အပိုင်း ၄၄၃-၄၄၄
Viewers 23k

Part 443


ကိုယ်ပိုင်လုပ်ငန်း လုပ်ပိုင်ခွင့် ချပေးသည့်အချိန်သည် တစ်နေရာနှင့် တစ်နေရာ ကွဲပြားကာ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် လူအချို့ လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင်မူ 1980 ခုနှစ် အစောပိုင်း များအထိ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။ 


လင်းမိန်  ထိုဟာကို လုံးဝမထိမတွေ့အောင် အတင်းအကြပ် သူမ မလုပ်နိုင်ဘူးဆိုသည်ကိူလည်း လင်းလန်သိ၏။အမှန်တွင်  စီးပွားရေးလုပ်ချင်သူတစ်ယောက်အတွက် ဆယ်နှစ်ကြာအောင် ဝေးကွာနေရန်က လက်တွေ့မကျပါချေ။


လင်းမိန်  : " ဘယ်လိုလုပ် ရိုးရိုးသာသား နေနိုင်မလဲ...ဘယ်မှာမှ သွားလို့ရမရဘူး" 


လင်းလန်: "တပ်မဟာအတွက် ဘေးပေါက် အလုပ်ဖြစ်လာနိုင်မလားဆိုတာ သိနိုင်ဖို့ တပ်မဟာနဲ့ ဆွေးနွေးလေ ... အမျိုးသမီးတွေ အလုပ်ရှာဖို့ နင့်ကတာဝန်ယူ...နင်လုပ်တဲ့အရာတွေကို တပ်မဟာနာမည်အောက်မှာ ရောင်းရင် အမြတ်ဝေစုရလိမ့်မယ်"


 လင်းမိန်: "အမြတ်ဝေစု... အမြတ်ဝေစုက ဘယ်မှာလဲ...တပ်မဟာမှာနေရင် နင့်ကို အလုပ်မှတ်တွေပဲ ပေးလိမ့်မယ်"


"ဒါဆို နင် ဆက်သွယ်ပြီး ဆွေးနွေးရမယ်...နင်က အာစထက်တာပဲ ...အဆင်ပြေပါတယ်” 


လင်းလန် သူမကို အားပေးသည်၊အကြောင်းမှာ ထိုထဲမှာ ကေဒါတွေ၏ မိသားစုဝင်တွေ အများကြီးရှိသည့်အတွက်ပင်။


လင်းမိန်က ခပ်တိုးတိုး နှာမှုတ်ကာ ဆိုသည်။ 

"ငါတို့ တပ်မဟာမှာ ကေဒါ နှစ်ယောက် ရှိတယ် ...သူတို့က အစစအရာရာ တာဝန်ယူတယ်...ငါ သူတို့ကို စောင့်ကြည့်ရတာ တကယ် မကြိုက်ဘူး...ငါသာ ကေဒါတစ်ယောက်ဆိုရင် လူတိုင်းက သူခိုးနဲ့တူတယ်...သူများကောင်းတာ တစ်ခုခုလုပ်ရင် ဆရာကြီးလိုလိုလုပ်ပြီး  သူ့​အတွက်  အမြဲတမ်း ပေးစေချင်တယ် ...ငါကသာ တပ်မဟာရဲ့ဘေးပေါက် လုပ်ငန်းအဖြစ် ပြောင်းဖို့ပြောရင် လက်ပိုက်ပြီး မယားနဲ့ချွေးမကို စောင့်ရှောက်ခိုင်းလိမ့်မယ်...ဘယ်မှာ ငါ့အတွက်ရှိမှာလဲ"


လင်းလန်: "တစ်ခါတစ်လေ အခြေအနေတစ်ခုလုံးအတွက် ငါက အထက်လူကြီးတွေနဲ့ ဖြေရှင်းရတယ်...လူအတွေကအမြဲတမ်း အပေါ်ကနေပဲနေလို့မရဘူး... အခု ငါပြန်ပြီး စိတ်တွေပူနေရပြီ... အဲဒါကို မစဉ်းစားရင် အဲဒီအချိန်ကျရင် နင်အဲဒါကို လုပ်နိုင်တော့မှာ မဟုတ်ဘူး... နင်လည်း သူတို့နဲ့ ပူးပေါင်းဖို့ နည်းလမ်းရှာလို့ရနိုင်တာပဲ...သူတို့ကို တိုက်ရိုက် မဆက်သွယ်နဲ့...နင့်ရဲ့ယောက္ခမကို ဆက်သွယ်ခိုင်းလိုက်"


