အပိုင်း ၄၂၉-၄၃၀
Viewers 23k

Part 429


လင်းလန် မနက်စာ ကို အမြန်ပြင်ဆင်ပြီး ခွေးအမေအတွက် ပူပူနွေးနွေးအစာ ကျွေးချင်ခဲ့သည်။

တဝမ်မှလွဲ၍ ကလေးတွေက  ထိုနေရာ၌  လဲလျောင်းကကာ ခွေးပေါက်လေးများကို ပွတ်သပ်နေကြ၏။ ဝမ်ဝမ်ကလည်း လဲလျောင်းကာ ကြင်နာစွာ ကြည့်နေပြီး ကန့်ကွက်ခြင်းမပြုခဲ့ပေ။


ဟန်ချင်စုန့်က သူ့လက်ထဲတွင် ဝီစီကို ကိုင်ထားရင်း လင်းလန်၏ လက်ကောက်ဝတ်ကို ကိုင်ပြီး  သူမနာရီကို ကြည့်လိုက်သည်။


လင်းလန်က ပြုံးပြီး သူ့လက်ကို ကိုင်ကာပြော၏။

 "လာ...ခွေးပေါက်လေးကို ပွတ်လှဲ့"


သူမက တဝမ်ကိုလည်းပြောလိုက်သည်။


တဝမ် : "... "

ငါ ငြင်းတယ်...


စန်းဝမ်နှင့်ရှောင်ဝမ်က သူ့ကို ဆွဲကိုင်ခိုင်းပြီး

 "အစ်ကိုကြီး လာကိုင်ကြည့်... ထိလို့ အရမ်းကောင်းတယ်"


လင်းလန် ဟန်ချင်စုန့်ကို ဆွဲခေါ်ပြီး စန်းဝမ်နှင့်ရှောင်ဝမ်က  သူ့တို့အစ်ကိုကြီး ဆွဲခေါ်ကာ ခွေးပေါက်လေး၏ အမွေးအမှင်နှင့် နူးညံ့ပျော့ပျောင်းသော အသားအရေကို ကိုင်ခိုင်းသည်။ 


ဟန်ချင်စုန့်က လင်းလန်၏လက်ကိုပဲ ထိပြီး လင်းလန်၏လက်ကို  ဆုပ်ကိုင်ထားသည်။သူက ခွေးလေးကို ပွပ်သပ်ရန် စိတ်မဝင်စားဘဲ ထိုအစား  လင်းလန်၏ခေါင်းကို ပုတ်လိုက်သည်။


လင်းလန် : "..."

ရှင်ဘယ်ဟာကို ယှဉ်နေတာလဲ...


 တစ်ဖက်မှာ တဝမ်ကို သူ့ညီလေးနှစ်ယောက်က ချုပ်ပြီး ခွေးပေါက်လေးကို ထိခိုင်းနေ၏။ သူ့လက်တွေက ၎င်းကို ပထမဆုံးထိလိုက်သည်နှင့် မနေနိုင်ဘဲ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ အမွေးတွေက နူးညံ့လွန်း၍ သူ့အတွက် မယုံနိုင်စရာပါပင်။ သူ့နှလုံးသားထဲမှာ တစ်စုံတစ်ခုက တိတ်တိတ်လေး   အရည်ပျော်သွားပြီး အလွန်ထူးဆန်းသလို ခံစားလိုက်ရသည့်အတွက် အလျင်အမြန်  ထွက်ပြေးသွားခဲ့၏။ 


မိုင်စွေ့က  ခွေးလေးကို ပွေ့ဖက်ထားပြီး လွှတ်မပေးဘဲ နေသည်။ မွေးခါစ ခွေးပေါက်လေးက အလွန်ချစ်စရာကောင်းပြီး ထိ၍ကောင်းသဖြင့် ရပ်တန့်ရန်ခက်လှ၏။


အမှန်တွင် ကျေးလက်ရှိခွေးတွေက  မွေးတုန်းက ထွားပြီး ဝိုင်းစက်ကာ ချစ်စရာကောင်းပေမဲ့ ကြီးပြင်းလာချိန်မှာ ချစ်စရာကောင်းမှာ မဟုတ်တော့ပေ။ ဘယ်သူက မွေးကင်းစခွေးပေါက်လေးတွေကို ငြင်းဆန်နိုင်မှာလဲ...


