Part 451
ထို့အပြင် သူက တခြားအမျိုးသမီးတွေအပေါ်လည်း အလွန်အင်မတန် ကောင်းလေသည်။
ဟန်ကျင်းယု မနာလိုဖြစ်ပြီး ဒေါသတလူလူဖြစ်နေသည့်အတွက် သူအနေဖြင့် အမျိုးသမီးတွေ ခပ်ခွာခွာနေရန်လိုအပ်လာပြီး သူတို့နှင့် အဆက်အဆံမလုပ်လျှင်ကား အကောင်းဆုံးပါပင်။။
လျိုဟောင်ကျဲ: "ငါမင်းကိုလက်ထပ်ရင် ငါက တစ်ကိုယ်တည်းသမားဖြစ်လာရမယ်လို့ မင်းထင်နေတာလား...ပတ်၀န်းကျင်မှာ မိန်းမတွေ အများကြီးရှိနေတယ် ...ငါဘာမှမလုပ်ချင်ခဲ့ဘူးလေ... မဟုတ်ရင် ငါသူတို့ကိုလက်ထပ်ခဲ့တာကြာပြီ... မင်းကိုလက်ထပ်ချင်မှာတောင်မဟုတ်ဘူး"
ထိုစကားကြောင့် ဟန်ကျင်းယု ဤအမှန်တရားကို သိသော်လည်း အခြားအမျိုးသမီးများက သူ့ကို အလွန်ချစ်ခင်ကြပြီး သူကသူတို့ကို နူးညံ့စွာပြောဆိုသည်ကို မြင်သောအခါ မခံမရပ်နိုင်ဖြစ်မိသည်။
ထို့ကြောင့် ရန်ဖြစ်၊ဒေါသထွက်ခဲ့ကာ သူ့အား သူမကို နောက်ကလိုက်ပြိး ချော့စေ ချင်သည်။
သို့ရာတွင် လျိုဟောင်ကျဲက မလုပ်ခဲ့ပေ။
ထို့ကြောင့် ဟန်ကျင်းယု တဖန်ပျာယာခတ်သွား၏။
ဒါပေမဲ့ သူမ လင်းလန်ကို ပြောပြလို့ရမလား..လင်းလန်က သူမကို သေအောင် ရယ်နေဦးမှာ...
"နင်ငါ့ကိုမငှားချင်ဘူးဆိုလည်း ငါ့ဘာငါလမ်းလျှောက်ပြီးပဲသွားမယ်"
ဟန်ကျင်းယုက ဒေါသထွက်လွန်း၍ တစ်ခွန်းပဲပြောပြီး မျှော်လင့်ထားသည့်အတိုင်း ထွက်ပြေးသွားလေသည်။
လင်းလန်က သူမနောက်ကျောကို လှမ်းကြည့်ကာဆိုလိုက်၏။
"ရူးလိုက်တာ"
လျိုဟောင်ကျဲက အစီအစဉ်အဆွဲကောင်းသူဟု သူမ ခံစားရသည်။ သူနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်ကို တဇွတ်ထိုးနိုင်ပြီး တစ်ကိုယ်ကောင်းဆန်သည့်ကောင်မလေး ဟန်ကျင်းယုကို အဘယ့်ကြောင့် အမိဖမ်းရသနည်း။
သူမ ဟန်ချင်စုန့်နှင့် စကားပြောခဲ့ပေမဲ့ ဟန်ချင်စုန့်က ဤကိစ္စကို စိတ်မဝင်စားခဲ့ပေ။မည်သို့ပင်ဖြစ်စေ လျိုဟောင်ကျဲက ရာဇ၀တ်မှုမကျူးလွန်ခဲ့ဘဲ လုပ်ငန်းခွင်မှာလည်း နာမည်ကောင်းရခဲ့သည်။ အဓိကအချက်မှာ ဟန်ကျင်းယုက သူ့ကို စွဲလမ်းနေပြီး တခြားသူများ၏စကားကို နာထောင်ရန် မဖြစ်နိုင်ပေ။
ဟန်ကျင်းယုက ခရိုင်ကို နှစ်ကြိမ်သွားခဲ့ပြီး ဤတစ်ခေါက် ပြန်လာသောအခါ စေ့စပ်ကြောင်းလမ်းကြောင်း တိုက်ရိုက်ကြေငြာခဲ့၏။