    လင်းမိန်က  ထိုစကားကိုကြားသည်နှင့် အကြံတစ်ခုရလာ၏။


 "ဟုတ်တယ်... ငါက သူတို့ကို စိတ်အနှောင့်အယှက်ပေးချင်ရုံသက်သက်ပဲ...အဲ့ဒါ မဟုတ်သေးဘူး... ငါ့ယောက္ခမနဲ့ စကားပြောခိုင်းလိုက်မယ်...သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်" 

 


အမျိုးသမီးကျန်းက   အဘွားအိုတွေကြားမှာ အတော်လေး ဩဇာရှိလေသည်။


 "အခြားတပ်မဟာကေဒါတွေကိုလည်း စုဆောင်းနိုင်တယ်...ပြီးတော့ သူတို့နဲ့ အမြတ်ဝေစုခွဲဝေလို့ရတယ်" 

လင်းလန်က အကြံပြုသည်။


လင်းမိန်၏ မျက်လုံးများ တောက်ပလာကာဆို၏။

 "လန်ဟွားဟွား...  နင့်မိသားစုကညွှန်မှူးကိုပါ ပါခိုင်းလိုက်မယ် "


လင်းလန်က ဒေါသတကြီးပြောလိုက်သည်။

 "နင်က အတွေးခေါင်နေတာပဲ... ​​ငါ့မှာတောင် ဘေးပေါက် အလုပ်မရှိတာကို  နင်က သူ့ကို လုပ်ခိုင်းနေတယ်...နင် ငါ့ကို ပါးသာဆွဲရိုက်လိုက်တော့"


လင်းမိန်က ရယ်မောရင်း သူမကိုယ်သူမ အသာအယာ  ပါးရိုက်လိုက်ပြီးဆို၏။

 "ငါက အတွေးခေါင်နေတယ်လို့ မထင်လိုက်ပါနဲ့... နင်ပြောတာ မှန်ပါတယ်...ငါစဉ်းစားရမှာပေါ့" 


လင်းလန်က နောက်ဆုံးတွင် လှပသော သက္ကလပ်အထည်လေးတစ်ထည်ကို ရွေးထုတ်လိုက်သည်။ ဟန်ကျင်းယုက ဤကဲ့သို့သောဟာမျိုးနှစ်သက်ပေလိမ့်မည်။ ကွန်မြူနတီ၏ ရက်ကန်းထည်တွေလောက် ခေတ်မမီပေမဲ့ တောဆန်သည့်ပုံစံမဟုတ်ပေ။ 


လင်းမိန်က သူမကို ပေးမည်ဟု ပြောသော်လည်း လင်းလန်က သဘာဝအတိုင်း ငြင်းလိုက်၏။ 


"နင် ချည်ထည် မရက်ချင်တော့ဘူးလား... ငွေ မလိုချင်တာလား... ရက်အတော်ကြာအောင် ရက်ပြီးမှရတာကို ငါ့ကို ပေးလိုက်တယ်...ငါ ဘာလို့ ဒီလောက်လူပါးဝရမှာလဲ " 


ထို့အပြင်  ဝယ်သည့်သူက အဘွားကြီးဟန်ဖြစ်သည်။ မှန်သည်ပင်၊စျေးချို၍မရပေ၊ မှောင်ခိုဈေးအတိုင်း ပေးရပေမည်။


လင်းမိန် : "အေးပါ...အေးပါ... နင်က ပိုစကားများလာတာပဲ...နင့်ရဲ့ ဗျူရိုအကြီးအကဲတွေ အားလုံးရဲ့ ပါးစပ်တွေက နင့်ကိုယ်ပေါ်မှာ  ရှိနေတာကို ငါမြင်နေရတယ်... နင်က စကားတစ်ခွန်းမှ မပြောရတာကြာပြီ...ဒါပေမဲ့ တစ်ယောက်ကတော့ စကားပြော အရမ်းတော်တယ်"


