အပိုင်း ၄၃၅-၄၃၆
Viewers 23k

Part 435


 ဤပြဇာတ်ဆန်ဆန်ပြောင်းလဲမှုက သူမကို အတော်လေး သတိလျော့ပါးသွားကြောင်း လင်းလန် ခံစားခဲ့ရသည်။ သားဖြစ်သူက အရင်ကနှင့်အတူတူပင်ဖြစ်ကာ မျက်နှာမှာ အမူအရာမဲ့လျက် ဘာမှစိန်မဝင်စားသလိုဟန်ပင်ရှိနေဆဲဖြစ်ပြီး သူဘာတွေတွေးနေလဲဆိုသည် ဘယ်သူမှမသိနိုင်ပါချေ။ သို့ပေမဲ့  ယခု သူမသိပြီဖြစ်၏။  သူ တကယ်ကို စာကြိုးစားဖို့ တွေးနေတာဟ...


အံ့သြစရာကောင်းလိုက်တဲ့ ခံစားချက်...


အစ်ကိုအစ်မများ ထွက်သွားပြီးနောက် ရှောင်ဝမ်က ခွေးပေါက်လေးများကို ရေချိုးပေူရန် ရေနွေးအိုးကို ပျော်ရွှင်စွာ လောင်းထည့်လိုက်သည်။သူက ရေချိုးပေးရင်း သီချင်းဆိုနေလေ၏။

 

"ငါရေချိုးရတာ ကြိုက်တယ်...ရေချိုးရတာ ကြိုက်တယ် အို့ အို့ အိုး~~ ပူဖောင်းတွေအများကြီးပဲ... " 


ဤသည်က သူ့ကို ရေချိုးပေးနေချိန် လင်းလန် ပေါ့ပေါ့ပါးပါး ညည်းခဲ့သည့်ဟာဖြစ်သည်။ဘယ်သူကမှ  ပြဿနာတစ်ခုဟု မထင်ကြ၊ယင်းကို သူမကြားလိုက်သည်နှင့် တန်းသိလိုက်သည်။


 ထိုစဥ် ကုမိန်က သူမမဆီ ရောက်လာပြီးပြော၏။ "တတိယဒေါ်ဒေါ်...  အမေက အဖွားအိမ်ကို အတူတူသွားရအောင်လို့ ပြောတယ်"


လင်းလန်က အေးအေးဟု ​ပြန်တုန့်ပြန်လိုက်ပြီး ကုမိန်ကိုပြောလိုက်သည်။ 


 "ရှောင်ဝမ် ဒီမှာ ကစားချင်လား"


ကုမိန်ကလည်း ခွေးပေါက်လေးတွေကို အလွန် သဘောကျ၏။ ပထမချွေးမဟန်နှင့် ဆွေးနွေးပြီး တစ်ကောင်မွေးချင်သောကြောင့်  နို့ပြတ်လျှင် အိမ်ကို တစ်ကောင်ယူသွားမည်ဖြစ်ကြောင်း ကြိုပြောထားလေသည်။ယခင်ရင်တုန်းက အဘွားကြီးဟန်က ခွေးတွေကို အစားအသောက် ဖြုန်းတီးသည်ဟု ထင်သည့်အတွက် မွေးမြူခွင့်မပေးခဲ့ပေ။ယခုတွင် မိသားစုခွဲထွက်ပြီးပြီဖြစ်ရာ ကုမိန်က သဘောကျသည့်အခါ ပထမချွေးမဟန်ကလည်း မွေးရန်သဘောတူ၏။


ကုမိန်က ပြောလေသည်။

 "တတိယဒေါ်ဒေါ်...သမီး ဒေါ်ဒေါ်နဲ့အတူတူ လိုက်ခဲ့တာပိုကောင်းမယ်"