နှစ်ရက်အကြာတွင် လျိုမိသားစု၏ အောင်သွယ်က လက်ထပ်ခွင့်တောင်းရန် ရောက်ရှိလာပြီး စောစောက ဆွေးနွေးခဲ့သည့် တင်တောင်းကြေး နှင့် ခန်းဝင်ပစ္စည်းအတိုင်း စေ့စပ်ကြောင်း စာရွက်စာတမ်းကို ချရေးခဲ့ကာ လက်ထပ်ထိမ်းမြားမည့်ရက်ကို ဆွေးနွေးခဲ့သည်။ ဟန်ကျင်းယု၏မွေးနေ့အရ လူနာနှစ်၏ ဆယ့်နှစ်လမြောက်လတွင် လက်ထပ်ရန်စီစဉ်ထားသည်။
စေ့စပ်ပြီးနောက် သူက ဆောင်းဦးရာသီ ရိတ်သိမ်းဖို့ ပြင်ဆင်ရန် စိုက်ခင်းသို့ ပြန်သွားရမည်ဖြစ်ပြီး ဆယ်နှစ်လပိုင်း ဟန်ကျင်းယု အိမ်ထောင်ကျသည့်အချိန်အထိစောင့်ပြီးမှ သူမကို လိုက်ပို့ရန် အိမ်ပြန်လာမည် ဟန်ချင်ဟွက ပြောခဲ့သည်။
သူက ဟန်ချင်စုန့်ကိုပြော၏။
"တတိယအစ်ကို... ငါက နှံစားပြောင်း ကောက်ဖို့ မစခင်ကို နှစ်ရက်နေရင် ပြန်မှာ... ငါ့အစ်မလက်ထပ်တဲ့အခါ ငါပြန်လာမယ်"
ဟန်ချင်စုန့််က ခေါင်းညိတ်ပြီးဆိုသည်။ "ကြိုးစားပါ"
" သေချာတာပေါ့ "
ဟန်ချင်ဟွ: "အစ်ကို မင်းဌာနခွဲအတွင်းရေးမှူးကိုတွေ့ချင်တယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား ...ငါမင်းနဲ့အတူတူလိုက်မယ်"
ရှန်ရွေ့ရွာမှာ ဝါဒဖြန်ရေးမရှိသည့်အခါ လူကြီးတွေက များသောအားဖြင့် အုပ်စုပေါင်းများစွာ ခွဲသွားကြ၏။ တချို့က ညစ်ညမ်းဟာသတွေအကြောင်း ဝိုင်းဖွဲ့ပြောကြပြီး တချို့က လယ်ကွင်းထဲမှာ ဝူဖုစစ်တုရင်ကစားကြပြီး တချို့က ဌာနခွဲအတွင်းရေးမှူးကိုရှာပြီး အသစ်အဆန်းတွေကြားရရန် ရေဒီယို နားထောင်ကြသည်။ ပထမချွေးမဟန်၏စကားအရ ဟန်ချင်စုန့်မှလွဲ၍ အခြားမည်သူမျှ အိမ်တွင် ဇနီးဖြစ်သူနှင့် ကျီစယ်မနေကြပေ။
ဟန်ချင်ဟွက သူ၏ တတိယအစ်ကိုဖြစ်သူနှင့် လမ်းလျှောက်ရင် စကားပြောချင်သည်ဟု ပြောပြီး မြစ်ဆီသို့သွားလိုကြောင်းအမူအရာပြ၏။ထိုနေရာ၍ လေများက မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်နေကြပြီး မြစ်ကမ်းနံဘေးရှိ မိုးမခပင်များသည် ထူထဲဝေဆာကာ ပိုမိုအေးမြစေသည်။
ဟန်ချင်စုန့်် မြစ်ကမ်းနားဘေးတွင် ရပ်ကာ မြစ်၏ ဦးတည်ရာကို ကြည့်လိုက်သည်။
ဟန်ချင်ဟွက သူ့ကိုကြည့်ပြီးဆို၏။
