အပိုင်း (၆၂-၂)
Viewers 12k

Part 62.2


သူ့၏ လက်နားတွင် လှဲနေသော နောင်နောင်၏မျက်နှာလေးကို လှမ်းထိလိုက်သည်။ထို့နောင် သူမ၏နားကိုအသာထိတွေ့လိုက်ပြီးမေးလိုက်သည်။


"ဆရာဝန်က ဘာပြောလဲ..."


"ဆရာဝန်ကသူမရဲ့ဘယ်ဘက်နားက ပျက်စီးသွားပြီးအကြားအာရုံပျောက်ဆုံးသွားပြီ...ပြန်ပြီးကောင်းမွန်လာဖို့မသေချာပင်မယ့်လည်း လစဉ်လတိုင်း သူမကို အပ်စိုက်ကုထုံးနဲ့ ဂရုတစိုက်ကုပေးမယ်ဆိုရင်တော့ နည်းနည်း ပြန်ကောင်းလာနိုင်လောက်တယ်တဲ့...နောက်ကျရင် ကျွန်မတို့ နားကြားအကူကရိယာလေး ပြင်ဆင်ပေးသင့်တယ်...

ဒါဆိုရင် နောင်နောင် စကားသံတွေကို ပြန်ကြနိုင်သွားလိမ့်မယ်..."


ကျိယန် နှုတ်ခမ်းများတင်းတင်းစေ့လိုက်တယ်။


"စိတ်မဆိုးပါနဲ့ ဒါကရှင့်ရဲ့ဒဏ်ရာအတွက် ကောင်းမှာမဟုတ်ဘူးလေ..."


ထန်ထန်လျှင်မြန်စွာပင် နှစ်သိမ့်ပြောဆိုလိုက်၏။


"ရှင့်ဒဏ်ရာတွေက အခုထိမသက်သာသေးဘူး ပြန်ပြီးကောင်းမွန်လာဖို့ သာအာရုံစိုက်ထား တစ်ခြားအရာတွေကို စိတ်မပူနဲ့ ကျန်တာတွေကို ကျွန်မ ရှင့်အစား လိုက်လုပ်ပေးမယ်။နောင်နောင်ကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း တပ်ရင်းမှူးကတော်က စစ်ဆေးရေးဝန်ထမ်းအရာရှိကို ပြောထားပြီးသွားပြီ သူတို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးကြလိမ့်မယ်။စိတ်မပူပါနဲ့ သူတို့နောင်နောင်အတွက် တရားမျှတမှုကိုရှာပေးကြမှာပါ..."


ကျိယန် ထန်ထန်၏အပြစ်ကင်းစင်သောမျက်ဝန်းများကိုကြည့်လိုက်သည်။ထိုကိစ္စရပ်၏ ရှုပ်ထွေးခက်ခဲမှုများကို သူမအားမပြောပြချင်တော့ပေ။နောက်ဆုံး၌ ထိုကိစ္စက မိသားစုပြသနာတစ်ရပ်အနေဖြင့် အဆုံးသပ်သွားပြီး မည်သည့်အရေးယူမှုမှ ရှိလိမ့်မည်မဟုတ်ပေ။


အဆုံးသတ်၌ စုံစမ်းရေးဌာနမှာ မအေကသမီးကိုဆုံးမခြင်းဖြစ်သည်ဟုသာ ဆုံးဖြတ်လိုက်ကြပြီး လူများကလည်းအပြစ် မြင်ကြတော့မည်မဟုတ်ပေ။ဒီကိစ္စလောက်ဖြင့် လျိုမိသားစုကို သင်ခန်းစာ ပေးဖို့ ကမဖြစ်နိုင်ပေ။


တစ်ကယ်လို့ ပြသနာတွေ သာ အဲ့ဒီအတိုင်းပြီးဆုံးသွားမယ်ဆိုရင် ထန်ထန်နဲ့ကလေးတွေ အရမ်းစိတ်ထိခိုက်သွားမှာမဟုတ်လား။