လင်းလန် သဘောတူခဲ့ပေမဲ့ ရှောင်ဝမ်က မသွားဘဲ အိမ်မှာ ခွေးပေါက်လေးတွေနှင့် ဆော့ကစားချင်ခဲ့သည်။


လင်းလန်နှင့်ကုမိန်တို့ အဘွားကြီးဟန်၏အိမ်သို့  သွားခဲ့သည်။ အစ်ကိုကြီးဟန်၊ ဒုတိယချွေးမဟန်၊ ပထမချွေးမဟန်နှင့် ဟောင်ထျန်းတို့က ခြံဝင်းထဲတွင် ထိုင်နေပြီ ဖြစ်သည်။ အဘိုးကြီးဟန်၊ ဒုတိယ အစ်ကိုဟန်နှင့် ဟန်ချင်ဟွတို့က အလုပ်သွားကြသည်။


ဟောင်ထျန်းက  သူ့အဖိုးနှင့် ခွဲထွက်လိုက်ကတည်းက အတော်လေး  နှုတ်ဆိတ်နေခဲ့သည်။ အလုပ်သွားခြင်းအပြင်ကို နေ့တိုင်း လုပ်စရာပဲ ရှာသည်။ မလိုအပ်ပါက အဘိုးအိမ်ကို လာမှာမဟုတ်ပေ။


ဟန်ကျင်းယုက  သူမအခန်းထဲတွင် ပုန်းနေပြီး ပြတင်းပေါက်နားတွင် လှဲလျောင်းရင်း နားစွင့်ကာ နားထောင်နေသည်။


လင်းလန်က ဟောင်ထျန်း ကိုကြည့်ပြီးမေးလိုက်၏။


"ဟောင်ထျန်း  သားဘာလို့အလုပ်မသွားတာလဲ...သားအမေက ဒီမှာရှိနေသရွေ့ လူအများကြီးမလိုဘူးလေ"


ဟောင်ထျန်း သူတို့က သူအမေကိုအနိုင်ကျင့်မှာကြောက်၍ နည်းနည်းစိုးရိမ်နေသည်။


လင်းလန်က ပြုံးပြီးဆိုလိုက်၏။ 

"သွားပါ"


ပထမချွေးမဟန်ကလည်း သူ့ကို သွားခိုင်းလေသည်။


 "မင်းရဲ့ တတိယဒေါ်ဒေါ်လည်းရှိပါတယ်သားရယ်"


အဘွားကြီးဟန် ထိုစကားကိုကြားသောအခါ နှာမှုတ်လိုက်၏။ တစ်ယောက်က ဗီရိုအကြီးကြီးကို ပုဆိန်နှင့် ရိုက်ခွဲပြီး တစ်ယောက်က နှစ်သစ်ကူးညစာစားပွဲမှာ စားပွဲကို လှန်ချကာ  ပန်းကန်လုံးများကို ခွဲပစ်လိုက်သည်များက အကုန်လုံး သူမ၏မျက်လုံးထဲတွင် ဆူးများကဲ့သို့ပင်။


ဟောင်ထျန်းက သူ့အဖေကို တစ်ချက်ကြည့်လိုက်ရာ အစ်ကိုကြီးဟန်ကလည်း သွားခိုင်းသဖြင့် ကုမိန်ကိုခေါ်ပြီး အလုပ်သွားလိုက်သည်။


အဘွားကြီးဟန်က ပင်မထိုင်ခုံ၏ ဖူတန်ပေါ်တွင်  ခြေထောက်တစ်ဖက်ကို တင်ပျဥ်ခွေလျက် ထိုင်နေပြီး တလှုပ်လှုပ်နှင့် ယပ်တောင်ခတ်ကာဆို၏။ 


