Part 425
လင်းလန် သူမက ယခု အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရ၏။ ယခင်ကကဲ့သို့ ရိုင်းစိုင်းပြီး ဟန်များခြင်းမျိုးမဟုတ်ဘဲ အတော်လေး တမူထူးလာသည်။
လင်းလန်က သူမကို လျစ်လျူရှုကာ ညစာပြင်ဆင်ပြီး မိုင်စွေ့ကို စာအုပ်တစ်အုပ်ဖတ်ခိုင်းသည်။
မိုင်စွေ့ : "မားမား... သမီး မားမားကို ဖိနပ်ခုံအရင် ကူပေးမယ်လေ"
ယခု လူတွေက အဝတ်ဖိနပ်တွေဝတ်ကြပြီး ခြေဖဝါးတွေကို ကာကွယ်ရန်အတွက် ဖိနပ်ခုံတွေကို ချုပ်ရသည်ကို ကြိုက်ကြ၏။
ဟန်ချင်စုန့်က အများကြီး လမ်းလျှောက်ရသဖြင့် လင်းလန် သူ့အတွက် အရံအနည်းငယ်ကို ချုပ်ပေးခဲ့သည်။ သူမက ပန်းထိုးနည်းကို မသိသည့်အတွက် ရိုးရိုးရှင်းရှင်း ဂွမ်းထိုး၍သာ ချုပ်နိုင်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် အပ်ချုပ်စက်လည်း ရှိသည့်အတွက် အဆင်ပြေလေသည်။
လင်းလန်က ပြုံးပြီးပြောလိုက်၏။
"ကောင်းပြီ ...သတိထားဦး"
ဟန်ကျင်းယုက စကားမပြောဘဲ ဖရဲစေ့ကိုပဲ တစ်တိတိ ထိုင်စားနေသည်။
လင်းလန်က သူမကို တိတ်တဆိတ်ကြည့်ရင်း သူအမူအရာက အနည်းငယ် မှုန်မှိုင်းနေပြီး အနည်းငယ်ပင် ဝမ်းနည်းဒေါသထွက်နေသလိုဟု ခံစားလိုက်ရ၏။ဤခံစားချက်က ဘယ်လိုဖြစ်လာသလဲသူမမသိပေ။
ငါးနာရီထိုးပြီးနောက် ဟန်ချင်စုန့် အပြင်မှပြန်လာပြီး ဟန်ကျင်းယုက ပင်မအခန်းရှိ စားပွဲ၌ထိုင်နေကာ ဖရဲစေ့များကို နေရာအနှံ့ပစ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။
သူက မျက်မှောင်ကြုတ်လိုက်၏။ ဖရဲစေ့ကို မြေကြီးပေါ် ပစ်ချသည့်အတွက် သူ တံမြက်စည်းကို ကောက်ကိုင်ပြီးလှည်းလိုက်သည်။
လင်းလန်: "ထားလိုက်ပါ...နောက်မှ လှည်းလိုက်မယ်"
သူမက ဟန်ချင်စုန့်ကို မျက်နှာသစ်လက်ဆေးခိုင်းလိုက်၏။
"ခရိုင်က တစ်ယောက် ရောက်နေတယ် "
ဟန်ချင်စုန့်က သူမကို နားမလည်စွာ ကြည့်လိုက်ည်။
လင်းလန်က ဟန်ကျင်းယုကို လက်ညှိုးထိုးပြပြီး
"အရင်တစ်ခါ ဘလိုင်းဒိတ်တွေ့ခဲ့တဲ့ လျိုဟောင်ကျဲ" ဟု တိုးတိုးလေးပြောလိုက်၏။
ဟန်ချင်စုန့်က နှာမှုတ်ပြီး မေးခွန်းတွေဆက်မမေးတော့ပေ။
သူက ဟန်ကျင်းယုကိုမေးမယ့်အစား ဟန်ကျင်းယုက ဒေါသထွက်လာလေသည်။
"တတိယအစ်ကို...နင်ဘာလို့မမေးတာလဲ...ငါ့ကိုဂရုမစိုက်ဘူးလား"
ဟန်ချင်စုန့်က သူ့မျက်နှာကို သုတ်လိုက်ပြီး "အလုပ်၊ အသက်၊ မိသားစုနောက်ခံ..."
