Ch 3
Viewers 31

🍐 Chapter 3





တောင်ခြေရှိ ထိုက်ချင်ဂိုဏ်း၏ တည်းခိုခန်းတစ်ခု၌။


"ချူရှန်းကျွင်းတစ်ယောက် နတ်ဆိုးသခင် ဖမ်းခေါ်သွားတာကို ခံရတာ သုံးရက်‌တောင်ရှိသွားပြီ။ ငါ့ဆီမှာ သတင်းထူးရှိတယ်၊ ကြားရသလောက်တော့ နတ်ဆိုးသခင်က ချူရှုယွင်ကို အစောင့်အကြပ်တွေ အထပ်ထပ်ချပြီး နတ်ဆိုးနန်းတော်ထဲမှာ အကျဉ်းချထားတယ်တဲ့။ အရင်တုန်းက မသေမျိုးအရှင်သခင်ဆီမှာ နတ်ဆိုးသခင် ဒူးထောက်ပြီး အရှက်ခွဲခံခဲ့ရတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်လေ၊ ဒီတစ်ခါ ဖမ်းခေါ်ခံလိုက်ပြီဆိုတော့ သူ ပြန်လာနိုင်ဖို့ မလွယ်တော့ဘူးထင်တယ်" 


ထိုသူက ဝမ်းနည်းစွာသက်ပြင်းချလိုက်ပြီး အသံကိုနှိမ့်ကာ ဆက်ပြောလေသည်။


"ငါကြားတာတော့ နတ်ဆိုးသခင်က မသေမျိုးအရှင်သခင်ကို နည်းမျိုးစုံနဲ့ အရှက်ခွဲချင်နေတာတဲ့ သူ့ကို အရုပ်လေးတစ်ရုပ်လို အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လိုမျိုးတောင် ဆက်ဆံနေတယ်လို့ ကြားတယ်......"


ဘေးနားရှိ လူများက ထိုစကားကို ကြားသောအခါ လူတိုင်း ဒေါသတကြီး ဖြစ်သွားကြလေသည်။


"ဒီ တိရစ္ဆာန်ကောင်!"


"မဖြစ်နိုင်တာတွေ မသေမျိုးအရှင်သခင်သာ သတိတစ်ချက်လောက် မလွတ်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ် ဒီခွေးကောင် အခွင့်အရေးရမှာလဲ၊ ဒီနတ်ဆိုးတွေက နောင်ဆို ပိုပြီးတော့တောင် ရောင့်တက်လာကြဦးမယ်!"


တည်းခိုခန်း၏ ထောင့်တစ်နေရာတွင် ကြိုးကြာရုပ်ပုံပါသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ ထိုလူများ၏ စကားကို ကြားလိုက်ရ သည်နှင့် ချက်ချင်း သူ့မျက်လုံးများမှာ ဒေါသကြောင့် နီရဲလာခဲ့သည်။ 


"ဆရာ ကျွန်တော် တကယ်သည်းမခံနိုင်တော့ဘူး မသေမျိုးအရှင်သခင်ကို ကယ်တင်ဖို့ နတ်ဆိုးနယ် မြေကို အခုပဲ သွားတော့မယ်"


သူ့လက်ကောက်ဝတ်ကို ဘေးနားရှိလူက ရုတ်တရက် ဆုပ်ကိုင်၍တားမြစ်လိုက်လေသည်။


"ရှောင်မင် ထိုင်နေစမ်းပါ”  


သူ့ဘေးနားရှိလူကလည်း ကြိုးကြာရုပ်ပုံပါသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက် လိုက်လေသည်။


ရှောင်မင် လက်က ဓားရိုးပေါ်တွင် ရှိနေဆဲဖြစ်ကာ သူက သည်းမခံနိုင်တော့ဘဲ 


"ဒါပေမဲ့ ဆရာ နတ်ဆိုးတွေက လူတွေကို အရမ်းအနိုင်ကျင့်လွန်းနေပြီ......" 


"ကိစ္စမရှိပါဘူး”  


ထိုလူက ခပ်ဖွဖွ ပြုံးလိုက်သည်။


"အနည်းဆုံးတော့ လူတွေက မသေမျိုးအရှင်သခင်ရဲ့ ကောင်းမှုတွေကို သတိရနေကြသေးတာပဲလေ ဒါဆိုရင် လုံလောက်ပါပြီ” 


ချူရှုယွင်မှာ ပုံမှန်အားဖြင့် နတ်ဆိုးများကို သတ်ဖြတ်ကာ မကောင်းဆိုးဝါးများကို နှိမ်နင်းလေ့ရှိပြီး သူ့ ဖြောင့်မတ်တည်ကြည်မှုက မွန်မြတ်လှပေသည်။ ပြည်သူလူထုကလည်း ထိုအရာကို မျက်မြင် ကိုယ်တွေ့ မြင်တွေ့ခဲ့ကြပြီး သူတို့ရင်ထဲတွင် မှတ်သားထားကြလေသည်။


