အပိုင်း ၄၄၅-၄၄၆
Viewers 23k

Part 445


အမျိုးသမီးကျန်းက လင်းမိန်၏ နှစ်ထောင်းအားရဖြစ်နေပုံကို  လည်ပြန်ကြည့်ပြီး  ခြေဆောင့်ကာဆို၏။


 "နင်က နင့်ကိုယ်နင် အမေအရင်းပါလိုပြောနေသေးတယ် ...မသိရင် နင့်ကို မိထွေးလို့ ထင်ကြမှာ"

 

 လင်းမိန်က မျက်လုံးလှန်ကာ ပြောသည်။

 "ဟောင်နန်က အမေ့သား မဟုတ်ဘူးလား"


 သူမက ကျန်းယောင်ကျူးကို လက်ညှိုးထိုးပြပြီး "ဒါကမှ ကျွန်မသားမဟုတ်ဘူးလား"


အမျိုးသမီးကျန်း ရယ်ရမလိုငိုရမလိုဖြစ်သွား၏။ "နင့်ကလေးက တကယ်ကိုမကြီးမငယ်နဲ့... ထားလိုက်ပါတော့...  မနက်ဖြန်မှ သွားလိုက်..... "


"တော်..."

လင်းမိန်က ပြောလိုက်သည်။

 "မသွားနဲ့...သူ့ကိုရက်နည်းနည်းလောက် နေခိုင်းလိုက်...ကျွန်မ အစားအသောက် လုံလုံလောက်လောက် ထည့်ပေးလိုက်တယ်...ကုန်လောက်ရင် ပြန်သွားခေါ်မှာပါ"


ထို့နောက် သူမက လင်းလန်ပြောထားသည့်ဟာကို သွားဆွေးနွေးခဲ့၏။


သူမထွက်သွားပြီးချင်းမှာပဲ ကျန်းယောင်ကျူးက သူ့အမေကို လက်ဟန်ခြေဟန်ပြကာ မီးထဲ လောင်စာဆီထပ်ထည့်ပြီး မနာလိုစွာဆိုလေသည်။


"အမေ... သူက ဒီလောက်အိတ်တစ်ဝက်ပဲ ထည့်ပေးလိုက်တာ...ခဏလောက်ပဲခံမှာ"


အလိုလေး သေပါပြီ...


ညွှန်မှူးဟန်က  အလွန်အာဏာကြီးပြီး  သူ့သားအရင်းတွေကိုပင် ကြာပွတ်နှင့်ရိုက်ပြီး  တဝမ်နှင့်စန်းဝမ်တို့အကုန်လုံး ခံခဲ့ရသည်ဟု ဆိုကြသည်။


အမျိုးသမီးကျန်းက သူမ၏ချစ်လှစွာသောလေးအတွက် စပြီးငိုပြန်ပါတော့၏။


 "ဘွားဘွားရဲ့အချစ်လေး...မင်း ဒုက္ခရောက်လိမ့်မယ်... ကျေးဇူးပြုပြီး အရိုက်မခံရပါစေနဲ့"  

 

(တစ်ခန်းရပ်ပြဇာတ်)


ညွှန်မှူးဟန်:ခင်ဗျား ကျုပ်ကို နားလည်မှုများ လွဲနေသလား...


လင်းလန် : ငါတို့ရဲ့ ညွှန်မှူးဟန်က အရမ်း စွမ်အားကြီးတယ်... ကလေးတွေဆို ကြောက်လွန်းလို့... မယုံရင် သူတို့ကို မေးကြည့် ဟားဟား...


တဝမ်:...မမေးနဲ့...


စန်းဝမ် : ... နာကျင်မှုက အရမ်းနာကျင်လွန်းလို့ လိပ်ပြာ လွင့်သွားလိမ့်မယ်...


ဟောင်နန်က : တားကို သွားခွင့်ပြုပါ ...သွားခွင့်ပြုကြပါ ...မနေရဲတော့ဘူး...တားမခံချင်တော့ဘူး ...


.........


