Part 449
သူက သူတော်စင်ကြီးဖြစ်နေတာ ဖြစ်ဖြစ် သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်တွေရှိနေတာပဲဖြစ်ဖြစ် ဖြစ်ရမယ်... ဘာလို့ တစ်ကိုယ်ကောင်းမတရားဆန်တဲ့ ဟန်ကျင်းယုက ရုတ်တရက်ကြီး ဒီလောက် သဘောထား ကြီးနေရတာလဲ ...ဂရုမစိုက်ဘူးလား...
ဟန်ကျင်းယုက ဒေါသတကြီး မတ်တပ်ထရပ်ပြီးပြောလေ၏။
"နင်က ဘာလို့ အမြဲ ဒီလောက် ရန်လိုနေတာလဲ... လျိုဟောင်ကျဲက နင့်ကို ဘယ်လို ဆန့်ကျင်မိလို့လဲ"
မီးမွှေးပြီးသွားသောအခါ လင်းလန်ကတံမြက်စည်းကိုင်ပြီး ကြမ်းပြင်ကို တံမြက်စည်းလှည်းလိုက်သည်။
"သွားစမ်းပါ... စိတ်ရှုပ်စရာကောင်းတယ်"
နင့်ကိုလည်း ငါက ဂရုစိုက်လောက်အောင် ပျင်းမနေပါဘူးနော်...
သူမ မည်သို့သိပါမည်နည်း။ ယနေ့တွင် လျိုဟောင်ကျဲကို စံထားလောက်သည်ဟု ချီးကျူးနေသေးသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ဟန်ကျင်းယု ခရိုင်ကပြန်လာပြီး ရုတ်တရက် ဒေါသတကြီး သူတို့နှစ်ယောက်က(လျိုဟောင်ကျဲနဲ့ခယ်မဆိုသူ) ညစ်ပတ်အောက်တန်းကျသည်၊ သူမ လက်ထပ်မှာမဟုတ်ဟုဆိုလာ၏။
ဟန်ကျင်းယုက ထိုဟာနှင့်ပတ်သတ်၍ ဘာမှ မလုပ်တော့ဘဲ ဝံပုလွေတစ်ကောင် သကဲ့သိုပင်။အကြိမ်ပေါင်းများစွာ ကြာပြီးနောက် ဘယ်သူမှ မယုံကြ တော့ချေ။
တခြားသူတွေ မယုံသည်ကို မဆိုထားနှင့် ၊သူမကိုယ်တိုင်ပင် မယုံနိုင်ခဲ့ပေ။ သူမနှင့် လျိုဟောင်ကျဲ ရန်ဖြစ်ပြီးနောက် လျိုဟောင်ကျဲက သူမကို လာတောင်းပန်ပြီး ညင်သာစွာ ချော့လိမ့်မည်ဟုသူမထင်ခဲ့ပေမဲ့ မမျော်လင့်ထားသည်က သူရောက်မလာခဲ့ခြင်းပင်။
သူမ တစ်နေ့ပြီးတစ်နေ့ မျှော်လင့်စောင့်စားနေသော်လည်း လေးရက်ကြာပြီနောက် သူမမနေနိုင်သဖြင့် ခရိုင်သို့သွားရန် လင်းလန်ဆီက စက်ဘီးငှားခဲ့သည်။
လင်းလန် : "နင် သူနဲ့ပြတ်သွားပြီ မဟုတ်ဘူးလား"
ဟန်ကျင်းယုက ဒေါသတကြီးနှင့်ဆို၏။
"ဘာလို့ ငါကောင်းဖို့ မမျှော်လင့်တာလဲ"
"စိတ်မကောင်းပါဘူး...စက်ဘီးမငှားချင်ဘူး" လင်းလန်က နှာခေါင်းရှုံ့ကာ ငါမငှားချင်ရင်ငှားမှာမဟုတ်ဘူးဟုဆိုသည်။
ဟန်ကျင်းယု လင်းလန်က ဤမျှအရှက်မဲ့သူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"နင်... နင်..."
