အပိုင်း ၄၂၇-၄၂၈
Viewers 21k

Part 427


ဤကိစ္စကို ဟန်ချင်စုန့် စိတ်မပူသည့်အတွက် လော့ဟိုင်ချန်ကိုလုပ်ခိုင်းလိုက်၏။ လော့ဟိုင်ချန်က  အမျိုးမျိုးသော ကွန်မြူနတီတွေကို မကြာခဏသွားလေ့ရှိပြီး လူတိုင်းကို ကောင်းကောင်းသိလေသည်။သူကဒေသခံ ပြည်သူ့စစ်ကပ္ပတိန်နှင့် တပ်ခွဲမှူးကို စုံစမ်းခိုင်းလိုက်ပြီး မကြာမီး သိရမည်ဟု​ဆို၏။ 


ရက်အနည်းငယ်ကြာပြီးနောက် လော့ဟိုင်ချန်းက ဟန်ချင်စုန့်ဆီသို့ သတင်းပို့ခဲ့သည်။


ဟန်ကျင်းယု၏ကိစ္စကြောင့် လော့ဟိုင်ချန်း ဟန်ချင်စုန့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသေးသော်လည်း ဟန်ချင်စုန့် ၎င်းကိုစိတ်မ၀င်စားသောကြောင့် အလေးအနက်မထားခဲ့ပေ။


ဟန်ကျင်းယု၏ကောက်ကျစ်သောကိုယ်ရည်ကိုယ်သွေးကြောင့်မဟုတ်ပါက သူမ၏အသွင်အပြင်ကိုလက်ခံလုနီးပါးဖြစ်သည်ဟုသူခံစားရသည်။


"ခေါင်းဆောင်ဟန်... သူတို့ပတ်ဝန်းကျင်က အတွင်းသိတွေအရ လျိုဟောင်ကျဲက သူ့အိမ်နီးနားချင်းရဲ့ ခယ်မဖြစ်သူရဲ့ သွေးဆောင်မှုကို ခံခဲ့ရပါတယ်... အခင်းဖြစ်ချိန်မှာ ခယ်မက သူ့သမီးကို မုဒိမ်းကျင့်ချင်နေတယ်လို့ လိမ်လည်စွပ်စွဲခဲ့တယ်...ရလဒ်အနေနဲ့ သူက အဖမ်းခံရပြီး ရိုက်နှက်ထောင်ချတာကို နှစ်လလောက်ခံလိုက်ရတယ်” 


 တခြားသူတွေက သဘာဝအတိုင်း မသိပေမဲ့ နောက်ပိုင်းမှာ ခယ်မက ပါးစပ်ကနေ တခုခုကို မတော်တဆ ပြောမိလိုက်သည်ကို လူတချို့ကြားခဲ့ရသည်။ကလေးမလေးက သိတတ်လာသောအခါတွင်လည်း တချို့လူတွေက လျိုဟောင်ကျဲက သူမကိုထိခဲ့သလားဟု မေးခဲ့သည်။သူမက ကြီးပြင်းလာပြီး ကိုယ်ပိုင်အသိဉာဏ်ရှိလာသဖြင့် မဟုတ်ဘူးဟု ပြောခဲ့၏။ နောက်ပိုင်းမှာ ဟုတ်တယ်ဟု ပြောရန် သူမအမေက ခိုင်းခဲ့ခြင်း ဖြစ်နိုင်သည်။


 လူတိုင်းက သူ မလုပ်ခဲ့ဘူးဟု ထင်ကြ၏။ 


ဟန်ချင်စုန့်:"မင်းအတွက် ခက်ခဲခဲ့မှာပဲ"


လော့ဟိုင်ချန်က  ပြုံးပြီးပြောသည်။

 "ဒါက ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး...လုပ်ပေးသင့်တာပါ" 


ထိုဟာက ဟန်ကျင်းယုအတွက်မှန်း သူသိ၏။ မည်သို့ပင်ဖြစ်စေ  သူနှင့် ဟန်ကျင်းယုက  အနည်းငယ် ရန်ငြိုးရှိခဲ့သည်။ ယခုကအတိတ်အတွက် တောင်းပန်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့်  အပြန်အလှန် အကြွေးတင်နေသည်မျိုး မရှိတော့ခြင်းဟု မှတ်ယူနိုင်၏။