မိုးရွာပြီး အပြင်မှာ ရွှံ့တွေထူနေသဖြင့် မနက်ခင်းလေ့ကျင့်ခန်းတွေကို အိမ်တွင်းလေ့ကျင့်ခန်းအဖြစ် ပြောင်းလိုက်သည်။


အစာစားပြီးနောက် ကျောင်းတက်ချိန်အထိ  စန်းဝမ် အပြင်ထွက်ရန် တွန့်ဆုတ်နေသေးသည်။ သူ အိမ်တွင် ခွေးနှင့်ကစားရန် ကျောင်းသွားပြီး တစ်ရက်မစောင့်နိုင်ပေ။  


 “ခဏလောက်ထိ ထိပါရစေဦး... အရမ်း ထိလို့ကောင်းတာပဲ"

 

သူက ရှောင်ဝမ်ဆီကိုလည်း ညည်းတွားလိုက်သေး၏။


 "မင်း ငယ်ငယ်တုန်းက မားမားနို့ကို စို့ခဲ့တယ်...ငါလုမစို့ခဲ့ဘူး...ငါ နို့စို့ချင်တယ်"


ရှောင်ဝမ်က   တခစ်ခစ်ရယ်သည်။


မိုင်စွေ့က  ရယ်ပြီးပြော၏။


 "တစ်ကောင်ကို ကျောင်းခေါ်သွားလို့ရမလား... အတန်းထဲမှာ ကိုင်ထားရရင် အရမ်းပျော်စရာကောင်းတယ်"


စန်းဝမ်နှင့်ရှောင်ဝမ်တို့လည်း အတော်လေး  စိတ်လှုပ်ရှားသွားခဲ့ကြသည်။


 လင်းလန်အပြုံးတစ်ခုနှင့် လောဆော်လိုက်၏။ "မြန်မြန် ကျောင်းသွားတော့... ခွေးလေးတွေက နို့စို့တော့မှာ"


 မိုးမရွာလျှင် ကျောင်းကပြန်ဖွင့်မည်ဖြစ်ပြီး အချိန်ဖြုန်းစရာမရှိပေ။ နေ့ခင်းဘက်တွင် လင်းလန် တစ်နေကုန် အပြင်ထွက်လုပ်စရာရှိသဖြင့် မိုင်စွေ့နှင့် အားဝမ်တို့ကို နေ့လယ်စာ ချက်ပြုတ်ခိုင်းလိုက်သည်။


ညနေစောင်း သူမ တခြားရွာကပြန်လာသောအခါ ပင်မခန်းထဲကို ဝင်လိုက်သည်နှင့် စန်းဝမ်နှင့်ရှောင်ဝမ်က ရှောင်ဝမ်ဝမ်လေးတွေနှင့် တန်းစီပြီး ဝမ်ဝမ့်နို့တွေကို ဖင်ကုန်းပြီး ဝိုင်းစို့နေသည်ကို တွေ့လိုက်ရ၏။ 


လင်းလန်: "...!!!" 


အမေအိုကြီးက ထိုကဲ့သို့ ဝမ်းနည်းပူဆွေးစရာကောင်းသည့် စစ်ဆင်ရေးကို သည်းမခံနိုင်ပေ။


[စာရေးသူပြောလိုသည်မှာ ဤဇာတ်ကွက်သည် ကျွန်ုပ်၏မောင်ဖြစ်သူကို အခြေခံထားခြင်းဖြစ်သည်။ [သူကကလေးဘဝတုန်းက နေ့လယ်ခင်းမှာ ဘယ်တော့မှ  မအိပ်ဘူး...ပုစဉ်းရင်ကွဲသွားဖမ်း ဒါမှမဟုတ် ခွေးခေါ်ပြီး လျှောက်ပတ်သွားနေတာ...  သူခွေးနို့စို့နေတာကို ကိုယ့်မျက်စိနဲ့  မြင်လိုက်ရတယ်...အဲ့ဒီတုန်းက ရှော့ရသွားတာ...   အရသာက ဘယ်လိုလဲ၊ အရသာရှိလားဆိုပြီး ... အဲဒီတုန်းက ချစ်စရာကောင်လေးက အခုတော့အဆီများတဲ့ ဦးလေးတစ်ယောက် ဖြစ်သွားတာ စိတ်မကောင်းစရာပဲ]