 "ဒီနေ့ ကျင်းယုရဲ့ အိမ်ထောင်ရေးအကြောင်း ဆွေးနွေးကြရအောင်...လျိုမိသားစုက သဘောထားကြီးပြီး လက်ဆောင်အဖြစ် ဆယ်ယွမ်၊စက်ဘီး၊ နာရီတစ်လုံး၊ ရေဒီယို၊ အထည်နှစ်စပဲပေးဖို့ပြောတယ်...ငါတို့အနေနဲ့ စုတ်ပြတ်နေအောင်လုပ်ပြီး လျိုမိသားစုက ငါတို့ကို အထင်သေးအောင်လုပ်လို့မဖြစ်ဘူး... မင်းတို့အကိုတွေက  စောင်တစ်ထည်စီနဲ့  တစ်ယောက်ကို ဆယ်ယွမ်ပေးရမယ်... အပ်ချုပ်စက်ကို အတူတူပေါင်းပေးရမယ်…”


လင်းလန် ရှင့်ဖင်ကြီးပဲပေးမယ်ဟု ပါးစပ်ကနေထွက်မိလုမတတ်ပင်။ ရွံရှာစရာကောင်းလွန်း၍ သူမဆဲမိလုနီးပါးဖြစ်သွားသည်။


ဒုတိယချွေးမဟန်သည် အဘွားကြီးဟန်က အစ်ကိုတစ်ယောက် စောင်တစ်ထည်အကြောင်းပြောသောအခါတွင် သူမမခံမရပ်နိုင်ဖြစ်သော်လည်း  အရင်ဆုံးထငြင်းသူမဖြစ်ချင်သောကြောင့် ပထမချွေးမဟန်နှင့် လင်းလန်တို့ကိုပြောစေချင်ခဲ့သည်။ သို့ရာတွင် မည်သူကသိမည်နည်း​၊ ပထမချွေးမဟန်က သစ်သားတုံကြီးလိုဖြစ်နေပြီး  လင်းလန်က ပါးစပ်ဟလိုက်သော်လည်း ပြန်မျိုချသွားခဲ့သည်။


ဒုတိယချွေးမဟန်က နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ​ပြောလိုက်၏။


 “ကျွန်မက ကျွန်မတို့မိသားစုက ယောက်မ လက်ထပ်တယ်လို့ သိတယ်.. ဒါပေမဲ့ မသိတဲ့လူတွေက  မြို့က အဆင့်မြင့် ကေဒါတချို့ရဲ့ သမီး အိမ်ထောင်ပြုတယ်ထင်ကုန်လိမ့်မယ်...အပ်ချုပ်စက်က ဝယ်ရအရမ်းလွယ်နေလို့လား...ဘယ်ကနေ လက်မှတ်ရမှာလဲ... တတိယလေးက လက်မှတ်ရနိုင်လို့ နောက်ထပ် နှစ်နှစ်စောင့်စရာမလိုရင်တောင်... ယွမ် 150 ကျော်ကြီးလေ"


သူမက ထိုသို့ပြောနေရင်း လင်းလန်ကိုကြည့်ကာဆို၏။


 “အိုး...သူ့တတိယချွေးမက ဒီလောက်ရက်ရောပြီး အပ်ချုပ်စက်ကို ခန်းဝင်စာ ထုတ်ပစ်လိုက်ဖို့ မဖြစ်နိုင်ဘူးလား” 


အဘွားကြီးဟန်မှာလည်း ထိုသို့သောစိတ်ကူးရှိခဲ့သော်ငြား  လူတိုင်းက ကောင်းကောင်းသိကြသည်။လင်းလန်က အရူးမလို့လား...


 လင်းလန်က စိတ်မဝင်စားဟန်ဖြင့်ဆိုလိုက်သည်။

 “မဖြစ်နိုင်ဘူး... ခန်းဝင်ပစ္စည်းဆိုရင်တောင် ကျွန်မသမီးဟာ ဖြစ်လိမ့်မယ်"


“နင်...” 


