အပိုင်း (၆၂-၁)
Viewers 12k

Part 62.1


ခွဲစိတ်ဆရာဝန်က သူ့၏ mask ကိုဖြုတ်လိုက်ပြီး မောပန်းနွမ်းနယ်နေသော်လဲ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


"ကျည်ဆန်ကို အောင်အောင်မြင်မြင်ပဲဖယ်ထုတ်လိုက်နိုင်ပါပြီ...အခုတော့လူနာက စိုးရိမ်ရတဲ့အခြေနေကို ကျော်လွန်လာပါပြီ သူ့ကို အခု ICU မှာ ရွှေ့ပြောင်းထားပါမယ်...အဲ့ဒီ့မှာသူကိုရက်အနည်းငယ်စောင့်ကြည့်အခြေအနေနဲ့ထားထားပါမယ်..အခြေအနေပုံမှန်အတိုင်းဖြစ်မယ်ဆိုရင်တော့ နောက်ထပ်နှစ်ရက်လောက်ဆိုနိုးလာပါလိမ့်မယ်..."


ထိုစကားများအရ တစ်ခြားအပြောင်းအလဲမရှိလျှင် ကျိယန်၏အသက်ကို ငရဲတံခါးဝမှပြန်လည်လုယူလိုက်နိုင်ပြီဟု ဆိုလ်ုသည်။


သတင်းကောင်းဖြစ်ကြောင်းသေချာပေသည်။ တစ်ညလုံးလောင်ကျွမ်းနေသောအပူမီးပေါ်သို့မိုးများရွာသွန်းဖြိုးလိုက်သလိုပင်။သက်ပြင်းချလိုက်သံများအပြိုင်အဆိုင်ထွက်ပေါ်လာသည်။ 


အားလုံးဆရာဝန်ကိုကျေးဇူးတင်လိုက်ကြသည်။


ဆရာဝန်နှင်သူနာပြုများကလည်းအပြုံးဖြင့်လက်ဝှေ့ယမ်းလိုက်ကြသည်။တိုင်းပြည်ကိုကာကွယ်နေသောစစ်သားတစ်ယောက်၏အသက်ကိုကယ်တင်လိုက်နိုင်သောကြောင့်သူတို့စိတ်ထဲ၍လည်းပျော်ရွှင်နေမိကြသည်။


အရမ်းကောင်းတယ်...ငါပြောပါတယ် ငါတို့ခေါင်းဆောင်ကအဆင်ပြေသွားမှာပါလို့ငါတို့ခေါင်းဆောင်ကိုယမမင်းတောင်မှမခေါ်ဆောင်ရဲဘူး..."


အားလုံးကတစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ 


အစောပိုင်းကအခြေအနေကဲ့သို့ တိတ်ဆိတ်မနေ လေးလံမနေတော့ပေ။


သူတို့၏မျှော်လင့်ချက်များနှင် အသက်ဘဝတစ်ခုအားကယ်တင်ခြင်းခံလိုက်ရသည်။


ထန်ထန်၏ နှလုံးသားစိတ်ထဲ၌လည်းသက်သာရာရသွားသည်။မည်သည့်အချိန်ကမှန်းမသိကိုက်ထားမိသောနှုတ်ခမ်းပါးကိုလွှတ်လိုက်သည်။သူမ ICU ငှာနသို့ပြေးသွားလိုက်ပြီးပြတင်းပေါက်ကိုမှီ၍ကြည့်လိုက်ရာ ပိုက်များဖြင့်သွယ်တန်းထားသော ကျိယန်ကိုတွေ့လိုက်ရသည်။


သူ့ကိုသေချာစွာမမြင်ရသော်လည်းသူမ၏နှလုံးသားကငြိမ်သက်သွားပေသည်။


ကျိရှောင်ကျိုးနှင့် ဝမ်နောင်တို့ကလည်းသူမနောက်မှလိုက်ပါလာပေသည်။ကလေးလေးနှစ်ယောက်မှလည်းပြတင်းပေါက်မှမှီပြီးအထဲထဲမှသူကိုကြည့်လိုက်သည်။ကျိရှောင်ကျိုးက လက်သီးသေးသေးလေးကို တင်းတင်းဆုပ်လိုက်ပြီး ပြတင်းတံခါးဝပော်တင်၍ ခပ်ဖွဖွခေါ်လိုက်သည်။


"ဒယ်ဒီ...ဒယ်ဒီ...ဒယ်ဒီ.."


