အပိုင်း ၄၃၃-၄၃၄
Viewers 23k

Part 433


လင်းလန်က သူပြောသည်ကို နားမလည်သလို ဟန်ဆောင်ကာ "ဒီမှာ... မြန်မြန် ရိုက်လိုက်"ဟုပြောလိုက်၏။


သူက သူမကို  ခြင်ထောင်ထဲဆွဲသွင်းလိုက်ပြီး  ထန်းရွက်ယက်တောင်ကို ခတ်ရင်း ခြင်ထောင်ချလိုက်သည်။ 


" ဝတ်ကြည့်... "


"ညကြီး  ဘာဝတ်ရမှာလဲ " 


လင်းလန်၏ ပါးပြင်များက ပန်းရောင်သန်းနေပြီး  ပြတင်းပေါက် အပြင်ဘက်ရှိ နှင်းဆီပန်းများကဲ့သို့ နူးညံ့နေသည်။ 


ဟန်ချင်စုန့် ခေါင်းညိတ်ပြီးဆိုလိုက်၏။


 "မှန်တယ်" 

ညဘက် အဝတ်အစားဝတ်စရာမလိုဘူး...


 သူက သူမအဝတ်အစားတွေကို စချွတ်ပါတော့သည်။


လင်းလန်က အသံတိုးတိုးလေးဖြင့်တားလိုက်၏။

 “မလုပ်နဲ့လေ ဟေး ဟေး…” 


တတိယအကြိမ် ရုန်းကန်ပြီးနောက်တွင် လင်းလန် နှင်းဖြူရောင် အညွှန့်လေးအဖြစ် အခွံနွှာခြင်းခံလိုက် ရခဲ့သည်။


သူမ ခပ်အီအီလေးဆိုလိုက်၏။

 "...ရှင့်လက်တွေက ဘာလို့ ဒီလောက်  မြန်နေတာလဲ"


 သူက သူမအပေါ် အုပ်မိုးလိုက်ပြီး တံတောင်ဆစ်တွေကို သူမနံဘေးသို့ ဆန့်ထုတ်ကာ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်နေလျက်ဆိုလေသည်။


 "ပိုမြန်နိုင်သေးတယ်"

 

လက်နက်တွေ တစ်စစီ စနစ်တကျဖြုတ်ရသည့်လေ့ကျင့်ရေးက အလကားမဟုတ်ချေ။


သူက သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး ညာလက်ကို  သူ့ခန္ဓာကိုယ်ကို သူမကိုယ်ပေါ်ဖိမနေအောင် ထောက်ထားလိုက်သည်။သူက သူလက်ချောင်းတွေကို သူ၏စွပ်ကျယ်မှာ ချိတ်ကာ လင်းလန်ဆီသို့ ဆွဲလိုက်၏။


လင်းလန် သူမ အမခံလိုက်ရပြီး ချက်ချင်း ပြန်ချခံလိုက်ရသည်ကိုပဲ ခံစားလိုက်ရကာ ၎င်းနောက် ... 


"အာ့ စန်းကော... ကျွန်မ မျက်စိကန်းနေတာပါ..." 


သူမက သန်မာသည့် သူ့ပုခုံးတွေကို အမြန်ဖက်လိုက်ပြီး မသိစိတ်ကနေ  သူမခြေထောက်တွေကို သူ့ခါးမှာ ပတ်ထားလိုက်သည်။


အဆုံးမှာတော့ သူမ မနေနိုင်ဘဲ  ရယ်မိတော့သည်။


သူက အရမ်း ကလေးဆန်တာပဲ...သူ့စွပ်ကျယ်ထဲမှာ သူမကို ထည့်လိုက်တယ်တဲ့... ကလေးဆန်လွန်းတယ် မဟုတ်ဘူးလား...