အမြင်အာရုံက အားကောင်းလွန်းနေသဖြင့် လင်းလန် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်လုပ်ပြီးမေးလိုက်ရသည်။ 


"ခွေးနို့က အရသာရှိလား... ဘယ်လိုအရသာလဲ" 


လင်းလန်၏ အသံကိုကြားသောအခါ ရှောင်ဝမ် က ခေါင်းလှည့်ပြီး ပါးစပ်ကို သုတ်ရင်း ဝမ်းသာအားရ ရယ်မောလျက်ဆို၏။

 "မားမား သောက်ချင်လို့လား"


လင်းလန် : "...ပေါင်ပေါင်း  ခွေးမေမေက ခွေးပေါက်လေးငါးကောင်ကို တိုက်ချင်နေမှာပေါ့... သူတို့ကိုဆီကမလုနဲ့...လိမ္မာလေနော်"


ရှောင်ဝမ်က ချက်ခြင်းထပြီး စန်းဝမ်ကို ဆွဲထူလိုက်သည်။

 "စန်းတိ ... မစို့နဲ့.. ခွေးပေါက်လေးတွေအတွက် မလောက်တော့ဘူး"


အမှန်တွင် သူတို့လည်း မစို့နိုင်ပါချေ။စန်းဝမ်က  သူ့မှာ နို့စို့သည့်မှတ်ဉာဏ်မရှိသောကြောင့် သူကိုယ်သူ နို့မစို့ဖူးဘူးဟုမှတ်ယူပြီး အရသာခံချင်ခဲ့သည်။


စန်းဝမ်က ထပြီး ပါးစပ်ကို သုတ်ကာ အသံမြည်အောင်စုတ်ရင်းဆို၏။

 “အရသာက မဆိုဘူး” 

 သူ မကောင်းဘူးဟု ဝန်မခံနိုင်ပေ။


လင်းလန် သူမမျက်နှာကို အုပ်ကာ ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။


"ပလုပ်သွားကျင်းချေ"

သူမ ထိုဟာကို တခါမှ မစားဖူးသေးသည်ဖြစ်ရာ ခွေးနို့တိုက်ရိုက်စား၍ရမရ မသိပေ။ မည်သို့ပင်ဖြစ်စေ  ဆိတ်နို့ပင်လျှင် ပိုးသတ်ခြင်းဖြစ်စေ ကျိုခြင်းဖြစ်စေပြုရသေး၏။


သူတို့က အများကြီးမစို့ဘဲ  အများဆုံး အရသာခံရုံဟုပြော၍ရသည့်အတွက်  ဘက်တီးရီးယားနှင့် တခြားဟာလိုမျိုးတွေ ရှိမှာ မဟုတ်ချေ။


စန်းဝမ်က ချစ်စရာအကောင်းဆုံး ခွေးပေါက်လေးကို ချက်ချင်းယူလိုက်ပြီး လင်းလန်၏လက်ထဲထည့်ပေးလိုက်သည်။

 "မားမား...ရှောင်ပိုင်က လက်ယဥ်တယ်... ကြိုက်သလို ကိုင်လို့ရတယ်"

 (T/N–Xiao Bai=အဖြူလေး)


ဝမ်ဝမ်က အဝါညစ်ရောင်  ခွေးတစ်ကောင်ဖြစ်၏။  တပ်မဟာက ဘယ်ခွေးနှင့်ပေါင်းခဲ့မသိ၊ ခွေးပေါက်လေးတွေ မွေးလာခဲ့၏။ကာကီရောင်နှစ်ကောင်၊ကာကီရောင်ကို ခေါင်းအဖြူနှင့် တစ်ကောင်၊ အဖြူအမည်းစပ်ကြားတစ်ကောင်နှင့်  အနက်ရောင်ချည်းတစ်ကောင်ဖြစ်လေသည်။


အရောင်လေးရောင်နှင့် ခွေးပေါက်လေးငါးကောင်က တကယ်ကို ရှုပ်ထွေးနေပြီဖြစ်သည်။


အနှီခွေးအဖြူလေးက ချစ်စရာအကောင်းဆုံးနှင့် အမိုက်မဲဆုံးဖြစ်ပြီး နို့စို့ရမှန်းပင်မသိချေ။သူက ညီအကိုမောင်နှမများကြားတွင် ပိညှပ်နေရခြင်းကို နှစ်သက်သည်။ ၎င်းကို စန်းဝမ်က  ဘေးဖယ်ပြီး ရှောင်ဝမ်က နို့ဝင်စို့ခဲ့သော်လည်း ခုခံမှုပင် မလုပ်ခဲ့ပေ။


လင်းလန် ခွေးပေါက်လေးကို ဖက်ကာ ပွတ်သပ်ပေးလိုက်ရာ ၎င်းက သက်တောင်သက်သာရှိစွာ ညည်းသံပြု၍   အိပ်ပျော်သွားသည်။


 လင်းလန် : "..." 