"တတိယအစ်ကို မင်းကမသိဘူး... ငါဒီတစ်ခေါက် ပြန်လာတော့ တကယ်ကို စိတ်ပူမိတယ်... မင်းငါ့ကို အထင်သေးပြီး လက်ခံဖို့ ငြင်းမှာကို ငါကြောက်တယ်...မင်းငါ့ကိုလာခွင့်မပြုမှာကိုလည်းကြောက်တယ်... ငါ့ရဲ့တတိယမရီး ဒီလောက်မတွန့်တိုဘူးလို့ ငါမမျှော်လင့်ထားဘူး... အရမ်းကောင်းတာပဲ"
ဟန်ချင်စုန်: "မင်းက မင်းရဲ့စရိုက်ကိုပြောင်းလဲရင် မင်းရဲ့တတိယမရီးက သဘာဝအတိုင်း တွန့်တိုနေမှာမဟုတ်ဘူး"
ဟန်ချင်ဟွ : "ငါ သေချာပေါက် ပြောင်းလဲမှာပါ... ငါမပြောင်းလဲရင် အားလုံးက သူတိုဆွေမျိုးတွေကို သစ္စာဖောက်ကုန်လိမ့်မယ်...ဟားဟား အဲဒါကို စဉ်းစားရတာ တကယ်အဆင်မပြေဘူး...တတိယ အစ်ကို စိတ်မပူပါနဲ့... ငါ ကြိုးစားပြီးကောင်းကောင်းနေမှာပါ ... ဘယ်တော့မှ ထပ်မပြဿနာမရှာ တော့ဘူး"
သူက သူ့ကိုယ်သူ လှောင်ရယ်ကာဆို၏။
"အဲဒီတုန်းက ငယ်ရွယ်ပြီး မသိနားမလည်ခဲ့ပေမဲ့ ငါအခု ကြီးပြင်းလာပါပြီ"
ဟန်ချင်စုန့် က ခေါင်းညိတ်ကာပြောလိုက်သည်။ “ဒါက အကောင်းဆုံးပဲ”
သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
“မင်းလည်း စိုက်ခင်းမှာသူငယ်ချင်းတွေ အများကြီး တွေ့ရတယ်မလား...အဲဒါ ကောင်းတယ်”
ဟန်ချင်ဟွက စတင်ပြီး စိုက်ခင်းထဲမှာ သူသိခဲ့သည့်လူတွေကို ပြောပြ လိုက်သည်။
"ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက မင်းကိုအရင်ပြောဖူးတဲ့ ဦးလေး... သူကလျိုဟောင်ကျဲကို တစ်ချိန်က သင်ပေးခဲ့ဖူးတယ်...ဖန်ယီခွင်းတဲ့...ဆရာဖန်က ပညာတတ်တယ်...အဲဒီတုန်းက ကောလိပ်ကျောင်းသားဖြစ်ခဲ့တာ... သူက ငါတို့ ပင်းပေအလယ်တန်းကျောင်းရဲ့ ဒုတိယကျောင်းအုပ်ဖြစ်ခဲ့ဖူးတယ်...တရုတ်စာသင်ကြားရေးဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ခရိုင်အစိုးရက သူ့ကို ပညာရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအဖြစ် ဖိတ်ကြားခဲ့တယ်...ဒါပေမဲ့ သူက လူတွေကို ပညာရေး ရာထူးနဲ့ သင်ကြားလိုတယ်လို့ပြောပြီး သွားဖို့ ငြင်းဆိုခဲ့တယ်...သူက ဒီလိုလူကောင်းတစ်ယောက်ဖြစ်ပေမဲ့ တိုက်ပွဲက မလွတ်မြောက်ခဲ့ဘူး...တိုက်ပွဲက ရက်စက်ကြမ်းကြုတ်လွန်းလို့ ကြိုးဆွဲအရိုက်ခံရပြီး ခြေထောက်တစ်ဖက်က ခြေဆွံ့သွားခဲ့တယ်”
