အခန်း(၆၄)အသားလုံး
Viewers 43k

အခန်း (၆၄) - အသားလုံး 


" အသားအကြောင်း ပြောရရင် အသား ခွဲဝေဖို့ အချိန် နီးနေပြီ။ တုန်းတုန်းက ကံကောင်းလိုက်တာ… အချိန်ကိုက် မွေးဖွားလာတယ် ပြောရမယ် " ထိုအချိန်တွင် အကြီးဆုံးမရီးက ကြက်ဥယာဂုကို ယူကာ မီးဖိုချောင်ထဲက ထွက်လာပြီး အပြုံးလေးဖြင့် ကြားဝင်ပြောလိုက်သည်။


" ဟုတ်တယ် " လင်းချင်းဟယ်က ရယ်မောလိုက်သည်။ 


" အရင်က တတိယဒေါ်လေးကို လောင်တ တွေ့တော့ သူနဲ့အတူတူ ဆော့ဖို့ ညီလေး ဘယ်တော့မွေးမှာလဲ ဆိုပြီး မေးတယ်။ ကလေးရဲ့မျက်လုံးတွေက အတော်လေး ထိုးထွင်းသိမြင်နိုင်တာပဲ။ တတိယဒေါ်လေးရဲ့ဗိုက်ကို သူ ကြည့်လိုက်တာနဲ့ ညီလေးမှန်း သိနေတယ် " အကြီးဆုံးမရီးက ထုတ်ပြောသည်။ 


" လွန်ခဲ့တဲ့ နှစ်ရက်လောက်က ညီလေးကို လာတွေ့ဖို့ အမြဲ အပူကပ်နေတာ။ ကျွန်မက ' မင်းတို့တွေ အလုပ်မဟုတ်တာ လုပ်ပြီး သူများကို ဒုက္ခမပေးချင်နဲ့ ' လို့ပြောပြီး ဒီကိုလာမှာကို တားထားရတယ်။ နောက်တော့မှ သူတို့ညီငယ်လေးကို ကြည့်ဖို့ သူတို့ကို ခေါ်လာလိုက်မယ် " လင်းချင်းဟယ်က ပြောသည်။ ကြက်ဥယာဂုကို လှမ်းကြည့်ရင်း သူမက ပြောလိုက်သည်။ " အကြီးဆုံးမရီး… အထဲ ယူသွားလိုက်တော့လေ။ ကျွန်မလည်း ပြန်တော့မယ် " 


" ကောင်းပြီ " အကြီးဆုံးမရီးက ပြန်ဖြေသည်။ 


လင်းချင်းဟယ်က ပြန်ရောက်လာသည်။ အကြီးဆုံးမရီးသည် ဒုတိယခယ်မကို လျစ်လျူရှုပြီး ယာဂုကို တတိယခယ်မဆီ ယူသွားလိုက်သည်။ 


" ပြဿနာ ရှာပြန်ပြီလား " တတိယခယ်မက အသံတိုးတိုးဖြင့် မေးသည်။ 


" အဲလိုပဲ မဟုတ်ဘူးလား။ စတုတ္ထရဲ့ဇနီးက ဘာမှမလုပ်ဘူး။ သူမကပဲ နေ့တိုင်း ဂြိုဟ်မွှေနေတာ။ ဘာကြံစည်နေမှန်း မသိဘူး " အကြီးဆုံးမရီးက တိုးတိုးလေး ပြောသည်။ 


" သူမနှလုံးသားက မလိုမုန်းထားနေတာ " တတိယခယ်မက ကဲ့ရဲ့ရှုံ့ချသည်။ 


သူမ ဘာကြောင့် မလိုမုန်းတီးနေတာလဲဆိုတာ အကြီးဆုံးမရီးလည်း သိသည်။ သူမသည် စတုတ္ထရဲ့ဇနီး၏ ကျဆုံးခန်းကို မျက်မြင် မတွေ့ခဲ့ရတာကြောင့် သူမ စိတ်မသက်မသာ ခံစားနေရသည်။ 


အမှန်တကယ်တော့ သူတို့က တစ်မိသားစုတည်းပါပဲ။ တကယ်လို့ စတုတ္ထရဲ့ဇနီးက ဆိုးဆိုးရွားရွား နေထိုင်ရလျှင် သူတို့တွေ လက်ကမ်းကူညီရမည် မဟုတ်ပါလား။ 