မင်းက နို့တွေ လုယက်ခံရပြီးတာတောင် မငိုခဲ့ဘူးလို့ ပြောတယ်... မင်းက တကယ့်ကို ဗုဒ္ဓခွေးကလေးပဲ...


တဝမ်တို့ သုံးယောက်သား မြက်ရိတ်ရာမှ ပြန်လာကြသည်။ စန်းဝမ်က ရှောင်ဝမ်ကို ခွေးနို့စို့ရန် ခေါ်သွားသည်ကိုကြားသောအခါ တဝမ်က တခဏလောက် ကြောင်အသွားပြီး မိုင်စွေ့နှင့်အားဝမ်တို့က  ရယ်ကုန်သည်။


 မိုင်စွေ့  : "စန်းဝမ်...  နင်က မြက်ရိတ်ဖို့ ငါ့နဲ့ကျ လိုက်မလာဘူး... ပင်ပန်းနေတယ်လို့ ပြောပြီး ခွေးနို့ကို သွားခိုးစို့တယ်..  ရယ်စရာကောင်းလိုက်တာ ... ခွေးနို့တောင်ခိုးစို့နေသေးတယ် ဟားဟားဟား "


အားဝမ်လည်း မရယ်ဘဲမနေနိုင်ပေ။

"အရသာရှိလား... ဘယ်လိုအရသာမျိုးလဲ"


စန်းဝမ်က  ဂုဏ်ယူစွာ ဆိုလိုက်၏။

"ဘယ်လိုလဲဆိုတာ နောက်မှပြောပြမယ်...ဒါပေမဲ့ အရသာရှိတယ်"


 

Xxxxx

Part 430


စန်းဝမ်က  ဂုဏ်ယူစွာ ဆိုလိုက်၏။


"ဘယ်လိုလဲဆိုတာ နောက်မှပြောပြမယ်...ဒါပေမဲ့ အရသာရှိတယ်"


လင်းလန်က ကလေးတွေကို ညစာချက်ခိုင်းလိုက်ပြီး အလုပ်ရှုပ်နေသည်။ ဟန်ချင်စုန့်က  မိုးရွာနေသည့်အတွက် လမ်းက ရွှံ့တွေနှင့်ဖြစ်သဖြင့် ဤရက်ပိုင်းမှာ  လမ်းလျှောက်အသွားအပြန်သာလုပ်နေရ၏။


 လင်းလန် : " ကလေးတွေ ကြည့်လှည့် ... မင်းတို့အဖေက ဘာသယ်လာတာလဲ"


ကလေးတွေက ပြေးထွက်လာကြသည်။ 

အဖေက တကယ်တော့  ကြက်တစ်ကောင် သယ်လာတာပဲ...


 "ဝိုးးး" 

သူတို့မိသားစု တရုတ်နှစ်သစ်ကူးကတည်းက ကြက်သားမစားရသေးချေ။နောက်တစ်ခုက ခြံမှာ ဥဥရန်ကြက်တွေ မွေးမြူထားပြီး ကြက်တွေရှိလျှင်ပင် နှစ်သစ်ကူးကာလမှာ မသတ်ခင်အထိ မွေးမြူထားရသဖြင့် မတော်တဆသာမဖြစ်ခဲ့ပါက ပုံမှန်နေ့တွေမှာ ကြက်သားစားရန်က မဖြစ်နိုင်ပါချေ။


ယမန်နှစ် တရုတ်နှစ်သစ်ကူးတုန်းက ဟန်ချင်စုန့်က ​​ဆုတွေအများကြီးရခဲ့ပြီး တစ်ခါစားခဲ့ရသည်။ယခုနှစ်မှာလည်း ဆုတွေရှိပေမဲ့ ဆန်၊ ဂျုံ၊ အစေ့အဆန်တွေ၊ ဆီနှင့် ဝက်သားတွေချည်းဖြစ်ကြပြီး သူတို့  ကြက်သားမစားရသေးပေ။


