CH 6
Viewers 19


ခေတ်ကာလတွေ ပြောင်းလဲလာပြီဖြစ်လို့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ပြန်ပေးဆွဲတာ၊ လူကုန်ကူးတာတွေဟာ ပြစ်မှုမြောက်တယ်ဆိုတာ အဖွားအိုကော့တစ်ယောက် အသက်ကြီးပေမဲ့ လူပြိန်းတော့မဟုတ်၊ ကောင်းကောင်းသိသည်။


 သို့သော် လင်းချန်ရှန်းက သူ့သမီးကို လုံးဝမရောင်းနိုင်ဘူးဟု ငြင်းဆန်နေတာကြောင့် အဖွားအိုလင်းတစ်ယောက် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ဖို့သာ သူ ဆုံးဖြတ်လိုက်တော့သည်။


အဖွားအိုလင်းမှာမူ လင်းချန်ရှန်းကို ကြောက်လန့်နေသဖြင့် ဆက်ပြီးနားချဖို့ မဝံ့ရဲတော့ပေ။ လင်းချန်ရှန်းတစ်ယောက် သူ့သမီးကို ဓားစာခံလုပ်ပြီး ရှောင်းမန်ကို ပြန်လာအောင် ဆွဲဆောင်ဖို့ မျှော်လင့်နေတုန်းလားဟုပင် သူမ တွေးမိသည်။ သို့သော် ရှောင်းမန်ဆိုသည်မှာ ကလေးမျက်နှာကိုငဲ့ပြီး အိမ်မှာမြဲမည့် မိန်းမစားမျိုးမဟုတ်၊ မိမိကိုယ်ကိုယ်သာ အဓိကထားသည့် အတ္တသမား ဖြစ်သည်။


အဖွားအိုလင်း၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်ရုံမျှဖြင့် အဖွားအိုကော့ အခြေအနေကို အကဲခတ်မိသွားသည်။ အဖွားအိုလင်းသည် လင်းချန်ရှန်းကို ကြောက်နေသဖြင့် သူ၏သမီးကို မရောင်းရဲတော့ခြင်း ဖြစ်သည်။


"သူ့သမီးမှ မရဘူးဆိုရင်လည်း ညည်းရဲ့ တခြားမြေးမတွေကော မရှိဘူးလား" ဟု အဖွားအိုကော့က မေးလိုက်သည်။ "ဒါပေမဲ့ ညည်းရဲ့ တခြားမြေးမတွေက ရုပ်ရည်ကလည်း သိပ်မလှတော့ ဒီလောက်အဖိုးတန်တဲ့ ငွေနဲ့တော့ မတန်ဘူးပေါ့အေ။"


"ဒါကတော့..." အဖွားအိုလင်းသည် တခြားမြေးမတွေကို ရောင်းဖို့ စိတ်ကူးထဲ တစ်ခါမှမရှိခဲ့ဘဲ လင်းချင်းချင်းကိုသာ ရောင်းရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ လင်းချင်းချင်းသည် သူမ၏ အရိုးအဆွေး၊ သွေးသားအရင်းအခြာ မဟုတ်သဖြင့် ရောင်းပစ်ရန် သူမအတွက် ဘာမှနှမြောစရာ မရှိခဲ့ပေ။


"ညည်းတို့ဘက်က ငြင်းမယ်ဆိုရင်လည်း ငါ့ပိုက်ဆံ ပြန်ပေး" ဟု အဖွားအိုကော့က တောင်းဆိုလာသည်။


"ရပါတယ်အေ... ဘာလို့ ငြင်းရမှာလဲ" အဖွားအိုလင်းသည် လက်ထဲရောက်နေသည့် ငွေအစိတ် အပိုင်း (၂၀ ယွမ်) ကို ပြန်မပေးချင်တော့ပေ။ အိမ်မှာလည်း မြေးမတွေ အများကြီးရှိနေတာကြောင့် အလကားကျွေးထားရလျှင် ဖြုန်းတီးရာ ရောက်သည်ဟုသာ တွေးလိုက်သည်။ "ဒါပေမဲ့ အစောကပြောထားတဲ့ ဈေးအတိုင်းပဲ ဖြစ်ရမယ်နော်။"