သူမက ခါးခါးသီးသီးပြောလိုက်သည်။
" ငါသူနဲ့ မပြတ်ခဲ့ဘူး... ဒါက အသေးအမွှားပြဿနာလေး တစ်ခုပဲ...ငါဖြေရှင်းပြီးပြီ"
သဘာဝအတိုင်း ပြဿနာသေးသေးလေးဟုတ်မဟုတ် သူမ မသိပေ။ လင်းလန်က သူမကို ရယ်မည်စိုးသဖြင့် ထိုဟာကို သူမပြောပြလိမ့်မည်မဟုတ်ချေ။
မကြာသေးမီက ဟန်ချင်ဟွ လျိုဟောင်ကျဲ ကိုရှာရန် ခရိုင်သို့သွားခဲ့သည်။
လျိုဟောင်ကျဲနှင့် အဆက်အဆံပိုလုပ်လေလေ သူ့ကို ပိုပိုပြီး သဘောကျလာလေလေဟု ဟန်ကျင်းယုက ခံစားလာရသည့်အတွက် သူမအနေဖြင့် လျိုဟောင်ကျဲကို တွေ့ရန် ခရိုင်သို့ သွားရတော့၏။လျိုဟောင်ကျဲက အလုပ်မလုပ်သည့်အခါ သူမကို လျှောက်ပတ် လိုက်ပို့ပေးလေသည်။သူမ မြို့စွန်ရှိ မြစ်ကမ်းဘေးကို သွားရသည်အား အကြိုက်ဆုံး ဖြစ်၏။
လျိုဟောင်ကျဲ စာအများကြီး ဖတ်ပြီး နှိမ့်ချတတ်သူဖြစ်ကာ စိတ်ဆန္ဒရှိသရွေ့ တစ်ဖက်သားကို အမြဲပျော်ရွှင်စေနိုင်သည်။
ထိုနေ့တုန်းက သူတို့ တောအုပ်တစ်လျှောက် မြစ်ဆီသို့ လျှောက်သွားကြသည်။
လျိုဟောင်ကျဲကို ပထမဆုံးမြင်လိုက်ရသည့် အချိန်က ဟန်ကျင်းယု သူ့ကို သာမန်ရုပ်ရည်သာရှိပြီး မချောဘူးဟု ထင်ခဲ့ပေမဲ့ သူနှင့်အကြိမ်ပေါင်းများစွာ အဆက်အဆံလုပ်ပြီးနောက်မှာ ဤလူက ပိုပိုပြီး ချောမောလာကာ သူမနှလုံးသားတွေ တဖျပ်ဖျပ်ခုန်အောင် အမှတ်မထင် ကျီစားနိုင်သည်ကို သူမ တွေ့ခဲ့ရ၏။
ဥပမာအားဖြင့်၊ သူက လက်ရှိအချိန်တွင် မြစ်ကမ်းနံဘေးတွင် သူမနှင့်အတူ ရပ်နေပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ခပ်ဖွဖွ ပြုံးနေခဲ့သည်။သူ့မျက်လုံးများက နူးညံ့နေကာ စူးစိုက်လျက်ရှိပြီး သူမကို စောင်းငဲ့ ကြည့်လာသည့်အခါ သူမက သူနှစ်သက်ရသည့် ပုဂ္ဂိုလ်ဟု ခံစားလိုက်ရသည်။
အသက် 14 နှစ်အရွယ်တုန်းက အဖြစ်အပျက်ကို တွေးပြီး သူမလအနည်းငယ်စိတ်မတိုဘဲ မနေနိုင်ခဲ့ချေ။ လျိုဟောင်ကျဲက မတရားခံခဲ့ရသည်ဟု တတိယအစ်ကို စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ သူမ တွေးမိခဲ့သည်။
သူနတို့ စကားပြောနေစဥ်တွင် သူမ ဤကိစ္စကို ဘာအရိပ်အယောင်မှမပြဘဲ လိမ္မာပါးနပ်စွာ ဆွဲထုတ်လိုက်မည်ဟု တွေးကာ မေးလိုက်၏။
"ရှင် ငယ်ငယ်တုန်းက ရှင့်ဘေးအိမ်က ကလေးမလေးကို ဗလ္လကာရပြုခဲ့တယ်လို့ မတရားချောက်ချခံရတယ်ဆိုပြီး ကျွန်မ ကြားခဲ့တယ်"
