Ch 2
Viewers 27

🍐 Chapter 2





အအေးဓါတ်ကြောင့် ဖြူပျော့ပြီး ပြာနှမ်းနေသော သူ့လက်ချောင်းများက ပါးလွှာသော အတွင်းခံအင်္ကျီအောက်သို့ ဝင်ရောက်သွားကာ ခါးတစ်လျှောက်လုံး စူးစမ်းရှာဖွေနေတော့၏။


ချူရှုယွင်မှာ ထိုလက်ချောင်းများကြောင့် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို မကျုံ့ဘဲ မနေနိုင်ဖြစ်ကာ ထိုသူအား တွန်းဖယ်ရန်အမြန်လက်လှမ်းလိုက်မိသည်။


ထိုလုပ်ရပ်က အလွန်အမင်း ငြင်းဆန်ဟန်ဖြစ်နေသဖြင့် ယွီချန် လက်ချောင်းထိပ်များ အနည်းငယ် တောင့်တင်းသွားသည်။ ပါးလွှာသော အဝတ်အစားများဖုံးအုပ်ထားသဖြင့် သူ့ လက်ချောင်းထိပ် များမှ မသိမသာ တုန်ယင်နေမှုအား မည်သူမျှမမြင်နိုင်ခဲ့ချေ။


"မသေမျိုးအရှင်သခင် ဖြည်းဖြည်းချင်း အသားကျအောင် နေပါ"


ယွီချန်၏မျက်နှာကမူ တည်ငြိမ်နေပြီး ကွေးထားသော သူ့လက်ချောင်းများကို အလျင်အမြန် ဖြန့်လိုက်ကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ချူရှုယွင် ခန္ဓာကိုယ်အား ပွတ်သပ်ယုယနေလေသည်။


"မင်းရဲ့ မှော်စွမ်းအားတွေ ဆုံးရှုံးသွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပြေးလို့မရတော့ဘူးလေ ဒါကြောင့် ဒီနတ်ဆိုးနန်းတော်မှာ ငါ့နဲ့အတူ ကောင်းကောင်းမွန်မွန် နေတာက ပိုကောင်းလိမ့်မယ်"


ထိုစကားကို ကြားသောအခါ ချူရှုယွင် ရုတ်တရက် ခေါင်းမော့လာပြီး မယုံကြည်နိုင်စွာဖြင့် သူ့ကို ကြည့်လိုက်တော့သည်။


ချူရှုယွင်၏အကြည့်နှင့် ဆုံသွားသောအခါ ယွီချန် ခဏလောက် ရပ်တန့်သွားပြီး သူ့မျက်လုံးများကို အမြန်ရှောင်လွှဲကာ ပေါ့ပေါ့ပါးပါးဖြင့်ပြောလိုက်သည်။ 


"ငါ့ကို မုန်းနေလည်း အလကားပဲ အခုချိန်မှာ မင်း ငါ့ကို မသတ်နိုင်ဘူး"


ချူရှုယွင် ထပ်မံ၍ မျက်တောင်ခတ်လိုက်မိသည်။ မုန်းစရာ ဘာရှိလို့လဲ။


တကယ်တော့ သူ ဂိုဏ်းကို ပြန်စရာမလိုဘဲ နတ်ဆိုးနန်းတော်မှာပဲ အမြဲတမ်းနေရမှာလေ။ မနေ့ည ကတောင် မနက်ဖြန်မနက်စောစောကျ အသတ်ခံရမလားဆိုပြီး သူ စိုးရိမ်နေခဲ့သေးတာကို။ 


ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နေရာလေးလဲ။


တပည့်တွေကို စာသင်ပေးစရာမလိုဘူး။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ ဆူပူကြိမ်းမောင်းတာကို လည်း ခံစရာမလိုဘူး။ စောစောထစရာ မလိုဘူး။ ကျင့်ကြံခြင်းလောကက ဆိုးရွားတဲ့ကိစ္စတွေ အတွက်လည်း စိတ်ပူစရာမလိုဘူး။ ပြီးတော့ သူ ဘာမှကို လုပ်စရာမလိုဘူးလေ။


ထို့အပြင် ယွီချန်လို ကြည့်ကောင်းတဲ့သူက သူနဲ့အတူ အိပ်ပေးသေးတယ်။ သူ ဒါကို အရမ်းသဘော ကျတာပေါ့။


