အပိုင်း ၄၃၁-၄၃၂
Viewers 23k

Part 431


လင်းလန် စိတ်သက်သာရာရသွားသော်လည်း ၎င်းကို တွေးကြည့်ပြီးနောက် မိုင်စွေ့ကို ထပ်မေးပေမဲ့ အဖြေကအားဝမ်နှင့်အတူတူပါပင်။ သူမ စန်းဝမ်ကိုပါ  တိတ်တိတ်လေး  မေးလိုက်သည်။


စန်းဝမ်က   ရယ်ပြီးပြော၏။

 "မားမား... အစ်ကိုကြီး မားမားကို တနေကုန် ခိုးကြည့်နေတာ ...အဲ့ဒါကို မားမားသိလား"


လင်းလန်: "..." 


နင် ငါ့ကို ဘာလုပ်စေချင်တာလဲ...ငါ့မှာ လျှို့ဝှက်ချက် တစ်ခုမှမရှိဘူးနော်... 


စန်းဝမ်က လင်းလန်၏ခါးကို ပုတ်ပြီးဆိုလေသည်။


 "မားမား..  စိတ်မပူပါနဲ့ အစ်ကိုကြီး အဆင်ပြေပါတယ်...ဘယ်သူမှာ အဲ့လိုရက်တွေ မရှိဖူးလို့လဲ" 

 

လင်းလန်: "... ဘာရက်တွေလဲ"


ဘေဘီ မင်းက မင်းအစ်ကိုကြီးထက် ပြသနာတွေ ပိုကြီးနေပုံရတယ်...


စန်းဝမ် : "စိတ်အခြေအနေ  မကောင်းလို့ ကိုယ့်ကိုယ်ကိုတောင် မဖြစ်ချင်ဘူး"


 လင်းလန်: "...လာမားမားကို​ပြော... ဘာလို့ စိတ်အခြေအနေမကောင်းပြီး ကိုယ့်ကိုယ်ကို မဖြစ်ချင်တာလဲ... သားက ဘယ်သူဖြစ်ချင်တာလဲ... မားမာလည်းအဲ့လိုဖြစ်ဖူးတာပဲ"


စန်းဝမ်: " ဟီးဟီး... မားမားကအဖေနဲ့ဆိုရင် ကလေးလိုပဲဆိုတာ သားမသိဘူးမထင်နဲ့..."


အလကား  ဖက်ချင်လို့၊ကိုင်ချင်လို့၊အချော့ခံချင်လို့ချည်း...ဘယ်မှာမှ စိတ်အခြေအနေမကောင်းတာမဟုတ်ဘူး...


ဒါပေမဲ့ ဒီတိတိက အခုအသက်ဆက်ရှင်လိုစိတ် ပြင်းပြနေတော့ အဲ့ဒါကိုပြောမှာမဟုတ်ဘူး...


ဟေ့ ဒီကောင်လေးးး... လင်းလန်က သူ့နားရွက်ကို လိမ်ပြီး “သွား ခြေထောက် ရေဆေးချေ"ဟုပြောလိုက်သည်။ 


ငါ့မှာ နှစ်ရက်လောက် ရေမကူးရတဲ့အပြင် ခြေထောက်လည်း ရေဆေးရဦးမယ်... 


စန်းဝမ်က ရယ်ပြီး ရှောင်ပိုင်နှင့်သူညီလေးကို သွားစလေ၏။


စန်းဝမ်  နှင့် ရှောင်ဝမ်တို့၏ ခြေထောက် လေးချောင်းက နှင်းဖြူကြွေရည်သုတ်ထားသော ဇလုံထဲတွင် ထည့်ထားသည်။ ရှောင်ဝမ်၏ခြေထောက်က ဖြူဖွေး နူးညံ့ပြီး စန်းဝမ်ကမူ မည်းနက်နေကာ အာဖရိကတိုက်မှလာသကဲ့သို့ဖြစ်နေသဖြင့်  ပိုမို မျက်စိဖမ်းစားနိုင်နေ၏။စန်းဝမ်ကသူ၏ ခြေထောက်မည်းမည်းဖြင့် ရှောင်ဝမ်၏ခြေထောက်ပေါ် နင်းပြီးဆိုလိုက်သည်။


 "ငါးလေးကို နင်းပါ... ငါးလေးကို နင်းပြီး အိုးကြီးတစ်လုံးမှာ ချက်လိုက်ပါ..."