လင်းလန်က ရယ်သည်။


လင်းမိန်က တစ်စုံတစ်ခုကို ရုတ်တရက်မြင်လိုက်သဖြင့် လင်းလန်၏ကော်လာကိုဆွဲကိုင်ကာ 

သူမညှပ်ရိုးကိုကြည့်ပြီး ဆို၏။

"အမလေး ဘုရားရေ... ရက်စက်လိုက်တာ...နီရဲနေတာပဲ" 


လင်းလန်၏မျက်နှာသည် ရုတ်တရက်နီရဲသွားပြီး သူမလက်ကို အမြန်တွန်းကာ ကော်လာနှင့်ပြန်ဖုံး လိုက်သည်။


 “နင် ဘာလုပ်တာလဲ...ငါ တအားရှက်နေပြီ ”


လင်းမိန် ဆက်၍ပင် တကျွတ်ကျွတ်နှင့် စုတ်သတ်နေ၏။ 


ထိုအချိန်တွင် ကျန်းယောင်ကျူးက ဖရဲသီး၊ မက်မွန်သီးစသည်ဖြင့် အသီးအနှံများပါရှိသော လက်ဖက်ရည်ဗန်းကြီးတစ်ခုနှင့် ဝင်လာပြီးပြောလေသည်။


 "ခယ်မလေး ဖရဲသီးစား"

 

 လင်းလန်က ပြုံးပြီး ဆိုလိုက်၏။ 

 "ကျေးဇူးတင်ပါတယ် ခဲအို "


 

ကျန်းယောင်ကျူးက လင်းလန်ကို စိုက်ကြည့်နေသည့်   မြင်ပြီး လင်းမိန် သူ့ကို တစ်ချက်ကန်ထည့်လိုက်ပြီးပြောလိုက်သည်။

 "ချောင်ချောင်ကို  ပြန်လာပြီးတော့ သူ့ စတုတ္ထဒေါ်လေးနဲ့ စကားပြောဖို့ ပြောလိုက်" 

 

ကျန်းယောင်ကျူး: "မသိဘူး...မြက်ရိတ်သွားမှာ... မွန်းတည့်ပြီးတောင် ပြန်မလာတော့ဘူး”


ကျန်းယောင်ကျူး သူ့ကို လင်းမိန်က ကန်ထုတ်လိုက်သည့်အတွက် သူ့အနေဖြင့် အမျိုးသမီးကျန်းကို သွားရှာရတော့၏။


အမျိုးသမီးကျန်းက သူ့ကို ဟင်းရွက်ခင်းထဲက အသီးအရွက်တွေ ခူးခိုင်းပြီးပြောလေသည်။


  "ဒီနေ့ တပ်မဟာမှာ တိုဟူးသွားကြည့်...တို့ဟူးနှစ်တုံးဝယ်ပြီး ဟောင်နန့်စတုတ္ထဒေါ်လေးနဲ့ နေ့လည်စာ စားဖို့ ပြန်လာခဲ့" 

  

လင်းလန်က ကမန်းကတန်း ပြောလိုက်သည်။

 "အဒေါ် လုပ်စရာမလိုပါဘူး...ကျွန်မက နေ့လည်စာချက်ဖို့ အိမ်ပြန်ရမှာ...ထမင်းစားချိန်ထိနေလို့မရဘူး... တရုတ်နှစ်သစ်ကူးပြီးအထိ စောင့်ပါဦး"

 

တရုတ်နှစ်သစ်ကူးတွင် ဆောင်းရာသီမှလွဲ၍ ကျေးလက်နေပြည်သူများအတွက် ယေဘုယျအားဖြင့် ဆွေမျိုးများထံ လည်ပတ်ရန် အချိန်မရှိကြပေ။ သူတို့မှာ  လုပ်စရာရှိလျှင်ပင် အမြန်ဖြေရှင်းရသည်။ ထို့အပြင် လူတိုင်း၏ ရိက္ခာမှာ အကန့်အသတ်ရှိပြီး အခြေခံအားဖြင့် အသိဥာဏ်ရှိသူများသည် ထမင်းစားချိန်ထိမနေကြပေ။


ဤတစ်ကြိမ်တွင် လင်းလန်က လွယ်အိတ်တစ်လုံးထဲမှာ အစားအသောက်နှင့် သစ်သီးအချို့ ထည့်ယူလာကာ ပစ္စည်းများကို ချထားကာ မည်သူမျှ မမြင်ရအောင် အဝတ်နှင့်ပတ်ထားသည်။