ထိုမြင်ကွင်းကိုကြည့်ပြီးနောက် တစ်ညလုံးတုန်ရီနေခဲ့သောအဖိုးအို၏လက်ကလည်းအတုန်ရပ်သွားလေသည်။တစ်မျိုးတစ်ဖုံစိတ်သက်သာရာရသွားပြီးနောက် နောက်သို့ခြေတစ်လှမ်းဆုပ်လိုက်ကာ နံရံကိုမှီချလိုက်သည်။ 


"ပါပါး..."


"ပါပါး..."


ကျိဝေဖုန်နဲ့လင်းလန်တို့ နှစ်ယောက်လုံးပြိုင်တူပင်ခေါ်လိုက်ပြီးသူ့ကိုထိန်းကူလိုက်၏


သူတို့စိုးရိမ်စွာဖြင့် အနီးအနားကခုံတွင်ထိုင်နွိုရန်ကူပေးလိုက်သည်။


"ပါပါး အခုအိမ်ပြန်ပြီးအနားယူသင့်ပြီ...ပာပါးရဲ့အသက်အရွယ်ကဒီလိုတွေလုပ်လို့မရတော့ဘူး အခုကျိယန်လည်းအန္တာရယ်ကင်းသွားပြီဆိုတော့ အိမ်ကိုပြန်ပြီးအနားယူလိုက်...မနက်ဖြန်မှသူ့ကိုပြန်လာတွေ့ကြတာပေါ့နော်..."


"ဟုတ်တယ် ဟုတ်တယ်...ပါပါး...

ဘယ်လိုဖြစ်ဖြစ် အခုကျိယန်က ICUထဲမှာဆိုတော့သူ့ကိုအခုဝင်ကြည့်လို့လည်းမရဘူးလေ...ဒီတော့သူပြောင်းတဲ့အခါမှ လာလည်ကြတာပေါ့..."


သူတို့နှစ်ယောက်လုံးကအဖိုး ကျိ၏ကျန်းမာရေးအခြေအနေကိုစိုးရိမ်နေကြသော်လည်းအဖိုးကမူ သူတို့၏လက်ကိုခါထုတ်လိုက်လေသည်။


"ငါ့ရဲ့ကျန်းမာရေးအခြေအနေကကောင်းတယ် မင်းတို့စိုးရိမ်ပူပန်နေဖို့မလိုဘူး...နင်တို့တကယ်စိုးရိမ်ဖို့လိုအပ်နေတဲ့လူကိုကျတော့စိုးရိမ်တာမတွေ့မိပါလား..."


"ဘယ်လိုများပြောလိုက်တာလည်း ပါပါး...  ကျွန်တော်သူ့ကိုဂရုစိုက်တာပေါ့ သူကကျွန်တော့်သားပဲလေ ဘယ်လိုလုပ်ဂရုမစိုက်ပဲနေမှာလည်း ပြီးတော့လင်းလန်ကလည်းသူ့ကိုအရမ်းစိုးရိမ်နေတာ...

သူမကသတင်းကြားကြားချင်းပဲ အစည်းအဝေးတစ်ဝက်ကနေထွက်လာခဲ့တာ..."


"တော်ပြီ တော်ပြီ...အမှားတွေကိုအမှန်လုပ်ပြီးတော့လည်းပြောမနေနဲ့တော့...မင်းတို့စိတ်ပူလား မပူလားဆိုတာကိုမင်းတို့ဘာသာမင်းတို့ရှင်းရှင်းလင်းလင်းသိမှာပဲ..."