အဖွားအိုကော့မှာမူ ပိုက်ဆံကို စောစောစီးစီး အလွယ်တကူ အကုန်ပေးလိုက်မိခြင်းအတွက် နောင်တရသွားသည်။ စရန်ငွေအချို့ကို အရင်ပေးပြီး ကျန်တာကို နောက်မှပေးခဲ့သင့်သည်။


 ယခုမူ ပိုက်ဆံက အဖွားအိုလင်းလက်ထဲ ရောက်သွားပြီဖြစ်ရာ ပြန်ရဖို့ လမ်းမမြင်တော့ပေ။


"ခင်ဗျားတို့ ကလေးခိုးချင်ရင် တခြားနေရာသွားခိုး" ဟု လင်းချန်ရှန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။


လင်းချန်ရှန်းသည် သူတို့၏ ယုတ်ညံ့သော အပြုအမူကို ဆက်၍မကြည့်ရက်သလို၊ သူ့သမီးလေး ဆက်ပြီး ထိတ်လန့်နေမည်ကိုလည်း စိုးရိမ်နေမိသည်။ ဒီလူတွေသည် ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သူများဖြစ်သည်။ ထို့ကြောင့် သူသည် သမီးဖြစ်သူကို ပွေ့ချီကာ အိမ်ထဲသို့ ဝင်သွားခဲ့တော့သည်။


ရဲတိုင်ဖို့ကိစ္စကိုမူ... လင်းချန်ရှန်းကိုယ်တိုင်ကလည်း သူကိုယ်သူ လူကောင်းတစ်ယောက်ဟု မသတ်မှတ်ထားပေ။ အဖွားအိုလင်း ရောင်းစားမည့်ကလေးမှာ သူမ၏ မြေးအရင်း ခေါက်ခေါက် ဖြစ်နေသဖြင့် သူ ဘာကြောင့် ဝင်ပါရမည်နည်း။


 လင်းမိသားစုဝင် တခြားလူတွေမှာကော ပါးစပ်တွေ၊ ခြေထောက်တွေ မပါကြဘူးလား။ အဖွားအိုလင်း ကလေးရောင်းမည့်ကိစ္စကို သူတို့ တားကြလိမ့်မည် မဟုတ်ပါလား။


တကယ်လို့သာ တခြားသူစိမ်းမိသားစုဆိုလျှင် လင်းချန်ရှန်းတစ်ယောက် သူရဲကောင်းလုပ်ပြီး ကလေးရဲ့အကျိုးအတွက် ဝင်ရောက်ကူညီမိကောင်း ကူညီမိလိမ့်မည်။ သို့သော် အဖွားအိုလင်း၏ မြေးမအရင်းဖြစ်နေသဖြင့် သူ ဝင်မပတ်သက်ချင်တော့ပေ။ သူတို့အချင်းချင်း သတ်ကြပုတ်ကြသည်ကိုသာ ထိုင်ကြည့်ချင်စိတ် ပေါက်နေမိသည်။


လင်းချန်ရှန်းက လင်းချင်းချင်းကို ပွေ့ချီကာ အိမ်ထဲဝင်သွားသည်ကို မြင်တော့ အဖွားအိုလင်း ဒေါသပုန်ထသွားသည်။ မျိုးရိုးမဆက်ခံနိုင်မည့် မိန်းကလေးတစ်ယောက်ကို သူက ဘာကြောင့် ဒီလောက်အရေးတယူ လုပ်နေရသနည်း။


"ဒီနေ့တော့ ငါ လူတစ်ယောက် မရရအောင် ခေါ်သွားရမယ်" ဟု အဖွားအိုကော့က အဖွားအိုလင်း၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်သည်။ ပိုက်ဆံက ပေးပြီးသားဖြစ်လို့ ဒီနေ့သာ လူခေါ်မသွားရလျှင် မနက်ဖြန်ကျမှဆိုလျှင် ပို၍ အခက်တွေ့လိမ့်မည်။ 


