Ch 4
Viewers 29

🍐 Chapter 4





သူ့ အကြည့်ကို ခံစားမိသွားသကဲ့သို့ ယွီချန် ခေါင်းကို အနည်းငယ် ငုံ့ကာ ချူရှုယွင်ကို ကြည့်လိုက် သော်လည်း သူ စကားမပြောနိုင်ခင်မှာပင် ချူရှုယွင်က သူ၏ အကြည့်များကို ရှောင်လွှဲသွားလေသည်။


ချူရှုယွင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေသည့်အတွက် မျက်လုံးများကို မှေးစင်းလိုက်ကာ ရှက်ရွံ့စွာဖြင့် ခေါင်းအုံးထဲသို့ မျက်နှာပြန်အပ်လိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းလေး ပေါ်ထွက်လာတော့သည်။


ယွီချန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ထိုသူ၏ ဖြူဖွေးသော လည်ပင်းလေးကို ကိုက်လိုက်ကာ သူ့ လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်လေသည်။


သူ့ရုတ်တရက် လှုပ်ရှားမှုကြောင့် လှုံ့ဆော်ခံလိုက်ရသဖြင့် ချူရှုယွင် ညည်းညူသံလေးထွက်သွားကာ အောက်နှုတ်ခမ်းကို ကိုက်ထားရင်း အသံမထွက်စေရန် ကြိုးစားနေတော့သည်။


အင်း... အရမ်း သက်သောင့်သက်သာ ရှိတာပဲ၊ ဒါပေမဲ့လေ...... အသံထွက်လိုက်ရင် စည်းကမ်း ချိုးဖောက်မိသလို ဖြစ်သွားမှာပေါ့!


"မသေမျိုးအရှင်သခင်က ကျွန်တော့်အဝတ်အစားတွေကို စိတ်အားထက်သန်စွာနဲ့ ချွတ်ပေးခဲ့တာ မဟုတ်ဘူးလား အခုကျမှ ဘာလို့ ကျွန်တော့်ကို အေးတိအေးစက် ဆက်ဆံနေရတာလဲ" 


ယွီချန် မျက်လုံးများ အနည်းငယ် မှေးစင်းသွားကာ ချူရှုယွင်၏ ပါးပြင်ကို ဖွဖွလေး ညှစ်လိုက်ပြီး သူ့ကို အတင်းကြည့်ခိုင်းလေသည်။


ခုနကတော့ ချူရှုယွင်က သူနှင့် ဤကဲ့သို့သော ကိစ္စမျိုးလုပ်ရသည်ကို ရွံရှာခြင်းမရှိဟု သူ အထင်မှား ခဲ့မိသော်လည်း ယခုကြည့်ရသည်မှာ သူ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပုံရသည်။


သူ့ ပါးပြင်ကို ညှစ်ခံထားရသဖြင့် ချူရှုယွင်မှာ ပြင်းထန်စွာ ခုန်ပေါက်နေသော နှလုံးသားကို ထိန်းချုပ်ရင်း ယွီချန်အား မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။


သူ ဘယ်နားမှာများ အေးတိအေးစက်ဆက်ဆံခဲ့လို့လဲ။ သူ ရှင်းရှင်းလင်းလင်း မြင်နေရတာပဲဟာ၊ သူ့မျက်လုံးတွေက နည်းနည်းမှ အေးစက်မနေပါဘူး‌နော် ဒီလောက် ပူလောင်နေတာကို။


"ပြောလေ” 


ဟင်း......


ဒါကတော့ အဆင်မပြေဘူး။


ယွီချန်ကို ငြင်းဆန်လိုက်ကြောင်း ချူရှုယွင် စိတ်ထဲမှ တိုးတိုးလေးပြောလိုက်ပြီး သူ့ကို လက်ဟန်ခြေ ဟန်ဖြင့် နှစ်ကြိမ်ခန့်ပြသရန် ကြိုးစားလိုက်သော်လည်း သူ့ လက်ကောက်ဝတ်ကို ယွီချန်က လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူ ရုန်းမထွက်နိုင်ခဲ့ပေ။


"မရုန်းနဲ့”  


ယွီချန် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။


"မသေမျိုးအရှင်သခင်က အရမ်းကိုထက်မြက်တဲ့သူဆိုတော့ သူ့ရဲ့ လက်ရှိအခြေအနေကို သဘောပေါက်မယ်လို့ ကျွန်တော် ထင်ခဲ့တာ” 