 ယခု သူအောင်မြင်သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်က သူ့အင်္ကျီကို တူတူ ဝတ်ထားပြီး ရင်ဘတ်ချင်းထိကပ်နေကာ  ပွတ်တိုက်မိနေသည့် သူမ၏ နူးညံ့သော အသားအရေက သူ့ထံသို့ သာယာသည့် အထိအတွေ့တစ်ခု ယူဆောင်လာပေးလေသည်။


 သူက သူမကို သူ့လက်မောင်းနှင့်ရစ်ပတ်ကာ  အနွေးကုတင်ပေါ်လိမ့်လိုက်ပြီး လှည့်ကာဖြင့်   သူမ၏ သွယ်လျသောခါးကို သူ့လက်ကြီးများနှင့် ကိုင်ကာ သူမအား  သူ့ရင်ဘတ်ပေါ်တွင် လှဲလျောင်းနေစေ၏။


လင်းလန်က သူ့အပေါ် မှောက်လျက် လှဲချလိုက်ပြီး သူမပါးပြင်ကို သူ့နှလုံးသားနှင့် ဖိကပ်ကာဆိုလိုက်သည်။


 "ဒီလိုမျိုး အိပ်ကြမလား ဟမ်..."


နောက်အခိုက်အတန့်မှာပင်...

 "အား မလုပ်နဲ့..."


 ...


နောက်နေ့မနက်မှာ ခွေးပေါက်လေးများစွာ၏ အီသံများကြောင့်သာမဟုတ်ပါလျှင် လင်းလန် မွန်းတည့်ချိန်အထိ ထပ်အိပ်မိမည်ဖြစ်ကြောင်း သံသယဖြစ်မိသည်။


ဟန်ချင်စုန့်က သူမ၏ စိတ်ဆိုးနေသော အမူအရာကို မြင်လိုက်ရသောအခါ  သူ့မျက်လုံးများတွင် အပြုံးရိပ်သန်းလျက် သူမလည်ပင်းကို ပွတ်သပ်ကာဆို၏။


 "အစ်ကိုတို့နဲ့ တခြားသူတွေ ဒီနေ့ ခန်းဝင်ပစ္စည်းကိစ္စ ဆွေးနွေးနေကြတယ်... မင်းအချိန်ရရင် သွားလို့ရတယ်...မအားရင်လည်း ကိုယ်ပြောလိုက်မယ်"


လင်းလန်က ပျင်းရိစွာ ခေါင်းညိတ်လိုက်သည်။


    


မနက်စာစားနေစဉ်တွင် လင်းလန် တဝမ် စာဖတ်ခြင်းကို အဘယ်ကြောင့် ရုတ်တရက်ကြီး နှစ်သက်လာသည်ကို သိခဲ့ရသည်။


တဝမ်က သူဘာသာသူ သူမကိုပြောလာ၏။


 "ကျွန်တော် အတန်းကျော်ချင်တယ်"


 "သားကြီး...သားလည်း အတန်းကျော်ချင်တာလား" 


လင်းလန် ပဟေဌိဖြစ်သွားသည်။ အဆင့်ကောင်းသူတစ်ယောက်တွေက အတန်းကျော်ကြ၏။သူ့အဆင့်တွေက...  အဆိုးဆုံးမဟုတ်ပေမဲ့ ကောင်းလွန်းသည်ဟုလည်း  ပြော၍မရပါချေ။အနည်းဆုံး အတန်းတစ်ခုကို ကျော်ခြင်းမျိုး မလုပ်သင့်ကြောင်းသေချာသည်။


 သို့သော် တဝမ်ကခေါင်းမာနေခဲ့၏။

 “ကျွန်တော် အတန်းကျော်ချင်တယ်” 


လင်းလန်က အားဝမ်နှင့်မိုင်စွေ့ကို အငယ်တွေကိုခေါ်ပြီး အရင်သွားနှင့်ရန် အချက်ပြလိုက်သည်။သူမ တဝမ်နှင့်ဘဝအကြောင်းကို ပြောချင်၏။


"သားကြီး လာထိုင်...မားမားနဲ့ စကားပြောမယ်"


တဝမ်: "..." 


သူ့အမေက သူ့ညီငယ်တွေကို အလွန်ကြင်နာယုယသည်အား မနာလိုပေမဲ့ သူ့အသက်အရွယ်အရ  သူ့အမေကသာ သူ့ကို ကလေးတစ်ယောက်ကဲ့သို့ အလိုလိုက်လာပါလျှင် အတော်လေးအမ်းတမ်းတမ်းနိုင်သလိုခံစားရသည်။


သူက လင်းလန်ဘေးတွင် မထိုင်ဘဲ သူမနှင့်  ဆန့်ကျင်ဘက်တွင် ထိုင်လိုက်၏။ 


လင်းလန် : "..." 