ကျိယန် အတွေးထဲ နှစ်မြုပ်သွားမိသည်။


ထိုအချိန်မှာပင် သူနဲ့တစ်ခန်းထဲအတူတူကျသည့် တစ်ခြားလူနာက အပြင်သို့သွားပြီးစစ်ဆေးမှုခံယူပြီးနောက်အခန်းတွင်းပြန်ရောက်လာပေသည်။သူ ကျိယန်ကိုမြင်လိုက်သည့်ခဏ၌ ဇဝေဇဝါ ဖြင့်ခေါ်လာလေသည်။


"ကျိယန်..."


 ကျိယန် ၏အတွေးများ နှောက်ယှက်ခံလိုက်ရပြီး အသံလာရာဆီလှည့်ကြည့်လိုက်သည်နှင့် ထိုလူနာကိုမှတ်မိလိုက်လေသည်။


"စွန်းရီ..."


" တစ်ကယ်ကိုမင်းပဲ ကျိယန်

မင်းဘယ်လိုလုပ် ပြီးဒဏ်ရာရလာတာလဲ..."


စွန်းရီက သူ့၏ ဝှီးချဲကိုလျှင်မြန်စွာရွေ့လာပြီးနောက် ကျိယန်၏ ရင်ဘက်မှ ပတ်တီးများကိုမြင်လိုက်သည့်အချိန်တွင် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။


"မင်း ရင်ဘက်ကို ကျည်ဆံထိတာလား..."


ကျိယန်ခါးသီးစွာပြုံးလိုက်ပြီး တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်သည်။


စွန်းရီ လျှာခေါက်၍ ကျွတ်ခနဲစုတ်သက်လိုက်သည်။သို့သော်လည်း သူတို့လိုစစ်သားများအတွက် ကဒဏ်ရာရခြင်းက ပုံမှန်လိုပင်ဖြစ်နေသည်။သူသည်လည်းအတူတူပင်ဖြစ်သည်။သူ့၏ခြေထောက်က ဖြတ်ရလုနီးပါးဖြစ်ခဲ့ပြီး သူ့၏စစ်သားဘဝကလည်း အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရလေသည်။သူတို့၏ စစ်သားဘဝဆိုသည်မှာ ထိုကဲ့သို့ သော ဒဏ်ရာ အနာတရများကို ရှောင်ကွင်းလို့ရသည့် အခြေအနေမဟုတ်ပေ။


ကျိယန်ကလည်း ပတ်တီးအဖွေးသားနှင့်စွန်းရီ၏ခြေထောက်ကိုကြည့်လိုက်ပြီး နားလည်စွာဖြင့် ဘာမှမမေးတော့ပေ။ထို့နောက် သူထန်ထန်နှင့်မိတ်ဆက်ပေးလိုက်သည်။


"စွန်းရီ ဒါကငါ့ဇနီး ထန်ထန်..."


 စွန်းရီကထန်ထန်ကိုကြည့်လိုက်ပြီးနောက်သူ၏မျက်ဝန်းထဲ၌ အံ့ဩ မှုများဖြတ်သန်းသွားလေသည်။ခဏမျှအကြာတိတ်ဆိတ်နေပြီးမှ ထန်ထန်ကိုနှုတ်ဆက်လာသည်။


"ဟယ်လို...ခယ်မလေး ကျွန်တော်နဲ့ကျိယန်တို့က လေ့ကျင့်ရေးဆင်းတုန်းက တစ်ဖွဲ့ထဲပဲလေ။ကျွန်တော်တို့က အိပ်ယာတစ်ခုထဲသုံးလာခဲ့တဲ့သူတွေပေါ့ ။ကျွန်တော်တို့ကြားထဲက ရင်းနှီးမှုကလည်း တော်တော်ကိုခိုင်မာတယ်။ဒါပင်မယ့်လည်း နောက်ဆုံး ကြတော့ ရွေးချယ်ရာလမ်းကြောင်းတွေကမတူကြတော့ မတွေ့ရတာတောင် နှစ်တော်တော်ကြာပြီ..."