ထို့ပြင် လင်းချန်ရှန်း၏ ခက်ထန်သော အမူအရာကို မြင်ပြီးနောက်တွင် အဖွားအိုကော့လည်း လင်းချင်းချင်းအပေါ် စိတ်မဝင်စားတော့ပေ။


 အထူးသဖြင့် စောစောက လင်းချင်းချင်း၏ အကိုက်ခံရမှုကို သတိရကာ၊ ထိုကလေးမလေးသည်လည်း ကြီးလာလျှင် လင်းချန်ရှန်းကဲ့သို့ ပြဿနာရှာမည့်သူ ဖြစ်လာမည်ကို စိုးရိမ်မိသွားသည်။


အဖွားအိုကော့သည် လင်းချင်းချင်းကို ခေါ်ဆောင်မည့် အကြံကို လက်လွှတ်လိုက်ပြီး နောက်ထပ် ရွေးချယ်စရာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။


"လဲမယ်... လဲပေးမယ်" ဟု အဖွားအိုလင်းက သဘောတူလိုက်သည်။


အဖွားအိုလင်းသည် အဖွားအိုကော့ကို သူမ၏အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူမတွင် သားသုံးယောက်ရှိပြီး လင်းချန်ရှန်းမှာ သားအလတ် (ကလေးဘဝကတည်းက မှားယွင်းလဲလှယ်ခံခဲ့ရသူ) ဖြစ်သည်။ အဖွားအိုလင်းသည် သားအငယ်ဆုံးကို အမြဲတမ်း မျက်နှာသာပေး အလိုလိုက်ခဲ့ပြီး၊ သူ့ကို အိမ်ကနေ မောင်းထုတ်ဖို့ သို့မဟုတ် နစ်နာစေဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။


လင်းချန်ဟိုင်းမှာမူ အခေါ်ခံရသဖြင့် ရောက်လာပြီး၊ ထုံးစံအတိုင်း လူကြီးစကားကို နားထောင်ကာ ခိုင်းသမျှ လုပ်တတ်သူ ဖြစ်သည်။ အဖွားအိုလင်း ပြောနေသည့် ရောင်းစားမည့် မြေးမဆိုသည်မှာ မိမိ၏ သမီးအရင်းဖြစ်ကြောင်း သိလိုက်ရသော်လည်း၊ သူသည် လင်းမိသားစုအိမ်သို့ လျှောက်လှမ်းလာစဉ်တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သည်။


လင်းချန်ဟိုင်း၏ ရင်ထဲတွင် အကြီးအကျယ် ဝေခွဲမရ ဖြစ်နေသည်။ သမီးကို မရောင်းချင်သော်လည်း မိခင်ဖြစ်သူက ငွေကို လက်ခံပြီးသား ဖြစ်နေသည်။ အကယ်၍ ယခုမှ သူက ငြင်းဆန်လိုက်လျှင် မိခင်ဖြစ်သူ စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။


 ထို့ကြောင့် သူက ဒီပြဿနာအားလုံးအတွက် လင်းချန်ရှန်းကိုသာ မကျေမချမ်း အပြစ်ပုံချလိုက်တော့သည်။ လင်းချန်ရှန်း၏ မိန်းမကလည်း အိမ်ကဆင်းသွားပြီဖြစ်ရာ၊ လင်းချန်ရှန်းက လင်းချင်းချင်းကို ဘာကြောင့် ဆက်ပြီး ဆွဲထားနေရသနည်း။


တကယ်လို့ လူတစ်ယောက်ကို ရောင်းရမယ်ဆိုရင် လင်းချင်းချင်းကိုသာ ရောင်းသင့်တာ ဖြစ်သည်။ ထို့ပြင် လင်းချန်ရှန်းသာ တခြားမြေးမတွေအကြောင်း ထုတ်မပြောခဲ့လျှင် မိခင်ဖြစ်သူက သူ့သမီးကို ရောင်းဖို့ စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။