ဒါကို ဒုက္ခခံစားရမယ့်သူက ဘယ်သူလဲ။ 


အခု စတုတ္ထရဲ့ဇနီးက ပြောင်းလဲသွားပြီ။ သူမက ကောင်းကောင်း နေထိုင်ပြီး ဒီဘက်ကိုလည်း နည်းနည်း ဂရုစိုက်နိုင်သည်။ သူတို့တွေ ဘာမှမရပေမယ့် ကလေးတွေက တစ်ခါတစ်ရံ အနည်းငယ် ရနိုင်သေးသည်။ 


ဥပမာအားဖြင့် အရင်က လာဘယာဂုသည် အလွန်အရသာရှိသည်။ သူမသားဖြစ်သူ ကျိုးယန်သည် ထိုယာဂုကို အလွန်ပျော်ရွင်စွာဖြင့် တမြုံ့မြုံ့စားခဲ့သည်။ 


ဒါဆို သူမက ဘာလို့ စတုတ္ထရဲ့ဇနီး၏အခြေအနေကို ပိုပြီးဆိုးဝါးဖို့ ဆန္ဒရှိနေရတာလဲ။ အကြီးဆုံးမရီးက နားမလည်တော့ဘူး။ 


တတိယခယ်မကလည်း အတူတူပါပဲ။ 


ယောက်မနှစ်ယောက်သည် နောက်ထပ် စကားမပြောတော့ပေ။ 


အသင်းအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အသားများကို ဝေငှခဲ့သည်။ 


ကျိုးချင်းပိုင် ရောက်လာသောအခါ သူတို့တွေက အသားကောင်းကောင်းကို ဝယ်နိုင်တယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သူက ရွာကို ပြန်ရောက်လာပြီး နောက်နှစ်မှာ အလုပ်လုပ်တော့မှာ ဖြစ်လို့ သူ အသားလာဝယ်တာနှင့် ပတ်သက်ပြီး အသင်းအဖွဲ့က ဘာမှမပြောချေ။ 


ကျိုးချင်းပိုင်သည် အဆီနည်းအသားအပြင် နံရိုးနှင့် အရိုးကြီးများကိုလည်း ဝယ်ယူခဲ့သည်။ လက်ရှိ ရေပန်းစားပြီး အကောင်းဆုံး အဆီများအသားအဖြစ် အသိအမှတ်ပြုခံရသော အသားများကိုတော့ သူက မည်သူနှင့်မှ လုယက်ပြီး မဝယ်ခဲ့ဘူး။ အဆုံးသတ်တော့ သူမှာ အလုပ်မှတ် မရှိသေးဘူး။ တစ်နှစ်ပတ်လုံး အလုပ်လုပ်ခဲ့တဲ့ တခြားသူတွေက ဒါကို တောင့်တကြသည်။ 


သူ့မိသားစုမှာ ပြတ်လပ်မှု မရှိဘူး။ လောလောဆယ်တော့ အိမ်ထဲမှာ ဝက်ဆီနှစ်ဗူး ရှိသည်။ ဒါကြောင့် သူ ထိုအရာများကို ဝယ်စရာ မလိုပေ။


အဆီနည်းအသား ငါးကျင်း၊ ဝက်ဗိုက်သား နှစ်ကျင်း၊ နံရိုး နည်းနည်း နှင့် အရိုးကြီးနည်းနည်းကို ဝယ်ခဲ့သည်။ 


အမှန်တော့ အဲဒါတွေကို အခုချိန်မှ နှစ်သစ်ကူးပြီးသည့်အထိ စားရမည်။ 


ဒီအရာတွေက ပိုက်ဆံအနည်းငယ် ကုန်ကျသည်။ ကျိုးချင်းပိုင်သည် တုံ့ဆိုင်းမနေဘဲ ဝယ်ယူကာ အိမ်ပြန်လာခဲ့သည်။ လောင်တနှင့် လောင်အာ့တို့သည် သူ့နောက်က တစ်ကောက်ကောက် လိုက်ပါခဲ့သည်။ လောင်စန်းလား…? သူ့ကို လင်းချင်းဟယ်က စောင့်ကြည့်နေပြီး အခုလို အေးခဲသော ရာသီဥတုမှာ သူမက အပြင်မထွက်ချင်ပါဘူး။ ဘာလို့ အပြင်ထွက်ရမှာလဲ။ 


