Part 439
သူနှင့် ဟန်ကျင်းယုက အမြွှာတွေဖြစ်ပြီး ဟောင်ထျန်းထက်အသက် နှစ်နှစ်သာပိုကြီးသည်။
သူတို့က အမြွှာများဖြစ်ကြပြီး မိုင်စွေနှင့်အားဝမ် တို့ကလည်း အမြွှာများဖြစ်သောကြောင့် ဟန်ကျင်းယုက ထိုအချိန်တုန်းက မိုင်စွေနှင့်အားဝမ်ကို သူမနှင့်အတူ ခေါ်သွားရသည်ကို ပျော်ရွှင်နေခဲ့သည်။ အပြင်ထွက်လျှင် လူတွေကို အမြဲအံ့သြစေပြီး နင်တို့မိသားစုက တကယ်တန်ခိုးကြီးတယ်၊ ယောက္ခမရော ချွေးမနှစ်ယောက်လုံးက အမြွှာတွေရှိကြတယ်ဟုပြောကြ၏။
ထိုအချိန်တုန်းက အထူးသဖြင့် သူမနှင့် သူမမောင်လေးက ရုပ်ရည်ချောမောပြီး မိုင်စွေ့နှင့်အားဝမ်တို့ကလည်း ချောမောလှပကြလေရာ အပြင်ထွက်သောအခါတွင် တကယ်ကြည့်ကောင်းနေသောကြောင့် ဟန်ကျင်းယု၏မိမိကိုယ်ကိုကိုယ်မာန်တက်မှုကို ကျေနပ်စေသည်။
အမှန်တွင် လင်းလန်၏ အမေ နှင့်အဖွား နှစ်ယောက်စလုံးမှာ အမွှာမျိုးရိုးဗီဇတွေ ရှိပေမဲ့ အဘွားကြီးဟန်တို့မိသားစုမှာမရှိပေ။ ထို့ကြောင့် အသက်ကြီးလာချိန်မှ အမွှာလေး တွေ ရုတ်တရက် မွေးဖွား လာသောအခါ ကောင်းကင်ဘုံက ချီးမြင်သည့် နဂါးနှင့်ဇာမဏီလိုမျိူး အလွန် အံ့သြစရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သူမက သူမကိုယ်သူမ ထူးခြားသည်၊အံဩစရာကောင်းသည်၊အထူးတည် ကောင်းချီးပေးခံရသည်ဟုထင်ခဲ့၏။ဤကလေးနှစ်ယောက်က ဘုရားပေးသည့် မျက်ရှုရတနာတွေဖြစ်ပြီး ချစ်မဝနိုင်ခဲ့ချေ။
အရင်တုန်းက အဘွားကြီးဟန် ထိုဟာကို ပြောနေကျဖြစ်ပြီး အခါ ဘယ်သူမှ နားမထောင်ချင်တော့ပေ။
ထိုစဥ်က သူမက ပထမချွေးမဟန်မှာ ကလေးနည်းနည်းပဲရှိပြီး ကလေးမရနိုင်သည် မကြိုက်ခဲ့ပေ။ ပထမချွေးမဟန်တစ်ယောက် ပြောချင်ခဲ့သည်က 'ရှင့်အစ်ကိုနဲ့ရှင် အိပ်ကြည့်လေ'ဟူ၍ဖြစ်၏။