"ဒါပေမဲ့ လျိုဟောင်ကျဲက သူ ထောင်ကျခဲ့တဲ့ နှစ်လတာအတွင်းမှာလည်း အများကြီး ခံစားခဲ့ရသေးတယ်... သူထွက်လာပြီးတဲ့ နောက်မှာတော့ သူနဲ့မတူတဲ့လူတစ်ယောက်ဖြစ်သွားပုံရတယ်လို့ ပြောလို့ရတယ်... သူ ငယ်ငယ်တုန်းက ပေတေမှန်းသိသာပေမဲ့ ထွက်လာပြီးတဲ့နောက်မှာ ရိုးသားလာခဲ့တယ်"


သို့ပေမဲ့  လူတိုင်းက သူ့ကို ငယ်ငယ်တုန်းက ရိုင်းစိုင်းပြီး ဆိုးသွမ်းပေမဲ့ ကြီးပြင်းလာသည့်အခါ တည်ငြိမ်သွားခြင်းဖြစ်ပြီး ၎င်းနှင့် ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မရှိဟု ထင်ကြသည်။ အထူးသဖြင့် ယောင်္ကျားလေးများသည် ငယ်စဉ်အခါက အနည်းငယ်ကသာ လိမ္မာရေးခြားရှိပြီး နာခံမှုရှိကြကာ အများစုမှာ ခေါင်းမာကြသည်။ကြီးပြင်းလာသောအခါတွင် ဘဝတစ်ခုရှင်သန်ရန် အိမ်ထောင်ပြုပြီး သားသမီးများမွေးကာ အလုပ်ကြရသည်မဟုတ်ပါလော။


ဟန်ချင်စုန့်က ရှန်ရွေ့စိုက်ခင်းတွင် ဟန်ချင်ဟွ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ဦးလေးအကြောင်း လော့ဟိုင်ချန်ကို စုံစမ်းခိုင်းလိုက်၏။ ၎င်း၏အမည်၊ နောက်ခံ၊လုပ်သား ပြုပြင်ပြောင်းလဲရသည့် အကြောင်းပြချက်စသည်ဖြင့်ပင်။ လော့ဟိုင်ချန်က  ရက်အနည်းငယ်အတွင်း ပြန်လည်တင်ပြမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။


ဟန်ချင်စုန့်က သတင်းရသည့်အခါ လင်းလန်ကို ပြသခဲ့ပေမဲ့ လင်းလန်မှာ   သူတို့နှင့်မတူသည့် အမြင်တစ်ခုရှိနေခဲ့၏။


 "စန်းကော...လျိုဟောင်ကျဲ ထောင်ကျခဲ့တဲ့ နှစ်လတာကာလအတွင်း နှိပ်စက်ခံရတယ်လို့ ပြောခဲ့သေးလား... အရိပ်မည်းတွေများရှိနေမလား"


စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခုရှိလျှင် ပင်ကိုယ်စရိုက် ချို့ယွင်းသွားနိုင်သည်။


သူမပြောသည့်ဟာက ယနေ့ခေတ်လူများအတွက် အလွန်အဆင့်မြင့်နေပြီး ဟန်ချင်စုန့် ၎င်းကို အပြည့်အဝနားမလည်နိုင်ပေ။ လင်းလန်က သူ့ကိုရှင်းပြလိုက်၏။ ဥပမာ စန်းဝမ်က ရေကူးရင်း ကြွက်တက်သည့်အခါ သူကောင်းကောင်းမကိုင်တွယ်နိုင်လျှင် အရိပ်မည်းတွေရနိုင်ပြီး နောင်မှာ ရေထဲမဆင်းရဲတော့ခြင်းမျိုး၊  လူတွေနဲ့ မဆက်ဆံချင်တော့ခြင်းမျိုး သို့မဟုတ်  သူ့ပင်ကိုယ်စရိုက်က သိသိသာသာ ပြောင်းလဲသွားခြင်းမျိုး စသည်ဖြင့်...


