အပိုင်း ၄၃၇-၄၃၈
Viewers 23k

Part 437


"လင်းလန်... နင်က အရမ်းယုတ်မာတာပဲ...နင် ဘာလို့ ငါ့ရဲ့ ကောင်းကျိုးကို အနှောင့်အယှက် ပေးနေတာလဲ"


  လင်းလန်က မျက်မှောင်ကြုတ်ကာ သူမလက်ကိုပြန်ဆွဲယူပြိး အေးစက်စွာပြောလိုက်သည်။


   "နင့်ရဲ့ကိစ္စကောင်းကို ငါက ဘာလို့နှောင့်ယှက်ချင်ရမှာလဲ...အရှက်မမဲ့စမ်းပါနဲ့...နင်ဘာနင်လက်ထပ်ထပ်မထပ်ထပ်...ငါတို့ကိစ္စကိုပဲ ငါတို့ ဂရုစိုက်တယ်"

   

သူမက နှာခေါင်းရှုံ့ကာ  ခြေထောက်ကိုမြှောက်လျက် ထွက်ခွာသွားခဲ့ပြီး ပထမချွေးမဟန်က ချက်ချင်း လိုက်သွားသည်။


သူမနောက်မှာကာ ဟန်ကျင်းယုတစ်ယောက် စိတ်တိုလွန်း၍ မျက်ရည်တွေကျလာ၏။


 "အားးးး... ငါအိမ်ထောင်မပြုတော့ဘူး.

 ..အိမ်ထောင်မပြုတော့ဘူး!"


......


ပထမယချွေးမဟန်ကပြောလိုက်သည်။


"ငါ့ရဲ့မျိုးရိုးနာမည်ကဘာလဲဆိုတာကို ငါတကယ်မသိတော့ဘူး... ငါတို့က တတ်နိုင်ရင် ရေသာခိုဖို့ မကြိုးစားဘူး... ဒါပေမဲ့ အများကြီး လိုချင်ရင် ငါတို့မှာ ရောင်းစရာဘာမှမရှိဘူး... အခု ဘာရောင်းရမှာလဲ...ဘယ်သူမှ သားတွေ သမီးကိုတော့ မရောင်းချင်ကြဘူးမလား"

 

 လင်းလန်က ပြောလိုက်၏။ 


 "သူလုပ်ချင်တာလုပ်ပါစေ...တခြားသူတွေက စောင်တစ်ထည်တောင်မရှာနိုင်ဘူး...သူက နောက်ထပ်သုံးထပ်လိုချင်နေတယ်...သူအိပ်မက်ကနိုးလာပြီးမှ ဒီအကြောင်းကိုဆက်ပြောကြတာပေါ့"

 

သူမက လမ်းဆုံမှာ ပထမချွေးမဟန်နှင့် လမ်းခွဲခဲ့ပြီးအိမ်အရင်သွားခဲ့သည်။


တစ်အိမ်လုံး တိတ်ဆိတ်နေပြီး လှုပ်ရှားမှုမရှိပေ။ သူမ အိမ်ထဲဝင်လိုက်သည်နှင့် ရှောင်ဝမ်က  ကောက်ရိုးပုံထဲမှာ ခွေးပေါက်လေးတွေကို သူ့ရင်ခွင်ထဲထည့်ပြီး အိပ်ပျော်နေ၏။ ဝမ်ဝမ်က   ဘေးတွင် လှဲနေပြီး ရံဖန်ရံခါ သူ့ကို လျက်ပေးနေ သည်။


 လင်းလန် : "..." 


မထင်မှတ်ပဲ သူမ စပရိုက်အတိုက်ခံလိုက်ရသဖြင့် နောက်ကျိချင်နေသည့်စိတ်လေးသည် လက်စတုံးခံလိုက်ရကာ  ဟန်ကျင်းယုက ချက်ချင်းပဲ မီးခိုးတွေဖြစ်သွားပြီး ပျောက်ကွယ်သွားတော့၏။


ရှောင်ဝမ်ကို အနွေးကုတင် ပေါ်သို့ ပွေ့တင်ကာ ဗိုက်ပေါ်မှာ စောင်ပါးလေးတစ်ထည်တင်ပေးလိုက်၏။၎င်းနောက် ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ သွားကာ ဟင်းရွက်ခူးပြီး ဟင်းချက်ရန် ပြန်လာခဲ့သည်။