ချူရှုယွင် စကားလည်း မပြောနိုင်သလို သူ့လက်များကလည်း လှုပ်ရှား၍မရသဖြင့် ကူကယ်ရာမဲ့ စွာဖြင့် ကောင်းကင်ကိုသာမော့ကြည့်နေလိုက်ရတော့သည်။


ဘာပဲဖြစ်ဖြစ် ယွီချန်က မျက်လုံးတွေထဲက အဓိပ္ပာယ်ကိုမှ ဖတ်မတတ်တာ။


ထားလိုက်ပါတော့ ဘာမှပြောလို့မရမှတော့ ဒီအခြေအနေထိရောက်နေပြီပဲဟာ ငေးကြောင်ကြောင် လေးပဲ ဆက်နေလိုက်တော့မယ်။


"ပါးစပ်က ဘာမှမဟပေမဲ့ စိတ်ထဲမှာ အခြားသူတွေအကြောင်း တွေးနေတုန်းပဲလား"


ယွီချန် ဘာကို သတိရသွားသည်မသိ သူ့ မျက်နှာက တဖြည်းဖြည်း မှောင်မိုက်လာကာ ရုတ်တရက် အေးစက်စွာဖြင့်


"မင်းရဲ့ တပည့်ကောင်းလေးကို လွမ်းနေတာလား၊ ဒါမှမဟုတ် ဓားနတ်ဘုရားဆိုတဲ့ မင်းရဲ့ သူငယ်ချင်းကိုလား ဒါမှမဟုတ်...... နတ်ဆိုးမျိုးနွယ်က အဲ့ဒီ တိရစ္ဆာန်ကောင်ကိုလား"


ထိုစကားကို ကြားသောအခါ ချူရှုယွင်အံ့ဩမှင်တက်သွားလေသည်။


သူ့တပည့်က အခုဆို ဂိုဏ်းပြိုင်ပွဲမှာဝင်ပြိုင်နေလောက်ပြီ။ ပြီးတော့ ဓားနတ်ဘုရားဆိုတဲ့ သူငယ်ချင်းကလည်း နတ်ဆိုးတွေကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းရင်း အလုပ်ရှုပ်နေလောက်ရောပေါ့။ နတ်ဆိုးမျိုးနွယ်က တိရစ္ဆာန်ကောင်ဆိုတာကရော...... ဘယ်သူလဲ ?


ငါ မမှတ်မိတော့ဘူး…


ချူရှုယွင် မျက်တောင် ပုတ်ခက်ပုတ်ခက်လုပ်လိုက်သည်။


ခုနက သူ ဒီလူတွေအကြောင်း တွေးနေခဲ့တာမှ မဟုတ်တာ။


နောင်တစ်ချိန် နတ်ဆိုးနန်းတော်မှာ နေရမယ့်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ ပျော်စရာကောင်းတဲ့ အရာတွေ အများကြီးရှိမလား၊ နတ်ဆိုးကျင့်ကြံသူတွေက ပုံမှန်ဆို ဘာတွေလုပ်လေ့ရှိလဲ၊ ပြီးတော့ နတ်ဆိုးနန်းတော်က အစားအသောက်တွေကရော အရသာရှိရဲ့လားဆိုတာကို သူ တွေးနေခဲ့တာ လေ။


တကယ်တော့ အရသာမရှိလည်း ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ချင်ဂိုဏ်းက အစားအသောက်တွေလောက်တော့ ဘယ်အရာကမှ ဆိုးဝါးနိုင်မှာ မဟုတ်ပါဘူးလေ။


ဒါပေမဲ့ တရုတ်နံနံမပါရင် အကောင်းဆုံးပဲ၊ သူ တရုတ်နံနံကို အမုန်းဆုံးပဲဟာ။


"မင်းရဲ့ တပည့်က နတ်ဆိုးနယ်မြေရဲ့ အဝင်ဝကိုတောင် ရှာတွေ့မှာမဟုတ်ဘူး ပြီးတော့ နတ်ဆိုးသားရဲတွေလည်း မင်းကို လာကယ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး" 


ယွီချန် မျက်လုံးများကို မှိတ်လိုက်ပြီး ကိုင်းညွတ်ကာ ချူရှုယွင် နားရွက်နားသို့ ကပ်၍ ဖြည်းညှင်းစွာ တိုးတိုးလေး ပြောလိုက်သည်။ 


"မင်း ကျီလျန်ကျိုးကို စောင့်နေတာလား"


ဓားနတ်ဘုရား ကျီလျန်ကျိုး၊ အကယ်၍ ချူရှုယွင်ကို လာကယ်နိုင်မည့်သူ တစ်ယောက်ရှိမည်ဆိုလျှင် သူတစ်ယောက်တည်းသာ ဖြစ်နိုင်လိမ့်မည်။


