အပိုင်း ၄၄၇-၄၄၈
Viewers 20k

Part 447


ဟန်ချင်စုန့်နှင့် တဝမ်ကလွဲပြီး အကုန်လုံးက ချီးကျူးနေကြသောအခါ ဟောင်နန်  ရှက်ကာ မျက်နှာလေးနီသွားလေသည်။


သူက ရှောင်ဝမ့်အတွက် ဟင်းရွက်ချဥ်များယူပေးလိုက်ပြီးဆို၏။


"အလုပ်ရှုပ်လေး...ဒီမှာ စား"


 ၎င်းနောက် သူက လင်းလန်အတွက် ထည့်ပေးပြီး ဟင်းရွက်ချဥ်တွေကို အကုန်လုံးအတွက် တစ်ယောက်ပြီးတစ်ယောက် ထည့်ပေးခဲ့သည်။ သို့ပေမဲ့ သူ၏ တူကိုင်စွမ်းရည်ကို အချိန်အတော်ကြာ ကြွားဝါပြီးနောက် သူ့အနေဖြင့် မရေမတွက်နိုင်သော ချီးမွမ်းစကားတွေရရှိပြီးမှသာ ကျေနပ်လေ၏။


နောက်​ဆုံးတွင် သူကျေနပ်သွားပြီး အကုန်လုံးနှင့်အတူတူ စတင်စားသောက်တော့သည်။


ရှောင်ဝမ်:"တူနဲ့စားရတာ အရသာရှိတယ်မလား"


ဟောင်နန်က ခေါင်းညိတ်ကာဆို၏။

"အင်းးး"


ညစာစားပြီးနောက် စန်းဝမ်က ပုစဥ်းရင်ကွဲသွားဖမ်းသော်လည်း အိုးကြီးဝမ်ကမူ ပြောလေသည်။

"မသွားဘူး...စာအုပ်ဖတ်မှာ"


၎င်းနောက် သူက အိမ်ထဲဝင်သွားပြီး မီးထွန်းကာ စာအုပ်ဖတ်နေ၏။


အားဝမ်:"တကောက စာလုပ်နေတယ်...သွားရအောင် "

သူက မိုင်စွေ့နှင့် ညီတွေကိုခေါ်ပြီးအတူတူထွက်သွားလေသည်။


သူတို့ ထွက်သွားသည်နှင့် လင်းလန်က တဝမ်ကို ပြတင်းပေါက်ကနေ တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။ 

သူတကယ်ကြီး စာလုပ်နေတာပဲ ...


ဟန်ဆောင်နေတာ မဟုတ်ဘူးဟ ...


အိုးးး... ဒီကလေးက ပြောရင် ပြောသလို တကယ် လုပ်သားပဲ...အရမ်းမိုက်တယ်... 

 သူမလည်း  တဝမ်ကို  ဆောင်းရာသီပိတ်ရက်ကျ စပရိုက်တိုက်နိုင်ရန် သူ့ကို အကူအညီပေးနိုင်မည့် နည်းလမ်းတွေကို စဉ်းစားနေခဲ့သည်။


သူမ ကလေးစာလုပ်နေသည်ကို မနှောင့်ယှက်ချင်သောကြောင့် အထည်စကို ယူထုတ်လာပြီး ဟန်ချင်စုန့်ကို ပေးလိုက်သည်။


ဤသို့သော  အထည်မျိုး၏ဈေးနှုန်းက ပွင့်လင်းမြင်သာမှုရှိပြီး အဘွားကြီးဟန်ကလည်း ၎င်းကို စုံစမ်းကြည့်ခဲ့ဖူးသည်။ လင်းလန်ဝယ်လာသည်က သူမစုံစမ်းသည်ထက် ဆင့်ငါးဆယ်ပဲ ပိုဈေးချိုနေသည်ကို မြင်သောအခါ  လင်းလန်၏ တတိယအစ်မ ၎င်းကို သိပ်ပင်စျေးလျော့မပေးဟု ခံစားလိုက်ရပေမဲ့ သူမ ဘာမှမပြောနိုင်ချေ။