ပြောကြည့်... ကောင်လေးက ငါ့ကို့ အတော်လေး အတိုက်အခံလုပ်ချင်နေတယ်လို့ထင်လား... ငါနဲ့ ဆန့်ကျင်ဘက်မှာထိုင်ပြီး ညှိနှိုင်းချင်နေတာလား...မင်းက ကြီးမြတ်လွန်းနေတယ်...အမေ တစ်ယောက်အနေနဲ့ မင်းအနာဂတ်မှာ ဇနီးမယားရှာမတွေ့တော့မှာကို ငါတကယ်စိုးရိမ်တယ်...


 ပြောနိုင်ပြီဟူသော သူ့ပုံစံကိုမြင်သောအခါ  လင်းလန် ခဏလောက်စဉ်းစားပြီးပြောလိုက်သည်။


"ဘာ...ဘာလို့ ရုတ်တရက်ကြီး အတန်းကျော်ချင်တာလဲ... သားညီ ညီမတွေ အတန်းကျော်တာမြင်တော့ ရှက်လို့လား" 


တဝမ်က  စက္ကန့်ပိုင်းအတွင်း ပြန်ဖြေသည်။ "မဟုတ်ဘူး" 


လင်းလန်က သူနည်းနည်းညာနေသည်ဟု ခံစားရ၏။မဟုတ်ဘူးဟုပြောလျှင် ယင်းက သေချာသည်။


တွေးကြည့်လိုက်သောအခါ တဝမ်က ယခင်တုန်းက  ကျောင်းတက်ရမည်ကို အချိန်ဆွဲနေခဲ့ပြီး  ကျောင်းမသွားဘဲနေကာ အတင်း စာကျက်ခိုင်းရ၏။သူက အသက် 11 နှစ်မှာ ပထမတန်းဖြစ်သဖြင့်  အသက်နည်းနည်းကြီးလေသည်။အမှန်တွင် ဉာဏ်ရည်ထက်မြက်သူတွေဟာ ၁၁ နှစ်မှာ ပဉ္စမတန်းတက်နိုင်ပြီး နောက်ပိုင်း တတိယတန်းနှင့် စတုတ္ထတန်းကို တက်ရန်က ပြဿနာမဟုတ်ပါချေ။


 "ဒါပေမဲ့" 

လင်းလန်က သူ့ကိုကြည့်ကာဆို၏။

"သားက အခုတတိယတန်းရောက်နေပြီ...ဆက်တက်နိုင်သေးလား"


တဝမ်: "ကျွန်တော်  စတုတ္ထတန်းတက်ချင်တယ်"


လင်းလန်: "...!" 

သားကြီး လေမကြီးစမ်းပါနဲ့...


စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်


တဝမ်: ငါ့မွေးချင်းအငယ်တွေ အားလုံးက ငါ့ထက်အတန်းမြင့်တယ်...အဲ့ဒါကြောင့် ငါရှက်တယ်...


........


သူတို့၏ ကွန်မြူနတီတွင် နွေရာသီအားလပ်ရက်မရှိသော်လည်း ဂျုံရိတ်သိမ်ချိန်အားလပ်ရက်နှင့် ဆောင်းဦးရာသီအားလပ်ရက်များရှိသည်။ယေဘုယျအားဖြင့် ဩဂုတ်လတွင် အတန်းတင်ကြပြီး ဆောင်းဦးရိတ်သိမ်းပြီးနောက် သင်တန်းများကို ဇောက်ချလုပ်ကြသည်။ ထိုအချိန်တွင် မိုင်စွေနှင့်အားဝမ်တို့က တတိယတန်းဖြစ်ကြပြီး ကျန်သူများမှာ ဒုတိယတန်းတွင် ရှိနေမည်ဖြစ်သည်။ရှောင်ဝမ်ကမူ ပထမတန်းတွင်ပဲ စာသင်ကြားနေရဆဲဖြစ်ပြီး တကယ်တမ်းတွင် သူကငယ်သေးသည်ပင်။