"ခြေလှမ်းတွေက ဘာလို့ ဒီလောက် တရွတ်တိုက် ဆွဲနေရတာလဲ" သားဖြစ်သူ လင်းချန်ဟိုင်းတစ်ယောက် ယောက်ျားကြီးတန်မဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်ကို မြင်တော့ အဖွားအိုလင်းက မကျေမနပ် ဆူပူလိုက်သည်။ "ကော့မိသားစုက အုတ်အိမ်နဲ့ နေတာအေ့၊ ငါတို့လို ရုန်းကန်နေရတဲ့ ရွှံ့အုတ်အိမ် မဟုတ်ဘူး။ သူတို့က ချမ်းသာတယ်။ နင့်သမီး အဲဒီရောက်ရင် ကောင်းကောင်းမွန်မွန် နေထိုင်ရမှာ။"


"စိတ်မပူပါနဲ့။ တို့အုတ်အိမ်က ညည်းတို့အိမ်ထက် အများကြီး ပိုလင်းတာပေါ့။ ပြတင်းပေါက်တွေက ဖန်သားပြင်ကြီးတွေနဲ့ ဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ လင်းထိန်နေတာပဲ။ နင့်သမီး တို့ဆီရောက်ရင် ဝဝလင်လင် စားရမှာ သေချာပါတယ်" ဟု အဖွားအိုကော့က လေသံကောင်း ပေးလိုက်သည်။


သို့သော် အဖွားအိုကော့ ပြောသမျှသည် နှုတ်ကပတ် စကားသက်သက်သာ ဖြစ်သည်။ လင်းချင်းချင်း (သို့မဟုတ် တခြားကလေး) ကို သူမ၏အိမ်သို့ ရောက်သွားသည့်အခါ အမှန်တကယ် ဘယ်လိုနှိပ်စက် ထားမည်ဆိုတာကတော့ တစ်ကဏ္ဍ ဖြစ်သည်။ ကလေးက သူမလက်ထဲ ရောက်သွားပြီဆိုလျှင် စည်းကမ်းတွေက ပြောင်းလဲသွားပေလိမ့်မည်။


"ကြားတယ်မလား" ဟု အဖွားအိုလင်းက ဝင်ပြောသည်။ 

"အမေက မင်း သမီးကို ဒုက္ခမရောက်စေပါဘူး။"


"..." လင်းချန်ဟိုင်းသည် ထိုစကားများနောက်ကွယ်တွင် မရိုးသားမှုများ ရှိနေသည်ကို သိသော်လည်း ဘာပြန်ပြောရမှန်းမသိဘဲ နှုတ်ဆိတ်နေမိသည်။


အိမ်ထဲသို့ ရောက်သောအခါ လင်းချန်ရှန်းသည် လင်းချင်းချင်း၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံလေးကို ကြည့်ပြီး ရင်ထဲမကောင်း ဖြစ်သွားရသည်။


 သူ ဝယ်လာသည့် ကုန်စုံပစ္စည်းများကို သေတ္တာထဲ သော့ခတ်သိမ်းဆည်းလိုက်ပြီး၊ ကလေးမလေး ချော်လဲထားသည့် ဒဏ်ရာကြောင့် ဦးခေါင်းကို ထိခိုက်မိထားမည်ကို စိုးရိမ်သဖြင့် မြို့ပေါ်ရှိ ဆေးခန်းသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။


လင်းချင်းချင်းသည် မူလကတည်းက ခန္ဓာကိုယ် ညှိုးရော်ချို့တဲ့လွန်းသဖြင့် ဦးခေါင်းဒဏ်ရာကြောင့် မူးဝေပြီး စက်ဘီးပေါ်က ပြုတ်ကျမည်ကို လင်းချန်ရှန်းက စိုးရိမ်နေမိသည်။ ထို့ကြောင့် သူသည် အဝတ်စနှင့် ကြိုးကိုသုံးကာ သမီးလေးကို သူ့ကျောပြင်တွင် မြဲမြံစွာ ချည်နှောင်လိုက်တော့သည်။