လင်းလန်က ဟောင်နန်နဲ့ ရှောင်ဝမ်ကို အိမ်ခေါ်လာခဲ့သည်။ နေ့လည်ခင်း မရောက်သေးသော ကြောင့် အရင်ဟင်းချက်ရန် လုပ်လိုက်သည်။


နေ့ခင်းမှာ ကလေးတွေက သူငယ်ချင်းတွေနှင့်် ဆော့ကစားနေရသောကြောင့် အိမ်ပင် မပြန်ချင်ကြပေ။ ဟောင်နန်နှင့် ရှောင်ဝမ်က လက်ချင်းတွဲပြီး ခြင်းသေးသေးလေးတွေ ယူကာ ဟင်းသီးအရွက်ဥယျာဥ်ထဲ သွားပြီး ဟင်းရွက်ခူးရင်း  ပိုးကောင်တွေနှင်းနှံကောင်တွေကို ဖမ်းနေတော့သည်။


လင်းလန်က နှံကောင်အကြီးကြီးဖမ်းပြီး သူတို့ကစားရအောင် ခွေးမြီးမြက်တွေနှင့် ချည်ပေး လိုက်သည်။


သူတို့ အသီးအရွက်ခူးပြီး အိမ်ပြန်‌လာသောအခါ ကလေးတွေက ကျောင်းကနေ ပြန်ရောက်လာကြပြီဖြစ်သည်။ သူတို့က ဟောင်နန်ကို တွေ့သောအခါ  အံ့ဩသွားကြသည်။


" ဟောင်နန်  ဒီမှာ တစ်ယောက်တည်း  လာနေတာလား... အိမ်မပြန်တော့ဘူးလား ..... "


စန်းဝမ်က သူ့ကိုမေးလိုက်၏။ 


ဟောင်နန် : "မပြန်ချင်ဘူး ~~ဒီမှာနေမှာ ... "


ယခု ညီအစ်ကိုမောင်နှမတွေ စုံသောအခါ ပိုပျော်စရာကောင်းလာပြီး ဟောင်နန်ခမျာ အိမ်ပင်မပြန်ချင်တော့ပေ။


စန်းဝမ်က လှည်းကျိုးတွေ ဖားတွေနှင့် အရုပ်တွေ ယူလာပြီး ဟောင်နန်နှင့်အတူတူကစားလေသည်။ သူက(စန်းဝမ်) သူ့ကိုခေါ်ကာ ပုစဥ်းရင်ကွဲသွားရှာပြီး ကပ်၍ဖမ်းကြမည်၊ မြွေလည်းဖမ်းကြမည် ပြီးလျှင်  ဖရဲသီးစားကြမည်ဟုပါ ပြောလေသည်။၎င်းကိုကြားပြီးနောက် ဟောင်နန် အိမ်ကိုတသက်လုံး မပြန်ချင်တော့ပေ။


လင်းလန် မိုင်စွေ့၊အားဝမ်တို့နှင့်အတူ ချက်ပြုတ်နေစဥ် တဝမ်ကို ကျန်သည့်ကလေးတွေကို ‌ခေါ်ပြီး ခဏလောက်  အပြင်ထွက်ကစားခိုင်းလိုက်သည်။ ဒန်းပေါ်ကစားသည်ပဲဖြစ်ဖြစ်၊ လောက်လေးခွနှင့် ကစားသည်ပဲ ဖြစ်ဖြစ် သူတို့ကြိုက်ရာကစား၍ရ၏။ 


မည်သို့ပင်ဖြစ်စေ ကျေးလက်နေကလေးများအနေဖြင့်  ကျောက်တုံးတစ်တုံးကောက်ရလျှင်ပင် မြစ်ထဲမှာ နေ့တဝက်လောက် မျှောနေနိုင်လေသည်။


ထိုအပြင် အိမ်မှာက ခွေးပေါက်လေးငါးကောင် ရှိသေးသည်။ သူတို့က ခွေးလေးတွေ မလှုပ်နိုင်အောင် ပင်ပန်းလာသည်အထိ ‌ဆော့လေ့ရှိသည်။ ရှောင်ပိုင်ဆိုလျှင် ပင်ပန်းလွန်း၍ နောက်ကို ပြန်ပြန်ယိုင်နေပြီး  ခြံထဲဝင်ဝင်ချင်း အပေါက်ဝမှာတင် အိပ်ပျော်သွားတော့သည်။