"ဟယ်လို... အစ်ကိုစွန်း ..."


ထန်ထန် ကလည်း မတွေ့ရတာကြာနေသော အတန်းဖော်သူငယ်ချင်း နှစ်ယောက် က ဆေးရုံအဆောင်တစ်ခုထဲတွင် လာကြသည်မှာ တိုက်ဆိုင်လွန်းလှသည်ဟုတွေးနေမိသည်။သူတို့ကတစ်ယောက်နဲ့တစ်ယောက်သိထားပြီးသားသူများဖြစ်ကြပေရာ ကျိယန်ဆေးရုံတက်နေသည့်တစ်လျှောက်ပျင်းရိရမည်မဟုတ်တော့ပေ။


ထို့သို့စဉ်းစားပြီးသည်နှင့်သူမ ကျိယန်ဘက်သို့လှည့်၍ပြောလိုက်သည်။


"လောင်ကုန်း အစ်ကိုစွန်းနဲ့စကားပြောနေလိုက်ဦးနော်...ကျွန်မ အိမ်ခဏပြန်လိုက်ဦးမယ် တစ်ခုခုလိုအပ်တာရှိရင်ကျွန်မကိုဖုန်းခေါ်လိုက်..."


ထန်ထန် အရင်နေ့၌ဆေးရုံကန်တင်း၌စားခဲ့ဖူးသည်။ အမှန်တိုင်းပြောရင်အရသာကမကောင်းလှပေ။ ထို့အပြင်အဟာရလည်းမပါဝင်ပေ။ ၎င်းကသူမအတွက်အဆင်ပြေသော်လည်း ကျိယန်နဲ့ကလေးများကိုထိုသို့မကျွေးနိုင်ပေ။ထို့ကြောင့်သူမ ကလေးများကိုပြန်ခေါ်သွားကာအနားယူခိုင်းရပေမည်။သူတို့အတွက်အစားအစာများချက်ပြုတ်ရပေမည်။ 


"ကောင်းပြီ အေးအေးဆေးဆေးလုပ်နော် မလောနဲ့...သူတို့နှစ်ယောက်ကိုတော့ပြန်ခေါ်မသွားပဲဒီမှာပဲထားလိုက်ပါတော့။ ကိုယ်သူတို့ကိုကြည့်ထားလိုက်မယ်။ အစားစားချိန်ရောက်တော့မှ သူတို့ကိုနိုးလိုက်ကြတာပေါ့..."


ထန်ထန်လည်းခေါင်းညိမ့်ကာသဘောတူလိုက်ပီးနောက် စွန်းရီကိုနှုတ်ဆက်ကာထွက်သွားတော့သည်။


ထန်ထန်ထွက်သွားသည်နှင့်စွန်းရီကအိပ်မောကျနေသောအရွယ်တူကလေးနှစ်ယောက်ကိုကြည့်လိုက်ပြီး ချီးကျုးဂုဏ်ပြုလာလေသည်။


"မင်းကကအမွှာလေးတွေလား။ မင်းရဲ့အနာဂတ်ကတော့အရမ်းကိုပဲကောင်းမွန်နေပါလားကွ..."


ကျိယန်ပြုံးလိုက်ပြီး ကျိရှောင်ကျိုးကိုလက်ညှိုးညွှန်ပြလိုက်သည်။


"မဟုတ်ပါဘူး ဒီဝတုတ်လေးကတော့ငါ့ရဲ့ကလေး။ ဒီဘက်ကတစ်ယောက်ကတော့တစ်ခြားစစ်သားတစ်ယောက်ရဲ့ကလေးပါ။သူတို့နှစ်ယောက်ကသူငယ်ချင်းကောင်းတွေလေ..."