ရှောင်ဝမ် : "စန်းတိ... မင်းက နုံအလိုက်တာ"


စန်ူဝမ်: "ငါကမင်းထက်ပိုကြီးတယ်... ဘယ်လိုလုပ် နုံအမှာလဲ"


ရှောင်ဝမ်က တခစ်ခစ်ရယ်ရင်း

 "ဒါပေမဲ့ လူတိုင်းက မင်းကို နုံအတယ်လို့ ပြောကြတာ...ငါ့ကိုမဟုတ်ဘူး "


 စန်းဝမ် : "..." 


မင်းတော့ အစ်ကိုတစ်ယောက်လျော့ပြီပဲ... မင်းကြီးလာရင် ငါမင်းနဲ့မပေါင်းတော့ဘူး...


တဝမ်က ခြေဆေးရန် မြေအင်တုံဟောင်းကို သာမန်ကာလျှံကာ  သုံးလိုက်၏။ လင်းလန်က သူဆေးကြောသည်ကို ကြည့်ပြီး ခြေသုတ်ဝတ်ကို ယဥ်ကျေးပျူငှာစွာ ကမ်ပေးလိုက်သည်။


သူမ၏ ယဉ်ကျေးရည်မွန်လွန်းသော အပြုအမူကြောင့် တဝမ် ဒယီးဒယိုင်ဖြစ်သည်အထိ ထိတ်လန့်သွားကာ  မြေပြင်ပေါ်ထိုင်ချလုနီးပါးပင်။

 "... ကျွန်တော့်ဘာသာ  လုပ်မယ်"


သူ ခြေထောက်ကို သုတ်လိုက်ပြီး သူ့ကောက်ရိုးဖိနပ်ကို ဆွဲလိုက်သည်။


လင်လန်က သူ့အတွက် ခြေဆေးရေသွန်ပေးချင်ပြန်၏။တဝမ် ထိတ်လန့်လွန်း၍ပြေးလာသည်။


 “မားမား...ခင်ဗျား…” 


သူအတော်လေး ကြောက်နေမိ၏။

သူ့အဖေသာ သူ သူ့အမေကို ခြေဆေးရေသွန်ခိုင်းကြောင်းသိသွားလျှင်  သေချာပေါက် သူ့ကိုစာရင်းရှင်းလိမ့်မည်။


လင်းလန်က ပြုံးရင်းဆိုလိုက်သည်။

 "သားကြီး...မားမား သားကို တစ်ခုခု ပြောချင်တယ်"


 ဟေး... ဆယ်ကျော်သက် အရွယ် ယောက်ျားလေးမှာ ဒီအကြောင်းတွေ ပြောဖို့ ဖအေ တစ်ယောက်လုံး ရှိတယ်... အဲ့ဒါကို သူ့အမေက ဘာလို့ ဒီအကြောင်း ပြောနေတာလဲ...

 

ဆယ်ကျော်သက်အရွယ်အတွင်း ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းရေး အသိပညာနှင့်ပတ်သတ်ပြီး သူမက သိပ်ရှက်မနေပေ။


ထိုဟာက ရှက်စရာမဟုတ်ပါချေ။ အားဝမ် ဆိုရင် သူမ ထိုအကြောင်းပြောရန်မလိုပေ။ သူ့ကို ထိုအကြောင်း ဖတ်ခိုင်းရုံနှင့် သူနားလည်မည်ပင်။စန်းဝမ်ဆိုလျှင် သူက တိုက်ရိုက် သို့မဟုတ် မတော်မလျော်တွေမေးလာပေလိမ့်မည်။ရှောင်ဝမ်ကမူ ပြဿနာမရှိပါချေ၊ သူက လိမ္မာ၏။


တဝမ်ကိုသာလျှင် သူမ ဘာပြောရမှန်းမသိတော့ခြင်းဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူက ကြီးနေပြီဖြစ်ကာ သူ၏အရှိန်အဝါက  အနည်းငယ် သိသာလွန်းသည်။