လင်းချင်းချင်းလေးမှာမူ ဘာမှမပြောဘဲ ဖခင်ဖြစ်သူ ချည်နှောင်သမျှကို ငြိမ်ခံနေရှာသည်။ လင်းချန်ရှန်းက နာသလားဟု မေးသည့်အခါ ခေါင်းလေးကိုသာ ခါယမ်းပြသည်။ သို့သော်လည်း လင်းချန်ရှန်းမှာ စိတ်မချနိုင်သဖြင့် ဆရာဝန်နှင့် ပြသရန်သာ စိတ်ပိုင်းဖြတ်လိုက်သည်။


လင်းချန်ရှန်းတစ်ယောက် သမီးဖြစ်သူကို ပွေ့ချီကာ မြို့ပေါ်သို့ ရောက်ရှိသွားချိန်တွင် ညနေ ၅ နာရီနီးပါး ရှိနေပြီဖြစ်သည်။ လင်းချင်းချင်းလေးမှာမူ ရင်ထဲတွင် တထိတ်ထိတ်ဖြင့် ဖခင်ဖြစ်သူက မိမိကို စွန့်ပစ်ခဲ့မည်ကို အလွန်ကြောက်ရွံ့နေမိသည်။


မိဘအချို့က ကလေးတွေကို အပြင်ခေါ်သွားပြီးနောက် လမ်းမှာပစ်ထားခဲ့ကာ ဘယ်တော့မှ ပြန်မလာတော့သည့် ဖြစ်ရပ်များကို သူမ ကြားဖူးထားသဖြင့် မိမိလည်း ထိုသို့ အစွန့်ပစ်ခံရမည်လားဟု စိုးရိမ်နေခြင်း ဖြစ်သည်။


"သုံးနှစ်ခွဲပဲ ရှိသေးတာ ဟုတ်လား" ဆရာဝန်မကြီးက လင်းချင်းချင်းကို ကြည့်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ "ကလေးက ကြည့်ရတာ သိပ်အားနည်းလွန်းတယ်။ ရှိသမျှ အစားအစာတွေကို သားဖြစ်သူကိုပဲ အကုန်ကျွေးထားတာလား။"


ဆရာဝန်မကြီးသည် အနည်းငယ် စိတ်ဆိုးသွားသော်လည်း၊ ပြန်တွေးကြည့်တော့ အဓိပ္ပာယ်မရှိပေ။ တကယ်လို့ ဒီမိသားစုက သားကိုမျက်နှာသာပေးပြီး သမီးကို ပစ်ပယ်ထားသည့် မိသားစုဆိုလျှင် သမီးမိန်းကလေးကို ဆေးရုံအထိ ခေါ်လာစရာ အကြောင်းမရှိပေ။


"ကျွန်တော့်မှာ သားမရှိပါဘူး" ဟု လင်းချန်ရှန်းက ပြောလိုက်ရင်း၊ ရှောင်းမန်တစ်ယောက် သမီးလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့ခြင်း မရှိကြောင်းကို ကောင်းကောင်း သဘောပေါက်လိုက်သည်။


"ကလေးက ငယ်သေးတော့ ပိုကျွေးပြီး ကျန်းမာရေးကောင်းအောင် အရင်လုပ်ပါ" ဟု ဆရာဝန်မကြီးက အကြံပြုသည်။ "မိန်းကလေးတွေကို ငယ်ငယ်ကတည်းက အာဟာရပြည့်ဝအောင် ကျွေးမွေးရတယ်။ ဒါမှ နောင်တစ်ချိန်မှာ သားသမီးမွေးဖွားရတာ လွယ်ကူပြီး တစ်ကိုယ်ရည် ကျန်းမာရေးလည်း ကောင်းမွန်မှာ ဖြစ်ပါတယ်။"


ဆရာဝန်မကြီးသည် အမျိုးသမီးတစ်ဦးလည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်း ဖြစ်သည့်အတွက် လင်းချန်ရှန်း၏ မိသားစုနောက်ခံ အခြေအနေအမှန်ကို အသေးစိတ်မသိသော်လည်း စေတနာဖြင့် အကြံပေးစကားများ ဆက်ပြောနေမိသည်။