အိုး...


စွန်းရီအာမေဋိတ်ပြုလိုက်ပြီးနောက်ထပ်ပြောလိုက်သည်။


"ဒါပေမယ့်မင်းရဲ့ကံကကောင်းနေတုန်းပါပဲ။ မင်းရဲ့ကလေးအသွင်အပြင်ကမဆိုးဘူး။ သူကြီးလာတဲ့အခါကျရင်လည်းမင်းက်ုမျက်နှာပျက်စေမှာမဟုတ်ဘူး..."


"အဲ့ဒာ ဘာလို့လည်းဆိုတော့ သူကငါနဲ့သူ့အမေဆီကမျိုးရိုးဆက်ခံထားတာလေကွာ..."


"မင်းကအရှက်မဲ့လှချည်လားကွာ..."


စွန်းရီကနောက်ပြောင်ပြောလိုက်သည်။


သို့သော်ကျိယန်၏စကားကိုတော့သူဝန်ခံရပေမည်။သူ ကူကယ်ရာမဲ့စွာဖြင့် ကျိယန်၏မျက်နှာကိုကြည့်လိုက်မိသည်။နှစ်တစ်ချို့ကုန်လွန်သွားခဲ့သော်လည်းကျိယန်၏အသွင်အပြင်ကပြောင်းလဲမသွားသေးပေ ။ စွန်းရီသူ့မျက်နှာကိုကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာဖြင့်အိပ်ရာပ်ါလှဲလိုက်သည်။


"ဒီလောက်စစ်သားဖြစ်တာတောင်နှစ်တွေအကြာပြီးရှိတာ မင်းရဲ့မျက်နှာကဘာလို့မပြောင်းလဲသွားသေးတာလည်း...ငါကျတော့ရောဘာလို့အများကြီးပြောင်းလဲသွားတာလည်း တကယ့်ကိုမတရားဘူး..."


ကျိာန်နှင့် စွန်းရီတို့နှစ်ယောက်လုံးက စစ်သင်တန်းကျောင်းတွင်ပါရမီပါကြပြီး ထူးချွန်ကြသူများဖြစ်ကြသည်။


တစ်ခုတည်းသောကွာခြားချက်မှာကျိယန်၏အသွင်အပြင်ကို စွန်းရီလိုက်မမှီခြင်းဖြစ်သည်။ သို့သော် စွန်းရီကလည်းရုပ်မဆိုးပေ။တစ်ခြားသူများ၏မျက်လုံးထဲတွင် သူကသာမန်ရုပ်ရည်ရှိပြီး ချောမောသည်ဟုဆိုနိုင်သော်လည်း ကျိယန်နှင့်ယှဉ်လိုက်လျှင် ရုပ်မဆိုးဘူးဟုသာပြော၍ရသည့်အခြေအနေဖြစ်သွားသည်။


သူတို့စစ်သားစုဆောင်းရေးတပ်ထဲရှိစဉ်ကထိုဋ္ဌာနတွင်တာဝန်ကျနေကြသောဆရာဝန်များသူနာပြုများက ယဉ်ကျေးပြီးချောမောသည့်ကျိယန်ကိုသဘောကျကျသည်။ သူတို့အားလုံးက ကျိယန်ကိုသာကောင်းကောင်းဆက်ဆံပြီးသူကိုလျစ်လျူရှုထားသောကြောင့်အချိန်တိုင်းပင်ရန်ဖြစ်မလိုဖြစ်ခဲ့ရသည်။


သူထိုကိစ္စများကိုအသားကျသွားပြီးနောက်အနာဂတ်တွေပို၍ကောင်းမွန်လာစေရန် ကျိယန်ထက်ပိုပြီလေ့ကျင့်လာခဲ့သော်လည်း ကျိယန်ထက်ပို၍ရုပ်ဆိုးလာခဲ့သည်။