အထည်ဝယ်ပြီးနောက် လင်းလန်  ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်ပါစေ  သူမက အချုပ်အလုပ်မတော်သောကြောင့် စောင်ချုပ်ရာ၌ ကူညီနိုင်မည်မဟုတ်ပေ။ အဘွားကြီးဟန်က ပထမချွေးမဟန်ကို ချုပ်ရန်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပထမချွေးမဟန်က အချုပ်အလုပ် တော်သောကြောင့်ပင်။ သူမက ထိုအကြောင်းကိုလည်း လင်းလန်ကို ပြောပြချင်ခဲ့သည်။


လင်းလန် : ဟားဟားဟား ရမယ်မထင်နဲ့...


ပထမချွေးမဟန်က အစ်ကိုကြီးဟန်ကို ပြောခိုင်းလိုက်ပြီး အစ်ကိုကြီးဟန်ကလည်း သဘောတူခဲ့သည်။


"အမေ... ကြည့်...တတိယမရီးက ကိစ္စတွေကို သေ​သေသပ်သပ်ကိုင်တွယ်ပေးနေတုန်းပဲ...တခြားသာမန်လူဆို ဘယ်လိုလုပ်ဒီလောက်ကောင်းနိုင်မှာလဲ.


အဘွားကြီးဟန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့သားငယ်လေးက လင်းလန်ကို တစ်နေ့လုံး ချီးမွမ်းနေသည်ကို မကျေမနပ်ဖြစ်နေလေသည်။


... ... ...


အိမ်ပြန်ရောက်သောအခါ  ကလေးတွေက ပုစဉ်းရင်ကွဲတွေနှင့် အတူ အိမ်ပြန်လာခြင်းဖြစ်ပေမဲ့ ဟောင်နန်က မကျေနပ်သေးပေ။ သူက မနက်ဖြန်ပါ ထပ်ပြီး သွားရှာမည်ဟု ပြောလေ သည်။


လင်းလန်က သူတို့ကို ဆေးကြောပြီး အနွေးကုတင်ပေါ် စောစောတက်ခိုင်းလိုက်၏။


စန်းဝမ်က ဟောင်နန်နှင့်ရှောင်ဝမ် ဇလုံထဲမှာ ခြေဆေးရန် သူ့ဘာသာသူ ရေသွားယူပေးခဲ့ပြီး ခြေသုတ်ဝတ်နှင့်ခြောက်အောင်သုတ်ပေးပြီးနောက် အနွေးကုတင်ပေါ် တစ်ယောက်ချင်း ချီတင်လိုက်သည်။


ကုတင်ပေါ်တက်ပြီးနောက် ကလေးတွေက တစ်ယောက်နှင့် တစ်ယောက် စနောက်ရယ်မော နေကြလေသည်။ ဟောင်နန်က အိပ်ချင်လာသောအခါ သူ့ကို အိပ်နေရင်း ဖက်ထားပေးမည့်သူကို လိုက်ရှာပြီးနောက် သူ့ဘေးမှာ သူ့အမေရော အဖွားပါ  မရှိကြောင်း သိသွားသဖြင့် နှုတ်ခမ်းလေးကာ မဲ့လာကာ ငိုချင်လာတော့သည်။


တဝမ်က သူ့ကို စိုက်ကြည့်လိုက်ပြီးဆို၏။

"မငိုနဲ့ "


ဟောင်နန် ကြောက်သွားပြီး နှုတ်ခမ်းတွေပါ တွန့်သွားကာ မျက်ရည်တွေကို ထိန်းထားလိုက်သည်။


စန်းဝမ်က တဟားဟားရယ်ပြီးပြောလေ၏။


"တကော...ဟောင်နန်ကို မခြောက်ပါနဲ့...လာလာ ဟောင်နန်... စန်းကောနဲ့အတူတူအိပ်ရအောင်...စန်းကောက မင်းကို အများကြီးချစ်တယ်"


ဟီးဟီး... ဒီည  မင်းကို ဝူယင်းကျောင်းနဲ့ကျွမ်းထိချွမ်က ဖျော်ဖြေပေးလိမ့်မယ်...