လျိုဟောင်ကျဲက မူလက သူမကို အပြုံးလေးနှင့် စကားပြောနေခြင်းဖြစ်သော်လည်း ထိုစကားကို ကြားပြီးနောက်တွင် သူ့မျက်လုံးတဝိုက်ရှိကြွက်သားများ တွန့်သွားခဲ့ပြီး သူ့အပြုံးနှင့်သူ့မျက်လုံးများက ပို၍အေးစက်လာကာ သူ့အသံထဲရှိ အပြုံးရိပ်များကလည်း ပျောက်ကွယ်သွားခဲ့သည်။
"ဟန်ကျင်းရှန်...မင်းက မင်းရဲ့အစ်ကိုကြီးကို ငါ့ကို စစ်ဆေးခိုင်းခိုင်းတယ်ပေါ့ "
ဟန်ကျင်းယုက ချက်ချင်းပဲ အပြစ်လွဲချတော့ လိုက်၏။
"မဟုတ်ဘူး ကျွန်မ ...ကျွန်မ မဟုတ်ဘူး... တတိယအစ်ကိုက သူ့ဘာသာသူ လုပ်တာ... စစ်ဆေးတာနဲပတ်သတ်ပြီး စိတ်မပူပါနဲ့"
လျိုဟောင်ကျဲက သူမကို မျက်ခုံးအနည်းငယ်ပင့်ကာ ဘေးတိုက် လှမ်းကြည့်လိုက်သည်။ သူမက သူမ မည်မျှ ဉာဏ်တိမ်ပြီး မိုက်မဲသည်ကို မသိပေ။သူမက ဘယ်လို လိမ်ရမှန်းမသိသော်လည်း မုသားများစွာဆိုနေသည်။
"အခု စိတ်သက်သာရာရသွားပြီလား"
လျိုဟောင်ကျဲက သူ့နှုတ်ခမ်းပေါ် လှောင်ပြုံးတစ်ခု ချိတ်ဆွဲလိုက်၏။ စိတ်သက်သာရာရပါက သူမမေးမှာမဟုတ်ပေ။
ဟန်ကျင်းယုက သူမလက်ချောင်းတွေကို လိမ်ပြီးဆိုလေသည်။
ရှင် မှားယွင်းအစွပ်စွဲခံခဲ့ရတာလို့ ကျွန်မ အမြဲယုံခဲ့တာပါ...ရှင် တစ်ခါမှ မလုပ်ခဲ့ဖူးဘူး...ဟုတ်တယ်မလား"
"ဒါဆို ငါ လုပ်ခဲ့တယ်လို့ မင်းထင်လား"
လျိုဟောင်ကျဲ လှည့်ပြီး သူမကို မျက်နှာမူလာကာ သူ့လက်များကမူ ဘောင်းဘီအိတ်ကပ်ထဲမှာ ရှိနေဆဲပင်။
သူ့ကိုယခုလိုမျိုး မြင်လိုက်ရသောအခါ ဟန်ကျင်းယု သူ့မှာ အရင်းရှင်လူငယ်လေး တစ်ယောက်၏ စိတ်ကူးယဥ်ဆန်ဆန်စတိုင်မျိုးရှိနေသလို ခံစားလိုက်ရသည်။
"ဟမ်..."
လျိုဟောင်ကျဲက သူမကို ကြည့်လိုက်သည်။
"ကျွန်မ ..."
ဟန်ကျင်းယု သူ၏အနည်းငယ်အေးစက်သောအသံကိုကြားရပြီး သူမ၏နှလုံးသားက ခုန်ပေါက် နေသည်။ အစက သူ့ကို အရှင်းကြီးကို အထင်သေးခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူနှင့်တွေ့တိုင်း သူမပိုပို၍ နှစ်မြုပ်သွားခဲ့ပြီး သူမ မသိလိုက်ခင်မှာ သူ့ကို ဆုံးရှုံးရမှာ ကြောက်လာခဲ့၏။
ဘာကြောင့်လဲ...
"ရှင့်မှာ တခြား ကြိုက်ရသူရှိလား"
ဟန်ကျင်းယု သူမ၏ အလိုလိုသိစိတ်အရ သူက သူမကိုဖြတ်ပြီး တစ်စုံတစ်ယောက်ကို ကြည့်နေသလို အမြဲတမ်း ခံစားနေရသည်။
ရှင် ဘယ်သူကိုကြည့်နေတာလဲ...