သူတို့မြို့တွင် လူအများစုမှာ သမီးထက် သားကိုသာ ပို၍ တန်ဖိုးထားကြသည်။ သားဖြစ်သူ နေမကောင်းလျှင် ဆေးရုံဆေးခန်း ပြသသော်လည်း၊ သမီးဖြစ်သူဆိုလျှင်မူ ရိုးရာကုထုံးများနှင့် အဖိုးတန်လှည့်ကွက်များကိုသာ ယုံကြည်ကြပြီး ဆေးရုံတက်ခြင်းကို ပိုက်ဆံကုန်မည့် ထောင်ချောက်တစ်ခုလို မြင်ကြသည်။

"ကလေးက အာဟာရ ပြတ်လတ်မှု ပြင်းထန်နေတယ်" ဟု ဆရာဝန်မကြီးက ဆက်ပြောသည်။


 "အခုအချိန်မှာ မိသားစုစီမံကိန်း (ကလေးမွေးဖွားနှုန်း ထိန်းချုပ်ခြင်း) ကိုလည်း တင်းတင်းကျပ်ကျပ် အရေးယူခြင်း မရှိသေးတော့၊ တကယ်လို့ ဇနီးမောင်နှံနှစ်ဦးက နောက်ထပ် ကလေးယူချင်သေးတယ်ဆိုရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်ကျမှ..."


"ကျွန်တော် ကွာရှင်းတော့မှာပါ။ နောက်ထပ်လည်း အိမ်ထောင်မပြုတော့ဘူး။ ဒီသမီးလေးက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သမီးပါ" ဟု လင်းချန်းရှန်းက ဆရာဝန်မကြီးကိုသာမက၊ သူ့ကျောပေါ်က သမီးလေးပါ ကြားအောင် ပြတ်သားစွာ ပြောလိုက်သည်။


ဆရာဝန်မကြီးသည် လင်းချန်ရှန်း၏ စကားကြောင့် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ဆက်၍ ဘာမှမပြောတော့ပေ။


ဆရာဝန်မကြီးသည် လင်းချင်းချင်း၏ ဦးခေါင်းက ဖူးရောင်နေသည့် ဒဏ်ရာအတွက် အဓိကထား၍ ဆေးညွှန်းပေးလိုက်သည်။ ကလေးငယ်များတွင် သာမန်ဒဏ်ရာ ရတတ်သည်မှာ ထုံးစံဖြစ်ပြီး၊ ဤကဲ့သို့သော ကိစ္စလေးအတွက် ဆေးရုံအထိ လာပြတတ်သည့် မိဘမျိုးမှာ ရှားပါးလှသည်။ ပုံမှန်အားဖြင့် ရွာကလူများသည် ပျားဖယောင်း သို့မဟုတ် မိခင်နို့ရည်ကိုသာ သုတ်လိမ်းပြီး သာမန်အတိုင်း ကုသလေ့ရှိကြသည်။


ညနေစောင်းလာသည်နှင့်အမျှ မြို့ကလေးမှာ ပို၍ တိတ်ဆိတ်သွားခဲ့သည်။ ပုံမှန်နေ့များတွင် ဈေးနေ့မှလွဲ၍ ဆိုင်အများစုမှာ စောစောစီးစီး ပိတ်လေ့ရှိကြသည်။


လင်းချန်ရှန်းသည် သမီးဖြစ်သူကို လမ်းမလျှောက်ခိုင်းဘဲ ကျောပေါ်တွင် ဆက်၍ ပွေ့ချီထားဆဲဖြစ်သည်။ ပေါက်စီဆိုင်တစ်ဆိုင်သို့ ရောက်သောအခါ သူသည် အသားပေါက်စီ နှစ်လုံး ဝယ်လိုက်သည်။


စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ စတင်ပြီးနောက်၊ သူတို့ပြည်နယ်သည် အတော်အတန် တိုးတက်ပြောင်းလဲလာခဲ့သည်။ အချို့နေရာများတွင် ပုဂ္ဂလိက အစားအသောက်ဆိုင်လေးများ စတင်ပေါ်ပေါက်လာပြီး အသေးစား စီးပွားရေးလုပ်ငန်းများ စတင်လာကြသည်။ 