အဆုံးသတ်၌ ကျိယန်ကမူစစ်တပ်ထဲတွင်နှစ်ပေါင်းများစွာဖြတ်သန်းနေပြီးနောက်တောင်ချောမေနေဆဲဖြစ်သည့်အပြင်အမျိုးသမီးများကိုတောင်ပို၍ပင်ဆွဲဆောင်နိုင်ပေသည်။


 စွန်းရီတစ်ယောက်ဘုရားသခင်ကမတရားလုပ်သည်ဟုသာတွေးလိုက်မိသည်။


ကျိယန် သူ၏စကားများကြောင့်ရယ်မောလိုက်ပြီးနောက်ပြန်လည်နောက်ပြောင်လိုက်သည်။


"ဒါတော့ငါလည်းမတတ်နိုင်ဘူးလေ ငါမွေးလာတည်းကဒီတိုင်းပဲဆိုတော့..."


သူ၏အခန်းဖော်တစ်ယောက်အနေနဲ့ ကျိရန်၏ ထိုသို့နောက်ပြောင်မှုများကိုမမြင်ဖူးခဲ့ပေယ


"မင်းရဲ့ရှက်ကြောကပြတ်သွားတာလား..."


စွန်းရိကလည်းပြန်လည်ပြောဆိုလိုက်ပြီးနော်က နှစ်ယောက်သားအတူတကွရယ်မောလိုက်ကြသည်။ သူတို့ရဲ့နှလုံးသားနွေးထွေးနေကြသည်။ မျက်စိတစ်မှတ်အတွင်းမှာပဲနှစ်ပေါင်းများစွာကုန်လွန်သွားခဲ့သော်လည်း  သူတို့နှဝ်ယောက်လုံးကတူညီသည့်လမ်းကြောင်းပေါ်လျှောက်လှမ်းနေဆဲဖြစ်သည်။


"ဘာလို့လည်း..."


" မင်းကိုယ်မင်းဘယ်လိုပုံစံလည်းဆိုတာမသိဘူးလား...မင်းကအမြဲတမ်းမျက်နှာသေကြီးနဲ့လေ ပြုံးလည်းမပြုံး စကားလည်းမပြော တစ်ခြားအမျိုးသမီးတွေကိုလည်းတစ်ချက်တောင်မကြည့်ဘူးလေ...တစ်ခြားသူတွေကမင်းကိုဂရုတစိုက်နွေးထွေးပေမယ့် မင်းကတော့သူတို့ကိုယ်ဂရုတောင်မစိုက်ပဲနဲ့ အမျိုးသမီးတွေရဲ့ခံစားချက်ကိုနာကျင်စေတယ်လေ...မင်းကိုယ်မင်းပြန်မေးကြည့်စမ်းပါဦး အဲ့ဒီ့အချိန်တုန်းကမင်းမိန်းကလေးဘယ်လောက်များများကိုအသည်းခွဲခဲ့လည်းလို့..."


စွန်းရီ ခေါင်းခါရမ်းရင်းဆက်ပြောလိုက်သည်။ 


"ငါထင်တာတော့မင်းကအဆုံးသတ်ကြရင်တစ်ယောက်ထဲပဲအရိုးထုတ်ရလိမ့်မယ်လို့လေ... ဒါပေမယ့်ဘာကြောင့်များမိန်းမတွေကမင်းကိုကြိုက်နေရသေးတာတုန်း။တကယ်ဆိုရင် ငါလိုလူမျိုးကသာရွေးချယ်သင့်တယ်ဆိုတာအသိသာကြီးပဲလေ..."


ကျိယန် ပြုံးလိုက်ပြီးခေါင်းညိတ်လိုက်သည်။


"အဲဒါဆိုရင်မင်းအခုထိ ဘာလို့လက်မထပ်ရသေးတာလဲ...