ဟန်ချင်စုန့်က ဘာမှမပြောဘဲ ငြိမ်သက်စွာ နားထောင်ခဲ့သည်။
အချိန်အတော်ကြာ စကားပြောပြီးနောက် ဟန်ချင်ဟွ စိတ်ခံစားချက်ဖြင့် ပြောသောအခါတွင် မျက်လုံးများနီရဲလာသည်။ သူက ဟန်ချင်စုန့်၏ လက်မောင်းကို ကိုင်ကာဆို၏။
"တတိအစ်ကို မင်းမသိဘူး... ပထမတုန်းက ငါ... ငါမုန်းတယ်... မင်းက ငါ့ကို ဂရုမစိုက်ဘူးလို့ငါထင်ခဲ့တယ်... ငါက အလုပ်သမား ပြုပြင်ပြောင်းလဲရေး စိုက်ခင်းကို သွားရတော့မယ်...မင်းက ငါနဲ့ စကားမပြောချင်တော့ဘူး”
သူ့အသံက အနည်းငယ်ဆို့နေပြီး သူ ဆက်မပြောနိုင်တော့ဘဲ သူ့ခေါင်းကို ဟန်ချင်စုန့်၏ ပခုံးပေါ် မှီလိုက်သည်။
"တတိယအစ်ကို... ငါ့ကို လက်မလျှော့ဘဲ အမြဲတမ်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဖြတ်သွားသော ပုစဥ်းရင်ကွဲအရှာထွက်သည့် လူများက သူ့တိုညီအစ်ကို လမ်းပေါ်တွင် စကား ပြောနေကြသည် ကြည့်နေကြသည်။
Xxxxxxxx
Part 452
ဟန်ချင်စုန့်က ၎င်းကို အလေးအနက်မထားဘဲ လက်မြှောက်ပြီး သူ့ပခုံးကို ပုတ်ကာဆို၏။
"မင်းရဲ့အမှားတွေကို ပြင်နိုင်တာကောင်းတယ်... နောင်မှာ ထပ်မလုပ်နဲ့တော့"
ဟန်ချင်ဟွက အာမခံလိုက်သည်။
"တတိယအစ်ကို... စိတ်မပူပါနဲ့...နောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ငါကတိပေးပါတယ် "
ဟန်ချင်စုန့်က သူ့ကို တွန်းလိုက်၏။
အစ်ကိုကြီးဟန်လိုပဲ ဟန်ချင်စုန့်လည်း အထူးသဖြင့် တခြားသူတွေနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတသည့်အခါ သူ့ခံစားချက်တွေကို ထုတ်ပြရသည်အား မကြိုက်ပါချေ။
ဟန်ချင်ဟွက သူ့လက်ကို လွှတ်လိုက်ပြီး သူ့မျက်ရည်တွေကို အမြန်သုတ်ကာ ပြုံးလေသည်။
"ယောကျာ်းတွေက ဝမ်းနည်းတဲ့အဆင့်ကို မရောက်မချင်း မျက်ရည် လွယ်လွယ်နဲ့ မကျတတ်ဘူးလို့ပြောကြတယ် ဟဟ"
ဟန်ချင်စုန့်က သူ့ကို စိုက်ကြည့်ကာ ဆို၏။
"မင်းက ငယ်ပါသေးတယ်...ငိုနေလည်း ဘယ်သူမှ မရယ်ဘူး"
ဟန်ချင်ဟွက ဆက်ပြောလာသည်။