တဝမ်က စန်းဝမ်ကို သူ့နေရာမှာသူအိပ်ရန် ပြန်ကန်ထုတ်လိုက်ပြီး ဟောင်နန်ကို ရှောင်ဝမ်ဘေးမှာထား၊ရှောင်ဝမ်ဘေးမှာသူအိပ်ကာ အားဝမ်က တဖက်စွန်းမှာ အိပ်လေသည်။


အားဝမ်က ဟောင်နန်ကို ပြောလိုက်၏။

"လာ...အားကောကမင်းကိုဖက်လည်းအတူတူပဲ"

ဟောင်နန်က တရွေ့ရွေ့သွားရင်း ဘေးကရှောင်ဝမ်ကို ကြည့်လိုက်သည်။


ရှောင်ဝမ်က သူ့လက်ကို ဦးအောင် ကိုင်ပြီးဆိုလေသည်။

"...ဟူးး...ဟူးး...အိပ်တော့"


ဟောင်နန် စိတ်သက်သာရာရသွားပြီး သူ့အမေနှင့်သူ့အဘွားမပါဘဲ ကျကျနနအိပ်တော့၏။


ညလယ်ခေါင်တွင် ဘန်းခနဲအသံဖြင့် အားဝမ်အကန်ခံလိုက်ရပြီးနိုးလာသည်။ ဟောင်နန်က သူ့နှာခေါင်းကို ကန်လိုက်ခြင်းဖြစ်ပြီး ယင်းက သူ့ကို မူးဝေသွားစေကာ သူ့နှာခေါင်း ကောက်သွားတော့မတတ်ပင်။


သူက စမ်းတဝါးဝါးဖြင့် မီးထွန်းကာ အနွေးကုတင်ကဗီရိုပေါ်တင်လိုက်၏။


သူနောက်ဆုံးတွင် အအိပ်ဆိုးသည့်ညီတစ်ယောက်ရှိနေခြင်းက မည်သို့မည်ပုံဆိုသည်ကို သိသွားပြီဖြစ်သည်။အစ်ကိုကြီးက စန်းဝမ်ကို တစ်ဖက်စွန်းမှာပဲ ချုပ်ထားပြီး စန်းဝမ် အိပ်ရေးဆိုးသည့်အခါ ပြန်ကန်သည်မှာ မဆန်းတော့ပေ။ သူလည်း အစ်ကိုကြီးက အတော်လေး ရက်စက် လွန်းသည်ဟု ထင်ခဲ့မိ၏။ ဤအတိုင်းကို ကြည့်ရပုံအရ ကန်ထုတ်ခြင်းက လုံးဝကို လိုအပ်ပေသည်။စန်းဝမ်သာ အလယ်မှာ အိပ်ပါက သူ အနွေးကုတင်ပေါ်မှာ အိပ်ပင်အိပ်ပျော်နိုင်မည်မဟုတ်ပေ။


အားဝမ်သာ အကန်ခံရပြီး နိုးလာခြင်းမဟုတ်ဘဲ ရှောင်ဝမ်လည်း အကြိမ်ပေါင်းများစွာ အထိုးခံခဲ့ရသည်။


ရှောင်ဝမ်က ကြောင်ပေါက်လေးလို ငြိမ်ငြိမ်အေးအေးလေးသာအိပ်နေ၏။လူတွေက သူ့ကိုရိုက်လျှင်ပင် နိုးလိမ့်မည်မဟုတ်သော်လည်း မသိစိတ်ဖြင့် ပုန်းရှောင်နေပြီး နောက်ဆုံးတွင် တဝမ်လက်မောင်းကြားထဲမှာ ဝင်ပုန်းလေသည်။