 အမျိုးသမီးကျန်းက ရှောင်ဝမ်အကြောင်း စပ်စု ချင်နေတုန်းပင်။ သူတို့ ထွက်သွားတော့မည်ကို မြင်သောအခါ သူမက  အတော်လေး မလိုလားဖြစ်နေခဲ့သည်။


"ဟောင်နန့်စတုတ္ထဒေါ်လေး... သူ ဆောင်းရာသီ မှာအားရင် လာနေလေ ... မိုင်စွေ့ကိုခေါ်လာပြီး ​ကောင်​​လေး​တွေနဲ့ နှစ်​ရက်​​လောက်​​နေခိုင်းလိုက်ပါ..."


ရလဒ်အနေဖြင့် ရှောင်ဝမ် နှင့် လင်းလန် ထွက်သွားတော့မည်ကြောင်း ဟောင်နန် ကြားသောအခါ သည်းမခံနိုင်တော့ဘဲ ရှောင်ဝမ်ကို ဖက်ကာ ငိုတော့၏။ သူက ရှောင်ဝမ်နေရမည်ဟု အခိုင်အမာဆိုနေပြီး ရှောင်ဝမ် မနေလျှင်သူ မြေကြီးပေါ်လူးလိမ့်နေမည်ဟု ပြောလေသည်။ 


ရှောင်ဝမ်:"...."


ဟုတ်ပါသည်၊သူလည်း သူ့ အမေနှင့်ထွက်သွားဖို့ရာ ငြင်းချင်၏။ ထိုအစား သူကပြောလိုက်သည် "ဒါဆို မင်းဘာလို့ငါ့အိမ်ကိုမလိုက်ခဲ့တာလဲ" 


ဟောင်နန်     အငိုရပ်ပြီး သူ့အိတ်တွေကို အမြန်ထုပ်ပိုးကာဆို၏။


 "သွားမယ်... စစ်နီအိမ်ကို”


လူကြီးများက ရယ်ရမလိုငိုရမလိုဖြစ်သွားပြီး အမျိုးသမီးကျန်းက သူ့ကို ချော့လေသည်။


 “နောက်တစ်ခါကျမှပေါ့ ”


 ဟောင်နန်က စပြီးငိုပါတော့၏။


 “ဘွားဘွား တားကို လိမ်တယ်... တားကို လိမ်တယ်…” 

 

ဟောင်နန်က စကားကောင်းကောင်း မပီပေမဲ့   မတုံးပေ။ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ပြောနေကျဖြစ်သော်လည်း ဘယ်တော့မှ  နောက်တစ်ကြိမ် ရှိလာမှာ မဟုတ်ချေ။


Xxxxxxx

Part 444


 

ဟောင်နန်က စကားကောင်းကောင်း မပြောတတ်ပေမဲ့   မတုံးပေ။ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ပြောနေကျဖြစ်သော်လည်း ဘယ်တော့မှ  နောက်တစ်ကြိမ် ရှိလာမှာ မဟုတ်ချေ။


ဟောင်နန်က ရှောင်ဝမ်နှင့်မတူပေ။ ဟောင်နန်တို့ မိသားစု အခြေအနေက အသင့်အတင့်ရှိပြီး သူ့အဘိုးနှင့် အဖွားက သူ့ကို အလိုလိုက်သွားပေမဲ့ သူကြိုက်သလိုနေ၍မရပေ။သူက သူမကျေနပ်သည့်အခါ ​မြေကြီးပေါ်မှာ လူးလိမ့်ပြီး ငိုကြွေးပေလိမ့်မည်။ လင်းမိန်က သူ့ကို အပြင်ထွက်ပြီး ပေတေခွင့်မပြုသော်လည်း သူ့မှာ ကလေးတစ်ယောက်တွင် ရှိသင့်သော ဇွတ်တရွတ်နိုင်သည့်စိတ်ကားရှိပါသေးသည်။


ငိုသည့်အခါ သူ့ကိုယ်ဟန်အနေအထားက ကမ္ဘာတုန်လောက်ပြီး သူ့ပန်းတိုင်မရောက်မချင်း အရှုံးမပေးပါချေ။