 ဟန်ချင်စုန့် သူနှင့် သူသိသည့် လူတွေအကြောင်း တွေးကြည့်မိသည်။ ငယ်ငယ်လေးကတည်းက မမျှမတဆက်ဆံခံခဲ့ရပေမဲ့ အရေးမကြီးဘူးဟု ထင်ခဲ့မိ၏။တကယ်တမ်းတွင် အားလုံးက ဤသို့ပင်ဖြစ်ကြသည်။


ယေဘုယျအားဖြင့် ပြဿနာမရှိပါချေ။ 


ထုံးစံအတိုင်း လင်းလန်က ဟန်ကျင်းယု၏   ကောင်းမှုကုသိုလ်တွေကို မဖျက်ဆီးချင်သည့်အတွက် ပြုံးပြီးပြောလိုက်၏။


 "သူနဲ့ ကျွန်မတို့ကြားမှာ ပဋိပက္ခမရှိရင် ကောင်းပါတယ် ...ကျန်တာကို သူတို့ကိုယ်တိုင် ဖြေရှင်းလို့ရတယ်" 


ဟန်ချင်စုန့်က ဟန်ချင်ဟွနှင့်ဟန်ကျင်းယုကို သွားရှာပြီး  လျိုဟောင်ကျဲ ၏ အခြေအနေကို ပြောပြလိုက်သည်။


ဟန်ချင်ဟွ အံ့အားသင့်သွားပြီးဆို၏။


 "တတိယအစ်ကို မင်းက စွမ်းလွန်းတယ်...ငါအရာရာကို ရှင်းရှင်းလင်းလင်း သိသွားပြီ... ဟားဟား အစ်မ နင်စိတ်မပူနဲ့...နင်  သူ့ကို သက်တောင့်သက်သာနဲ့ လက်ထပ်နိုင်မှာပါ" 

 

ဟန်ကျင်းယုက သိပ်မပျော်ပေ။ လျိုဟောင်ကျဲ အသက် 14 နှစ်တုန်းကဖြစ်ရပ်နှင့်ပတ်သတ်ပြီး  သူမ သိပ်သဘောမကျဘဲ ခယ်မလား၊ကလေးမလေးလား သိချင်နေလေသည်။


   


ဟန်ချင်စုန့် : "အကုန်လုံး တွေ့နေရပြီပဲ... ကိုယ့်ဘာကိုယ် ကြည့်လိုက်...မင်း သူ့ကို မေးရမှာမဟုတ်ဘူး... သူ မင်းကို တကယ်လက်ထပ်ချင်တယ် ဆိုရင် သူက မင်းကို သဘာဝအတိုင်း ဝန်ခံလိမ့်မယ်" 


ဟန်ချင်ဟွ : "အစ်မ...တတိယအစ်ကိုက အားလုံးကို စစ်ဆေးပြီးပြီ ပြဿနာမရှိဘူး... လျိုဟောင်ကျဲက   ကြည့်ကောင်းတယ်လို့ ငါထင်တယ်... နင် ကွန်မြူနတီကို အရင်သွားပြီး ခရိုင်ကို သွားတာ အဆင်ပြေလိမ့်မယ်"


 နှိုင်းယှဉ်ကြည့်လျှင် ဤသည်မှာ    အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး လောဟိုင်ချန်ထက်ပင် သာသေး၏။


ဟန်ကျင်းယုကတွေ့လိုက်သည်။ လော့ဟိုင်ချန်ထက် ပိုကောင်းနေသရွေ့ပေါ့... မဟုတ်ရင် မျက်နှာပျက်သွားရလိမ့်မယ်...


သို့ပေမဲ့  လျိုဟောင်ကျဲက   သူမကိုမြင်သည့်အခါ လော့ဟိုင်ချန်က   သူမကိုမြင်ရသလိုမျိုး သူ့မျက်လုံးတွေက တောက်ပမလာသောကြောင့် သူမအနည်းငယ်မကျေနပ်ပေ။ လျိုဟောင်ကျဲက  သူမကို အထင်ကြီးပုံမပေါ်သလို သူမအပေါ် စွဲလန်းရန်နေနေသာသာ စိတ်အားထက်သန်မှုပင်မရှိချေ။ယင်းက သူမ၏ရုပ်ရည်ကို ရှုတ်ချခြင်းတစ်မျိုးဟုသူမခံစားခဲ့ရပြီး စိတ်မသက်မသာဖြစ်စေခဲ့သည်။


သူမအမြင်အရ ချိန်းတွေ့သည့်အခါတွင်၊ ယောက်ျားလေး ဖြစ်သူ ယဉ်ကျေး၊သိမ်မွေ့ပြီး  ချစ်ခင်ကြင်နာကာ သူမကို စွဲလမ်းစွာကြည့်သင့်သည်။


အနည်းဆုံး တတိယအစ်ကိုက လင်းလန်အပေါ် ပြုမူသလိုမျိုး ဖြစ်သင့်၏။


လျော့လို့မရလူး...