လောင်တနှင့် လောင်အာ့တို့က မရပ်မနား နားပူနားဆာ လုပ်နေတာကြောင့် သူမက သူတို့ကို အပြင်ထွက်ခွင့် ပေးလိုက်ရသည်။ 


" နှစ်သစ်မှာ သားတို့အတွက် ဝက်နံရိုးကြော်ပေးမယ်လို့ အမေက ပြောတယ်။ အဲဒါက အရမ်းမွှေးမှာပဲ " လောင်တက အနောက်က လိုက်လာရင်း တက်တက်ကြွကြွ ပြောနေသည်။ 


လောင်အာ့ကလည်း ဝမ်းသာပျော်ရွှင်နေသည်။ သူ့မျက်လုံးတွေက တောက်ပပြီး တလက်လက်ဖြစ်နေသည်။ 


ညီအစ်ကိုတွေသည် ဤဆောင်းရာသီအတွင်း ပြုစုပျိုးထောင် ကျွေးမွေးခြင်းကို တွေ့ကြုံခံစားရပြီးနောက် သူတို့၏ခန္ဓာကိုယ်သည် ပိုမိုကျန်းမာလာသည်ဟု ဆိုနိုင်သည်။ သူတို့သည် အအေးမမိဘဲ ပိုပြီး ထွားလာကာ ဝဝကစ်ကစ်လေးတွေ ဖြစ်လာသည်။ 


ကျိုးချင်းပိုင်သည် အသားများကို ဝယ်ယူလာပြီး လင်းချင်းဟယ်ကို အသိပေးသည်။ " ကိုယ်တို့တွေ နှစ်သစ်မှာ ကျိုးအိမ်ကို သွားကြမယ် "


" ကောင်းပြီလေ။ အဲဒီအချိန်ရောက်ရင် ကျွန်မ ဝက်နံရိုး ကြော်လိုက်မယ် " လင်းချင်းဟယ်က ကန့်ကွက်ခြင်းမရှိပေ။ 


လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမ မသွားခဲ့ဘူး။ ဒါပေမယ့် အဲဒါက နှစ်သစ်ကူးမှာ သူ အိမ်မှာ မရှိလို့ပဲ မဟုတ်ဘူးလား။ ဒီနှစ် သူက ဒီမှာ ရှိနေပြီဆိုတော့ သူတို့တွေ ကျိုးအိမ်ကို သွားကြမည်။ 


" ရှင် ဒီအသားတွေကို နုပ်နုပ်စဉ်းထားလိုက်။ ကျွန်မ သူတို့အတွက် အသားလုံးတွေ လုပ်မယ် " လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အလုပ်လုပ်ခိုင်းလိုက်သည်။ 


သူမသည် အဆီနည်းအသား ငါးကျင်းမှ တစ်ကျင်းကို လှီးဖြတ်လိုက်သည်။ ထို့နောက် ဝက်ဗိုက်သားကို တစ်ဝက်ခွဲသည်။ ကျန်ရှိသော အဆီနည်းအသား လေးကျင်းနှင့် ဝက်ဗိုက်သားတစ်ကျင်း အားလုံးကို နုပ်နုပ်စဉ်းခိုင်းလိုက်သည်။ 


အဆီနည်းအသား တစ်မျိုးတည်းသည် အသားလုံးပြုလုပ်ရန် မပြည့်စုံပါ။ ဝက်ဗိုက်သား တစ်ချို့ကို ပေါင်းထည့်လိုက်ရင် အရသာ ပိုကောင်းသွားပြီး ပိုမွှေးလာလိမ့်မည်။ 


ဆား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ နုပ်နုပ်စဉ်းထားသော ဂျင်း၊ ကြက်ဥများ၊ ဂျုံမုန့်နှင့် ကော်မှုန့် စသည့် ပါဝင်သည်။ ပါဝင်ပစ္စည်းတွေက ရိုးရှင်းပေမယ့် ပြုလုပ်ပြီးတဲ့ အသားလုံးတွေက အရမ်းမွှေးပြီး အရသာရှိမှာ အသေအချာပါပဲ။ 


၁၆ ဂရမ်ပါဝင်သော အသားလုံး တစ်ကျင်းသည် အသားလုံး သုံးဆယ်နီးပါး ရှိသည်။ အဆီနည်းအသားနှင့် ဝက်ဗိုက်သား ရောစပ်ထားသော အရောအနှောမှာ စုစုပေါင်း ငါးကျင်း ရှိလို့ ဝက်သားလုံး အိုးကြီးတစ်အိုးစာ ဖြစ်လာသည်။ 