ရှောင်ဝမ်က ယခုလိုတိုက်ပွဲမျိုး တစ်ခါမှ မမြင်ဖူးပေ။ သူက  ပြပွဲကြီးတစ်ခု ကြည့်နေသလိုမျိုး ကြောင်တောင်တောင်တောင်နှင့် ရပ်နေခဲ့သည်။


လင်းမိန်က အလျင်အမြန် တံမြက်စည်းကို ကောက်ကိုင်ကာ သုတ်တော့မည်(ရိုက်)ဖြစ်သော်လည်း လင်းလန်က သူမကို မဖြောင့်ဖြခဲ့ပေ။ ဤကလေးကလည်း ဆုံးမရန်လိုသည်။


 အမျိုးသမီးကျန်း လင်းလန် မတားသည်ကို မြင်သောအခါ  သူမဘာသာသူမ တားလိုက်ရ၏။ 


"အမလေး... ငါ့ရဲ့ ပေါင်အာကိုမရိုက်ပါနဲ့...ကလေးက ဒေါသထွက်နေလို့ပါ... ခဏနေကောင်းသွားလိမ့်မယ်"


 "အမေ...အမေကထတာနဲ့ သူ့ကိုတစ်နေကုန်အလိုလိုက်နေတာ...အကျင့်ပါအောင်လုပ်နေတာ"

လင်းမိန်က အလျော့မပေးခဲ့ချေ။


 အမျိုးသမီးကျန်းက ကလေးကို ဖက်လိုက်ပြီးဆိုလေသည်။

 "ဒါဆို ငါ့ကို ရိုက်"

 (Lol)


လင်းမိန်: " အမေက  အကြိမ်တိုင်း ဒီလို လုပ်တယ်...ကျွန်မက ကလေးကို ရိုက်ချင်ရင် အမေ့ကို ရိုက်လို့ပြောတယ်...အမေပြောကြည့်... အမေက အသက်ကြီးနေပြီ...ကျွန်မ အမေ့ကို ဘာလို့ ရိုက်ရမှာလဲ "


အမျိုးသမီးကျန်း: "ဒါမှမဟုတ် သူ့ကိုရိုက်" 


သူမက ကျန်းယောင်ကျူးကို လက်ညှိိုးထိုးပြသည်။


 ကျန်းယောင်ကျူး : "!!!"


လင်းမိန် စိတ်တိုတိုနှင့် ခြေဆောင့်လိုက်၏။သူမ   ဒေါသထွက်၍ သေတော့မည်။ အကြိမ်တိုင်း ဤသို့ပင်ဖြစ်သည်။ ဟောင်နန်အမှားလုပ်မိ၍ သူမက ဆုံးမချင်လျှင် သူမယောက္ခမက ကာစီးကာစီး လုပ်ပေလိမ့်မည်။ သူမနှင် စိတ်သဘောထားခြင်း မတိုက်ဆိုင်သည်က မှန်ပေမဲ့  ယောက္ခမဖြစ်သူက ပြုံးနေပြီး မြေးအတွက် အရိုက်ခံချင်နေသည်ဖြစ်လေရာ သူမ မည်သို့ တကယ်ရိုက်နိုင်မည်နည်း။ သို့ပေမဲ့  အခေါက်ခေါက်အခါခါ အနှီကောင်စုတ်ကလေးအပေါ် အကောင်းမြင်ရန် သူမမည်သို့များ အကျင့်ပါသွားသနည်း။


သူက မကြိုက်လျှင် မြေပေါ်လူးလိမ့်ပြီး ငိုမည်၊ ထိုအခါ သူ့သဘောအတိုင်း လိုက်ရသည်။ သူ့သဘောအတိုင်း မလိုက်ဘူးဆိုပါက လက်မလျှော့ပေ။


လင်းလန်က သူတို့မိသားစုမှာ ကြီးကြီးမားမား ပဋိပက္ခတွေ မရှိပေမဲ့ ယင်းက  အသေးအမွှားဖြစ်နေသည်လည်းမဟုတ်ဟု ထင်မိသည်။


"ဒါမှမဟုတ် ငါ ဟောင်နန်ကို ရက်နည်းနည်းလောက်  ခေါ်သွားလိုက်မယ်လေ "