လျိုဟောင်ကျဲက ပြုံးပြီးဆို၏။
"မင်းက တကယ်ကို မသင်ကာစရာပဲ... ငါက တခြားသူတွေကိုသဘောကျမှတော့ မင်းနဲ့ ဘလိုင်းဒိတ်တွေ့ချင်ဦးမှာလား... မင်းက ငါ့ကို မာန်တက်တယ်လို့ ပြောမှာကို မကြောက်ပါဘူး... ငါ့ရဲ့ သတ်မှတ်ချက်အရ ငါအိမ်ထောင်ပြုချင်သရွေ့ ခရိုင်တော်လှန်ရေးကော်မတီက ကေဒါတွေရဲ့ သမီးတွေ အစ်မတွေတောင် အိမ်ထောင်ပြုနိုင်မှာမဟုတ်ဘူး”
"ဒါပေမဲ့ ရှင်... ရှင် ကျွန်မကို ချစ်လား"
ဟန်ကျင်းယု ရဲစိတ်တင်ကာ မေးလိုက်သည်။
"ဟားဟား"
လျိုဟောင်ကျဲက ရယ်ရင်း ဆို၏။
"ရဲဘော် ဟန်ကျင်းရှန်... မင်းက အရမ်းချစ်စရာကောင်းတယ်... ငါမင်းကို ချစ်မိတော့မှာပဲ"
ဟန်ကျင်းယု၏ နှလုံးသားက အထိန်းအကွပ်မရှိ ခုန်ပေါက်နေသည်။
Xxxxx
Part 450
လျိုဟောင်ကျဲက သူမကို ဖက်ပြီး သူမမေးရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ နှိမ့်ချ ကြည့်လိုက်သည်။
ဟန်ကျင်းယု အစတွင် လန့်ဖျပ်သွားပြီး လူအများက သူမကို အတင်းအဖျင်းပြောမည်ကို ကြောက်ရွံ့သဖြင့် ငြင်းဆန်ချင်သော်လည်း သူ့ရင်ခွင်ထဲတွင် ထို့ကဲ့သို့ပင် အတင်းအကြပ် ချုပ်နှောင်ထားခြင်းခံရကာ သူ့ထံမှ ဤကဲ့သို့ အကြည့်ခံရနေရသည်က သူမ တကိုယ်လုံး အားနည်းသွားသလို ခံစားရစေသည်။
လျိုဟောင်ကျဲ၏လက်က သူမအကျီထဲသို့ ရုတ်တရက်ရောက်လာပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။
"အားး——"
ရုတ်ချည်း အေးစက်မှုက ဟန်ကျင်းယုကို ထခုန်မိသွားစေပြီး သူမ ချက်ချင်း နောက်ဆုတ်ကာ သူ့ကို ဒေါသတကြီး ကြည့်လိုက်၏။
"ရှင်...ရှင်..."
လျိုဟောင်ကျဲကမူ အပြစ်ရှိစိတ်မရှိသလို ထိတ်လန့်တကြားလည်းဖြစ်မသွားဘဲ အရာအားလုံးက ရှုခင်းကြည့်နေရသလို သဘာဝကျကျလေးနှင့် လန်းဆန်းနေသကဲ့သို့ ပြုံးနေသေးသည်။
"ရှင်..."
ဟန်ကျင်းယုက သူ့ကိုစိုက်ကြည့်ကာ
"ရှင် ကျွန်မကိုကစားချင်တာလား..."