တဝမ်က  မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေကာ  အမူအရာဖြင့် သူမကို ကြည့်လာ၏။သူက ခြေဆေးရေကို သွားသွန်ကာ အင်တုံကို အားဝမ်ဆေးရန် ပေးလိုက်သည်။


လင်းလန်က တဝမ်ကို သူတို့ရှက်မနေရအောင် သူမနှင့်အတူ ခြံဝိုင်းထဲသို့သွားကာ  ညီ/ညီမများကို ထားခဲ့ရန် အချက်ပြခဲ့သည်။


စန်းဝမ်က ခြေထောက်ဆေးသည်ကို အာရုံမစိုက်ဘဲ သူ့အမေနှင့်အစ်ကိုကြီးပြောနေသည်များကို ခိုးနားထောင်၏။


အားဝမ်က  ယင်းကိုမြင်သောအခါ သူ့ကို ပြန်ခေါ် သွားပြီးပြောလိုက်သည်။ 

"မားမားရဲ့ တံမြက်စည်းရိုးကို ဂရုစိုက်"


စန်းဝမ် စိုးရိမ်တကြီးနှင့်  နားရွက်တွေ ပါးတွေကို ကုတ်လိုက်သော်လည်း သူဘာမှ မတတ်နိုင်ခဲ့ပါချေ။


ရှောင်ဝမ်က သူ့ကို ရယ်လိုက်ပြီး

 "စန်းတိ...  နုံအမနေနဲ့"


 စန်းဝမ်: "..."


ခဏအကြာ၌  တဝမ်က သူ့မျက်နှာမှာ ထူးဆန်းသည့်အမူအရာနှင့် ပြန်လာပြီး သူတို့အကုန်လုံးက သူ့ကို့ကြည့်နေသည်အား မြင်သောအခါ ချက်ချင်းပင် မှင်သေသေမျက်နှာထားတစ်ခုကို ချိတ်ဆွဲလိုက်သည်။


စန်းဝမ် : ပြဿနာတစ်ခုခုရှိလား...မားမားက အစ်ကိုကြီးကို ဆုံးမနေတာလား...အစ်ကိုကြီးဘာလို့ဒီလောက် မည်းမှောင်နေတာလဲ...


"ဝေ့ အစ်ကိုကြီး~~" 


စန်းဝမ်က 'နားလည်တယ်မလား၊ အမေက မင်းကို ဘာပြောလိုက်တာလဲ'ဟူသောအမူအရာဖြင့်တဟီးဟီး ရယ်ပြလိုက်၏။


တဝမ်က သူ့ကို စိုက်ကြည့်လာကာ လျစ်လျူရှုပြီး အိပ်ရန် အခန်းထဲသို့ ဝင်သွားသည်။


စန်းဝမ်က ခြေသုတ်ရန် ဂရုမစိုက်ဘဲ ပြေးကာ အနွေးကုတင်ပေါ်သို့ ခုန်တက်ပြီး ကုတင်စွန်းမှာ  ဒူးထောက်လိုက်၏။


 "အစ်ကိုကြီး..."


တဝမ်က သူ့မျက်နှာကို အုပ်ပြီး ပွေ့ချီကာအောက်ချလိုက်သည်။


 "ခြေထောက် သွားဆေး"


ရှောင်ဝမ် : "မားမားရော ... "


တဝမ် : "အဖေ့ကို သွားကြိုတယ်"


    

အားဝမ် တဝမ်ကို ကြည့်ပြီး ထူးဆန်းသလိုခံစားရ၏။

 မားမားကဘာပြောလိုက်တာလဲ...


လင်းလန် ကိုယ်ခြေထောက်ပေါ်ကိုယ် ခဲပစ်ချသလို ခံစားရသည်။  တခြားကလေးတွေကို နည်းပေးလမ်းညွှန်လုပ်ရသည်က သူမအတွက် ကိုးရိုးကားယား မဖြစ်သော်လည်း  တဝမ်ကို ပြောပြရသည်က အလွန်ရှက်စရာကောင်းသလိုခံစားရသည်။