အဆိုးအပေလေး တော်တော်များများက မိဘတွေကို ထားခဲ့ပြီး  ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရသည်။


လင်းမိန်က ချက်ချင်းပြောလိုက်၏။

 "ခေါ်သွားလိုက်...နင့်ကို စိတ်တိုအောင်လုပ်ရင်  လွှင့်ပစ်လိုက်...ပြန်မလွှတ်နဲ့" 

 

ဟောင်နန်က ယင်းကို  ဂရုမစိုက်ဘဲ သူကြားချင်သည်ကိုသာ နားထောင်သည်။ စတုတ္ထဒေါ်လေးက သူ့ကို အိမ်ခေါ်သွားချင်နေ၏။သူက ချက်ချင်း မျက်ရည်များကြားကနေ ပြုံးလိုက်ပြီး ရှောင်ဝမ့်လက်ကို ကိုင်ကာဆိုသည်။


"ရှောင်မန်...ငါတို့နှစ်ယောက် ဘာလို့ ကုတင်တစ်လုံးတည်းမှာမနေကြရမှာလဲ"


  

ရှောင်ဝမ်:" မင်းခြေထောက်တွေက နံတယ်" 


ဟောင်နန်က ပြုံးကာဆို၏။

"ဆေးလိုက်မယ်"


အမျိုးသမီးကျန်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည်။

"ဟောင်နန့်စတုတ္ထဒေါ်လေး... ကလေးကို မချော့ပါနဲ့ ...ဒါက နည်းနည်း....."


လင်းလန် : "အဒေါ်... နောက်တစ်ခါ သူ့ကိုချော့မှာအတူတူ  အခုကတည်းကချော့လိုက်လည်းရတာပဲ... သူ့အဝတ်အစားတွေ ထုပ်ပိုးလိုက်" 


လင်းလန်တို့ မိသားစုမှာ သားသမီးတွေ အများကြီးရှိနေသည်ကို တွေးပြီး လင်းမိန် စိတ်တွေ လှုပ်ရှားလာသည်​။ယခုအချိန်မှာ လူတိုင်းက နာခံနေကြ၏။တဝမ်ကဲ့သို့သော နတ်ဆိုးခေါင်းကိုပင် ကောင်းကောင်း  သင်ကြားဆုံးမ ထားလေရာ ဟောင်နန့်ကို ကြောက်ပါလိမ့်ဦးမည်လော။


ဟန်ချင်စုန့်ကို တစ်ချက်ရိုက်ခိုင်းပြီး ပြောင်းလဲခိုင်းလိုက်မယ်...သူ့အမေနဲ့ အဖွားကို ထားခဲ့ပြီး ဒီကလေးက ရယ်နေသေးတယ်...


 လင်းမိန် စိတ်လှုပ်ရှားလွန်း၍ ထခုန်ပြီး လက်ခုပ်တီးလိုက်သည်။ဤကောင်စုတ်လေးကို သာ အပြင်လွှတ်နိုင်လျှင်  သူမ တစ်ခုပြီးတစ်ခု  ပျော်ပျော်ကြီး ပေးပစ်နိုင်ပြီး ကျန်း​ယောင်ကျူးကိုပင် ထည့်ပေးလိုက်ဦးမည်။


ဘယ်သူမှ မလိုချင်တာက စိတ်မကောင်းစရာပဲ...


လင်းလန် ဟောင်နန်ကို ပြုစုစောင့်ရှောက်ရန် ခဲယဉ်းမည်ကို မကြောက်ခဲ့ပေ။ကလေးများသည် တစ်ခါတစ်ရံတွင် အိမ်မမှာ ၎င်းတို့၏ မိသားစုဝင်များစကားကို  နားမထောင်ကြဘဲ အပြင်ထွက်သည့်အခါမှ နာခံမှုရှိရှိ ပြုမူတတ်ကြသည်။ ထို့အပြင် သူမကို ကူညီရန် ကလေးများစွာရှိပြီး အနာဂတ်တွင် ဟောင်နန်ကို ပြဿနာပေးရန် သူမအနေဖြင့် ခေါင်းလေးလှည့်လိုက်ရုံသာပင်။