ဝမ်ဝမ်က သူ့ကလေးတွေကို အသိုက်ထဲ ပြန်ခေါ်သိပ်လေ၏။


ထမင်းစားသောအခါ တစ်ယောက်ကို တူတစ်စုံယူကြပြီး ရှောင်ဝမ်က ဟောင်နန်ကို တူတစ်စုံပေးလိုက်သည်။


ဟောင်နန်က သူ့ကို ရှက်ရွံ့စွာကြည့်လေ၏။


လင်းလန် : " ကိုယ့်ဘာသာစားနော်...ဒေါ်လေးတို့မိသားစုထဲမှာ တစ်ယောက်မှ ခွံ့ကျွေးစရာမလိုဘူး...သူများတွေကို ကြည့်"


သူ့ညီအစ်ကိုမောင်နှတွေကို ကြည့်လိုက်သောအခါ အကုန်လုံး သူတို့ဘာစားနေကြပြီး ညီလေးရှောင်ဝမ်ပင်လျှင်  သူ့ဘာသာ စားနေသည်။ သူက အိမ်မှာ တစ်ခါမှ တူမကိုင်ဖူးပေ။ အမြဲတမ်း  သူ့အဖွားနှင့်သူ့အစ်မကပဲ ‌ခွံ့ကျွေးကြခြင်းဖြစ်၏။


သူက တူကို ယူပြီး တိုက်ရိုက် ဆုပ်ကိုင်လိုက်ပေမဲ့ အရာဝတ္ထုတွေကို တူနှင့် ဘယ်လိုညှပ်ယူရမှန်းမှန်း သူမသိပေ။


လင်းလန်:"စန်းတိ...ညီလေးကို သင်ပေးလိုက်ပါဦး"


စန်းဝမ်နှင့်ရှောင်းဝမ်က သူ့ကို လက်ချင်းထပ်၍ ကောင်းကောင်း ဝိုင်းသင်ပေးလေသည်။


"တူ‌ကိုင်ရတာ အရမ်းခက်ခဲတာပဲ ...ဟောင်နန် မလုပ်နိုင် ....ဝူးဝူးးဝူးးး..... "


သူက အကြိမ်အနည်းငယ်ငိုပြီး အိမ်မှာတုန်းကလို တူကို လွင့်ပစ်လိုက်လေသည်။၎င်းနောက် သူက ခြေ ဆောင့်ကာ ငိုတော့သည်။ ရလဒ်အနေဖြင့်  တဝမ်၏ မည်းသထက်မည်းမှောင်လာသော မျက်လုံးများကို ရုတ်ချည်းတွေ့လိုက်ရ၏။ ဟောင်နန် အကြောက်လွန်ပြီး"အစ်..."ခနဲ ကြို့ထိုးတော့သည်။


စားပွဲတစ်ဝိုင်းလုံးကလူတွေ ရယ်ကုန်ကြ၏။


အကုန်လုံးရီနေကြသည်ကိုကြားပေမဲ့ တစ်ယောက်မှ သူ့ကိုလာမချော့သလို ဆူလည်း မဆူပေ။ဟောင်နန် ထူးဆန်းသလို ခံစားလိုက်ရသည်။ အိမ်မှာတုန်းက တစ်ခုခုကို မသင်ယူနိုင်ဘူးဆိုလျှင်၊စိတ်မပျော်လျှင် သူက ထိုင်ချကာ ခြေဆောင့်ငိုလေ့ရှိသည်။ထိုအခါ အမေက သူ့ကို ဆူပြီး ဘွားဘွားက သူ့ကို ချိုသာစွာ ချော့မော့ပေလိမ့်မည်။