တဝမ်၏ နေ့စဉ်အိပ်နေကျပုံစံက စန်းဝမ်ကို ကျောပေးထား၍ဖြစ်စေ၊ သူ့နောက်ကျောမှာ ညာဘက်ခြေထောက်နှင့် ညာဘက်လက်မောင်းကို ကန့်လန့်ထားကာ အိပ်သည်။ စန်းဝမ်က ညသန်းခေါင်တွင်  သူ့အပေါ် လာတင်သည့်အခါ နိုးစရာမလိုဘဲ အခြေအနေအရ အလိုအလျောက်တုံ့ပြန်မှုအရ ပြန်ကန်လေ့ရှိသည်။ တစ်ညမှာ သူတိုက်ခိုက်မှုတွေ  ဘယ်နှစ်ကြိမ်လောက် ပစ်လွတ်ရလဲဆိုသည်ကို စန်းဝမ်မသိပေ။ ထို့ကြောင့် သူ့အနေဖြင့် နံရံနှင့် သူ့အစ်ကိုကြားမှာ လူးလာခေါက်တုံ့ဖြင့် ဂျောက်ဂျက်တစ်ခုလို တန်ပြန်ထိုးစစ်ဆင်ခံနေရတော့၏။


ရှောင်ဝမ် တိုးကပ်သွားသောအခါ တဝမ်ကမနိုးသော်လည်း မသိစိတ်ဖြင့် သူ့လက်မောင်းကိုဖွင့်ပြီး ရှောင်ဝမ်ကို့ သူ့လက်မောင်းကြားမှာထည့်၍ ကာကွယ်ပေးလေသည်။ သို့ရာတွင် ညာဘက်ခြမ်းရှိ ခံစစ်မှာလည်း ရုတ်သိမ်းသွားခြင်းမရှိဘဲ စန်းဝမ်ကို အချိန်မရွေးပြန်ကန်ထုတ်နေ၏။

(သနားရမလားရယ်ရမလား🤣🤣🤣)


Xxxxxxx

Part 448


သူ့အစ်ကိုကြီးက ရှောင်ဝမ်ကို ကာကွယ်နေရရုံတင်မက တောက်တဲ့ကောင်စန်းဝမ်၏ နံရံကိုဖယ်ခွာပြီး ထိုးသုတ်နေခြင်းကိုလည်း သတိထားနေရသည်ကို အားဝမ် မြင်လိုက်ရသည်။ အိပ်နေသည့်တစ်ချိန်လုံး ရက်စက်ကြမ်းတမ်းလှသည့် ရုန်းကန်မှုတွေအပြည့်နှင့်ပင်။


အားဝမ် မြေကြီးပေါ်ဆင်းလိုက်ရပြီး အနွေးကုတင်ကဗီရိုကို အနည်းငယ်ရွေ့ကာ ဟောင်နန်ကို ပွေ့လာလိုက်၏။


ဟောင်နန်ကမူ အိမ်နေရင်း စကားတွေပြောနေဆဲဖြစ်သည်။

"အိုး(ကော်)...အိုး...မြွေ...မြွေ...ပုစဥ်းရင်ကွဲ...ပုစဥ်းရင်ကွဲ "


စန်းဝမ်၏ အိပ်မက်ကလည်း ပွဲတော်တည်နေခြင်း၏ အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ကာ ဝက်လက်/ခြေထောက်များ၊ ကြက်ခြေထောက်ကြီးများ၊မြွေသားများကဲ့သို့သော အသားပေါင်းစုံစားသောက်နေပြီး အော်ဟစ်ရင်း၊စားသောက်ရင်း စကားပြောနေခဲ့သည်။


ဒီညကတော့...အားဝမ် ငိုမိတော့မည်။


မိုင်စွေ့ကလည်း နိုးလာသဖြင့် ထကြည့်လေ၏။

"အစ်ကို ဒီလာအိပ်လှဲ့လေ"


မည်သို့ပင်ဖြစ်ပါစေ မြောက်အနွေးကုတင်ကလည်း အတော်ကြီးပြီး အနွေးကုတင်ဗီရိုတွေနှင့် ပိုင်ခြားထားလေရာ တစ်ဖက်စွန်းမှာတစ်ယောက်အိပ်၍ရပေသည်။