သို့သော် လျိုဟောင်ကျဲက  သူမအပေါ် လုံးဝအရူးအမူးမရှိခဲ့၊ မည်သို့ပင်ဆိုစေကာမူ သူမ မမြင်ရပေ။ သူ့ကြည့်ရသည်မှာ  အသက်ကြီးလာသောကြောင့် ကြုံရာကျပန်း  မယားရှာနေသည်နှင့်တူသည်။


 သို့သော်လည်း လင်းလန်၏လှောင်ပြောင်ခြင်းမခံရစေရန် သူမထိုဟာကို ထုတ်ပြမည်မဟုတ်ပေ။


အမှန်တွင် လင်းလန်က မထီမဲ့မြင်ပြုမှာမဟုတ်သလို တတ်နိုင်သမျှ အမြန်ဆုံးလက်ထပ်စေရန်ပဲ ဆန္ဒရှိခဲ့၏။ ဟန်ကျင်းယုက လျိုဟောင်ကျဲကို ကျေနပ်နေပြီး လျိုဟောင်ကျဲကလည်း ဟန်ကျင်းယုကို အလွန်စိတ်ဝင်စားနေသည်ကို တွေ့ရသဖြင့် လင်းလန်  သူတို့ သေချာပေါက် လက်ထပ်နိုင်သည်ဟု ခံစားရသည်။


Xxxxxx

Part 428


အမှန်တွင် လင်းလန်က မထီမဲ့မြင်ပြုမှာမဟုတ်သလို တတ်နိုင်သမျှ အမြန်ဆုံးလက်ထပ်စေရန်ပဲ ဆန္ဒရှိခဲ့၏။ ဟန်ကျင်းယုက လျိုဟောင်ကျဲကို ကျေနပ်နေပြီး လျိုဟောင်ကျဲကလည်း ဟန်ကျင်းယုကို အလွန်စိတ်ဝင်စားနေသည်ကို တွေ့ရသဖြင့် လင်းလန်   သူတို့ သေချာပေါက် လက်ထပ်နိုင်သည်ဟု ခံစားရသည်။


နင်လက်ထပ်ပြီးရင် အိမ်မှာ ပြဿနာမရှာတော့နဲ့...


 

အဖွားကြီးဟန်မှာ ဘာအကြံမှမရှိတော့လျှင် လူတွေလည်း အေးအေးဆေးဆေးနေနိုင်ပြီဖြစ်၏ထိုအချိန်တွင် အစ်ကိုကြီးဟန်က အိမ်ပြန်၍ ပထမချွေးမဟန်နှင့်အတူ နေထိုင်နိုင်ပေသည်။


………………………………


လတ်တလောတွင် ရေကြီးရာသီဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ လမ်းပေါ်ရှိ ရွှံ့မြစ်ရေများ သိသိသာသာ မြင့်တက်လာသည်။ အိမ်ရှိကြက်များက ကြက်ခြံထဲတွင် ပုန်းအောင်းနေကြသော်လည်း ဘဲများကမူ ခြံထဲတွင် ဆော့ကစားနိုင်ပြီး ရေများစွာကို ပိတ်ဆို့ကာ ပျော်ရွှင်စွာ လှည့်ပတ်နေ ကြသည်။


မိုးရာသီမှာ ကျောင်းတွေပိတ်ပြီး ဝန်ထမ်းတွေလည်း အလုပ်ပိတ်၏။ လင်းလန်ကလည်း ကလေးတွေကို ရေထဲမဆင်းအောင် တားခဲ့သည်။ ထို့ကြောင့် ကလေးအနည်းငယ်က ပုစဉ်းရင်ကွဲရှာရသည်ကို စွဲလန်းနကြ၏။ မိုးရွာပြီးနောက် မြေဆီလွှာများ ပျော့ပျောင်းလာသဖြင့်် ပုစဉ်းရင်ကွဲ အိတ်များပင်ရှိလာတော့သည်။  ပုစဉ်းရင်ကွဲ သူ့အလိုလို တွားထွက်လာတတ်ပြီး သူတို့က ကောက်ထည့်လိုက်ရုံသာဖြစ်၏။