ဟန်ကျင်းယု : "သူက အသက် ၂၇ နှစ်... အထည်အလိပ်စက်ရုံက စာရင်းကိုင်...သူ့မိသားစုကလည်း အလုပ်သမားတွေပဲ"
ဟန်ချင်စုန့်က ခေါင်းညိတ်ကာဆို၏။
"မဆိုးပါဘူး"
ဟန်ကျင်းယု စိတ်မကောင်းဖြစ်သွားသည်။ သူမအစ်ကိုက ဘာလို့ သူမကို သိပ်ဂရုမစိုက်တာလဲ...ဘာကောင်းတာလဲ... လျိုဟောင်ကျဲနဲ့ လက်ထပ်ရင် အိမ်ထောင်စုစာရင်းနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်မလဲတို့... အလုပ်ကော...အနာဂတ်မှာ မြို့ထဲကို ဝင်နိုင်ပါ့မလားတို့ မမေးချင်ဘူးလား...
သူမက ဖရဲစေ့များကို စတင် ကိုက်ဝါးနေပြန်သည်။
လင်းလန် ထမင်းစားပြီးသောအခါ ဟန်ချင်ဟွ နှင့် လျိုဟောင်ကျဲတို့ကလည်း ကလေးတွေကို ခေါ်ကာ ပြန်လာပြီး အချီကြီး ရိတ်သိမ်းခဲ့ကြ(ရ) သည်။
လျိုဟောင်ကျဲက ပြုံးပြီးပြော၏။
"တဝမ်နဲ့ရှောင်ဝမ် အတော်လေး ငယ်သေးပေမဲ့...အနိုင်ရတုန်းပဲ"
ပြိုင်ပွဲ တော်တော်များများအပြီးမှာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြပြီး တဝမ်က သူတို့နှစ်ယောက်လုံးကို အနိုင်ရခဲ့သည်။
ဟန်ချင်ဟွကဆို၏။
"ငါ့တူလေးက အံ့သြစရာပဲ"
အခန်းထဲဝင်သွားပြီးနောက် ဟန်ချင်ဟွက လျိုဟောင်ကျဲကို ဟန်ချင်စုန့်နှင့် မိတ်ဆက်ပေးလိုက်သည်။ ဟန်ချင်စုန့်က သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ထိုင်ခိုင်းလိုက်၏။
သို့ရာတွင် လျိုဟောင်ကျဲကပြောလာသည်။
" သိပ်မစောတော့လို့ တတိယအစ်ကိုနဲ့မရီးကို မနှောင့်ယှက်တော့ပါဘူး...ကျွန်တော် ပြန်ရမှာ "
လင်းလန်က ယဉ်ယဉ်ကျေးကျေးပြောလိုက်၏။ "ထမင်းစားသွားပါလား"
လျိုဟောင်ကျဲ က သူမကို ပြုံးပြလာပြီးဆိုသည်။ "အခွင့်အရေးရှိရင်ပေါ့ဗျာ...ဒီနေ့တော့ ကျွန်တော့်အတွက် အလုပ်ရှုပ်မခံပါနဲ့"
သူက အခိုင်အမာပြောနေသည်ကိုတွေ့သောအခါ ဟန်ချင်ဟွက ဟန်ကျင်းယုကို ထွက်ခွာရန် အချက်ပြလိုက်သည်။ ဟန်ချင်စုန့်နှင့် လင်းလန်က သူတို့ကို တံခါးဝဆီ လိုက်ပို့ပြီး သူတို့ထွက်သွားသည့်ကို စောင့်ကြည့်နေခဲ့ကြ၏။
လင်းလန်က မေးလိုက်သည်။
"စန်းကော...ယောက်မကို မိတ်ဆက်ပေးခဲ့တာ ဘယ်သူလဲ"
ဟန်ချင်စုန့်က ခေါင်းခါပြီး
"ကိုယ်လည်းမသိဘူး"
သူတို့ အားလုံးစားသောက် ပြီးသည်အခါ ဟန်ချင်ဟွနှင့်ဟန်ကျင်းယုတို့ပြန်ရောက်လာပြန်၏။