 သိပ်မကြာခင်မှာပဲ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြ၏။စန်းဝမ်က ပုစဥ်းရင်ကွဲဖမ်းသည့် ဝိုင်ပုလင်းကို ကိုင်ကာ ပိုးကောင်တွေထည့်ပြီး ကြက်တွေ အစာကျွေးဖို့ ပြန်ယူလာခဲ့သည်။


တဝမ်ကလည်း မြက်တစ်စည်း သယ်လာကာ အားဝမ်နှင့်မိုင်စွေ့ တို့က တောရိုင်းဟင်းသီးဟင်းရွက်အချို့ကို နုတ်လာကြသည်။


မိုးရွာပြီးနောက် မြေသားကစိုစွတ်ပြီး မြေဆီလွှာလည်း စိုစွတ်နေသည့်အတွက် အဝတ်အစားတွေ အားလုံး စိုစွတ်နေသဖြင့် လင်းလန်းက သူတို့ကို ကိုယ်လက်သန့်စင်ပြီး အဝတ်အစား အရင်လဲခိုင်းလိုက်သည်။


မနေ့က ဟန်ချင်စုန့်ပြန်ယူလာသည့်ကြက်မက ဒီနေ့မနက်မှာ အမှန်တကယ်  ဥဥခဲ့သဖြင့် လင်းလန်က ၎င်းကို နှစ်ရက်စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်၏။


ထို့ကြောင့် ညဘက်မှာ ကြက်သားဟင်းအစား အိမ်ချက် အစားအစာတွေကို သူမတို့ စားနေတုန်းပင်။


ဟန်ချင်စုန့်က စက်ဘီး နောက်ထိုင်ခုံတွင် ခြင်း အဝိုင်းလေးချည်ကာ  ပြန်လာချိန်တွင် ခြောက်နာရီထိုးလုနီး ဖြစ်နေပြီဖြစ်သည်။


လင်းလန်က သူ့ဆီ အပြေးအလွှားသွားပြီးဆိုလိုက်၏။


 "စန်းကော...ကျွန်မတို့အတွက် ဘာအရသာရှိတဲ့စားစရာတွေယူလာလဲ"


  မနေ့က ကြက်သား...ဒီနေ့ ဘာလဲ...


ဟန်ချင်စုန့်: "ကွန်မြူနတီက ကိုယ်တို့ကို ဖရဲသီးနည်းနည်း ခွဲပေးလိုက်တယ်"


ခြင်းတောင်းကို အောက်သို့ချပြီး ရေစင်မြင့်ပေါ်တင်ကာ လင်းလန်က ကလေးများ ကြည့်ရအောင် ပြလိုက်သည်။ ကြီးမားပြည့်ဖောင်းသော မက်မွန်သီးအချို့၊ လိမ္မော်နီရောင်ဖရဲ၊ဖရဲလုံးရှည်းအနည်းငယ်နှင့် ဖရဲဝိုင်းသီးအနည်းငယ်တို့ ပါသည်။

 

"အရမ်းကောင်းတာပဲ!"


 အခြားတပ်မဟာများက ဖရဲသီးနှင့် အသီးအနှံအချို့ကို စိုက်ပျိုးသော်လည်း သူတို့ဆီမှာမူ ဟန်ရုံဖန်မကြိုက်သောကြောင့် ၎င်းတို့မှာ အနည်းငယ်သာရှိသည်။ မြေဖြုန်းသည်က ကောက်ပဲသီးနှံတွေ တိုက်ရိုက်စိုက်သည်ထက် ပိုဆိုးသည်ဟု သူက ပြော၏။ ဖရဲသီးနှင့် အသီးအနှံတွေကို မစားဘဲနေလျှင် အဆင်ပြေသည်။သို့ပေမဲ့  အစာမရှိလျှင် အလုပ်မလုပ်နိုင်ပေ။ ထို့ကြောင့် ရှန်ရွေ့ရွာတွင်မျိုးစိတ်အလွန်နည်းပါးသည်။


လင်းလန်က ကလေးတွေ ရေဆေးပြီးစားရန် ထုတ်လိုက်သည်။သူတို့မိသားစုက သူတို့ကြိုက်သည်မှန်သမျှ စားကြသည်။ လူတိုင်းစားချင်လျှင် ခွဲစားကြပြီး  တစ်ယောက်တည်း ဘယ်တော့မှမစားကြပေ။