အားဝမ် : " သွားအိပ်တော့...ငါ ဟောင်နန်ကို ရွှေ့လိုက်ပြီ  "


သူ သူ့ချွေးတွေကို သုတ်ပြီး အနွေးကုတင်ပေါ် ပြန်တက်လိုက်၏။


တဝမ်ကလည်း နိုးလာပြီးဆိုလေသည်။

"မနက်ဖြန်ညကျ စန်းဝမ်ကို သူနဲ့အိပ်ခိုင်းရအောင်"


အားဝမ်:အကြင်နာတရားမဲ့လိုက်တာ...သိုပေမဲ့ နောက်တစ်နေ့တွင် ဟောင်နန်နှင့်စန်းဝမ်ကို အတူတူအိပ်ခွင့်မပြုခဲ့ပါချေ။ ဤသည်က အားလုံး၏ ငြိမ်ချမ်းစွာအိပ်ပျော်နိုင်ရေးအတွက်ဖြစ်၏။ထိုအစား ဟောင်နန်အိပ်ပျော်သွားသောအခါ သူ့ကို တစ်ဖက်ခြမ်းမှာ ထားအိပ်လိုက်သည်။


ဟောင်နန်က နိုးလာသောအခါ မပျော်မရွှင်ဖြစ်နေသေး၏။

"ဘာလို့ တားကို ဒီမှာထားပြီး တစ်ယောက်တည်း အိပ်ခိုင်းတာလဲ...တားက ကော်ကော်တို့နဲ့ အတူတူအိပ်ချင်တဲ့ဟာကို"


အားဝမ်က သူ့ကို ညာလိုက်သည်။

"ငါတို့က မင်းကိုမသွားခိုင်းပါဘူး...မင်းဘာမင်း  အဲ့နေရာမှာပဲ ဟန်ကျပန်ကျအိပ်ချင်တယ်လို့ပြောပြီး လှိမ့်သွားတာ"


ဟောင်နန်က ၎င်းကို အတည်ယူသွားပြီး ညရောက်သောအခါ သူ့ဘာသာသူ လိမ့်ပြီး ထိုနေရာသွားအိပ်ခဲ့ကာ လူတိုင်းကို အပျော်ကြီးပျော်စေခဲ့၏။


မပြောင်းလဲနိုင်သည့်ကောင်ဆိုးလေးဆိုသည်ကမရှိဟု လင်းလန်ခံစားရသည်။ မိဘတွေကသာ အမှန်တရားကို လက်မခံနိုင်ခြင်း ဖြစ်သည်။ ယခုဆို ရောက်ရောက်ချင်း ဟောင်နန်က ပြောင်းလဲလာပြီဖြစ်သည်။


........


အခုတလော ဟန်ကျင်းယုက မြို့ကို သွားဖို့ သူ့မစက်ဘီးကို ငှားလေ့ရှိသည်။ သူမက ထိုကိုသွားတိုင်း မျှော်လင့်ချက်တွေနှင် ပြည့်နေပြီး ပြန်လာပြီဆိုလျှင်လည်း ရှက်သွေးဖြာနေကာ နွေဦးလေပြေလို ဖြစ်နေတတ်သည်။


လင်းလန်က ထိုဟာကိုကြည့်ပြီး ညကျ ပြန်မလာပါစေနှင့်ဟု ဆန္ဒပြုမိ၏။


လင်းလန်က သူမကို ယခုလိုသာပြောလိုက်သည်။

"ပြေးလိုက်လွှားလိုက်နဲ့... ဘယ်တော့စေ့စပ်ကြမှာလဲ"

ဗိုက်ကြီးကြီးနဲ့မဂ်လာမဆောင်နဲ့နော်...လူတွေက အတင်းပြောကြလိမ့်မယ်...