ယင်းက သူမက ရေဒီယိုလှိုင်းတွေ လွှတ်လိုက်သော်လည်း  သူ့မှာ receiverသကဲ့သို့ပင်။

(T/N–လျှပ်စစ်သံလိုက်လှိုင်းတွေကို လက်ခံပြီး သက်ဆိုင်ရာ  အသံ/ရုပ်ပုံအဖြစ်ပြောင်းလဲပေးသည့်ကိရိယာ)


ဥပမာအားဖြင့် သူက လူပျိုပေါက်ဖြစ်လာပြီဖြစ်သဖြင့် ကောင်မလေးတွေကိုစိတ်ဝင်စားသလား သို့မဟုတ် သူ့ခန္ဓာကိုယ်၏ ထူးဆန်းသည့်တုံ့ပြန်မှုကို နားမလည်တာမျိုးဖြစ်လားဟု သူမမေးခဲ့သည်။


 တဝမ်: "မားမား  ဘာပြောချင်လဲ"


 "အဲဒါက... ဆန့်ကျင်ဘက်လိင်...တခြားကောင်မလေးတွေအပေါ်...သဘောကျတာ ဒါမှမဟုတ်  တစ်ခုခု...ကောင်မလေးတွေကို ကြိုက်တာကတော့ ပုံမှန်ပါပဲ...နောက်ပြီး ခန္ဓာကိုယ်ကရော  ထူးဆန်းတဲ့ တုံ့ပြန်မှု ရှိလာသေးလား...မကြောက်နဲ့...နားမလည်ရင် မင်းအဖေကို မေးလိုက်...မားမားလည်း နားလည်ပါတယ်" 


တစ်ခါမှ စကားမများဖူးသည့်တဝမ်က အမြောက်ဆံပစ်သလိုမျိုး ရုတ်တရက်ကြီး တရစပ်ဆိုလာ၏။


 "ကောင်မလေးတွေဟုတ်လား...ဘာကိုကောင်မလေးတွေကို ကြိုက်လားလဲ... ကောင်မလေးတွေကို ဘယ်သူက ကြိုက်လို့လဲ...  ကောင်မလေးတွေကိုကြိုက်ရင် ဘာလုပ်ရမှာလဲ... ဘာကိုခန္ဓာကိုယ်က ထူးဆန်းတဲ့ တုံ့ပြန်မှုတွေလဲ...  မရှိဘူးးး"

 

 လင်းလန် : " ဒါဆို မင်းဘာလို့ရုတ်တရက်ကြီး စာလုပ်​ချင်နေတာလဲ"


Xxxxxx

Part 432


လင်းလန် :  ဒါဆို မင်းဘာလို့ရုတ်တရက်ကြီး စာလုပ်​ချင်နေတာလဲ


မင်းက မိန်းကလေးတစ်ယောက်ကို သဘောကျပြီး သူနဲ့ အတူရှိချင်တာကြောင့်မဟုတ်ဘူးလား...

သူက အသက် 12 နှစ်သာရှိသေးသော်ငြား အရွယ်ထက်ပိုစောပြီး လူပျိုဖော်ဝင်သည်ကလည်း ဖြစ်နိုင်သည်။


တဝမ် : "... ကျွန်တော်က စာအုပ်တွေ ထူးထူးဆန်းဆန်း  ဖတ်နေတယ်... " 


ခင်ဗျားမျက်လုံးထဲမှာ ကျွန်တော်က ဘယ်လောက်ထိ စာဖတ်တာကို မကြိုက်တာလဲ...


 လင်းလန်: ဟားဟားဟား... ငါကအခု  ပူတင်းနက်လေးပဲ... အရှက်ကွဲမှာ ကြောက်မနေတော့ဘူး...


 "သား မားမားက... အဲ့လိုတွေတွေးတာမဟုတ်ပါဘူး ...အသက်ကြီးလာရင် ဒီအရွယ် ကောင်လေးတွေက  ဆယ့်သုံးနှစ် ဆယ့်လေးနှစ်လောက်မှာ တချို့သောအတွေးတွေဖြစ်ဖို့  လွယ်တယ်" 


တဝမ်: "ဘာအတွေးတွေလဲ " 


လင်းလန်:"...ကောင်းပြီ... မင်းမှာ 

ဘာအတွေးမှမရှိဘူးဆိုရင် အကောင်းဆုံးပေါ့...အတွေးတစ်ခုခုရှိလာရင် မားမားဆီကိုလာခဲ့"