ရှောင်ဝမ်နှင့်စန်းဝမ် နှစ်ယောက်စလုံး ဖရဲသီးစားချင်သော်လည်း ဖရဲသီးတစ်လုံးလုံး မကုန်နိုင်သောကြောင့် အားဝမ်က ၎င်းကိုခွဲချင်ခဲ့သည်။


 အားဝမ် ဖရဲသီးခွဲခါနီးတွင်  စန်းဝမ်က  ချက်ချင်းအော်ပြောလာ၏။


 "ဒုတိယအစ်ကို မလုပ်နဲ့...မီးဖိုချောင်သုံးဓားက ဖရဲသီးတွေ လှီးတဲ့အခါနံတယ်"


 အားဝမ်: "ရေဆေးပြီးပြီ"


"နံနေတုန်းပဲ" 


စန်းဝမ်က  အခိုင်အမာဆိုသည်။


 အိမ်ရှိ မီးဖိုချောင်သုံးဓားများကို သံဖြင့်ပြုလုပ်ထားပြီး ဟင်းသီးဟင်းရွက်နှင့် အသားများကို တစ်နေ့တာလုံး လှီးဖြတ်ရာတွင် အသုံးပြု၏။ မည်သို့ပင်ဖြစ်စေ အနံ့ကား ရှိပေသည်။


 တဝမ်က  ဖရဲသီးကိုယူပြီး သူ့လက်ဖဝါးထဲမှာထည့်၊  လက်သီးနှင့်ထုပြီး ခွဲကာ  သူ့ညီစားရန် ဖဲ့လိုက်၏။


စန်းဝမ်ကအော်သည်။


“ကျွန်တော်လည်း ခွဲချင်တယ်” 

 

ရလဒ်အနေဖြင့် သူက ဖရဲသီးစားသည်ကို  ဂရုမစိုက်ဘဲ အပျော်သဘောနှင့် ဖရဲသီးခွဲချင်ပေမဲ့ တဝမ်က သူ့လည်ပင်းကို ကိုင်ပြီး ဖရဲသီးစားခိုင်းလိုက်၏။


လင်းလန်က  အမှည့်လွန်သောအသီးများကို ထုတ်ယူကာ ဦးစွာစားခိုင်းလိုက်သည်။ ထို့နောက် တချို့ကိုရွေးပြီး မိုင်စွေ့ကို ပထမချွေးမဟန်တို့အိမ်ပို့ခိုင်းလိုက်၏။ ဟန်ချင်စုန့်က အဘွားကြီးဟန်ထံသို့ ပို့ရန် နောက်ထပ် အနည်းငယ် ကောက်ယူခဲ့သည်။


ဟန်ချင်စုန့် မလှုပ်မရှားဘဲ  သားသမီးများ စားသောက်နေသည်ကို  ကြည့်ပဲကြည့်နေပြီး သူက    လင်းလန်ကိုသာ ကူညီပေးနေ၏။


လင်းလန်က သူ့ကို ဖရဲသီးတစ်ခြမ်း ပေးလိုက်သည်။


ဟန်ချင်စုန့်က လက်ငါးချောင်းဖြင့် တင်းတင်းကျပ်ကျပ် ညှစ်ထားပြီး လက်တစ်ဖက်ဖြင့် ဖိကာ သူမထံသို့ ပြန်ပေးလိုက်သည်။


စန်းဝမ်: "အိုး အိုး အိုးး... ကျွန်တော်လည်း အဲ့လို လုပ်ချင်တယ်" 


သူက မက်မွန်သီးကို ကောက်ယူပြီး အရည်ညှစ်လိုက်၏။


မိုင်စွေ့က  သူ့ကိုရိုက်လိုက်ပြီးဆိုသည်။

 "စားပစ်လိုက်..."