အဖိုးကျိကပြောပြီးသည်နှင့်ထိုလူနှစ်ယောက်ကိုမကြည့်တော့ပဲ သူ၏အစောင့်များကိုသာ ကူညီပေးဖို့ခေါ်လိုက်သည်။သူ့၏ခန္ဓာကိုယ်ကတောင့်မခံနိုင်တော့ပေ သူဆက်နေပြီး ပြသနာများပိုများလာအောင် လုပ်၍မရသောကြောင့် ထွက်ခွာသွားရန် ရွေးချယ်လိုက်သည်။


 လူအများရှေ့တွင် အဆူခံလိုက်ရသောကြောင့် လင်းလန် ရှက်ရွံ့ဝမ်းနည်းသွားလေသည်။သူမ ဘာပဲလုပ်ပေးလုပ်ပေး နှစ်များစွာကြာလာသည်အထိတိုင်အောင်ပင် အဖိုးကျိက သူမကိုနှစ်သက်မလာသေးပေ။သူ့၏မြေးဖြစ်သောရှစ်ယွဲ့ကိုပင်လျှင် ကျိယန်လိုဂရုမစိုက်ပေ။ကျိယန်နှင့်ယှဉ် လိုက်ပါကသူ့၏နှလုံးသားထဲတွင် ကျိယန်၏ ဆံပင်မွှေးလေးတစ်ချောင်းမျှလောက်တောင်အရေးမပါပေ။


ကျိဝေ့ဖုန်က လင်းလန် ၏အမူအရာကို မခံစားနိုင်တော့ပဲ သူမ၏ ပုခုံးလေးကို ဖွဖွပုတ်ကာ နှစ်သိမ့်လိုက်သည်။


"ပါပါးရဲ့အမူအကျင့်ကိုက အဲ့ဒီအတိုင်းပဲ စိတ်ထဲထားမနေနဲ့..."


မထားပါဘူး..."


 လင်းလန် အားတင်း၍ ပြုံ ပြလိုက်ပြီး 


"ဒါဆိုရင် အခု ကျွန်မတို့ ဘာလုပ်ကြမလဲ..."


ကျိဝေ့ဖုန်က အနားတွင်ရှိနေသောလူများကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


"အခုကိုယ်တို့အိမ်ပြန်ပြီးအနားယူကြကြတာပေါ...တစ်ညလုံးမအိပ်ဘဲနေရထားတော့ မင်းရဲ့မျက်နှာလေးတောင်ကြည့်ပါဦး ဒီမှာလဲ လူတွေအများကြီးရှိနေတာလေ။ကိုယ်လည်းဘာမှကူညီနိုင်တာမှမဟုတ်တာ..."


လင်းလန်က ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။


"ကောင်းပြီလေ ဒီလိုဆိုလည်းကျွန်မတို့ ကျိယန်နိုးလာတော့မှပဲထပ်လာကြတာပေါ့..."


ထိုလူနှစ်ယောက် ထွက်ခွာသွားတာကိုကြည့်ပြီး ကျီယွဲ့ မပျော်ရွှင်စွာဖြင့် နှာခေါင်း... တစ်ချက်ရှုံ့လိုက်ပြီး ပြောလိုက်သည်။


"ဟမ့်...ဒီနေရာမှာရှိနေတာက ကျိရှစ်ယွဲ့သာဆိုရင် သူတို့ဒီလိုမျိုးပြန်ပြီးနားနိုင်ပါ့မလား..."


ကုကျန်းအန်းက သူမ၏ စကားကို မထောက်ခံဘဲ ခေါင်းအသာခါရမ်းရင်းပြောသည်။


"အဲ့လိုစကားတွေမပြောပါနဲ့ ကျိယန်မှာကိုယ်တို့ရှိတာပဲလေ..."