ဟန်ကျင်းယုက နည်းနည်းမှ ဒေါသမထွက်ဘဲ လင်းလန်တို့အိမ်မှာနေကာ လင်းလန်ညစာပြင်ချိန်မှာ တကျီကျီနားဒုက္ခပေးနေ၏။


"ဟေး...ယောက်မ...နင်ပြောတော့  လျိုဟောင်ကျဲက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆို... ငါ့ကို ဟာသလုပ်နေတယ် ဟားဟား... ရယ်ပြီးသေအောင်လုပ်နေတာပဲ"


လင်းလန်က သူမကိုစိုက်ကြည့်လိုက်သည်။

အချစ်က နင့်ကိုစိတ်ကောင်းဝင်အောင်ကုပေးလိုက်တာပဲ...ငါနဲ့ဟာသလာလုပ်နေတယ်...အတိတ်မေ့ရောဂါရနေတာလား...ငါတို့နှစ်ယောက်က တွေ့တာနဲ့ကိုက်ကြတာလေ...


ဟန်ကျင်းယုက လင်းလန်၏ ဥပေက္ခာပြုမှုကို ဂရုမစိုက်ဘဲ လျိုဟောင်ကျဲ၏ကောင်းကြောင်းတွေ စပြောတော့၏။


" ငါ့သူကို ပထမဆုံးတွေ့တုန်းက သူကအရမ်း သာမာန်ဆန်တယ်လို့ ခံစားခဲ့ရတာ... သူက မချောဘူး ပြီးတော့ အပြောလည်း မချိုဘူး ...ဒါပေမဲ့ ငါ့သူနဲ့ ရင်းနှီးလာလေလေ ငါသိလာလေလေပဲ...ကျွတ်စ် ကျွတ်စ် သူက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုလေ ... သူ‌စကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်...ပြီးတော့  အရမ်းလည်းမိုက်ပြီး ချောလာတယ်... ဟေးး လင်းလန် နင်မသိဘူးမလား သူ ...... "


ဟန်ကျင်းယု ခေါင်း‌မော့ပြီး လင်းလန်ကို ကြည့်လိုက်ရာ လင်းလန်၏ရယ်သွမ်းသွေးနေသည့် မျက်လုံးတွေက သူမအပေါ် ရေခဲရေနှင့်လောင်းချခံရလိုက်သလို ခံစားသွားစေခဲ့သည်။ ထိုမှသာ သူမ လင်းလန်ကို ဘာတွေ ပြောနေမိလဲဆိုသည်ကို သတိပြုမိသွားတော့သည်။


ရှက်စရာကောင်းလိုက်တာ...


ဒါပေမဲ့ သူမမှာတကယ်ပြောစရာလူမှမရှိတာ...


အဘွားကြီးဟန်ကို ပြောပါက အဘွားကြီးဟန်က အသက်ကြီးလွန်းသဖြင့် နားလည်လိမ့်မည်မဟုတ်ချေ။ ဟန်ကျင်းပေါင်ကမူ ယောကျာ်းလေးဖြစ်နေသည့်အတွက် ပြောရမှာအဆင်မပြေပေ။


ထို့သို့ဖြစ်ရာ သူမ အမှန်တကယ် လင်းလန်ကို မရပ်မနားပြောမိတော့သည်။

လင်းလန်က မေးလိုက်၏။


"သူ 14နှစ်အရွယ်တုန်းကအကြောင်းကို ရှင်းရှင်းလင်းလင်းမေးပြီးပြီလား"


သူမသာဆိုလျှင် လျိုဟောင်ကျဲကို ငယ်ငယ်လေးကတည်းကမသိပါက  လက်ခံမှာမဟုတ်ဟု လင်းလန်ခံစားရသည်။ စင်စစ်အားဖြင့် သူ့မှာ အမည်းစက်တွေရှိနေ၏။


လျိုဟောင်ကျဲက တစ်ခုခု မှားနေသည်ကို သူတွေ့ထားပြီး ယင်းက ပြဿနာကြီးမဟုတ်ဟု ဟန်ချင်စုန့်က ပြောပေမဲ့ လျိုဟောင်ကျဲကို သူ စိတ်မဝင်စားကြောင်း သူမ ခံစား၍ရသည်။ မည်သို့ပင်ဖြစ်စေ  သူမသမီးသာဆို သူမလုံးဝသဘောတူမှာ မဟုတ်ပေ။ သို့ပေမဲ့ ဟန်ကျင်းယုက ဟန်ချင်စုန့်စကားကို နားမထောင်သလို တစ်မိသားစုလုံးကလည်း လျိုဟောင်ကျဲကို အသိအမှတ်ပြုကြ၏။ဟန်ချင်စုန့်အနေဖြင့် သူပြောလျှင်လည်း အသုံးမဝင်သဖြင့် မပြောခြင်းဖြစ်ပေမည်။