ရှောင်မင်က သူ့ဓားရှည်ကို ဒေါသတကြီးဖြင့် လွှတ်လိုက်ပြီး ထိုသူဘေးတွင် ပြန်ထိုင်ကာ ခွက်ထဲရှိ လက်ဖက်ရည်များကို အကုန်မော့သောက်လိုက်လေသည်။ 


"ဒီ ရွံစရာကောင်းတဲ့ ယွီချန်၊ သူ့ကို ကျွန်တော့်လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်!"


ချူရှန်းကျွင်းကဲ့သို့ တောက်ပကြည်လင်ပြီး လမင်းကြီးလို ဖြစ်ကာ မွေးရာပါ မာနကြီးပြီး အေးစက် သောသူတစ်ယောက်က ဤကဲ့သို့ ထူးဆန်းသော အရှက်ကွဲမှုနှင့် ကြီးမားသော စော်ကားမှုကို ခံစားနေရသည်ဆိုလျှင် အခု ချူရှန်းကျွင်းတစ်ယောက် ဘယ်လောက်တောင် နာကျင်ပြီး ဒေါသထွက်နေလိုက်မလဲ။ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး အကူအညီမဲ့နေမလဲဆိုတာကို သူ တွေးပင်မတွေးရဲပေ။


သူတို့ သူ့ကို ကယ်တင်ရမည်!


ယွီချန့်နာမည်ကို ကြားလိုက်ရသောအခါ ထိုလူ့မျက်လုံးများ ရုတ်တရက်အနည်းငယ်အေးစက်သွား ပြီး သူ ဘာမှမပြောသော်လည်း လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူ့လက်ဆစ်များမှာ အနည်းငယ် ဖြူရော်သွားလေသည်။


"ဆရာ ဆရာပြောတော့......" 


ရှောင်မင်မှာ စိုးရိမ်နေပြီး သူ့အသံက အတော်လေး တိုးဝင်သွားသည်။ 


"ယွီချန်က မသေမျိုးအရှင်သခင်ကို တကယ်ပဲ အဲ့ဒီလိုမျိုး...... လုပ်ခဲ့တာလား"


ယခုရက်ပိုင်းအတွင်း အလားတူ ကောလာဟလများက ကောင်းကင်ယံမှ နှင်းပွင့်များ ပျံ့လွင့်နေသကဲ့သို့ နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။


ထိုစကားကို ကြားသောအခါ ထိုလူ့ပတ်ဝန်းကျင်ရှိ လေထုမှာ အလွန်အေးခဲသော ရေခဲကန်ကြီးတစ်ခု ကဲ့သို့ ပိုမိုအေးစက်သွားကာ သူ၏ လေသံမှာလည်း တဖြည်းဖြည်း တိုးဖျော့သွားလေသည်။ 


"အဓိပ္ပာယ်မရှိတဲ့ စကားတွေ"


ရှောင်မင် နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခဏမျှ အကြာတွင် သူက မျက်လွှာချကာ တိုးညင်းသော အသံဖြင့် 


"ဆရာ ကောလာဟလတွေက အမှန်လား အမှားလားဆိုတာ ကျွန်တော် မသိပေမဲ့ ယွီချန်ဆိုတဲ့ လူအကြောင်းကိုတော့ ကျွန်တော် သိတယ်" 


တကယ်တော့ တခြားတစ်ယောက်ယောက်ကသာ ချူရှုယွင်ကို ဖမ်းခေါ်သွားခဲ့လျှင် ဤကဲ့သို့‌သော ကောလာဟလများကို သူ တစ်စက်ကလေးမှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် သူ စိတ်ဓာတ်ကျ နေမိသည်။


ချူရှုယွင်အပေါ်ထားရှိသော ယွီချန်၏နာကြည်းမှုက ဖော်ပြ၍ပင် မရနိုင်လောက်အောင် ကြီးမားလှပေသည်။


လွန်ခဲ့သော ခုနစ်နှစ်ခန့်က ချူရှုယွင် နတ်ဆိုးသတ်ဖြတ်ရေးနယ်မြေတွင် တစ်ယောက်တည်း ရှိနေစဉ်တွင် သူသည် အရာနှစ်ခုကိုသာလုပ်ဆောင်ခဲ့သည်။ ပထမတစ်ခုမှာ နတ်ဆိုးများကို သတ်ဖြတ်ခြင်းပင်။


ဒုတိယတစ်ခုမှာ လူသား မိဘမဲ့ကလေးတစ်ဦးကို သူ ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။