လင်းလန်တစ်ယောက်  မိုးရွာနေချိန်တွင် အဖွဲ့ဝင်များကို ဝါဒဖြန့်ရန် တုန်ဟွိုင်ဟွ  နှင့် လျှိုချွန်းချိုက်တို့ကို စီစဉ်ပေးခဲ့သည်။ ယခု သူမက အရွယ်ရောက်ပြီးသူများကို ၎င်းတို့၏  ကိုယ်ရည်ကိုယ်သွေးများကို အာရုံစိုက်ရန် အဓိကထားပြီး ပညာပေးသည်အဓိကအကြောင်းအရာမှာ  ယဉ်ကျေးပြီး အရည်အသွေးရှိရန်၊  ဘယ်နေရာမဆို အပေါ့အလေးစွန့်ခြင်းမျိုးမပြုလုပ်ရန်နှင့် အထူးသဖြင့်  ဆန့်ကျင်ဘက်လိင်ရှေ့တွင်ဖြစ်၏။


ထုံးစံအတိုင်း ဟိုလို/ဒီလိုလုပ်၍မရဘူးဆိုသည်အား လူတွေကို အာခြောက်အောင် မပြောဘဲ လျှိုချွန်းချိုက်နှင့် တခြားသူတွေကို ဇာတ်လမ်းတွေနှင့် ဟာသပြဇာတ်တိုတွေဖန်တီးပြီး သရုပ်ဆောင်ခိုင်းခဲ့သည်။


လျှိုချွန်းချိုက်က ယခုအတော်လေးစကားပြောကောင်းနေပြီဖြစ်၏။


 "ကျွန်တော် ငယ်ငယ်တုန်းက ဦးလေးက  ကျွန်တော့်ကို မဟုတ်တာတွေ လျှောက်ပြောခဲ့ဖူးတယ်... သူ့မှာ ကျန်းစန်း ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိတယ်... အဲဒီကျန်းစန်းက အဲဒါကို အထူးတလည် ဂရုမစိုက်တတ်ဘူး... ကျင်ကြီး၊ကျင်ငယ် ဘယ်နေရာဖြစ်ဖြစ်  သွားတတ်တယ်... အထူးသဖြင့် ရှေ့ကော့ပန်းရတာကို သဘောကျတယ် ...ဖြစ်ချင်တော့ တစ်ခါကျ  မိုးရွာပြီး နည်းနည်းနောက်ကျနေပြီ ... သူ လမ်းဘေးမှာ ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ကလေးကိုပြမယ်လို့ အရွှန်းဖောက်ပြောလိုက်တယ်... ကောင်မလေးက မကြောက်ဘူး...တကယ်ပြမှာလား ကြည့်မယ်လို့ပြောတယ် ...အဲ့ဒါနဲ့သူက သူ့ပစ္စည်းကို ထုတ်ပြီး ကလေးမလေးကို ယမ်းပြလိုက်တယ်...ကောင်မလေးက သူ့ကို တံတွေးနဲ့ထွေးပြီး တခစ်ခစ်ရယ်ပြီးပြောတယ်...နင့်ငှက်က ရုပ်ဆိုးပေမဲ့ ငါ့ အမြီးကျိုးသွားလို့ ငါ့ကို ငှားလိုက်... "


ရိုးရှင်းသည့် ဇာတ်လမ်းလေးပင်ဖြစ်သော်လည်း  လျှိုချွန်းချိုက်က ပြတ်ပြတ်သားသားနှင့်ထိထိမိမိ ပြောနိုင်၏။အထူးသဖြင့် သူက  ကလေးမလေးတစ်ယောက်လို သူ့လက်ချောင်းတွေကို မြှောက်ပြီး   ကလူ၏သို့မြူ၏သို့  မျက်လုံးတွေနှင့် တခစ်ခစ်ရယ်လိုက်သည်က  ခန်းလုံးအပြည့် ယောကျာ်းအရင့်အမာကြီးများကို  တကိုယ်လုံး ကြက်သီးမွှေညှင်းတွေထသွားစေသည်။


   

"လျှိုချွန်းချိုက်  ငါ့ကို မြန်မြန်ပြော... နောက် ဘာဖြစ်လဲ"