လင်းလန်က ထမင်းစားပွဲ သိမ်းနေပြီမှန်း မြင်လိုက်ရသောအခါ ဟန်ကျင်းယုက မပျော်မရွင်နှင့် ဆိုလေသည်။
"ဒီလောက်ကြီး မြန်မြန်ပြီးသွားပြီလား"
ဟန်ချင်ဟွက ပြုံးပြီးပြော၏။
"ငါတို့လည်း စားပြီးပြီ "
ဟန်ချင်စုန့်က ပြောလိုက်သည်။
"မင်းမှာ ကိစ္စရှိရင် ထိုင်ပြီးပြော"
ဟန်ကျင်းယုက စားပွဲပေါ်က ကြက်ဥဆော့စ် နှင့်မှိုစတူးကို ကြည့်ပြီး စားချင်နေ၏။သို့သော် လင်းလန်က တူတွေကို ဖယ်ထားပြီးသားဖြစ်သဖြင့် သူမ မပျော်မရွင်နှင့် မျက်နှာမဲ့လိုက်သည်။
လင်းလန်က သူမကို လျစ်လျူရှုထားခဲ့သည်။ မွေးချင်းများ၏ပုံစံကို အကဲဖြတ်ခြင်းအရ သူတို့က ဟန်ချင်စုန့် နှင့် စကားပြောလိုခြင်း ဖြစ်နိုင်သည်။ အချို့သော စကားလုံးများသည် ကလေးများအတွက် နားမထောင်ရန် မသင့်တော်သောကြောင့် သူမ တဝမ်အား ညီငယ်များကို ခေါ်ပြီး ပုစဥ်းရင်ကွဲသွားရှာခိုင်းခဲ့သည်။
သူ့အဖေအိမ်မှာရှိနေသည်ကိုတွေ့သဖြင့် တဝမ် စိတ်သက်သာရာရပြီး ဝိုင်ပုလင်းကိုယူကာ သူ့ညီငယ်တွေကို ခေါ်သွားခဲ့၏။
ကလေးတွေ ထွက်သွားပြီးသည့်နောက်မှာ ဟန်ချင်စုန့်က ပြောလိုက်သည်။
"စကားပြောကြရအောင်"
သူက လေပေါရသည်ကိုကြိုက်သည့်လူမဟုတ်ပေ။ထို့ကြောင့် သူ့ကိုယ်ဟန်အနေအထားအရ တစ်ခုခုတော့ ရှိရပေမည်။
ဟန်ကျင်းယုက မျက်နှာမဲ့ကာ ရေစားပွဲတစ်ဖက်သို့သွား၍ ခရမ်းချဉ်သီးတစ်လုံးယူပြီး စတင်စားလိုက်သည်။
ဟန်ချင်ဟွက ပြုံးပြီးပြော၏။
"အစ်ကို ဒီလိုပါ...လျိုဟောင်ကျဲကို ကျွန်တော်စိုက်ခင်း(လုပ်သားပြုပြင်ပြောင်းလဲရေးစိုက်ခင်း) မှာတွေ့တဲ့ ဦးလေးတစ်ယောက်က မိတ်ဆက်ပေးခဲ့တာ... သူက လူကောင်းလို့ ပြောတယ်... အဲဒါကြောင့် အစ်မကို သူနဲအဆက်အဆံလုပ်ကြည့်စေချင်ခဲ့တာ...တွေ့ကြည့်ပြီးတဲ့နောက်မှာ တကယ်ကံကြမ္မာဆိုတာ သိလိုက်ရတယ်...အရင်က ငါ ခရိုင်မှာ အားကစားလုပ်တုန်းက သူ့ကို မြင်ဖူးသလိုပဲ...သူက အလုပ်သမားဝါဒဖြန့်ရေးအဖွဲ့က...ဒါပေမဲ့ သူက ကျောက်ကျန့်ရှယ်နဲ့ မရင်းနှီးလောက်ဘူး...အခုကြည့်လိုက်ရင် သူက ငါ့အစ်မကို တော်တော်ကျေနပ်ပုံရတယ်"
ဟန်ချင်စုန့်က ခေါင်းညိတ်ပြီးဆို၏။
"မှန်တယ်"
"ဒါဆို... တတိယအစ်ကို သူက မြို့ကလို့ပြောတယ်... အဲ့လိုဆို သူက ကျေးလက်ကလူတစ်ယောက်ကိုရှာတာ ဘာကြောင့်ပျော်ရမှာလဲ...ငါ ထင်တာ... မင်းစစ်ဆေးကြည့် သင့်သလားလို့လေ"