သို့သော်လည်း ဆိုင်ဖွင့်လှစ်သူ အရေအတွက်မှာ နည်းပါးနေသေးပြီး၊ လူအများစုမှာ ဝေခွဲမရ တုံ့ဆိုင်းနေကြဆဲဖြစ်သည်။ အချို့နေရာများတွင် အထက်လူကြီးများက လမ်းဖွင့်မပေးသေးသဖြင့် အောက်ခြေလူထုမှာ ပို၍ပင် လက်တွဲရဲခြင်း မရှိကြပေ။


"ပူပူနွေးနွေး အသားပေါက်စီလေး၊ မြန်မြန်စားနော် သမီး" ဟု လင်းချန်ရှန်းက ပြောလိုက်သည်။ သူကိုယ်တိုင်လည်း မနက်ကတည်းက ဘာမှမစားရသေးဘဲ မနက်စာ အနည်းငယ်သာ ဗိုက်ထဲရှိတော့သည်။ လင်းချန်ရှန်းတစ်ယောက် ဗိုက်မဆာ၍ မဟုတ်၊ သမီးလေး စိတ်သက်သာရာရစေရန် ကိစ္စအဝဝကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။


လင်းချင်းချင်းလေးသည် အိစက်နေသော အသားပေါက်စီကို ကိုင်ထားရင်း လင်းချန်ရှန်းကို မော့ကြည့်ကာ "ဖေဖေ... စားပါဦး" ဟု ဆိုရှာသည်။


"ဖေဖေ့မှာလည်း ရှိပါတယ်ကွ" ဟု လင်းချန်ရှန်းက ပြုံး၍ ပြောလိုက်သည်။ "ဖေဖေ နှစ်လုံးဝယ်လာတာ။"


အသားပေါက်စီတစ်လုံးသည် လင်းချန်ရှန်းကဲ့သို့ လူကြီးတစ်ယောက်၏ ဝမ်းဗိုက်ကို မပြည့်စေနိုင်မှန်း သိသာသော်လည်း၊ အိမ်ပြန်ရောက်မှ ညစာကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ရန် သူ စိတ်ကူးထားသည်။ လူကြီးတစ်ယောက်အနေဖြင့် အနည်းငယ်မျှဖြင့် တောင့်ခံနိုင်သော်လည်း၊ ကလေးငယ်တစ်ယောက်မှာမူ ထိုသို့ မဟုတ်ပေ။


လင်းချင်းချင်းသည် အသားပေါက်စီတစ်လုံးတည်းဖြင့် ဗိုက်ပြည့်သွားနိုင်သော်လည်း၊ လင်းချန်ရှန်းကတော့ သမီးလေးကို ကတိပေးထားသည့်အတိုင်း ဥကိတ်မုန့် ကို ဆက်ပြီး လုပ်ကျွေးချင်နေမိသည်။


တစ်ဖက်တွင်မူ... အဖွားအိုကော့သည် လင်းမိသားစုအိမ်သို့ ရောက်ရှိကာ လင်းချန်ဟိုင်း၏ သမီးကို ခေါ်ဆောင်ရန် ပြင်ဆင်နေသည်။ လင်းချန်ဟိုင်းတွင် သမီးသုံးယောက်ရှိပြီး ဇနီးမောင်နှံနှစ်ဦးစလုံးမှာ သားယောက်ျားလေး မရသေးသဖြင့် သားတစ်ယောက် ရချင်စိတ် ပြင်းပြနေကြသည်။ သားယောက်ျားလေး မရှိခြင်းကြောင့်လည်း သူတို့ဇနီးမောင်နှံမှာ မိသားစုအတွင်း မျက်နှာငယ်ကာ နေရာမရ ဖြစ်နေကြခြင်း ဖြစ်သည်။