 "အဖေ...ကြက်ကို ဘယ်ကရခဲ့တာလဲ" 


စန်းဝမ်က  အရင်ပြေးပြီး ဟန်ချင်စုန့်ဆီက ကြိုး ချည်ထားသည့် ကြက်ကို ယဥ်ကျေးပျူငှာ စွာ ယူလိုက်၏။


ကြက်ကညစ်ပတ်သည်ဟုထင်သည့်အတွက် ဟန်ချင်စုန့်က သူ့ကိုမပေးခဲ့ပေ။ထိုအစား ကြက်ခြံထဲမှာ ခဏတဖြုတ်ပြန်ထားခဲ့ပြီး သတ်ပြီး စားဖို့ရာ ပြောရန် လင်းလန်ကိုစောင့်နေခဲ့သည်။ သူက ရိုးရိုးရှင်းရှင်းပြောခဲ့၏။


"အမွှေးနှုတ်ပြီး တစ်ခြမ်းမျှလိုက်”

ထိုသို့ပြောပြီးနောက် လက်ဆေးရန် ထွက်သွားခဲ့သည်။


 လင်းလန်က ကလေးတွေ အတွက် ချက်ချင်း ဘာသာပြန်ပေးလိုက်သည်။အမှန်တွင် ၎င်းကို တင်းကြပ်စွာ ထိန်းချုပ်ထား၏။ လူနှစ်ယောက်လျှင် ကြက်တစ်ကောင်ဖြစ်ပြီး ယင်းက စုပေါင်းစပ်ပေါင်းကြက်ခြံဖြစ်လျှင်ပင် မများလွန်းသင့်ပေ။ ပိုသည့်ဟာက ​ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။


ကလေးတွေက နားမလည်ပေမဲ့ လူတိုင်းက ယခုလိုသတ်မှတ်ထားခြင်းဖြစ်သဖြင့် မသိချင်ကြပေ။


စန်းဝမ်က ရှောင်ပိုင်ကို သူ့ရင်ခွင်ထဲထည့်ပိုက်ထားပြီး  အပေါ်အောက် ပွတ်သပ်နေသည်မှာ မဖွယ်မရာလုပ်နေသည့် လူတစ်ယောက်လို ဖြစ်နေသည်။


..

လင်းလန်က ကလေးတွေကို ထမင်းပွဲပြင်ခိုင်းလိုက်၏။


နွေရာသီ ဟင်းသီးဟင်းရွက် ဥယျာဉ်တွင် ဟင်းသီးဟင်းရွက် အမျိုးပေါင်း များစွာ ရှိပြီး ဟင်းအမယ်တွေကိုလည်း ပြောင်းလဲ နိုင်သည်။လင်းလန်ကလည်း  ညတိုင်း စားပွဲ အပြည့် ဖြစ်အောင်  ချက်သည်။ သူများအိမ်တွေလို ဒုက္ခသက်သာဖို့အတွက် ဟင်းအနည်းငယ်ကို အိုးထဲပစ်ထည့်ပြီး ပေါင်းချက်လိုက်သည်နှင့်မတူပေ။ယင်းက မည်သည့်ဟင်းအမယ်၏ အရသာကိုမှ မမြည်းစမ်းနိုင်ဘဲ အကုန်လုံးဆိုရွားသွားသလိုခံစားရ၏။


ပဲသီးကိုကြော်၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်နီများကို ကြော်ရန်အတွက် ဆီအနည်းငယ်ကို အသုံးပြုကာ ပျော့သွားသည်အထိ မွှေကြော်ပြီးနောက် ရေနွေးအနည်းငယ်ထည့်ကာ ဆူအောင်တည်ထားပါက အလွန်မွှေးလာမည်ဖြစ်သည်။ နွေရာသီမှာ အကြိုက်ဆုံး အအေး ဟင်းလျာများ ဖြစ်သည့် ခရမ်းချဉ်သီးအေး ၊ ကြက်သွန်ဖြူ သခွားသီး ၊ ကြက်သွန်ဖြူ ခရမ်းသီးနှင့် ကြက်ဥစွတ်ပြုတ်လိုမျုး ဟင်းအမယ်တွေက မရှိမဖြစ် လိုအပ်သောကြောင်း တစ်မိသားစုလုံး အရသာ ရှိစွာ စားသုံးနိုင်ကြ၏။