ကျီယွဲ့ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


တစ်ကယ်တမ်းတွင် လူနာများကို မိသားစုဧည့်သည်များနှင့်ပေးတွေ့ချိန်ကတိုတောင်းလှပေသည်။သူတို့ကတစ်ခြားအချိန်များတွင် လူနာတွေ့ခွင့်မပေးတော့ပေ။


သို့သော်လည်း ထန်ထန်ကမူ အနားမှထွက်မသွားချင်ပေ။သူမက ယမမင်းသည် ကျိယန်၏ အသက်ကို နောက်တစ်ခါထပ်ယူသွားမည်ကိုစိုးရိမ်ပူပန်နေသည့်အလား စောင့်ကျပ်ကြည့်နေပေသည်။


ကျိရှောင်ကျိုးကလည်း သူ့အမေလိုပဲ ခေါင်းမာလှပေသည်။မည်မျှပင် ချော့မော့ခေါ်စေကာမူ ထိုနေရာမှ ထွက်ခွာသွားဖို့ကို ငြင်းဆန်နေခဲ့သည်။သူကလုံးဝမမောပန်းသည့်အတိုင်း သူ့အမေကို အဖော်ပြု၍ သတိလစ်နေသောသူ၏အဖေကို စောင့်ကြည့်နေပေသည်။


ဝမ်နောင်ကလည်း ထိုနည်းတူစွာပင် ကျိရှောင်ကျိုး၏လက်ကလေးတစ်ဖက်မှကိုင်ပြီး တစ်ဖက်မှ ထန်ထန်၏ အင်္ကျိစလေးကိုဆွဲကိုင်ထားလေသည်။သူမက ဦးလေးဟုခေါ်သော်လည်း သူမ၏ စိတ်ထဲ၌အဖေဟုသတ်မှတ်ထားသည့် သူအား ပြတင်းပေါက်မှနေတစ်ဆင့် ကြည့်နေပေသည်။


ထိုမြင်ကွင်းက မြင်လိုက်ရသူအပေါင်းကို သနားကြင်နာ ဝမ်းနည်းမှုခံစားရစေသည်။


ကံကောင်းထောက်မစွာဖြင့် သူတို့၏ မျှော်လင့်ချက်များ ပျက်စီးမသွားခဲ့ပေ။ဆရာဝန်ပြောထားခဲ့သည့်အတိုင်းရက်အနည်းငယ် အကြာ၌ ကျိယန် နိုးလာပေသည်။


သူ့မျက်လုံးများပွင့်လာသည့်အချိန်၌ တစ်စုံတစ်ခုကို ခံစားလိုက်မိသည့်အလား ပထမဦးဆုံး လှုပ်ရှားမှုကပြတင်းပေါက်ဆီသို့ကြည့်လာခြင်းပင်ဖြစ်သည်။သူ့၏မျက်ဝန်းများက အပြင်ဘက်မှာကြည့်နေသော မျက်လုံးသုံးစုံနှင့် ထိတ်တိုက်တွေ့စုံသွားပြီးနောက် ရှာတွေ့ဖို့ခက်ခဲလှသော အပြုံးသေးသေးလေးတစ်ခု ပေါ်ထွန်းလာလေသည်။


ကျိရှောင်ကျိုး၏မျက်ဝန်းမျာက ဝိုင်းစက်သွားပြီး သူ့၏ လက်သေးသေးလေးများဖြင့်ပြတင်းပေါက်ကိုပုတ်ကာခေါ်လိုက်သည်။


"ဒယ်ဒီ...ဒယ်ဒီ...ဒယ်ဒီနိုးလာပြီ..."