သို့ပေမဲ့ ယခုက မတူပေ။


ဤစားပွဲဝိုင်းရှိ လူတွေက ဘွားဘွားနှင့်အမေလို မဟုတ်ဘူးဆိုသည်ကို သူသိသွားသည်။ သူတို့အကုန်လုံးက ပြုံးနေပြီး တကော် တစ်ယောက်ထဲကသာ မျက်နှာကြီး မည်းမှောင်နေကာ သူ့ကိုစိုက်ကြည့်နေသော မျက်လုံးတွေကလည်း အေးစက်ပြီး ကြောက်စရာကောင်းလှသည်။ 

ကြောက်စရာကြီး ဝူးးး~~


(T/N–Da Ge/အစ်ကိုကြီးကနေ မပီတော့ Da Guo/အိုးကြီးဖြစ်သွားပါတယ်)


ဟောင်နန် ကြောက်လွန်း၍ မငိုရဲတော့ဘဲ ဝမ်းနည်းပမ်းနည်းဖြင့်  ထမင်းပြန်စားတော့၏။


ရှောင်ဝမ်က ကြင်နာစွာဖြင့် သူ့အတွက် အသီးအရွက်တွေယူပြီး ပန်ကန်းတစ်လုံးထဲ ထည့်ပေးလိုက်သည်။


"ပါးစပ်ထဲထည့်လိုက်"


ပုံမှန်ဆို ကလေးတွေက စားပြီးသည်နှင့် နေ့လည်ခင်း တရေးတမော အိပ်ကြသည်။ယခု စာဖတ်နေသည့် တဝမ်ကလွဲပြီး  တခြားဘယ်သူမှ  မအိပ်ကြပေ။ သူတို့ အကုန်လုံးက ဟောင်နန်ကို တူကိုင်နည်းသင်ပေးသည့်ထဲ ပါသွားကြလေသည်။


လင်းလန်ကလည်း ပုစဥ်းရင်းကွဲကင်တွေထုတ်ပြီး စားပွဲပေါ်တင်လိုက်၏။ 


"တူကို သုံးရင် စားရမယ်... မဟုတ်ရင် မစားရဘူး ...ဒါတွေက အရသာရှိတယ်နော်"


လေ့ကျင့်ရေးက တနေ့လည်လုံးပဲ ဖြစ်သည်။


ကလေးတွေကျောင်းသွားကြသောအခါ ဟောင်နန်က ညှပ်နိုင်ရုံမျှသာရှိသေးပြီး ပါးစပ်ထဲမထည့်နိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ အခြေအနေတိုးတက်မှုကားရှိသည်ပင်။


Xxxxxxx

Part 446


လင်းလန်က သူမကဦးဆောင်၍ သူ့ကို ချီးကျူးလိုက်၏။


"ဟောင်နန်က  တော်လိုက်တာ..."


ရှောင်ဝမ်ကလည်း သူ့ကိုအားပေးရန် သူ့အတွက် ဘာဂျာမှုတ်ပေးနေပြီး ခွေးပေါက်လေးတွေကလည်း တအီအီအသံပေးကာ ကြည့်နေကြသည်။


အကြာကြီး တူကိုင်လေ့ကျင့်ပြီးနောက် ဟောင်နန်က ပင်ပန်းကာ ငိုတော့သည်။ နောက်ဆုံးတွင် သူ ဒေါသအတော်လေး ထွက်လာပြီး တဝမ်အိမ်မှာ မရှိတုန်း တူတွေကို  လွင့်ပစ်ကာ ပုစဥ်းရင်ကွဲတွေကို  သူ့လက်လေးများဖြင့် အမြန် ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။


သူက ၎င်းကို ပါးစပ်ထဲသိပ်ထည့်ရင်း ငိုနေပြီး ခြေထောက်တွေကို ကန်ကျောက်ကာ ဗလုံးဗထွေးပြောနေ၏။


"ဝူးးး...တူတွေကျိုးသွားပြီ...ကျိုးသွားပြီ..."


ရှောင်ဝမ်:"..."