သူပြောသည်ကိုကြားသောအခါ ဟန်ကျင်းယု မပျော်မရွင်ဖြစ်သွားသည်။
"ကျင်းပေါင်... နင် ဘာကိုဆိုလိုချင်တာလဲ...ငါက သူ့အတွက် လုံလောက်အောင်မကောင်းဘူးလား"
ဟန်ချင်ဟွ : "နင်ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ... ငါက ဒီအတိုင်းပြောတာလေ...တကယ်လို့ သူ့ကအသက်ကြီးရင် ရုပ်ဆိုး ရင် ဒါမှမဟုတ် နောက်ခံမကောင်းရင် ပုံမှန်လို့ထင်ဦးမယ်...အခု သူက အသက် 30 အောက်ဖြစ်ပြီးတော့ ဒုတိယအိမ်ထောင်လည်း မဟုတ်ဘူး...အလုပ်လည်းကောင်းတယ်၊ ရုပ်ရည်လည်း ကောင်းတယ်၊ မိသားစုနောက်ခံလည်းကောင်းတယ်... ကျေးလက်ကလူတစ်ယောက်ကို ဘာလို့ရှာရမှာလဲ...ကျေးလက်မှာ နတ်သမီးဖြစ်နေရင်တောင် အိမ်ထောင်စုစာရင်းပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
Xxxxxx
Part 426
ဟန်ချင်ဟွ : "နင်ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ... ငါက ဒီအတိုင်းပြောတာလေ...တကယ်လို့ သူ့ကအသက်ကြီးရင် ရုပ်ဆိုး ရင် ဒါမှမဟုတ် နောက်ခံမကောင်းရင် ပုံမှန်လို့ထင်ဦးမယ်...အခု သူက အသက် 30 အောက်ဖြစ်ပြီးတော့ ဒုတိယအိမ်ထောင်လည်း မဟုတ်ဘူး...အလုပ်လည်းကောင်းတယ်၊ ရုပ်ရည်လည်း ကောင်းတယ်၊ မိသားစုနောက်ခံလည်းကောင်းတယ်... ကျေးလက်ကလူတစ်ယောက်ကို ဘာလို့ရှာရမှာလဲ...ကျေးလက်မှာ နတ်သမီးဖြစ်နေရင်တောင် အိမ်ထောင်စုစာရင်းပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
ပြဿနာက ဟန်ကျင်းယု၏ရိက္ခာခွဲတမ်းက မြို့ထဲမှာရှိမှာမဟုတ်ပေ။ ကလေးက သူ့အဖေနောက်ကို လိုက်သွားလျှင်ပင် ဟန်ကျင်းယု၏အလုပ်နှင့် အိမ်ထောင်စုစာရင်း မပြေလည်ပါက စားရေးသောက်ရေး အဆင်မပြေဖြစ်ပေလိမ့်မည်။
ဟန်ချင်စုန့် သူတို့ကိုကြည့်ပြီးပြောလိုက်၏။
"မင်းတို့ ဘလိုင်းဒိတ်တွေ့တုန်းက ရှင်းရှင်းလင်းလင်း မတွေးခဲ့ဘူးလား"
ဟန်ချင်ဟွက ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းနှင်ပြောလေသည်။
"အဲ့ဒါကို ငါမတွေးလိုက်မိဘူး...ဘာပဲဖြစ်ဖြစ် ကံကို စမ်းကြည့်ဖို့ အခွင့်အရေးဆိုပြီးလုပ်လိုက်တာ... လျိုဟောင်ကျဲက ငါ့ညီမကို စိတ်ဝင်စားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ "
ဟန်ချင်စုန့်: "မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ... စစ်ဆေးပေး ဖို့လား"