မင်းလိုမျိုး နားလည်မှုရှိ သဘောမနောကောင်းတဲ့လူမျိုးက ဇနီးတစ်ယောက် လွယ်လွယ်လေး ရှာနိုင်တယ်မဟုတ်ဘူးလား..."


"မင်းအဲဒီအကြောင်းကိုမပြောစမ်းပါနဲ့..."

 

ထိုခေါင်းစဉ်ကိုရောက်သည်နှင့်သူစိတ်ဓာတ်ကျသလိုခံစားလိုက်ရသည်။ 


"ငါ လူနည်းနည်းလောက်နဲ့ ဒိတ်ခဲ့သေးတယ်ကွာ...ဒါပေမဲ့လည်း နောက်ဆုံးကျတော့သူတို့က ငါသူတို့နဲ့အတူတူမရှိပေးတဲ့ ဒဏ်ကိုမခံနိုင်ကြဘူးလေ... အရိုးသားဆုံးပြောရမယ်ဆိုရင် ငါသူတို့ကိုအပြစ်မတင်ပါဘူး...ဘာလို့လဲဆိုတော့ စစ်သားတစ်ယောက်က အိမ်မှာအမြဲမရှိနိုင်ဘူးလေ...တစ်စုံတစ်ခုဖြစ်ပျက်ခဲ့မယ်ဆိုရင်လည်း သူတို့တစ်ယောက်တည်းရင်ဆိုင်ရမှာ...သူတို့မှာ အားကိုးအားထားပြုစရာယောက်ကျားရှိပေမယ့်လို့ မရှိတာနဲ့တူတူပဲလေ... ဘယ်အမျိုးသမီးကများဒါကိုတောင့်ခံနိုင်မှာလဲ..."


"ဒါက စစ်သားတိုင်းတွေ့ကြုံနေရတဲ့ ပြဿာနာတစ်ခုပဲလို့ငါတွေးလိုက်မိတော့တယ်...တကယ်လို့များ ငါနဲ့တူတူအဲဒီ ခက်ခဲမှုတွေကိုရင်ဆိုင်ပေးမယ့်အမျိုးသမီးတစ်ယောက်များတွေ့ခဲ့ရင်လေ ငါသူမကိုနက်နက်ရှိုင်းရှိုင်းချစ်ပေးမိမှာပဲ..."


ကျိယန် နားလည်စွာနှင့်သူကိုနှစ်သိမ့်ပေးလိုက်သည်။ 


"မလောပါနဲ့ကွာ...မင်းလဲတစ်ယောက်ယောက်နဲ့တွေ့မှာပါ..."


သူတောင်မှပဲ ထန်ထန်နဲ့တွေ့ခဲ့သေးတယ်မဟုတ်ဘူးလား။


စွန်းရီက ထန်ထန်အကြောင်းကိုသတိရသွားပြီးနောက် မေးလိုက်သည်။ 


"မင်းရဲ့ဇနီးကရော မင်းရဲ့မိသားစုက မိတ်ဆက်ပေးတာလား..."


ကျိယန်ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် ခေါင်းအသာခါရမ်းလိုက်သည်။ 


မူလ ထန်ထန်ကိုမည်သူမျှ မိတ်ဆက်ပေးခဲ့သည်မဟုတ်ချေ။ 


စွန်းရီ အံအားသင့်သွားခဲ့သည်။


 ပထမက ကျိယန်ကိုမိသားစုဝင်များက အိမ်ထောင်ချပေးထားခဲ့ခြင်းဖြစ်မည်ဟုထင်ထားမိခဲ့သည်။ ဒါပေမဲ့သူက သူဘာသာသူ ရှာတွေ့တာတဲ့လား။


တကယ်လို့ ဒါသူဘာသာသူရှာတွေ့တာဆိုရင် ကျိယန်က သူမကိုကြိုက်တယ်ပေါ့..