အားလုံးက ရယ်မောလိုက်ကြသည်။


လင်းလန်က ဟန်ချင်စုန့်ကို ဖရဲသီးတစ်ခြမ်း ကျွေးပြီး ခန်းဝင်ပစ္စည်း ညှိနှိုင်းမှုနှင့်ပတ်သက်၍ သူ့ကိုပြောလိုက်သည်။


 "သူတို့က အများကြီးလိုချင်နေတာတွေ့တော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး... သူတို့ပြန်ဆွေးနွေးခိုင်းလိုက်တယ်"


ဟန်ချင်စုန့်က အနည်းငယ် မျက်မှောင်ကြုတ်ကာဆိုသည်။


 "ကိုယ်ညကျသွားပြီး တစ်ချက်ကြည့်လိုက်မယ်"


ညစာစားပြီးသောအခါ စန်းဝမ်က လော်ဆော်လေ၏။


 “မြန်မြန်လုပ် ပုစဉ်းရင်ကွဲ လိုက်ရှာရမယ်” 


ယခုအခါ ကလေးတွေက အကုန်လုံး ပုစဥ်းရင်ကွဲ လိုက်ရှာနေကြသည်။ သူတို့အနေဖြင့် တခြားတွေနှင့် မတိုးရန် တတ်နိုင်သမျှ မြန်မြန်လုပ်ရပေမည်။ပထမဆုံးအကြိမ် ဖမ်းတုန်းက  ငြီးငွေ့စရာဖြစ်သော်လည်း  ယခုမိုင်စွေ့ပင် စွဲလန်းနေပြီဖြစ်သည်။


လင်းလန်သည် မူလက တဝမ်အိမ်မှာနေပြီး  စာဖတ်နေမည်ဟု ထင်ခဲ့ပြီး သူလိုက်ရန် မမျှော်လင့်ထားခဲ့သော်လည်း သူ့ဘောင်းဘီအိတ်ကပ်ထဲတွင် လက်ဖဝါးအရွယ် စာအုပ်ကို ထည့်ထားကြောင်း သူမ သတိပြုမိလိုက်သည်။


ကလေးတွေက မိဘများကို နှုတ်ဆက်ပြီးနောက် လင်းလန်နှင့် ဟန်ချင်စုန့်တို့ကို အိမ်တွင်ထားခဲ့သည်။


 လင်းလန်က သိပ်မစားတော့ဘဲ ကျန်နေသည့် ခရမ်းချဉ်သီးနှင့် သခွားသီးတွေကို စားပြီး ပါးစပ် ပလုပ်ကျင်းလိုက်၏။ သူမက ဟန်ချင်စုန့်ကိုပြောလိုက်သည်။


 "တဝမ်က   အတန်းကျော်ချင်နေတယ် " 

 

ဟန်ချင်စုန့်က ရေသောက်ပြီး ပါးစပ်ကို ပလုပ်ကျင်းလိုက်ကာပြော၏။


 "အဆင့်တွေအရမ်းကောင်းနေလို့လား"


လင်းလန် : " ...... အဆင်ပြေပါတယ် " 


ပထမတန်းကပဲ ကောင်းလေသည်၊ ဒုတိယ တန်း မှာ လုံလောက်မှာ မဟုတ်သည်က သေချာ၏။ သူက စတုတ္ထတန်းကိုပင် အတန်းကျော်ချင်နေသေးသည်။ သူမ ဟန်ချင်စုန့်ကို ပြောရန်ရှက်လွန်းလှ၏။


ဟန်ချင်စုန့်: "သူက အသက်ကြီးပြီ...ပထမတန်းမှာနေရတာ ရှက်နေလောက်တယ် ... တတိယတန်းမှာ တက်ခိုင်းလိုက် " 

သူ့ညီ/ညီမတွေနဲ့ အတူတူပေါ့...


 လင်းလန် : "သူ စတုတ္ထတန်းတက်ချင်တာ"


 ဟန်ချင်စုန့်: "..... ရည်မှန်းချက်ကြီးလွန်းတယ်"


Xxxxxxx

Part 438


ဟန်ချင်စုန့်: "သူက အသက်ကြီးပြီ...ပထမတန်းမှာနေရတာ ရှက်နေလောက်တယ် ... တတိယတန်းမှာ တက်ခိုင်းလိုက် " 

သူ့ညီ/ညီမတွေနဲ့ အတူတူပေါ့...