လျိုဟောင်ကျဲက ပြုံးရုံပြုံးကာဆို၏။
"မင်းတကယ်ရယ်ရတယ်... ငါမင်းကိုလက်ဆောင်အကြီးကြီးနဲ့လက်ထပ်ဖို့ကမ်းလှမ်းခဲ့တာ... ဘယ်လိုလုပ်ပြီး ကစားတာဖြစ်မှာလဲ...ကစားတာဆိုတာ ဘာကိုခေါ်တာလဲနားလည်ရဲ့လား... မချစ်ဘဲ လက်မထပ်ဘဲ...မင်းနဲ့အိပ်ရုံအိပ်တာကို ကစားတာလို့ ခေါ်တယ်"
သူက ထိုသို့ ညစ်ညမ်းသော စကားလုံးများ ပြောသောအခါ ဟန်ကျင်းယု ဒေါသကြောင့် တုန်တုန်ယင်ယင်တွေဖြစ်လာပြီး သူ့အား သူမကို အမြန် ခွင့်လွှတ်ရန်တောင်းပန်လာစေချင်ခဲ့သည်။
သို့ပေမဲ့ သူက သူမကို ဤအတိုင်းပဲ ကြည့်နေပြီး သူ့မျက်လုံးတွေကမူ သားကောင်က မလွတ်မြောက်နိုင်ဘူးဟူသော စိတ်ပိုင်းဖြတ်မှုအပြည့်နှင့်။
သူမ ဒေါသထွက်လွန်း၍ ငိုမိပြီး ခြေဆောင့်ကာ ပြောလိုက်သည်။
"လျိုဟောင်ကျဲ နင်... လူယုတ်မာ...ငါ နင့်ကို လက်မထပ်ချင်ဘူး...ဖျက်ကြမယ်"
လျိုဟောင်ကျဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍နက်ရှိုင်းလာပြီး သူကပေါ့ပေါ့ပါးပါး ပြောလာသည်။
"ဒါဆို ခွင့်ပြုပါဦး... နှုတ်ဆက်ပါတယ်"
သူက အနည်းငယ် ဦးညွှတ်ပြီး လှည့်ထွက်သွား၏။
ဟန်ကျင်းယု : "နင်...ပြန်လာခဲ့..."
ဟန်ကျင်းယု မနေနိုင်ဘဲ နောက်ကပြေးလိုက်မိသွားသည်။ သူမ မျက်လုံးတွေက နီရဲနေပြီ ခြေဆောင့်ကာဆိုလိုက်၏။
"ငါ...ငါ...ဝူး..."
လျိုဟောင်ကျဲက သူမကို အကူအညီမဲ့ဟန် ကျီစားလိုဟန် အမူအရာဖြင့် ပြန်လှည့်ကြည့်ကာပြောလာသည်။
"မင်းကိုမင်းကြည့်ပါဦး...ငိုချင်တိုင်း ငိုနေတော့တာပဲ...တကယ်ကလေးမလေးပဲ... ဘာဖြစ်နေတာလဲ တကယ်သိချင်တာလား"
ဟန်ကျင်းယုက ခေါင်းညိတ်လိုက်သည်။
လျိုဟောင်ကျဲက သူမဆီကို လက်ယက်ခေါ်လိုက်ကာ ဟန်ကျင်းယုက ခွေးပေါက်လေးတစ်ကောင်လို ပြေးလာပြီး သူမကိုယ်သူမ သူ့လက်မောင်းကြားထဲ ပစ်ဝင်လိုက်သည်။
လျိုဟောင်ကျဲက သူမကို ဆွဲမတ်လိုက်ပြီးဆို၏။
"ပတ်ဝန်းကျင်ကို ဂရုစိုက်... ပြည်သူ့လုံခြုံရေးဌာနက လူတွေက လူရမ်းကားဆိုပြီးဖမ်းလိမ့်မယ်"
သူပြောသည်ကို ကြားသောအခါ ဟန်ကျင်းယု သူ၏ ခုနက လုပ်ရပ်တွေကို ပြန်သတိရပြီး သူ့ကို စိုင်မကြည့်ဘဲမနေနိုင်ခဲ့ပေ။
လျိုဟောင်ကျဲက ခေါင်းငုံ့ပြီး သူ့နဖူးကို သူမနဖူးနှင့်ဖိကပ်ထားရင်းပြောလာသည်။