ကျီလျန်ကျိုး၏ နာမည်ကို ကြားလိုက်ရသောအခါ ချူရှုယွင်ထံမှ တုံ့ပြန်မှု အနည်းငယ် ထွက်ပေါ်လာ တော့သည်။


သူ့ မျက်နှာ အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်သောအခါ ယွီချန် ခပ်ဟဟ ရယ်မောလိုက်သည်။


"မသေမျိုးအရှင်သခင်က သူ့နာမည်ကို ကြားရုံနဲ့တင် ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား ကျွန်တော့်ကို တကယ်ပဲ အဆုံးစွန်ထိမနာလိုဖြစ်အောင် လုပ်နေတာပဲ” 


သူ လက်လှမ်းကာ ချူရှုယွင် ပါးပြင်ကို ကိုင်လိုက်သော်လည်း သူ့ မျက်ဝန်းများထဲတွင်တော့ မှောင်မိုက်သော အရိပ်အယောင်များ ခပ်ရေးရေး ထင်ဟပ်နေလေသည်။ 


"တကယ်တော့ မင်း ပျော်သင့်တယ်၊ သူ မင်းကို ကယ်ဖို့ တကယ်ရောက်လာပြီလေ၊ ငါ့ရဲ့ သူလျှိုတွေပြောတာတော့ သူ နတ်ဆိုးနယ်မြေရဲ့ အဝင်ဝကို လိုက်ရှာနေတယ်တဲ့၊ မသေမျိုးအရှင်သခင် သူ့ကို မကြာခင် တွေ့ရတော့မှာပါ......"


ချူရှုယွင် မျက်လုံးများ အနည်းငယ် ပွင့်ဟသွားကာ သူ့ သူငယ်အိမ်များ တုန်ယင်သွားလေသည်။


"မသေမျိုးအရှင်သခင်က သူ လာတာကို မလိုချင်ဘူးလား" 


ယွီချန်က ချူရှုယွင်၏စိတ်ထဲရှိ အတွေးများကို တိုက်ရိုက်ပင် ခန့်မှန်းမိသွားပုံရသည်။


ချူရှုယွင် နောက်ဆုံးတွင် အခွင့်အရေးကို ဆုပ်ကိုင်ကာ အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး ယွီချန်အနေဖြင့် ကျီလျန်ကျိုးကို ပြန်လည်မောင်းထုတ်ပေးနိုင်ရန် မျှော်လင့်နေလေသည်။


လျန်ကျိုး၊ မလာခဲ့နဲ့!


သူ့ရဲ့ကောင်းမွန်တဲ့ နေ့ရက်လေးတွေက သုံးရက်ပဲရှိသေးတာကို!


တပည့်တွေကို မိစ္ဆာတိုက်ခိုက်နည်းပြန်သင်ပေးဖို့ သူ မသွားချင်တော့ဘူး၊ အရမ်းကို ပင်ပန်းပြီး ဒုက္ခများလွန်းတယ်! ပြီးတော့ ထိုက်ချင်ဂိုဏ်းကထမင်းတွေကလည်း အရမ်းကို ဆိုးဝါးလွန်းတယ်!


မလာခဲ့နဲ့!! ပြန်သွားတော့!!


ယွီချန် လှောင်ပြောင်လိုက်သည်။ 


"မသေမျိုးအရှင်သခင်က သူလာတာကို မလိုချင်ဘူးဆိုတာ ကျွန်တော် သူ့ကို သတ်ပစ်မှာ ကြောက်လို့လား ? သူ့ကို အဲ့လောက်တောင် သံယောဇဉ်ကြီးနေတာလား"


ချူရှုယွင် : ......


ဟင်။


ချူရှုယွင် အနည်းငယ် ရှက်ရွံ့စွာဖြင့် မျက်လွှာချလိုက်မိသည်။


သူအရမ်းကို မသိတတ်ရာမကျလွန်းဘူးလား၊ ကြည့်ရတာ သူ လျန်ကျိုးကို သနားသင့်တယ်ထင် တယ်။ ဒါပေမဲ့ လျန်ကျိုးက အရမ်းကို စွမ်းအားကြီးတာပဲဟာ သူ စိုးရိမ်ပေးနေဖို့ ဘယ်မှာလိုအပ် လို့လဲ။


"စိတ်မပူပါနဲ့”  


ယွီချန် နှလုံးသားမှာ အေးစက်စွာ နစ်မြုပ်သွားလေသည်။ 


"ငါ သူ့ကို မသတ်ပါဘူး၊ မင်းက ငါ့လူဖြစ်နေပြီဆိုတာလောက်ပဲ သူ့ကို သိခွင့်ပေးလိုက်မှာပါ” 