ယောကျာ်းဖြစ်သူက တောင်အနွေးကုတင်မှာဖြစ်ပြီး မိန်းမက မြောက်အနွေးကုတင်မှာအိပ်လေရာ ကလေးမွေးနိုင်လျှင် ထူးဆန်းနေ ပေလိမ့်မည်။သို့ပေမဲ့ ပထမချွေးမဟန်အနေဖြင့် ထိုအကြောင်းကို တွေးပဲတွေးပြီး သဘာဝအတိုင်းမပြောနိုင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင် ဟန်ချင်စုန့် နှင့် ဟန်ချင်ဟွတို့ကြောင့် ခန်းဝင်စာကိစ္စသည် ပိုမိုပြင်းထန်ခဲ့သည်။ ဟန်ချင်စုန့်က ဤကိစ္စကို ယခင်က လာဆွေးနွေးခဲ့ပြီးပြီဖြစ်ပြီး ခန်းဝင်ပစ္စည်းက အခြေခံအားဖြင့် ရှင်းနေပြီဖြစ်၏။ သူအနေဖြင့် ထိုဟာက ကျိုးကြောင်းဆီလျော်သည် ထင်ခဲ့ပေမဲ သူ့ဇနီးကို အကြောင်းကြားသည့်အခါ အဘွားကြီးဟန် စိတ်ပြောင်းသွားပြီး ခြင်သေ့တစ်ကောင်လို ပါးစပ်ဟကာ အော်ကြီးဟစ်ကျယ်ပြော
လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ဟန်ချင်စုန့်၏ အမူအရာက အတော်လေး တည် နေသည်။
ဤတစ်ခါတွင် အဘွားကြီးဟန်က ခြင်သေ့လို ပါးစပ်မဟတော့ပေ။
"အဲဒါက စောင်တစ်ထည်၊ဂွမ်းကပ်အဝတ်အစားတစ်စုံ၊ လိုင်နင်မပါတဲ့အဝတ်အစား နှစ်စုံ၊ ဖိနပ်နှစ်ရံ၊ အပ်ချုပ်ခြင်းတောင်းတစ်ခု၊ဓာတ်ဘူးတစ်ခု၊ ကြွေဇလုံးတစ်လုံး၊ မတ်ခွက်တစ်ခု၊ ခရီးဆောင်အိတ်တစ်စုံနဲ့ငွေဆယ့်ငါးယွမ်တင်လေ "
ဟုအဘွားကြီးဟန်က ပြောလိုက်၏။ အဆုံးမှာ သူမအတော်လေး စိတ်မကောင်းဖြစ်သလိုခံစားရသည်။ ငါ့ရဲ့ အဖိုးတန်သမီးလေး...ဘာလို့ ဒီလိုစုတ်ပြတ်သတ်နေတဲ့ပုံစံနဲ့ လက်ထပ်ရတာလဲ...
ယခင်က သူမ ပိုက်ဆံပိုလိုချင်ပေမဲ့ ညီအစ်ကိုတွေက တတ်နိုင်သလောက်ပဲလုပ်မည်၊ ငွေထပ်မရှာနိုင်ဟုပြောသဖြင့် နောက်ဆုံးမှာ မိသားစုက လေးယွမ်ထုတ်ပေးလိုက်ရသည်။
အသွင်းပစ္စည်းသုံးမျိုးနှင့်လက်စွပ်ကို မူ
ညီအကိုသုံးယောက် တယောက်မျှ လုပ်ပေးနိုင်မည်မဟုတ်ပေ။
ယခုအချိန်၌ တင်တောင်ပစ္စည်းလေးမျိုးကို စုနိုင်သူ လူနည်းနည်းပဲ ရှိပြီး တရွာလုံးမှာ လင်းလန်ပဲရှိသည်။ထို့အပြင် ၎င်းတို့ကို ဟန်ကျင်းယုတို့မောင်နှမတွေဆီက ရယူခဲ့ခြင်းဖြစ်သဖြင့် ထုံးစံအတိုင်း အားလပ်ရက်တွေမှာ အရှက်မကွဲစေရန် ထည့်မပြောကြပေ။