 "ဘာဖြစ်ရမှာလဲ" 


လျှိုချွန်းချိုက်က ပြုံးပြီးဆို၏။ 


 "ဘာလုပ်ရမလဲ... သူ့မှာ တူးစရာ ဘာမှ မရှိတော့ဘူးလေ ...  အဘွားကြီးလို ထိုင်ပေါက်နေရမှာပေါ့ ဟားဟားဟား...  မင်းတို့ထဲက ဘယ်သူက ကျန်းစန်းလို သင်ယူချင်လဲ... ဒါပေမဲ့ အဲဒီကောင်မလေးနဲ့ မဆုံမိအောင် သတိထားပေါ့ ~~"


သူက ထိုသို့ပြောရင်း  လင်းလန်ကိုပင် မျက်လုံးမှိတ်ပြလိုက်သေး  

သည်။


လင်းလန် : "..." 

ဒရာမာထဲ သိပ်မဝင်သွားနဲ့စမ်းး...နင်က  တောက်တဲ့ မဟုတ်ဘူးးး...


 အစည်းအဝေးအပြီးတွင် သူမ တုန်ဟွိုင်ဟွကို နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။ခြံဝင်းတံခါးဝတွင် လှုပ်ရှားသံတစ်စုံတစ်ရာမကြားရသော်လည်း ခြံဝင်းထဲသို့ဝင်သွားသောအခါတွင် ခွေးအိမ်ထဲ၌ ကလေးများစွာကို တွေ့လိုက်ရသည်။


လင်းလန်: "မင်းတို့ဘာလုပ်နေတာလဲ"


ဝမ်ဝမ်က လွန်ခဲ့သော နှစ်လက သားပေါက်လေးများကို သန္ဓေတည်ခဲ့ပြီး ရက်အနည်းငယ်အတွင်း မွေးဖွားမည်ဟု ခန့်မှန်းရသည်။ လင်းလန်က သူ့ အမှန်တကယ် သန္ဓေမရစေချင်ပေ။ ဝမ်ဝမ်က သိပ် မကြီးသေးဟု အမြဲလိုလို ခံစားခဲ့ရ၏။သို့သော်လည်း ကျေးလက်ရှိ ခွေးများသည် လွှတ်ထားကြသဖြင့်  ရာသီချိန်ရောက်လာသောအခါ အပြင်ထွက်ပြီး သူတို့ဘာသူတို့ မိတ်လိုက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။ သူမအနေဖြင့်  သဘာဝတရား၏လမ်းစဉ်ကို ခွင့်ပြုထားရုံသာ တတ်နိုင်သည်။


ခွေးမက ကလေးမွေးနေပြီး သူတို့က စောင့်ကြည့်နေသည်ဟု သူမထင်သည့်အတွက် အဝေးကို အမြန်သွားခိုင်းလိုက်၏။ဒီလိုအရာတွေကို ကြည့်ရန်က သူတို့အတွက် အဆင်မပြေပေ။ သူမ လျှောက်သွားသောအခါ ဝမ်ဝမ်က  ကလေးများ မမြင်ကွယ်ရာ  လှောင်အိမ်ထဲတွင် အားမရှိသော ပုံစံဖြင့် ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။


မမွေးရသေးသဖြင့် သူမ သက်ပြင်းတစ်ချက်ချကာ ကလေးများကို ဤနေရာတွင် လာပြုံတိုးမနေရန်  အမြန်ပြောလိုက်၏။


ထို့ကြောင့် ဒုတိယနေ့အရုဏ်မတက်မီတွင် တဝမ် အိမ်သာသွားပြီး ထွက်လာသောအခါ ခွေးလှောင်အိမ်အတွင်းမှ လှုပ်ရှားသံကြားရသဖြင့် လှမ်းကြည့်လိုက်သည်။


သူက "ခွေးလေးးးး" ဟု အော်လိုက်၏။


မနေ့ညက ညသန်းခေါင်တွင် မွေးဖွားခဲ့ခြင်း ဖြစ်နိုင်သည်။သူတို့အကုန်လုံးက မိခင်ခွေးမကြီးခန္ဓာကိုယ်အောက်မှာ အိပ်နေကြပြီး သားမွေးက အလွန်ချစ်စရာကောင်း၏။