လင်းချင်းဟယ်သည် အရသာကောင်းတာကို တွေ့လိုက်ရပြီး လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည် တအံ့တသြ ဖြစ်နေကြသည်။ သူတို့မိဘတွေ လုပ်ထားသော အသားလုံးတွေက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးလို့ ခံစားမိကြသည်။


" ကျွန်မတို့တွေ နှစ်သစ်ကူးအတွက် သိမ်းထားဖို့ လိုတယ်။ ဒါတွေကို အခု ချွေချွေတာတာ စားရမယ် " လင်းချင်းဟယ်က ပြောသည်။ 


သူတို့ကို တစ်ယောက် နှစ်ခုစီ ပေးပြီးတော့ ထပ်မပေးတော့ဘူး။ အစတုန်းကတော့ သူမသည် တစ်ခုစီသာ ပေးရန် စိတ်ကူးထားသော်လည်း ညှိနှိုင်းပြီးသောအခါ ပမာဏကို တစ်ခု ထပ်တိုးပေးခဲ့သည်။ 


ဤကဲ့သို့ပင် ညီအစ်ကို သုံးယောက်သည် သူတို့၏မိခင်နှင့် ညှိနှိုင်းဆွေးနွေးလိုကြသေးသည်။ 

ကျိုးချင်းပိုင်သည် သူ့ဇနီးက အလွန် တီထွင်ကြံဆနိုင်သည်ဟု ခံစားမိသည်။ အသားလုံးတွေက အရသာရှိပေမယ့် စားသောက်ခြင်းနှင့် ပတ်သက်ပြီး သူမှာ လိုအပ်ချက်တွေ နည်းပါးသည်။ 

သူမလုပ်သမျှ အစီအစဉ်အတိုင်း သူက လိုက်လျောမည်။ တခြားအကြောင်းအရာတွေကတော့ သူ့မှာ ပြောစရာ အများကြီး မရှိပါဘူး။ 


လင်းချင်းဟယ်၏ အသားလုံးများကို ဒီလို စားနိုင်မယ်လို့ သူ ထင်လား။ သေချာပေါက် မဟုတ်ဘူးပေါ့။ 

သူမ၏စီးပွားရေးလုပ်ငန်းကို လုပ်ခွင့် ပိတ်ပင်ထားသလား။ ဒါဆို သူ တစ်ယောက်တည်း နေနိုင်ရမယ်။ 

ထိုနေ့၌ ကျိုးချင်းပိုင်သည် ခရိုင်မြို့မှ ပြန်လာသောအခါ သူမအတွက် တံဆိပ်ခေါင်းများကို ဝယ်ယူလာခဲ့သည်။ လင်းချင်းဟယ်က ၎င်းတို့ကို စုဆောင်းရန် စီစဉ်ခဲ့သော်လည်း သူမသည် ၎င်းတို့ကို ဝယ်ယူရန် အချိန်မရှိခဲ့ပေ။ 


ကျိုးချင်းပိုင် ခရိုင်မြို့သို့ မထွက်သွားခင် သူမက ထိုအကြောင်းကို ပြောခဲ့သည်။ အိမ်ပြန်ချိန်တွင် သူမအတွက် တံဆိပ်ခေါင်းတွေ အားလုံးကို ဝယ်ခဲ့ပြီး တစ်မျိုးကို တစ်ခုစီ ဖြစ်သည်။ 


" အမေ… ဘာလို့ ဒါတွေ ဝယ်လာတာလဲ " ကျိုးလောင်တက တံဆိပ်ခေါင်း တစ်ခုကို ကိုင်ပြီး နားမလည်သလို မေးသည်။ 


" ဒါကို စားလို့လည်း မရဘူး " လောင်အာသည် တစ်ချက် လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်။ 

သူ့အမေက သူမပိုက်ဆံတွေကို ဖြုန်းတီးပစ်တယ်လို့ ပြောချင်နေသည်မှာ သိသာထင်ရှားလှသည်။ သူသည် သူ့အဖေဖြစ်သူကို လှမ်းကြည့်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပေ။ အဖေဖြစ်သူကလည်း အမှန်တကယ်တော့ အမေကို မထိန်းချုပ်ထားပါဘူး။ စားစရာ ဝယ်ဖို့ ပိုက်ဆံကျန်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ 