ယနေ့ထိတိုင်အောင် ထိုနေ့က ချူရှုယွင်၏ဓားပေါ်ရှိ အေးစက်သော အလင်းတန်းကို ရှောင်မင် မှတ်မိနေဆဲပင်။ သွေးများ စီးကျနေပြီး မသေမျိုးအရှင်သခင်၏နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံမှာ သွေးစွန်းသော ဝတ်ရုံအဖြစ်ပြောင်းလဲသွားခဲ့ကာ သူ့ ရင်ခွင်ထဲတွင် သတိလစ်မေ့မြောနေသော လူငယ်လေးတစ်ဦးကို ပွေ့ချီထားခဲ့သည်။


ချူရှုယွင်က စကားတစ်ခွန်းမှ မဆိုဘဲ ဓားထိပ်ရှိသွေးများကို တည်ငြိမ်စွာ ခါချလိုက်ပြီး ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ကာ အိပ်ပျော်နေသော ကောင်လေးကို ပွေ့ချီရင်းတစ်လှမ်းချင်း ထွက်ခွာသွားခဲ့လေသည်။


မည်သူကမှ ထိုလူငယ်လေး၏ဇာတိကို မမေးရဲကြသလို ချူရှုယွင်က သူ့အားဘာကြောင့် ကယ်တင်ခဲ့ သည်ကိုလည်း မသိခဲ့ကြပေ။


နောက်ပိုင်းမှသာ ထိုလူငယ်လေး၏နာမည်မှာ ယွီချန်ဖြစ်ကြောင်း သူတို့ သိခဲ့ရသည်။


ထိုအချိန်က ယွီချန်မှာ နတ်ဆိုးလမ်းစဉ်သို့ မဝင်ရောက်သေးသောကြောင့် လူတိုင်းက သူ့ကို ချူရှုယွင် ကယ်တင်လာသော သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့ကြပြီး  သိပ်ဂရုမစိုက်ခဲ့ကြပေ။

ယွီချန်က မသေမျိုးအရှင်သခင်နှင့်အတူ သာမာန်အတိုင်းပင် နေထိုင်ခဲ့သော်လည်း သုံးနှစ်ခန့်အကြာ တွင် မသေမျိုးအရှင်သခင်ကိုယ်တိုင် သူ့အား ထိုက်ချင်ဂိုဏ်းမှနှင်ထုတ်ခဲ့လေသည်။


အကြောင်းရင်းကတော့...... ဂိုဏ်း၏ယဇ်ပူဇော်ပွဲတွင် ယွီချန်မှ ဂိုဏ်းချုပ်ကို ဆန့်ကျင်သည့် စကားပြောဆိုခဲ့သောကြောင့် ဖြစ်သည်။


ထိုကိစ္စကြောင့် မသေမျိုးအရှင်သခင်မှာ အလွန်ဒေါသထွက်ခဲ့ပြီး ဂိုဏ်းချုပ်အားတောင်းပန်ရန် တပည့်များရှေ့တွင် ယွီချန်ကို အတင်းအကျပ် ဒူးထောက်ခိုင်းခဲ့ကာ ယွီချန်အား နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့လေသည်။


အတင်းအကျပ် ဒူးထောက်ခိုင်းခြင်းနှင့် အရှက်ခွဲခံရခြင်းတို့မှာ ထိုအချိန်က လူငယ်လေး ယွီချန်အတွက်တော့ သူ့ ဂုဏ်သိက္ခာကို တစ်စစီ ချေမှုန်းပစ်လိုက်သည်နှင့် တူညီနေခဲ့သည်။ထို ကြောင့် လက်စားချေလိုစိတ်ပြင်းထန်နေခဲ့လေ၏။


သူတို့နှစ်ဦးကြားရှိ ရန်ငြိုးက အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။


ချူရှုယွင်သာ ယွီချန်၏ ဖမ်းဆီးခြင်းကို အမှန်တကယ် ခံလိုက်ရပါက သူ့ကို စောင့်ကြိုနေမည်မှာ အယုတ်မာဆုံးနှင့် အရက်စက်ဆုံး လက်စားချေမှုဖြစ်မည်ကို ရှောင်မင် သိထားလေသည်။


နတ်ဆိုးကျင့်ကြံသူများက အမြဲတမ်း ထိုကဲ့သို့ပင်။ နတ်ဆိုးအဖြစ်သို့ ကျရောက်ပြီးနောက် သူတို့၏ လူသားဆန်မှုမှာ ပျောက်ကွယ်သွားပြီး နှစ်ပေါင်းများစွာ ကိန်းအောင်းနေခဲ့သော အမုန်းတရားများ ပေါက်ကွဲထွက်လာကာ  မည်သည့်အရာကိုမဆို သူတို့ လုပ်ဆောင်နိုင်လေသည်။