အခန်းထဲက ဟန်ကျင်းယု   ဒေါသထွက်လွန်း၍  ပြတင်းပေါက်ဘောင်ကို လက်နှင့်ရိုက်လိုက်ရာ  သူမလက်ကို နာသွားစေသည်။


အဘွားကြီးဟန်လည်း ဒေါသထွက်ပြီး လင်းလန်ကို မျက်ခုံးပင့်ကြည့်လိုက်သော်လည်း စိတ်မကောင်းစွာပဲ  လင်းလန် စိတ်အနှောင့်အယှက်ဖြစ်သွားလျှင် တတိယမိသားစုက တစ်ပြားမှ ပေးလိမ့်မည်မဟုတ်ကြောင်း မှန်းကြည့်၍ရသဖြင့် သူမ ထိန်းထားရုံသာတတ်နိုင်၏။


 သူမက မပျော်မရွှင်ဆိုလိုက်သည်။

 "ဒါဆို အပ်ချုပ်စက်ကို မှန်တင်ခုံ၊ဓာတ်ဘူး၊ အဖြူရောင် ကြွေဇလုံ​၊မတ်ခွက်တို့နဲ့ အစားထိုးလိုက်..."


လင်းလန်က ဂရုမစိုက်ပေ။  အဘွားကြီးဟန် အခန်းထဲမှာ ဓာတ်ဘူးနှင့်မတ်ခွက်တွေ ရှိသဖြင့် ထိုဟာတွေကိုပဲ တိုက်ရိုက်ထည့်ပေးလိုက်မည်။ မည်သို့ပင်ဖြစ်စေ သူမကအပြင်ထွက်မှာမှ မဟုတ်သည်ပင်။ မှန်တင်ခုံ  ဒါမှမဟုတ် တစ်ခုခုအတွက်သာဆို  အိုး အိပ်မက်သာမက်နေလိုက်...  သူမတို့အိမ်သစ်ကို  ဟန်ကျင်းယုအတွက်  ခန်းဝင်ပစ္စည်းအဖြစ် ဘယ်လိုလုပ်အသုံးချလို့ရမှာလဲ...အနှစ်တစ်ထောင်လောက် အိမ်မက်မက်နေလိုက်...


အဘွားကြီးဟန် လင်းလန်တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့်  ခြေထောက်တွေကို ဟိုဘက်ပြောင်းချိတ်လိုက်သည်ဘက်ပြောင်းချိတ်လိုက်ဖြင့် တစ်ချိန်လုံး လှုပ်ရွနေသော်လည်း လင်းလန်ကမူ တောင်ကြီးတစ်ခုလို မယိမ်းမယိုင် ထိုင်နေမြဲပင်။


သူမ ယခုလို ဒေါသတကြီးပြောရုံမှတပါးရွေးချယ်စရာမရှိတော့ပေ။


 “ဒါဆို ငါတို့ အပ်ချုပ်စက် မလိုဘူး...လူတစ်ယောက်ကို စောင်တစ်ထည်၊ အဝတ်တစ်ထည်၊ ယွမ်တစ်ဆယ်နဲ့ ဂျုံမှုန့်ကတ်တီတစ်ရာ..…” 

 

“အမလေး အမေရေ ...ကျွန်မတို့မိသားစုကို မြေ ပိုင်ရှင်ကြီးလို့ ထင်နေတာလား "


 ဒုတိယချွေးမဟန်  မျက်လုံးပြူးကာဆို၏။


 “မိသားစုခွဲတုန်းက ဂျုံဘယ်နှစ်ကတ်တီ ရလို့လဲ... တစ်နှစ်လုံး ချွေးဒီးဒီးကျအောင်လုပ်ရတာတောင် တစ်ယောက်ကို ရိက္ခာကတ်တီရာနည်းနည်းပဲရတာ...ဒါမှမဟုတ် ကျွန်မတို့က မစားမသောက်ဘဲ ယောက်မဖြစ်သူ လက်ထပ်ဖို့ ခြစ်ခြုပ်ပေးရမှာ လား... သူမကို ဘယ်သူလက်ထပ်ထပ် အရမ်းကံကောင်းမှာ...ဘာလို့ဆို ရွှေအိုးကြီးကောက်ရသလို ကြီးပွားသွားမှာလေ...ဝက်မွေးတာထက်တောင် ပိုအကျိုးရှိဦးမယ်"