"တတိယအစ်ကို ကျောင်းအုပ်ဖန်က ငါ့ကို အများကြီး ကူညီပေးခဲ့တယ် ...သူက အရမ်း ဗဟုသုတ ရှိပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်..သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရတာကိုပဲ မကြည့်ပါနဲ့... သူ့က သဘောထားကြီးပြီး အာဃာတတွေ လုံးဝ မထားဘူး...သူနဲ့ငါက လူတွေ အာဃာတထားရတဲ့ အကြောင်းရင်းက ရင့်ကျက်မှု မရှိသေးတဲ့အတွက်လို့ပြောခဲ့ကြတယ်... လူတစ်ယောက်ဟာ လုံလောက်အောင် သန်မာလာတဲ့အခါ လောကကြီးကို ကျော်လွှားနိုင်ပြီး အမှားအမှန်ကို သိနိုင်သလို အာဃာတထားဖို့ မလိုအပ်ဘူးဆိုတာလည်း သိလာတယ်... မင်းမှားရင် နောင်တရဖို့ အရည်အချင်းမမီဘူး... မင်းမှန်တယ်ဆိုရင် မတရားဆက်ဆံခံရတယ်...အာဃာတထားနေသေးရင် ကိုယ့်ကိုကိုယ် ပိုမသနားရာမကျဘူးလား...အဲဒီအစားကောင်းအောင်နေထိုင်ပြီး မင်းမှန်တယ်ဆိုတာ သက်သေပြဖို့အချိန်ယူရမယ်”
ဟန်ချင်စုန့်က ရပ်လိုက်ပြီး သူ့ကို လေးလေးနက်နက် လှည့်ကြည့်လေသည်။
ဟန်ချင်ဟွက ပြုံးပြီးပြော၏။
"တတိယအစ်ကို...ငါက ကွဲပြားသွားတယ်လို့ မင်းထင်လား...ကျောင်းအုပ်ဖန်က တကယ်ကို အံ့သြစရာကောင်းတယ် ...သူက ငါ့ကို အရင်က ဘယ်သူမှ မသင်ပေးဖူးတဲ့အရာတွေ အများကြီးသင်ပေးတယ်...သူက စိုက်ခင်းမှာ စာတတ်မြောက်ရေးသင်တန်းတစ်ခုဖွင့်ထားတယ်...ငါအတန်းတိုင်းကို တက်ခဲ့တယ်"
ဟန်ချင်စုန့်က ဖြေးဖြေးချင်းမေးလာသည်။
"ဒါဆို မင်းမှန်တယ်လို့ထင်လား မှားတယ်ထင်လား"
ဟန်ချင်ဟွက ပြုံးပြီး သူ့သွားဖြူဖြူတွေကို ပြလိုက်၏။
"ဟုတ်တာပေါ့ ... ငါမှားသွားတယ်"
"အဲ့ဒီကျောင်းအုပ်ဖန်ကရော သူမှန်တယ်လို့ထင်လား မှားတယ်လို့ထင်လား”
ဟန်ချင်စုန့် က ဆက်မေးသည်။
ဟန်ချင်ဟွက ခေါင်းကုတ်လိုက်ပြီးဆို၏။
"အင်း... သူပြောတာက သူမှန်တယ် ဒါပေမဲ မှားလည်း မှားတယ်တဲ့ "
"ဘယ်လိုမျိုးလဲ"
ဟန်ချင်ဟွက ခေါင်းခါလိုက်ပြီးပြောသည်။
"အဲ့လိုတော့မပြောဘူး... ငါလည်း နားမလည်ဘူး။" "
"သူဘာလို့ လုပ်သား ပြုပြင်ပြောင်းလဲရေးမှာ စေလွှတ်ခံရတာလဲ”
ဟန်ချင်စုန့် က ထပ်မေးသည်။
ဟန်ချင်ဟွက ခဏလောက်စဉ်းစားပြီး ခေါင်းခါလေ၏။