ချူရှုယွင် မျက်လုံးများကို မော့ကြည့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။


လုပ်ငန်းစဉ်က သိပ်မှန်ကန်ပုံမရပေမဲ့ အနည်းဆုံးတော့ ရလဒ်က မှန်ကန်နေတာပဲလေ။


သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွီချန် မျက်လုံးများကို မှိတ်လိုက်ပြီး လက်ကို လွှတ်ပေး လိုက်ကာ နူးညံ့သော ကုတင်ပေါ်မှထလိုက်သည်။ ထို့နောက် အဝတ်အစားများ ဝတ်ဆင်ကာ ခန်းမထဲမှ နောက်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေတော့သည်။


ချူရှုယွင် သူ့ကျောပြင်ကို ကြည့်ရင်း ကုတင်ပေါ်တွင် ငေးကြောင်ကြောင်လေး လှဲနေမိသည်။


ညစာ ဘာစားရမလဲဆိုတာတောင် မပြောရသေးဘူးလေ...... သူက ဘာလို့ ထွက်သွားရတာလဲ။


ခဏအကြာတွင် ယွီချန် ပြန်ရောက်လာ၏။


သူ့ လက်ထဲတွင် ထမင်းဗူးတစ်ဗူးကို ကိုင်ဆောင်ထားလေသည်။


အစားအသောက်၏ မွှေးကြိုင်သော ရနံ့ကို ရလိုက်သည်နှင့်တပြိုင်နက် ချူရှုယွင် ကုတင်ပေါ်မှ ချက်ချင်းထလိုက်သည်။ ဗိုက်ဆာလွန်းသဖြင့် ရင်ဘတ်နှင့် ကျောပင်ကပ်နေလောက်ပြီဖြစ်ရာ သူ တံတွေးမြိုချလိုက်ပြီး အပေါ်ဝတ်ရုံကို ကိုယ်ပေါ်သို့ကောက်စွပ်လိုက်လေသည်။


ယွီချန် သူ့ကို အဝေးမှနေ၍ တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။ ထို့နောက် နူးညံ့သော ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်သို့ ထမင်းဗူးကို တင်လိုက်ပြီး တိုးညင်းသောအသံဖြင့် 


"မသေမျိုးအရှင်သခင် တစ်ခုခုစားလိုက်ပါဦး" 


ချူရှုယွင် အလျင်အမြန် ထလိုက်ပြီး ထမင်းဗူးကိုသာ စိုက်ကြည့်နေတော့သည်။


ချူရှုယွင် မျက်လုံးများထဲရှိ ဆာလောင်မွတ်သိပ်နေမှုကို ယွီချန် သတိမထားမိဘဲ လက်လှမ်းကာ ထမင်းဗူးအဖုံးကို ဖွင့်လိုက်ရာ ထမင်းရနံ့လေးက သင်းပျံ့လာလေသည်။


ထမင်းရောက်လာပြီ!


ချူရှုယွင် စိတ်လှုပ်ရှားစွာဖြင့် တူကို ကောက်ကိုင်ရန် ပြင်လိုက်စဉ် သူ့ မျက်လုံးများက ထမင်းဗူးဆီသို့ ရောက်သွားကာ သူ့ ခန္ဓာကိုယ်မှာ ရုတ်တရက် ထိုနေရာတွင်ပင် ရပ်တန့်သွားတော့သည်။


"ဘာဖြစ်လို့လဲ" 


သူ မလှုပ်ရှားသည်ကို မြင်သောအခါ ယွီချန် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။ 


"မသေမျိုးအရှင်သခင်က စားဖို့ ငြင်းဆန်နေတာလား"


ချူရှုယွင်မှာ ယွီချန်အား တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို လွှဲကာ ထမင်းဗူးထဲရှိ သေသပ်စွာ စီရီထားသော အစိမ်းရောင် တရုတ်နံနံပင်များကို ကြည့်လိုက်လေသည်။ တောက်ပနေအောင် ကြော်ထားပြီး မြင်လိုက်သည်နှင့် သေချာဂရုတစိုက်ချက်ပြုတ်ထားကြောင်း သိသာလှပေသည်။


အင်း ဂရုတစိုက် ချက်ပြုတ်ထားတဲ့ အဆိုးဝါးဆုံး ဟင်းလျာပါပဲလား။


ဒါမှမဟုတ်...... သူ ထိုက်ချင်ဂိုဏ်းကိုပဲ ပြန်သွားသင့်ပြီထင်တယ်။