" သွား… ဘေးဖယ် " လင်းချင်းဟယ်သည် တံဆိပ်ခေါင်း အားလုံးကို ကောက်ယူလိုက်ပြီး စိတ်တိုသွားသည်။ 


" အမေ… သား ဆော့ချင်တယ် " လောင်စန်းသည် သူမလက်ထဲက တံဆိပ်ခေါင်းများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


" မေမေက ကိုယ့်ဘာသာ ဆော့ကစားဖို့ သိမ်းထားချင်တာ " လင်းချင်းဟယ်က ပါးစပ်က နားရွက်ချိတ်လောက်တဲ့အထိ ပြုံးရယ်ရင်း ပြောလိုက်သည်။ ထို့နောက် သူမသည် အနာဂါတ်မှာ အသုံးမကျသော အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့် လောင်အာ့ကို စိုက်ကြည့်ရင်း " လောင်အာ့… မင်းက ဘာကို ဆိုလိုတာလဲ။ မင်းအမေ…ငါက မင်း၊ မင်းအဖေနဲ့ ကလေးတွေကို နေ့တိုင်း ပြုစုစောင့်ရှောက်နေတာ။ ငါ ကြိုက်တာဝယ်ဖို့အတွက် ပိုက်ဆံကို သုံးလို့မရဘူးလား " 


" အမေ… အမေလိုချင်တာ ဘာမဆို ဝယ်လို့ရတယ်။ အမေ့ကို ပိုက်ဆံပေးဖို့ အဖေ့ကို တောင်းဆိုလိုက် " လောင်အာ့က သူမကို ချက်ချင်း ပွေ့ဖက်ပြီး ဖွင့်ဟပြောသည်။ 


ထိုမှသာ လင်းချင်းဟယ်သည် ကျေနပ်မှု အနည်းငယ်ဖြင့် ' ဟွန်း ' ဟု အသံပြုလိုက်သည်။ 


ဒါကို ပြောရမယ်ဆိုရင် ကျိုးချင်းပိုင်သည် သူ့ဇနီးကို အလိုလိုက်သော လူစားမျိုး ဖြစ်သည်။ အကန့်အသတ်မရှိဘူး။ ဒီလောက် တံဆိပ်ခေါင်းအများကြီး ဆိုရင် ပိုက်ဆံအများကြီး ကုန်ကျမည်။ ဒါပေမယ့် သူက မျက်တောင်မခတ်ဘဲ တုံ့ဆိုင်းမှုမရှိစွာဖြင့် ၎င်းတို့ကို ဝယ်ခဲ့လိုက်သည်။


လင်းချင်းဟယ် ပြောသည့်အတိုင်း သူမသည် သားအဖတွေကို နေ့တိုင်း ကျွေးမွေးခဲ့သည်။ တစ်နေ့ကို ထမင်းသုံးနပ် အပြည့်နှင့် ညနေတိုင်းအတွက် ခြေဆေးဖို့ ရေနွေးလုပ်ပေးသည်။ အဲဒါက ညတိုင်းပဲ။ သူမကို ဘာလို့ ထိန်းသိမ်းရခက်မှာလဲ။ မပေးရသေးဘူး ဟုတ်လား။ 


ကျိုးချင်းပိုင်သည် သူ၏ ဖျတ်လက်တက်ကြွနေသော ဇနီးသည်ကို ကြည့်နေသည်။ သူ ပြန်လာပြီးမှသာ သူမအကြောင်းကို သိလာတယ်ဆိုတာ တွေ့လိုက်ရသည်။ ဒီလို ဇနီးမျိုးကို သူ အရမ်း သဘောကျတယ်လို့ ပြောရမယ်။ သူမ ဒီလိုနေနေတဲ့အတွက် သူ ပျော်ရွှင်ရပြီး သူနဲ့အတူ ဒီလိုပဲ ဆက်နေစေချင်သည်။ 


လင်းချင်းဟယ်သည် သူတပါး၏ စေတနာကို လက်ခံလိုက်ပြီးတော့ သူ့အပေါ် ထားရှိသည့် သူမလေသံမှာ အနည်းငယ် ပျော့ပျောင်းလာသည်။ သူမက မေးလိုက်သည်။ " ရှင် ညစာ ဘာစားချင်လဲ "