မိသားစုခွဲပြီးပြီဖြစ်သဖြင့် လင်းလန်အတွက် ကိစ္စမရှိပေ။ ထို့အပြင် မိသားစုလေးစုက ခန်းဝင်စာမှာ ပေါင်းပေးရမှာဖြစ်သဖြင့် သူမ ထပ်ပေးလိမ့်မည်မဟုတ်ချေ။
ဤအရာများက ထင်ရှားပေါ်လွင်ခြင်းမရှိသော်လည်း ယနေ့ခေတ်တွင် အလွန်ရှားပါးလေ သည်။ ယနေ့ခေတ်တွင် မိသားစုက တစ်နှစ်ကို ယွမ်အနည်းငယ်ပင် မစုနိုင်လေရာ 15ယွမ်ကို အတူတူ ခြစ်ချုပ်စုရမည်က အဘယ်ကြောင့် ဤမျှ လွယ်မည်နည်း။
အထည်အကြောင်းပြောကြည့်မည်ဆိုလျှင်လည်း လူတစ်ယောက်မှာ တစ်နှစ်မှ အထည်တစ်ထည်ပဲရှိသည်။ နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့်ဆောင်းရာသီအတွက် အဝတ်အစားနှင့်အိပ်ယာခင်းက ၎င်းအပေါ်မှာ မူတည်နေ၏။ သူမအတွက် ဘယ်သူက သုံးပေးနိုင်မည်နည်း။မိမိတို့အဝတ်အစားတွေ စုတ်ပြတ်နေလျှင် သူမက လာပြင်ဆင်ပေးမည်လော။ထို့အပြင် အဝတ်အစားအသစ်တွေလည်း ချုပ်ရန်ကလည်းမဖြစ်နိုင်ပါချေ။ ဟန်ကျင်းယုမှာ အဝတ်အစားတွေ အများကြီးရှိသည့်အတွက် ထိုဟာတွေယူသွား၍ရသည်ပင်။
ထို့ကြောင့် စောင်အတွက် နည်းလမ်းပဲရှာရုံရှိသည်။
အဘွားကြီးဟန်က ပြောလာ၏။
“နင့်တတိယအစ်မက အထည်ယက်တယ် မဟုတ်ဘူးလား...သူ့ဆီကနေ အလုံအလောက်ဝယ်လို့ရတယ်။”
လင်းလန်: “ကောင်းပြီ၊ လူတိုင်းက ဈေးသိတာပဲ...အဲ့တိုင်းပဲသွားကြပေါ့"
မှောင်ခိုလက်များထံကနေ အထည်ဝယ်ခြင်းက စိတ်ကူးကောင်းတစ်ခုမဟုတ်ပေ။ အထည်လက်မှတ်များ ပေးစရာမလိုသော်လည်း ငွေပိုလိုအပ်ပြီး ဈေးနှုန်းမှာလည်း ပွင့်လင်းမြင်သာမှုရှိသည်။ ထို့သို့လုပ်ရန်နည်းလမ်းတစ်ခုလည်းရှိရမည်ဖြစ်ပြီး ၊မဟုတ်ပါက ပိုက်ဆံရှိလျှင်ပင် ဝယ်စရာနေရာမရှိပေ။စင်စစ်အားဖြင့် လူတိုင်းမှာ လက်မှတ်အလုံအလောက်မရှိကြလေရာ မင်္ဂလာပွဲနှင့် အသုဘပွဲကြုံသည့်သူတွေက အရေးပေါ်သုံးရန် လိုအပ်လေသည်။
ဟန်ကျင်းယု : "ဘာလို့ ပိုက်ဆံပိုလိုချင်တာလဲ... အဲ့ဒါ နင့်အစ်မလေ ...ဘာလို့ နင်ပဲ မသွားလိုက်တာလဲ"
လင်းလန်: ဟီးဟီး...