ယွီချန်မှာ တိတ်တဆိတ် မျက်လွှာချထားလိုက်ပြီး ချူရှုယွင်၏မျက်လုံးများကို မကြည့်တော့ဘဲ ချူရှုယွင် အဝတ်အစားတစ်ဝက်ကို စကားတစ်ခွန်းမှမဆိုဘဲ စတင်ချွတ်လေတော့သည်။


ချူရှုယွင် သူ့ကို စူးစမ်းချင်စိတ်ဖြင့် မော့ကြည့်လိုက်သည်။


မနေ့ကဟာကို ထပ်လုပ်ချင်လို့လား ? မနေ့ကတုန်းက......


ယွီချန်က သူ့ကိုဖက်ထားပြီး တစ်ညလုံး အရမ်းသက်သောင့်သက်သာရှိတဲ့ အရာတစ်ခုကို လုပ်ပေးခဲ့တာလေ။


သူ အရင်က စာကြည့်တိုက်မှာ ဖတ်ဖူးသလောက်ဆိုရင် ထိုအချင်းအရာကို နှစ်ကိုယ်တူကျင့်ကြံ ခြင်းဟု ခေါ်သည်။ ကိုယ်သဘောကျတဲ့သူနှင့် အတူတူလုပ်ရခြင်းဖြစ်ပြီး ခံစားချက်များကို တိုးပွားစေရုံသာမက ကျင့်ကြံခြင်းကိုပါ တိုးတက်စေနိုင်သည်။


ကံမကောင်းတာက သူ စာဖတ်နေတုန်းတစ်ဝက်လောက်မှာတင် အကြီးအကဲဦးလေးက မိသွားပြီး သူ့လက်ထဲမှ စာအုပ်အားယူသွားခဲ့သည်။ ထိုနောက် မျက်နှာတွေနီရဲလာပြီး နောင်ကို ဒီလိုစာအုပ်မျိုး ထပ်မဖတ်ဖို့ သူ့အား ဆုံးမခဲ့သေး၏။


ယွီချန့်လှုပ်ရှားမှုများက အလွန်ပေါ့ပါးပြီး နှေးကွေးလေသည်။


ချူရှုယွင်မှာ သူ့ရှေ့တွင် တိတ်ဆိတ်စွာထိုင်နေရင်း ယွီချန် သူ့ ခါးပတ်ကို ဖြုတ်လိုက်မှသာ ယမန်နေ့ညက အံ့ဩဖွယ် အမှတ်တရများထဲမှ အသိပြန်ဝင်လာတော့သည်။


ခါးပတ်ကို ဖြုတ်နေသည့် ယွီချန့်လက်ပေါ်သို့ မသိစိတ်မှနေ၍ သူ လက်လှမ်းကာ ဖိချလိုက်မိလေ သည်။


ဤယဇ်ပူဇော်ရာတွင် ဝတ်ဆင်သော ဝတ်ရုံက ဝတ်ရချွတ်ရ အတော်လေးခက်ခဲသည်။ အထူးသဖြင့် အတွင်းခံ၏ချိတ်က ကျောဘက်တွင် ချိတ်ထားခြင်းဖြစ်ရာ သူကိုယ်တိုင်ဖြုတ်လိုက်လျှင် ပိုမြန်မည် ဖြစ်သည်။


သူ ယွီချန်ကို ဖိထားလိုက်သည်နှင့် ယွီချန် ရုတ်တရက်ခေါင်းမော့ကာ သူ့အား ကြည့်လိုက်ပြီး အသက်ရှူသံများ အနည်းငယ်ပြင်းလာလေသည်။


"မသေမျိုးအရှင်သခင် ထိုက်ချင်ဂိုဏ်းအတွက် ငဲ့ပြီးတော့ပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ လျှော့ပြီး ငြင်းဆန်တာပိုကောင်းလိမ့်မယ်"


ချူရှုယွင်၏အကာအကွယ်သာ မရှိပါက ထိုက်ချင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ နှုတ်ခမ်းနှင့် သွားများ သေဆုံးသွားသကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး နတ်ဆိုးရန်သူ အမျိုးမျိုး၏စောင့်ကြည့်ခြင်းကို ခံနေရမည်ဖြစ်သည်။


သူတို့၏အသက်အန္တရာယ်က ယခုအခါ ယွီချန့် လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားခြင်း ခံနေရပြီပင်။


