။ ဒါပေမယ့် ပဲပုပ်အနည်အနှစ်က ဝက်တွေကို ကောင်းကောင်း ကျွေးနိုင်မလားဆိုတာ သူ မသိဘူး။ သူ့ဇနီးက အဲဒါကို စာအုပ်ထဲမှာ ဖတ်ဖူးတယ်လို့ ပြောတယ်။ ကျိုးချင်းပိုင်က သူမကို အခု ယုံကြည်တဲ့အတွက် စမ်းသုံးကြည့်ရန် နည်းနည်းသွားဝယ်ခဲ့သည်။
ဒါက ကြိုးစားကြည့်ရုံပါပဲ။ ပြဿနာ ကြီးကြီးမားမား ရှိနိုင်မည်မဟုတ်ပါ။ အဆင်မပြေရင် ပုံမှန်အတိုင်း သူ ပြန်လုပ်နိုင်သည်။
“ ဒါဆို နောက်တစ်ခါ လဲလှယ်လိုက်ပါ “ လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။ “ ဒီနည်းလမ်းကို ဘယ်သူ့ကိုမှ မသိပါစေနဲ့၊ မဟုတ်ရင် ကျွန်မတို့ဝက်အတွက် အစာရဖို့ လွယ်တော့မှာ မဟုတ်ဘူး “
“ ကောင်းပြီ “ ကျိုးချင်းပိုင်သည် ခိုကိုးရာမဲ့ ဖြစ်နေပြီး ဝက်ကလေးတွေ စားရတာ ကြိုက်မကြိုက် သူ မသိသေးဘူး။
လင်းချင်းဟယ်က သူ့ကို စိတ်ထဲမထားတော့ဘူး။ ဒီတစ်ခါလည်း သူက တို့ဟူး နှစ်ကျင်းကို ဝယ်ပြန်လာသည်။ ဒီည သူတို့တွေ ပြောင်းဖူးမန်ထိုနှင့် အရိုးတို့ဟူးစွပ်ပြုတ်ကို စားကြမည်။
ကျိုးချင်းပိုင်သည် ပဲပုပ်အနည်အနှစ်၊ ဖွဲနုနှင့် ပြောင်းများကို အစာအဖြစ် စတင် စမ်းသပ်ခဲ့သည်။
လင်းချင်းဟယ်သည် သူ့ကို အချိုးအဆနှင့် အချဉ်ဖောက်တဲ့နည်းကို ပေးထားပြီး ကျန်တာတော့ သူမ ဂရုမစိုက်တော့ဘူး။ သူမရဲ့နည်းလမ်းက ကောင်းတယ်၊ ဝက်က ကျင်း နှစ်ရာလောက်ထိ ထွားကြိုင်းနိုင်သည်။
တစ်နှစ်မှာ ရွာက ဝက်တွေကို ဘယ်နှစ်ကျင်းလောက် မွေးမြူနိုင်မလဲ။
ကျင်း တစ်ရာ့နှစ်ဆယ် သို့မဟုတ် တစ်ရာ့သုံးဆယ်အထိ ရောက်နိုင်ရင် အလွန်ကောင်းသော ထွားကြိုင်းသည့်ဝက်အဖြစ် မှတ်ယူနိုင်ပြီ။ ပြီးတော့ တစ်နှစ်ပတ်လုံး ကြိုးစားအားထုတ်ခဲ့ရသည်။
သူမမိသားစုက ဝက်တွေကို သူမနည်းလမ်းအတိုင်း ကြီးပြင်းလာစေမယ်ဆိုရင် သူတို့က တစ်နှစ်အတွင်းမှာ ကျင်းနှစ်ရာအထိ သေချာပေါက် ကြီးထွားလာနိုင်သည်။ အရေးအကြီးဆုံးကတော့ ဝက်ကလေးတွေ ကောင်းကောင်းစားရင် ဖျားနာလွယ်မှာ မဟုတ်တော့ဘူး။
ရွာထဲက တခြားသူတွေရဲ့အိမ်မှာလည်း ဝက်တွေ ရှိကြသည်။ မကြာသေးမီက လူတစ်ချို့တွင် ဝက်ကလေးတွေ လုံးဝမရှိဘူး။
သူမမိသားစုရဲ့ ဝက်ကလေးနှစ်ကောင်သည် တကယ့်ကို ချောမွေ့တောက်ပြောင်တဲ့အထိ ကြီးပြင်းလာမည်။
အခါအားလျော်စွာ လင်းချင်းဟယ်သည် အခြေအနေများကို ကြည့်ရှုရန် သူမ၏ယခင်ဘဝက မှတ်ဉာဏ်များကို အသုံးပြုခဲ့သည်၊ ထို့ကြောင့် ဒါက ပုံမှန်ပဲလို့ သူမ ခံစားခဲ့ရသည်။ သို့သော် ဒေသခံဖြစ်သော ကျိုးချင်းပိုင်သည် ယခုအချိန်တွင် ပြောင်းဖြင့် ဝက်များကို မွေးမြူခြင်းသည် ဖြုန်းတီးမှုဖြစ်သည်ဟုပင် မထင်ခဲ့ပေ။
ဒါက အနည်းငယ်မျှသာ ဖြစ်သော်လည်း ဂျုံပြောင်းကလည်း ကောင်းသော ကောက်ပဲသီးနှံဖြစ်သည်။
လယ်သမားများသည် အိုးကို ရေဖြင့် ပွတ်တိုက်ဆေးကြောပြီး ဝက်များကို မွေးမြူကြသည်။ သားသတ်ရုံသို့ ပို့ခါနီးမှသာ အသားတိုးရန် မျှော်လင့်ချက်ဖြင့် ပြောင်းဆန်အစာအနည်းငယ်ကို ပေးမည်ဖြစ်သည်။ တစ်ခြားအချိန်တွေမှာတော့ ဝက်တွေက ဒီလိုကောင်းတဲ့ ပြုမူမျိုးတွေကို ဘယ်လိုရနိုင်မှာလဲ။
သို့သော် ကျိုးချင်းပိုင်၏ အရင်နေရာ၌ သူတို့ကိုယ်တိုင် စားသုံးရန်အတွက် မီးဖိုချောင်နောက်တွင် ဝက်များကို မွေးမြူထားကြသည်။ သူတို့တွေက ၎င်းတို့ကို ဒီလိုမျိုး ကျွေးကြသောကြောင့် ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို ဖြုန်းတီးနေတယ်လို့ လုံးဝမခံစားရပါဘူး။ အဲဒီအစား စာအုပ်ထဲက သူမရဲ့နည်းလမ်းကို စမ်းသပ်နိုင်မယ်လို့ သူ ထင်ခဲ့သည်။