"ဟုတ်တယ်...သူ့မှာလျှို့ဝှက်ထားတဲ့ရောဂါရှိမရှိစစ်ဆေးစေချင်တာ "
ဟန်ချင်ဟွက ရယ်ပြီးဆို၏။
"မြုံနေရင် ဒါမှမဟုတ် ဝါသနာတစ်ခုခုရှိနေရင်...ငါတို့သိပြီး ပြင်ဆင်ထားသင့်တယ်လေ"
ဟန်ချင်စုန့်ကပြောလိုက်သည်။
"သူ့မှာ ဒီအပိုင်းမှာ ပြဿနာ ရှိမရှိ မပြောနဲ့ဦး... အိမ်ထောင်စုစာရင်းအကြောင်း အရင်ပြောကြည့်ရအောင်... ရိက္ခာနဲ့ဆီ ခွဲတမ်းကို ဘယ်လိုဖြေရှင်းမလဲ”
ဟန်ကျင်းယုက အမှန်အတိုင်းပြောလိုက်၏။
“ငါက ငါ့အိမ်ထောင်စုစာရင်းကို သူတို့ဆင်ခြေဖုံးကွန်မြူနတီကို လွှဲပေးလို့ရတယ်လို့ သူကပြောတယ် "
လင်းလန်လည်း ထိုနည်းလမ်းကို ကြားဖူးသည်။ယင်းက ဖြေရှင်းချက်တစ်ခုဖြစ်ပြီး အနာဂတ်မှာ မြို့ထဲကိုဝင်ရန် အဆင်ပြေသွားလိမ့်မည်ဖြစ်၏။
ဟန်ချင်စုန့်: " ငါတို့အနေနဲ့ ရာဇ၀တ်မှု မှတ်တမ်းကိုပဲ စုံစမ်းလို့ ရတယ်...ကိုယ်ရေးကိုယ်တာကို မရဘူး"
ယခုအချိန်တွင် ရာဇ၀တ်မှု မှတ်တမ်းက အများအားဖြင့် နောက်ကြောင်းကိစ္စသာဖြစ်သည်။ အချို့သော သူများက သူတို့၏ နောက်ကြောင်းကို ဖုံးကွယ်ထားကြပြီး ယင်းက အကြီးမားဆုံး ရာဇ၀တ်မှု ဖြစ်သည်။တခြားဟာများက အဆင်ပြေသော်လည်း လျိုဟောင်ကျဲက ကလေးရနိုင်မရနိုင် အိမ်ထောင်ပြုဖူးသလားဆိုသည်ကို သူမသိပေ။ သို့သော် လောင်းကစားလုပ်ခြင်း သို့မဟုတ် တစ်ခုခုကဲ့သို့ အရာများကို ကြိုတင်စစ်ဆေးနိုင်သည်၊ အကျင့်ဆိုးမရှိပါက အကောင်းဆုံးဖြစ်သည်။
ဟန်ချင်ဟွ သူ့လည်း စုံစမ်းကြည့်မည်ဖြစ်ပြီး ပြဿနာမရှိပါက ယခုလိုလက်ထပ်သည်က အဆင်ပြေမှာပါဟု ပြော၏။
လင်းလန် ဟန်ကျင်းယုကိုကြည့်ရသည်မှာ သိပ်မပျော်ဘဲ မကျေမနပ်ဖြစ်နေပုံရသည်။ ယောက်မလေးက ငယ်သေးသော်လည်း အိမ်ထောင်ပြုရန် စိတ်အားထက်သန်နေ၏။လင်းလန်လည်း ဟန်ကျင်းယုကို သူမ(ဟန်)မကျေနပ်ပါက မကြည့်ချင်ပေ။ ထုံးစံအတိုင်း သူမ ဂရုစိုက်ရန်စိတ်မ၀င်စားပေ။
ဟန်ချင်စုန့်က သဘောတူလိုက်သည်။
ထုံးစံအတိုင်း သူက လျိုဟောင်ကျဲ အကြောင်းကို ကိုယ်တိုင်မစုံစမ်းဘဲ လျှိုကျန့်ယွမ်ကို အကူအညီတောင်းခဲ့သည်။ လျှိုကျန့်ယွမ်က အလွန်လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း ဟန်ချင်စုန့်ဆီသို့ စာတစ်စောင် ပေးပို့ခဲ့သည်။