 ဝမ်နောင်ကလည်းစိတ်လှုပ်ရှားစွာဖြင့် ပြတင်းတံခါးကို ထုရိုက်လိုက်သည်။သူမလည်းကျိရှောင်ကျိုးအတိုင်းပင်အသံတိတ် ဒယ်ဒီ ဟုလိုက်ခေါ်လိုက်မိသည်။


ထန်ထန်ပါးစပ်ကိုအုပ်ကာလိုက်ပြီး ချက်ချင်းပင် မျက်ရည်များစီးကျလာလေသည်။သူမကငိုနေသော်လည်းမျက်ဝန်းများကမူပျော်ရွှင်နေကြောင်းပြသ နေပေသည်။


ကောင်းလိုက်တာ နောက်ဆုံးတော့သူမရဲ့ကျိယန်ကနိုးထလာပြီ။ 


ကျိယန် ယမမင်းတံခါးဝမှပြန်လည်ရောက်ရှိလာသောကြောင့် အားလုံးစိတ်သက်သာရာရသွားကြသည်။


ခပ်လှမ်းလှမ်းရှိခုံတန်းပေါ်တွက်ထိုင်နေသောအဖိုးအိုကလည်းသူ၏တုတ်ကောက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဘယ်သူမှသတိမပြုမူခင်တွင် သူ၏မျက်ဝန်းထဲ၌နူးညံနွေးထွေးမူများဖြတ်သန်းသွားလေသည်။


သူပြောခဲ့သလိုပဲသူရဲ့မြေးကလွယ်လွယ်နဲ့ကျဆုံးမှာမဟုတ်ပါဘူး။။ သူ၏နောက်သို့ 10နှစ်ကျြှာလိုက်ပါခဲ့သည့်သက်တော်စောင့်က အဖိုးကြီး၏စိတ်ခံစားမူများကိုအာရုံခံမိသည်။ သူကတစ်ခြားသူများထက် အဖိုးကျိ ကိုပို၍သိသည်။ သူကအပြင်ပန်းတွင်အေးစက်သော်လည်း နှလုံးသားထဲတွင် ကျိရန်ကိုဂရုအစိုက်ဆုံးဖြစ်သည်။ 


သူကအလွန်ပဲမာနကြီးနေသောကြောင့် သူရှေ့သိူ့မျက်နှာသွားမပြရဲပေ။ အဖိုးကြီးကခပ်လှမ်းလှမ်း၌သာထိုင်နေရဲသော်လည်း သူ၏နှလုံးသားထဲ၌ ကျိယန်ကိုမည်မျှတွေ့ချင်နေကြောင်းကို ဘုရားသာသိပေလိမ့်မည်။ 


သက်တော်စောင့်ကဂရုတစိုက်ဖြင့်မေးလိုက်တယ်။


"အကြီးအကဲ အနားနားကပ်ပြီးသွားကြည့်ချင်လား...တကယ်လို့အနားနားကပ်ပြီးတိုးကြည့်ရင် ကျိယန်ကိုပိုမြင်ရတယ်လေ..."


အဖိုးကြီးကဂရုမစိုက်သလိုမျိုး ဟမ့်ခနဲ နှာတစ်ချက်မှုတ်လိုက်သည်။


"မလိုဘူး သူသတိရလာပြီးဆိုမှတော့ ဘာလို့သူ့ကိုသွားပြီးနှုတ်ဆက်နေရဦးမှာလဲ..."


အဖိုးကျိ၏ ဂုဏ်သိက္ခာထိန်းနေသောပုံစံကြောင့် သက်တော်စောင့်နှုတ်ခမ်းများတွန့်ကွေးသွားသည်။


ဒါဆိုရင်မနက်မိုးလင်းနေရောင်ခြည်ထွက်တာမဲ့ဆေးရုံကိုအပြေးအလွှားလာတာကဘယ်သူလည်း...

နေ့လည်ခင်းတောင်အနားမယူနိုင်ပဲ တစ်နေကုန်ထိုင်စောင့့်နေတာကရောဘယ်သူလည်း...

ဆရာဝန်ရုံးခန်းကိုတစ်နေ့အခေါက်၁၀၀လောက်သွားနေတာကရောဘယ်သူလည်း...