တွေးကြည့်စရာမလိုလောက်အောင် ယွီချန် ချူရှုယွင်အား အရှက်ခွဲရန် အစွမ်းကုန် ကြိုးစားမည်မှာ သေချာလှသည်။


ရှောင်မင်မှာ ချူရှုယွင်အတွက်သာမက သူ၏ဆရာအတွက်ပါ စိုးရိမ်နေမိသည်။


ဆရာနှင့် မသေမျိုးအရှင်သခင်တို့မှာ ကလေးဘဝကတည်းက အတူတူကြီးပြင်းလာခဲ့သူများဖြစ်ပြီး ယခု မသေမျိုးအရှင်သခင် ဒုက္ခရောက်နေချိန်တွင် ဆရာ့အနေဖြင့် သူ့စိတ်ထဲတွင် ရုန်းကန်ခံစားနေရ မည်မှာ အသေအချာပင်။


ဒီစောက်ကျိုးနည်းလောက်အောင် စိတ်ဓာတ်ကျမှုကြီး။


"သွားကြစို့”  


ထိုလူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ့အသံမှာ အလွန်တိုးညင်းနေလေသည်။ 


"ဒီနေ့ ငါတို့ နတ်ဆိုးနယ်မြေရဲ့ အဝင်ဝကို ရှာတွေ့အောင်ရှာရမယ် မသေမျိုးအရှင်သခင်ကို ကယ်တင်ပြီး ယွီချန်ကို သတ်ပစ်ရမယ်” 


သူ့စကားကို ကြားသောအခါ ရှောင်မင် အလျင်အမြန်ပြန်လည်ဖြေကြားလိုက်သည်။ 


"ဟုတ်ကဲ့!"


နတ်ဆိုးနန်းတော်၌


ပိုးသားကော်ဇောနှင့် အနီရောင် ပိုးသားစလေးတို့မှာ အတူတကွ ရောနှောကာ ရှုပ်ပွနေခဲ့၏။


လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခေါင်းအုံးပေါ်သို့ ကြမ်းတမ်းစွာ ဖိချထားခြင်း ခံရလေသည်။


နူးညံ့သော စောင်ထဲတွင် မျက်နှာအပ်ထားရသဖြင့် ချူရှုယွင်မှာ တစ်ဖက်လူ၏မျက်နှာအမူအရာကို မမြင်ရပေ။ ယွီချန့်ခန္ဓာကိုယ်က အလွန်ပူလောင်နေသဖြင့် သူ့တစ်ကိုယ်လုံးမှာ နူးညံ့သော ကုတင်ထဲသို့ အရည်ပျော်ကျသွားတော့မတတ်ပင် သူ ခံစားနေရသည်။


ယွီချန် မျက်နှာကို မြင်ရရန် သူ ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်သော်လည်း ယွီချန်၏ မျက်တောင်များကိုသာ မြင်လိုက်ရပြီး ရွှေရောင်ကြယ်ပွင့်လေးများ တလက်လက် တောက်ပနေ သကဲ့သို့ ဖြစ်‌နေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာရစ်ပတ်ထားကာ ထိုလှပသော မျက်နှာလေးကို အနက်ရောင်မှော်မြူခိုး များထဲတွင် ဝိုးတဝါးထင်ဟပ်နေစေသည်။


လှလိုက်တာ..


တကယ်ကို လှလွန်းတယ်..


သူတို့တွေ ဘယ်လို ဖြစ်လာတာလဲ


ပြီးတော့ ယွီချန်က တကယ့်ကို စွမ်းအားကြီးတာပဲ၊ သူ့ရဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း စွမ်းရည်တွေက ပြည့်စုံလွန်းတယ်။ ကြည့်ရတာ သူ အများကြီးပြင်ဆင်ထားပုံပဲ။


နှစ်ကိုယ်တူကျင့်ကြံခြင်းကို ပထမဆုံးအကြိမ်လုပ်သည့်အခါ နာကျင်ရမည်ဟု စာအုပ်ထဲရေးထား သော်လည်း ချူရှုယွင်ကမူ နည်းနည်းလေးမှ မသက်မသာမဖြစ်ရုံသာမက ဒီခံစားချက်ကိုတောင် သဘောကျနေမိသေးသည်။


ယွီချန့်မျက်နှာကို ကြည့်လိုက်သည်နှင့် သူ့ရင်တွေ ပိုခုန်လာပြီး စိတ်ခံစားချက်တွေတောင် ပိုကောင်းလာသလိုပဲ။


မြန်မြန်လုပ်ပါ ယွီချန်ရဲ့၊ နည်းနည်းလောက် ပိုမြန်မြန်လေးလုပ်ပါလား။