ဟန်ချင်စုန့်၏မျက်နှာ မည်းမှောင်သွားပြီးဆို၏။ "နင်ဒီလိုထပ်လုပ်ရင် ခန်းဝင်ပစ္စည်းကို ကိုယ့်ဘာကိုယ် စုတော့"
ဟန်ကျင်းယု စကားဆက်မပြောဝံ့တော့ပေ။ သူမ ဆိုးရွားစွာ မတရားခံရသလိုခံစားရပြီး ရေညစ်ချ၍ရလုမတတ် ဖြစ်နေသည့် မျက်ရည်များဖြင့် စိုစွတ်နေသော သူမ၏ လက်ကိုင်ပုဝါကို ဆွဲယူလိုက်သည်။
ဟန်ချင်ဟွက ပြုံးပြီးပြော၏။
"ဟုတ်တယ် အစ်မ...နင်က အလွယ်လေးပြောနေတယ်... ငါတို့မှာက အစ်မတွေအစ်ကိုတွေ အများကြီးရှိတာလေ... နင် အထည်တစ်ပဲ လိုချင်တာမလို့လား...သူများတွေမပြောနဲ့ အခုလက်ထပ်တာကနင်လေ...ငါလက်ထပ်လို့ နင့်ကို အထည်တစ်စ တောင်းရင်... နင်ပေးမှာလား"
ဟန်ကျင်းယုက ပြောတော့မည်ဖြစ်သော်လည်း ဟန်ချင်ဟွထပ်ပြောပြန်သည်။
"နင်ကပေးရင်တောင် ငါ့ယောက်ဖက ပေးမှာလား... ငါရနိုင်ပါ့မလား"
ဟန်ကျင်းယု အပြောရပ်သွားသည်။
ဟန်ချင်ဟွကပြောလိုက်၏။
"အဖေနဲ့အမေ ဒါနဲ့တင် အတော်လေး ကောင်းနေပြီလို့ ကျွန်တော်ထင်တယ်.. ရွာက တခြားမိသားစုတွေကို မေးကြည့်...ဘယ်သူမှ စောင်တွေယူမသွားဘူး... ပါလာတဲ့စောင်တွေကလည်း ခင်ပွန်းရဲ့ မိသားစုက ပြန်ပို့ကြတာတွေ"
မိန်းကလေးအများစုက ယောကျာ်းလေးဘက်မှ အထည်ထုတ်ပေးကြခြင်းဖြစ်သည်။ မိန်းကလေးများဘက်အနေဖြင့် သူတို့အတွက် အဝတ်အစားအသစ်ချုပ်ပြီး သူတို့၏နေ့စဉ်သုံးပစ္စည်းတွေကို ယူသွားကြကာ တခြားဘာမှ ထပ်မယူသွားကြပေ။
ဟန်ကျင်းယု မပျော်ပေမဲ့ သူမမိသားစုက ယခုလိုပြောခြင်းဖြစ်သည့်အတွက် မတရားခံရသလို ခံစားရုံသာတတ်နိုင်၏။
Xxxxxx
Part 440
ယင်းကိုမြင်သောအခါ ဒုတိယအစ်ကိုဟန်နှင့်ဒုတိယချွေးမဟန်က စကားတစ်ခွန်းမှမပြောဘဲ သဘောတူလိုက်သည်။ အမှန်တွင် ဤသည်က အဘွားကြီးဟန်ကိုယ်တိုင်ပြောခဲ့သည်နှင့် အလွန်ကွာခြားပြီး သူတို့ လက်ခံနိုင်သေး၏။
ထိုသို့ဖြင့် ပြေလည်သွားသောအခါ ဟန်ချင်ဟွက လင်းလန်ကို အထည်ဝယ်ခိုင်းရန် အဘွားကြီးဟန်ဆီ ပိုက်ဆံတောင်းလိုက်သည်။ အဘွားကြီးဟန်က တုံ့ဆိုင်းနေဆဲဖြစ်ပြီး ငွေမပေးမီ လင်းလန်ကို ဝယ်စေချင်သည်။
လင်းလန် မည်သို့ သဘောတူနိုင်မည်နည်း။ ဟန်ချင်စုန့်၏ညီမဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက ဟန်ကျင်းယု၏စရိုက်အရ လင်းလန် သူမကို တစ်ချက်ပင် ကြည့်မှာ မဟုတ်ပေ။
ဟန်ချင်ဟွက ဆို၏။
"အမေ မြန်မြန်လုပ်သင့်တယ်...တတိယမရီးက ကူညီချင်စိတ်ရှိနေတာ ကောင်းတယ်"
အဘွားကြီးဟန်က ဆယ်ယွမ်သွားယူပြီး လင်းလန်ကို ပြန်ယူလာရန် ပြောလေသည်။
လင်းလန် : ငါ အခု ကူတောင်မကူညီချင်တော့ဘူး...