 သူ့မွေးချင်းငယ်တွေထက် အတန်းငယ်သည်ကို မခံမရပ်နိုင်ဖြစ်ပြီး ဖိအားတွေ အများကြီး ခံစားနေရပုံပေါ်၏။


"သား...မားမားတို့ ကျောင်းတက်တာက ပညာသင်ဖို့...  အမြန် ပြိုင်ဖို့မဟုတ်ဘူး"


 "ကျွန်တော်  မပြိုင်ဘူး... စတုတ္ထတန်းတက်တော့မှာ" 


တဝမ်က  အခိုင်အမာဆိုသည်။ 


လင်းလန်: ……… ငယ်ငယ်တုန်းက မင်းမားမားရဲ့ အဆင့်အတန်းနဲ့ဆို အခုလက်ရှိ သင်ကြားမှု အရည်အသွေးနဲ့ လေးတန်းတက်နိုင်မယ်လို့ ထင်ရတယ်...


ဒါပေမဲ့ မင်းက...


မားမား  သံသယဖြစ်မိတယ် သားရေ...


 "သား မင်းအဖေနဲ့ ဆွေးနွေးပါရစေဦး" 


လင်းလန် လက်မခံနိုင်၊အတန်းကျော်ခြင်းသည် ဟာသမဟုတ်ပေ။


ထို့အပြင် အချိန်ကျလာ၍ သူတို့အကုန်လုံး  အတန်းကျော်ကြသည့်အခါ  ထိုကလေး စန်းဝမ် ဇဝေဇဝါမဖြစ်ဘဲ နေလိမ့်မည်မဟုတ်ပေ။

လင်းလန်  ရက်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် အေးစက်စွာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းမှ မတက်ရသေးသည်ပင်။


“မားမားဆရာမနဲ့ ဆွေးနွေးပြီး မင်းအဆင့်အတွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချမယ်” 


သူမ တဝမ်ကို ကျောင်းအရင်သွားခိုင်းလိုက်ပြီး နောက်မှ ပြန်ပြောမည်ဟုပြောလိုက်၏။


တဝမ် အရင်ဆုံးထွက်သွားခဲ့သည်။


ကလေးတွေ ထွက်သွားပြီးနောက် လင်းလန် ခွေးတွေကို ကျွေးမွေးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အိမ်မှာ သန့်ရှင်းရေးလုပ်၏။အပြင်ထွက်အလုပ်မလုပ်ရလျှင်  အိမ်မှာ နည်းနည်းလေးလုပ်ရုံနှင့် ဘာမှ မလုပ်ဘဲ တစ်နေ့ကုန်သွားသည်ကို သူမတွေ့လိုက်ရသည်။


Xxxxxx

Part 434


ကလေးတွေ ထွက်သွားပြီးနောက် လင်းလန် ခွေးတွေကို ကျွေးမွေးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အိမ်မှာ သန့်ရှင်းရေးလုပ်၏။အပြင်ထွက်အလုပ်မလုပ်ရလျှင်  အိမ်မှာ နည်းနည်းလေးလုပ်ရုံနှင့် ဘာမှ မလုပ်ဘဲ တစ်နေ့ကုန်သွားသည်ကို သူမတွေ့လိုက်ရသည်။


ခြံထဲမက ဟင်းရွက်ခင်းကနေ တဖန် အနားယူရင်း ပထမချွေးမဟန်လာသည်နှင့် အလုပ်ရှုပ်သွားသဖြင့် လင်းလန် သူမလုပ်နေသည်တွေကို ရပ်လိုက်ပြီး ပထမချွေးမဟန်ကို အခန်းထဲမှာ ထိုင်ခိုင်းလိုက်၏။


ပထမချွေးမဟန်က အပြုံးတစ်ခုနှင့်ဆိုလာသည်။  "ကိုယ့်လူတွေပဲဟာကို ဘာလို့ထိုင်နေရမှာလဲ...ငါနင့်အတွက် ပဲနီလေး စင်တစ်ခုကူဆောက်ပေးမယ်"


ပဲနီလေးနှင့် သခွားသီး နှစ်ခုစလုံးကို စင်ပေါ်တင်ထားရ၏။ ဤနေရာတစ်ဝိုက်မှာ ဝါးလည်းမရှိသဖြင့် ၎င်းတို့ကို သစ်သားချောင်းများနှင့် လုပ်ထားရသည်။ ထိုသို့ဖြစ်ရာ လေဒဏ်၊နေဒဏ်၊မိုးဒဏ်ကြောင့် ပျက်စီးလွယ်၏။