လင်းမိန်က သံစဥ်တစ်ခုညည်းရင်း သားဖြစ်သူ၏အဝတ်အစားများကို ထုပ်ပိုးနေခဲ့သည်။ ပိုမိုကောင်းမွန်သောစိတ်အခြေအနေဖြင့်  ဂျုံကတ်တီအနည်းငယ်ကိုပါ သွားထုတ်ခဲ့သည်။


ကျန်းယောင်ကျူးက သူမ နှစ်ထောင်းအားရဖြစ်နေသည်ကိုကြည့်ပြီဆို၏။

 "ဟားဟား မင်းက အရမ်းတွေဆန္ဒရှိနေတာပဲ "


လင်းမိန်က သူ့ကို စိုက်ကြည့်ရင်း 

"နင့်ကို ထည့်ပေးလိုက်ဖို့တောင် ဆန္ဒရှိနေတယ်"


ကျန်းယောင်ကျူး   အတော်လေး စိတ်လှုပ်ရှားသွားပြီးပြောလိုက်သည်။

 "ငါ ဟောင်နန်နဲ့ ဘာလို့ မသွားရမှာလဲ....." 


"သေလိုက်လေ..."

လင်းမိန်က သူ့ကို ထွီကခနဲပြုလိုက်ပြီပြောလေ၏။

 "နင်က ညွှန်မှူးဟန် လက်ညှိုးနဲ့ ထိုးဖို့ လုံလောက်လို့လား... ပြန်သွားစမ်းပါ"


ညွှန်မှူးဟန်က သူ့မှာ ထိုသို့သော စိတ်မျိုးမရှိဘဲ အလှအပကိုပဲ သဘောကျမှန်း သိပေမဲ့ တခြားသူတို့၏ဇနီးများကို သွားသဘောကျပါက သူတို့က သူ့ကို ခွေးလိုရိုက်ကြပေလိမ့်မည်။


ကျန်းယောင်ကျူး က ရယ်ပြီးပြော၏။

"ငါက ဒီအတိုင်းပြောကြည့်တာပါကွာ"


လင်းလန်က နောက်နေခြင်း မဟုတ်ပဲ အဝတ်အစားကို ရှေ့မှာပဲ ချည်ကာ ကောင်လေး၏ ရိက္ခာများ၊ အဝတ်အစားများနှင့် ကစားစရာများကို ယူသွားကာ ကလေးနှစ်ယောက်ကို နောက်ထိုင်ခုံတွင် အတူထိုင်ခိုင်းသည်။ ဟောင်နန်က ရှောင်ဝမ့်ကို အနောက်ကနေ ဖက်ထားပြီး မတော်တဆ  ပြုတ်ကျမသွားစေရန် အဝတ်အိတ်နှင့်ချည်လိုက်၏။


အမျိုးသမီးကျန်းက စငိုနေပြီဖြစ်သည်။ သူမ၏မြေးဖြစ်သူ အနှိပ်စက်ခံရတော့မလိုမျိုး သူမ၏နှလုံးသားက ပြင်းထန်စွာ နာကျင်နေ၏။  အထူးသဖြင့် ဟောင်နန်က  လင်းလန်ကို အမြန်လြပ်ရန် ဝမ်းသာအားရ တိုက်တွန်းခဲ့သောအခါတွင်ဖြစ်လေသည်။


လင်းလန်က သူတို့အား လက်ပြနှုတ်ဆက်ကာ "သွားရအောင်..."ဟုပြောပြီး စက်ဘီးပေါ်တက်ပြီး ထွက်သွားခဲ့သည်။ 


 အမျိုးသမီးကျန်းက နောက်ကနေပြေးလိုက်ကာ အဆက်မပြတ် လှမ်းအော်နေ၏။


 "ဟောင်နန်... အဖွားနဲ့နေချင်ရင် စတုတ္ထဒေါ်လေး ကို ပြန်ပို့ခိုင်းနော်...ဟောင်နန့်စတုတ္ထဒေါ်လေး ကျေးဇူးပြုပြီး ဖြည်းဖြည်းလေးစီးပြီး ကလေးတွေကို ဂရုစိုက်ပေးပါ"

 

ဟောင်နန်က လုဝ ဂရုမစိုက်ဘဲ ရယ်ပဲရယ်နေပြီး  အပြင်ထွက်ကစားရသည်ကို အပျော်ကြီးပျော်နေသည်။


 

Xxxxxx