သူ အနည်းငယ်ဘာလုပ်ရမှန်းမသိသလို ခံစားလိုက်ရသည်။ သူ့ထက်ပိုငိုတတ်နေသည့် သူ့အစ်ကိုကို ဘယ်လိုအငိုတိတ်အောင်လုပ်ရမလဲ သူ မသိတော့ပေ။


လင်းလန်က ယင်းကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုကာ ခဏလောက် ငိုခိုင်းထားလိုက်သည်။ မည်သို့ပင်ဖြစ်ပါစေ သူ့အဖွားက အနားမှာမရှိလေရာ သူ ဘယ်လောက်ပဲ ငိုငို ဘယ်သူကမှ သူ့ကို ဂရုမစိုက်ပေ။


ဟောင်နန် ပါးစပ်ပိတ်လိုက်သော်လည်း သူလုံးဝဝါး၍မရကြောင်းသိလိုက်ရသည်။အဓိကအချက်မှာ ဘယ်သူမှ သူ့ကို မဆူကြသလို ဘယ်သူမှလည်း သူ့ကိုမချော့ကြသည်ပင်။ ရှောင်ဝမ်တစ်ယောက်တည်းကသာ သူ့ကို နက်မှောင်ကြည်လင်သော မျက်လုံးရွဲကြီးတစ်စုံဖြင့် စပ်စုလိုစွာ ငေးကြည့်နေ၏။


ဟောင်နန်:"..."


ရှောင်ဝမ်:"ဘာလို့မငိုတော့တာလဲ"


ဟောင်နန်:"ဝူး...ဝူး...ဝူးးး"


ရှောင်ဝမ်:"အသံက တိတ်နေတယ်"


ဟောင်နန်:"..."


ငိုရသည်က တကယ်ပျင်းစရာကောင်းပြီး ဟောင်နန် မျက်ရည်များကို သုတ်ကာ အငိုရပ်လိုက်သည်။ 


သူအငိုရပ်သွားသည်ကို မြင်လျှင် လင်းလန်က ပြုံးကာဆို၏။


"သား ဒါကို လိုချင်ရင် စတုတ္ထဒေါ်လေးက မီးကင်ပြီး မစားဘဲ သားကိုကျွေးမယ်...သားသိလားအစ်ကိုကြီးတဝမ်က အကုန်လုံးကိုခေါ်ပြီး အဲ့ဒါကိုသွားရှာခဲ့တာ"


အဆုံးမှာ ခြိမ်းခြောက်မှုလေး တစ်ခု လုပ်လိုက်ရလေသည်။


ဟောင်နန် လင်းလန်၏မျက်နှာက အလေးအနက်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ ဆုံးဖြတ်ပိုင်ခွင့် တဝမ်ကော် လက်ထဲမှာဖြစ်ကြောင်း ကြားသိရသောအခါ သူအနည်းငယ် ကြောက်သွားသည်။အထူးသဖြင့် ရှောင်ဝမ်က သူ့ကို ခေါင်းညိတ်ပြပြီး သူ့အမေပြောသည်က အမှန်ဖြစ်ကြောင်းထောက်ခံလာသောအခါတွင်ဖြစ်၏။သူ့မှာ ရွေးချယ်စရာမရှိဘဲ ပုစဥ်းရင်ကွဲအကုန်လုံးကို ပြန်ချထားလိုက်ရပြီး ပါးစပ်ထဲထိုးသိပ်ထည့်ထားသည့်ဟာတွေကိုလည်း ထုတ်ကာပန်းကန်လုံးကြီးတစ်လုံးထဲ ထည့်လိုက်သည်။၎င်းနောက် သူ့ကိုယ်သူ ကြိတ်မှိတ်လက်ခံပြီး တူသုံးတတ်အောင် လေ့ကျင့်နေတော့၏။


တစ်ဝက်လောက်ရောက်ချိန်မှာ  လင်းလန်က သူနှင့်ရှောင်ဝမ်ကို ခွေးပေါက်လေးတွေနှင့် ခဏကစားခိုင်းကာ တရေးအိပ်ပြီး မုန့်စားခိုင်းလေသည်။ ပြီးသည်နှင့်  နေ့လည်ခင်းမှာ ဆက်လေ့ကျင့်ရန် ပြန်ထရသည်။