 သူမ ခြေကို မြှောက်ပြီး တံခါးကနေ  ထွက်လာခဲ့လိုက်သည်။


တဝမ်: "ဘာလို့သွားတာလဲ"


လင်းလန်: "မင်းအဖေကို သွား​ကြိုမလို့"


 ရှက်စရာအလွန်ကောင်း၏၊ သူမက သူမသားကို နည်းပေးလမ်းပြလုပ်ပြီး လူပျိုဖော်ဝင်စ ပြဿနာအကြောင်း ပြောပြချင်သော်လည်း သားဖြစ်သူက လုံးဝ  နားမလည်ပေ။


လင်းလန်က  အပြင်မှာ စိတ်ကိုအေးအေးထားပြီး   လမ်းလျှောက်နေလိုက်သည်။ ကောင်းကင်မှာ တိမ်တွေက လူးလွန့်နေပြီး လမင်းကြီးကို တိမ်တွေ ဖုံးလွှမ်းနေ၏။ အပြင်မှာ အလင်းရောင်မရှဘဲ အတော်လေး  မှောင်နေပေမဲ့  မျက်လုံးမှိတ်သွားလျှင်ပင် အိမ် မမှားနိုင်ပေ။


လမ်းဆုံသို့ရောက်သောအခါတွင် အရပ်ရှည်ရှည် အနက်ရောင် ပုံသဏ္ဍာန်တစ်ခုက သူမရှေ့သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသဖြင့်  ချက်ချင်း ပြေးကာ "စန်းကော... ပြန်လာပြီလား"ဟု  ဝမ်းသာအားရ ပြောလိုက်သည်။


သူမလက်ကိုဆန့်၍ ထို့လူ့လက်မောင်းကိုးလှမ်းဆွဲလိုက်သော်လည်း ထိုလူကို မထိမီတွင် သူမ လူမှားသွားကြောင်းချက်ချင်းသိသွား၏။ "ဘယ်သူလဲ"


 ထိုလူ: "ငါပါ...ဟန်ချင်ဖုန့်"


လင်းလန် “ရှင်ဒီကိုလာပြီး ဘာလုပ်နေတာလဲ”


 ယခုလောလောဆယ်  ရှေ့နားမှာ သူမမိသားစုနှင့်လမ်းအရှေ့ဘက်မှာမှာ ပထမချွေးမဟန်တို့အိမ်သာရှိလေသည်။သူမတို့ အိမ်ဘက်ခြမ်းမှာ တခြားအိမ်တစ်အိမ်မှမရှိဘဲ အနောက်ဘက်မှာသာရှိ၏။


လူအများစုက ညဘက်တွင် ဤနေရာကို မလာရဲကြဘဲ အနောက်ကနေသာ အမြဲ လျှောက်ကြသည်။မည်သို့ပင်ဖြစ်စေ ထိုဘက်မှာ လူများစွာရှိပြီး  မီးရောင်များကလည်း ပိုလင်းထိန်နေသည်။ထို့အပြင် တပ်မဟာဌာနချုပ်ထဲရှိ အိမ်များကို ဖြတ်သွားသည်က  ပိုဝေးသည်။ နေဝင်ပြီးနောက် သွားလာသူများသည် အခြေခံအားဖြင့် သူတို့၏ မိသားစုမှ လူများ သို့မဟုတ် သူတို့၏ အိမ်သို့ ရောက်ရှိလာသူများဖြစ်သည်။


ဟန်ချင်ဖုန့်က : "ငါက တပ်မဟာဌာနချုပ်ကနေ လာတာ အိမ်ပြန်မလို့"


 လင်းလန်က "အိုး" ဟုပဲဆိုပြီး စကားမပြောဘဲ လှည့်ထွက်သွားသည်။


ဟန်ချင်ဖုန့်က  ခဏရပ်လိုက်ပြီး သူမ၏ပုံရိပ် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည် ကို ကြည့်နေပြီးမှ မြောက်ဘက်သို့ထွက်သွား၏။


 လင်းလန်က သူမတို့အိမ်တံခါးဝနားမှာ လမ်းပတ်လျှောက်နေခဲ့ပြီး ခဏအကြာတွင် အရှေ့ဘက်မှ ခြေသံများကြားလိုက်ရသဖြင့် ခေါ်လိုက်သည်။  


“စန်းကော..."