 လင်းလန် : "သူ စတုတ္ထတန်းတက်ချင်တာ"


 ဟန်ချင်စုန့်: "..... ရည်မှန်းချက်ကြီးလွန်းတယ်"


လင်းလန်လည်း ထိုသို့နည်းနည်းလေး ခံစားရပေမဲ့ ဟန်ချင်စုန့်အား တဝမ်ကို ယခုလို မပြောစေချင်ပေ။


 "အခု သူက ကျောင်းမှာ သိပ်မလေ့လာဖြစ်တော့ဘူး... သူ့အသက်အရွယ်ကြောင့် ရင့်ကျက်တဲ့ ဦးနှောက်ရှိတယ်...အဲ့ဒါကြောင့် နားထောင်နိုင်လောက်မယ်ထင်တယ်"

 

ယခင်က တဝမ်ကို အေးတိအေးစက် ဆက်ဆံမယ်ဟု သူမက ပြောခဲ့ပေမဲ့ ယခု သူ့အတွက် သူမဘာသာသူမ အကြောင်းပြချက်တွေ ရှာပေးနေခဲ့၏။


သူမပြောစကားကိုကြားသောအခါ ဟန်ချင်စုန့်ကပြောလိုက်သည်။ 


 "ဒါဆို ဆရာမကို စာမေးပွဲဖြေခိုင်းလိုက်...သူ အောင်ရင် အတန်းကျော်လိမ့်မယ်" 

 

 သူက အောက်ဆုံးကနေ တစ်ဆင့်ပြီးတစ်ဆင့်သွားရသည်ကို သဘောကျပြီး အချိန်မရွေး အောင်မြင်ရန် အလျင်စလို မလုပ်သင့်ပေ။


လင်းလန်က ခေါင်းညိတ်လိုက်သည်။


ဟန်ချင်စုန့်က အဘွားကြီး၏အိမ်ကို သွားမည်ဖြစ်၍ လင်းလန်ကို လိုက်မလားဟု မေးသည်။


လင်းလန်က ပြုံးပြီးဆိုလိုက်၏။

 "သွားနှင့်...ဆွေးနွေးပြီးမှ ကျွန်မကို အသိပေးပါ" 

 


ဟန်ချင်စုန့်က ခေါင်းညိတ်ပြသော်လည်း ထွက်မသွားသေးဘဲ သူမကိုပဲ ကြည့်နေသည်။


လင်းလန်က သူ့ကို လှမ်းနမ်းလိုက်ပြီး  နောက်ပြန်ဆုတ်ချင်သော်လည်း သူ့ဆီကနေအ ချုပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။ အနမ်းရှည်ကြီးအပြီးနောက် သူမ၏အဆုတ်စွမ်းရည် တိုးတက်လာသည်ကို ခံစားလိုက်ရ၏။


သူမ သူမနှုတ်ခမ်းကို လျှာသပ်ပြီးပြောလိုက်သည်။

 "မြန်မြန်သွား"


 ဟန်ချင်စုန့်က ရုတ်တရတ် ခေါင်းလှည့်ကာ  အပြင်ကိုကြည့်လိုက်ပြီးဆို၏။

 "တံခါးနားမှာဘယ်သူလဲ ... ဝင်လာခဲ့"


လင်းလန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ  ဟန်ချင်ဟွ ဝင်လာသည်ကို တွေ့လိုက်ရသည်။ 


သူက ပြုံးပြီးပြော၏။


 "တတိယအစ်ကိုနဲ့မရီး ... ငါမင်းတို့ကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး" 

 

 ဆိုလိုသည်က ခုနက မြင်လိုက်သည်ဟုပင်။


 လင်းလန်က ချက်ချင်းဆိုသလို ပန်းကန်လုံးနှင့် တူတွေကို အိမ်ထဲယူသွားသည်။


   

ဟန်ချင်စုန့်က ဟန်ချင်ဟွကို တစ်ချက်ကြည့်လိုက်ပြီးပြော၏။


 "ငါ လာတော့မလို့ပဲ"


 သူက  လင်းလန်ကိုပြောလိုက်သည်။

"ဒီနေ့ မိုးမရွာရင် စားပွဲကို ထားခဲ့လိုက်...ကိုယ် ပြန်လာရင် ရွှေ့လိုက်မယ်" 

  

လင်းလန်က အခုတလော အိပ်မပျော်လျှင် ခြံထဲမှာ ထိုင်ပြီး စာအုပ်ဖတ်ကာ ရေဒီယို နားထောင်ရသည်ကို ကြိုက်လေသည်။


ဟန်ချင်ဟွက ပြုံးပြီးဆို၏။


 "မရီး...အတူတူသွားရအောင်လေ ...အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းနေမှာပေါ့"