"တတိယအစ်ကို ပြောဖို့တကယ်ခက်တယ်... အဲဒီနှစ်နှစ်က ဖရိုဖရဲဖြစ်နေတော့ အမှားလုပ်စရာမလိုဘူး... အားလုံးက သဘောမတူရင် ရန်ဖြစ်နိုင်တယ်...ကျောင်းသားတွေ၊ဆရာနဲ့ ကျောင်းအုပ်ကြီးကို ပြောရုံပဲ ... အကြောင်းပြချက် မလိုဘူး... ကြိုးကြိုးစားစား စာသင်ခိုင်းတာ မှားတယ်...အဲ့ဒီနောက် အစိုးရ ကေဒါတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ အလုပ်သမားတွေရဲ့ ဝါဒဖြန့်အဖွဲ့တွေ ရှိလာပြီး သူ့တို့အနေနဲ့ အဖမ်းခံရပြီယးသိမ်းကျုံး တံဆိပ်ကပ် ခံရတော့မှာလေ...အပေါ်ယံမှာတော့ ကျောင်းသားနဲ့ အလုပ်သမား လှုပ်ရှားမှု... ပြတ်ပြတ်သားသား ပြောရရင် ဒါက အတိုက်အခံတွေကို ဖယ်ရှားပြီး အာဏာသိမ်းဖို့ပဲလေ ”
ဟန်ချင်စုန့်က သူ့ကို ကြည့်ပြီးဆိုသည်။
“မင်း အများကြီး သင်ယူပြီးသွားပြီပဲ”
“ဟားဟား တတိယအစ်ကို ... မင်းအချိန်ရရင် ဆရာဖန်နဲ့ ဆက်သွယ်လို့ရတယ်... သူက တကယ်တော်တယ်... ငါနားမလည်တဲ့အရာတွေကို အမြဲပြောပြတတ်တယ်"
ဟန်ချင်စုန့်: "မင်းကျောင်းသွားတက်တုန်းက ငါ့ထက်ပိုနားမလည်ဘူး...အခုငါတောင် နားမလည်တော့ဘူး"
ဟန်ချင်ဟွက ရယ်ကာဆို၏။
"တတိယအစ်ကို မင်းလည်း ဟာသလုပ်တတ်တာပဲ"
ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးပြောလေသည်။
"ငါဘယ်တော့မှ ဟာသမလုပ်ဘူး... ကိုယ့်ကိုကိုယ် ပြင်ဖို့မမေ့နဲ့... မင်းပြစ်မှုထပ်ပြီးကျူးလွန်ရင် မင်းခွင့်လွှတ်မှာမဟုတ်ဘူး"
သူက ကျောက်ကျန့်ရှယ်ကို သတင်းပေးခဲ့ပြီး လင်းလန်၏ပိုက်ဆံတွေကို ညမှာခိုးယူရန် လူတစ်ယောက်ယောက်ကို ခေါ်ဆောင်လာဖို့ ကျောက်ကျန့်ရှယ်ကိုခိုင်းခဲ့၏။ထိုဟာက သာမန်ခိုးယူမှုဖြစ်ပုံရသော်လည်း လင်းလန်နှင့်တဝမ်က ကိစ္စတွေ ဖြစ်ပျက်လာသည့်အခါ အထိတ်တလန့် မဖြစ်ခဲ့ဘဲ သူတို့ကလည်း အချိန်မီ ပြန်လာခဲ့ခြင်းကြောင့်သာမဟုတ်ပါလျှင် အခြေအနေ ပိုဆိုးလာဦးမလားဆိုသည်ကို မည်သူ သိပါမည်နည်း။ မရေမတွက်နိုင်သော ဖောက်ထွင်းမှု များ ရှိခဲ့ပြီး အားလုံးသည် လူသတ်မှု မတိုင်မီ မုဒိမ်းမှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဟန်ချင်စုန့်အနေဖြင့် သူ့ညီငယ်ကို ထုတ်မပြောပေမဲ့ သူ့နှလုံးသားထဲမှာ မျှချေ မရှိဘူးဟု မဆိုလိုပါချေ။ သူက အမြဲတမ်း လက်တွေ့ဆန်ပြီး အပြောထက်အလုပ်ကပိုတတ်သူဖြစ်ကာ မင်းရဲ့ ပထမပြစ်မှုဖြစ်တဲ့အတွက် ဘာမှမပြောဘဲ အခွင့်အရေးတစ်ကြိမ် ပေးလိုက်မယ်ဟုပြောလိမ့်မည်မဟုတ်ချေ။ ယင်းအစား သူ့ကို လုပ်သားပြုပြင်ပြောင်းလဲရေး စိုက်ခင်းသို့ တိုက်ရိုက် စေလွှတ်ပြီး လုပ်အားတွင် ပါဝင်ခိုင်းကာ စိတ်ရင်းဖြင့် နောင်တရစေခဲ့သည်။