"တောင်းပန်ပါတယ်...ကိုယ်မထိန်းနိုင်ခဲ့ဘူး... နောင်မလုပ်တော့ပါဘူးကွာ"
ဟန်ကျင်းယု ဘဝင်ခိုက်သွား၏။
၎င်းနောက် လျိုဟောင်ကျဲက သူမကို သူ 14 နှစ်အရွယ်ကအကြောင်း တကယ်ပြောပြခဲ့လေသည်။ ထိုခယ်မက နေ့တိုင်း အပြောအဆိုမဆင်ခြင်ဘဲ သူ့ကို တန်ဖိုးမရှိသူအဖြစ် အမြဲလိုလို ဆဲဆိုကြိမ်းမောင်းသည်။သို့ပေမဲ့ သူမက တော်တော်လှပြီး လျိုဟောင်ကျဲကို အကြောင်းတစ်ခုခုကြောင့် ချစ်မိသွား၏။
ထို့ကြောင့် လျိုဟောင်ကျဲကို သူမယောကျာ်း အိမ်မှာ မရှိဘူးဟုပြောပြီး အိမ်မှာရှိသည်အရာတွေကို ကူရွှေ့ပေးရန် တောင်းဆိုသည့်အတွက် လျိုဟောင်ကျဲက သွားခဲ့သည်။ ရလဒ်အနေဖြင့် သူမအခန်းထဲဝင်သွားပြီးသည်နှင့် သူမက လျိုဟောင်ကျဲကို ပွေ့ဖက်လိုက်ပြီး သူ၏ရုန်းကန်မှုကို လျစ်လျူရှုကာ ခြိမ်းခြောက်ခဲ့၏။ နောက်ပိုင်းမှာ သူက ကြောက်လန့်တကြားအော်လိုက်သောကြောင့် သူမ အဆုံးမသတ်နိုင်မှာကို ကြောက်သဖြင့်တစ်ရေးတစ်မော အိပ်နေသော ကောင်မလေးကို ရမ်းကားခဲ့သည်ဟု သူ့ကိုလိမ်လည်စွပ်စွဲခဲ့သည်။
ထိုအချိန်တွင် သူ၏ဘောင်းဘီရှည်က ဆုတ်ဖြဲခံထားရပြီး သူမ၏ချစ်သူက အပြေးရောက်လာသည့် ကေဒါများထဲတွင် ပါဝင်နေသောကြောင့် လျိုဟောင်ကျဲ သဘာဝအတိုင်း ဖမ်းဆီးခံခဲ့ရသည်။
သူသည် နှစ်လကြာ ထောင်ချခံခဲ့ရပြီး သူ့မိဘများက သူ့အား သူတို့၏ စည်းစိမ်ဥစ္စာများနှင့်အဆက်အသွယ်အားလုံးကို အသုံးပြု၍ အပြင်ထုတ်ပေးခဲ့သည်။
"ကိုယ် အငြိုးမထားပါဘူး...နာကြည်းမှုတွေက ကိုယ့်ကို ကောင်းကျိုးမပေးဘူးလေ...စာကြိုးစားပြီးပဲ ကိုယ့်အရှက်တရားကို ဆေးကြောနိုင်တယ်...အမှန်က အဲဒီအမျိုးသမီးရဲ့ ဘဝက မကောင်းဘူး...သူဘယ်သူနဲ့အိမ်ထောင်ပြုပြု သေသွားကြတော့ *တံမြက်စည်းကြယ်လို့ပြောကြတယ်... သူမနောက်ဆုံးမှာ ဆင်းရဲသွားတယ်... အဆုံးစွန်ထိ နိမ့်ကျသွားတယ်... ပြောကြည့် ဒါက ကောင်းကင်ဘုံစည်းမျဥ်းတွေရဲ့ သံသရာပဲလား"
(T/N– ကံဆိုးခြင်းတွေ သယ်ဆောင်လာသူ။အထူးသဖြင့် အမျိုးသမီးတွေကိုခေါ်လေ့ရှိ)
ဟန်ကျင်းယုက သူ၏ တစ်ဖက်သတ် ဖော်ပြချက်ကို ယုံကြည်ပြီး ထိုအမျိူးသမီးနှင့် သူမသမီးကိုပင် ကြိမ်းမောင်းခဲ့သည်။
ထိုအခါ လျိုဟောင်ကျဲကပြောလာခဲ့၏။