လင်းလန်ကလည်း ယဉ်ကျေးမနေဘဲ ရှေးရှေးကတည်းက စိမ်ထားသော ဝါလျှော်များကို တွေ့သဖြင့်  အရေကို ခွဲကာ ကြိုးအဖြစ် အသုံးပြုပြီး စင်ကို ပထမချွေးမဟန်  နှင့် ပြုပြင်ခဲ့သည်။


ပထမချွေးမဟန်ကဆိုလာ၏။

 "ယောက်မ... သူတကယ်လက်ထပ်တော့မှာလား...သူ ငါတို့ကို  ခန်းဝင်စာကိစ္စ ဆွေးနွေးဖို့ပြောတယ်"


လင်းလန်က သူမလက်ကို ဆက်ကိုင်ထားပြီး ပထမချွေးမဟန် ကူထိန်းခိုင်းကာ အမြန် သေသပ်ချောမွေ့စွာချည်လိုက်သည်။


 "လာ... မိသားစု ခွဲထွက်တဲ့အခါ စည်းမျဥ်းတွေရှိပါတယ်...လက်ရှိမူတွေအရ လေးဦးစလုံး မျှခံရမှာပဲလေ... ဘာမှ မဟုတ်ပါဘူး"


ပထမချွေးမဟန်က ခေါင်းညိတ်ပြီး

 "ငါဘာလို့ တစ်ခုခုမှားနေတယ်လို့ ခံစားရတာလဲမသိ... နှစ်ခါသုံးခါလောက် မြင်ဖူးပြီး တွဲလိုက်ကြတယ်...  သူ့ကို ဘယ်လို လှည့်စားလိုက်တာလဲမသိဘူးနော် "


လင်းလန်က ကျယ်လောင်စွာ ရယ်မောကာဆိုလိုက်၏။


 "ယောက်မရေ...နှစ်ယောက်လုံး ပျော်နေသရွေ့ သူ့ဘာသာသူ ဘယ်လိုလှည့်စားစား ကိစ္စမရှိဘူးလေ... အဲဒါ ဘာလို ကျိုးယွီက ဟွမ်ကိုင် ကို နိုင်လဲဆိုတာပဲ”


ပထမချွေးမဟန် ကျိုးယွိက ဟွမ်ကိုင်ကို   ရိုက်နှက်သည်အား နားမလည်ပေ။

 “သူ(မ)က ပစ္စည်းတွေ ပိုတောင်းဖို့  အခွင့်အရေးကို ယူမှာငါကြောက်တာပဲ"

 

ယေဘုယျအားဖြင့် ရွာကမိန်းကလေးတစ်ယောက် အိမ်ထောင်ကျလျှင် ဂွမ်းကပ် ကုတ်အင်္ကျီကို  အောက်ခံလိုင်နင်မပါသောအဝတ်အစား၊ ဖိနပ်နှစ်ရံအပြင် နေ့စဉ်သုံးပစ္စည်းတွေယူကြသည်။ဤသည်ထက် ​အပိုပစ္စည်းတွေကို ထပ်ထည့်ရန်မလိုပေ။ ကိုယ်ဆန္ဒရှိလျှင် အများဆုံး ခရီးဆောင်အိတ်တစ်စုံ၊ အနီရောင်တူတစ်စုံ၊ အပ်ချုပ်ခြင်းတောင်းတစ်ခု၊ကတ်ကြေးတစ်စုံ ယူဆောင်သွားနိုင်၏။ စောင်ယူသွားချင်ပါက ချမ်းသာမှရပေမည်။ မည်သို့ပင်ဖြစ်စေ  အထည်လက်မှတ်တွေနှင့်ဂွမ်းကပ်လက်မှတ်တွေက လက်ရှိအချိန်မှာ ကန့်သတ်ထားပြီး ငွေနှင့်ဝယ်၍မရပေ။