မည်သို့ပင်ဖြစ်ပါစေ  သူတို့ ယခုလိုမျိုး မလုပ်ခဲ့ဖူးသည်လည်းမဟုတ်ပေ။ယခင်ကဆိုလျင် သူတို့မိသားစုက မဝမလင်စားသောက်ပြီး ဟန်ကျင်းယုနှင့်ဟန်ချင်ဟွ ကျောင်းတက်ရန် စုခဲ့ဆောင်းခဲ့ရ၏။


Xxxxxxx

Part 436


မည်သို့ပင်ဖြစ်ပါစေ  သူတို့ ယခုလိုမျိုး မလုပ်ခဲ့ဖူးသည်လည်းမဟုတ်ပေ။ယခင်ကဆိုလျင် သူတို့မိသားစုက မဝမလင်စားသောက်ပြီး ဟန်ကျင်းယုနှင့်ဟန်ချင်ဟွ ကျောင်းတက်ရန် စုခဲ့ဆောင်းခဲ့ရ၏။


"နင်ဘာတွေပြောနေတာလဲ...နင်ဘယ်လိုပြောလိုက်တာလဲ"


အဘွားကြီးဟန်က ဆတ်ဆတ်ခါအောင် ဒေါသထွက်ပြီး ဒုတိယချွေးမဟန်ကို ယက်တောင်နှင့် ပြေးရိုက်ကာ ဟန်ကျင်းယုကလည်း ဒုတိယချွေးမဟန်ကို တစ်စစီလုပ်ပစ်ချင်သဖြင့်  အခန်းအပြင်ကို ပြေးထွက်လာသည်။


အစ်ကိုကြီးဟန်: "ကောင်းပြီ...အေးအေးဆေးဆေးဖြေရှင်းကြပါ...ကိစ္စအကြောင်းပြောရအောင် "


လင်းလန်က သူမမျက်နှာနှင့် လည်ပင်းကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ခြံဝင်းငယ်က လေလုံပြီး သူမအိမ်ထက် ပိုပူသည်။


ဒုတိယချွေးမဟန် အေးစက်စွာ နှာခေါင်းရှုံ့ကာ  လင်းလန်ဘေးတွင် ထိုင်ပြီး ဟန်ကျင်းယု  နှင့် ခပ်ဝေးဝေးနေခဲ့သည်။


သူမက ပထမချွေးမဟန်ကို ပုတ်လိုက်ပြီးဆို၏။ “ယောင်းမ...နင်ပြော...နင်က နှစ်ရှည်အိမ်ရှင်မလုပ်ခဲ့တာ...နင်မပြောရင် ဘယ်သူပြောမလဲ” 


ပထမချွေးမဟန်: “ရပါတယ်...ငါက စကားကောင်းကောင်း မပြောတတ်ဘူး... ယွမ်တစ်ရာနဲ့ စောင်ဆယ်ထည် ပေးပါလို့ ပြောရင်တောင် ပေးဖို့ရှိဦးမှကိုးး"


အစားအသောက်နှင့် ထင်းအပြင် သူမမှာ အိမ်တွင် ပစ္စည်းအနည်းငယ်သာ ရှိ၏။ သူမ အိမ်တွင် စောင်နှစ်ထည်သာ ရှိပြီး သမီးနှင့်သားက သူ့ဘေးမှာ အိပ်နေရတုန်းပင်။ သူမ ဟန်ကျင်းယုအတွက် စောင် ဘာလို့ပေးရမှာလဲ...


ကိုယ့်ဘာကိုယ် ဆက်ပြီးအိပ်မက်မက်နေလိုက်...