ဒီအရက်အနည်းငယ်အတွင်းမှာပဲသူအတော်ဝိတ်ကျသွားသည်။ သိူ့သော်လည်းတစ်ခါတစ်ရံ၌ မဟုတ်သည့်ကိစ္စများ၌တင်းမာထားတတ်ကြသည်။ 


သက်တော်စောင့်ကထိုအကြောင်းအရာများကိုထုန်မပြောရဲပေ အဖိုးကျိကသူ့ကိုတုတ်ကောက်နှင့်ရိုက်လိမ့်မည်။


လူအိုကြီးကအသက်အရွယ်မငယ်သော်လည်းသန်မာဖြတ်လတ်နေဆဲရှိသေးသည်။ မည်သို့ပင်ဖြစ်စေ သူကဘဝတစ်လျှောက်လုံးတိုက်ပွဲများကိုခုံမင်ခဲ့သည့် ဗိုလ်ချုပ်ကြီးလုပ်ခဲ့သည့်သူပင်။


ထို့နောက်အစောင့်တစ်ယောက်ကသူ့ကိုထပ်မံစကားဆိုလာပြန်သည်။


"အကြီးအကဲ ကျွန်တော်တို့ကျိယန်အတွက် အခန်းကာင်းကောင်းတစ်ခုစီစဉ်ပေးလိုက်ရမလား..."


ထိုစကားကိုကြားလိုက်ရသည်နှင့် အဖိုးအို၏နှုတ်ခမ်းများလှုပ်ခတ်သွားသည်။ သူကခေါင်းညိမ့်လိုက်ချင်သော်လည်း သူ့ကိုယ်သူထိန်းချုပ်ပြီးအော်လိုက်သည်။


"စီစဉ်ရမယ်...ဘာကိုစီစဉ်ပေးရမှာလဲ... တစ်ခြားသူတွေလည်းအထူးတလည် ပြုစုစောင့်ရှောက်မှုကိုရတာမှမဟုတ်တာ အဲ့တာကို ဘာကြောင့်သူကရရမှာလဲ...ဘာလို့သူကအထူးအခွင့်အရေးတွေလိုချင်ရမှာလဲ... ငါတို့ကျိမိသားစုကအဲ့လိုတွေမလုပ်ဘူး... ပြီးတော့သူကကျိမိသားစုကိုတောင်အသိအမှတ်ပြူတာမဟုတ်ဘူး...ဒီတော့ဘာအထူးအခွင့်အရေဂမှသူ့ကိုပေးနေစရာမလိုဘူး...

ဆေးရုံကစီစဉ်ပေးတာကိုပဲယူပါစေ..."


သူတို့စီစဉ်ပေးရင်တောင်မှ ထိုကောင်ဆိုးလေး၏အမူအကျင့်အရ ကျေနပ်ပေလိမ့်မည်မဟုတ်ပေ။


သက်တော်စောင့်လည်းကူကယ်ရာမဲ့သွားသည်။ဘာမှမပြောတာသာအကောင်းဆုံးဖြစ်သောကြောင့် သူတိတ်တဆိတ်နေလိုက်သည်။


သူအဖိုးကျိဘေး၌သာတိတ်တဆိတ်အဖော်ပြုပေးလိုက်သည်။ မည်သူပင်ဆိုစေနောက်ဆုံးတွင်အဖိုးကျိကသာနောင်တရမည့်သူဖြစ်သည်။


ကျိယန်၏ မူလကျန်းမာရေးအခြေအနေက အလွန်ကောင်းမွန်သောကြောင့် အံအားသင့်စရာအရှိန်နှုန်းဖြင့်ပြန်လည်သက်သာလာသည်။သူ ICUအတွင်း၌ ရက်အနည်းငယ် လောက်စောင့်ကြည့်ခံပြီးသည်နှင့် သာမန်အဆောင်ထဲသို့ပြောင်းရွေ့လိုက်သည်။ဆေးရုံက သူ့အတွက် နှစ်ယောက်ခန်းတစ်ခန်းကို စီစဉ်ပေးလိုက်သည်။