ယွီချန်သည် ထိုက်ချင်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဂရုမစိုက်ပေ။ ချူရှုယွင်သာ မရှိခဲ့လျှင် သူက ထိုဂိုဏ်းကိုပင် မှတ်မိနေမည်မဟုတ်ချေ။


သို့သော်လည်း သူသာ ထိုသို့ မပြောခဲ့လျှင် ချူရှုယွင်က သူ့အား လုံးဝလျစ်လျူရှုထားမည်မှာ သေချာလှသည်။


ထင်သည့်အတိုင်းပင် ချူရှုယွင် သူ့လက်ကို ဖြည်းညှင်းစွာ အောက်သို့ချလိုက်ပြီး ယွီချန်အား သူ့ ခါးပတ်ကို ဖြုတ်ခွင့်ပြုလိုက်လေသည်။


ချူရှုယွင်ကတောာ့ သိပ်နားမလည်လှပေ။


ယွီချန်က ဘာလို့ ဒီခါးပတ်ကို သူ့ဘာသာသူ ဖြုတ်ချင်နေရတာလဲ။ ပျော်စရာများ ကောင်းနေလို့လား။


ပျော်စရာကောင်းလို့ဆိုရင်တောင် ဒါလေးအတွက်နဲ့ သူ့ကို ခြိမ်းခြောက်နေစရာ မလိုဘူး‌လေ သူ့အတွက် ချွတ်ပေးမှာပဲကို။


ချူရှုယွင် သူ့လက်ကို ရုပ်သိမ်းလိုက်သည်။ တိုးညင်းသောအသံလေးတစ်ခုနှင့်အတူ ခါးပတ်ချိတ် ပြုတ်သွားပြီး အတွင်းခံမှာ လျှောကျသွားလေတော့သည်။


ယွီချန်၏အသက်ရှူသံများ အနည်းငယ် ရပ်တန့်သွားကာ သူ့ မျက်လုံးများက ချူရှုယွင်ထံသို့ ကျရောက်သွားသည်။ သို့သော် တစ်ခဏအကြာတွင် အလျင်အမြန်ပင် အကြည့်လွှဲသွားလေသည်။


ချူရှုယွင်မှာ သူ့ရှေ့တွင် လိမ္မာစွာထိုင်နေရင်း ယွီချန်၏နောက်ထပ် လှုပ်ရှားမှုကိုစောင့်ဆိုင်းနေသည်။ ရာသီဥတုက အေးစိမ့်နေပြီး မနက်ခင်းအအေးဒဏ်ကြောင့် သူ့ အတွင်းဝတ်အား ပခုံးပေါ်သို့ အနည်းငယ်ဆွဲတင်ကာ သူ့ကိုယ်သူ ရစ်ပတ်ထားလိုက်လေသည်။


မည်သည့်လုပ်ရပ်က တစ်ဖက်လူကို ထပ်မံ၍ထိခိုက်သွားစေသည်မသိ ယွီချန် ရုတ်တရက် ကိုင်းညွတ်လာပြီး ချူရှုယွင်၏ပါးလွှာပြီး နီရဲနေသော နှုတ်ခမ်းများကို စိုက်ကြည့်နေတော့သည်။


လည်စေ့လေးက အနည်းငယ်လှုပ်ရှားသွားပြီး သူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အလွန်တိုးညင်း သောအသံဖြင့်  "အခု မင်း ဘာလုပ်ရမယ်ဆိုတာ သိလား"


ချူရှုယွင် အံ့ဩမှင်တက်သွားခဲ့သည်။


ယွီချန်က သူမနေ့က နှစ်ကိုယ်တူကျင့်ကြံခြင်းကျင့်စဥ်ကို သေချာလေ့လာခဲ့လားဆိုတာ စမ်းသပ်နေတာလား။


ထိုသို့ တွေးမိလိုက်သည်နှင့် သူ့စိတ်ထဲတွင် အတွေးများ အလျင်အမြန် ပြေးလွှားသွားကာ မနေ့ညက မြင်ကွင်းများ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားလေသည်။


အာ.. ဒုက္ခပါပဲ၊ သေချာ မမှတ်မိတော့ဘူး ငါ ဘာလုပ်ရမလဲ......