 လင်းလန်ကလည်း ပြုံး၍သာပြောလိုက်သည်။

 "ရပါတယ် ...စာအုပ်ဖတ်နေမှာ"


ဟန်ချင်ဟွက ရေဒီယိုကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမူအရာက မပြောင်းမလဲနှင့်ပင် ဆို၏။


  "မရီး သွားရအောင်ပါ ...မိဘတွေ စောင့်နေတယ်... ​​အစ်ကိုကြီးကလည်း  ပထမမရီးကို သွားခေါ်နေပြီ"


ဟန်ချင်စုန့်က လင်းလန်ကို ကြည့်လိုက်သည်။


လင်းလန်က ပထမချွေးမဟန် လိုက်သွားသည်ကတည်းက ပထမချွေးမဟန်တစ်ယောက်တည်း မဖြစ်ရအောင်  သူမလည်း လိုက်သွားသင့်သည်ဟု  တွေးလိုက်သည်။ သူမက ယောက်ချိုဇွန်းကြီးတစ်ခုတွင် ဖရဲသီးထည့်ပြီး ဟန်ချင်ဟွကို  ပေးလိုက်၏။


"အတော်လေး ချိုတယ်"


ဟန်ချင်ဟွက   သူမကို ကြည့်ပြီး ပြုံးကာဆိုသည်။


 "ကျေးဇူးတင်ပါတယ် မရီး" 


သူတို့ လျောက်သွားသော အခါတွင် 

 လမ်းမှာ အစ်ကိုကြီးဟန်နှင့် ပထမချွေးမဟန်တို့ကို တွေ့၏။သူတို့က ရှေ့နောက်လျှောက်နေကြသည်။ နောက်ဆုံးမှာ အစ်ကိုကြီး ဟန်က ခြေလှမ်းနှစ်လှမ်းလှမ်းပြီး နောက်ကို လှည့်ကြည့်ပေမဲ့ ပထမချွေးမဟန်က သူနှင့်အတူ သွားရန်ငြင်းဆန်နေကာ နှစ်ယောက်လုံး အတော်လေး ကိုးရိုးကားယား ဖြစ်နေကြ၏။


ဟန်ချင်ဟွက ပြုံးပြီးပြောသည်။


 "မရီးက အစ်ကိုကြီးကို စိတ်ဆိုးနေတုန်းပဲကိုးး... ဟားဟား စိတ်မဆိုးပါနဲ့...အကုန်လုံး  ကျွန်တော်တို့ လူကြီးတွေ အမှားပါ...နောက်မှ  ကျွန်တော့် အစ်ကိုကို တောင်းပန်ခိုင်းလိုက်ပါ့မယ်" 


 သူက ရှေ့ကို လှမ်းပြီး အစ်ကိုကြီးဟန်၏ ပခုံးကို သိုင်းဖက်ပြီးဆို၏။


 “အစ်ကိုကြီး မင်းရောပဲ...မရီးကို ဒေါသထွက်လို့မရဘူးလေ... တတိယအစ်ကိုကိုပဲ ကြည့်” 

 


အစ်ကိုကြီးဟန် အနည်းငယ် ရှက်သွားသည်။

သူက သဘာဝအားဖြင့် ချုပ်တည်းနေတတ်ပြီး  အခြားသူများအပေါ် ခံစားချက်များ ဖော်ပြရသည်ကို ကျင့်သားမရပေ။အထူးသဖြင့် သူ့ပခုံးကို ယခုလိုမျိုး သိုင်းဖက်သည်အား သူမကြိုက်ပေ။


ဟန်ချင်ဟွက ယင်းကို ဂရုမစိုက်ပါချေ။ ဟန်ချင်စုန့်ကသာ  လင်းလန်နှင့် တစ်ချိန်လုံး ရှိမနေဘူးဆိုပါက သူမှာ  သိုင်းဖက်စရာ အစ်ကို  သုံးယောက်ရှိနေမည်ဖြစ်သည်။


နွေရာသီ၏ နေ့ရက်များသည် ရှည်လျားပြီး ဟန်အိမ်ဟောင်းသို့ ရောက်သောအခါ ခြောက်နာရီခွဲမျှသာ ရှိသေးပြီး ကောင်းကင်က တောက်ပနေဆဲပင်။