ဂွမ်းနှင့်ပတ်သက်၍မူ လင်းလန် ဂရုမစိုက်ပေ။သူမက အဘွားကြီးဟန်အား အထည်လက်မှတ်များကို ကိုယ်တိုင် ခြစ်ချုပ်စုခိုင်းလိုက်ပြီး အဘွားကြီးဟန်က လဲလှယ်ရန်သို့မဟုတ်ဝယ်ရန် တစ်စုံတစ်ဦးကို ခိုင်းသည့်တိုင် ထပ်ထည့်ရသည့် အမှတ်ကအတူတူပင် ဖြစ်သည်။
အဘွားကြီးဟန်ကပြော၏။
“နင်တို့ သုံးယောက် ခန်းဝင်ပစ္စည်းစုပေးရမယ်"
ပထမချွေးမဟန်: “စုစုပေါင်း ပမာဏကို တွက်ချက်ပြီး လေးပုံတစ်ပုံကို ပေးမယ်”
အဘွားကြီးဟန်က ၎င်းကို မိသားစုသုံးစုကြားတွင် မျှခံစေချင်ပြီး သူမကိုယ်၌ကမူ မထည့်ဝင်ချင်ပေ။ အခု ပထမချွေးမဟန် ပြောသည်ကို ကြားသောအခါ သူမ ဒေါသထွက်ရုံသာတတ်နိုင်သည်။ မိသားစုခွဲပြီးနောက် သူမ တကယ်ကို မထိန်းနိုင်တော့ပေ။ အခု ပထမချွေးမဟန်က သူမအိမ်ကို သူမကိုယ်သူမပဲ အုပ်ထားပြီး(တာဝန်ယူ) အစ်ကိုကြီးက သူမနှင့် အတူတူမနေသဖြင့် သဘာဝအတိုင်း အရာအားလုံးက သူမအပေါ်မှာပဲ မူတည်နေ၏။
ထို့ကြောင့် အဘွားကြီးဟန် သူမ၏ အဆင့်အတန်းကို အမှန်တကယ် ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည်။ သူမသားကိုချုပ်ကိုင်ထားနိုင်တော့ရော ဘာလုပ်ရမှာလဲ...နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်က ချွေးမလက်ထဲမှာလေ...
အဘိုးကြီးဟန်က တချိန်လုံး နှုတ်ဆိတ်နေကာ အားလုံးဆွေးနွေးပြီးသည်ကိုတွေ့ရသဖြင့် ဆိုလိုက်၏။
"ဒါဆို ဒီတိုင်းပဲလုပ်ကြမယ်... အခြေအနေမဆိုးဘူးဆိုရင် အဆင်ပြေတယ်"
ဆွေးနွေးပြီးနောက် ပထမချွေးမဟန်က လင်းလန်ကို ပြန်ကြရအောင်ဟုပြောလိုက်သည်။ယခု သူမ ဒီမှာ ဆက်မနေချင်တော့ချေ။
ဟန်ချင်ဟွက ပြုံးပြီးပြောလေသည်။
"မရီးနဲ့ တတိယမရီး ကျေးဇူးပြုပြီး ခဏနေပေးပါဦး...ကျွန်တော် မရီးတို့ကိုမတွေ့ရတာကြာပြီ"
ပထမချွေးမဟန်:"မရဘူး...ငါက ပြန်သွားပြီး သန့်ရှင်းရေးလုပ်ရဦးမယ်"
ဟန်ချင်ဟွက ဟန်ချင်စုန့်ကို ဆက်နေရန် ဖိတ်ခေါ်ပြီး အရွှန်းဖောက်လေ၏။
"တတိယအစ်ကို... ငါတို့ ညီအကို လေးယောက် အတူတူထိုင်ပြီး စကားမပြောရတာကြာပြီ... ဒါကြောင့် နည်းနည်းကြာအောင်နေပါဦး... စောနေသေးတယ်... အိမ်ပြေး မအိပ်ပါနဲ့ဦး ဟားဟား”
ဟန်ချင်စုန့်အနေဖြင့် မူလက သူ့အစ်ကိုကြီးနှင့် စကားပြောချင်ခဲ့သော်လည်း သူ့စကားတွေကို ကြားသောအခါ ပြောလိုက်သည်။
" စောစောထချင်ရင် စောစောအိပ်သင့်တယ်"
သူက ဘယ်တုန်းကမှ သူတပါးလက်ခုပ်တီးပေးတိုင်း ကတတ်သူမဟုတ်ခဲ့ပေ။
ဟန်ချင်ဟွ : မိန်းမနဲ့အဲ့လောက်တောင် မခွဲနိုင်ဘူးလား...