 အမှောင်ထုထဲမှ ဟန်ချင်စုန့်၏ အသံထွက်ပေါ်လာ၏။


 “ကိုယ်ပါ”


လင်းလန်က ပြေးသွားလိုက်ပြီး သူ့လက်ကို အပြင်းအထန် တင်းတင်ကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ရှက်စရာကြီး...မှောင်နေပေမဲ့ သူမ ဘယ်လိုလုပ်လူမှားနိုင်ရတာလဲ...မဖြစ်သင့်ဘူး...


 စန်းကောက အရပ်ပိုရှည်မှန်း အသိသာကြီးကို...


ဟန်ချင်စုန့် သူမ တစ်ခုခုဖြစ်နေမှန်း တန်းပြီး သိလိုက်၏။


"ဘာဖြစ်နေတာလဲ "


 လင်းလန်: "...ကျွန်မ ရှင့်ကို လွမ်းတယ်"


ဟန်ချင်စုန့်က ချက်ချင်း ရပ်လိုက်ပြီး သူမကိုခါးကနေ ဆွဲပြီး နောက်စေ့လေးကို နမ်းလိုက်သည်။ သူက အမြဲ အပြောထက်အလုပ်ကပိုလေ့ရှိ၏။ သူမက သူ့ကိုလွမ်းတယ်ဟုပြောလိုက်သည်နှင့် ချက်ချင်းလက်တွေ့တုံ့ပြန်ခဲ့သည်။


လင်းလန် အနမ်းကြောင့် မူးဝေသွားသည် သူမ၏ နှလုံးခုန်နှုန်းက ဖြတ်တိုက်သွားသည့် ညလေနှင့်ထပ်တူနီးပါးပင်။


အဆုံးတွင် သူကသူမကို ရိုးရိုးရှင်းရှင်း ပွေ့ဖက်လိုက်ပြီးဆို၏။


 "အတော်လေး မှောင်နေပြီ...မင်းကို ရေကူးနည်းကို သင်ပေးမယ်"


ယခုအချိန်တွင် ပလတ်စတစ် ညစ်ညမ်းမှု မရှိ၊ ဖန်ကွဲစများ မရှိသေးဘဲ မြစ်က သန့်ရှင်းကြည်လင်နေပြီး ညဘက်တွင် ရေကူးသည်က အဆင်ပြေလေသည်။ အဓိက အကြောင်းအရင်းမှာ နေ့ခင်းဘက် မြစ်ထဲဆင်းရတာ အဆင်မပြေပေမဲ့ ညဘက်မှာ ဘယ်သူမှ မရှိသည့်အပြင် မြစ်ကလည်း သူမတို့အိမ်နှင့် အလွန်နီး၏။


လင်းလန် : ရှင်ဘယ်လောက်တောင် ညဘက်ရေကူးချင်နေတာလဲ ... နေ့တိုင်းကို ပြောနေတော့တာပဲ...


 ညဘက်ရေကူးတတ်အောင်သင်ပေးမည်ဟု ပြောပြီးသည့်နေ့ကတည်းက သူက ညတိုင်းလိုလို သူမကိုကျီစယ်ခဲ့ပြီး သူမကလည်း နည်းအမျိုးမျိုးနှင့် ငြင်းဆိုခဲ့သည်။


သူတို့ အိမ်ပြန်ရောက်သောအခါ စန်းဝမ်နှင့်ရှောင်ဝမ်က  အိပ်ပျော်နေလေပြီ။ သူတို့ပြန်ရောက်မှန်းတွေ့သောအခါ တဝမ်ကလည်း မီးမှုတ်ပြီးအိပ်သွား၏။


ဟန်ချင်စုန့်က လင်းလန် ကို အောက်ချလိုက်ပြီး သူမ၏ ရေကူးဝတ်စုံကို  သွားရှာခဲ့ပေမဲ့ ကံမကောင်းစွာနှင့်ပဲ သူမတွေ့ပေ။


 "မင်း ဘယ်မှာ ထားခဲ့တာလဲ"


လင်းလန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။သူမရှာပေးမှာမဟုတ်ဘူး.. အဲဒါ ရေကူးဝတ်စုံလို့ ခေါ်သလား...အဲဒါကို ဖောက်ထွင်းမြင်ရတဲ့ အဖော်အချွတ်ဝတ်စုံလို့ ခေါ်တယ်...မော်ဒန်ခေတ်မှာတောင် ဘယ်သူကမှ အပြင်မှာ ဝတ်မှာ မဟုတ်ဘူး...