ပထမချွေးမဟန်က  ယခုလိုပဲတစ်သံတည်းပြောနေသည်ကိုမြင်သောအခါ ဟန်ကျင်းယုကပြောလေသည်။


 "အစ်ကိုကြီး...နင် ငါ့ကိုဒီလိုဆက်ဆံနေတာလား"


 အစ်ကိုကြီးဟန် အကျပ်ရိုက်နေ၏။


"ဒါဆို နင်ဘာတွေ ပြောနေတာလဲ...အထည်လက်မှတ်နဲ့  ဂွမ်းလက်မှတ်တွေ မရှိဘူး..."


 "သွားလဲချေ...တစ်ခြားတစ်ယောက်ယောက်ရှာပြီး သွားလဲ... အထည်လက်မှတ်တွေကို ဘယ်သူသိမ်းထားသေးတုန်း...ဘယ်နှစ်နှစ်ရှိပြီလဲသိမ်းထားတာ... သွားလဲရမယ်မလား"


ဟန်ကျင်းယုက စိတ်အားထက်သန်စွာဆိုလေသည်။


ဒုတိယချွေးမဟန်: "နင်ကဘာကိုလဲချင်တာလဲ... နင့်ဘာနင်လဲလေ"


ဟန်ကျင်းယုက ဒုတိယချွေးမဟန်ကိုထပ်ရိုက်ချင်ပေမဲ့ ဒုတိယချွေးမဟန်က သူမနှင့်ရန်ဖြစ်ရန် ငြင်းဆန်၏။ 


ဟန်ကျင်းယုစငိုပါတော့သည်။


 "အိမ်မှာ...ငါ့ကိုမျက်စိနောက်စရာလို့ မြင်နေကြတာမလား... အခု ငါလက်ထပ်မယ်လုပ်တော့ အဆင်မပြေအောင်လုပ်နေကြတယ်"


ပထမချွေးမဟန်က   စကားတစ်ခွန်းမှ မပြောပေ။ ဒုတိယချွေးမဟန်က အေးစက်စွာ နှာမှုတ်လိုက်၏။ အားလုံးက လင်းလန်ကို ကြည့်နေကြသည်။


လင်းလန် : "ငါကဘာလုပ်ရမှာလဲ...ငါ့မှာ ပိုက်ဆံ မရှိဘူး ... နင်က စောင်တွေ အများကြီး လိုချင်တယ်လို့ပြောတယ် ...ဒါပေမဲ့ ငါတို့မှာ အထည် မရှိဘူး...  နင်က ပိုက်ဆံ လိုချင်တယ် လို့ ပြောပေမဲ့ ငါတို့ ထဲက တစ်ယောက်မှ ဒီလောက်များတဲ့ပိုက်ဆံ မရှိဘူး ...နင်က ဆန်နဲ့ ရိက္ခာတွေကို လဲ ပေးစေချင်တယ်လို့ ပြောတယ်...ဘာလဲ ငါ့တို့ကိုသတ်ပြီးအိမ်ထောင်ပြုချင်တယ်လို့ ပြောနေတာလား"


"ဝူး..." 


ဟန်ကျင်းယု လင်းလန်ကို ဒေါသထွက်လွန်း၍ ငိုပါတော့သည်။ မိသားစုခွဲထွက်ပြီးနောက် အနှီယောက်မတွေက စပြီး ဝိုင်းသမတော့၏။


 "နင်ငါ့ကိုအနိုင်ကျင့်တာပဲ"


လင်းလန်:ငါက နင့်ကို ဘယ်လို အနိုင်ကျင့်ရမှန်းသိသလိုမျိုး  အရမ်းတွေ လွယ်လွယ်ကူကူငိုနေတာပဲ... ငါ့မှာ ပိုက်ဆံ၊ အဝတ်အစားနဲ့ စားစရာရှိတယ်...ဒါပေမဲ့ ငါ့မှာ ကလေးငါးယောက်ရှိတယ်... နင်ကို ငါဘယ်လိုလုပ်ပေးရမှာလဲ...