ဟန်ချင်စုန့်က လင်းလန်နှင့် အတူပြန်သွားခဲ့ပြီး လမ်းဆုံသို့ရောက်သောအခါ ပထမချွေးမဟန်ကို နှုတ်ဆက်လိုက်၏။ ပထမချွေးမဟန် ဟန်ချင်စုန့်ရှေ့မှာ ဘာမှ မပြောလိုပေ။ သူမအနေဖြင့် လင်းလန်အားလပ်သည့်အချိန်မှ နှစ်ယောက်တည်း စကားပြောချင်လေသည်။
သူတို့အိမ်ပြန်ရောက်သောအခါ ကလေးတွေက ပြန်မလာသေးပေ။
ဟန်ချင်စုန့်က ထမင်းစား စားပွဲကို အိမ်ထဲကို ရွှေ့လိုက်ပြီးဆို၏။
"နောက်နှစ်ရက်လောက် က်ိုယ် စက်ဘီးကို မင်းအတွက်ထားခဲ့လိုက်မယ်"
လင်းလန်ကပြောလိုက်သည်။
"ရပါတယ်... မနက်ဖြန်နဲ့ သဘက်ခါကျရင် တတိယအစ်မအိမ်ကို သွားလိုက်မယ် "
သူမ အ၀တ်လျှော်တုန်းက အမျိုးသမီးတွေပြောခဲ့သည်ကို သတိရပြီး ဟန်ချင်စုန့်ကို မေးကြည့်လိုက်၏။
"ဈေးကစားသူတွေကို နှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေရှိလား"
ဟန်ချင်စုန့်က သူမကို့ကြည့်ပြီးဆိုသည်။
"အဲ့ဒါက အမြဲတမ်း တင်းကျပ်ထားတာ"
ကျေးလက်တောင်သူလယ်သမားများအနေဖြင့် စားနပ်ရိက္ခာနှင့် ဟင်းသီးဟင်းရွက်အချို့ကို ကိုယ်တိုင်ရောင်းသည်မှာ အဆင်ပြေသော်လည်း အစားအသောက်လက်မှတ်အတွက် ကြက်ဥနှင့်လဲလှယ်ခြင်း၊ အထည်များရောင်းချခြင်း သို့မဟုတ် မြို့ကလူများ ခွဲတမ်းများစွန့်ပစ်ခြင်းတို့ကိုမူ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ လင်းမိန်က သူမအတွက် နာမည်တစ်ခု ဖန်တီးနေခြင်းဖြစ်ပြီး သူမကလည်း လူသားတစ်ယောက်ဖြစ်၏။ ထို့အပြင် ထိုလူတွေနှင့် ဆက်ဆံရေးလည်း ကောင်းလေရာ ယခုလောလောဆယ် သိပ်မလုပ်ဖြစ်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူမကိုယ်တိုင်က ယက်လုပ်တတ်ပြီး တစ်ခါတလေအပြင်ထွက်ရောင်းစရာမလိုဘဲ လူတွေက လာဝယ်ကြသည်။
ပြောရမည်ဆိုပါက အိမ်ရှိ ရက်ကန်းလုပ်ငန်းက အိမ်သုံးအတွက်ဖြစ်ပြီး ဆွေမျိုးတွေ လာလာယူသည်ကို မည်သူက ထိန်းနိုင်မည်းနည်း။ လင်းလန် တတိယအစ်မအတွက် အနည်းငယ်စိုးရိမ်နေသေးသဖြင့် သူမနှင့် စကားပြောရမည်ဟု ခံစားရသည်။ သူမ ရေချိုးပြီး ထွက်လာကာ စန်းဝမ်နှင့်ရှောင်ဝမ် ချွတ်ထားသော အဝတ်အစားများကို အတူတူလျှော်ဖွပ်လိုက်သည် ။