ဟန်ကျင်းယုက မျက်နှာမဲ့လျက်  ခြံထဲတွင်ထိုင်ကာ  မျက်လုံးများနီရဲနေသည်။


အဘိုးကြီးဟန်က ခုံတန်းလေးပေါ်တွင် ထိုင်နေရင်း မီးခိုးခေါင်းတိုင်တစ်ခုလို ဆေးတံ သောက်နေ၏။


ဒုတိယအစ်ကိုဟမ် နှင့် ဒုတိယချွေးမဟန်တို့က ထိုနေရာတွင် ထိုင်ကြပြီး ကလေးတွေ အားလုံးက ပုစဥ်းရင်ကွဲသွားရှာနေကြသဖြင့် ဟောင်ထျန်းနှင့်ကုမိန်တို့လည်း မလာပေ။


အဘွားကြီးဟန်က လင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီးဆိုသည်။


 "နင့်မှာမျက်နှာရှိသေးတယ်ပေါ့ "


လင်းလန်: "ဒါဆို ကျွန်မသွားတော့မယ်"


ဟန်ချင်စုန့်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး အဘွားကြီးဟန်ကို ပြောလိုက်၏။


 "အမေ...ဒီလို ထပ်လုပ်ရင်...ကျွန်တော်တို့  ဒီကိုမလာတော့ဘူး"


အဘွားကြီးဟန်က နှာခေါင်းရှုံ့ပြီး   ခေါင်းကို လှည့်ကာ ယပ်တောင်ကို ခါယမ်းလိုက်သည်။


ဟန်ချင်ဟွက   ပြုံးပြီးပြော၏။


 "မရီး စိတ်မဆိုးပါနဲ့... အမေက စိတ်တို့လို့ပြောတဲ့ စကားတွေပါ...လူအိုတွေဆိုတာ ကလေးကြီးတွေလိုပဲလေ " 

 

သူက အဘွားကြီးဟန်ကို ပြောလိုက်သည်။ 

 "အမေ...ဒီလို ဆက်လုပ်နေရင် တတိယအစ်ကိုနဲ့မရီးက တကယ်လာမှာမဟုတ်တော့ဘူး..မလာရင် အမေက အဲ့ဒါကိုတွေးပြီး အဆင်မပြေဖြစ်ဦးမယ်...အမေကအပြောဆိုးပေမဲ့ စိတ်နုတဲ့လူပါလို့​ပြောဦးမယ် တကယ်"


သူ့သားပြောသည်ကိုကြားသောအခါ အဘွားကြီး ဟန်က စကားပြော ရပ်လိုက်ပြီး လင်းလန်ကိုတောင် တစ်ချက်ကြည့်ကာ ဆိုလေ၏။


"ငါက တစ်နေကုန်အဲ့လိုချည်းပါပဲဟယ်~~~ "


လင်းလန်က တဆတ်ဆတ် တုန်သွားသည်။ကျွန်မတို့က ရန်သူတွေပါနော် ...ရှင်က ကျွန်မကို ဘယ်လိုတွေလာလုပ်နေတာလဲ...


 ဟန်ချင်စုန့်က အဘွားကြီးရှေ့မှာ ဖရဲသီးကို ချထားပြီးဆို၏။


 "အမေ ရေဆေးပြီးသား"


အဘွားကြီးဟန်က သူမသမီးကို တစ်ခုပေးပြီး ဟန်ချင်ဟွကို ပေးလိုက်သည်။


ဟန်ချင်ဟွက ပြုံးပြီးပြော၏။

 "အမေ တတိယမရီး ပေးတဲ့ဟာကို အမေစားလို့ရပါတယ်" 

 

အဘွားကြီးဟန်က သူမမျက်ရည်တွေကို သုတ်လိုက်ပြန်ပြီးဆိုလေသည်။

 "ကျုပ်ကျင်းပေါင်က အရွယ်ရောက်လာပြီး သိတတတ်လာပြီပဲ"


လင်းလန်: ဟဟ... အဲဒါက ငါ့ဖရဲသီးပါနော်...


ဟန်ချင်ဟွက ပြုံးပြီးပြော၏။


 "အမေ ဒီလိုမပြောပါနဲ့...မရီးကရယ်လိမ့်မယ်...ဟောင်ထျန်းတောင် သိတတ်နေပြီ...ကျွန်တော်က မသိတတ်ရင် ဦးလေး ဘယ်လိုလုပ် လုပ်ရမလဲ" 

 


Xxxxxx