လျိုဟောင်ကျဲကို စစ်ဆေးခဲ့ရာ သူက ငယ်ငယ်က ဆိုးသွမ်းသည့် ကောင်လေးတစ်ယောက်လည်း ဖြစ်ခဲ့သေး၏။ သူ့ အသက် 14 နှစ်မှာ ရမ်းကားခဲ့သည့်အတွက် ပြစ်ဒဏ်နှစ်လ ထောင်ချခံခဲ့သည်။ ထောင်က ထွက်လာပြီးသည့် နောက်မှာ သူက ပြောင်းလဲလိုက်ပြီး အထက်တန်းကျောင်းပြီးသည့်အထိ ကြိုးကြိုးစားစား သင်ယူခဲ့ကာရာဇ၀တ်မှုတွေ ထပ်မကျူးလွန်တော့ချေ။ ယခု သူက အထည်အလိပ်စက်ရုံတစ်ခုတွင် စာရင်းကိုင်တစ်ဦးအဖြစ် လုပ်ကိုင်နေပြီး အလုပ်မှာလည်း ထူးချွန်ခဲ့သည်။ သူသည် အထူးချွန်ဆုံးလူသစ်ဆုကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည်။လွန်ခဲ့သည့် ၂ နှစ်ခန့်က ပြဿနာများရှာခဲ့သော်လည်း အလုပ်သမားဝါဒဖြန့်ချိရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်နေသေး၏။
ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်မပြုရခြင်း အကြောင်းအရင်းကမူ လက်ရှိမှာ မြို့က နောက်ကျမှ အိမ်ထောင်ပြုခြင်းကို အားပေးထောက်ခံနေသည့်အပြင် သူ့အနေဖြင့် ယခင်က အကြိမ်အနည်းငယ် ချိန်းတွေ့ဖူးသော်လည်း တခြား လူတွေက သူ့ကို အထင်သေးခြင်းပဲ ဖြစ်ဖြစ်၊ သူက တခြားသူတွေအထင်သေးခြင်းပဲဖြစ်ဖြစ် ဖြစ်ခဲ့ပြီး ယခုအချိန်အထိ နှောင့်နှေးနေခဲ့ရသည်။
လျှိုကျန့်ယွမ်က သူ့အလုပ်တွင် စိတ်ချရပြီး သူရရှိသောအချက်အလက်များမှာ သဘာဝအတိုင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည်။ သူက လျိုဟောင်ကျဲ၏ ၁၄ နှစ်သားအရွယ် ရမ်းကားမှု စုံစမ်းစစ်ဆေးရန် အာရုံစိုက်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ဖိုင်များက အနည်းငယ်ရှုပ်ပွနေပြီး သိမ်းဆည်းမှု ညံ့ဖျင်းကာ အချက်အလက်များစွာ ပျောက်ဆုံးသွားခဲ့သည်။
သူက ဘကျောင်း၊ ရပ်ကွက်၊ ရွာ၊ ရဲစခန်းတို့ကို စစ်ဆေးပြီး အကြမ်းဖျင်းအားဖြင့် ကွဲသွားခဲ့သည်။ အချို့က သူက ဘေးအိမ်က ကလေးမလေးကို ဗလက္ကာရလုပ်ခဲ့သည်ဟု သတိရကြပြီး တချို့က အိမ်နီးချင်း၏ ခယ်မကို မုဒိမ်းကျင့်ချင်ခဲ့သည်ဟု ပြောကြကာ တချို့ကကျ နှစ်ယောက်စလုံးကို မှတ်မိပြီး တစ်ယောက်ကို ခဲခြစ်ပစ်ခဲ့သောကြောင့် အချက်အလက်တွေက အနည်းငယ် ရှုပ်ထွေးသွား၏။ မည်သို့ပင်ဆိုစေကာမူ သူက အနီးနားရှိလူတစ်ဦးကိုပစ်မှုကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် အဖမ်းခံရပြီး နှစ်လခန့် အကျဉ်းချခံခဲ့ရသည်။ သူထွက်လာပြီးနောက် သူ့မိသားစုက အဆက်အသွယ်ရှာ၍ သူ့ကို ခရိုင်မှာ စာသင်ရန် ပို့လိုက်၏။ထိုကတည်းက ခရိုင်ထဲမှာ နေခဲ့ရပြီး ဆိုးရွားသည့် မှတ်တမ်းတွေ မရှိတော့ပေ။