ဟန်ချင်စုန့်ကဆိုလာ၏။
"ဒါကို ထားခဲ့လိုက်ပါ...ကိုယ်လျှော်လိုက်မယ်"
လင်းလန်က ပြုံးပြုံးလေး ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
သူမက ရေဇလုံကို သူ့လက်ထဲမှာ ထည့်လိုက်ပြီး "မြစ်ထဲမှာ သွားလျှောက်လိုက်...ကျွန်မ ဗောက်ခွေးပင်သွားခုတ်လိုက်ဦးမယ်"
ငွေကုန်ကြေးကျများသော ကြိုးအထူများမှလွဲ၍ ကျေးလက်ဒေသတွင် အချို့သော ကြိုးငယ်များသည် အခြေခံအားဖြင့် ၎င်းတို့ဘာသာ ကျစ်ကြသည်။ ဗောက်ခွေးပင်ကို ရေစိမ်ပြီးသောအခါ အရေခွံကွဲသွားမည်ဖြစ်ပြီး ၎င်း ဆောက်ပုတ်ဖြင့်ရိုက်ကာ ပြုတ်ရ၏။ ပြုတ်ပြီးပါက လုံးလုံးလျားလျား ကွဲသွားကာ လျှော်ကြိုးရရန် သံတူဖြင့် လိမ်၍ ကျစ်နိုင်သည်။
ဟန်ချင်စုန့်က မြစ်ကို သွားမလျှော်ဘဲ အိမ်မှာပဲ လျှော်ဖွပ်ပြီး အဝတ်အစားတွေကို လင်းလန်ထက် ပိုပြင်းထန်စွာ ပွတ်တိုက်လျှော်ကာ
ခဏလောက် ချိတ်ဆွဲလိုက်၏။၎င်းနောက် သူက လင်းလန်ကို လျှော်ပင်အရေခွံကို ကူခွဲပေးကာဆိုလေသည်။
"အရမ်းပူတယ်...ဖရဲသီးကို သွားစားချေ "
ခဏကြာသောအခါ ကလေးတွေ ပြန်ရောက်လာပြီး ပျော်ရွှင်နေသည့် မျက်နှာတွေကို မြင်ရသည့်ပုံအရ အချီကြီးရခဲ့ဟန်ပင်။
လင်းလန်က တဝမ်ကို အာရုံစိုက်လိုက်ပြန်ရာ အိမ်ပြန်ရောက်ပြီးနောက် သူ့မှတ်စုစာအုပ်ကို ခွဲထုတ်ဖို့ အခန်းထဲဝင်သွားသည်ကို တွေ့လိုက်ရသည်။ မလုံလောက်၍ဖြစ်မည်ထင် မှတ်စုစာအုပ်တစ်အုပ်ကို ရှာပြီး ကတ်ကြေးနှင့် နှစ်ပိုင်းဖြတ်ကာ အောက်ခြေတစ်ဝက်ကို အပ်နှင့် ချုပ်လိုက်၏။ ချုပ်ပြီးနောက် သူက နံပါတ်စဉ်ကို ခဲတံဖြင့် အမှတ်အသားလုပ်ခဲ့သည်။
လင်းလန် : "..."
သားကြီး... မင်းလုပ်နိုင်တယ်...
တဝမ် ရေချိုးရန် ထွက်သွားစဉ်တွင် သူ၏ စာအုပ်လေးကို တိတ်တိတ်လေး လှန်ကြည့်လိုက်ရာ ၎င်းတွင် မှတ်ထားသည်များ ထူပိန်းနေအောင် ရှိနေ ကြောင်း တွေ့ရှိခဲ့သည်။
ဧကန်မုချကို အမှားတွေ ရှိနေ၏။
Xxxxxx