 တစ်ခြားလူနာက ခြေထောက်ကို ကျည်ဆန်ထိမှန်ထားသည့်သူဖြစ်ပြီး သူ့ကဲ့သို့ပင် စိုးရိမ်ရသည့်အခြေအနေထဲကျရောက်ခဲ့ရသူဖြစ်သည်။


မူလက ကျိုးကျီသည် သူ့အတွက် အခန်းတစ်ခန်းစီစဉ်ပေးသော်လည်းငြင်းပယ်ခြင်းခံလိုက်ရသည်။


အခန်းကလည်းတော်တော်လေး ကောင်းမွန်နေ၍ဖြစ်လေရာ သူသက်တောင့်သက်သာနေရစေရန်အတွက် ဆေးရုံပေါ် ထပ်ဝန်လေးမှုပေးဖို့မလိုပေ။


စွမ်းအားများလွှမ်းမိုးမှုများမရသည့်သာမနာလူသားများသည်လည်း သူတို့၏ အသက်များကိုကယ်တင်နေရန်အလိုငှါ အဆောင်ကုတင်များလိုအပ်နေပေသေးသည်။


ထို့ကြောင့် လွှမ်းမိုးမှုသောရှိသောသူများက ဖိအားသုံး၍တောင်းဆိုမှုအများကြီးမလုပ်သင့်ပေ။


 ထန်ထန် ကလည်း ကျိယန်၏ ကျိုးကြောင်းဆီလျော်စွာစဉ်းစားမှုကိုသဘောတူလေသည်။ထို့ကြောင့်သူ၏ဆုံးဖြတ်ချက်ကိုအပြည့်အဝ ထောက်ခံပေးလိုက်၏။


လူအားလုံးထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ထန်ထန် ကျိယန် နားနားသို့တိုးကပ်ကာပြောလိုက်သည်။


"အချစ်ရေ ရှင်ပြန်ပြီးကောင်းလာတာကို မြင်လိုက်ထဲကလေ တစ်ခြားကိစ္စတွေကဘာမှအရေးမကြီးတော့ပါဘူး...ကျွန်မက ရှင် တစ်ယောက် ခန်းမှာ နေရတာထက် ပိုပြီးတော့သက်တောင့်သက်သာရှိအောင်ကို ဂရုစိုက်ပေးပါ့မယ်နော် ဟုတ်ပြီလား..."


ထိုစကားများကြောင့် ကျိယန်၏ မျက်ဝန်းထဲတွင်ပျော်ရွှင်မှုများပြည့်နှက်သွားပြီး ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများပင် ပပျောက်သွားသကဲ့သို့ပင်။


သူ့၏ ဇနီးလေး ကအလွန်နွေးထွေးလှပေသည်။သူမသာရှိနေလျှင်

လမ်းမပေါ်၌ အိမ်ရမည်ဆိုလျှင်တောင် သူသက်တောင့်သက်သာရှိမှာပင် အဘယ်ကြောင့် ဆိုသော် သူဇနီးလေးကသူ့ကိုကောင်းစွာ ဂရုစိုက်နေမှာသေချာနေသောကြောင့်ပင် 


သူ သူတို့ကို ရက်နည်းနည်းလောက်ပဲမမြင်ရသေးတာကို ဘယ်လိုလုပ်ပြီး မအေရော ကလေး တွေပါ ပိန်သွားတာလည်း...