 ရေကူးဝတ်စုံကို နိုင်လွန်ချည်ဖြင့် ပြုလုပ်ထားသောကြောင့် ပျော့ပျောင်းမှုကောင်းသော်လည်း ရင်ဘတ်တွင် ရေမြှုပ်အတွင်းခံလိုင်နင်မရှိသည့်အတွက် ထွင်းဖောက်မြင်နိုင်သည်ကား စိတ်မကောင်းစရာပါပင်။


အပြင်မှာ သွားဝတ်လို့ရနိုင်ပါ့မလား...


အမျိုးသမီး ရေကူးဝတ်စုံတွေအကုန်လုံးက ယခုလိုမျိုးချည်းဟု သူမ မယုံပေ။ အကြောင်းမှာ  မိုင်စွေ့၏ဟာက   ပိုသာမန်ဖြစ်ပြီး လုံးဝကို ကလေးရေကူးဝတ်စုံဖြစ်သည်။


 မိန်းကလေးများ၏ ရေကူးဝတ်စုံက ပုံမှန်ဖြစ်သင့်သည်ဟု သူခံစားရသည်၊ အကြောင်းမှာ သူ၏ တပ်မအတွင်းရှိ ရင်းနှီးသော ရဲဘော်များက ရည်းစားများကြားတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးအတွင်းခံကို ခဏတာ စောင့်ကြပ်ပေးခြင်းကဲ့သို့သော  နောက်ပြောင်ခြင်းနည်းများကို  တမင်တကာ တမင်ကစားကြခြင်း ဖြစ်နိုင်သောကြောင့်ဖြစ်၏။


 သူမအနေဖြင့် ထွင်းဖောက်မြင်ရသည့် ရေကူးဝတ်စုံကို ညဘက်တွင်ပင် ၀တ်ဆင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ သူမ ၎င်းကို ပြင်ရန်  အချိန်ပေးနိုင်ပါက  အတွင်းခံလိုင်နင်နှင့် စကတ်သေးသေးလေး ထပ်ထည့်လိုက်မှာဖြစ်သည်။


ဟန်ချင်စုန့်တစ်ယောက် ညဘက် ဖျော်ဖြေရေးမှာ မအောင်မြင်ခဲ့ပေ။ သူက အတင်းအကြပ် မလုပ်ခဲ့ပါဘဲ ရိုးရှင်းသည့် အကြံပြုချက်တစ်ခုပြုလုပ်သလိုမျိုး လင်းလန် သဘောမတူသည်နှင့် လွှတ်ထားလိုက်သည်


သူရေချိုးပြီး အထဲ ဝင်လာချိန်မှာ လင်းလန်က အနွေးကုတင်ဘောင်ကို မှီပြီး ခြင်တွေကို ယက်တောင်နှင့် လိုက်ရိုက်နေ၏။


 ဟန်ချင်စုန့်က အနွေးကုတင် ပေါ်တက်ပြီး သူမလက်ထဲက ထန်းရွက်ယက်တောင်ကို ယူကာ သူမကြည့်၍ ဆိုလိုက်သည်။


 "ဘယ်မှာလဲ"


လင်းလန်က သူပြောသည်ကို နားမလည်သလို ဟန်ဆောင်ကာ "ဒီမှာ... မြန်မြန် ရိုက်လိုက်"ဟုပြောလိုက်၏။


သူက သူမကို  ခြင်ထောင်ထဲဆွဲသွင်းလိုက်ပြီး  ထန်းရွက်ယက်တောင်ကို ခတ်ရင်း ခြင်ထောင်ချလိုက်သည်။ 


" ဝတ်ကြည့်... "


Xxxxxxx