ညစာစားချိန်ရောက်ခါနီးတွင် ဟောင်နန် ရုတ်ချည်း တူကိုင်တတ်သွားပြီး ပုစဥ်းရင်ကွဲကို ချက်ချင်း ကောက်ယူလိုက်၏။ သူစိတ်လှုပ်ရှားလွန်း၍ အော်ပါတော့သည်။

"ရှောင်မန်...ရှောင်မန်...စစ်နီ... စစ်နီ ...ကြည့်"


ပါးစပ်ထဲထည့်ချိန်တွင် ပြုတ်ကျသွားသော်လည်း သူက ချက်ချင်း ပြန်ကောက်ယူလိုက်ပြီး လင်းလန်နှင့် ရှောင်ဝမ်တို့ကိုပြလေ၏။


လင်းလန်က ချက်ချင်း လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။


"ဝိုး...ဟောင်နန်က အရမ်းတော်တာပဲ "


ရှောင်ဝမ်ကလည်း လက်ခုတ်တီးကာ ဆို၏။

"ဝါး...အစ်ကိုက တော်လိုက်တာ ...အရမ်းမိုက်တယ်... တူတွေသုံးတတ်တယ်ဗျာ"


ဟောင်နန်က ချီးကျူးခံရသဖြင့် ပျော်ရွှင်နေလေသည်။ သူတို့အနေဖြင့်  တိုးတက်အောင်သင်ယူနိုင်သွားသည်နှင့်  ခပ်မြန်မြန်ပဲ အခြားအရာတွေကိုပါ ကောက်ယူနိုင်လာပေသည်။ လင်းလန်က မြေပဲလက်တစ်ဆုပ်ယူပြီး ပန်းကန်ထဲထည့်ကာ ရှောင်ဝမ်နှင့် အတူတူစားခိုင်းလေ၏။


ဟောင်နန် : " ဟားဟား စစ်နီ...တားလုပ်နိုင်တယ်ဗျ.... "


လင်းလန်က သူ့ခေါင်းကို ပုတ်လိုက်သည်။မလုပ်နိုင်သည့် ကလေးအဘယ်မှာ ရှိလိမ့်မည်နည်း။ကလေးတွေက  ဘာမှမသိနားမလည်ကြပေ။ မှန်သည်ပင်၊ ယင်းက လူကြီးတွေက ဘယ်လိုပျိုးထောင်သလဲဆိုသည့်အပေါ် မူတည်နေခြင်းဖြစ်၏။ ချို့ယွင်းချက်တွေကို မြန်မြန်ရှာပြီ မြန်မြန်သင်ပြပေးလိုက်သည်က အကောင်းဆုံးပါပင်။သို့ပေမဲ့ ဟောင်နန်အဖွားက ချို့ယွင်းချက်တွေကို အမှန်ပြင်မပေးရုံတင်မဘဲ အသစ်တွေပေးပြီး သူ့ကို အလိုပါလိုက်နေသည်က ပြဿနာကြီးတစ်ခုဖြစ်လေသည်။


" မြင်လား ...များများလေ့ကျင်ရင် အကုန်လုံးကို လုပ်နိုင်လိမ့်မယ်...ဘာပဲဖြစ်ဖြစ် အဝတ်စားဝတ်တာ ၊အင်းအင်းကုန်းတာ၊ ခြေ‌လက်ဆေးတာ စားတာကအစ လုပ်စရှိရင် အကုန်လုပ်တက်သွားရော .... "


လင်းလန်က သူ့ကို အားပေးလိုက်၏။


"ပထမတစ်ခါနဲ့ မလုပ်နိုင်ရင် ဒုတိယတစ်ခါကြိုးစား ...အဲ့လိုမျိုး အကြိမ်နည်းနည်းလောက် ကြိုးစားပြီးရင် ဖြစ်လာလိမ့်မယ် .... "


ဟောင်နန်က ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး ဆိုလိုက်သည်။

"ဟုတ်ကဲ့"


လင်းလန်က သူ့ကို တံမြက်စည်းပေးကာ သူနှင့်ရှောင်းဝမ်ကို ခြံထဲ တံမြတ်စည်းလှည်းခိုင်းလိုက်ပြီး သူ့ကို အသံထွက်မှန်အောင်လို့လည်း ရှောင်းဝမ်ကို သင်ခိုင်းလိုက်လေသည်။