သူနောင်တရလျှင် သဘာဝအတိုင်း အခွင့်အရေးပေးလိမ့်မည်ပင်။ သူကနောင်တရရန် ငြင်းဆန်ပါက သို့မဟုတ် သူ့မှာ တခြားစိတ်ကူးတွေရှိလာပါက ဟန်ချင်စုန့်ကလည်း ညှာနေမှာမဟုတ်ချေ။
ထုံးစံအတိုင်း ဟန်ချင်ဟွ တိုးတက်လာသည်၊ မတိုးတက်လာဘူးဟု ထင်ရာမြင်ရာ ပြောလိမ့်မည်မဟုတ်သလိူ မည်သည့်အရာကိုမှလည်း မဆင်မခြင် သံသယမရှိခဲ့ဘဲ သူ၏ပထမဆုံးတုံ့ပြန်မှုသည် ပင်ကိုယ်ဗီဇကနေ သွေဖီနေသည်အား သတိပြုမိခြင်းဖြစ်သည်။
အဖေ၊ သား၊ ညီအစ်ကို မခွဲခြားဘဲ အပြစ်မဲ့သူတွေကို ဆိုးညစ်တဲ့ အကြံအစည်နဲ့ ပြုမူသူတိုင်းဟာ လူတွေရဲ့ရန်သူပဲ...
ဤစကားသည် သူ့သတိပေးချက်ဖြစ်သည်။
မှန်ပေသည်၊ သူက ၎င်းကို ကျယ်ကျယ်လောင်လောင် ထုတ်ပြောလိမ့်မည်မဟုတ်ချေ။ သူ့နေ့စဉ် စိတ်ခံစားချက်တွေကို မပြတတ်သလို တခြားသူတွေကလည်း သူဘာတွေတွေးနေလဲ မသိကြပေ။
ဟန်ချင်ဟွက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးဆို၏။
"တတိယအစ်ကို... ငါတို့က ညီအစ်ကိုတွေပါကွ... ငါ့ကို မကြောက်ပါနဲ့ "
"လူတွေကို ငါ ဘယ်တုန်းကမှ မကြောက်ဘူး... သက်သေအထောက်အထားတွေ ခိုင်လုံရင် ဘယ်သူပဲ ဖြစ်ဖြစ် ငါဖမ်းမယ်"
ဟန်ချင်စုန့်၏ အသံက အနည်းငယ် နက်ရှိုင်းနေသည်။
ဟန်ချင်ဟွ အပြုံးကို မထိန်းနိုင်တော့ဘဲ ယင်းက ခြောက်ကပ်နေသော အပြုံးတစ်ခုကဲ့သို့ဖြစ်ပီး ဟန်ချင်စုန့်ဆီသို့ အလျင်အမြန် အရှုံးပေးသည့် အမူအရာဖြင့်ဆိုလိုက်၏။
"တတိယအစ်ကို မင်းငါ့ကို ယုံဖို့ မတောင်းဆိုပါဘူး...ငါရဲ့လုပ်ဆောင်မှုကို ကြည့်ပါလို့ပဲ ငါပြောပါရစေ... မင်း ငါ့ရဲ့လုပ်ဆောင်မှုကို ကြည့်လို့ ငါ ဟန်ချင်ဟွက ဒုံရင်းကဒုံရင်းပဲ... အမှား အမှန်ကို မပြောနိုင်ဘူးဆိုရင် ငါက အချည်းနှီး ကြီးပြင်းလာတာပဲမဟုတ်ဘူးလား ”
ဟန်ချင်စုန့်က သူ့ကို စိုက်ကြည့်ပြီး ဘာမှ မပြောပေ။
“သွားကြရအောင်... အဘိုးရဲ့အိမ်ကိုသွားမယ်"
Xxxxxxx