သူ အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့လိုက်ကာ ယွီချန့်အကြည့်များကို ရှောင်လွှဲလိုက်လေ သည်။


သဘာဝကျစွာဖြင့် ယွီချန်က သူ့လှုပ်ရှားမှုများကို  အကုန်မြင်လိုက်ရလေသည်။


သူ့နှလုံးသားမှ တစ်ခဏမျှ နာကျင်သွားပြီးနောက် အချိန်အတော်ကြာမှ ရုတ်တရက် ပြုံးလိုက်ကာ 


"မသေမျိုးအရှင်သခင်က ဒီလိုပုံစံဖြစ်နေတော့ ထိုက်ချင်ဂိုဏ်းက လူတွေရဲ့ အသက်ကို တကယ်ဂရုမစိုက်တော့ဘူးထင်တယ်"


ထိုစကားများဆုံးသွားသည်နှင့် ချူရှုယွင် သူ့ကို အနည်းငယ် ရှုပ်ထွေးနေသော အကြည့်များဖြင့် မော့ကြည့်လိုက်သည်။


ယွီချန်မှာ စိတ်ဆိုးနေပုံရ၏။


နှစ်ကိုယ်တူကျင့်ကြံခြင်း နည်းစနစ်ကို သူကောင်းကောင်းမသင်ယူခဲ့လို့လား။


ဒါပေမဲ့ ယွီချန်က ဘာလို့ ထိုက်ချင်ဂိုဏ်းက လူတွေရဲ့ အသက်ကို ဓားစာခံလုပ်ပြီး စိတ်ဆိုးနေရတာ လဲ။ ထိုက်ချင်ဂိုဏ်းကို ယွီချန် နာမည်ပေးခဲ့လို့များလား။


သူလည်း ထိုက်ချင်ဂိုဏ်းသား‌ဟောင်း တစ်ယောက်ဖြစ်ခဲ့တာဆိုတော့ ဒီလိုတွေးတာ ယုတ္တိရှိမယ်ထင် တယ်။


"မသေမျိုးအရှင်သခင်" 


ယွီချန် အနည်းငယ် တိုက်တွန်းသလိုမျိုး တိုးညင်းစွာခေါ်လိုက်သည်။


ချူရှုယွင် တံတွေးမြိုချလိုက်မိသည်။


ငါ မတော်တဆ အာရုံလွင့်သွားပြန်ပြီ။


သို့သော် ယွီချန် ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ၊ သူ တကယ်ကို မေ့နေပြီပဲဟာ......


ယွီချန်က သူ့အဝတ်အစားတွေကို အရင်ချွတ်တယ်၊ ပြီးတော့ နောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ လောက်ပဲ သူ မှတ်မိတော့တာလေ......


ဟင်?


သူ ယွီချန်ရဲ့ အဝတ်အစားတွေကို အရင်ချွတ်ပြီးဟန်ဆောင်လိုက်လို့ရတာပဲ။ အနည်းဆုံးတော့ ယွီချန် အခုလောက်တော့ စိတ်ဆိုးနေတော့မှာ မဟုတ်ဘူးလေ။


ဒီအဆင့်လောက် လုပ်လိုက်ရင် အဆင်ပြေသွားမှာပါနော်?


ချူရှုယွင်က သတ္တိမွေးကာ ယွီချန်အား မော့ကြည့်လိုက်ပြီး သူ့ အင်္ကျီလက်အတွင်း၌ တိတ်တိတ်လေး လက်သီးဆုပ်ထားလိုက်လေသည်။ 


သူတို့အကြည့်ချင်း ဆုံသွားသောအခါ ယွီချန့် မျက်ဝန်းများထဲတွင် မှောင်မိုက်သော အရိပ်အယောင် တစ်ခု ဖြတ်သန်းသွားတော့၏။


"မသေမျိုးအရှင်သခင်က ငြင်းဆန်နေမှတော့ ကျွန်တော်......"


ထိုစကား မဆုံးလိုက်ခင်မှာတင် သူ့အင်္ကျီကော်လံမှာ ရုတ်တရက် တင်းကျပ်စွာဆွဲယူခံလိုက်ရသည်။ ယွီချန် အံ့ဩမှင်တက်သွားကာ ထိုနေရာတွင်ပင် အေးခဲသွားပြီး သူ့ခန္ဓာကိုယ်ပါ အေးစက်သွားလေ သည်။ အကြောင်းမှာ ချူရှုယွင်ထံမှ အင်္ကျီချွတ်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။