အသက်ဘယ်လောက်ရှိပြီလဲ...


"လူတွေက အသွင်းပစ္စည်းအကြောင်းပြောရင် ...ငါ စုတ်ပြတ်သတ်လွန်းနေတာမလိုချင်ဘူး

.."


ဟန်ကျင်းယုက  ငိုသည်​။


အဘွားကြီးဟန်လည်း  ချွေးမသုံးယောက်က သူကို တမင်လုပ်နေသည်ထင်ပြီး ဒေါသတွေထွက်နေ၏။


 "သားကြီး...နင် အနေတာလား"


 အစ်ကိုကြီးဟန် ဘာပြောရမှန်းမသိပေ။ သူ့မှာ တကယ်တစ်ခုမှမရှိခြင်းဖြစ်သည်။  ဒါက သူ့အမေရဲ့သမီးလေ...သူ ဘာပြောရမှာလဲ...


ကောင်မလေးကို ပစ္စည်းတွေ မတောင်းဖို့ ပြောရမှာလား...


အစ်ကိုကြီးဟန်:"ဒုတိယနဲ့ တတိယလေး ပြန်ရောက်ပြီးမှ ငါတို့ ဆွေးနွေးသင့်တယ် မဟုတ်လား" 


ယခုတွင်  မိသားစုခွဲထွက်ပြီးပြီဖြစ်ရာ  အိမ်ကြီး၏ ပိုင်ရှင်မဖြစ်နိုင်တော့ပေ။ သူက အလုပ်မှတ်ရရန်ပဲ အလုပ်လုပ်ခြင်းဖြစ်သည်။


 လင်းလန်:  "စိတ်မကောင်းပါဘူး...ဒါပေမဲ့  ငါတို့မိသားစုမှာ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတယ်... မိသားစုခွဲထွက်တဲ့အစမှာ ယောက်မနဲ့မတ်လေး တို့ အိမ်ထောင်ပြုရင်  သတို့သမီးကြေးနဲ့ ခန်းဝင်ပစ္စည်းကို ပစ္စုပ္ပန်အရ အဆုံးအဖြတ်ပေးပြီး မိသားစု လေးစု ပေါင်းပေးမယ်လို့ ပြောခဲဲ့ကြတာ...အခု အိမ်ထောင်ရေး အခြေအနေ ဘယ်လိုရှိလဲ... အကြီးဆုံးယောက်မကို ကြည့်...ဒုတိယယောက်မကိုကြည့်...ငါ့ကိုကြည့်... သူများတွေဘာတွေလုပ်နေလဲ ကြည့်လိုက်စမ်း... ဒီလိုအပေးအယူညှိဖို့အတွက်လေးကို... ဘယ်လောက်ပဲ တောင်းနေပါစေ...ငါတို့ မတတ်နိုင်ဘူး...အားကုန်တာပဲရှိလိမ့်မယ်"


 သူမက ဟန်ကျင်းယုကို တစ်ချက်ကြည့်လိုက်ပြီးဆက်ပြောသည်။


 " လျိုမိသားစုက နင့်ကို တင်တောင်းပစ္စည်းပစ္စည်းသုံးခုပေးမယ်လို့ပြောတယ် ...အဲဒါက ဟန်မိသားစုဟောင်း အတွက်လား ဒါမှမဟုတ် နင်ပြန်ယူသွားမှာလား... နင်ပြန်ယူရမယ်ဆိုရင် ဘယ်လိုလက်ဆောင်မျိုးလဲ...အဲဒါက  သူတို့လျိုမိသားစုရဲ့မျက်နှာမပျက်ဖို့(သိက္ခာမကျ)အတွက် ငါတို့အိမ်ကိုလာပြီး ပေးတာ... ငါတို့ကို လှည့်စားဖို့သက်သက်ပဲ... အဲဒါကို အလေးအနက်ထားနေလား"


နင့်ကိုယ်နင် အထင်ကြီးလွန်းနေတယ်...လက်ရှိအချိန်မှာ  မြို့ပေါ်မှာတောင် အသွင်းပစ္စည်းသုံးမျိုးရဖို့ အများကြီး ကြိုးစားရမှာ...