ယေဘုယျအားဖြင့်၊ အိမ်ရှင်မ၏ မိသားစုသည် သတို့သမီးအတွက် အဝတ်အစားနှင့် ဖိနပ်အသစ်များ အပါအဝင် စောင်အတွက် ချည်နှင့်ဂွမ်းများကို သတို့သမီးကြေးအဖြစ် တောင်းခံမည်ဖြစ်သည်။


ယခုအချိန်တွင် ကျေးလက်တောရွာ၌ သဘာဝအတိုင်း တင်တောင်းပစ္စည်းလေးမျိုးကို ဂရုမစိုက်ပေ။

(T/N—1970ခုနှစ်များ၏ အဖိုးတန်တင်တောင်းပစ္စည်းလေးမျိုး=စက်ဘီး၊ရေဒီယို၊အပ်ချုပ်စက်၊နာရီ)


သို့သော် အချို့သော အများနှင့်မတူတမူထူးသောမိဘများက သားဖြစ်သူအတွက် သမီး၏ခန်းဝင်ပစ္စည်းကို ယူသုံးကြသည်။သူတို့က သမက်၏မိသားစုထံမှ စောင်နှင့် အဝတ်အထည်ပစ္စည်းများကို တောင်းကြသော်လည်း သမီးကို ထည့်ပေးမည်မဟုတ်ပေ။


ထိုအကြောင်းကိုပြောရလျှင် လင်းလန် အိမ်ထောင်ကျသည့် အချိန်မှာ သူမတွင် ဘာမှမပါပေ။ သူမအဖွားက အိမ်တာဝန်ခံဖြစ်ပြီး သူမအမေက အရေးမကြီးဘူဟုပြောကာ သူမအဖေကလည်း နားမလည်ခဲ့ပေ။


သဘာဝအတိုင်း ဟန်မိသားစုက ထိုသို့လုပ်လိမ့်မည်မဟုတ်ချေ။အဘွားကြီးဟန်က ဟန်ကျင်းယုကို ဘက်လိုက်သည်ဖြစ်ရာ သိပ်နောက်ကျမသွားခင်မှာ  သူမ၏အဖိုးတန်သမီးကို ထောက်ပံ့ရန်အတွက် တခြားသားသုံးယောက်ကိုပဲ ရှာပေလိမ့်မည်။


 နှစ်ယောက်သား အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး မိသားစုခွဲထွက်ခြင်းဆိုင်ရာ စည်းမျဉ်းများကိုသာ လိုက်နာကာ အဘွားကြီးဟန်၏ ယုတ္တိမရှိသော တောင်းဆိုချက်များကို ဘယ်သောအခါမှ သဘောတူမည်မဟုတ်ကြောင်း သဘောတူခဲ့ကြသည်။


လင်းလန်က သူမနှင့် တစ်သားတည်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ပထမချွေးမဟန်  စိတ်သက်သာရာ ရသွားသည်။


 နေ့ခင်းဘက်တွင် လင်းလန်က ထမင်းကို အရင်ချက်ကာ အပေါက်ဝတွင် ပေါင်းပင်များကို အခြောက်ခံခဲ့ပြီး ၎င်းနောက် ကလေးများ ပျော်ရွှင်စွာ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ကလေးတွေက သူမကို ပျော်ရွှင်စွာ နှုတ်ဆက်ကြပြီး တဝမ်က ကျောက်တိုင်ကြီးနှင့်တူနေသည်  ကလွဲ​၍ ကျန်အားလုံးက ပုံမှန်ပါပင်။ သူက သူ့၏ အမူအရာမဲ့နေသောမျက်နှာကို ချိတ်ဆွဲထားဆဲဖြစ်ပြီး  သူ့မျက်လုံးများက ဗလာဖြစ်နေကာ  နှုတ်ခမ်းများက အမှတ်မထင် လှုပ်ရှားသွားခဲ့သည်။ လင်းလန် သူနှင့်စကားပြောမည်အပြုတွင် တဝမ်က သူမကို လျစ်လျူရှုပြီး တိုက်ရိုက်လမ်းလျှောက်သွားခဲ့၏။


လင်းလန်  : "သားကြီး ဘယ်သွားမလို့လဲ" 

အိမ်ထဲကိုမဝင်ဘဲ မင်းကဘာလုပ်မှာလဲ...