အဲတော့ ဆိုလိုတာက ကျိယန်က ဒီလိုပုံစံမျိုးကိုကြိုက်တာပေါ့...


"အစတုန်းက ငါကမင်းဘယ်လိုမိန်းကလေးမျိုးကိုကြိုက်တာလည်းတွေးနေမိတာ။ဒါပေမဲ့အဆုံးသတ်မှာတော့ မင်းဇနီးက ဒီလိုပုံစံမျိုးလို့မထင်ထားမိဘူး...ငာအရင်တုန်းကတွေးခဲ့မိတာက မင်းကအရမ်းကိုလှပ အဆင်တန်းမြင့်တဲ့ မော်ဒယ်တွေလိုမျိုး...အဲလိုတစ်ယောက်ယောက်ကိုကြိုက်လိုက်မယ်ထင်တာ..."


စွန်းရီပြောပြီးသွားသည့်အချိန်၌ သူ၏စကားကအဆင်မပြေကြောင်းသတိပြုမိသွားသည်။ သူ လျှင်မြန်စွာပင် ထပ်ပေါင်း၍ပြောလိုက်သည်။


"ငါ က မင်းရဲ့ဇနီးကမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်... ငါကိုနားလည်မှုမလွဲနဲ့...အဲဒါ....အဲဒါက..."


ကျိယန် စိတ်မဆိုးပဲ ပြုံးပြလိုက်သည်။စွန်းရီ၌ မကောင်းသည့် ရည်ရွယ်ချက်မရှိကြောင်းသူနားလည်ပေသည်။


ထန်ထန်၏ အသွင်ပြင်က လှပသည်ဟုမဆိုနိုင်ပေ။မူလတုန်းကသူမ ဝိတ်တတ်အောင် ကြိုးစားခဲ့ပြီးနောက် အနည်းငယ်ပို၍ကြည့်ကောင်းလာခဲ့သည်။ သို့သော်လည်းလတ်တလောတွင် သူမ ဝိတ်ကျသွားပေသည်။ ထို့အပြင်သူမ၏ စိတ်အခြေနေကလည်း မကောင်းသောကြောင့် သူမ၏ အသွင်ပြင်ကိုပါသက်ရောက်နေလေသည်။ 


စွန်းရီက ကျိယန်စိတ်မဆိုးသည်ကိုမြင်ပြီးမှ သူစိတ်သက်သာရာရသွားလေသည်။ သို့သော်လည်း သူထိန်းမထားနိုင်ပဲထပ်မေးလိုက်ပြန်သည်။


"မင်းရဲ့ ဇနီးကမင်းကို သူတစ်ယောက်တည်း ကြည့်ရှူစောင့်ရှောက်ပေးမှာလား...

သူမက အလုပ်မသွားဘူးလား..."


"သူက အလုပ်မလုပ်ဘူး။

ငါနဲ့ ကလေးတွေကို စောင့်ရှောက်ရင်းအိမ်မှာပဲနေတယ်..."


"အိမ်ရှင်မ ..."


စွန်းရီပို၍ပင်စိတ်ရှုပ်ထွေးသွားသည်။ အရင်က ကျိယန်သည် သူ့ကဲ့သို့ပင် ပို၍ထူးချွန်လှပသော အမျိုးသမီးများကိုနှစ်ခါတောင်ပြန်မကြည့်ခဲ့ပေ။ ထို့ကြောင့် ကျိယန်၏ စံသတ်မှတ်ချက်က အလွန်မြင့်မည်ဟုထင်ခဲ့ကြသည်။ အားလုံးက ကျိယန်နောက်ကွယ်တွင် သူ၏အနာဂတ်ဇနီးသည် နတ်ဘုရားအဆင့်လောက်ရှိမည်ဟု လှောင်ပြောင်ပြောဆိုခဲ့ကြသည်။ ကျိယန်က ထိုကဲ့သို့ သာမန်တစ်စုံတစ်ယောက်နှင့်လက်ထပ်လိုက်မည်ဟုလုံးဝမတွေးခဲ့ဖူးပေ။