လင်းချန်ဟိုင်း၏ ညီအငယ်ဆုံးတွင်မူ သားယောက်ျားလေး ရှိသဖြင့် အဖွားအိုလင်းသည် ထိုသားအငယ်ဆုံးနှင့် မြေးကို ပို၍ အသည်းစွဲ ချစ်ခင်မြတ်နိုးသည်။


လင်းချန်ဟိုင်း၏ ဇနီးသည် မိခင်အိုကြီးက မိမိ၏ သမီးကို ရောင်းစားတော့မည်ကို သိလိုက်ရသောအခါ စိတ်ထဲတွင် မလိုလားသော်လည်း၊ လင်ယောက်ျားဖြစ်သူက တစ်ခွန်းမှ ဝင်မပြောသဖြင့် သူမလည်း နှုတ်ဆိတ်နေခဲ့ရတော့သည်။


"သမီး သွားပါ့မယ်" ဟု လင်းချန်ဟိုင်း၏ သမီးအလတ်မလေး လင်းမေဟွားက အမှောင်ထဲကနေ ဝင်ပြောလိုက်သည်။


လင်းမေဟွားသည် အသက် ၁၀ နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ရာ၊ အဖွားအိုကော့၏ မြေးထက် နှစ်နှစ်ခန့် ပိုကြီးသည်။ သို့သော် အသက်ကြီးလေလေ အိမ်မှုကိစ္စနှင့် လုပ်ငန်းခွင်အလုပ်များကို ပို၍ လုပ်နိုင်လေလေ ဖြစ်သဖြင့် ဒါဟာ ပြဿနာမဟုတ်ပေ။


အဖွားအိုကော့အနေဖြင့်လည်း မကျေနပ်စရာ မရှိပေ။ လင်းမေဟွား၏ အသက်အရွယ်သည် သူမ၏ မြေးကို ပြုစုစောင့်ရှောက်ရန် အနေတော်ပင် ဖြစ်သည်။


လင်းမေဟွား၏ အစ်မအကြီးဆုံးမှာမူ လူအူကြောင်ကြောင် တစ်ယောက်နှင့် လက်ထပ်ရမည်ကို တိုက်ရိုက်ငြင်းဆန်ထားပြီး၊ ညီမအငယ်ဆုံးလေးမှာမူ အသက် ၅ နှစ်၊ ၆ နှစ်ခန့်သာ ရှိသေးသည်။ အကယ်၍ မိမိသာ အဖွားအိုကော့၏ အိမ်သို့ မလိုက်သွားလျှင် ညီမငယ်လေးသာ ရောင်းစားခံရမည်ကို လင်းမေဟွား သိနေသည်။ 


ညီမငယ်လေးမှာ ငယ်လွန်းသေးသဖြင့် ဒုက္ခရောက်မည် စိုးသောကြောင့် မိမိကိုယ်တိုင် လိုက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် အဖွားအိုကော့သည် လင်းမေဟွားကို ခေါ်ဆောင်သွားခဲ့တော့သည်။ လင်းမေဟွားသည် ဂျီကျငိုယိုခြင်း မရှိဘဲ သူမ၏ သဘောဆန္ဒအလျောက် လိုက်ပါသွားခဲ့သည်။ ထိုခေတ်ကာလ ကျေးလက်တောရွာများတွင် အသက် ၁၄၊ ၁၅ နှစ်အရွယ် ကလေးများကို စောစီးစွာ အိမ်ထောင်ချပေးလေ့ ရှိကြသဖြင့် ရွာလူကြီးများနှင့် အရွာသားများမှာ လင်းမေဟွားတစ်ယောက် အဖွားအိုကော့နောက် လိုက်သွားသည်ကို မြင်သော်လည်း ဘာမှဝင်ရောက် စွက်ဖက်ခြင်း မရှိကြပေ။


တစ်ဖက်တွင်မူ "ငါ့သမီးလေး လင်းမေဟွားကို ဘာလို့ လွှတ်လိုက်ရတာလဲ" ဟု ဆိုကာ လင်းချန်ဟိုင်း၏ ဇနီးသည် ရင်ဘတ်စည်တီး၍ ငိုကြွေးကျန်ရစ်ခဲ့တော့သည်။