ကျိရှောင်ကျိုး၏ပြည့်ပြည့်ဖောင်းဖောင်းပါးလေးများက ပိန်ကျသွားပြီး နောင်နောင် ၏မျက်နှာသေးသေးလေးက ပို၍ပင်သေးငယ်ဖြူဖျော့နေပေသည်။ထန်ထန်ကြိုးစားပမ်းစားပင် မြှင့်တင်ထားရသည့်ကိုယ်အလေးချိန်ကလည်း ယခုပျောက်ဆုံးသွားလေပြီ။ကျိယန်၏နှလုံးသားထဲ၌ နာကျင်သွားပြီး ထန်ထန်၏ မျက်နှာလေးကိုအသာထိတွေ့လိုက်သည်။


"အိမ်မှာဘာများဖြစ်လို့လဲ ဘာလို့ မင်းတို့အားလုံးဝိတ်ကျသွားရတာလဲ..."


ထန်ထန်၏အမူအကျင့်အရ ကလေးများနှင့်သူမကိုယ်သူမ ထိုကဲ့သို့အခြေမျိုးကျရောက်စေလိမ့်မည်မဟုတ်။


ထန်ထန် ချက်ချင်းပင် ဘေးနား၌ ပင်ပမ်းစွာအိပ်နေသော ကလေးနှစ်ယောက် ကိုကြည့်လိုက်သည်။ကလေးနှစ်ယောက်လုံးဝိတ်ကျရသွားသည်မှာ လက်တလောအခြေအနေများကြောင့်ပင် ဝမ်နောင်က သူမ၏ကျန်းမာရေးအခြေအနေနှင့် ကျိယန်ကို စောင့်ကြည့်နေရခြင်း၏ ပင်ပမ်းမှုကြောင့်ဖြစ်သည်။


ကျိရှောင်ကျိုးကမူ သူ့အဖေကိုသာ မပြတ်တမ်းစောင့်ကြည့်နေသောကြောင့် အအိပ်အစားပျက်ရခြင်းကြောင့်ဖြစ်သည်။


သူမကိုယ်တိုင်ကမူ...


 ထန်ထန် သူမ၏ မျက်နှာကိုထိကြည့်လိုက်ပြီး သူမ၏လက်ကလေးများကိုကြည့်လိုက်ရာ သူမ ဝိတ်အတော်ကျသွားသည်ကို တွေ့လိုက်ရသည်။သူမခက်ခက်ခဲခဲမြှင့်တင်ထားရသည့် ကိုယ်အလေးချိန်က ယခုအစကနေပြန်စရတော့မည့်ပုံပင်။သို့သော်လည်း ထိုကိစ္စနှင့်ပတ်သတ်၍သူမတတ်နိုင်တာဘာမှမရှိပေ။


ပထမဦးစွာ နောင်နောင်၏ ကျန်းမာရေးအခြေအနေ နောက်ကျိယန်... ထိုကဲ့သို့ စိုးရိမ်ပူပန်ရမှုများကြောင့် သူမအစားမဝင်ခဲ့ပေ။ထန်ထန် ကျိယန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ရေစိုဝတ်နဲ့ သူ၏လက်များကိုသန့်ရှင်းပေးနေပြီးနောင်နောင်၏အကြောင်းကိုပြောပြလိုက်သည်။


သို့သော်လည်း လျို မိသားစုမှ အမေနှင့်သမီး ခြိမ်းခြောက်ထားမှုကိုတော့မပြောပြလိုက်ပေ။အဘယ်ကြောင့်ဆိုသော် တပ်ရင်းမှူးကတော်၏စကားအရ လက်တလောတွင် မည်သည့်ပြောင်းလဲမှုမှ သူသတိမပြုဟု ဆိုသော်ကြောင့်ပင်။ထိုအပြင် ထိုစကားများကိုကြားပြီးနောက် ကျိယန်စိတ်ဆိုးဒေါသထွက်သွားမှာကိုလည်း စိုးရိမ်မိလေသည်။၎င်းက ကျိယန်၏ ဒဏ်ရာအတွက် ကောင်းမွန်လိမ့်မည်မဟုတ်ပေ။သူမပြောသမျှကိုနားထောင်ပြီးနောက် ကျိယန်၏ အမူအရာက လေးနက်သွားလေသည်။