အမှန်တိုင်းပြောရလျင် ကျိယန်၏ဇနီးက မလှပေ။သူမ၏အမူအကျင့်ကလဲတစ်ယောက်ထဲတိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီးရှက်တတ်ပုံရလေသည်။ထို့ပြင် သူမက အလုပ်လဲမရှိပေ။


အတိတ်အချိန်က ကျိယန်ကို ကြိုက်နှစ်သက်ခဲ့သော စွဲဆောင်မှုရှိ..လှပ..ထူးချွန်ထက်မြက်သောအမျိုးသမီးများနှင့်ယှဉ်လိုက်လျင် အပုံကြီးကွာခြားနေလေသည်။


ဘယ်လိုလုပ်ပြီး ကျိယန်က သူမအပေါ်နှစ်သက်သွားရတာလဲ...


ရုတ်တရက် စွန်းရီ အတွေးပေါက်သွားသည်။


ကျိယန်ဇနီးမိသားစုက အရမ်းစွမ်းအားကြီးတာကြောင့်များဖြစ်နိုင်လား...


သို့သော်လည်း ထိုအတွေးကိုသူအလျင်အမြန်ပဲ ပယ်ချလိုက်သည်။ကျိယန်လိုလူမျိုးက. စွမ်းအားနှင့်လွှမ်းမိုးမှုရှိသောအမျိုးသမီးမျိုးကို လက်ထပ်မည့်သူမဟုတ်ပေ။


ဒါဆိုဘာကြောင့်လဲ...


စွန်းရီမတွေးတတ်တော့ပဲ ကံကြမ္မာဟုသာသတ်မှတ်လိုက်မိသည်။


....


နေ့လည်ခင်းရောက်ချိန်နောက် စွန်းရီငှါးထားသော အလုပ်သမားလေးက ကန်တင်းမှစားစရာများကိုသယ်ဆောင်ပြီးရောက်လာခဲ့သည်။ထို့နောက် အခန်းတွင်းမှ အဝတ်များအမှိုက်များကိုသန့်ရှင်းရေးလုပ်ပေးလိုက်သည်။


သူ့မိဘများက အနားယူရမည့်အသက်အရွယ်မရောက်သေးလေရာ အလုပ်ရှုပ်နေရာ သူ့အတွက် အကူတစ်ယောက်ငှါးထားပေးခြင်းဖြစ်သည်။


သူတို့စွန်းရီကို ဂရုမစိုက်နိုင်သောကြောင့်ဂရုစိုက်ရန်ခေါ်ထားပေးခြင်းဖြစ်သော်လည်း စွန်းရီက တစ်စုံတစ်ယောက်စောင့်ကြည့်နေခြင်းကို မကြိုက်လေရာ အစားပို့ချိန်ကြမှရောက်လာခြင်းဖြစ်သည်။


စွန်းရီက ကန်တင်းမှအစားအစာများကိုမကြိုက်လေရာ စားချင်စိတ်မရှိဖြစ်နေသည်။ထို့ကြောင့် ကျိယန်ကိုစောင့်ပြီးမှစားမည်ဟုဆုံးဖြတ်လိုက်သည်။


တစ်ယောက်ယောက်နဲ့ အဖော်ပြုပြီးစားတဲ့အခါ အစားစာတွေရဲ့အရသာက ပိုကောင်းလာနိုင်တယ်မဟုတ်လား...


သို့သော် ထန်ထန်စားစရာများနှင့်ရောက်လာသည့်အချိန်၌ သူ့ဆုံးဖြတ်ချက်ကိုနောင်တရသွားလေသည်။


ဘာလို့များတစ်ယောက်ယောက်နဲ့စားချင်မိခဲ့ပါလိမ့်...