စန်းဝမ်က  အစာစားနေစဉ် ခွေးဖြူလေးကို ပွေ့ဖက်ရန် မမေ့ဘဲ ၎င်းကို ကြက်ဥပြုတ်စွပ်ပြုတ် တိုက်ချင်ခဲ့သည်။


လင်းလန်က သူ့ကိုတားလိုက်၏။


" ရက်အနည်းနည်းလောက် အမေနို့ပဲတိုက်ထားဦ...မဟုတ်ရင်  ဝမ်းပျက်သွားလိမ့်မယ်။း"


စန်းဝမ်က   နာခံသည့်အတွက် ရှောင်ပိုင့်ကို နို့စို့ရအောင် အမြန်ပြန်ထားလိုက်သည်။


ညစာစားပြီးနောက် စန်းဝမ်က ညီအကိုမောင်နှမများကို ပုစဥ်းရင်ကွဲသွားရှာရန် ခေါ်သော်လည်း တဝမ်က သွားရန် ငြင်းခဲ့၏။ 


စန်းဝမ် : "အစ်ကိုကြီး မိုးရွာနေတာ...ပုစဥ်းရင်ကွဲတွေအများကြီးရှိနေတယ်... ​​ဘာလို့မသွားတာလဲ"


တဝမ်: "စာအုပ်ဖတ်မလို့"


လင်းလန်နှင့်  ကလေးတွေ:ဘာ... စာအုပ်ဖတ်မယ်... ဟားဟား...အနောက်က နေထွက်လာတယ် ဟားဟားဟား...


 သူတို့၏ အံ့အားသင့်နေသော အမူအရာများကို မြင်လိုက်ရသောအခါ  တဝမ် မျက်နှာကြီးမည်းသွားပြီး အမူအရာမဲ့လျက်ပင် အခန်းထဲသို့  ဝင်သွားကာ စားပွဲပေါ်တွင် မီးခွက်ထွန်း၍ ထိုင်ရင်း စာအုပ်တစ်အုပ်ကို လေးနက်စွာ ဖတ်နေလေသည်။


လင်းလန် ၎င်းကို တိတ်တိတ်လေး သေချာလိုက်ကြည့်လိုက်၏။


 စာအုပ် တကယ်ဖတ်နေတာဟ... 


သူမ ဟန်ချင်စုန့်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး "စန်းကော... " ဟု စိုးရိမ်တကြီး ပြောလိုက်သည်။ 


လူပျိုဖော်ဝင်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေများ ပိုပြင်းထန်လာတာလား ...နည်းပေးလမ်းညွှန်လုပ်ဖို့ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်များလိုအပ်လိမ့်မလား...


ဟန်ချင်စုန့် သူမလက်ကို ပြန်လည်ဆုပ်ကိုင်ပြီး စိုးရိမ်စရာမရှိကြောင်း အမူအရာပြလာ၏။ သူ့ သူ့မျက်လုံးများက သားသမီးနှင့် မြေးမြစ်များတွင် ကိုယ်ပိုင်  ကောင်းချီးများရှိသောကြောင့် ၎င်းတို့အတွက် စိတ်မပူပါနှင့်ဟု ပြောနေသကဲ့သို့ပင်။


သူဘက်နေစပြီး ကလေးတွေကို ဂရုစိုက်ဖို့ လမ်းကြောင်းလာတာမျိုး မရှိသလောက်ပဲ ဟမ့်...


လင်းလန်က သူ့ကို အနည်းငယ် မကျေမနပ်သည့် အကြည့်ပေးလိုက်သည်။


စန်းကော... ရှင်က  ဗုဒ္ဓဘာသာဝင် ဖခင်စစ်စစ်ပါနော်...


ဟန်ချင်စုန့်: ဘာဖြစ်လို့လဲ


လင်းလန်က သူ့ကို ချိုချိုသာသာ ပြုံးပြပြီး အဆင်ပြေသည့်အတွက် သိပ်စိတ်မပူရန် ပြောလိုက်သည်။


........