တဝမ်  ဘာမှ မတုံ့ပြန်ဘဲ ထွက်လာခဲ့လိုက်သည်။ သူတို့အိမ်တံတိုင်းကို ကျော်လာသည့်အခါ ဘာဖြစ်သွားသည်ကို သတိထားမိပြီး အိမ် ပြန်လာခဲ့သည်။


 လင်းလန် : "..."


အားဝမ်နှင့်မိုင်စွေ့က လင်းလန်ကို ညည်းညူကြ၏။


 "အစ်ကိုကြီးက အလေးအနက်ကြီး စာကျက်နေတော့ ဆရာက ကြောက်သွားတယ်...အစ်ကိုကြီး ဘာဖြစ်နေတာလဲ မသိဘူးဆိုပြီး မေးလိုက်သေးတယ်"


 လင်းလန်: ......အဲဒါအမှန်ပဲလား..


 တဝမ်က သူတို့ သုံးယောက်ကို ကြည့်ပြီး ဆိုသည်။ 

"ဘာတွေပြောနေတာလဲ"


လင်းလန်က ပြုံးပြီး

 "မင်းဘာလို့ တံတိုင်းကိုပတ်နေတာလဲ...တံခါးက ဒီမှာလေ"


တဝမ်: "...သိပါတယ်...ကျွန်တော် မြစ်လေသွားရှူမလို့"


ထိုသို့ပြောပြီး လှည့်၍ အိမ်ဘက်ပြန်လာသည်။


လင်းလန်နှင့် အခြားလူများက တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ ညစာစားရန် အိမ်ထဲ အမြန်ပြန်ဝင်ခဲ့ကြသည်။


နေ့လယ်စာစားပြီးနောက် ကလေးတွေက နေ့ခင်းတွင် အတန်းပျက်ကာ ဆရာများနောက်သို့ လိုက်၍ အလုပ်မှတ်ရရန် ဝါခင်းများတွင် အင်းဆက်ပိုးမွှားများဖမ်း ကြသည်။


လင်းလန်က သတိပေးလိုက်၏။

 "ဝါဂွမ်းခင်းမှာ ရေတွင်းကြီးတစ်ခုရှိတယ်... ပိုးကောင်တွေကောက်တဲ့အခါ လမ်းကို သေချာကြည့်...ဒုန်းဆိုင်းမပြေးနဲ့...ရှောင်ဝမ်က အဲဒီကို မသွားနဲ့... အိမ်မှာ မားမားနောက်ကို လိုက်ခဲ့"


ရှောင်ဝမ် ငယ်သေးပြီး ဝါပင်လောက် အရပ်မရှည်သေးသောကြောင့် သူ့အရေပြားတွေ နီရဲလာမည်စိုးသဖြင့်  သူမ သူ့ကို ပိုးကောင်မဖမ်းစေချင်ပေ။


စန်းဝမ်: "အစ်ကိုရှောင်ဝမ်... မင်း ရှောင်ပိုင်နဲ့တခြားသူတွေကို အိမ်မှာ ရေချိုးပေးလို့ရတယ်"


 ယခုအချိန်တွင် လူသားများတွင် သန်းများရှိသလ်ု  သဘာဝအတိုင်း တိရစ္ဆာန်များတွင် သန်းများ ပို၍ပင်ရှိနေသည်။ လင်းလန်က အတော်လေး လုံ့လစိုက်ထုတ်ပြီး ကလေးများအား အိမ်ရှိ ခြင်များကို မဖယ်ရှားမီ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ဆွေးနွေးခိုင်းသည်။ ဤနည်းဖြင့် တစ်ခါတစ်ရံ စန်းဝမ် အခြားကလေးများနှင့် ကစားပြီးနောက်  လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ 


ရှောင်ဝမ်က ဝမ်းသာအားရ သဘောတူလိုက်သည်။


 တဝမ် ထွက်ခွာသွားသောအခါတွင် လင်းလန် သူ့အိတ်ကပ်ထဲ၌ စာလုံးထူထပ်စွာရေးထားသော လက်ဖဝါးအရွယ် မှတ်စုစာအုပ်ကို ဆောင်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။


 ဒါက တကယ်ကို ကြိုးစားနေတာလား...


Xxxxxx