စစ်နီ၊ရှောင်မန်နှင့်တကော်တို့အကုန်လုံး ပြောင်းကို ပြောင်းလဲမှရပေမည်။


ညနေခင်းမှာ ကလေးတွေက ကျောင်းကပြန်လာကြသောကြောင့်  ဟောင်နန် ပို၍ပင်  ပျော်သွားပြီး သူ့ညီအစ်ကိုမောင်နှမတွေလည်း ပျော်ရွှင်နေသည်ကို ခံစားရလေသည်။


သူ ရှောင်ဝမ့်ကို အားကျမိ၏။

"ရှောင်မန်...မင်းအစ်ကိုအစ်မတွေက အရမ်းကောင်းတာပဲ"


ရှောင်ဝမ် : " အစ်မချောင်ချောင်လည်း ကောင်းပါတယ် ..."


"ငါ့မှာ အိုး(အစ်ကို)တွေမရှိဘူးလေ"


ဟောင်နန် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။


ရှောင်ဝမ်က ဟောင်နန်ကို မပြောင်းလဲပေးနိုင်ခဲ့ဘဲ ဟောင်နန်က ရှောင်ဝမ်ကို သူ့မြောင်းထဲခေါ်သွားခဲ့လေသည်။

"ငါ့အိုးကလည်း မင်းအိုးပါပဲ"

(T/N– ရှောင်ဝမ်ပါ ကော/အစ်ကိုကနေ ကော်/အိုးဖြစ်သွား)


ဟောင်နန် တဖန်ပြန်ပျော်သွား၏။


ညတွင် ဟန်ချင်စုန့် အပြင်ကနေ ပြန်ရောက်လာသည်။


၎င်းကို ကလေးများမြင်သောအခါ တျယ်( အဖေ) ပြန်လာပြီလားဟု ကျယ်လောင်စွာ အော်ဟစ်ကြ၏။


​ဟောင်နန်:"ဟုတ်တယ်...ငါပြန်လာပြီ"


ရှောင်ဝမ်:"တျယ်တျယ်~~"


ဟောင်နန်: "တဲ~~"


ရှောင်ဝမ်:"တဲတဲ~~"


အို့ပ်စ်... ရှောင်ဝမ် ခဏလောက် ကြောင်အမ်းသွားပြီး ဟောင်နန်ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။

သူဘာတွေပြောနေတာလဲ... 


(T/N– ဟောင်နန်က စကားကောင်းကောင်းမပြောတတ်သေးတော့ တျယ်/အဖေနဲ့ တိ/ညီလေးကို မှားတာထင်ပါတယ်...စကားကမပီတော့ တဲဖြစ်သွား)


မိုင်စွေ့နှင့် တခြားသူတွေကမူ အသေအလဲရယ်နေကြပြီဖြစ်သည်။ ဟောင်နန်သာ ရက်အနည်းငယ်လောက်နေလျှင် ရှောင်ဝမ် လျှာအထူကြီးဖြစ်သွားလောက်၏။


ညစာစားချိန်၌ ဟောင်နန်က ဆိုလေသည်။

"တကော်...ငါလည်း ပုစဥ်းရင်ကွဲဖမ်းချင်တယ်"


ရှောင်ဝမ်: "တကော်က မြွေလည်းဖမ်းတတ်သေးတယ်"


အိုးကြီးဝမ်:...


ထမင်းစားသောအခါ ဟောင်နန်က တူတွေကို သုံးတတ်နေပြီဖြစ်သဖြင့် တူနှင့် ဟင်းရွက်ချဥ်တစ်ဖက်ကို ယူပြီး ဂုဏ်ယူစွာ စားပွဲပေါ်မှာ ခါပြလိုက်၏။ သဘာဝအတိုင်း ယင်းက အကုန်လုံးကို အံအားသင့်သွားစေခဲ့သည်။


လင်းလန်က ဦးဆောင်ပြီး ချီးမွမ်းလိုက်၏။

" ဟောင်နန်က တော်လိုက်တာ .... "


Xxxxxxx