လျှိုကျန့်ယွမ်က ဒီလူ၏စရိုက်အကြောင်း ကောက်ချက်မချခဲ့ဘဲ သူစုံစမ်းခဲ့ရသည်တွေကိုသာ ဟန်ချင်စုန့်ကို ပြောပြခဲ့သည်။
အလုပ်အတွက်မဟုတ်သောကြောင့် ဟန်ချင်စုန့်က ၎င်းကိုအိမ်သို့ယူဆောင်သွားပြီး လင်းလန် နှင့်အတူ ကြည့်ရှုခဲ့သည်။
လင်းလန်က သူမ၏ယခင်ဘဝက စာရေးခြင်းအလုပ်ကို စိတ်အားထက်သန်ခဲ့ပြီး စကားလုံးတစ်လုံးစီကို သေချာလေ့လာခဲ့ကာ ပြဿနာမရှိဟု သူမထင်ခဲ့သည်။ သူမသည် ယခင်ဘဝက ယဉ်ကျေးမှုဆိုင်ရာ ကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သတင်းထောက်နှင့် အယ်ဒီတာချုပ်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။သူမက စကားလုံးများနှင့် အမြဲထိတွေ့နေရသဖြင့် သတင်းအချက်အလက် လုပ်ဆောင်ခြင်းအတွက် အလွန်အကဲဆတ်သူဖြစ်သည်။
"ဒါက ကလေးမလေးလား...ခယ်မလား...ဒါမှမဟုတ် နှစ်ယောက်လုံးလား။"
ဟန်ချင်စုန့်ကကြည့်လိုက်ပြီးဆို၏။
"အဲဒီတုန်းက *မဟာခုန်ပျံကျော်လွှားမှု ဖြစ်လာပြီး လုထုကွန်မြူနတီတွေနဲ့ အစိုးရကို အစားထိုးလိုက်တာ...အချက်အလက်တော်တော်များများက တရားဝင်မဟုတ်ဘူး... မှတ်တမ်းတွေ ရောထွေးနေတယ်လို့ ကိုယ်ထင်တယ်"
(T/N–တရုတ်နိုင်ငံမှာ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီက 1958မှ 1962အထိ ဦးဆောင် လှုပ်ရှားခဲ့သည့် စီးပွားရေးနှင့်လူမှုရေး စီမံကိန်း)
ဤသည်က ပြဿနာမဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ ဆယ်နှစ်ကျော်လောက်သာ ရှိသေးသဖြင့် လျိုဟောင်ကျဲ၏ မွေးရပ်မြေသို့သွားပြီး ဤအကြောင်းကို မေးကြည့်၍ရ၏။ အလောတကြီး ပြေးမေးရုံနှင့် အဆင်မပြေမပါချေ။ ပုံမှန်အားဖြင့် သူတို့၏ မိသားစုအရေးကို နားလည်သည့် ဒေသခံတစ်ယောက်ကို မေးသည်ကက ပိုကောင်းပေသည်။
ဤကိစ္စကို ဟန်ချင်စုန့် စိတ်မပူသည့်အတွက် လော့ဟိုင်ချန်ကိုလုပ်ခိုင်းလိုက်၏။ လော့ဟိုင်ချန်က အမျိုးမျိုးသော ကွန်မြူနတီတွေကို မကြာခဏသွားလေ့ရှိပြီး လူတိုင်းကို ကောင်းကောင်းသိလေသည်။သူကဒေသခံ ပြည်သူ့စစ်ကပ္ပတိန်နှင့် တပ်ခွဲမှူးကို စုံစမ်းခိုင်းလိုက်ပြီး မကြာမီ သိရမည်ဟုဆို၏။
Xxxxxx,