ဟန်ကျင်းယု၏အိမ်ထောင်ရေးကြောင့်  ထိုနေရာသို့သွားရောက်ဆွေးနွေးခဲ့ပြီး ညီအစ်ကိုများသည် မိသားစုခွဲထွက်ခြင်းစည်းမျဉ်းများအတိုင်း ခန်းဝင်ပစ္စည်းထည့်ဝင်ကြသည်။


လင်းလန် သူမကအိမ်မှာ သန့်ရှင်းရေးလုပ်စရာရှိသဖြင့် သူ့ကို့ တစ်ယောက်တည်း  သွားခိုင်းလိုက်၏။မြို့ကလူတွေနှင့်မတူဘဲ လယ်တောအိမ်မှာ လုပ်စရာသိပ်မရှိပေ။ထောင့်များကို အတွင်းအပြင်သန့်ရှင်းရေးလုပ်ရသည်ကသာ အချိန်အတော်ကြာလေသည်။


ကလေးများ ပုစဥ်းရင်ကွဲသွားရှာရာမှ  ပြန်လာသောအခါ လင်းလန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးဖြစ်ကာ တဝမ်ကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးသင့်သည်ဟု ခံစားခဲ့ရသည်။


သူမ အားဝမ်ဆီသို့ ဦးစွာသွားကာမေးလိုက်၏။ "ကျောင်းမှာ မင်းအစ်ကိုကြီး ပြဿနာတစ်ခုခုရှိလား"


 အားဝမ်: "အဆင်ပြေပါတယ်..  သူက အတန်းထဲမှာ ဂရုတစိုက်နားထောင်နေတာ"


 "တကယ်လား... ဒါဆို အခုတလော သူစကားပြောရတာ ကြိုက်တဲ့သူရှိလား ” 


လင်းလန် လူပျိုဖော်ဝင်စဖြစ်သဖြင့် ကောင်မလေးတွေကို သဘောကျနေသလားဟု သိချင်ခဲ့သည်။သူက အသက် 12 နှစ်ပဲရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင်ထက်မြက်နေတာလေ...


အားဝမ်က  ခဏလောက်စဉ်းစားပြီး

"မဖြစ်နိုင်ဘူး... အစ်ကိုကြီး ဘယ်သူနဲ့မှ စကားပြောရတာမကြိုက်ဘူး... စကားသိပ်မပြောတတ်ဘူး" 


သူတို့က အခန်းကြီးကြီးသုံးခန်းမှာ  ကျောင်းသားတွေအားလုံးကို နေရာချပေးထား၏။ မိုင်စွေ့နှင့်အားဝမ်တို့က   အတန်းကျော်ခဲ့လျှင်ပင် သူတို့မူရင်းနေရာတွေရှိနေသေးသဖြင့် တဝမ်ကို ကောင်းကောင်းသိကြသည်။


ကြည့်ရသည်မှာ မှန်းဆရန် သာမာန်အသိကိုသုံး၍ မဖြစ်နိုင်ပုံရသည်။

 

လင်းလန်:"သူတစ်ယောက်ယောက်ကို အမြဲကြည့်နေတာမျိုးရှိလား"


အားဝမ်:"အတန်းထဲမှာ မိန်းကလေးအသစ်နှစ်ယောက်ရှိတယ်...သူတို့ကိုတော့ကြည့်တယ်"


လင်းလန် ချက်ချင်းဆိုသလို နိုးနိုးကြားကြား ရှိလာ၏။

"တော်တော်လေးလှလား"


အားဝမ်: "ချိုက်ဟွားနဲ့ယန်ယန်"


လင်းလန် ပိုနိုးကြားလာပြီး

 "ဘယ်သူကိုကြည့်နေတာလဲ...ချိုက်ဟွားလား... ယန်ယန်လား"


အားဝမ် လင်းလန်ကို အမွေးနီနီနှင့် ကြက်မအိုကြီးတစ်ကောင်နှင့်တူနေသဖြင့် သံသယဖြစ်စွာ မေးလိုက်သည်။  


"မားမား... ဘာတွေတွေးနေတာလဲ...သားအစ်ကိုက ဘယ်သူ့ကိုကြည့်ရမှာလဲ... ဘယ်သူကိုမှ မမြင်နိုင်ဘူး"


လင်းလန် စိတ်သက်သာရာရသွားသော်လည်း ၎င်းကို တွေးကြည့်ပြီးနောက် မိုင်စွေ့ကို ထပ်မေးပေမဲ့ အဖြေကအားဝမ်နှင့်အတူတူပါပင်။ 


သူမ စန်းဝမ်ကိုပါ  တိတ်တိတ်လေး  မေးလိုက်သည်။


Xxxxxx