"မင်း သူ့ကို ဘာအတွက် ကြိမ်းမောင်းနေတာလဲ... သူက စိတ်ဆန္ဒရဲ့ကျေးကျွန်တစ်ယောက်ဖြစ်ရုံတင်...နိမ့်ကျတဲ့လူတစ်ယောက်အနေနဲ့ ကံကြမ္မာရဲ့ လမ်းကြောင်းကို ဘယ်တော့မှ မမြင်နိုင်ဘဲ ပုရွက်ဆိတ်လို နေထိုင်လိုစိတ်ရှိသူတစ်ယောက်... နောက်ပိုင်းမှာ သူ ဆင်းရဲလွန်းလို့ ငတ်သေလုမတတ်ပဲ...ကိုယ် သူ့ကို ယွမ်အနည်းငယ်နဲ့ ဂျုံတစ်ကတ်တီလောက်တောင် ကူညီခဲ့သေး တယ်”
ဟန်ကျင်းယု အံ့အားသင့်သွားသည်။
"ရှင်... ရှင်ဘာလို့ သူ့ကို ကူညီခဲ့တာလဲ...သူက ရှင့်ကို အများကြီးထိခိုက်စေခဲ့တာလေ"
"နာကျည်းမှုတွေကို သီလနဲ့ ပြန်ဆပ်တာက ဘဝရအခြေအနေတစ်ခုပါပဲ... ရဲဘော် ဟန်ကျင်းရှန် မင်းမိသားစုက ကိုယ်ကို စုံစမ်းတဲ့အခါရော ကိုယ်စိတ်မဆိုးရဘူးလား...မင်းက အစတုန်းက ကိုယ်အပေါ် အေးစက်ပြီး ဂရုမစိုက်ဘူး...အဲဒါတောင် ကိုယ်က ပြုံးပြပြီး နှုတ်ဆက်နေတုန်းပဲမလား"
ဟန်ကျင်းယု ရုတ်တရက် ရှက်ရွံ့သွားသလို ခံစားလိုက်ရပေမဲ့ စိတ်ထဲမှာ လျိုဟောင်ကျဲဆီကနေ ပိုပိုပြီး စွဲဆောင်ခံရလာ၏။ သူက သာလွန်နေပြီး သူ့ကို အထင်ကြီးရန်လိုအပ်သလို အမြဲခံစားရသည်။ သူမ ပိုနားလည်လာလေလေ၊ သူ့ကို ပိုကိုးကွယ်ချင်လေလေဆိုသည့် ခံစားချက်တစ်ခု ရှိနေ၏။
သူမက ငယ်လွန်းပြီး နှိမ့်ကျလွန်းနေသည်။
နောက်ပိုင်းမှာ ထပ်ပြီး ရန်ဖြစ်ရသည် အကြောင်းအရင်းက ပိုရိုးရှင်းပါ၏။ မိန်းမတစ်ယောက်က အထူးသဖြင့် ဇွတ်တရွတ်နိုင်သူ၊သာမန်ဆန်သူ၊ အသုံးမကျသူဖြစ်လျှင် ချစ်မိသွားပြီး ထိုယောက်ျားက သူမကို ချစ်သည်ဟု ထင်သည်နှင့် သဘာဝအတိုင်း အသည်းလှိုက်အူလှိုက် စိတ်ရင်းနှင့် ပေးကမ်းချင်၊အတုံ့အလှယ်ပြုချင်လာကြသည်။
သူမက လျိုဟောင်ကျဲကို ချစ်သည်၊ လျိုဟောင်ကျဲကလည်း သူမကဲ့သို့ သူမကို ချစ်သင့်သည်။
ချိုသာသောစကား၊ ရင်ခုန်ဖွယ်ကောင်းသော နှလုံးသားချင်းစကားပြောမှုများ၊...ပင်တောင်မှ
သို့သော် လျိုဟောင်ကျဲမှာ ထိုအရာမရှိသည်ကို သူမတွေ့ရှိခဲ့ရသည်။သူမကို အပြုံးဖြင့်ကြည့်သော်လည်း သူ့မျက်လုံးများတွင် ပူလောင်ပြင်းပြမှုမရှိဘဲ အေးစက်မှုများပင်ရှိနေသေး၏။
ထို့အပြင် သူက တခြားအမျိုးသမီးတွေအပေါ်လည်း အလွန်အင်မတန် ကောင်းလေသည်။
Xxxxxx