ဟန်ချင်စုန့်က ဘယ်တုန်းကမှ စကားကို အချည်းနှီးမပြောပေ။


ဟန်ကျင်းယုက နှုတ်ခမ်းစူကာ မျက်နှာမဲ့လျက်ဆို့၏။

"နင်ဘာလုပ်နေတာလဲ...သူများတွေရဲ့ ကိုယ်ရေးကိုယ်တာကို ဝေဖန်တာက အရမ်းရိုင်းတယ်နော် "


လင်းလန်:"..."


နင်က ဟန်ချင်စုန့်ညီမအရင်းမဟုတ်ရင် နင်ဘယ်သူဘယ်ဝါကို လက်ထပ်ချင်နေတယ်ဆိုတာဘယ်သူက ဂရုစိုက်မှာလဲ...


ဟန်ကျင်းယုက ဆိုလေသည်။

"ဒါပေါ့...ရှင်းရှင်းလင်းလင်း မေးခဲ့တာပေါ့...အဲ့ဒါ တစ်စုံတစ်ယောက်က သူ့ကို ချောက်ချခဲ့တာ...

သူက စိတ်သဘောထားမြင့်မြတ်တယ်...နောက်ပိုင်း အဲ့သားအမိ ဒုက္ခရောက်တော့ သူက သဘောထားကြီးပြီး ကူညီ ပေးခဲ့သေးတယ်... ငါ လျိုဟောင်ကျဲလောက်  ချောမော၊သည်းခံစိတ်ရှိပြီး သဘောထားကြီးတဲ့ယောက်ျားကို တစ်ခါမှ မတွေ့ဖူးဘူး... သူက တကယ်ကို စံထားလောက်တဲ့သူပဲ..."


လင်းလန်: "..." 

နင်က ချစ်မိသွားပြီး  ဦးနှောက်မရှိတဲ့မိန်းကလေးပဲ...မနာလိုမဖြစ်ဘူးလား...စံထားလောက်တယ်ပေါ့လေ...


“သူက အဲ့ဒီသားအမိကို ကူညီပေးသေးတာလား” သူမက မေးခွန်းကို အသေအချာဖမ်းဆုပ်ကာမေးလိုက်သည်။


ဟန်ကျင်းယု: "ဘာမှမဟုတ်ပါဘူး...အဲ့ဒါက သူ့အိမ်နီးချင်းရဲ့ခယ်မလေ...နောက်နှစ်နှစ်လောက်ကြာတော့ အဲဒီအမျိုးသားက ဆုံးသွားပြီး သူ(မ)က သူ့(မ)သမီးကိုခေါ်ပြီး နောက်အိမ်ထောင်ပြုခဲ့တာ...တစ်နှစ်အကြာမှာ အဲဒီလူက တူးမြောင်းပြုပြင်ရင်းနဲ့ ပြုတ်ကျပြီး ထပ်သေသွားတယ်...သူ့(မ)ကိုလက်ထပ်ရဲတဲ့သူ မရှိတော့ဘူး... သူ့(မ)ဘဝက ခက်ခဲခဲ့တယ်... လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူက သူ(မ)ကိုမတော်တဆတိုက်မိခဲ့ပြီး ယွမ်နည်းနည်းနဲ့စားနပ်ရိက္ခာနည်းနည်းတောင်ကူညီခဲ့သေးတယ်... ဒါကဘာမှမဟုတ်ပါဘူး” 


လင်းလန်:"ဒါက တကယ် ဘာမှမဟုတ်ဘူးလား..."


Xxxxxx