 တဝမ် အံသြသွားသည်။


စန်းဝမ်က သူ့အဝတ်အစားများကို ပထမဦးဆုံးဝတ်ကာ  ခြေအိတ်များကို ဆွဲကာ ဝတ်ရန်သတိမရဘဲ အမြန် ပြေးတော့၏။ 

"ငါကြည့်မယ်...ငါကြည့်မယ်... "


 မကြာခင် တစ်မိသားစုလုံး နိုးလာပြီး ဟန်ချင်စုန့်ကိုပင် အတူတူပျော်စရာ ကြည့်ရန် လင်းလန်က  ဆွဲထုတ်လာသည်။ 


ရှောင်ဝမ် နှင့် ဝမ်ဝမ်က  အနီးကပ်ဆုံးဖြစ်သည်။ပြီးခဲ့သောနှစ်တွင် ၎င်းတို့သည် ခွဲမရလုနီးပါးဖြစ်ခဲ့သည်။ ဝမ်ဝမ်က ကြီးပြင်းလာသောအခါတွင် သူတို့မခွဲထွက်ခင်ထိ  စန်းဝမ်နှင့်လည်း ကောင်းကောင်းကစားပြန်သည်။


စန်းဝမ်က  ခွေးပေါက်လေးကို ပွေ့ဖက်ရန်ပြေးသွား၏။  ခွေးအမေက သားဇောနှင့် ကိုက်မှာစိုးသဖြင့် လင်းလန်က သူ့ကို မလှုပ်ရန် ပြောခဲ့ငည်။


ရှောင်ဝမ် : "မားမား...ဝမ်ဝမ်နဲ့ ရှောင်ဝမ်ဝမ်ကို အိမ်ထဲကို ခေါ်သွားရအောင်"


ခွေးအိမ်က သေးသေးလေးဖြစ်သဖြင့် အိမ်ထဲ လောက် သက်တောင့်သက်သာရှိမည်မဟုတ်ပေါ ထို့အပြင် မိုးရွာနေသည့်အတွက် အပြင်မှာ စိုစွတ်နေ၏။


လင်းလန်ကလည်း သဘောတူလိုက်သည်။


ကလေးအချို့ကို ညွှန်ကြားပြီး ကောက်ရိုးတချို့ ယူကာ ပင်မအခန်းထောင့်တွင် ထားလျက် စပါးခွံအချို့ကို ဖြန့်ခင်းလိုက်သည်။ ဝမ်ဝမ်  ၏ခွင့်ပြုချက်ဖြင့်  ကောက်ရိုးဆန်ခါတစ်ခုအသုံးပြုပြီး ရှောင်ဝမ်ဝမ်လေးများကို ဝမ်ဝမ်နှင့်အတူ အိမ်ထဲသို့အတူတူ ခေါ်ခဲ့သည်။


လင်းလန်က အသိုက်ကို လှမ်းကြည့်သော်လည်း ခွေးအချင်းကို ရှာမတွေ့ခဲ့ပေ။ ညနက်သန်းခေါင်တွင် မွေးသဖြင့် အားအင်ပြန်လည်ဖြည့်တင်းရန် စားလိုက်ခြင်းဖြစ်မည်ဟု တွေးလိုက်၏။ 


ခွေးပေါက်လေးငါးကောင်က မျက်လုံးမပွင့်သေးဘဲ ဆန်ခါထဲတွင် ဘေးချင်းကပ်လျက် ဗိုက်ကလေးများနိမ့်တုံမြင့်တုံလှုပ်လျက် လဲလျောင်းနေကြသည်။ နူးညံ့ပြီး ချစ်စရာကောင်းကြသဖြင့် တစ်မိသားစုလုံး မျက်လုံးမလွှဲနိုင်ကြပေ။


လင်းလန် မနက်စာ ကို အမြန်ပြင်ဆင်ပြီး ခွေးအမေအတွက် ပူပူနွေးနွေးအစာ ကျွေးချင်ခဲ့သည်။

တဝမ်မှလွဲ၍ ကလေးတွေက  ထိုနေရာ၌  လဲလျောင်းကကာ ခွေးပေါက်လေးများကို ပွတ်သပ်နေကြ၏။ ဝမ်ဝမ်ကလည်း လဲလျောင်းကာ ကြင်နာစွာ ကြည့်နေပြီး ကန့်ကွက်ခြင်းမပြုခဲ့ပေ။


Xxxxxx