 ပထမချွေးမဟန်ကလည်းပြော၏။


 “တတိယမိသားစုပြောတာ မှန်တယ်...ငါတို့က အကြိမ်ရေ အနည်းငယ်တောင် မတွေ့ဖူးဘူး... နှစ်ဖက်မိဘတွေတောင် ထိုင်ပြီး စကားမပြောရသေးဘူး ...ဘာလို့ ခန်းဝင်စာတွေအကြောင်း ပြောနေ ကြတာလဲ... လျိုရဲ့မိဘတွေ ဒါမှမဟုတ် အောင်သွယ်တွေက လာပြောကြတာလား...ဇာတာတိုက်ကြည့်ပြီး ခန်းဝင်ကြေးက ဘယ်လောက် ဘာက ဘယ်လောက်ချရေးပြီးမှ စေ့စပ်ကြောင်းလမ်းတာ မှတ်ယူနိုင်တာလေ..."

 

ဟန်ကျင်းယုက  ဒေါသတကြီးနှင့်ဆိုလေသည်။


"ဇာတာမတိုက်ကြည့်ရသေးဘူးလို့ ဘယ်လိုလုပ်သိတာလဲ... သူ့မိသားစုမှာ ငါသွားတွေ့တော့ သူ့မိဘတွေက ငါ့ကို အရမ်းကျေနပ်ကြတယ်...အဲဒီတုန်းက သူတို့က လက်ထပ်ပေးချင်တယ်...တင်တောင်း ပစ္စည်းသုံးမျိုးပေးမယ်လို့ ပြောလို့ ငါ ပြန်လာပြီး ဆွေးနွေးတာ... ဆွေးနွေးကြမယ်... ပြီးရင် မိသားစုနှစ်စု တရားဝင်လက်ထပ်လို့ရပြီ”  


အဘွားကြီးဟန်က  ဒေါသတကြီးပြော၏။

“ထိုင်ပြီး ဆွေးနွေးကြမယ်"


လင်းလန် : "ဒီလို ငြင်းခုံတာက တစ်နှစ်ကြာရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး...ရှင်တို့ ရွာက တခြားလူတွေက သူတို့သမီးတွေကို ဘယ်လိုလက်ထပ်ပေးလဲ ဆိုတာ အရင်စုံစမ်းကြရင်ပိုကောင်းမယ်... ဆွေးနွေးပြီးမှ ကျွန်မတို့ကို အသိပေးပါ...ရှောင်ဝမ်က အိမ်မှာရှိနေသေးတယ်...ကျွန်မ  ပြန်သွားကြည့်ရမယ်” 


သူမက ထပြီး အစ်ကိုကြီးဟန်ကို နှုတ်ဆက်ကာ ပထမချွေးမဟန်က ချက်ချင်း နောက်က လိုက်သွားသည်။


ဟန်ကျင်းယုက  ဒေါသတကြီး ပြေးလာကာ လင်းလန်ကို ဖမ်းကိုင်ကာ မျက်နှာပေါ်မှာ မျက်ရည်များစိုရွှဲနေလျက် လွန်စွာ မတရားခံနေရသော အကြည့်ဖြင့်ဆိုလေ၏။


 "လင်းလန်... နင်က အရမ်းယုတ်မာတာပဲ...နင် ဘာလို့ ငါ့ရဲ့ ကောင်းကျိုးကို အနှောင့်အယှက် ပေးနေတာလဲ..."


Xxxxxx